တို့....အတူ
BL Fiction
အပိုင်း(၁၅)
"ဟင်...ကိုကို"
ကျတော် ညတရေးနိုး ရေထသောက်တော့ မီးဖွင့်လိုက်ရာ အောက်ထပ် မီးဖိုခန်းထဲကဆိုဖာေပါ်မှာ ငုတ်တုတ်ကြီး ထိုင်နေသော ကိုကို့ကို တွေ့လိုက်ရသည်။
ကျတော့်ကို မြင်တော့ ကိုကိုက သူ့လက်နှစ်ဖက်ကို ကျတော့်ဆီသို့ ဆန့်တန်းပေးလိုက်လေသည်။ကျတော်လည်း ဆိုဖာပေါ်မှာ ထိုင်နေသည့် ကိုကို့ လက်နှစ်ဖက်ကြားထဲသို့ ပြေးဝင်ကာ အဖက်ခံလိုက်လေသည်။
ကျတော့်ခါးကို သူ့လက်နှစ်ဖက်နှင့် ဖက်ထားကာ ကျတော့် ဝမ်းဗိုက်လေးပေါ်၌ ကိုကိုက သူ့ခေါင်းလေးကို မှီလာသည်။
"အမှန်က ကိုကို မင်းကို စိတ်ကောက်ပြီး ဟိုတယ်မှာပဲ အိပ်တော့မလို့ သိလား?"
ကျတော် က ကိုကို့ နံဘေးမှာ မတ်မတ်ရပ်လျက် ကိုကို့ ဆံပင်လေးတွေကို ဖွဖွလေးပင် ပွတ်သပ်ပေးလိုက်လေသည်။
"ဟုတ်ကဲ့"
"ပြီးတော့ ကိုကိုပဲ မနေနိုင် ဖြစ်ရတယ်။မင်းမျက်နှာလေးကို အိပ်ရာဝင်ခါနီး မတွေ့ရရင် ကိုကို အိပ်မပျော်နိုင်ဘူး ကောင်လေးရဲ့"
ကိုကိုက စကားပြောနေရင်းကပင် ကျတော့်ကို ပိုပြီးတော့ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်လေသည်။
"ဟုတ်"
"ကိုကိုလည်း ညီလေးကို ဘယ်အချိန်တည်းက ချစ်မိလို့ ၊ချစ်မိမှန်း မသိပေမယ့် ချစ်မိတာကို သိသွားတဲ့ အချိန်မှာ ရပ်တန့်လို့ မရတော့ဘူး။"
ကျတော် ပြုံးနေပေမယ့် ထိုင်ပြီး ကျတော့် ဗိုက်လေးပေါ်မှာ မျက်နှာလေးအပ်ထားသည့် ကိုကိုက ကျတော့် အပြုံးတွေကို မြင်ရမည် မထင်ပေ။
"ညနေတုန်းက ကိုကိုလွန်သွားတယ်။ကိုကို့ ကို ချစ်လားလို့ ညီလေးကို အတင်းအကြပ်ကြီး မေးမိသွားတယ်"
"ဟုတ်"
"ကိုကိုက အရမ်းဆိုးမိသွားလားဟင်?
"မဆိုးမိပါဘူး"
"ညီလေး ပြောချင်လာတဲ့ အချိန်ထိ စောင့်မယ် ဆိုပြီးတော့တွေးထားပေမယ့်
ပြည့်စုံနှင့် သဝန်တိုပြီးတော့ ကိုကို မွှန်သွားမိတယ်။
ကိုကို့ကို ခွင့်လွှတ်ပါနော်"
"မဟုတ်တာ ကိုကိုကလည်း"
ကိုကိုက ကျတော့်ခါးကို ဖက်ထားပြီး ဆိုဖာပေါ်မှာ ထိုင်နေရာကနေ ကျတော့်ကို မော့ကြည့်သည်။
"ခွင့်လွှတ်တယ်လို့ပြော"
ကျတော် ကိုကို့မျက်နှာလေးကို လက်နှစ်ဖက်နှင့် ဆွဲမော့လိုက်သည်။
"ကိုကိုက ကျတော့်အတွက်တော့ စံပြ
ပုဂ္ဂိုလ် တယောက်ဖြစ်ခဲ့တာ၊
ကိုကိုသိလား?
အမြဲတမ်းအားကျပြီး အတုယူခဲ့မိတဲ့ လူတယောက်ပဲ။ကိုကို့ရဲ့ အဲ့ဒီလို ပုံစံကို ညနေတုန်းကပဲ မြင်ဖူးခဲ့တာ"
"ကိုကို လွန်သွားတယ်နော်"
"ရပါတယ်။ကျတော်က ကိုကို့ရဲ့ အရာအားလုံးကို သဘောကျတယ်။
ကြိုက်လည်း ကြိုက်တယ်။
ကိုကို့ နှာတံလေးတွေ
မျက်အိမ်ကြီးကြီးလေးတွေ
နှုတ်ခမ်းလေးတွေ
အရပ်ရှည်တာတွေ
အားလုံးကို ကြိုက်တယ်။
ဒေါသထွက်ရင် ကြောက်စရာ သိန်းငှက်မျက်နှာကို ပြောင်းသွားတာကိုလည်း ကြိုက်တယ်"
"ဘာရယ် ကြောက်စရာ သိန်းငှက်မျက်နှာ ဟုတ်လား?"
"အဟဲ ၊ဟုတ်တယ်လေ ကိုကိုက ဒေါသထွက်ရင် အဲ့ဒီလို မျက်နှာကြီး ဖြစ်ဖြစ်သွားတာ အရင်ကတည်းကပဲဟာ"
"အောင်ရဲသူ"
"ဘာလဲ ကိုကို၊ကျ ေတာ်တို့ အတူတူ အိပ်ကြမလား?"
"ဘာရယ်ေအာင်ရဲသူ ၊ကိုကို့ကို လာမဆွနဲ့နော်"
"ဟား ဟား ဟား "
ကျတော် ကိုကို့လက်ကနေ လွတ်အောင်ပြေးပြီး ကျတော့် အခန်းကို ပြေးဝင်ကာ တံခါးကို ပိတ်ပစ်လိုက်လေသည်။
"အောင်ရဲသူ၊တံခါးဖွင့်ကွာ၊ညီလေး
မင်းအရင် စ တာနော်"
ဟုကိုကိုက တံခါးကို ထုကာ အော်ဟစ်နေလေသည်။
ခဏကြာတော့ ခေါ်သံရော၊တံခါးကို ထုသံရော မကြားရတော့ပဲနှင့် တိတ်ဆိတ်သွားလေသည်။
ကျတော် တံခါးပေါက်ကို အသာလေးဖွင့်ပြီး နည်းနည်းလေး ဟကာ အပြင်သို့ ချောင်းကြည့်လိုက်လေသည်။
အပြင်မှာ ကိုကို့ကို မမြင်ရချေ။ဒါနှင့်ပင် တံခါးကိုဖွင့်ကာ ကိုကို့ကို ထွက်ကြည့်မိသည်။
"အား"
တံခါးအကွယ်လေးမှာ ရပ်နေသည့် ကိုကိုက ကျတော့်ကို လှမ်းဖက်လိုက်သည်။ရုတ်တရက်ဆိုတော့ ကျတော် လန့်ပြီး အား ကနဲ အော်မိသွားလေသည်။
ကိုကိုက ကျတော့်ကို ပွေ့ချီကာ ကျတော့်အခန်းထဲက ကုတင်ပေါ်သို့ တင်လိုက်သည်။
'ကဲ......ကိုကို့လက်ထဲက လွတ်လို့လား?ပြော"
"အဟီး ကိုကိုနော်"
ကိုကိုက ဘာမှ ပြန်မပြောပဲ ကုတင်အစွန်းလေးမှာ ထိုင်ကာ ကျတော့် နှုတ်ခမ်းလေးကို အကြာကြီး ငုံ့ကာ နမ်းနေလေသည်။
ပြီးတော့မှ ကျတော့် ပါးပြင်လေးတွေ၊ကျတော့်နဖူးလေး၊ကျတော့် မေးစေ့လေးတွေ၊စသည်ဖြင့် ကျတော့် မျက်နှာ၏နေရာအနှံ့ကို နမ်းနေလေသည်။
"ဒီတပတ် ပိတ်ရက်တော့ ကိုကိုတို့ ဒိတ်ဖြစ်အောင် ဒိတ်ကြမယ်နော် အချစ်လေး"
ကိုကိုသည် ကျတော့်အား
ကောင်လေး၊
အောင်ရဲသူ၊
ညီလေး လို့ အမျိုးမျိုး ခေါ်ဝေါ်ခဲ့သလို အခုလည်း အချစ်လေး ဟူ၍ပင် ခေါ်ေနပြန်လေသည်။
"ဟုတ်"
ရှက်ပြီး ခေါင်းငုံ့ထားသည့် ကျတော့်ပါးကို လိမ်ဆွဲကာ ကိုကိုက ကုတင်နံဘေး၌ မတ်တပ်ထရပ်လိုက်လေသည်။
"ရေသောက်ပြီးပြီ မဟုတ်လား?"
"ဟုတ်ကဲ့"
"ကဲ ဒါဆို အိပ်တော့
ကိုကိုလည်း သွားအိပ်တော့မယ်။
ကောင်းသောည နော် ညီလေး"
စကားတွေတပြောပြောနှင့် ကျတော့်ကိုယ်ပေါ်သို့ စောင်ကို ခြုံပေးပြီး
အခန်းမီးကိုပါ ပိတ်ပေးသွားကာ
အခန်းတံခါးကိုလည်း ပိတ်ပေးပြီး ကိုကိုသည် သူ့အခန်းဆီသို့ ထွက်သွားလေသည်။
ကိုကိုက အခွင့်အရေးသမားမဟုတ်ခဲ့ဘူး။ပြီးတော့ အဲ့ဒီလို အခွင့်အရေးသမား မဟုတ်ခဲ့တာကပဲ သူ့ကို ကျတော် ပိုပြီး အထင်ကြီးလာစေခဲ့သည်လေ။
ပြီးတော့ ချစ်လည်း ချစ်တယ်။
............
အခုတလော ဦး ကို ကျတော် ရှောင်နေမိသည်။အဲ့ဒါကို ဦးကလည်း ရိပ်မိသည်။
"ဘုန်းစည် ဦးကို တခုခု ပြောစရာများ ရှိလား"?
ကျတော် နေ့လယ်စာ ချက်ပြုတ်နေရင်း ဘာရယ်မဟုတ်ဘူး ရင်ထဲမှာ တခုခုခံနေသလို ဖြစ်နေတာကြောင့် ဦးပြည့်စုံကို စကားမပြောပဲ နေနေမိသည်။နောက်ဆုံးကျတော့ ဦးကပင် ဖွင့်မေးလာလေပြီ။
"မရှိပါဘူး"
"ကိုယ် အခုတလော တခါတလေ မူးမိတယ်။အချစ်ဆုံး သူငယ်ချင်းရဲ့ crush ကို စနိုက်ကြော်မိတယ် အင်းတကယ်က တွေ့ချင်လွန်းလို့ သွားရှာမိတာပါ ဒါပေမယ့် ထားပါတော့ စနိုက်ကြော်မိတယ်ပဲ ထားပါ ။မင်း နည်းနည်းပါးပါး မမြင်ချင်ယောင် ဆောင်ပေးလို့မရဘူးလား?"
ဦးပြောသည့် စကားကြောင့် ကျတော် အလိုလိုပင် စိတ်တိုပြီးဒေါသထွက်ရသည်။ဒီအတိုင်းပင် လိုက်ကြည့်မိနေသည့် လူကို နည်းနည်းပါးပါး မမြင်ချင်ယောင်ဆောင်ပေးလို့ မရဘူးလားတဲ့လေ။
"အဲ့ဒီနေ့က ကျတော် ဦးရဲ့ ဆေးခန်းကို လိုက်လာတာ သိလား?
တခါတလေ နေ့လယ်စာကို အိမ်ထမင်း၊အိမ်ဟင်းလေးတွေ စားပါ့စေ ဆိုပြီး ထမင်း ထုပ် လာပို့တာ။ဦးရဲ့ လက်ထောက်ဆရာဝန်က ပြောတယ် ပန်းခြံကိုသွားတယ်တဲ့ ၊
ပန်းခြံကို ကျတော်ရောက်လာတော့ ဦးက အောင်ရဲသူကို နမ်းမလို့ လုပ်နေတာကို မြင်လိုက်ရတယ်"
ဦးက မနက်စာ စားနေရင်းကပင် စိတ်မရှည်သလို ပုံစံနှင့် ကျတော့်ကို ပြန်ကြည့်သည်။
"အဲ့ဒီတော့ ဘာဖြစ်လဲ?
ဟုတ်တယ် ငါက သူငယ်ချင်းကို သစ္စာဖောက်တဲ့ ကောင်ပဲကွာ။ထားလိုက်ပါတော့ ။အဲ့ဒါနဲ့ပဲ မင်းက ငါ့ကို စိတ်တိုတယ်။အထင်သေးတယ်။အဆက်အဆံ မလုပ်ချင်ဘူး ဆိုတာကတော့ မဟုတ်သေးဘူးလေ"
ဦးက ဘာလို့ ဒီလောက်အထိ တုံးအ ရတာလဲ?ကျတော်က ဘာဖြစ်လို့ ကိုမြတ်ဘုန်းရှိန် ဘက်က နာနေရမှာလဲ?
ဦးပြည့်စုံ ခင်ဗျားကို သဝန်တိုလို့ ဆိုတာရော သိရဲ့လား?
ကျတော်က ခင်ဗျားကို တချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေသလောက်၊ကျတော့် စိတ်ကို နည်းနည်းလောက် မြင်အောင်ကြည့်ပေးရင် ကျတော်ပျော်မိမှာပဲ။သိလား ဦး။?
"ဦး သိလား?"
"ဘာကိုလဲ"?
မေးခွန်းကို မေးရင်းကနေ ဦးပြည့်စုံဘက နွားနို့ ပန်းကန်လုံးကို မော့ကာ သောက်နေလေသည်။လည်ပင်းသွယ်သွယ်လေး။နှစ်ထပ် သင်္ဘောဦးပုံ နှုတ်ခမ်းလေးနှင့် ဆီလီကွန်ထည့်စရာ မလိုသည့် နှာတံ လုံးခွျန်ချွန်လေးေတွ။မေးရိုးကတော့ အနည်းငယ် ယောက်ျားဆန်နေပေမယ့် ဘာဖြစ်လဲ?ကျတော်က မိန်းမတွေကို မကြိုက်တတ်သည့် ဂေးတယောက်ပဲဟာ။
လက်မောင်းတွေ၊ပေါင်းတံတွေ၊ခါးလျားလေးတွေကတော့ သွယ်လျကာ ဆွဲဆောင်မှု ရှိနေလေသည်။
ကျတော် ငါးဟင်းကျက်သွားပြီ ဖြစ်သည့် ဂတ်စ်မီးဖိုကို မီးပိတ်လိုက်သည်။
ဦးပြည့်စုံ၏ ရှေ့ကို သွားကာ သူ့လက်တဖက် ကို လှမ်းယူပြီး ကျတော်၏ ဖွားဖက်တော်ပေါ်သို့ တင်ပေးလိုက်သည်။
"ဟင် မင်း၊မင်း၊မရိုင်းနဲ့နော်"
"ကျတော် မရိုင်းပါဘူး။ဒါပေမယ့် ဘယ်လို လုပ်မလဲ?ဦး ကို မြင်တိုင်း ကျတော်က အဲ့ဒီလို ဖြစ်ဖြစ်နေတာ။ပြီးတော့ လူတိုင်းနဲ့ မဖြစ်ဘူး။ဦးကို မြင်မှ ဖြစ်တာ။
ကဲ ကျတော် ဘာဖြစ်လို့ ဦးကို စကားမပြောတာလဲဆိုတာ သိပြီလား?"
"အင်း၊အဲ.....အဟမ်း၊အဟမ်း
ဟုတ်ပါပြီ။
တော်ပြီ ငါ၊ငါ ဆေးခန်းသွားတော့မယ်"
ထွက်ပြီး ပြေးတော့မည့် ဟန်နှင့် ထွက်သွားသော ဦးပြည့်စုံဘ ကို နောက်ကနေ ဖမ်းချုပ်လိုက်ကာ နံရံမှာ ကပ်ထားလိုက်သည်။ပြီးတော့ ကျတော်၏
ဖွားဖက်ေတာ်နှင့်
ဦးပြည့်စုံဘ၏ တင်ပါးလေးကို ပေးထိလိုက်သည်။
"ကျတော့်ကို မကြောက်ပါနဲ့ ဦးရဲ့။
ဦးဘက်က ကျတော့်ကို ခံစားချက်ရှိလာမှ ပါ။ကျတော်က ဇွတ်သမား မဟုတ်ပါဘူး။ဒါပေမယ့် ဒီတပတ်အတွင်းတော့ ကျတော့်ကို ဖြေပေးရမယ်နော် ဦး"
ဦးပြည့်စုံဘ၏ အသံတွေက တုန်တုန်ရီရီပင် ဖြစ်နေလေသည်။
"အင်း၊ကိုယ် အခု ဆေးခန်းက ဒီနေ့သွားမှ ဖြစ်မှာနော်"
ကျတော် ဦးပြည့်စုံဘကို ဖမ်းချုပ်ထားရာကနေ လွှတ်ပေးလိုက်သည်။အခုမှ သူစိမ်းတယောက်နှင့် အသားချင်းထိတွေ့ဖူးသည့် လူပျိုဖြန်းလေးသဖွယ်
ရှက်ပြီး လန့်နေသည့် ပုံစံလေးနှင့် ထွက်သွားလေသည်။
.........
ကားပါကင်မှာ ရပ်ထားသည့် ကျတော့်ကားအနီးသို့ ရောက်လျှင် ကားကို လက်နှင့်ထောက်ကာ ဒူးတွေ ညွတ်ေခွကျသွားရသည်။
အသက်ကို မျှင်းမျှင်းလေး လုကာရှူနေရလေသည်။
ဘုန်းစည် မှာ ကျတော်နှင့် ပတ်သက်ပြီး ဒီလို ခံစားချက်တွေ ရှိနေတာ ကို ကျတော် မရိပ်မိခဲ့ပါဘူး။
အခုတော့၊အခုတော့
သူချဉ်းကပ်မယ့် ချဉ်းကပ်တော့လည်း ဗြုန်းစားကြီးပင် ။နည်းလမ်း အကြမ်းကြီးနှင့် ချဉ်းကပ်လိုက်လေသည်။
နည်းနည်းလောက် ကျတော့်စိတ်တွေ ငြိမ်သွားမှ ကားပေါ်သို့တက်ကာ ဆေးခန်းဆီသို့ မောင်းထွက်လာခဲ့သည်။
တပတ်အတွင်း သူ့ကို အဖြေပေးရမည်ဆိုပဲ ၊ဘယ်လောက်တောင် ပိုင်စိုးပိုင်နင်းဆန်လိုက်သလဲလေ။
"ဘုန်းစည်၊ဘုန်းစည်၊သူတောင်အရွယ်ရောက်လာပြီပဲ"
ဟု ရေရွတ်လိုက်မိလေသည်။
Author Thinn Thinn Su Hlaing
9:47 PM