part 23

2.6K 107 0
                                    

တို့...အတူ(BL Fiction)
အပိုင်း(၂၃)
ကျတော် အိပ်ရာက နိုးလာတော့ ကိုကိုက ဈေးက ‌ေန အိမ်ကိုပင် ပြန်ရောက်နေပြီ။ကိုကိုနဲ့ဆို အိပ်ရာထဲက အဝတ်အစားတွေကို မလဲလှယ်ပဲနှင့်လည်း ကိုကို့အနားကို ကပ်ရဲသည်။မျက်နှာ မသစ်ရသေးပဲနဲ့လည်း မနက်ခင်း အနမ်း လေး ပေးရဲသည်။

ကိုကိုက ကျတော်ကြိုက်သည့် မုန်ညှင်းစိမ်း ရွက်လေးတွေကို သေသေချာချာလေး ဖြတ်နေသည်။ဒယ်နီ အိုးလေးထဲမှာ ကြက်တကောင်လုံးကိုပင် အိအိလေးဖြစ်အောင်ပေါင်းနေပြီးပြီ။

နောက်ကနေ ကိုကို့ခါးလေးကို လှမ်းဖက်လိုက်သည်။ကျတော့်လို မဟုတ်ပဲ ရေမိုးချိုးထားပြီ ဖြစ်သော ကိုကိုက တီရှပ်အဖြူလေး၏အပေါ်မှာ အေပရွန် သားမွေးရောင်လေး ထပ်ဝတ်ထားပြီးသန့်ပြန့်ကာ အေးပြီးမွှေးနေသည်။

"ရွှတ်"

ကိုကို့လည်ဂုတ်လေးက ဖွေးပြီးသန့်နေတာမို့ မနက်ခင်း အနမ်းလေးနှင့် ကိုကို့ကို နုတ်ဆက်မိသည်။

ကိုကိုက ပြုံးနေသော မျက်နှာလေးနှင့် ကျတော့်ကို လှည့်ကြည့်သည်။

"ညစ်ပတ်အိုးလေး ရေမချိုးဘူးလား?"

"အေးတယ် ကိုကို ၊ချိုးချင်ဘူး"

ကိုကို့ခါးလေးကို ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ကာ ကိုကို့နောက်ကျောလေးမှာ ကျတော့်ခေါင်းလေးကို မှီထားလိုက်မိသည်။

"ဒီနေ့ ကြက်ပေါင်းလေး ပေါင်းထားတယ်။မုန်ညှင်းစိမ်း ဟင်းရည်လေး ချက်မယ်။ပြီးရင် ပဲပင်ပေါက် ပဲပြားသုပ်ကို ချဉ်ငံစပ်လေး သုပ်ကျွေးမယ် ။ကိုကို့ အသည်းလေး ကြိုက်တယ် မဟုတ်လား?"

"ကိုကို ချက်ကျွေးရင် ဘာမဆို ကြိုက်တယ်"

ကိုကိုက သူ့ခါးကို မလွှတ်တမ်း ဖက်ထားကာ ရေမချိုးပဲ ချွဲနေသည့် ကျတော့်ကို လှည့်ကြည့်ပြီး နဖူးလေးကို နမ်းလိုက်သည်။

"မနက်စာကို ဘာစားချင်လဲ?ကိုကို သွားဝယ်ပေးမယ်၊ရှမ်းခေါက်ဆွဲ၊ရှမ်းမုန့်တီ၊တို့ဖူးနွေး၊ဖက်ထုပ်ပေါင်း၊ဖက်ထုပ်ကြော်၊ဖက်ထုပ်တို့ဖူးနွေး၊ ဘာစားချင်လဲ?"

တို့....အတူ (Complete)Where stories live. Discover now