Part-3

4.7K 253 0
                                    

(Unicode)

*အမလေး... ငါတော့ သေပြီထင်တယ်
ဟိုနေ့က ကိစ္စမကျေနပ်လို့
ငါ့ကို ရိုက်မလို့လားမသိဘူး
ဒီနေရာကြီးမှာ တော့အရိုက်မခံချင်ပါဘူး
ဘယ်လိုလုပ်ရမလဲ မေမေရေ ကယ်ပါအုံး*

ထိုနေ့က ရိပ်ရဲ့အမှားဆိုတာ သိပေမယ့် အခုချိန်
ကျောင်းသားတွေရှေ့မှာတော့ အရိုက်မခံချင်ပါ။ကြောင်တောင်တောင်ကြီး ဖြစ်နေသော ရိပ်အား
သံစဥ်က ပုခုံးနှင့် လှမ်းထိကာ အသိပေးရတော့သည်။

''ဟဲ့ ရိပ် ဆရာမခေါ်​နေတယ်
ဘာလုပ်နေတာလဲ သွားလေ''

ထိုအခါမှ ရိပ်လည်း လုပ်ရဲရင် ခံရဲရမယ် ဟု
အားမွေးကာ ထိုဆရာမရှေ့ သို့ထွက်လာခဲ့သည်။
စိမ်းက သူ့ရှေ့မှ မျက်လွှာလေးချလျှက် ရပ်နေသော
ကောင်မလေးအား ကြည့်ကာ မသိမသာ ပြုံးမိ၏။
ဟိုနေ့က coffee ဆိုင်မှာတွေ့ခဲ့သည့် ဂျစ်ကန်ကန်
ပုံလေးနှင့် လားလားမျှမတူ။စိမ်းက ခပ်တည်တည်
မျက်နှာထားဖြင့် သူမရှေ့က ရိပ်ကိုကြည့်ကာ...

''အရင်က ဒီအခန်းထဲမှာ မမြင်ဖူးပါဘူး
ကျောင်းသူ အသစ်လား''

''ဟုတ်..ဟုတ်ကဲ့ ဆရာမ''

''နာမည် ဘယ်လိုခေါ်လဲ''

''နှောင်းရိပ်သျှင် ပါ''

ထိုနာမည်လေးဟာဖြင့် စိမ်းအတွက်တော့
သဘောကျချင်စရာ နာမည် အဆန်းလေးပင်။
ယခုထိ စိမ်းမျက်နှာအား မော့မကြည့်ပဲ မျက်လွှာ
ချထားဆဲဖြစ်သည့် ရိပ်ဟာ စိမ်းအပြစ်ပေးမှာကို
ကြောက်နေခြင်းကြောင့် ဖြစ်မည်မှာအသေချာပင်။

''အင်း.... သွားထိုင်တော့''

ထိုအခါမှသာ ရိပ်တယောက် သက်ပြင်းချနိုင်တော့သည်။
ရိပ်လည်း သူမရဲ့ ခုံလေးဆီ ခပ်သုတ်သုတ်လေး
ပြန်လာပြီး စာကိုသာ အာရုံစိုက်ထားရင်းစိတ်ကိုလျှော့
ချလိုက်ရ၏။ကျောင်းဆင်းခါနီး နောက်ဆုံး အချိန်သို့
ရောက်တော့ အတန်းဝင်မည့် ဆရာမ မလာသေးတာမို့
ရိပ် ပြတင်းပေါက်ဘောင်လေး ကိုမှီပြီး
English ဆရာမလေးနှင့် ဆုံခဲ့မိသည့်အဖြစ်အပျက်
အကြောင်းပြန်တွေးနေမိသည်။ ထိုအချိန် ရုတ်တရက် ပြတင်းပေါက်နားသို့ စိမ်းမဟာနွယ် ရောက်လာကာ....

''အချစ်ဟုခေါ်သည်''Where stories live. Discover now