Part-52

4K 195 7
                                    

(Unicode)

''မေမေ ခြူးက ရိပ်ကြောင့် သေရတာ မဟုတ်လားဟင်''

ခြူးဆုံးသွားတာ တလစွန်းစွန်းပင် ရှိနေပြီဖြစ်သည်။ ပုံမှန်အချိန်များတွင်တော့ အရမ်းကြီးမတွေးဖြစ်တော့ပေမယ့်
တခါတလေထိုအဖြစ်အပျက်ကြီးအား ပြန်၍မြင်ယောင်လာမိသည်။ ထိုသို့မြင်ယောင်လာမိသည့်အခိုက်များတွင်လည်း ရိပ်အလွန်ပင်ဝမ်းနည်းရသည်။ ဝမ်းနည်းစရာအတိတ်တွေကိုပြန်တွေးမိတိုင်းလည်း မနေ့ တနေ့ကအဖြစ်အပျက်တွေအလား ခံစားရ၏။

''မဟုတ်ပါဘူး ရိပ်ရယ်...ဘာကြောင့်များ
ကိုယ့်ကိုကိုယ် အပြစ်တင်နေရတာလဲ''

''ရိပ်သာ ခြူးအပေါ် မရက်စက်ခဲ့ရင် ခြူးလည်း
အခုလိုဖြစ်စရာ အကြောင်းမှမရှိတာ''

ပြောနေရင်းနှင့်ပင် ရိပ်မျက်ဝန်း၌ မျက်ရည်လေးများ
ဝေ့သီလာခဲ့သည်။ရိပ် စိတ်ထဲတွင် သူငယ်ချင်းဖြစ်သူ
ခြူးအိမ့်လွန်းအား ဆုံးရှုံးလိုက်ရသည်ကြောင့် ဝမ်းနည်းစိတ်တွေဟာ အခုထိ ကျန်ရှိနေဆဲ။ဖြစ်ရပ်ကြီးအား ပြန်တွေးမိလေတိုင်း ခြူးအိမ့်လွန်း၏ အကြည့်တစုံအား ပြန်၍မြင်ယောင်မိ၏။ ထိုအကြည်တို့ဟာ ချစ်ခြင်းမေတ္တာတွေအား
တောင်းတနေသည့် အသနားခံမျက်ဝန်းတွေအလား။
ဒေါ်မေနန်းလည်း ရိပ်၏ အခြေနေအားကြည့်ပြီး စိတ်မအေးချမ်းနိုင်ပေ။ ခြူးအိမ့်လွန်းအပေါ် ရိပ်လည်း အတော်လေးသံယောဇဥ်ရှိခဲ့သည်ဆိုတာကို ဒေါ်မေနန်း တယောက်လည်းအသိပင်။ ဒေါ်မေနန်း ရိပ်၏ ပခုံးလေးအားခပ်ဖွဖွကိုင်ကာ.......

''အဲ့ဒီနေ့က သမီးခြူးအပေါ် ပြောခဲ့တဲ့စကားတွေက
ရက်စက်တယ် လွန်တယ်လို့ သမီး လက်ခံထားလို့
အပြစ်ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ သမီးခြူးကို
မချစ်နိုင်ခဲ့တာ အတွက်တော့ အပြစ်မရှိဘူး ရိပ်''

''...............''

ရိပ် ဒေါ်မေနန်း၏ စကားအား ဘာမှပြန်၍ မတုန့်ပြန်သေးပဲ
မျက်လွှာလေးချကာ ငြိမ်နေ၏။

''ရိပ်....အချစ်ဆိုတဲ့အရာကို မေမေတို့ ဖန်တီးယူလို့မှမရပဲကွယ်''

''.............''

''မေမေ ရိပ်ကို အပြစ်ရှိတဲ့စိတ်တွေနဲ့ မရှင်သန်စေချင်ဘူး''

''အချစ်ဟုခေါ်သည်''Where stories live. Discover now