''အချစ်ဟုခေါ်သည်''

By Ei_25_10

320K 13.6K 186

အထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသား​ပေးရေးထားခြင်းဖြစ်သည်။ More

(Intro)
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-54
Part-55(Final)
မမစိမ်း❤
မြတ်နိုးရာ....

Part-53

4.6K 195 3
By Ei_25_10

(Unicode)

ကောင်းခန့်တယောက် မိဘမဲ့ဂေဟာလေးဆီသို့ သွား
သည့်လမ်းလေးတွင် မြင်လိုက်ရသည့်မြင်ကွင်းတခုက
စိတ်မချမ်းမြေ့စရာပင်။ ကျောင်းစိမ်းဝတ်စုံလေးတွေနဲ့
ကျောင်းသားလေး တစု ရန်ဖြစ်နေသည့်မြင်ကွင်းတခုအား
ဦးစွာတွေ့လိုက်ရ၏။ သုံးယောက် တယောက်ဖြစ်နေသည့်
ထိုရန်ပွဲဟာ ညီမျှမှုမရှိ။ သို့ပေမယ့်လည်း သုံးယောက်
တယောက်ဖြစ်နေတာတောင် ခုခံနေနိုင်သည့် ထိုကလေး၏
ဇ ကတော့ဖြင့်မသေးလှပေ။အရွယ်ကလေးတွေကဖြင့်
၁၂နှစ် ၁၃ နှစ် ဝန်းကျင်လောက်သာ ရှိမည်ထင်၏။
ဒီအရွယ်လေးတွေနဲ့ လူမိုက်တွေလို ရန်ဖြစ်နေကြသည့်
ထိုလေးယောက်အား ကောင်းခန့်မျက်မှောင်ကြုံ့၍ကြည့်နေ၏။

''မင်းတို့ အခုရပ်ကြစမ်း''

ဟိန်းထွက်လာသည့် ကောင်းခန့်၏ အသံကြောင့် အားလုံးရပ်သွားကြ၏။ ကောင်းခန့်ကိုမြင်တော့ သုံးယောက်သားပြေးကြသည်မှာ နောက်သို့ပင်တချက်ပြန်မကြည့်။
ကျန်ခဲ့သည့် ကောင်လေးကတော့ ကြောင်တောင်တောင်လေးဖြင့်။ ပြေးထွက်သွားသည့်သုံးယောက်ကိုလှမ်းကြည့်လိုက် ကောင်းခန့်ကိုတချက်ကြည့်လိုက်ဖြင့် ခဏတာကြောင်၍ရပ်နေမိပြီးနောက် ဖိနပ်နှစ်ဖက်ကို လက်ကကောက်ကိုင်လိုက်ပြီး ပြေးမည်အပြု ကောင်းခန့်
လှမ်း၍ တားလိုက်၏။

''မင်းဘယ်သွားမှာလဲ... အခုရပ်စမ်း''

ကောင်းခန့်၏ အမိန့်သံ သြရှရှကြောင့် ထိုကောင်လေး၏
ခြေလှမ်းတွေဟာ တုန့်ခနဲ ရပ်သွားတော့သည်။ ကောင်းခန့်ဘက်သို့ ဖြေးဖြေးချင်းပြန်လှည့်လာပြီး....

''ခုနက ကူညီပေးတဲ့အတွက် ကျေးဇူးပါဗျ...ဟီးဟီး''

သွားလေးဖြီးကာဖြင့် အချိုသပ်ပြောလိုက်သော်လည်း
ကောင်းခန့်က မျက်နှာတည်ကြီးဖြင့်သာ ပြန်၍တုန့်ပြန်လာသည်မို့ ထိုကောင်လေးလည်း အနည်းငယ်ရှက်သွားသည့်ဟန် ခေါင်းလေးငုံ့သွား၏။

''ဒါဆိုလေ ဦး...သားကို ခွင့်ပြုပါအုံးခင်ဗျ''

ခေါင်းလေးငုံ့ကာ နှုတ်ဆက်ပြီး ​လှည့်ထွက်မည်အပြု....

''မင်းကျောင်းပြေးလာတာလား''

''ဗျာ''

လက်ကနာရီကိုတချက်ကြည့်လိုက်တော့ မနက် ၁၁နာရီ။
ပုံမှန်ဆိုရင် ဒီအချိန်ဟာ ကျောင်းမှာရှိနေသင့်သည့်အချိန်မဟုတ်လား။အလန့်တကြားပြန်ကြည့်လာသည့် အခြေနေအားကြည့်ပြီးသေချာပေါက် ကျောင်းပြေးလာခြင်းဖြစ်သည်ဟု ကောက်ချက်ချလိုက်သည်။

''ကိုယ်မေးနေတာမကြားဘူးလား ကောင်လေး''

''ဟို...သား...''

''ကျောင်းပြေးဖို့အတွက်ဆိုရင် ဘာလို့ မိဘတွေကို
ပိုက်ဆံအကုန်ခံခိုင်းပြီး ကျောင်းထားခိုင်းနေသေးတာလဲ
ကျောင်းထွက်လိုက်ပါလားကွ''

ကောင်းခန့်အလိုမကျစွာ မျက်ခုံးတို့ကို တွန့်ချိုးထားပြီးပြောလိုက်၏။ ကိုယ်နှင့်မဆိုင်ဘူးဟူ၍တော့ မျက်နှာမလွှဲပစ်ရက်ခဲ့။အနည်းဆုံးတော့ နားလည်အောင်ဆုံးမသင့်သည်မဟုတ်လား။ ကောင်းကောင်းဆူပြီးမှ နားဝင်အောင်ပြောမည်ဟုတွေးထားသော်လည်း ကောင်းခန့် မျက်ရည်ဝဲသွားစေသည်အထိ စိတ်မကောင်းဖြစ်ခဲ့စေသော ထိုကောင်လေး၏ စကားတခွန်းက....

''သားမှာ မိဘ မရှိပါဘူး...သားက မိဘမဲ့ပါ''

ခေါင်းလေးငုံ့ကာ အသံတိုးတိုးလေးဖြင့် ပြောလာသည့်
ထိုကောင်လေးဟာ အလွန်ပင် ဝမ်းနည်းသွားဟန်။

''တောင်းပန်ပါတယ်...ကိုယ်မသိလို့ပါ''

''ရပါတယ် ဦး''

''မင်းဘယ်နှတန်းရောက်ပြီလဲ''

''၇တန်းပါ ဦး''

''အသက်ကရော''

''၁၂နှစ်ပါ''

''ငယ်ငယ်လေးရှိသေးတာကို လူမိုက်ဖြစ်ချင်နေတာလား''

''အဲ့လို မဟုတ်ပါဘူး သူတို့က သားကို အရင်ရန်လာစလို့ပါ''

''မင်း ကိုယ့်စိတ်ကိုယ်တောင် မထိန်းချုပ်နိုင်ဘူးလား''

''သူတို့က သားကို အမေ အဖေမရှိတဲ့ မိဘမဲ့ကောင်ဆိုပြီး
လာပြောလို့ပါ''

ထိုကောင်လေး၏ ဖြေရှင်းချက်ကြောင့် ကောင်းခန့်လည်း
ထပ်မမေးရက်ခဲ့တော့။

''ကဲ ထားပါ...နောက်ဆိုရင်တော့ ရန်မဖြစ်နဲ့
ကိုယ့်စိတ်ကို အတတ်နိုင်ဆုံးထိန်း....လူမိုက်တွေကို
တုပြီး လိုက်မမိုက်မိစေနဲ့
ကိုယ်ပြောတာ နားလည်လား''

''ဟုတ်ကဲ့ပါ ဦး''

ကောင်းခန့်အား ပြုံးပြလာသည့်ထိုကောင်လေး၏ မျက်နှာလေးဟာ အေးချမ်းကာ အပြစ်ကင်းလှ၏။ ၁၂နှစ်ဆိုသော်လည်း ထိုကောင်လေး၏ ခန္တာကိုယ်ဟာ သာမန်ကလေးတွေထက် အနည်းငယ် ညှက်၏။

''ဦးက ဒီက မဟုတ်ဘူးမို့လား
သားမမြင်ဖူးလို့''

''အင်း...ကိုယ်က ဒီနားက''ရင်ခွင်''ဆိုတဲ့
ဂေဟာကိုလာတာ''

''အော်...ဟုတ်လား သားက  အဲ့ဒီဂေဟာကလေ ဦးရဲ့...
ဦးသွားတတ်ရဲ့လား သားလိုက်ပို့ပေးရမလား''

''ကိုယ်က အဲ့ကို ပထမဆုံးအကြိမ်သွားတာဆိုတော့
ကိုယ်လည်းလမ်းမသိဘူး။ မင်းလိုက်ပို့ပေးမယ်ဆိုရင်
တော့ပိုအဆင်ပြေတာပေါ့''

''ဟုတ် အာ့ဆို သွားမယ်လေ''

''အင်း လာ....ကိုယ့်ကားဆီလိုက်ခဲ့''

''ဟင်...ဦးက ကားပါတာလား''

''အင်း...ဟိုမှာရပ်ထားတာ ကိုယ့်ကားလေ''

မလှမ်းမကမ်းမှာရပ်ထားခဲ့သော ကားလေး အားလက်ညှိုးထိုးပြလိုက်တော့ မျက်လုံးလေးအပြူးသား
ဖြစ်သွားသော ကောင်လေး။

''ဒါဆို ဦးက သူဋ္ဌေးပေါ့''

''ဘယ်လို... သူဋ္ဌေးတဲ့လားကွ''

''ဟုတ်တယ်လေ ကားပိုင်မှတော့ သူဋ္ဌေးပေါ့ ဦးရ''

ကောင်လေး၏ စကားကိုကြားတော့ ကောင်းခန့်
သဘောကျစွာ ရယ်လိုက်၏။

''ကဲ ဟုတ်ပါပြီ...သူဋ္ဌေးဆိုတော့လည်း သူဋ္ဌေးပေါ့ကွာ
လာ.... သွားကြမယ်''

''ဟုတ်''

''အော် ဒါနဲ့ မင်းနာမည်ကရော''

''သားနာမည်က စွမ်းသုတ ပါဗျ''

ကောင်လေးရဲ့ နာမည်ကိုကြားတော့ ကောင်းခန့် ခေါင်းလေးညိတ်ပြလိုက်ပြီး ထိုကောင်လေးအားပြုံးပြလိုက်၏။ ဒီလိုနဲ့ကားလေးလည်း ဂေဟာလေးဆီသို့။ ထိုဂေဟာလေးဟာ ခြံလေးပါတာတောင်မှ အရမ်းကြီးမကြီးကျယ် မခမ်းနားလှပေ။ သို့ပေမယ့် အရိပ်ရသစ်ပင်များ ပန်းပင်လေးအချို့တို့
ဖြင့် အေးအေးချမ်းချမ်းတော့ရှိ၏။ ဂေဟာထဲဝင်မည်လုပ်တော့စွမ်းသုတက ခြံရှေ့လေးမှာ ရပ်သွား၏။

''လာလေ ကောင်လေး သွားကြမယ်လေ''

''ဟိုလေ...ဦး သားမလိုက်တော့လို့ ရမလားဟင်''

''ဟင်.... ဘာလို့''

''သားကျောင်းပြေးလာတာ..ဆရာကြီး သိမှာစိုးလို့ပါ''

''ကိုယ်လုပ်ခဲ့တဲ့အပြစ်အတွက် ဝန်ခံဖို့
သတ္တိမရှိဘူးလား.... စွမ်းသုတ''

ကောင်းခန့်ပြောလိုက်တော့ စွမ်းသုတ ခေါင်းလေးငုံ့သွား
ကာသေသေချာချာလေးတွေးတောနေဟန်တူ၏။
ခဏကြာတော့....

''ဟုတ်...သားလိုက်ခဲ့ပါ့မယ်''

ဒီလိုနဲ့ပဲ နှစ်ယောက်သား ဆရာကြီးအခန်းထဲသို့ရောက်လာကြတာပေါ့။ အခန်းထဲဝင်တော့ စွမ်းသုတ ကောင်းခန့်နောက်မှ တိတ်တိတ်လေးလိုက်လာ၏။

''ဆရာကြီးက ဒီက ကျောင်းအုပ်ကြီးလား ခင်ဗျ''

''အေးဟုတ်တယ်ကွယ့် ...ဒီက မောင်ရင်က
ဘာကိစ္စများရှိလို့လဲ''

ဆရာကြီးက အသက်၅၀ ကျော်ခန့်မျှရှိနေပြီ။ ကောင်းခန့်တို့ဝင်လာတော့ စားပွဲပေါ်က မျက်မှန်လေးကိုကောက်ဝတ်ပြီးမေးလာ၏။

''ကျွန်တော် အလှူငွေကိစ္စအတွက်လာခဲ့တာပါဗျ''

''အော် အေးအေး မောင်ရင်..အရင်ထိုင်ပါအုံး''

ကောင်းခန့် ဆရာကြီးရဲ့ စားပွဲက ဆရာကြီးရဲ့  မျက်နှာချင်းဆိုင်ခုံလေးမှာ ဝင်ထိုင်လိုက်၏။
ကောင်းခန့်ဝင်ထိုင်လိုက်မှပဲ ဆရာကြီးလည်း
ကောင်းခန့်နောက်က စွမ်းသုတအား သတိပြုမိတော့သည်။

''စွမ်းသုတ မင်းက ဘယ်လိုလုပ် ပါလာတာတုန်း''

ကောင်လေးဘယ်လိုဖြေမလဲဆိုတာကို သိချင်လို့
ကောင်လေးမျက်နှာလေးအား လှည့်ကြည့်လိုက်၏။
ထိုအခါ စွမ်းသုတက ကောင်းခန့်အားတချက်ကြည့်ပြီးနောက် ဆရာကြီးဆီ မဝံ့မရဲ လေးကြည့်ကာ...

''သား ကျောင်းပြေးခဲ့တာပါ ဆရာကြီး
ပြီးတော့ ရန်...ရန်လည်း ဖြစ်ခဲ့ပါတယ်''

''စွမ်းသုတကတော့လေ အဲ့လိုတွေလုပ်နေတာ
ဒါနဲ့ဆို ဘယ်နှကြိမ်ရှိနေပြီလဲ။ ဆရာကြီး မင်းကို
အတန်တန်မှာထားရဲ့သားနဲ့ကို ''

ကိုယ့်အပြစ်ကိုယ်သိသော စွမ်းသုတ တယောက်
လက်ပိုက်ကာ ခေါင်းလေးငုံ့ထား၏။

''ကဲ အခုတော့ ဧည့်သည်လည်း ရှိနေတော့
အပြစ်မပေးသေးဘူး။ ညကျမှ ထားဝယ်ကြိမ်နဲ့
ရှင်းတာပေါ့ ကွာ''

''ဟုတ် ဆရာကြီး''

''အခုတော့ ဧည့်သည့်အတွက် ကော်ဖီ
သွားဖျော်ခဲ့ပေး''

''ဟို...ရပါတယ် ဆရာကြီး ကျွန်တော် မသောက်တော့ပါဘူး''

''အားမနာပါနဲ့ မောင်ရင်ရယ်''

''ကျွန်တော် ခုနလေးတင် ထမင်းစားလာခဲ့တော့
ဗိုက်တင်းနေလို့ပါဗျ''

''အော် ဒါဆိုလည်း ဟုတ်ပါပြီကွယ်''

စွမ်းသုတ ဆိုတဲ့ ကောင်လေးကတော့ ကောင်းခန့်တို့အနားမှာပဲ ငြိမ်ငြိမ်လေးရပ်နေ၏။

''ဒါနဲ့ ဒီက မောင်ရင့် နာမည်က ''

''ကျွန်တော့် နာမည် ကောင်းခန့်လင်းပါ
ဝတ်ရည်ငယ်ရဲ့ အမျိုးသားပါခင်ဗျ''

''ဟေ... ဟုတ်လား...ငါ့သမီး ဝတ်ရည်ငယ်က
ချောချောလေးကိုမှ ရှာရွေးထားတာပဲကွ
ခင်ပွန်းကလည်း ချောချော ဇနီးကလည်း လှလှနဲ့
လိုက်ဖက်ပါပေရဲ့ ကွယ်
မောင်ရင်တို့ မင်္ဂလာဆောင်တုန်းက ဝတ်ရည်က
ဖိတ်ပေမယ့် ဆရာကြီးက အသက်ကလည်းကြီးပြီဆိုတော့ကားတွေလည်းမစီးနိုင်တော့ပါဘူးကွယ်
အဲ့ဒါနဲ့ပဲ မရောက်ဖြစ်ခဲ့ဘူးဆိုပါတော့''

ဆရာကြီး၏ '' ငါ့သမီး ဝတ်ရည်ငယ်'' ဆိုသည့် သုံးနှုန်းပုံလေးဟာဖြင့် ဝတ်ရည်အပေါ် အတော်လေး သံယောဇဥ်ရှိ
ပုံပင်။

'' ဒါနဲ့ သမီးလေး ဝတ်ရည်ရော မပါဘူးလား''

ထိုအမေးကြောင့်ကောင်းခန့် နှလုံးသားထဲအောင့်ခနဲပင်။
သို့ပေမယ့်လည်း ထိုအမေးကိုတော့ အတတ်နိုင်ဆုံးအားတင်းကာဖြေလိုက်၏။

''ငယ် ဆုံးသွားတာ နှစ်လလောက်ရှိပါပြီ''

''ဟေ....ဘယ်လိုဖြစ်ရတာတုန်း''

''ငယ် အစာအိမ်ကင်ဆာနဲ့ ဆုံးသွားခဲ့တာပါ''

''ဖြစ်မှဖြစ်ရလေ ကွယ်''

ဆရာကြီး၏ မျက်မှန်အောက်က မျက်ဝန်းတွေမှာမျက်ရည်တွေအပြည့်။ မျက်မှန်လေးအား အသာချွတ်ကာ မျက်ရည်တို့အား တချက်သုတ်လိုက်၏။ ဆရာကြီးလည်း ဝမ်းနည်းစိတ်တို့အား အတတ်နိုင်ဆုံးထိန်းချုပ်ထားပုံပင်။
သို့ပေမယ့် ရှိုက်သံတိုးတိုးလေးထွက်လာသည်မို့ ကောင်းခန့်
အနောက်သို့ လှည့်ကြည့်မိသည့်အခါ မျက်ရည်တွေပေပွနေသော မျက်နှာလေးနှင့် ကောင်လေး။

''သား သုတ... အားလုံး တနေ့ဒီလမ်းကိုသွားရမှာပဲလို့
ဆရာကြီး ပြောဖူးတယ်မဟုတ်လား။
တရားနဲ့သာ ဖြေပါ သားရယ်''

ဆရာကြီးလည်း မျက်ရည်တွေထိန်းကာ ဖြောင်းဖျနေပေ
မယ့် ၁၂နှစ်အရွယ် စွမ်းသုတ အတွက်တော့ ထိန်းချုပ်ထား
ဖို့ရာ ဘယ်လွယ်ကူပါ့မလဲ။ အခန်းအပြင်ဘက်သို့ပြေးထွက်သွားသော စွမ်းသုတအား ကောင်းခန့် လှမ်းကြည့်မိ၏။
ထိုကလေး၏ ငိုသံကိုကြားတော့ ကောင်းခန့်လည်းစိတ်မကောင်းလှပေ။

''ဒီက ကလေးတွေက သမီးလေး ဝတ်ရည်ကို သိပ်ပြီး
ခင်တွယ်ကြတာကွယ့်။ ဝတ်ရည်လေးက သိပ်ကိုမှ
စိတ်သဘောထားပြည့်ဝတဲ့ ကလေးပါ။
ဒီကလေးအတွက် စောပါသေးရဲ့ကွာ''

ဆရာကြီးလည်း သက်ပြင်းတချက်ချလိုက်ပြီး....

''ဒါပေမယ့်လည်း သေခြင်းတရားမှာ စောသည်နောက်ကျသည်မှ မရှိပဲ....တနေ့ ဆရာကြီးတို့အားလုံးလည်း
ဒီလမ်းကို သေချာပေါက်သွားရမှာပဲလေ
မောင်ရင်လည်း တရားနဲ့သာ ဖြေပါကွယ်''

''ဟုတ်ကဲ့ပါ ဆရာကြီး... ကျွန်တော်လည်း
အခုတော့ အဆင်ပြေသလောက်ဖြစ်နေပါပြီ
ငယ်ချစ်တဲ့ ဒီဂေဟာလေးကို ဖြည့်ဆည်းပေးရင်း
ကျွန်တော် ငယ့်ဆန္ဒလေးတွေကို ပြည့်စေချင်တယ်''

''ဆရာကြီးတို့ ဂေဟာလေးက အရမ်းကြီးမပြည့်စုံပါဘူး
ကလေးတွေကလည်း အယောက်၂၀ ကျော်လေးပဲရှိတာ
ခုနက ကလေး စွမ်းသုတက ဒီက ဒုတိယ
အကြီးဆုံးကလေးပေါ့။ အကြီးဆုံး ကလေးကတော့
အခု E major   အဝေးသင် ဒုတိယနှစ်ရောက်ပြီ။
တချို့ အသက်၁၅ ၁၆ အရွယ်လေးတွေကတော့ တခြားဂေဟာတွေပို့လိုက်ရတယ်။ ဒီမှာက ဆရာကြီးရယ်
တခြားဆရာ ၁ယောက်ရယ်ပဲရှိတယ်လေ။သူကတော့ လောလောဆယ် သူ့ဇာတိမြို့ခဏပြန်သွားတယ်''

ကောင်းခန့် နှင့် ဆရာကြီးတို့ စကားပြောပြီးခဏကြာတော့
ကောင်းခန့်လည်း အခန်းအပြင်ဘက်သို့ထွက်ပြေးသွားသော
စွမ်းသုတ ဆိုသည့်ကလေးအား လိုက်ရှာရတော့သည်။
သရက်ပင်အောက်က ကွပ်ပျစ်ပေါ်မှာ ဒူးလေးပိုက်ကာငိုနေသော စွမ်းသုတအား ကောင်းခန့်လှမ်းမြင်လိုက်ရသည်။
အနားသို့ရောက်တော့ ခေါင်းလေးအား ခပ်ဖွဖွပွတ်ပေးလိုက်သည့်အခါ မျက်ရည်များပြည့်နေသော မျက်နှာကလေးဖြင့်
မော့ကြည့်လာ၏။ ဖောင်းအစ်နေသည့် မျက်လုံးကလေးတွေက အတော်လေးငိုထားသည့်ပုံပင်။

'' မေမေက..ဟင့်... တကယ် မရှိတော့ဘူးလားဟင်...''

ကောင်လေး၏ ငိုသံလေးများကြောင့်ထိုအမေးအား ဖြေဖို့ရာ ကောင်းခန့်မှာ အခက်တွေ့ရပြန်သည်။

''တကယ်...ဆုံး..သွားပြီလားဟင်''

ကောင်လေးကိုကြည့်ပြီး ကောင်းခန့်မျက်ရည်တွေဝဲလာရသည်။ အမှန်တရားဆိုတဲ့ ထိုအဖြစ်အပျက်ကို ကောင်လေး
လက်ခံနိုင်ဖို့ခက်ခဲမယ်ဆိုတာ သိပေမယ့် ရင်နာစွာဖြင့်ပဲ
ခေါင်းညိမ့်ပြလိုက်၏။ ထိုအခါ စွမ်းသုတဆိုတဲ့ ကလေးငယ်လည်း ရှိုက်ကြီးတငင်ပင်ငိုချလေ၏။ ကောင်းခန့်
ထိုကလေးငယ်အား ရင်ခွင်ထဲထည့်ကာ ဖက်ထားပေးလိုက်ပြီး ကိုယ်တိုင်လည်းမျက်ရည်တွေကျလျှက်ပေါ့။
ခဏအကြာ ကလေးငယ်လည်း အငိုတိတ်တော့မှ အေးဆေးစကားပြောကြတော့သည်။သရက်ပင်အောက်က ကွပ်ပျစ်လေးပေါ်မှာပဲ ထိုင်ပြီး နှစ်ယောက်သား စကားအေးဆေးပြောကြတာပေါ့။

''သားတို့ကို မေမေက သိပ်ချစ်တာ
ဒီကိုလည်း ခဏခဏ လာတယ်
မေမေ မလာတာ ကြာနေပြီမို့လို့ သားအမြဲမျှော်နေခဲ့တာ
မေမေက ဂေဟာကနေပြန်တိုင်း ''မေမေ ပြန်လာခဲ့မယ်နော်''ဆိုပြီး လက်ပြနှုတ်ဆက်သွားတတ်တယ်။
သေချာပေါက် ပြန်လာခဲ့မယ်လို့ ပြောခဲ့တာမို့
သားအမြဲစောင့်နေခဲ့တာ။ ဒါပေမဲ့...ဟင့်...ဘာလို့...''

''သူပြန်လာမှာပါလို့လည်း
ကိုယ်မညာရက်ပါဘူး ကောင်လေးရယ်...
ကိုယ်လည်း တချိန်တုန်းက
သူပြန်လာအုံးမလားဆိုပြီး စောင့်နေခဲ့ဖူးတယ်''

ကောင်းခန့်စကားကြားတော့ ကောင်လေး​က ကောင်းခန့်အား
မော့ကြည့်လာ၏။

''အဲ့ဒီအချိန်တုန်းက ဦး အရမ်းငိုခဲ့လားဟင်''

''အင်း ငိုခဲ့တာပေါ့ ကောင်လေးရာ
ကိုယ် အရမ်းကြေကွဲခဲ့ရတာ အရက်တွေလည်းအများကြီးသောက်ခဲ့သေးတာ....တကယ် အရူးကြီးတယောက်လို
ဖြစ်သွားခဲ့တာ''

''.................''

''တကယ် ကိုယ်လုံးဝ အသက်ဆက်မရှင်ချင်တော့လောက်အောင်ပဲ....ကိုယ့်ရှေ့မှာ ကိုယ်ချစ်ရတဲ့သူက ဝေဒနါဒဏ်
တွေအလူးအလဲခံနေရတာကို မြင်နေပါရက်နဲ့ ဘာမှလုပ်မပေးနိုင်တဲ့ အခိုက်အတန့်တွေကို ပြန်တွေးမိတိုင်းလည်း
သိပ်နာကျင်ရတယ်''

စွမ်းသုတက ကောင်းကင်ယံကြီးကို မျက်ရည်အဝိုင်းသား
ဖြင့် ကြည့်ကာ ပြောနေသော ကောင်းခန့်၏ စကားများအား
အသံလေးတိတ်ကာ ငြိမ်ငြိမ်လေးနားထောင်နေခဲ့သည်။

''ကိုယ် ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့အထိလည်း တွေးခဲ့ဖူးတယ်။ အရာအားလုံးကို လက်လျှော့လိုက်ပြီး ထွက်သွားလိုက်ဖို့တွေးခဲ့ဖူးတယ်''

''...................''

'' ဒါပေမဲ့ ငယ်ပြောခဲ့ဖူးတဲ့ စကားတွေက ကိုယ့်ကို လက်လျှော့ဖို့ခွင့်မပေးခဲ့ဘူး။ငယ်က ဒီဂေဟာလေးကို
သိပ် သံယောဇဥ် ရှိရှာတာပါ။ ဒီဂေဟာလေး ပြည့်စုံဖို့
ကလေးလေးတွေပျော်နေနိုင်ဖို့ သူ မျှော်လင့်နေခဲ့တာ။
ဒါကြောင့်မို့ ငယ်ရဲ့မျှော်လင့်ချက်ဆန္ဒလေးတွေအတွက်
ကိုယ်အကောင်းဆုံး ရှေ့ဆက်ဖို့လိုတယ်။ အလုပ်တွေပို
လုပ်ပြီး မင်းတို့ဂေဟာလေးကို ဖြည့်ဆည်းနိုင်ဖို့
ကိုယ်ကြိုးစားနေတာပေါ့''

''.................''

''မင်းရော အခု ဘယ်လိုခံစားနေရလဲ''

''အရမ်း...အရမ်း ငိုချင်တယ်
မယုံကြည်နိုင်အောင်လည်း...ဖြစ်တယ်''

''အင်း ကိုယ်နားလည်ပါတယ်''

''................''

''ဒါပေမဲ့ မင်းအရှုံးပေးလိုက်လို့ မဖြစ်ဘူးနော်
ငယ်က မင်းတို့တွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်တာ
မင်း မေမေရဲ့ ဆန္ဒတွေကို မဖြည့်ဆည်းပေးချင်ဘူးလား''

''သား...မေမေ့ဆန္ဒတွေကို ဖြည့်ဆည်းပေးချင်ပါတယ်''

''ဒါဆိုရင် နောက်တခါ ကျောင်းတွေမပြေးပဲ
စာတွေကြိုးစားပေးပါ....မင်းတို့တွေ ပညာတတ်တွေ
ဖြစ်ဖို့ ကိုယ်ထောက်ပံ့ပေးမှာမို့ မင်းတို့ဘက်က
အကောင်းဆုံးကြိုးစားပေးပါ''

'' ...................''

''မင်း လုပ်နိုင်မလား စွမ်းသုတ''

''ဟုတ်ကဲ့ သားကြိုးစားပါ့မယ် ဦး''

''အင်း တော်တယ်...ကိုယ် မင်းကိုယုံတယ် ကောင်လေး''

ကောင်လေး၏ ခေါင်းလေးကို ပွတ်ကာ ချီးကျူးစကားဆိုတော့ ကောင်လေးက မျက်လုံးကလေးများပိတ်သွားသည်အထိ ပြုံးပြလာ၏။

''ကိုယ့်ကို ဖေဖေ လို့ပဲခေါ် ကောင်လေး''

''ဗျာ''

''ကိုယ်က မင်းတို့မေမေရဲ့ တရားဝင် အမျိုးသားလေ
ဒါကြောင့်မို့ မင်းတို့ရဲ့ ဖေဖေပဲ ပေါ့''

''တကယ်လားဟင်.....တကယ် ဖေဖေလို့ခေါ်လို့
ရတာလားဟင်''

ကောင်းခန့် ခေါင်းလေးညိမ့်ပြလိုက်တော့ အရောင်လတ်သွားသည့် ကောင်လေး၏ မျက်လုံးကလေးတွေက အလွန်ပျော်သွားသည့်ပုံပင်။

''ဖေဖေ''

''ဖေဖေ''ဆိုသည့် ထိုနာမ်စားလေးအား ပထမဆုံးအကြိမ်ကြားခဲ့ဖူးခြင်းပေါ့။ ထိုနာမ်စားလေးအား ကြားလိုက်ရသည်နှင့် နှုတ်ခမ်းသားတို့ဟာလည်း ကျေနပ်စွာ ပြုံးမိ၏။
ဖေဖေ ဆိုသည့်နာမ်စားလေးတခုနှင့်အတူ ဖခင်တယောက်ရဲ့ နှလုံးသားထဲကမေတ္တာတရားနှင့် တာဝန်ဝတ္တရားတွေဟာလည်း ပခုံးထက်သို့ရောက် လာခဲ့ပြီ။ဒီဂေဟာလေးအတွက်
ဒီကလေးတွေအတွက် အကောင်းဆုံးကြိုးစားသွားရမည်ဆိုသည့် အသိတခုဟာလည်း နှလုံးသားနှင့် ဦးနှောက်အသိတွေထိ စွဲထင်လို့နေပါ၏။

•••••••••••••••••••••••

သုံးနှစ်ခန့်ကြာသော်.....

လိုက်ကာဖြူလေး ဖွင့်ချလိုက်သည်နှင့်် မြင်လိုက်ရသည့်
ဂါဝန်ဖြူဖြူလေးနှင့် မိမိ၏သတို့သမီးလောင်းလေးကြောင့်
ရွှန်းလဲ့ တယောက်ငြိမ်သက်စွာဖြင့် ငေးကြည့်နေမိသည်။
သံစဥ့်အား သတို့သမီးဝတ်စုံ​လေးနှင့် ပထမဆုံးအနေနဲ့ မြင်လိုက်ရခြင်းဖြစ်သည်။ ခေါင်းအစခြေအဆုံး အပြစ်ပြောရက်စရာမရှိအောင်ပင် လှနေသော သံစဥ်၏ အလှမှာ ရွှန်းလဲ့တယောက် မှင်သက်စွာပင်ငေးကြည့်နေမိသည်။

''ဟဲ့...မျက်လုံးကြီးလည်း ကျွတ်ကျသွားအုံးမယ်''

ရိပ်၏ ရွှတ်နောက်နောက် စကားလေးကြားမှပဲ ရွှန်းလဲ့တယောက် အသိကပ်တော့သည်။ထိုအခါမှ ရှက်ကိုးရှက်ကန်းလေးပြုံးကာဖြင့်။ သံစဥ်ကတော့ ခေါင်းလေးပင် ငုံ့ထားမိသည်။ Staffကလေးတွေကလည်း ရွှန်းလဲ့တို့ နှစ်ဦး၏
ရှက်နေသည့်ပုံလေးအား ကြည့်ကာ ပြုံးစိစိဖြင့်။

ရွှန်းလဲ့ သံစဥ့်အနားသို့ တလှမ်းချင်းလျှောက်လာပြီး
သံစဥ့်အား နူးညံ့စွာကြည့်ကာ.....

''ချို''

''အင်း ရွှန်းပြောလေ''

''ချို သိပ်လှတယ်...ကိုယ့်မျက်လုံးထဲမှာ
ချိုက အလှဆုံးဖြစ်နေတယ်''

ရွှန်းလဲ့၏ အ​ပြောလေးကြောင့် သံစဥ် ကျေနပ်စွာ ပြုံးလိုက်ပြီး ခေါင်းလေးငုံ့သွား၏။ရွှန်းလဲ့က သံစဥ့်၏မေးလေးအား
ခပ်ဖွဖွကိုင်ကာ မော့စေပြီး....

'' ချို ''

''ဟင်''

'' ဒီဝတ်စုံလေးကို သဘောကျရဲ့လား''

''အင်း....သဘောကျတယ်...ဒါပေမဲ့ ရွှန်းဆန္ဒပါ''

''မဟုတ်ဘူး ချို...ကိုယ်တို့က မကြာခင်ပဲ
နှစ်ဦးသဘောတူ လက်ထပ်ကြတော့မှာ..
ဒါကြောင့်မို့...နောင်လာမယ့် အနာဂတ်မှာလည်း
ဘယ်အရာမဆို နှစ်ဦးသဘောတူဆိုတာမျိုးပဲ
ဖြစ်ရမယ်။ တဖက်တည်းရဲ့ ဆန္ဒ တဖက်တည်းရဲ့
သဘောနဲ့ ဆုံးဖြတ်လို့မရဘူး။ အဲ့ဒါကြောင့်
ချို့ ဆန္ဒဟာလည်း အရေးပါတယ်''

ရွှန်းလဲ့၏ စကားလေးအား သံစဥ် ငြိမ်သက်စွာဖြင့်
နားထောင်နေခဲ့သည်။မိမိ၏ စကားအပေါ် အမြဲအလေးအနက်ထားပေးတတ်သည့် သံစဥ့်၏ နှဖူးလေးအား
ခပ်ဖွဖွနမ်းရှိုက်လိုက်ပြီး.....

''ချို.... ဒီဝတ်စုံလေးကို သဘောကျရဲ့လား...
ချို့ သဘောကိုပြောပါ''

''ဟုတ် ချို သဘောကျပါတယ်''

''ကောင်းပြီ ဒါဆို ကိုယ်တို့ဒါလေးပဲ ရွေးလိုက်ရအောင်''

''ဟုတ်''

သံစဥ် ရွှန်းလဲ့အား မျက်လုံးကလေးများ မှေးသွားသည်အထိ ပြုံးပြလိုက်၏။ ရွှန်းလဲ့ကတော့ သံစဥ့်၏
အပြုံးလေးတို့ကို မြင်လိုက်ရသည်နှင့် မျက်လုံးကလေးများဟာ ကျေနပ်မှုအပြည့်ဖြင့်။ နှစ်ယောက်သား အကြည့်ချင်းဆုံပြီး ကြည်နူးမှုအပြည့်ဖြင့် ကြည့်နေကြသည်မှာ တလောကလုံးကိုပင် မေ့ထားကြသည့်အလား။

ရွှန်းလဲ့ သံစဥ့်ဆီသို့ လက်ကလေးတဖက်ကမ်းပေးလိုက်
သည့်အခါ သံစဥ်က ရွှန်းလဲ့၏ လက်ကလေးအားဆုပ်ကိုင်လိုက်သည်။ ယုံကြည်ချက်အပြည့်ဖြင့် ဆုပ်ကိုင်လိုက်သည့်
ထိုလက်ကလေးဟာ ထာဝရအထိ မြဲအောင်ဆုပ်ကိုင်ထား
မည့်လက်ကလေးပင်။

''သိပ်လှတယ် ချိုရယ်''

''ရွှန်းကလည်း အဲ့လိုတွေပြောနေတော့ ရှက်တောင်
ရှက်လာပြီ''

ခေါင်းလေးငုံ့ကာဖြင့် ရှက်နေသည့် သံစဥ်အား ရွှန်းလဲ့
မျက်တောင်မခတ်တမ်းကို ကြည့်နေမိသည်။ ပတ်ဝန်းကျင်ဆိုတာကြီးကို တိတ်ဆိတ်နေသောလေထုသဖွယ် သတ်မှတ်ထားသည့်အလားပင်။

''အဟမ်း...အဟမ်း''

ရိပ်၏ ချောင်းဟန့်သံကြားမှပဲ ရွှန်းလဲ့ တယောက်အသိကပ်ပြီး ရှက်ကိုးရှက်ကန်း ဂုတ်လေးအားပွတ်ကာဖြင့်။ အခုမှလာပြီး ရှက်ပြနေကြသော မိမိရှေ့က နှစ်ယောက်အား
ကြည့်ကာ.....

''အမလေးနော်....ငါ့ကိုလေ လေထုကြီးလို့များ ထင်နေကြတာလားဟင်....နင်တို့ ငါပါလာတယ်ဆိုတာရော
သတိထားမိကြသေးရဲ့လား...''

ရိပ်၏ ရွှတ်နောက်နောက် အပြောလေးကြောင့်
သံစဥ်တို့လည်း ပြုံးစိစိဖြင့်။

''နင်ကလည်း အဲ့လိုတော့မဟုတ်ပါဘူးဟ
ချစ်ရသူ မျက်နှာတကမ္ဘာဆိုတော့လည်း ဟယ်''

သံစဥ့်၏ စကားလေးကြောင့် ရွှန်းလဲ့မှာလည်း ကျေနပ်ပီတိအပြည့်နှင့်။

''အမလေး....ဒေါ်သံစဥ်ချို ရှင်စကားတွေအတော်တတ်''

''ချစ်တာကိုးလို့''

''အမလေး အေးပါ...ချစ်ချစ်..
ငါတော့ ကျောင်းဆင်းချိန်ရောက်နေပြီဆိုတော့
မမကို သွားကြိုလိုက်အုံးမယ်နော်''

''သူများတွေ ကျတော့ ပြောပြီး သူကျတော့...ဟွန်း''

ရွှန်းလဲ့၏ ခပ်ရွဲ့ရွဲ့ အပြောလေးအား ရိပ်တယောက်
ပြုံးစိစိဖြင့် တုန့်ပြန်လိုက်ပြီး....

''ငါလည်း ချစ်တာကိုးဟ''

''အေးပါ...သွားသွား... မြန်မြန်သွားအုံးနော်
တော်ကြာ နောက်ကျလို့ဆိုပြီး ကြိမ်လုံးနဲ့
အဆော်ခံနေရအုံးမယ်''

ရိပ်တယောက်ရဲ့ စိမ်းနောက်ကွယ်မှာ လုပ်ချင်ရာလုပ်တတ်သည့် အကျင့်ကြောင့် ခဏခဏအရိုက်ခံရလွန်းတော့
သူငယ်ချင်းတွေကတောင် သိနေကြပြီပေါ့။ သူငယ်ချင်းတွေ
စနောက်​ပြောကြတိုင်းလည်း ရိပ်မှာ ပြုံးဖြီးဖြီးနှင့်။
သို့ပေမယ့် စိမ်းရဲ့ လွှမ်းမိုးမှုတွေအောက် ရိပ်တယောက်ကတော့ကျေနပ်နေဆဲ။

''အေးပါ...ဒါဆို ငါသွားပြီးနော်''

ရိပ်လည်း ကားလေးမောင်းကာ စိမ်းရှိရာ ကျောင်းလေးဆီသို့။ ကျောင်းဂိတ်ဝသို့ ရောက်သည့်အခိုက် ကျောင်းဆင်းချိန်ဖြစ်နေပြီလေ။ ရိပ်လည်း ကျောင်းဂိတ်ပေါက်လေးမှာပဲ
စိမ်းအား စောင့်နေ၏။ ကျောင်းသားများကြားမှ
စိမ်းအား လှမ်းမြင်လိုက်ရသည့်အခိုက် ရိပ်မှာ အသက်ရှုပင်မှားလောက်အောင်ပဲ။

•••••••••••••••••••••••••••

(Zawgyi)

ေကာင္းခန့္တေယာက္ မိဘမဲ့ေဂဟာေလးဆီသို႔ သြား
သည့္လမ္းေလးတြင္ ျမင္လိုက္ရသည့္ျမင္ကြင္းတခုက
စိတ္မခ်မ္းေျမ့စရာပင္။ ေက်ာင္းစိမ္းဝတ္စုံေလးေတြနဲ႕
ေက်ာင္းသားေလး တစု ရန္ျဖစ္ေနသည့္ျမင္ကြင္းတခုအား
ဦးစြာေတြ႕လိုက္ရ၏။ သုံးေယာက္ တေယာက္ျဖစ္ေနသည့္
ထိုရန္ပြဲဟာ ညီမွ်မႈမရွိ။ သို႔ေပမယ့္လည္း သုံးေယာက္
တေယာက္ျဖစ္ေနတာေတာင္ ခုခံေနနိုင္သည့္ ထိုကေလး၏
ဇ ကေတာ့ျဖင့္မေသးလွေပ။အ႐ြယ္ကေလးေတြကျဖင့္
၁၂ႏွစ္ ၁၃ ႏွစ္ ဝန္းက်င္ေလာက္သာ ရွိမည္ထင္၏။
ဒီအ႐ြယ္ေလးေတြနဲ႕ လူမိုက္ေတြလို ရန္ျဖစ္ေနၾကသည့္
ထိုေလးေယာက္အား ေကာင္းခန့္မ်က္ေမွာင္ႀကဳံ႕၍ၾကည့္ေန၏။

''မင္းတို႔ အခုရပ္ၾကစမ္း''

ဟိန္းထြက္လာသည့္ ေကာင္းခန့္၏ အသံေၾကာင့္ အားလုံးရပ္သြားၾက၏။ ေကာင္းခန့္ကိုျမင္ေတာ့ သုံးေယာက္သားေျပးၾကသည္မွာ ေနာက္သို႔ပင္တခ်က္ျပန္မၾကည့္။
က်န္ခဲ့သည့္ ေကာင္ေလးကေတာ့ ေၾကာင္ေတာင္ေတာင္ေလးျဖင့္။ ေျပးထြက္သြားသည့္သုံးေယာက္ကိုလွမ္းၾကည့္လိုက္ ေကာင္းခန့္ကိုတခ်က္ၾကည့္လိုက္ျဖင့္ ခဏတာေၾကာင္၍ရပ္ေနမိၿပီးေနာက္ ဖိနပ္ႏွစ္ဖက္ကို လက္ကေကာက္ကိုင္လိုက္ၿပီး ေျပးမည္အျပဳ ေကာင္းခန့္
လွမ္း၍ တားလိုက္၏။

''မင္းဘယ္သြားမွာလဲ... အခုရပ္စမ္း''

ေကာင္းခန့္၏ အမိန့္သံ ၾသရွရွေၾကာင့္ ထိုေကာင္ေလး၏
ေျခလွမ္းေတြဟာ တုန့္ခနဲ ရပ္သြားေတာ့သည္။ ေကာင္းခန့္ဘက္သို႔ ေျဖးေျဖးခ်င္းျပန္လွည့္လာၿပီး....

''ခုနက ကူညီေပးတဲ့အတြက္ ေက်းဇူးပါဗ်...ဟီးဟီး''

သြားေလးၿဖီးကာျဖင့္ အခ်ိဳသပ္ေျပာလိုက္ေသာ္လည္း
ေကာင္းခန့္က မ်က္ႏွာတည္ႀကီးျဖင့္သာ ျပန္၍တုန့္ျပန္လာသည္မို႔ ထိုေကာင္ေလးလည္း အနည္းငယ္ရွက္သြားသည့္ဟန္ ေခါင္းေလးငုံ႕သြား၏။

''ဒါဆိုေလ ဦး...သားကို ခြင့္ျပဳပါအုံးခင္ဗ်''

ေခါင္းေလးငုံ႕ကာ ႏႈတ္ဆက္ၿပီး လွည့္ထြက္မည္အျပဳ....

''မင္းေက်ာင္းေျပးလာတာလား''

''ဗ်ာ''

လက္ကနာရီကိုတခ်က္ၾကည့္လိုက္ေတာ့ မနက္ ၁၁နာရီ။
ပုံမွန္ဆိုရင္ ဒီအခ်ိန္ဟာ ေက်ာင္းမွာရွိေနသင့္သည့္အခ်ိန္မဟုတ္လား။အလန့္တၾကားျပန္ၾကည့္လာသည့္ အေျခေနအားၾကည့္ၿပီးေသခ်ာေပါက္ ေက်ာင္းေျပးလာျခင္းျဖစ္သည္ဟု ေကာက္ခ်က္ခ်လိဳက္သည္။

''ကိုယ္ေမးေနတာမၾကားဘူးလား ေကာင္ေလး''

''ဟို...သား...''

''ေက်ာင္းေျပးဖို႔အတြက္ဆိုရင္ ဘာလို႔ မိဘေတြကို
ပိုက္ဆံအကုန္ခံခိုင္းၿပီး ေက်ာင္းထားခိုင္းေနေသးတာလဲ
ေက်ာင္းထြက္လိုက္ပါလားကြ''

ေကာင္းခန့္အလိုမက်စြာ မ်က္ခုံးတို႔ကို တြန့္ခ်ိဳးထားၿပီးေျပာလိုက္၏။ ကိုယ္ႏွင့္မဆိုင္ဘူးဟူ၍ေတာ့ မ်က္ႏွာမလႊဲပစ္ရက္ခဲ့။အနည္းဆုံးေတာ့ နားလည္ေအာင္ဆုံးမသင့္သည္မဟုတ္လား။ ေကာင္းေကာင္းဆူၿပီးမွ နားဝင္ေအာင္ေျပာမည္ဟုေတြးထားေသာ္လည္း ေကာင္းခန့္ မ်က္ရည္ဝဲသြားေစသည္အထိ စိတ္မေကာင္းျဖစ္ခဲ့ေစေသာ ထိုေကာင္ေလး၏ စကားတခြန္းက....

''သားမွာ မိဘ မရွိပါဘူး...သားက မိဘမဲ့ပါ''

ေခါင္းေလးငုံ႕ကာ အသံတိုးတိုးေလးျဖင့္ ေျပာလာသည့္
ထိုေကာင္ေလးဟာ အလြန္ပင္ ဝမ္းနည္းသြားဟန္။

''ေတာင္းပန္ပါတယ္...ကိုယ္မသိလို႔ပါ''

''ရပါတယ္ ဦး''

''မင္းဘယ္ႏွတန္းေရာက္ၿပီလဲ''

''၇တန်းပါ ဦး''

''အသက္ကေရာ''

''၁၂ႏွစ္ပါ''

''ငယ္ငယ္ေလးရွိေသးတာကို လူမိုက္ျဖစ္ခ်င္ေနတာလား''

''အဲ့လို မဟုတ္ပါဘူး သူတို႔က သားကို အရင္ရန္လာစလို႔ပါ''

''မင္း ကိုယ့္စိတ္ကိုယ္ေတာင္ မထိန္းခ်ဳပ္နိုင္ဘူးလား''

''သူတို႔က သားကို အေမ အေဖမရွိတဲ့ မိဘမဲ့ေကာင္ဆိုၿပီး
လာေျပာလို႔ပါ''

ထိုေကာင္ေလး၏ ေျဖရွင္းခ်က္ေၾကာင့္ ေကာင္းခန့္လည္း
ထပ္မေမးရက္ခဲ့ေတာ့။

''ကဲ ထားပါ...ေနာက္ဆိုရင္ေတာ့ ရန္မျဖစ္နဲ႕
ကိုယ့္စိတ္ကို အတတ္နိုင္ဆုံးထိန္း....လူမိုက္ေတြကို
တုၿပီး လိုက္မမိုက္မိေစနဲ႕
ကိုယ္ေျပာတာ နားလည္လား''

''ဟုတ္ကဲ့ပါ ဦး''

ေကာင္းခန့္အား ၿပဳံးျပလာသည့္ထိုေကာင္ေလး၏ မ်က္ႏွာေလးဟာ ေအးခ်မ္းကာ အျပစ္ကင္းလွ၏။ ၁၂ႏွစ္ဆိုေသာ္လည္း ထိုေကာင္ေလး၏ ခႏၱာကိုယ္ဟာ သာမန္ကေလးေတြထက္ အနည္းငယ္ ညွက္၏။

''ဦးက ဒီက မဟုတ္ဘူးမို႔လား
သားမျမင္ဖူးလို႔''

''အင္း...ကိုယ္က ဒီနားက''ရင္ခြင္''ဆိုတဲ့
ေဂဟာကိုလာတာ''

''ေအာ္...ဟုတ္လား သားက  အဲ့ဒီေဂဟာကေလ ဦးရဲ႕...
ဦးသြားတတ္ရဲ႕လား သားလိုက္ပို႔ေပးရမလား''

''ကိုယ္က အဲ့ကို ပထမဆုံးအႀကိမ္သြားတာဆိုေတာ့
ကိုယ္လည္းလမ္းမသိဘူး။ မင္းလိုက္ပို႔ေပးမယ္ဆိုရင္
ေတာ့ပိုအဆင္ေျပတာေပါ့''

''ဟုတ္ အာ့ဆို သြားမယ္ေလ''

''အင္း လာ....ကိုယ့္ကားဆီလိုက္ခဲ့''

''ဟင္...ဦးက ကားပါတာလား''

''အင္း...ဟိုမွာရပ္ထားတာ ကိုယ့္ကားေလ''

မလွမ္းမကမ္းမွာရပ္ထားခဲ့ေသာ ကားေလး အားလက္ညွိုးထိုးျပလိုက္ေတာ့ မ်က္လုံးေလးအျပဴးသား
ျဖစ္သြားေသာ ေကာင္ေလး။

''ဒါဆို ဦးက သူ႒ေးေပါ့''

''ဘယ္လို... သူ႒ေးတဲ့လားကြ''

''ဟုတ္တယ္ေလ ကားပိုင္မွေတာ့ သူ႒ေးေပါ့ ဦးရ''

ေကာင္ေလး၏ စကားကိုၾကားေတာ့ ေကာင္းခန့္
သေဘာက်စြာ ရယ္လိုက္၏။

''ကဲ ဟုတ္ပါၿပီ...သူ႒ေးဆိုေတာ့လည္း သူ႒ေးေပါ့ကြာ
လာ.... သြားၾကမယ္''

''ဟုတ္''

''ေအာ္ ဒါနဲ႕ မင္းနာမည္ကေရာ''

''သားနာမည္က စြမ္းသုတ ပါဗ်''

ေကာင္ေလးရဲ႕ နာမည္ကိုၾကားေတာ့ ေကာင္းခန့္ ေခါင္းေလးညိတ္ျပလိုက္ၿပီး ထိုေကာင္ေလးအားၿပဳံးျပလိုက္၏။ ဒီလိုနဲ႕ကားေလးလည္း ေဂဟာေလးဆီသို႔။ ထိုေဂဟာေလးဟာ ၿခံေလးပါတာေတာင္မွ အရမ္းႀကီးမႀကီးက်ယ္ မခမ္းနားလွေပ။ သို႔ေပမယ့္ အရိပ္ရသစ္ပင္မ်ား ပန္းပင္ေလးအခ်ိဳ႕တို႔
ျဖင့္ ေအးေအးခ်မ္းခ်မ္းေတာ့ရွိ၏။ ေဂဟာထဲဝင္မည္လုပ္ေတာ့စြမ္းသုတက ၿခံေရွ႕ေလးမွာ ရပ္သြား၏။

''လာေလ ေကာင္ေလး သြားၾကမယ္ေလ''

''ဟိုေလ...ဦး သားမလိုက္ေတာ့လို႔ ရမလားဟင္''

''ဟင္.... ဘာလို႔''

''သားေက်ာင္းေျပးလာတာ..ဆရာႀကီး သိမွာစိုးလို႔ပါ''

''ကိုယ္လုပ္ခဲ့တဲ့အျပစ္အတြက္ ဝန္ခံဖို႔
သတၱိမရွိဘူးလား.... စြမ္းသုတ''

ေကာင္းခန့္ေျပာလိုက္ေတာ့ စြမ္းသုတ ေခါင္းေလးငုံ႕သြား
ကာေသေသခ်ာခ်ာေလးေတြးေတာေနဟန္တူ၏။
ခဏၾကာေတာ့....

''ဟုတ္...သားလိုက္ခဲ့ပါ့မယ္''

ဒီလိုနဲ႕ပဲ ႏွစ္ေယာက္သား ဆရာႀကီးအခန္းထဲသို႔ေရာက္လာၾကတာေပါ့။ အခန္းထဲဝင္ေတာ့ စြမ္းသုတ ေကာင္းခန့္ေနာက္မွ တိတ္တိတ္ေလးလိုက္လာ၏။

''ဆရာႀကီးက ဒီက ေက်ာင္းအုပ္ႀကီးလား ခင္ဗ်''

''ေအးဟုတ္တယ္ကြယ့္ ...ဒီက ေမာင္ရင္က
ဘာကိစၥမ်ားရွိလို႔လဲ''

ဆရာႀကီးက အသက္၅၀ ေက်ာ္ခန့္မွ်ရွိေနၿပီ။ ေကာင္းခန့္တို႔ဝင္လာေတာ့ စားပြဲေပၚက မ်က္မွန္ေလးကိုေကာက္ဝတ္ၿပီးေမးလာ၏။

''ကြၽန္ေတာ္ အလႉေငြကိစၥအတြက္လာခဲ့တာပါဗ်''

''ေအာ္ ေအးေအး ေမာင္ရင္..အရင္ထိုင္ပါအုံး''

ေကာင္းခန႔္ ဆရာႀကီးရဲ႕ စားပြဲက ဆရာႀကီးရဲ႕  မ်က္ႏွာခ်င္းဆိုင္ခုံေလးမွာ ဝင္ထိုင္လိုက္၏။
ေကာင္းခန့္ဝင္ထိုင္လိုက္မွပဲ ဆရာႀကီးလည္း
ေကာင္းခန့္ေနာက္က စြမ္းသုတအား သတိျပဳမိေတာ့သည္။

''စြမ္းသုတ မင္းက ဘယ္လိုလုပ္ ပါလာတာတုန္း''

ေကာင္ေလးဘယ္လိုေျဖမလဲဆိုတာကို သိခ်င္လို႔
ေကာင္ေလးမ်က္ႏွာေလးအား လွည့္ၾကည့္လိုက္၏။
ထိုအခါ စြမ္းသုတက ေကာင္းခန့္အားတခ်က္ၾကည့္ၿပီးေနာက္ ဆရာႀကီးဆီ မဝံ့မရဲ ေလးၾကည့္ကာ...

''သား ေက်ာင္းေျပးခဲ့တာပါ ဆရာႀကီး
ၿပီးေတာ့ ရန္...ရန္လည္း ျဖစ္ခဲ့ပါတယ္''

''စြမ္းသုတကေတာ့ေလ အဲ့လိုေတြလုပ္ေနတာ
ဒါနဲ႕ဆို ဘယ္ႏွႀကိမ္ရွိေနၿပီလဲ။ ဆရာႀကီး မင္းကို
အတန္တန္မွာထားရဲ႕သားနဲ႕ကို ''

ကိုယ့္အျပစ္ကိုယ္သိေသာ စြမ္းသုတ တေယာက္
လက္ပိုက္ကာ ေခါင္းေလးငုံ႕ထား၏။

''ကဲ အခုေတာ့ ဧည့္သည္လည္း ရွိေနေတာ့
အျပစ္မေပးေသးဘူး။ ညက်မွ ထားဝယ္ႀကိမ္နဲ႕
ရွင္းတာေပါ့ ကြာ''

''ဟုတ္ ဆရာႀကီး''

''အခုေတာ့ ဧည့္သည့္အတြက္ ေကာ္ဖီ
သြားေဖ်ာ္ခဲ့ေပး''

''ဟို...ရပါတယ္ ဆရာႀကီး ကြၽန္ေတာ္ မေသာက္ေတာ့ပါဘူး''

''အားမနာပါနဲ႕ ေမာင္ရင္ရယ္''

''ကြၽန္ေတာ္ ခုနေလးတင္ ထမင္းစားလာခဲ့ေတာ့
ဗိုက္တင္းေနလို႔ပါဗ်''

''ေအာ္ ဒါဆိုလည္း ဟုတ္ပါၿပီကြယ္''

စြမ္းသုတ ဆိုတဲ့ ေကာင္ေလးကေတာ့ ေကာင္းခန့္တို႔အနားမွာပဲ ၿငိမ္ၿငိမ္ေလးရပ္ေန၏။

''ဒါနဲ႕ ဒီက ေမာင္ရင့္ နာမည္က ''

''ကြၽန္ေတာ့္ နာမည္ ေကာင္းခန့္လင္းပါ
ဝတ္ရည္ငယ္ရဲ႕ အမ်ိဳးသားပါခင္ဗ်''

''ေဟ... ဟုတ္လား...ငါ့သမီး ဝတ္ရည္ငယ္က
ေခ်ာေခ်ာေလးကိုမွ ရွာေ႐ြးထားတာပဲကြ
ခင္ပြန္းကလည္း ေခ်ာေခ်ာ ဇနီးကလည္း လွလွနဲ႕
လိုက္ဖက္ပါေပရဲ႕ ကြယ္
ေမာင္ရင္တို႔ မဂၤလာေဆာင္တုန္းက ဝတ္ရည္က
ဖိတ္ေပမယ့္ ဆရာႀကီးက အသက္ကလည္းႀကီးၿပီဆိုေတာ့ကားေတြလည္းမစီးနိုင္ေတာ့ပါဘူးကြယ္
အဲ့ဒါနဲ႕ပဲ မေရာက္ျဖစ္ခဲ့ဘူးဆိုပါေတာ့''

ဆရာႀကီး၏ '' ငါ့သမီး ဝတ္ရည္ငယ္'' ဆိုသည့္ သုံးႏႈန္းပုံေလးဟာျဖင့္ ဝတ္ရည္အေပၚ အေတာ္ေလး သံေယာဇဥ္ရွိ
ပုံပင္။

'' ဒါနဲ႕ သမီးေလး ဝတ္ရည္ေရာ မပါဘူးလား''

ထိုအေမးေၾကာင့္ေကာင္းခန့္ ႏွလုံးသားထဲေအာင့္ခနဲပင္။
သို႔ေပမယ့္လည္း ထိုအေမးကိုေတာ့ အတတ္နိုင္ဆုံးအားတင္းကာေျဖလိုက္၏။

''ငယ္ ဆုံးသြားတာ ႏွစ္လေလာက္ရွိပါၿပီ''

''ေဟ....ဘယ္လိုျဖစ္ရတာတုန္း''

''ငယ္ အစာအိမ္ကင္ဆာနဲ႕ ဆုံးသြားခဲ့တာပါ''

''ျဖစ္မွျဖစ္ရေလ ကြယ္''

ဆရာႀကီး၏ မ်က္မွန္ေအာက္က မ်က္ဝန္းေတြမွာမ်က္ရည္ေတြအျပည့္။ မ်က္မွန္ေလးအား အသာခြၽတ္ကာ မ်က္ရည္တို႔အား တခ်က္သုတ္လိုက္၏။ ဆရာႀကီးလည္း ဝမ္းနည္းစိတ္တို႔အား အတတ္နိုင္ဆုံးထိန္းခ်ဳပ္ထားပုံပင္။
သို႔ေပမယ့္ ရွိုက္သံတိုးတိုးေလးထြက္လာသည္မို႔ ေကာင္းခန့္
အေနာက္သို႔ လွည့္ၾကည့္မိသည့္အခါ မ်က္ရည္ေတြေပပြေနေသာ မ်က္ႏွာေလးႏွင့္ ေကာင္ေလး။

''သား သုတ... အားလုံး တေန႕ဒီလမ္းကိုသြားရမွာပဲလို႔
ဆရာႀကီး ေျပာဖူးတယ္မဟုတ္လား။
တရားနဲ႕သာ ေျဖပါ သားရယ္''

ဆရာႀကီးလည္း မ်က္ရည္ေတြထိန္းကာ ေျဖာင္းဖ်ေနေပ
မယ့္ ၁၂ႏွစ္အ႐ြယ္ စြမ္းသုတ အတြက္ေတာ့ ထိန္းခ်ဳပ္ထား
ဖို႔ရာ ဘယ္လြယ္ကူပါ့မလဲ။ အခန္းအျပင္ဘက္သို႔ေျပးထြက္သြားေသာ စြမ္းသုတအား ေကာင္းခန့္ လွမ္းၾကည့္မိ၏။
ထိုကေလး၏ ငိုသံကိုၾကားေတာ့ ေကာင္းခန့္လည္းစိတ္မေကာင္းလွေပ။

''ဒီက ကေလးေတြက သမီးေလး ဝတ္ရည္ကို သိပ္ၿပီး
ခင္တြယ္ၾကတာကြယ့္။ ဝတ္ရည္ေလးက သိပ္ကိုမွ
စိတ္သေဘာထားျပည့္ဝတဲ့ ကေလးပါ။
ဒီကေလးအတြက္ ေစာပါေသးရဲ႕ကြာ''

ဆရာႀကီးလည္း သက္ျပင္းတခ်က္ခ်လိဳက္ၿပီး....

''ဒါေပမယ့္လည္း ေသျခင္းတရားမွာ ေစာသည္ေနာက္က်သည္မွ မရွိပဲ....တေန႕ ဆရာႀကီးတို႔အားလုံးလည္း
ဒီလမ္းကို ေသခ်ာေပါက္သြားရမွာပဲေလ
ေမာင္ရင္လည္း တရားနဲ႕သာ ေျဖပါကြယ္''

''ဟုတ္ကဲ့ပါ ဆရာႀကီး... ကြၽန္ေတာ္လည္း
အခုေတာ့ အဆင္ေျပသေလာက္ျဖစ္ေနပါၿပီ
ငယ္ခ်စ္တဲ့ ဒီေဂဟာေလးကို ျဖည့္ဆည္းေပးရင္း
ကြၽန္ေတာ္ ငယ့္ဆႏၵေလးေတြကို ျပည့္ေစခ်င္တယ္''

''ဆရာႀကီးတို႔ ေဂဟာေလးက အရမ္းႀကီးမျပည့္စုံပါဘူး
ကေလးေတြကလည္း အေယာက္၂၀ ေက်ာ္ေလးပဲရွိတာ
ခုနက ကေလး စြမ္းသုတက ဒီက ဒုတိယ
အႀကီးဆုံးကေလးေပါ့။ အႀကီးဆုံး ကေလးကေတာ့
အခု E major   အေဝးသင္ ဒုတိယႏွစ္ေရာက္ၿပီ။
တခ်ိဳ႕ အသက္၁၅ ၁၆ အ႐ြယ္ေလးေတြကေတာ့ တျခားေဂဟာေတြပို႔လိုက္ရတယ္။ ဒီမွာက ဆရာႀကီးရယ္
တျခားဆရာ ၁ေယာက္ရယ္ပဲရွိတယ္ေလ။သူကေတာ့ ေလာေလာဆယ္ သူ႕ဇာတိၿမိဳ႕ခဏျပန္သြားတယ္''

ေကာင္းခန့္ ႏွင့္ ဆရာႀကီးတို႔ စကားေျပာၿပီးခဏၾကာေတာ့
ေကာင္းခန့္လည္း အခန္းအျပင္ဘက္သို႔ထြက္ေျပးသြားေသာ
စြမ္းသုတ ဆိုသည့္ကေလးအား လိုက္ရွာရေတာ့သည္။
သရက္ပင္ေအာက္က ကြပ္ပ်စ္ေပၚမွာ ဒူးေလးပိုက္ကာငိုေနေသာ စြမ္းသုတအား ေကာင္းခန့္လွမ္းျမင္လိုက္ရသည္။
အနားသို႔ေရာက္ေတာ့ ေခါင္းေလးအား ခပ္ဖြဖြပြတ္ေပးလိုက္သည့္အခါ မ်က္ရည္မ်ားျပည့္ေနေသာ မ်က္ႏွာကေလးျဖင့္
ေမာ့ၾကည့္လာ၏။ ေဖာင္းအစ္ေနသည့္ မ်က္လုံးကေလးေတြက အေတာ္ေလးငိုထားသည့္ပုံပင္။

'' ေမေမက..ဟင့္... တကယ္ မရွိေတာ့ဘူးလားဟင္...''

ေကာင္ေလး၏ ငိုသံေလးမ်ားေၾကာင့္ထိုအေမးအား ေျဖဖို႔ရာ ေကာင္းခန့္မွာ အခက္ေတြ႕ရျပန္သည္။

''တကယ္...ဆုံး..သြားၿပီလားဟင္''

ေကာင္ေလးကိုၾကည့္ၿပီး ေကာင္းခန့္မ်က္ရည္ေတြဝဲလာရသည္။ အမွန္တရားဆိုတဲ့ ထိုအျဖစ္အပ်က္ကို ေကာင္ေလး
လက္ခံနိုင္ဖို႔ခက္ခဲမယ္ဆိုတာ သိေပမယ့္ ရင္နာစြာျဖင့္ပဲ
ေခါင္းညိမ့္ျပလိုက္၏။ ထိုအခါ စြမ္းသုတဆိုတဲ့ ကေလးငယ္လည္း ရွိုက္ႀကီးတငင္ပင္ငိုခ်ေလ၏။ ေကာင္းခန့္
ထိုကေလးငယ္အား ရင္ခြင္ထဲထည့္ကာ ဖက္ထားေပးလိုက္ၿပီး ကိုယ္တိုင္လည္းမ်က္ရည္ေတြက်လွ်က္ေပါ့။
ခဏအၾကာ ကေလးငယ္လည္း အငိုတိတ္ေတာ့မွ ေအးေဆးစကားေျပာၾကေတာ့သည္။သရက္ပင္ေအာက္က ကြပ္ပ်စ္ေလးေပၚမွာပဲ ထိုင္ၿပီး ႏွစ္ေယာက္သား စကားေအးေဆးေျပာၾကတာေပါ့။

''သားတို႔ကို ေမေမက သိပ္ခ်စ္တာ
ဒီကိုလည္း ခဏခဏ လာတယ္
ေမေမ မလာတာ ၾကာေနၿပီမို႔လို႔ သားအၿမဲေမွ်ာ္ေနခဲ့တာ
ေမေမက ေဂဟာကေနျပန္တိုင္း ''ေမေမ ျပန္လာခဲ့မယ္ေနာ္''ဆိုၿပီး လက္ျပႏႈတ္ဆက္သြားတတ္တယ္။
ေသခ်ာေပါက္ ျပန္လာခဲ့မယ္လို႔ ေျပာခဲ့တာမို႔
သားအၿမဲေစာင့္ေနခဲ့တာ။ ဒါေပမဲ့...ဟင့္...ဘာလို႔...''

''သူျပန္လာမွာပါလို႔လည္း
ကိုယ္မညာရက္ပါဘူး ေကာင္ေလးရယ္...
ကိုယ္လည္း တခ်ိန္တုန္းက
သူျပန္လာအုံးမလားဆိုၿပီး ေစာင့္ေနခဲ့ဖူးတယ္''

ေကာင္းခန့္စကားၾကားေတာ့ ေကာင္ေလးက ေကာင္းခန့္အား
ေမာ့ၾကည့္လာ၏။

''အဲ့ဒီအခ်ိန္တုန္းက ဦး အရမ္းငိုခဲ့လားဟင္''

''အင္း ငိုခဲ့တာေပါ့ ေကာင္ေလးရာ
ကိုယ္ အရမ္းေၾကကြဲခဲ့ရတာ အရက္ေတြလည္းအမ်ားႀကီးေသာက္ခဲ့ေသးတာ....တကယ္ အ႐ူးႀကီးတေယာက္လို
ျဖစ္သြားခဲ့တာ''

''.................''

''တကယ္ ကိုယ္လုံးဝ အသက္ဆက္မရွင္ခ်င္ေတာ့ေလာက္ေအာင္ပဲ....ကိုယ့္ေရွ႕မွာ ကိုယ္ခ်စ္ရတဲ့သူက ေဝဒနါဒဏ္
ေတြအလူးအလဲခံေနရတာကို ျမင္ေနပါရက္နဲ႕ ဘာမွလုပ္မေပးနိုင္တဲ့ အခိုက္အတန့္ေတြကို ျပန္ေတြးမိတိုင္းလည္း
သိပ္နာက်င္ရတယ္''

စြမ္းသုတက ေကာင္းကင္ယံႀကီးကို မ်က္ရည္အဝိုင္းသား
ျဖင့္ ၾကည့္ကာ ေျပာေနေသာ ေကာင္းခန့္၏ စကားမ်ားအား
အသံေလးတိတ္ကာ ၿငိမ္ၿငိမ္ေလးနားေထာင္ေနခဲ့သည္။

''ကိုယ္ ကိုယ့္ကိုယ္ကိုယ္သတ္ေသဖို႔အထိလည္း ေတြးခဲ့ဖူးတယ္။ အရာအားလုံးကို လက္ေလွ်ာ့လိုက္ၿပီး ထြက္သြားလိုက္ဖို႔ေတြးခဲ့ဖူးတယ္''

''...................''

'' ဒါေပမဲ့ ငယ္ေျပာခဲ့ဖူးတဲ့ စကားေတြက ကိုယ့္ကို လက္ေလွ်ာ့ဖို႔ခြင့္မေပးခဲ့ဘူး။ငယ္က ဒီေဂဟာေလးကို
သိပ္ သံေယာဇဥ္ ရွိရွာတာပါ။ ဒီေဂဟာေလး ျပည့္စုံဖို႔
ကေလးေလးေတြေပ်ာ္ေနနိုင္ဖို႔ သူ ေမွ်ာ္လင့္ေနခဲ့တာ။
ဒါေၾကာင့္မို႔ ငယ္ရဲ႕ေမွ်ာ္လင့္ခ်က္ဆႏၵေလးေတြအတြက္
ကိုယ္အေကာင္းဆုံး ေရွ႕ဆက္ဖို႔လိုတယ္။ အလုပ္ေတြပို
လုပ္ၿပီး မင္းတို႔ေဂဟာေလးကို ျဖည့္ဆည္းနိုင္ဖို႔
ကိုယ္ႀကိဳးစားေနတာေပါ့''

''.................''

''မင္းေရာ အခု ဘယ္လိုခံစားေနရလဲ''

''အရမ္း...အရမ္း ငိုခ်င္တယ္
မယုံၾကည္နိုင္ေအာင္လည္း...ျဖစ္တယ္''

''အင္း ကိုယ္နားလည္ပါတယ္''

''................''

''ဒါေပမဲ့ မင္းအရႈံးေပးလိုက္လို႔ မျဖစ္ဘူးေနာ္
ငယ္က မင္းတို႔ေတြကို ပညာတတ္ႀကီးေတြ ျဖစ္ေစခ်င္တာ
မင္း ေမေမရဲ႕ ဆႏၵေတြကို မျဖည့္ဆည္းေပးခ်င္ဘူးလား''

''သား...ေမေမ့ဆႏၵေတြကို ျဖည့္ဆည္းေပးခ်င္ပါတယ္''

''ဒါဆိုရင္ ေနာက္တခါ ေက်ာင္းေတြမေျပးပဲ
စာေတြႀကိဳးစားေပးပါ....မင္းတို႔ေတြ ပညာတတ္ေတြ
ျဖစ္ဖို႔ ကိုယ္ေထာက္ပံ့ေပးမွာမို႔ မင္းတို႔ဘက္က
အေကာင္းဆုံးႀကိဳးစားေပးပါ''

'' ...................''

''မင္း လုပ္နိုင္မလား စြမ္းသုတ''

''ဟုတ္ကဲ့ သားႀကိဳးစားပါ့မယ္ ဦး''

''အင္း ေတာ္တယ္...ကိုယ္ မင္းကိုယုံတယ္ ေကာင္ေလး''

ေကာင္ေလး၏ ေခါင္းေလးကို ပြတ္ကာ ခ်ီးက်ဴးစကားဆိုေတာ့ ေကာင္ေလးက မ်က္လုံးကေလးမ်ားပိတ္သြားသည္အထိ ၿပဳံးျပလာ၏။

''ကိုယ့္ကို ေဖေဖ လို႔ပဲေခၚ ေကာင္ေလး''

''ဗ်ာ''

''ကိုယ္က မင္းတို႔ေမေမရဲ႕ တရားဝင္ အမ်ိဳးသားေလ
ဒါေၾကာင့္မို႔ မင္းတို႔ရဲ႕ ေဖေဖပဲ ေပါ့''

''တကယ္လားဟင္.....တကယ္ ေဖေဖလို႔ေခၚလို႔
ရတာလားဟင္''

ေကာင္းခန့္ ေခါင္းေလးညိမ့္ျပလိုက္ေတာ့ အေရာင္လတ္သြားသည့္ ေကာင္ေလး၏ မ်က္လုံးကေလးေတြက အလြန္ေပ်ာ္သြားသည့္ပုံပင္။

''ေဖေဖ''

''ေဖေဖ''ဆိုသည့္ ထိုနာမ္စားေလးအား ပထမဆုံးအႀကိမ္ၾကားခဲ့ဖူးျခင္းေပါ့။ ထိုနာမ္စားေလးအား ၾကားလိုက္ရသည္ႏွင့္ ႏႈတ္ခမ္းသားတို႔ဟာလည္း ေက်နပ္စြာ ၿပဳံးမိ၏။
ေဖေဖ ဆိုသည့္နာမ္စားေလးတခုႏွင့္အတူ ဖခင္တေယာက္ရဲ႕ ႏွလုံးသားထဲကေမတၱာတရားႏွင့္ တာဝန္ဝတၱရားေတြဟာလည္း ပခုံးထက္သို႔ေရာက္ လာခဲ့ၿပီ။ဒီေဂဟာေလးအတြက္
ဒီကေလးေတြအတြက္ အေကာင္းဆုံးႀကိဳးစားသြားရမည္ဆိုသည့္ အသိတခုဟာလည္း ႏွလုံးသားႏွင့္ ဦးႏွောက္အသိေတြထိ စြဲထင္လို႔ေနပါ၏။

သုံးႏွစ္ခန့္ၾကာေသာ္.....

လိုက္ကာျဖဴေလး ဖြင့္ခ်လိဳက္သည္ႏွင့္္ ျမင္လိုက္ရသည့္
ဂါဝန္ျဖဴျဖဴေလးႏွင့္ မိမိ၏သတို႔သမီးေလာင္းေလးေၾကာင့္
႐ႊန္းလဲ့ တေယာက္ၿငိမ္သက္စြာျဖင့္ ေငးၾကည့္ေနမိသည္။
သံစဥ့္အား သတို႔သမီးဝတ္စုံေလးႏွင့္ ပထမဆုံးအေနနဲ႕ ျမင္လိုက္ရျခင္းျဖစ္သည္။ ေခါင္းအစေျခအဆုံး အျပစ္ေျပာရက္စရာမရွိေအာင္ပင္ လွေနေသာ သံစဥ္၏ အလွမွာ ႐ႊန္းလဲ့တေယာက္ မွင္သက္စြာပင္ေငးၾကည့္ေနမိသည္။

''ဟဲ့...မ်က္လုံးႀကီးလည္း ကြၽတ္က်သြားအုံးမယ္''

ရိပ္၏ ႐ႊတ္ေနာက္ေနာက္ စကားေလးၾကားမွပဲ ႐ႊန္းလဲ့တေယာက္ အသိကပ္ေတာ့သည္။ထိုအခါမွ ရွက္ကိုးရွက္ကန္းေလးၿပဳံးကာျဖင့္။ သံစဥ္ကေတာ့ ေခါင္းေလးပင္ ငုံ႕ထားမိသည္။ Staffကေလးေတြကလည္း ႐ႊန္းလဲ့တို႔ ႏွစ္ဦး၏
ရွက္ေနသည့္ပုံေလးအား ၾကည့္ကာ ၿပဳံးစိစိျဖင့္။

႐ႊန္းလဲ့ သံစဥ့္အနားသို႔ တလွမ္းခ်င္းေလွ်ာက္လာၿပီး
သံစဥ့္အား ႏူးညံ့စြာၾကည့္ကာ.....

''ခ်ိဳ''

''အင္း ႐ႊန္းေျပာေလ''

''ခ်ိဳ သိပ္လွတယ္...ကိုယ့္မ်က္လုံးထဲမွာ
ခ်ိဳက အလွဆုံးျဖစ္ေနတယ္''

႐ႊန္းလဲ့၏ အေျပာေလးေၾကာင့္ သံစဥ္ ေက်နပ္စြာ ၿပဳံးလိုက္ၿပီး ေခါင္းေလးငုံ႕သြား၏။႐ႊန္းလဲ့က သံစဥ့္၏ေမးေလးအား
ခပ္ဖြဖြကိုင္ကာ ေမာ့ေစၿပီး....

'' ခ်ိဳ ''

''ဟင္''

'' ဒီဝတ္စုံေလးကို သေဘာက်ရဲ႕လား''

''အင္း....သေဘာက်တယ္...ဒါေပမဲ့ ႐ႊန္းဆႏၵပါ''

''မဟုတ္ဘူး ခ်ိဳ...ကိုယ္တို႔က မၾကာခင္ပဲ
ႏွစ္ဦးသေဘာတူ လက္ထပ္ၾကေတာ့မွာ..
ဒါေၾကာင့္မို႔...ေနာင္လာမယ့္ အနာဂတ္မွာလည္း
ဘယ္အရာမဆို ႏွစ္ဦးသေဘာတူဆိုတာမ်ိဳးပဲ
ျဖစ္ရမယ္။ တဖက္တည္းရဲ႕ ဆႏၵ တဖက္တည္းရဲ႕
သေဘာနဲ႕ ဆုံးျဖတ္လို႔မရဘူး။ အဲ့ဒါေၾကာင့္
ခ်ိဳ႕ ဆႏၵဟာလည္း အေရးပါတယ္''

႐ႊန္းလဲ့၏ စကားေလးအား သံစဥ္ ၿငိမ္သက္စြာျဖင့္
နားေထာင္ေနခဲ့သည္။မိမိ၏ စကားအေပၚ အၿမဲအေလးအနက္ထားေပးတတ္သည့္ သံစဥ့္၏ ႏွဖူးေလးအား
ခပ္ဖြဖြနမ္းရွိုက္လိုက္ၿပီး.....

''ခ်ိဳ.... ဒီဝတ္စုံေလးကို သေဘာက်ရဲ႕လား...
ခ်ိဳ႕ သေဘာကိုေျပာပါ''

''ဟုတ္ ခ်ိဳ သေဘာက်ပါတယ္''

''ေကာင္းၿပီ ဒါဆို ကိုယ္တို႔ဒါေလးပဲ ေ႐ြးလိုက္ရေအာင္''

''ဟုတ္''

သံစဥ္ ႐ႊန္းလဲ့အား မ်က္လုံးကေလးမ်ား ေမွးသြားသည္အထိ ၿပဳံးျပလိုက္၏။ ႐ႊန္းလဲ့ကေတာ့ သံစဥ့္၏
အၿပဳံးေလးတို႔ကို ျမင္လိုက္ရသည္ႏွင့္ မ်က္လုံးကေလးမ်ားဟာ ေက်နပ္မႈအျပည့္ျဖင့္။ ႏွစ္ေယာက္သား အၾကည့္ခ်င္းဆုံၿပီး ၾကည္ႏူးမႈအျပည့္ျဖင့္ ၾကည့္ေနၾကသည္မွာ တေလာကလုံးကိုပင္ ေမ့ထားၾကသည့္အလား။

႐ႊန္းလဲ့ သံစဥ့္ဆီသို႔ လက္ကေလးတဖက္ကမ္းေပးလိုက္
သည့္အခါ သံစဥ္က ႐ႊန္းလဲ့၏ လက္ကေလးအားဆုပ္ကိုင္လိုက္သည္။ ယုံၾကည္ခ်က္အျပည့္ျဖင့္ ဆုပ္ကိုင္လိုက္သည့္
ထိုလက္ကေလးဟာ ထာဝရအထိ ၿမဲေအာင္ဆုပ္ကိုင္ထား
မည့္လက္ကေလးပင္။

''သိပ္လွတယ္ ခ်ိဳရယ္''

''႐ႊန္းကလည္း အဲ့လိုေတြေျပာေနေတာ့ ရွက္ေတာင္
ရွက္လာၿပီ''

ေခါင္းေလးငုံ႕ကာျဖင့္ ရွက္ေနသည့္ သံစဥ္အား ႐ႊန္းလဲ့
မ်က္ေတာင္မခတ္တမ္းကို ၾကည့္ေနမိသည္။ ပတ္ဝန္းက်င္ဆိုတာႀကီးကို တိတ္ဆိတ္ေနေသာေလထုသဖြယ္ သတ္မွတ္ထားသည့္အလားပင္။

''အဟမ္း...အဟမ္း''

ရိပ္၏ ေခ်ာင္းဟန့္သံၾကားမွပဲ ႐ႊန္းလဲ့ တေယာက္အသိကပ္ၿပီး ရွက္ကိုးရွက္ကန္း ဂုတ္ေလးအားပြတ္ကာျဖင့္။ အခုမွလာၿပီး ရွက္ျပေနၾကေသာ မိမိေရွ႕က ႏွစ္ေယာက္အား
ၾကည့္ကာ.....

''အမေလးေနာ္....ငါ့ကိုေလ ေလထုႀကီးလို႔မ်ား ထင္ေနၾကတာလားဟင္....နင္တို႔ ငါပါလာတယ္ဆိုတာေရာ
သတိထားမိၾကေသးရဲ႕လား...''

ရိပ္၏ ႐ႊတ္ေနာက္ေနာက္ အေျပာေလးေၾကာင့္
သံစဥ္တို႔လည္း ၿပဳံးစိစိျဖင့္။

''နင္ကလည္း အဲ့လိုေတာ့မဟုတ္ပါဘူးဟ
ခ်စ္ရသူ မ်က္ႏွာတကမၻာဆိုေတာ့လည္း ဟယ္''

သံစဥ့္၏ စကားေလးေၾကာင့္ ႐ႊန္းလဲ့မွာလည္း ေက်နပ္ပီတိအျပည့္ႏွင့္။

''အမေလး....ေဒၚသံစဥ္ခ်ိဳ ရွင္စကားေတြအေတာ္တတ္''

''ခ်စ္တာကိုးလို႔''

''အမေလး ေအးပါ...ခ်စ္ခ်စ္..
ငါေတာ့ ေက်ာင္းဆင္းခ်ိန္ေရာက္ေနၿပီဆိုေတာ့
မမကို သြားႀကိဳလိုက္အုံးမယ္ေနာ္''

''သူမ်ားေတြ က်ေတာ့ ေျပာၿပီး သူက်ေတာ့...ဟြန္း''

႐ႊန္းလဲ့၏ ခပ္႐ြဲ႕႐ြဲ႕ အေျပာေလးအား ရိပ္တေယာက္
ၿပဳံးစိစိျဖင့္ တုန့္ျပန္လိုက္ၿပီး....

''ငါလည္း ခ်စ္တာကိုးဟ''

''ေအးပါ...သြားသြား... ျမန္ျမန္သြားအုံးေနာ္
ေတာ္ၾကာ ေနာက္က်လိဳ႕ဆိုၿပီး ႀကိမ္လုံးနဲ႕
အေဆာ္ခံေနရအုံးမယ္''

ရိပ္တေယာက္ရဲ႕ စိမ္းေနာက္ကြယ္မွာ လုပ္ခ်င္ရာလုပ္တတ္သည့္ အက်င့္ေၾကာင့္ ခဏခဏအရိုက္ခံရလြန္းေတာ့
သူငယ္ခ်င္းေတြကေတာင္ သိေနၾကၿပီေပါ့။ သူငယ္ခ်င္းေတြ
စေနာက္ေျပာၾကတိုင္းလည္း ရိပ္မွာ ၿပဳံးၿဖီးၿဖီးႏွင့္။
သို႔ေပမယ့္ စိမ္းရဲ႕ လႊမ္းမိုးမႈေတြေအာက္ ရိပ္တေယာက္ကေတာ့ေက်နပ္ေနဆဲ။

''ေအးပါ...ဒါဆို ငါသြားၿပီးေနာ္''

ရိပ္လည္း ကားေလးေမာင္းကာ စိမ္းရွိရာ ေက်ာင္းေလးဆီသို႔။ ေက်ာင္းဂိတ္ဝသို႔ ေရာက္သည့္အခိုက္ ေက်ာင္းဆင္းခ်ိန္ျဖစ္ေနၿပီေလ။ ရိပ္လည္း ေက်ာင္းဂိတ္ေပါက္ေလးမွာပဲ
စိမ္းအား ေစာင့္ေန၏။ ေက်ာင္းသားမ်ားၾကားမွ
စိမ္းအား လွမ္းျမင္လိုက္ရသည့္အခိုက္ ရိပ္မွာ အသက္ရႈပင္မွားေလာက္ေအာင္ပဲ။

Continue Reading

You'll Also Like

125K 8.5K 50
( Complete ) အချစ်ဦး ၊ ငယ်ချစ်ဦး ဆိုတာ ဘယ်တော့မှ မပေါင်းဖက်နိုင်တဲ့ ဖူးစာရှင်တွေပဲတဲ့ ။ 𝘸𝘳𝘪𝘵𝘵𝘦𝘯 𝘣𝘺 𝙢𝙤𝙧𝘼_𝙣𝙮𝙚𝙞𝙣
6.1K 281 14
မျှော်လင့်ခြင်းရဲ့ တခြားတစ်ဖက်မှာ ဘာရှိလဲနွယ်... ကိုယ်ကတော့ ဘာကိုမှ‌မမျှော်လင့်ချင်တော့ဘူး... ပင်ပန်းနေပြီ...
2.9M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
22.5K 825 5
မာနခဲလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းချိုချိုးလေးပါ