Part-7

4.3K 223 2
                                    

(Unicode)

ကျောင်းဆင်းပြီးသည့်နောက် ကျောင်း၏မနီးမဝေးရှိ
Coffeeဆိုင်လေး တခုတွင် သူငယ်ချင်းလေးယောက်
ကိစ္စတခုအား ဆွေးနွေးနေကြသည်။ရွှန်းလဲ့တယောက်တော့ မပါဘူးပေါ့။

''ဘာ..မဖြစ်နိုင်တာ သံစဥ်ရာ
ငါကလေ သူ့လို ဂျပုမနဲ့ ဟန်ဆောင်ပြီးတောင်
မတွဲနိုင်ပါဘူး''

''အောင်မယ် ဟဲ့ကျက်သရေတုံးအကောင် ငါကရော
နင်နဲ့ တွဲပေးပါ့မယ်ပြောလို့လား နေစမ်းပါ
ရွံစရာ...အွတ်..''

အမြဲ ကြောင်နှင့်ကြွက်လို သတ်နေကြသည့် ကောင်းခန့်နှင့် ဝတ်ရည်တို့ ၂ယောက်အား အရမ်းချစ်ကြသည့်ချစ်သူ
တွေအဖြစ်ဟန်ဆောင်ခိုင်းသည်မှာ လွယ်သည့်ကိစ္စတော့မဟုတ်။

''လုပ်ပါ ကောင်းခန့်နဲ့ ဝတ်ရည်ရယ် ငါ့ကို ကူညီကြပါ။
ငါနဲ့ရွှန်းလဲ့နဲ့ ကြားမှာက အဲ့ပြဿနာပဲ ခဏခဏတက်နေရတော့ ငါလည်းစိတ်ညစ်လှပြီ။ ကူညီပါနော်''

ဝတ်ရည်လက်တဖက်နှင့် ကောင်းခန့်လက်တဖက်အား
ဆုပ်ကိုင်ကာ မျက်နှာငယ်လေးဖြင့် အကူညီတောင်းနေသော
သံစဥ်အား ကြည့်ကာ ရိပ် လည်းပဲဝင်ပြောလေသည်။

''ဟုတ်ပါတယ်ဟယ် နင်တို့ကလည်း ကူညီလိုက်ကြပါ''

''ကူညီတာက မခက်ပေမယ့် သူ့လိုဂျပုမနဲ့တော့
မတွဲနိုင်ပါဘူး။ တခြားသူဆို တော်သေး''

''ဟဲ့ ငါကမပုဘူးဟဲ့။နင်ကသာ ရှည်နေတာ။
ရုပ်ကိုက မြင်တာနဲ့ပါးပြေးရိုက်ချင်စရာ ရုပ်နဲ့အကောင်ကများ..။ငါ့ကို လေ ကြိုက်နေတဲ့သူတွေမှ တပုံကြီး ပါးဖောင်းဖောင်းလေးကို မြတ်နိုးလို့ပါ။ဆံမြိတ်လေးနဲ့ ကောင်မလေးကို ချစ်လို့ပါဆိုပြီး တန်းစီနေကြတာ ။ ဟက်....သဘောပေါက်''

''ဟားဟားဟား....ရယ်ရတယ် ဝတ်ရည်ရယ်
နင့်လို ပုပုကွကွနဲ့ ပစ်တိုင်းထောင်ကိုများ ဟားဟား...''

''မသာကောင်''

''ဘုန်း!!''

ပါးစပ်ကလည်းပြောလက်ကလည်း ကောင်းခန့်ကျောကိုဗြောတင်နေသည်မှာတော့ လက်ရဲဇက်ရဲ ဝတ်ရည်ပင်။
ရှေ့တွင်သတ်နေကျသောဝတ်ရည်နှင့် ကောင်းခန့်အား
သံစဥ်နှင့် ရိပ်တို့မှာ ပွဲကြည့်နေရသည့်အလား ထိုင်သာကြည့်နေတော့သည်။

''အချစ်ဟုခေါ်သည်''Where stories live. Discover now