Part-34

4K 202 0
                                    

(Unicode)

အေးချမ်းလှသည့်ခြံလေးထဲ ရိပ်တယောက် စုတ်တံလေး
ကိုင်ကာ ပန်းချီကားလေးတခု ဖန်တီးနေလေရဲ့။
စိန်ပန်းနီနီ တို့ကြွေကျမြေခနေတဲ့ မြေနီလမ်းမထက်က
မြတ်နိုးရသူ မိန်းကလေး၏ ပုံရိပ်လေးအား ဖန်တီးနေခြင်းဖြစ်၏။ ထိုပန်းချီကားအပေါ် စိတ်နှစ်ထားခဲ့သည်မှာ
နောက်တွင်ရောက်လာသော ခြူး ကိုပင်သတိမထားမိ။

''ရိပ်''

''ဟင်.. ခြူး...ဘယ်တုန်းကရောက်တာလဲ''

''ခုနကတည်းက... ရိပ်ပုံဆွဲနေတာကို ကြည့်နေတာ''

ရိပ်၏ ပန်းချီကားလေးမှာ အပြည့်အစုံတော့ ရုပ်လုံးမပေါ်သေး။ သို့သော် အမျိုးသမီးတယောက်၏ ပုံရိပ်ဆိုတာကိုတော့ ခြူးခန့်မှန်းနိုင်သည်။

''ဒါနဲ့...ဘယ်သူ့ပုံကို ဆွဲနေတာလဲဟင်''

''ရိပ် သိပ်ချစ်ရတဲ့အမျိုးသမီးတယောက်ပုံလေ ''

ရိပ်ကဆွဲလက်စ ပန်းချီကားလေး အား အကြည့်ပို့ကာဖြင့်
ပြန်ပြောလိုက်သည်။ ခြူးရင်ထဲ၌ စူးနစ်လာသည့်
ခံစားချက်နှင့်အတူ မျက်ဝန်းတို့၌ အရည်ကြည်လေးများ
ဝေ့သီလာခဲ့သည်။ ကိုယ်ချစ်ရတဲ့ သူတယောက်က
သူချစ်တဲ့သူတယောက်ရဲ့ပုံရိပ်လေးကို ဖန်တီးနေတယ်တဲ့လေ။ဒီထဲမှာတော့ ကိုယ်က ဘေးကငေးကြည့်နေရသူ
သက်သက်ပါ။

မျက်ဝန်းထဲက မျက်ရည်စတို့အား မျက်တောင်လေးဖြင့်
ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကျမလာစေရန် မနည်း
ထိန်းထားရတော့သည်။

''လှလိုက်တာနော် ရိပ်''

''ကျေးဇူးနော် ခြူး''

ရိပ် ခြူးအား မျက်လုံးကလေးများ မှေးသွားသည်အထိ
ပြုံးပြလိုက်သည်။ သို့ပေမယ့် ခြူးမျက်ဝန်းထဲက
မျက်ရည်ဥတို့အား ရိပ် သတိမထားမိခဲ့။ မမြင်တာလား
မမြင်ချင်ယောင်ပဲဆောင်ခဲ့လေသလား။ သိပ်ချစ်ခဲ့ရတော့
အဆုံးရှုံးမခံချင်ဘူး အချစ်ရယ်။ ကိုယ့်အချစ်တွေကို
အနည်းငယ်လောက်ဖြစ်ဖြစ် မြင်လှည့်ပါအုံးလား။

''အော် ဒါနဲ့ ခြူးကို မမနဲ့ မိတ်ဆက်ပေးမယ်လေ
ခြူး အခုအားလား''

''အမ်..အင်း...အားပါတယ်ရိပ်ရဲ့''

ချစ်ရသူ ရှေ့မှာတော့ အရှက်မဲ့စွာ မပြိုလဲချင်ဘူး။
အတတ်နိုင်ဆုံး အားတင်းထားပါ့မယ်။ အနည်းဆုံးတော့
မင်းချစ်နေတဲ့ အမျိုးသမီးလေးကို မြင်ချင်ပါသေးရဲ့။

''အချစ်ဟုခေါ်သည်''Unde poveștirile trăiesc. Descoperă acum