part 07

3.6K 171 1
                                    

တို့...အတူ(BL Fiction)
အပိုင်း(၇)

ဒီမနက် အိပ်ရာက နိုးလာတော့ အခါတိုင်းလိုပဲ မနက်စာ ပြင်ဆင်ဖို့ အတွက် ကျတော်က စောစော နိုးလာခဲ့သည်။ထောပတ်သီးတွေကို ဖေဖေနှင့် အောင်ရဲသူက ကြိုက်တာမို့ မနေ့က ခြံက မှာပြီး ဝယ်ထားတာလေးတွေကို သတိရလိုက်သည်။

ဖေဖေကတော့ ထောပတ်သီးကို သူ့အရသာအတိုင်း စားရတာကို ကြိုက်တာကြောင့် အချိုမပါသည့် ပေါင်မုန့်အိအိလေးမှာ ထောပတ်သီးအနှစ်လေး သုပ်ပေးထားလိုက်သည်။ညီလေးအတွက်တော့ နွားနို့ရယ်၊သကြားရယ်၊ထောပတ်သီးရယ်ကို ခရင်မ်ကျအောင် မွှေပြီးမှ ပေါင်မုန့်သားပေါ် သုပ်ပေးထားသည်။

သိပ်မကြာခင်မှာ ပင် ဖေဖေက ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ပြီး နံနက်စာစားရန်ရောက်နေချေပြီ အောင်ရဲသူက အခုထိ ထွက်မလာသေး။

"သား ညီလေး ဒီနေ့ အိပ်လှချေလား?"

မနက်စာစား နေရင်းကပင် ဖေဖေက ပြောနေသည်။အလုပ်မသွားခင် သူ့သားငယ်၏ မျက်နှာကို ကြည့်သွားချင်သည်ထင်သည်။
တကယ်တော့ ကျတော်လည်း အလုပ်မသွားခင် အဲ့ဒီကောင်ဆိုးလေး၏ မျက်နှာလေးကို ကြည့်သွားချင်သေးသည်။

"ခဏနော် ဖေဖေ ကျတော် သွားနှိုးလိုက်ဦးမယ်"

"အေးအေး အိပ်ပျော်နေရင်လည်း အိပ်ပါစေသားကြီးရယ်၊အတင်း နှိုးမလာခဲ့နဲ့နော်။ဒီကောင်လေးက အအိပ်မက်၊အစားမက်လေး"

"ဟုတ်ကဲ့ပါ ဖေဖေ"

ညီလေး ၏ အခန်းရှေ့ကို ရောက်တော့ ကျတော် စိတ်လှုပ်ရှားနေမိသည်။သူ့မျက်နှာ ဂျစ်ကန်ကန်လေးကို မြင်ရတော့မည်။ပြီးတော့ရော
သူက အိပ်ရာထဲမှာ အိပ်နေဆဲလား?
အခါတိုင်းလိုပဲ ဘောင်းဘီတိုလေးနဲ့ပဲ အိပ်ပျော်နေဆဲလား?
ဒါမှ မဟုတ်ရေချိုးနေတာများလား?
အဝတ်အစားရော အပြည့်အစုံဝတ်ပြီးပြီလား?
ဆိုသည့် ရောက်တတ်ရာရာ အတွေးတွေက ခေါင်းထဲသို့ ဝင်ရောက်လာပြန်သည်။မြတ်ဘုန်းရှိန်၊မြတ်ဘုန်းရှိန် မင်းရဲ့ အတွေးတွေကိုက ညစ်ညမ်းနေတာနော်။
မင်း ညီလေးလည်း လန့်သွားပြီး၊မင်းကို သူ့အတွေးထဲမှာ နှာဘူးကြီးသဖွယ် တသက်တာလုံး ထင်မှတ်သွားအုံးမယ်။

တို့....အတူ (Complete)Where stories live. Discover now