Part-42

3.4K 172 3
                                    

(Unicode)

ဒီနေ့နဲ့ဆို စိမ်း ရိပ်ကို စကားမပြောပဲ ​ပစ်ထားသည်မှာ
၅ရက်ခန့်မျှရှိနေပြီ။ ရိပ်မှာလည်း မည်သို့မည်ပုံဖြင့် တောင်းပန်ရမည်ကို ဆုံးဖြတ်မရသေး။ ခြံထဲရှိ ဒန်းလေးပေါ်တွင် စာအုပ်ဖတ်နေသော စိမ်းအနားသို့ သွားရန် ရိပ်မှာ
မဝံ့မရဲဖြင့်။ သက်ပြင်းတချက်ချလိုက်ပြီး လက်ထဲရှိ
ကြိမ်လုံးလေးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး
စိမ်းရှိရာဆီသို့ လျှောက်လာသည်။
မိမိရှေ့သို့ ထိုးပေးလာသော ကြိမ်လုံးလေးကြောင့် စိမ်း
စာအုပ်ဖတ်နေရာမှ မော့ကြည့်မိသည်။

''ဘာလဲ''

''ရိုက်ဖို့.. ရိပ်ကို ရိုက်ဖို့...မမ စိတ်ကျေနပ်တဲ့ထိ ရိုက်ပြီးရင်
ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ''

စိမ်းလည်း ကမ်းပေးလာသော ကြိမ်လုံးလေးအား
လက်ခံယူလိုက်သည်။

''ဆိုတော့ ရိပ်က ကြိမ်လုံးနဲ့ ရိုက်ပြီး ပြောမှ
အသိဝင်တာပေါ့''

''အဲ့လို..မ..မဟုတ်...''

''ပြောပါအုံး ဘာအပြစ်တွေ လုပ်ထားလဲ ဆိုတာ''

''ဟို အိမ်ကို နောက်ကျမှ ပြန်လာမိပါတယ်''

''ဒါပဲလား''

''ရှင်''

''ဒါပဲလားလို့''

''ဟုတ်...အဲ့ဒါပဲလို့ ထင်လို့ပါ''

''မမ ဘယ်လောက်တောင်မှ စိတ်ပူနေမလဲဆိုတာ
ဘာကြောင့် မတွေးခဲ့ရတာလဲ''

''.............''

''ရိပ်များ တခုခုဖြစ်နေလား ဆိုတဲ့ စိတ်က မမ ခေါင်းတခုလုံး
ပူထူသွားအောင်ပဲ။ ရိပ်သာ တခုခုဖြစ်ရင် မမရင်ကျိုးမှာ။
ဘာလို့များ ကိုယ့်တယောက်တည်းအတွက်ပဲ ကြည့်ရတာလဲ။မမဘက်ကိုရော တွေးခဲ့ရဲ့လား''

''.............''

ရိပ် နှုတ်ဆိတ်ကာ ခေါင်းလေးငုံ့၍ စိမ်းရှေ့တွင် ရပ်နေမိသည်။

''မမဘဝမှာ ရိပ်က အရေးကြီးဆုံးပဲ။ ရိပ်ကို ဘယ်လိုနည်းနဲ့မှ
အဆုံးရှုံးမခံနိုင်ဘူး။ အတ္တလို့ပြောရင်လည်း လက်ခံတယ်။
အဲ့ဒါ ရိပ်ကိုချစ်လို့။ ချစ်လို့ စိတ်ပူရတာ ဆူရတာ။
အားလုံး ရိပ်ကောင်းဖို့ အတွက်ပဲ''

''အချစ်ဟုခေါ်သည်''Where stories live. Discover now