Part-17

4.1K 211 1
                                    

(Unicode)

'' မေမေ ဒီအထိပဲ လိုက်ပို့တော့မယ်
အတန်းပြန်တော့နော် သမီး''

ရိပ် ဒေါ်မေနန်းအား ခေါင်းတချက်ညိတ်ပြကာ အခန်းသို့
ပြန်လာခဲ့သည်။ဒေါ်မေနန်းကတော့ ရိပ် အတန်းတွင်းသို့
ဝင်သွားသည်အထိ မလှမ်းမကမ်းမှ ရပ်ကြည့်နေခဲ့သည်။
ရိပ်အခန်းတွင်းသို့ ဝင်သွားပြီးမှသာ ထိုနေရာမှ လှည့်ပြန်လာခဲ့သည်။ရိပ်၏ ရင်ထဲတွင် ကြည်နူးမှုအပြည့်ဖြင့် ။
''ကျွန်မ သမီး''ဆိုသည့်စကားအား ရိပ် သိပ်ကိုမှ
သဘောကျရပါ၏။

''ရိပ် နင့်အမေက ဆူသေးလားဟင်။
အိမ်ရောက်ရင်ရော ရိုက်မှာလားဟင်''

စိတ်ပူစွာဖြင့် ပြောလာသည့် သံစဥ်ကြောင့်ရိပ် တချက်ရယ်မိလိုက်သည်။

''မရိုက်ပါဘူး သံစဥ်ရဲ့''

''အော် အင်းပါ တော်ပါသေးရဲ့''

ဒီလိုနဲ့ မုန့်စားကျောင်းတက်ပြီး အချိန်ဖြစ်သည့် အဂ်လိပ်စာ
အချိန်သို့ရောက်လာသည်။စိမ်း အတန်းတွင်းသို့ ဝင်လာသည်နှင့် ရိပ်ဘက်ကို လုံးဝမကြည့်။စာသင်ပြနေသည့်
အချိန်တွင်လည်း ရိပ်ရှိရာ ခုံတန်းဘက်သို့ တချက်ကလေးမှအကြည့်မရောက်။ရိပ်မှာတော့ သူ့အားစိတ်ဆိုးနေသည့်
စိမ်း၏ မျက်နှာလေးအား တကြည့်ကြည့်နှင့်ပေါ့။စိမ်း၏
မျက်နှာဟာလည်း အရင်နေ့တွေကလိုမဟုတ်ပဲ တင်းမာနေသည်။ထိုအခါ ရိပ်လည်း စိတ်မကောင်းဖြစ်ရ၏။
အတန်းချိန်ပြီးလို့ ပြန်ထွက်သွားသည်အထိ တချက်လေးမျှတောင် ကြည့်မသွားပေ။

ကျောင်းဆင်းချိန်သို့ ရောက်သော် ကျောင်းဂိတ်ပေါက်ဝ၌ ရိပ်အားလာကြိုနေသည့်သူမှာ ဒရိုင်ဘာဦးလေးကြီး
မဟုတ်ပဲ ရိပ်၏ အမေ ဒေါ်မေနန်းဖြစ်နေ၏။ ရိပ်လည်း အလွန်ပျော်မိသွားသည်။ သို့ပေမယ့် မျက်နှာတွင်တော့
ပျော်ရွှင်နေသည့်ပုံကို ထုတ်မပြ။ရိပ်၏ ဘေးက ဝတ်ရည်က ရိပ်အား ပခုံးလေးဖြင့် အသာတွန်းပြီး....

''ဟဲ့ ရိပ် အဲ့ဒါနင့်အမေလား''

''အင်း ဟုတ်တယ်လေ''

''ငါ့အဲ့အန်တီကို live ထဲမှာတွေ့ဖူးတယ်။
ရိပ် နင့်အမေက ချောလိုက်တာနော်''

''အချစ်ဟုခေါ်သည်''Where stories live. Discover now