တို့.....အတူ (BL Fiction)
အပိုင်း(၉)
အိပ်ပျော်နေရင်းကနေ ဖုန်းကမြည်လာတာ ကြောင့် ကုတင်နံဘေးက စားပွဲလေးပေါ်က ဖုန်းကို လှမ်းယူလိုက်လေသည်။
ဟင်၊ဖေဖေ့ဆီက ဖုန်းပါ့လား?
မနက်စောစော ကြီး မှာ ဘာများဖြစ်လို့ပါလိမ့်လို့ ကျတော် စိတ်ပူသွားရသည်။
"ဟယ်လို ဖေဖေ ဘာဖြစ်လို့လဲ?"
"သားကြီးရေ ၊ညတုန်းက ချိုနဲ့ ပါတီမှာ သောက်တာများ သွားလို့ ညကတည်းက ဖေဖေ အိမ်ကိုပြန်ရောက်နေတာ ၊အခု မနက် အိပ်ရာထတော့ မူးနောက်နောက်ဖြစ်နေတာနဲ့ သားကို ဖုန်းဆက်လိုက်တာ၊သား အိမ်ကို ပြန်လာရင် ဒေါက်တာမြတ်မင်း ကိုပါ တခါတည်း ပင့်ခဲ့ပေးပါ့လား?"
အိပ်ရာထဲကနေ ကျတော် ထမှ ဖြစ်တော့မည်။ "ချို" ဆိုသူမှာ ဖေဖေနှင့် အရင်ကတည်းက တွဲနေသည့် အန်တီချိုပင်ဖြစ်သည်။ညီလေး အောင်ရဲသူကို မွေးပြီးပြီးချင်း မေမေက ဆုံးသွားခဲ့သည်။
ေမ ေမဆုံးပြီး ညီလေး အသက် ဆယ်နှစ်ခန့်မှာ ဖေဖေက အန်တီချို နှင့် တွဲနေချေပြီ။
သားတွေ ငယ်သေးလို့ ဆိုသည့် အကြောင်းပြချက်နှင့် လက်မထပ်နိုင်ခဲ့ေသးသည့် ဖေဖေ့ကို သားတွေ ကြီးပြင်းလာချိန်ထိ စောင့်နေဆဲ၊တွဲနေဆဲ ပင်ဖြစ်သည်။အန်တီချို၏ ဖေဖေ့အပေါ် ထားသည့် အချစ်က အေးချမ်းလွန်း လှသည်။
"ဟုတ်ကဲ့ပါ ဖေဖေ၊ကျတော် ခဏနေရင် ရောက်အောင် လာခဲ့မယ်"
"အေး....အေး ဖေဖေ စောင့်နေမယ်"
ဖုန်းကို စားပွဲပေါ်မှာ တင်ခဲ့ပြီး ရေချိုးခန်းထဲသို့ ဝင်ကာ ခပ်မြန်မြန်လေးပင် ရေမိုးချိုးကာ ၊ဟိုတယ်၏ တဖက်ခန်းက ညီလေး အောင်ရဲသူကိုပင် ဘာမှ မပြောခဲ့တော့ပဲ ဒေါက်တာ မြတ်မင်း ဆီသို့သာ တိုက်ရိုက်မောင်းလာခဲ့သည်။
........
"ဘာမှတော့ ထူးထူးထွေထွေ ဖြစ်တာ မဟုတ်ဘူး။ခင်ဗျား အရက်သောက်လို့ မရဘူး လို့ ကျတော် ခဏ၊ခဏ ပြောတာကို နားမထောင်ဘူးဗျာ"
ဒေါက်တာ မြတ်မင်း၏ ဆူပူ နေသည့် စကားတွေအောက်မှာ ဖေဖေက မျက်နှာငယ်လေးနှင့် ငြိမ်ခံနေသည်။
ဘာမှလည်း ပြန်မပြောပဲ အင်း မလုပ်၊အဲ မလုပ် တုံဏှိဘာဝေ လုပ်နေသည်။ပြီးရင် အစားတော့ ရှောင်သည်။အသောက်တော့ သူမရှောင်နိုင် တခွက်လောက်ဖြစ်ဖြစ် မော့လိုက်ရမှ သူကျေနပ်တတ်သည်။
"ပြောနေလည်း ကျတော် မောရုံပဲ ရှိမှာဆိုတော့ မပြောတော့ပါဘူး။ဒီနေ့ တရက်တော့ အလုပ်ကို မသွားပဲ အိမ်မှာပဲ နားနားနေနေ နေခဲ့လိုက်ပါ"
ဖေဖေ့ မျက်ဝန်းလေးတွေက ကျတော့်ကို လှမ်းကြည့်နေလေသည်။
"ဖေဖေ စိတ်ချပါ ဒီနေ့ တည်းခိုခြံမှာ သားသွားနေပေးပါ့မယ်၊ဖေဖေ အိမ်မှာပဲ နားနားနေနေ နေလိုက်ပါ။ထမင်းချက် အဒေါ်ကြီး ကို ဖေဖေ့အတွက် ဓာတ်စာ မီနူး ရေးပေးခဲ့ပါ့မယ်။"
"အေးကွာ။
ငါ့သားကြီး ရှိနေလို့ပဲ။ဒါဆို ဒီနေ့ ဖေဖေ အိမ်မှာ နား လိုက်မယ် ဟုတ်ပြီလား"?
"အင်း။
သားကြီး ရှိပေလို့ သာ တော်သေးတာပေါ့ လုပ်မနေနဲ့ နော် ဦးအောင်ဘုန်းသူ ကိုယ့်ကျန်းမာရေးကိုကျ ကိုယ်ပဲ ဂရုစိုက်ရမှာဗျ"
"ဟုတ်ပါပြီ ဆရာရယ်။
ကျတော့်ကို ဆူဖို့များ နှစ်ပေါင်းများစွာ အကြွေး မှတ်ထားသလား အောက်မေ့ရတယ်။ကျတော် လျော့သောက်ပါ့မယ်ဗျာ၊ကဲ ကျေနပ်ပြီလား?"
"ခင်ဗျား အတွက် ပြောတာပါဗျာ၊ဪ ဒါနဲ့ မောင်မြတ်ဘုန်းရှိန်ရေ မင်းသူငယ်ချင်းတောင် အိမ်ကို အလည် ပြန်ရောက်နေပြီကွဲ့ ၊အိမ်လေး ဘာလေး လာလည်အုံးလေ"
"ဟုတ်ကဲ့ပါ ဆရာ"
"ကျတော့် သားကို သားမက်တော်ဖို့ စိတ်ကူးရှိနေရင် နောက်ဆုတ်လိုက်တော့ ဆရာ၊သူ့မှာ ချစ်သူရှိနေပြီဗျ"
"ဟေ၊မောင်မြတ်ဘုန်းရှိန် ဒီလောက် အလုပ်တွေ မအားတဲ့ကြားက ဘယ်လိုများ ချစ်သူ ရှိလာတာတုန်း၊မင်းနဲ့ မှ မဟုတ်ရင် အငယ်ကောင်လေးနဲ့ ဆိုလည်း မဆိုးပါဘူးကွာ"
"ဟား ဟား ဟား"
ဖေဖေနှင့် ဒေါက်တာ မြတ်မင်းတို့က အချင်းချင်း ခင်မင်ကြတာ၊ရင်းနှီးကြတာမို့ အမြဲတမ်းလိုလိုပင် သူ့သမီးနှင့် ဒီအိမ်က သားတွေနှင့် ကျွမ်းဝင်ပတ်သက်စေချင်ကြတာကို နားလည်ပါသည်။မပတ်သက်ရလည်း ဒေါက်တာမြတ်မင်းတို့ဘက်က ဘာမှ ပိုပြီး ဆုံးရှုံး သွားစရာ မရှိတာကိုလည်း သိနေသည်။
ဒါပေမယ့် အောင်ရဲသူကို စကားလုံးလေးနှင့် ထိတို့ တာကိုပင် ကျတော်က မနှစ်သက်ချေ။ဖေဖေနှင့် ဒေါက်တာတို့က အချင်းချင်း ကျီစယ်ကာ ရယ်နေကြပေမယ့် အခုတခါ အင်း မလုပ်၊ အဲ မလုပ် ဖြစ်နေရသည်က ကျတော်ပင်။
အောင်ရဲသူက ကျတော်ကလွဲလို့ ဘယ်သူ့အတွက် မှ မဖြစ်စေရ။
.........
ဒေါက်တာမြတ်မင်းကိုလည်း ပြန်ပို့ပေးခဲ့ပြီးပြီ၊ဖေဖေ့အတွက်လည်း ဓာတ်စာမီနူး ရေးပြီး အချိန်ပိုင်း ထမင်းချက်သည့် အဒေါ်ကြီး ကို ပေးခဲ့ပြီးပြီ။
ဒီနေ့တော့ တည်းခိုခြံကို ကျတော် သွားရလိမ့်မည်။အဲ့ဒီမှာ ပန်းပင်တွေ အကွက်ချ စိုက်နေတာကို ဖေဖေ့ကိုယ်စား သွားပြီး စီမံရမည်ဖြစ်သည်။
........
ခြံထဲမှာ ဝါးခ ေမာက် အကြီးကြီးကို ဆောင်းထားပြီးအပင်စိုက်သည့် ဝန်ထမ်းတွေ ကို လိုက်လံကာ ကြပ်မတ်ကွပ်ကဲရသည်မှာ ပင်ပန်းသည်။ဖေဖေ က တော်တော် သန်မာတာပါ့လား? လို့လည်း ချီးကျူးမိသည်။
နေ့လည်စာ စားချိန်၌
အောင်ရဲသူ နေနေသော မြို့ထဲက ဖေဖေ့ဟိုတယ် ၏ မန်နေဂျာ ကို ဖုန်းဆက်လိုက်သည်။
မျက်နှာ လေးကို မကြည့်အားရင်တောင် အောင်ရဲသူ တယောက် ဘာလုပ်နေလဲ? ဆိုတာကိုတော့ သိချင်မိသည်။
"ဟယ်လို အကိုမြတ်ဘုန်းရှိန်၊ပြောပါခင်ဗျ"
"ဂျာကြီးရေ.....အောင်ရဲသူ ဘာလုပ်နေလဲ?ကြည့်ပြီးတော့ တချက်ပြန်ပြောပြပေးပါ့လား?"
"ဪ အငယ်လေး အောင်ရဲသူလား?
ရေကူးကန်မှာ မနေ့က လာတဲ့ မိသားစုနှင့် ထိုင်ပြီး စကားပြောနေတယ် ဗျ"
"ဪ၊အေး၊အေး ဒါပဲနော် ဂျာကြီး၊ငါဖုန်းဆက်ပြီး မေးတာ သူ့ကို ပြောမနေနဲ့"
"ဟုတ်ကဲ့ပါ အကို စိတ်ချပါဗျ"
ဖုန်းချပြီးတော့ နေ့လည်စာ စားကြဖို့ ဝန်ထမ်းကလေးတွေက ခေါ်နေသည်ကိုပင် မကြားမိ၊အတွေးေတွ များနေမိပြန်သည်။
မနေ့က မိသားစု ဆိုတော့၊ မနေ့က ပြည့်စုံ တို့ မိသားစုနဲ့ပဲ ဒီနေ့ ထပ်ပြီး ရေကူးကန်မှာ စကားထိုင်ပြောပြန်ပြီပေါ့ ဆိုသည့် အတွေးက ဒီအတိုင်းလေး ထိုင်နေလို့ မရလောက်အောင်ကို ပူပန်ေနစေသည်။
ပြည့်စုံသည် လူချောတယောက်လည်း ဖြစ်သလို၊အရည်အချင်း လည်း ရှိသည်။ဆက်ဆံရေးလည်း ကောင်းသည်။စကားပြောလည်း ကောင်းသည်။
ပိုပြီး ရင်ပူစေတာက အောင်ရဲသူက ပြည့်စုံကို စိတ်ဝင်စားခဲ့ဖူးသည်။အခုထိရော စိတ်ဝင်စားဆဲပဲလား ဆိုတာကိုလည်း မသိရေသးပေ။
"ဂျာကြီးရေ"
"ခင်ဗျာ"
နေ့လည်စာ စားရန် ပြင်ဆင်နေသော တည်းခိုခြံက မန်နေဂျာက ကျတော့် ခေါ်သံကြောင့် အလန့်တကြား လှမ်းထူးသည်။
"အကို မြို့ထဲက ဟိုတယ်ကို ခဏ သွားမလို့၊အကို စောစော ပြန်မရောက်လာရင်
အလှစိုက်တဲ့ မြက်ခင်းတွေ စိုက်ထားနှင့်နော်၊အကို မြန်မြန်ပြန်လာခဲ့မယ်"
"ဟုတ်ကဲ့ အကို၊စိတ်ချပါ"
ကားကို အတတ်နိုင်ဆုံး မှန်မှန်လေး မောင်းရန် စိတ်ကို လျော့ထားရသည်။
တချက်၊တချက်၌ အတွေးထဲမှာ ပြည့်စုံနှင့် ညီလေး အောင်ရဲသူတို့ အတူတူရယ်ေမာ နေကြမှာကို တွေးကာ သဝန်တိုကာ ပူလောင်နေမိပြန်သည်။
ဒီတခါ ခရီးက ကားမောင်းရတာ ကြာနေသည်ဟု စိတ်က ထင်မိသည်။
..............
ဟော တွေ့ပါပြီ။
အဝတ်အစားတွေက လွဲလို့ မနေ့က အတိုင်းပင် ၊ဘုန်းစည်က သူ့တူလေးနှင့် ရေကူးကန်ထဲမှာ ရေကူးသင်လိုက် သူကိုယ်တိုင် ရေကူးလိုက် လုပ်နေသည်။
ပြည့်စုံ ၏အနီး၌ သူ့သမီးလေးက ထိုင်ကာအအေးသောက်နေသည်။ပြည့်စုံနှင့် အောင်ရဲသူက ဘာရယ်စရာစကားတွေပြောနေမှန်းမသိ ရယ်နေ ကြလေသည်။
မြင်ကွင်းကို မြင်ပြီး ပြည့်စုံကိုလည်း ရုတ်တရက်စိတ်တိုသွားမိလေသည်။
တကယ်ဆို အောင်ရဲသူကို ကျတော်က ချစ်နေသည့် အကြောင်းကို ပြည့်စုံက
အရင်ဆုံး သိခဲ့သည့် သူဆိုလည်း
ဟုတ်သည်။ဒါနဲ့ များတောင် လုပ်ရက်လိုက်တာဟူ၍ တွေးလိုက်မိသည်။
ပြီးမှ
ရိုးရိုးသားသား စကားပြောရုံလောက်ပဲ ဖြစ်မှာပါလေ လို့ စိတ်ကို ဖြေလျော့ကာ တွေးလိုက်ရသည်။
"နေ့လည်စာ စားချိန်တောင်ရောက်နေပြီ ပြည့်စုံရေ။ငါ အောင်ရဲသူကို ခေါ်သွားမယ်နော်"
"ဪ အေး
မင်းရောက်လာပြီလား?
မဟုတ်ရင် ငါက အောင်ရဲသူကို ငါတို့နဲ့ အတူတူ နေ့လည်စာစား ဖို့ ခေါ်မလို့ပဲ"
"အဲ့ဒါဆို အကိုပြည့်စုံ ကျတော် ကိုကိုနဲ့ လိုက်သွား တော့မယ်နော်၊ဘုန်းစည်ရေ သွားပြီဟေ့"
ပြည့်စုံ နှင့် ဘုန်းစည်တို့ကို နှုတ်ဆက်နေသည့် အောင်ရဲသူကို ကြည့်ကာ ကျတော် တခါပြန်ပြီး စိတိတိုလာမိသည်။အောင်ရဲသူ နေနေသည့် ဟိုတယ်အခန်းထဲသို့ ဆွဲခေါ်လာခဲ့မိလေသည်။
"အခန်းတံခါးဖွင့် လေကွာ"
မေးကြောကြီးတွေ ထောင်ထလာအောင် အံကြိတ်ထားသည့် ကိုကို့ကြောင့် ကျတော် စိတ်လှုပ်ရှားမိသည်။
ဘာဖြစ်လို့မှန်းလဲ မသိ? ကိုကိုက စိတ်တိုနေပြန်ပါပြီ။
ကျတော် အခန်းတံခါးကို ဖွင့်လိုက်လိုက်ချင်း၌ပင် ကိုကိုက ဝုန်းကနဲ အခန်းထဲကို ခေါ်သွင်းလာလေသည်။
"ပြည့်စုံနဲ့ပဲ နေ့တိုင်းတွေ့နေတော့မှာလား?"
"သူ့သားနဲ့ သမီးလေးက ရေကူးလာသင်နေတာလေ ကိုကို"
"မင်းကို ပြည့်စုံနဲ့ အတူတူရှိနေတာ ကိုကို မကြိုက်ဘူး လို့ ဘယ်နှခါပြောရမလဲ?"
"မတော်တဆ လာဆုံနေတာကို"
"ကိုကိုမကြိုက်တာ မလုပ်တော့ဘူး လို့ ပြော"
"ကျတော် တမင်သက်သက် လုပ်တာမှ မဟုတ်တာ"
"ပြည့်စုံကို အခုထိ သဘောကျနေသေးတာလား?"
ကိုကိုက တကယ် ကို စိတ်တိုနေပုံရသည်။ကိုကို့မျက်နှာ က တင်းမာနေသည်မှာ လျော့မသွားပေ။ကျတော်နှင့် အကိုပြည့်စုံတို့က ရိုးရိုးသားသား စကားတွေ ပြောနေကြရုံလေးကို။
"အကိုပြည့်စုံနဲ့ စတွေ့တုန်းက အကိုပြည့်စုံက ကျတော့် ပန်းချီကားတွေကို ချီးကျူးပေးခဲ့တယ်။အဲ့ဒါကြောင့် ကျတော် စိတ်လှုပ်ရှားခဲ့ရတာ မှန်တယ်။အခုတော့ အကိုပြည့်စုံကို ကျတော် စိတ်မဝင်စားတော့ပါဘူး။"
အခုမှ ကိုကို့မျက်နှာက ပြေလျော့သွားလေသည်။
"ကိုကို့ကိုရော"
ကိုကိုက ရုတ်တရက် ထမေးလိုက်တော့ ကျတော်လည်း ဘာပြန်ပြောရမှန်းပင်မသိတော့ချေ။
ရှက်လည်း ရှက်တာကြောင့် ဘာမှ ပြန်မပြောပဲ ငြိမ်နေလေသည်။
"ဖြေလေ ကိုကို့ကိုရော"
ကိုကို့ကိုလား?
ဟင့်အင်းလို့ မငြင်းဆန်နိုင်လောက်အောင်ကို ကိုကိုက ညှို့ယူဆွဲငင်နိုင်လွန်းလှသည်။
ကျတော်က ကိုကို၏ တည်ကြည်ပြီး နွေးထွေးတတ်လွန်းမှုတွေ၏ကြားမှာ မျောနေသည့် ကောင်ဆိုးလေးတယောက်ပါကိုကို။
သိရဲ့သားနှင့် အနေရခက်အောင် တည့်တိုးကြီး မေးနေလေသည့် ကိုကို့ကြောင့်တော့ ခက်ပြီ။
"ကိုကို့ ကို ကျတော် သဘောကျတယ်ဆိုတာကို ဝန်ခံပါတယ်။ဒါပေမယ့် ဖေဖေသိသွားမှာကို ကြောက်တယ်။
ဖေဖေမသိအောင်လည်း ခိုးပြီး မတွဲချင်ဘူး။"
ကျတော့် စကားကြောင့် ကိုကိုက ကျတော့်လက်တွေကို လှမ်းပြီး ဆုပ်ကိုင်လိုက်လေသည်။
"အရမ်းကြီး မတွေးနဲ့လေ ကောင်လေးရဲ့။ကိုကိုတို့ အပြန်အလှန် တကယ် သဘောကျကြတယ်ဆိုရင် တချို့ ပြဿနာတွေက ဖြေရှင်းရ လွယ်ကူမှာပါ"
စကားတွေပြောရင်း ကျတော့်လက်တဖက်ကိုလည်း မလွှတ်တော့ပဲ ကျတော့် အဝတ်အစားတွေကို ကိုကိုက သူ၏ အားနေသော လက်တဖက်နှင့် လိုက်လံကာ သိမ်းဆည်းနေလေသည်။
"ကိုကိုနဲ့ တည်းခိုခြံကို လိုက်ခဲ့။ည ေနကျ အိမ်ကို အတူတူ ပြန်ကြစို့ ။ဖေဖေလည်း သိပ်ပြီး နေမကောင်းဘူး"
ဖေဖေနေမကောင်းဘူး ဆိုတော့ ကျတော်စိုးရိမ်သွားမိသည်။ထို့ကြောင့် ကိုကို ဆွဲခေါ်လာတာကို မငြင်းတော့ပဲ ကိုကို့ေနာက်သို့ အသာတကြည် လိုက်လာခဲ့မိတော့သည်။
အိမ်ပြန်ရောက်လို့ ကျတော် ဆွဲထားသည့် ပန်းချီကား တကားမှ ပါမလာရင် ဖေဖေက ဆူေပလိမ့်ဦးမည်။
Author Thinn Thinn Su Hlaing
9:50 PM