တို့....အတူ
(BL Fiction)
အပိုင်း(၁၃)
ဒီနေ့က ကိုကိုသည် ဖေဖေနှင့်အတူတူ တည်းခိုခြံကို လိုက်သွားရမည် ဖြစ်သည်။အဲ့ဒီမှာ ပန်းပင်တွေကို အကွက်ချပြီး စိုက်ပျိုးတာ ပြီးလု၊ပြီးခင် ဖြစ်နေပါပြီ။အပြီးသတ်ဖို့ အတွက် ဖေေဖက ကိုကို့ဆီက အကူအညီ လိုအပ်နေပုံ လည်း ရပါသည်။ဖေဖေက ကားပေါ်သို့ အရင်တက်သွားသည်။ကိုကိုက ဖေဖေ၏နေ့လယ်စာ ဓာတ်စာ ထမင်းဗူး ကို ကျန်ခဲ့လို့ ပြန်လှည့် ယူရင်းကနေ မနက်စာစားေနဆဲဖြစ်သည့် ကျတော့် အနားသို့ ကပ်ကာ
"နေ့လယ်ကျရင် ကိုကိုအိမ်ကိုပြန်လာပြီး လာခေါ်မှာနော် ကောင်လေး။ကိုကိုနဲ့ ဒိတ်မယ် မဟုတ်လား?"
ကိုကိုက ကျတော့်ကို အပိုင်ဖမ်းသိမ်းထားဖို့ကို တစ တစ ရှေ့သို့တိုးလာနေသည်။ဘယ်တော့မှလည်း လက်လွှတ်ပေးတော့မည် မဟုတ်သည့် ပိုင်နိုင်မှုမျိုးဖြင့် သူ့ကိုယ်သူလည်း ယုံကြည်နေဟန် ရှိပါသည်။
ကျတော် ခေါင်းမညိမ့်မချင်း ဒီဇာတ်လမ်းကို အဆုံးသတ်တော့မည်လည်း မဟုတ်ပေ။
"ဟုတ်ကဲ့ပါ ကိုကိုရဲ့
ကိုကိုကသာ အလုပ်တွေ ပြီးအောင် လုပ်ပြီး အိမ်ကို ပြန်လာခဲ့ ဟုတ်ပြီလား?"အဲ့ဒီ ကတိလေးနှင့်လည်း သူ့အတွက် လုံလောက်ဟန် မရှိပါဘူး။
ကားဆီသို့ ထွက်မသွားသေးပဲ နံဘေးမှာ ကပ်နေပြီး ကလူ၏သို့ မြှူ၏သို့ လုပ်နေကာ"လှလှလေး ဝတ်ထားနော်......
ပြီးရင် ဘယ်မှ မသွားနဲ့ အိမ်ထဲမှာပဲနေ။ကိုကို လာခေါ်မယ်""ဟုတ်ပါပြီ ကိုကိုရဲ့၊ဒါနဲ့ ဘယ်မှာ ချိန်းတွေ့ကြမှာလဲ?"
ကျတော့်မေးခွန်းကြောင့် ကိုကိုက ပြုံးပြုံးကြီးလုပ်ကာ ငြိမ်နေသည်။
"ဟိုရောက်ရင် သိမှာပေါ့။ဘယ်မှာလဲ ဆိုတာကို၊ကိုကိုသွားမယ်နော် ၊မနက်ခင်းအနမ်းလေး ပေးပါအုံး ကိုကို့ကို"
ကိုကို့မေးဖျားလေးနှင့် လည်ပင်လေးကို ဖွဖွလေး နမ်းပေးလိုက်သည်။အခုမှပင် ကျေနပ်သွားပုံကြီးနှင့် ကားဆီသို့ ထွက်သွားလေသည်။
ကျတော်ကတော့ ကိုကိုက ကျတော့်အကြိုက်တွေချည်း နှင့် လုပ်ပေးထားသည့် မနက်စာကို အရသာခံကာ စိမ်ပြေနပြေ စားနေမိသည်။
YOU ARE READING
တို့....အတူ (Complete)
Romanceသူ အထက်တန်းတုန်းက သူဘောလုံးကစားသည့် ပုံတွေကို ကျတော်ဆွဲဖြစ်ခဲ့သည်။ သူကျောင်းပြီးသွားတော့ သူစီးကရက်သောက်သည့် ပုံတွေကို ကျတော်ဆွဲဖြစ်ခဲ့ပြီ။ ဒါကိုတောင် ကျတော့်ကို သူ့အစ်ကို အရင်းလို့ ထင်နေရှာသေးသည့် ထိုကောင်လေးကို ကျတော်က အချိန်တိုင်း တမြတ်တနိုး ထိုင်...