part 18

2.7K 114 0
                                    

တို့....အတူ(BL Fiction)
အပိုင်း(၁၈)
ဒီနေ့က ကျတော်အချိန်‌ေပးထားသည့် တပတ်ပြည့်သည့် နေ့ဖြစ်ပါသည်။ကျတော့်ဘက်ကတော့ ဦးပြည့်စုံဘ ကို ဒီတပတ်လုံးလုံး စိတ်ကူးယဉ်ဆန်ဆန်နဲ့ ချစ်ရကြောင်းတွေကို အခါမလပ် ဖော်ပြလိုက်ရတာ ဦးပြည့်စုံဘ ကတော့ ဒီနေ့ မနက်ကတည်းက ကျတော့်ကို ရှောင်နေလေသည်။

မနက်တုန်းကပေါ့
"ပန်ပန် နှင့် ဒီဒီ ဒီနေ့ မနက်စာ ဘာစားကြမလဲ"?

"ပန်ပန်က ပေါင်မုန့်ကြက်ဉကြော်ရယ်၊စတော်ဘယ်ရီ ဂျုံမုန့်ရယ် စားမယ်"

"ဟာ ပန်ပန်က နှစ်မျိုးတောင်စားမှာလား? ကဲ ဒီဒီကရော ဘာစားမှာလဲ?"

"ဒီဒီပြောလိုက် နှစ်မျိုး နှစ်မျိုး"

ပန်ပန်စကားကြောင့် ဒီဒီကလည်း နှစ်မျိုးဖြစ်အောင် လိုက်ပြောလေသည်။

"ဒီဒီက ငှက်ပျောသီးကြော် စားမယ်၊ဆင်းဒဝှစ်ရယ်"

"ဪ ဒီဒီကလည်း နှစ်မျိုးတောင် စားမှာပေါ့ ဟုတ်လား?"

"ဟုတ်တယ် ခစ်ခစ်ခစ်"

မီးဖိုခန်းထဲမှာ ကျတော်က ချက်ရင်း၊ပြုတ်ရင်း မေးနေသည်။ပန်ပန်နှင့် ဒီဒီက ထမင်းစား စားပွဲခုံရှည်လေးပေါ်မှာ ထိုင်ကာ သူတို့စားချင်သည့် အစားအစာများကို ပြောနေလေသည်။

မီးဖိုခန်း၏ တံခါးဝလေး၌ ဖျတ်ကနဲ လာရပ်လိုက်ကာ ကျတော်လှမ်းကြည့်လိုက်တော့ ဖျတ်ကနဲ ပျောက်သွားသည့် ပုံရိပ်လေးက ဦးပြည့်စုံဘ ၏ ပုံရိပ်လေးပင်ဖြစ်မှန်း ကျတော်သိတာပေါ့။ပန်ပန်နှင့်
ဒီဒီ့အတွက် မနက်စာရယ်၊နေ့လယ်စာ ထမင်းဗူးတွေရယ် လုပ်ပေးပြီးတော့ ဦးပြည့်စုံဘကို လိုက်ရှာပေမယ့် မတွေ့ရတော့ချေ။

ကျတော်က စိတ်လည်း သိပ်မရှည်တတ်တာမို့  ဦးပြည့်စုံဘ၏ဖုန်းကို လှမ်းဆက်လိုက်သည်။

"ဟယ်လို ဘုန်းစည်ပြော"

"မနက်စာကို လာလည်းမစားဘူး။လာလည်း လုပ်မကူဘူး။အခု အိမ်မှာလည်း မရှိဘူး။ဦး အခု ဘယ်မှာလဲ?"

"ကိုယ်လား အင်း ကိုယ်အခု ဆေးခန်းကို ရောက်နေပြီ။မနက်စာလည်း ဆိုင်ကနေပဲ ဝယ်စားလိုက်မယ်နော် ။ဒီနေ့က အရေးကြီး လူနာရှိနေလို့။စိတ်မပူနဲ့နော် ဘုန်းစည် "

တို့....အတူ (Complete)Where stories live. Discover now