part 25

2.8K 106 0
                                    

တို့...အတူ (BL Fic)
အပိုင်း(၂၅)
ကြက်ဥ မကျက်တကျက်ကြော်ကို တူးလည်းမတူးအောင် ပေါက်လည်းမထွက်သွားအောင် ဂရုစိုက်ပြီး သေချာကြော်နေသည့် ကျတော့်ကို ကိုကိုက စားပွဲခုံမှာ ခရမ်းချဉ်သီးလေးတွေကို အကွင်းလိုက်ပါးပါးလေး လှီးနေရင်းကနေ လှမ်းပြီး တကြည့်ကြည့် လုပ်နေလေသည်။

"ကိုကို့ သည်းငယ်လေးက တကယ်ကြီး လုပ်နေတာပဲ ၊လာ ကိုကို ပြမယ်"

ကျတော်က အတည်ကြီး ဝင်ကာ ချက်ပြုတ်နေတာမို့ ကိုကိုက သူသိသမျှတွေကို ချက်ရင်း၊ ပြုတ်ရင်း ၊ပြောပြရင်း၊ ကျတော့်ကို သင်ပေးနေလေသည်။

ကျတော်က စိတ်ပါ၊လက်ပါ လိုက်လုပ်နေတာကြောင့် ကိုကို က သဘောကျနေလေသည်။

ကျတော့်ပါးလေးဖောင်းဖောင်းလေးကို သူ့လက်နှစ်ဖက်နှင့် ဖွဖွလေး ဆွဲကာ ကျတော့် နဖူးလေးကိုလည်း နမ်းလိုက်သေးသည်။

"ကိုကို့သည်းငယ်လေးက တော်လွန်းလို့ ဆုချတာ အဟင်း"

ဟူ၍လည်း ပြောသေးသည်။
ကိုကို က သူနမ်းချင်လို့ နမ်းလိုက်တာကို သိသားပဲ။ဒါပေမယ့် ကျတော်ကျေနပ်တယ်လေ။အဲ့ဒါကြောင့် မို့ ဘာမှ မပြောတော့ပဲ ငြိမ်ပြီး ကိုကို့ ခါးလေးကို ဖက်ထားလိုက်သည်။

"ရေချိုးရအောင် ဟင်းစော်တွေ နံနေလောက်ပြီ"

ကိုကို့ ခါးကို ဖက်ထားရင်းကနေ ကျတော်က ခေါင်းကိုယမ်းနေလိုက်သည်။

"ဘယ်သူမှ အနံ့ခံမယ့် သူ မရှိဘူး။ချိုးမနေနဲ့ ကိုကိုအသန့်ကြိုက်"

ကျတော်၏ ခနဲ့တဲ့တဲ့ စကားသံလေးကြောင့် ကိုကိုက ရယ်နေလေသည်။

"အသန့်ကြိုက်တာ မဟုတ်ဘူး။ချစ်ရတဲ့ ကောင်လေးက ငယ်ငယ် နုနု ထွတ်ထွတ်လေးဆိုတော့ ကိုကိုက ဘေးကနေ အလိုလိုနေရင်း အရောင်မှိန်နေမှာကြောက်လို့"

"ဘယ်သူကတုန်း ကျတော်ကလား?
ဟင်၊ကျတော်ကဖြင့် ကိုကို့နံဘေးမှာ အမြဲတမ်း မှိန်ဖျော့နေတာကို"

ကိုကိုက ကျတော်နဲ့ ပြိုင်မငြင်းတော့ပဲ ကျတော့် နောက်ကျောလေးကိုသာ ဖက်ထားကာ ပြုံးနေလေသည်။

တို့....အတူ (Complete)Unde poveștirile trăiesc. Descoperă acum