Part-50

4.6K 198 7
                                    

(Unicode)

သတိလစ်မေ့မျောနေသော စိမ်း၏ ကုတင်ဘေးတွင် စိမ်း၏
လက်လေးအား ဆုပ်ကိုင်၍ ငြိမ်သက်စွာ စောင့်နေမိ၏။
ယခုအချိန်အထိ ဘာမှလည်းမစားရသေးသလို ရေတစက်ပင်မသောက်ရသေး။ မြတ်နိုးရသည့် မျက်ဝန်းလေး တို့ပွင့်လန်းလာမည့် အချိန်ကိုသာ စောင့်နေ၏။ ချစ်ရသူ၏
ဆံနွယ်တို့အားခပ်ဖွဖွ သပ်တင်ပေးလိုက်ပြီး....

''နိုးလာပါတော့ မမရယ်...ရိပ် စောင့်နေတယ်လေ...
ရိပ်မှားပါတယ် ..ရိပ် မမကို မမုန်းပါဘူး
သိပ်ချစ်တာ...သေမတက်ချစ်ရတာ...
ကျေးဇူးပြုပြီး..ပြန်လာပေးပါ မမရယ်...နိုးလာပါတော့
ရိပ်ကို မထားခဲ့ဘူး မဟုတ်လားဟင်''

စိမ်း၏ လက်ကလေးအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီးနာကျင်စွာ ငိုကြွေးမိတော့သည်။ ချစ်ရသူ၏ အနမ်းတပွင်အား တောင်းတမိသည်။ချစ်ရသူ၏ အကြည့် တို့အား ပြန်၍ မျှော်လင့်မိသည်။ချစ်ရသူ၏ အထိတွေ့ကိုလည်း ခံစားမိချင်သေးသည်။ဒါကြောင့်မို့ ပြန်လာခဲ့ပေးပါ အချစ်ရယ်။
အခွင့်ရေးလေးတကြိမ်လောက်ဖြစ်ဖြစ် ပေးလှည့်ပါအုံလား။

ရုတ်တရက်လှုပ်ရှားလာသည့် စိမ်း၏ လက်ချောင်းကလေးများနှင့် ဖြည်းဖြည်းချင်းပွင့်လာသည့် မျက်လွှာကလေး။
မျက်လုံးကလေးများ ပွင့်ပွင့်ချင်းမြင်လိုက်ရသည့်
တယောက်သောသူကြောင့် ကျေနပ်စွာ ပြုံးမိလိုက်၏။
မနည်းအားတင်းကာဖြင့်ခေါ်လိုက်သော နာမ်စားလေးတခု...

''ရိပ်''

ကြားလိုက်ရသည့် တိုးလျှလျှအသံလေးကြောင့် မျှော်လင့်ချက်များပြည့်နက်နေသော မျက်လုံးကလေးအဝိုင်းသားဖြင့်မော့ကြည့်မိသည်။ မြတ်နိုးရသည့် မျက်ဝန်းလေးအား
မြင်လိုက်ရသည်နှင့် ရိပ်မှာ အတိုင်းမသိပျော်ရပါ၏။

''မမ...မမရိပ်ဆီ ပြန်လာတယ်နော်...မမသိလားဟင်
ရိပ် မမကိုစောင့်နေခဲ့တာ...ရိပ်ကို မထားခဲ့ဘူးမဟုတ်လားဟင်''

''အကယ်၍ ရိပ်က.. မမကို မမြင်ချင်...တော့ရင် ထွက်သွားစေချင်ရင်.. မမထွက်သွားပေးမှာပေါ့ ကလေးရယ်''

''ဟင့်အင်း...ဟင့်အင်း..မမ ထွက်မသွားရဘူး...
မသွားရဘူး..ဟင့်...ရိပ်အနားပဲ နေရမယ်...အင့်
မသွားပါနဲ့ မမရယ်''

''အချစ်ဟုခေါ်သည်''Unde poveștirile trăiesc. Descoperă acum