တို့...အတူ(BL Fic)
အပိုင်း(၃)
ကျတော် ရယ်၊ကိုကိုရယ်၊ေဖဖေရယ် အတူတူ ထိုင်နေရင်းကနေ ဒီနေ့လာမည့် ဧည့်သည်ကို စိတ်ဝင်တစား စောင့်စားနေမိကြသည်။ကိုကိုကတော့ သိပ်ပြီးတော့ စိတ်လှုပ်ရှားလိမ့်မည်ဟု ကျတော်မထင်ပေ။ေဖဖေနှင့် ကျတော်ကတော့ တော်တော် စိတ်ဝင်စားနေကြတာကို ဝန်ခံရမည်။အမြဲတမ်း ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့် ရှိတတ်သည့် ဖေဖေပင် ရေကို မကြာခဏ သောက်နေလေသည်။
မနေ့ညက ကိုကိုက အသိပေးခဲ့သည်လေ။မနက်ဖြန်ကျရင် သူ့ချစ်သူနှင့် မိသားစုတွေ့ဆုံပွဲ လေး လုပ်ချင်ပါသည်ဆိုပြီးေတာ့ပေါ့။ဖေဖေ နှင့် ကျတော့်ကို အချိန်ဖယ်ထားပေးပါလို့ ပြောလာသည်။ပြီးတော့ ကိုကိုတဆက်တည်း ပြောခဲ့သည်က သူက လိင်တူချင်း ကြိုက်တတ်သည့် လူတယောက်ဖြစ်သည်တဲ့လေ။
ကိုကို အဲ့ဒီစကားတွေကို ပြောနေတဲ့ အချိန်မှာ ကျတော်ကတော့ ဖေဖေဘယ်လို များ ပြန်တုံ့ပြန်မလဲ ဆိုတာကိုသာ သိပ်စိတ်ဝင်စားခဲ့သည်။
အမြဲတမ်း ဂုဏ်ယူရသည့် သား။
သိပ် အချစ်ပိုရသည့် သား။
သိပ် အားကိုး ရသည့် သားကြီး။
ဒီလို အနေအထားမျိုးနှင့်
သားတယောက်က ဒီလို တန်ဖိုးထားသည့် စိတ်နှင့် ရှင်သန်နေသည့် အဖေတယောက်ကို အဲ့ဒီလို စကားတွေ ပြောထွက်လာရဲတာကိုပင် ကျတော် ့အတွက် အံ့အားသင့်စရာ ဖြစ်ေနခဲ့ပြန်သည် မဟုတ်လား?။
ဖေဖေက ခဏတော့ တွေဝေသွားပေမယ့် အဲ့ဒီလိုစကားတွေကို ကြည်ကြည်နူးနူးပြောနေသည့် သူ၏ သားကြီး၏ ပျော်ရွှင်နေသော မျက်နှာလေးကြောင့် ပင်ထင်သည်။
"ဪ အဖေ့သားကြီးက ဒီလို လိင်တူချင်း ကြိုက်တတ်တဲ့ သူဆိုတာကို အဖေ့ကို နဂိုကတည်းက ရင်ဖွင့်ခဲ့သင့်တယ်။ခုေတာ့ အရမ်းပင်ပန်းခဲ့မှာပဲနော် သားကြီး"
ကျတော့် ရှေ့မှာပင် တဦးကို တဦး ဖက်ကာ အားပေးနေသည့် ကိုကိုနှင့် ဖေေဖ့ကြောင့် ကျတော်က ပို၍ပင် အံ့အားသင့်ရသည်။
ကျတော် အမြဲတမ်း အပြစ်လွတ်အောင် ရှောင်ရှားပြီး နေတာတောင် ဘယ်တုန်းကမှ
အပြစ်တင်ခံရတာက
မလွတ်ခဲ့တာကို။
အခုတော့လည်း ကျတော်တို့အားလုံး ကိုကို ဘွတ်ကင်လုပ်လာခဲ့သည့် စားသောက်ဆိုင်မှာ ကိုကို၏ ချစ်သူ
ဆိုသူကို အတူတကွ စောင့် ဆိုင်းနေကြရသည်။
ဘယ်လို ပုံစံများ ဖြစ်မလဲ? လို့ တွေးကာ
ပုံဖော်ကြည့်နေတုန်းမှာပင် စားသောက်ဆိုင်၏ သီးသန့်ခန်းတံခါးက ချပ်ကနဲ ပွင့်လာသည်။ပေါ့ပေါ့ပါးပါး ဖြစ်လောက်သည့် အနောက်တိုင်းဝတ်စုံ ပုံစံမျိုးကို ဝတ်ဆင်လာသည့် လူတယောက်ဝင်လာသည်။ဖျတ်ကနဲ အမြင်၌
ပင် အရပ်ရှည်တာကို သတိထားမိလိုက်သည်။
"လာ ထိုင် ပြည့်စုံ"
ကိုကိုကတော့ ပျူပျူငှာငှာ နှင့်ပင်ကြိုဆိုနေလေသည်။ဖေဖေကတော့ ပြုံးနေလေသည်။ဖေဖေ့မျက်နှာ ဆီကနေ ပြည့်စုံ ဆိုသည့် လူထံသို့ အကြည့်လွှဲလိုက်မိသည်။
ဟင်၊ ဒါက ။ဒါက။ဟို အကိုပဲ။
ကျတော့်ကို ပထမဦးဆုံး အားပေးစကားပြောခဲ့ဖူးသည့် အကို။
ကျတော် နောက်ထပ်တကြိမ် လောက်ပဲ ဖြစ်ဖြစ် ထပ်ပြီး ဆုံတွေ့ချင် ပါသည်ဟု တောင့်တ ေနမိခဲ့တဲ့ အကိုပဲ။
ကြည့်စမ်း ကိုကိုဟာ သိပ်ကိုကံကောင်း လှပါ့လား? သူ့ကို သိပ်ချစ်သည့် ဖေဖေရယ်။သိပ်အောင်မြင်နေသည့် ပန်းချီဆရာ တယောက် ဖြစ်နေတာရယ်။ပြီးတော့ အရမ်းကို စိတ်သဘောထားကောင်း သည့် ချစ်သူရယ်။
ကျတော် လိုချင်လို့ ရဖို့ အတွက် ခက်ခက်ခဲခဲ ကြိုးစား ခဲ့ရသမျှတွေဟာ အလွယ်တကူပဲ သူ့အတွက် ဖြစ်လာနေကြတာပါ့လား? လို့ မကျေမနပ်ပင် တွေး လိုက်မိသည်။
"ဟင် ညီလေးက မြတ်ဘုန်းရှိန်ရဲ့ ညီလေးလား?"
"ဟုတ်တယ် အကို"
"ဟုတ်တယ် ပြည့်စုံ မင်းက ကိုယ့် ညီနဲ့ သိလို့လား?"
"တခါမြင်ဖူးတာပါ"
"တခါ မြင်ဖူးတာပါ"
မထင်မှတ်ထားပဲနဲ့ ကျတော်နှင့် ပြည့်စုံ ဆိုသည့် အကို တို့ နှစ်ယောက်သား က သံပြိုင်ပြောလိုက်တာမို့ ကိုကိုက ရယ်နေသည်။
"ပြည့်စုံရေ ဒါက ငါ့ညီလေးလေ။
အောင်ရဲသူတဲ့။သူလည်း ပန်းချီဆွဲတယ်။ညီလေး ဒါက ကိုကို့ သူငယ်ချင်း ပြည့်စုံဘတဲ့"
"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ဗျ"
"အကိုရောပဲ"
အကိုရောပဲ လို့ ပြောနေတာ တကယ်ဖြစ်နိုင်ပါသည်။သူ့မျက်နှာက ပြုံးကာ ကြည်လင်နေလေသည်လေ။သူ့ချစ်သူရဲ့ ညီ ဆိုပြီးတော့ ကြည်လင်နေတာများလား? လို့ မကျေမနပ်တွေး ပစ်လိုက်မိသည်။
"ဘုန်းစည် က နည်းနည်းတော့ နောက်ကျမယ်တဲ့လေ"
ဪ လာပြန်ပြီ အဲ့ဒီ ဘုန်းစည် ဆိုသည့် လူက ပါလာပြန်ပြီလား?
"ကျတော့်ကို ခွင့်ပြုပါဦးနော်"
ကျတော် မထင်မှတ်ပဲ တွေ့ဖူးပြီး တိတ်တဆိတ် သဘောကျရသည့် အကိုကြီးက ကျတော့်အကိုဖြစ်သူ၏ ချစ်သူဖြစ်နေသည်တဲ့ ။လောကကြီး မှာ တိုက်ဆိုင်စရာတွေများ ရှားနေလို့လား?
ရုတ်တရက် ကျတော်မပျော်တော့သလို။ဆေးလိပ်မသောက်ရ လို့ ကန့်သတ်ထားသည့် နေရာမှာလည်း မနေချင်တော့တာမို့ စားသောက်ဆိုင်ကြီး၏ သီးသန့်ခန်းလေးထဲကနေ အပြင်ကို ထွက်လာခဲ့မိသည်။
လူယဉ်ကျေးတွေ နှင့် ယဉ်းပါးသည့် နေရာဌာနမျိုး၌ ကျတော်လို အရိုင်းဆန်သည့် လူတယောက်နှင့် အံဝင်ဂွင်ကျမဖြစ်ပေ။
ဆိုင်၏ မျက်နှာစာ ဘေး၌ ပန်းခြုံလေးတွေကို အတန်းလိုက် ပင် စိုက်ပျိုးထားသည်။ဟော တွေ့ပါပြီ ခုံတန်းလျားလေး တခု ။ဝင်ထိုင်လိုက်ပြီး ကောင်းကင်ကို လည်းကောင်း၊ပန်းတွေကို လည်းကောင်း၊လမ်းမပေါ်က လူတွေကို လည်းကောင်း အဓိပ္ပာယ် မဲ့ ငေးမောကာ စီးကရက်တလိပ် ကို သောက်နေမိသည်။
သိပ်မကြာခင် ကားတစီးရပ်လာပြီး စမတ်ကျသည့် အနောက်တိုင်း ဝတ်စုံ တစုံကို ဝတ်ဆင်ထားသည့် လူငယ်ခပ်ရွယ်ရွယ်တယောက် ပန်းစည်း အကြီးကြီးကို ကိုင်ကာ ကိုကိုတို့ ၏ သီးသန့်အခန်းလေး ထဲသို့ ဝင်သွားတာကို မြင်လိုက်ရသည်။
ဘုန်းစည်ဆိုတာ သူပဲ ဖြစ်ရမည် ဟုတွေးတောကာ စီးကရက် အခိုးအငွေ့တွေကို အမြင့်ကြီးရောက်အောင် ရှိုက်ထုတ်နေမိသည်။ပြီးတော့ အဲ့သည်မီး ခိုးငွေ့တွေကို ပြန်ငေးနေမိသည်။
"ဟင်"
မီးခိုးငွေ့တွေ၏ အဆုံး၌ လာရပ်နေသော အကိုပြည့်စုံဘ ကို မြင်လိုက်ရတော့ လန့်သွားမိသည်။
"ညီလေး ကိုကြည့်ရတာ တနေရာရာကနေ ထွက်ပြေးလာသလိုပဲ"
"ဟုတ်တယ် ဗျ ဆေးလိပ် မသောက်ရဆိုတဲ့ နေရာမျိုးတွေကနေ ကျတော် အမြဲတမ်း ထွက်ပြေး တတ်တယ်"
သဘောကျတာလည်း မဟုတ်၊သရော်တာလည်း မဟုတ်၊ဟာသ တခုကို ကြားရလို့ ပြုံးတာမျိုးလည်း မဟုတ်သလို၊လူတတ်ကြီး လုပ်ပြီး ပြုံးတာလည်း မဟုတ်သည့် အပြုံးတမျိုးကို သူ့မျက်နှာမှာ မြင်ရသည်။
ဘာတဲ့....သူ့နာမည်က ပြည့်စုံဘ တဲ့လေ။
"အကို ရော စီးကရက် ကြိုက်တတ်သလား?"
"သောက်တတ်ပါတယ်။"
"ကျတော့်မှာ ပါသေးတယ်"
"အခုတော့ အကို မသောက်တာ ကောင်းလိမ့်မယ်"
ဪ ဟုတ်တာပေါ့။သူ့ချစ်သူရဲ့ မိသားစုနှင့် တွေ့ဆုံတာဆိုတော့ စီးကရက်အနံ့တွေ ရနေရင်
ဘယ်ကောင်းပါ့မလဲ?။
"ဒါနဲ့ အဲ့ဒီ ပန်းချီကားလေး ပြီးသွားလား ညီလေး"
"ပြီးသွားတယ် ဗျ။နောက်ထပ် ၄ကားတောင် ထပ်ပြီး ပြီးသွားသေးတယ်။ပြီးခဲ့တဲ့ တပတ်ကပဲ ပြပွဲထဲ ထည့် ပြခဲ့သေးတယ်။ခါတိုင်း လိုပါပဲ တကားမှ မရောင်းရပါဘူး"
ကိုပြည့်စုံဘက မတ်တပ်ရပ်နေပြီး နံရံကို မှီထားသည်။ကျတော့်နံဘေးမှာ လည်း ဝင်မထိုင်ချေ။သူက ကျတော့်အနားမှာ ဘာလာလုပ်နေတာလဲ? သူ့ချစ်သူ ဖြစ်တဲ့ ကိုကို့အနား မှာ ရှိနေရမှာ မဟုတ်ဘူလား?။
"မင်း လက်ရာ က ကောင်းပါတယ်။"
"အဲ့ဒီလို ပြောဖူးတာ ဆိုလို့ အကိုပဲ ရှိတယ် ဟက် ဟက်"
ကျတော်က ခြောက်ကပ်ကပ်ကြီး ရယ်နေမိသည်။ကျတော့်ရယ်သံ ခြောက်ကပ်ကပ်ကြီး ကို နားထောင်ပြီး အကိုပြည့်စုံဘက လိုက်မရယ်ပါဘူး။သူ့မျက်နှာက ခပ်တည်တည်ပါပဲ။
"ပန်းချီရေးရတာကို ကြိုက်တယ် မဟုတ်လား? ကိုယ်ကြိုက်တဲ့ အရာကို လုပ်နေရတာ ပျော်ရမယ်လေ။"
"ပန်းချီရေးရတာကို ကျတော်ကြိုက်ပါတယ်"
"ဒါဆို ညီလေး က ပျော်ပျော်ကြီး ရေးသင့်တာပေါ့"
"ဒါနဲ့ အကို ဒီလို ကြီး အပြင်ကို ထွက်လာတော့ အကို့ ချစ်သူက စိတ်ဆိုးနေမှာပေါ့"
"ဟင်၊ဘာပြောတယ် ဟားဟားဟား"
ကျတော့် စကားက သူအဲ့ဒီလောက် သဘောကျသွားစရာ ပါသလားလို့ ကျတော် တွေးနေမိသည်။
"ဘယ်သူက အကို့ ချစ်သူလဲ"
ဟော၊သူက တပြန်မေးနေပြန်ပြီ။
"ကျတော့် အကိုက အကို့ ချစ်သူ မဟုတ်ဘူးလား?"
"ကြံကြီးစည်ရာ ညီလေးရယ်။
မင်းအကို ရဲ့ ချစ်သူက အကို့ တူလေး ဘုန်းစည်ပါ"
"ဟင်"
နှုတ်ခမ်းကလေး တွန့်သွားရုံလေးပဲ ကျတော် ပြုံးလိုက်မိသည်။
"အကိုက အခုလောလောဆယ်တော့ လူလွတ် ပါနော်"
ဟင် ဘာလဲ? ဒီစကားက ။ကျတော့်ကို ဈေးဗန်းခင်းသွားတာ များလား? ဘုရား ဘုရား ဒီအကို ကြီး သူ့ကို ငါသဘောကျနေတာကိုများ သိနေလို့ လား? လို့ တွေးကာ ငြိမ်နေမိသည်။
"ဟေ့ ဟိုနှစ်ယောက် အထဲကို ဝင်ခဲ့တော့လေ"
လို့ ကိုကိုက လှမ်းခေါ်တော့မှ ကျတော်တို့ နှစ်ယောက်လည်း သီးသန့်ခန်းလေးထဲကို ဝင်သွား မိလိုက်ကြသည်။
ဘာလဲ? ကံကြမ္မာ က ကျတော့်ကို မျက်နှာသာ ပေးလာတာများလား?။
အဲ့ဒီနေ့က ရုတ်တရက်ပျော် သွားမိပြီး ဘာအစားအစာ တွေ စားခဲ့မိမှန်းပင် ကျတော့်ကိုယ် ကျတော် မသိတော့ပေ။
ကျတော့်ရဲ့ တိတ်တခိုး အိမ်မက်လေးကလည်း ဆက်လက် အဓွန့်ရှည်မြဲ ဖြစ်ခဲ့ပြန်လေသည်။
Author Thinn Thinn Su Hlaing
7:47 PM
(အသဲလေးတွေ ပေးခဲ့ရင် ကောင်းမယ်ရှင်)