My very bad husband belong t...
By nan_nan_pin_lay_85
472K 30.3K 4.3K
ဆိုးပေလွန်းတဲ့ ဝမ်လူဆိုးလေးတွင် 'မောင် ' လို့ခေါ်ပြီးချွဲတက်တဲ့ ရှောင်းအိမ်သားလေး တစ်ယောက်ရှိလေရဲ့...။ ဆိုးေပ... More
Intro and charactor
1
2
3
4
5
6
7
8⚠
9
10
11
12⚠
13⚠
14
15
16
17⚠
18
19
20⚠
21
22
23
25
26
27
28
29⚠
30
31⚠
32⚠
33
34
35
36
37
38
39⚠(Final)
24
9K 777 124
By nan_nan_pin_lay_85
Unicode Version
ညနေရောက်တော့လည်း ရိပေါ်ထမင်းဆိုင်ရှေ့ကနေ
လာစောင့်နေမိသည်။ နေ့လည်ကတွေ့ခဲ့တဲ့
Hodieလေးနဲ့ လူကိုများတွေ့လေမလားလို့။
ဒါပေမဲ့ နှစ်နာရီလောက်ရပ်စောင့်နေတာတောင်
မရိပ်ယောင်မတွေ့ရပါ။ ဆိုင်ထဲကလူတွေကတောင်
သူ့ကို မင်္သဃာသလိုကြည့်နေကြပြီလေ။
အမှန်ဆို အထည်တွေယူပြီးတာနဲ့ ခုညတစ်ညအိပ်ပြီး
မနက်စောစောပြန်ရမှာဖြစ်သည်။
ဒါပေမဲ့ ရိပေါ်မပြန်တော့ပါ ယောကျ်ားကိုပစ်ပြီး
အပြေးကောင်းနေတဲ့တစ်ယောက်ကို
အမိဖမ်းပြီးမှ ပြန်ဖို့စဉ်းစားထားသည်။
အလိုနဲ့ ညနေ၆နာရီတောင်ခွဲတော့မှာမို့ မှောင်စပြုလာပြီ
ဖြစ်ပြီး ထမင်းဆိုင်လေးတောင် သိမ်းနေပြီမို့
ရိပေါ် စိတ်ပျက်ပျက်နဲ့ထိုနေရာမှထွက်ခွာခဲ့သည်။
ထို့နောက် ညစာအတွက် ပေါက်စိဝယ်ဖို့စျေးထိပ်ကို
လျှောက်လာခဲ့သည်။
"အမ ပေါက်စိသုံးလုံးလောက် "
"ပေါက်စိကုန်သွားပြီကွဲ့ မင်းနည်းနည်းနောက်ကျသွားတယ်
ခုနက ဟိုကာင်လေးက ကျန်တဲ့သုံးလုံးအကုန်ယူသွားတာ "
"အော်။ ဟင် "
ပေါက်စိသည်အမ လက်ညှိုးထိုးပြတဲ့လူကို
မထင်မှတ်ဘဲကြည့်လိုက်မိတော့ ရိပေါ်နှလုံးခုန်သံတွေ
မြန်လာရသည်။ ကားလမ်းကိုလှစ်ခနဲကူးပြေးသွားတာ
သူ့ရဲ့ရှောင်းကျန့်မှရှောင်းကျန့်ဘဲ။
ရိပေါ် ထွက်သွားတဲ့ ရှောင်းကျန့်နောက်ကို
နောက်ကနေတရပ်ကြမ်းပြေးလိုက်လာခဲ့သည်။
မီးစိမ်းနေတာတောင် ရိပေါ်မရပ်ဘဲ
ကားလမ်းကိုအမြန်ကူပြီး ပျောက်သွားတော့မဲ့
အရိပ်လေးနောက်ကို ပြေးလိုက်လာခဲ့သည်။
"ဘယ်ရောက်သွားပါလိမ့် "
လမ်းကွေ့နှစ်ခုနားရောက်တော့ အရိပ်လေးပျောက်သွားပြီး
ဘယ်လမ်းဝင်ရမှန်းမသိ ဗြာများနေသည်။
ဒီတစ်ခါတော့ ဘယ်နည်းနဲ့မှလွှတ်မပေးနိုင်ဘူး
မရရအောင်ရှာရမယ်။
ရှောင်းကျန့် သူ့နောက်ကနေ လူတစ်ယောက် လိုက်လာမှန်းသိလို့ ချုံအကွယ်နားတွင် ပုန်းနေလိုက်သည်။
ချုံအကွယ်ကနေ လှမ်းကြည့်လိုက်တော့ အုပ်ထုပ်အမဲကို
ငိုက်ငိုက်စောင်းထားတဲ့ လူတစ်ယောက်က သူ့ကိုရှာနေသည်ထင် ဟိုကြည့်ဒီကြည့်လုပ်နေသည်။
"ဟင် လာနေပြီ "
ကြည့်နေရင်း သူပုန်းနေတဲ့လမ်းကြားထဲကို
ဝင်လာတာမို့ ရှောင်းကျန့်ကြောက်ပြီးဘာလုပ်လို့
ဘာကိုင်ရမှန်းမသိ။ ကိုယ်က အတိတ်မေ့နေတယ်ဆိုတော့ ကိုယ်နဲ့ရန်ညှိုးရန်စ ရှိတဲ့သူများလား။ ဘာဘဲဖြစ်ဖြစ် ကိုယ့်အသက်ကိုယ်တော့ ကာကွယ်ရမှာမို့ ဘေးဘီကိုတစ်ချက်ကြည့်လိုက်တယ်။
ထို့နောက် ချုံဘေးကတုတ်ချောင်းတစ်ချောင်းကို
ကောက်ပြီး အသက်ကယ်အနေနဲ့ ဆောင်ထားလိုက်တယ်။
ဘာဘဲဖြစ်လာလာ ရိုက်ပြီးအရင်ပြေးရမှာဘဲ။
ဇာတ်ကားတွေထဲကလို သူချကိုယ်ချ ချရအောင်လည်း
ကိုယ့်ပုံစံကရန်ဖြစ်တက်မဲ့ပုံစံမပေါက် ဒါကြောင့်ချုံခိုပြီး
တိုက်ခိုက်မှရမည်။
"ကျစ်! ဘယ်ရောက်သွားပါလိမ့် "
လူဆိုးကြီးက သူ့ကိုမတွေ့လို့ ဒေါသထွက်နေသည်ထင်
ကျစ်တစ်ချက်ဆုတ်ရင်း သူရှိရာလမ်းဆီလာနေတယ်။
ဒါပေမဲ့ သူ့ကိုမြင်ပုံတော့မပေါ်။
"ဂွတ်!"
"အ့! "
"ဒီမှာလူကို အတင်းလိုက်သတ်နေလို့ကယ်ကြပါဉီးဗျို့ "
"ဂွတ်! ဂွတ်! ဂွတ်! "
"အ့! အ့! သေပါပြီ "
ရှောင်းကျန့် ပါးစပ်ကလည်းအော်ရင်း လူဆိုးကြီးရဲ့
ခေါင်းကို တုတ်နဲ့တရပ်စပ်ရိုက်နေတယ်။
"အ့! ဘာလုပ်တာလဲ လွှတ် ကယ်ပါကြပါဉီးဗျို့ "
ဒီတစ်ခါအော်ရတာတော့ ရှောင်းကျန့်ကိုယ်တိုင်ပါ။
လူဆိုးကြီးကတုတ်ကိုလက်နဲ့ပြန်ဖမ်းပြီး
လွှတ်ပစ်လိုက်သည့်အပြင် လူကိုပါပြေးဖမ်းတာမို့
ရှောင်းကျန့်ရုန်းရင်းအော်နေသည်။
"အွန်း..အွန်း "
"မအော်နဲ့လေကွာ မောင်လေ "
အတင်းအော်နေတဲ့တစ်ယောက်ရဲ့ ပါးစပ်လေးကို
လက်နဲ့ပိတ်ပြီး လှုတ်မရအောင်သိုင်းချုပ်ထားလိုက်သည်။
ဒါတောင် သူ့လက်ကိုအတင်းကိုက်ပြီး
ပြေးဖို့ပြင်နေတယ်။
"ယောကျ်ားကိုတောင် ရိုက်ရဲနေပြီဆိုတော့
ခင်များလေး အတော်ဆိုးလာတာဘဲ "
လူဆိုးကြီးစကားကြောင့် ရှောင်းကျန့်ရုန်းနေရင်း
ရပ်သွားသည်။ယောကျ်ားဆိုဘာလား
ဒီလူကြီးက နှာဗူးကြီးများလား။
ရှောင်းကျန့် ကြောက်စိတ်တို့ကြီးဆိုးလာပြီး
လူဆိုးကြီးလက်ထဲကနေအတင်းရုန်းပေမဲ့
မရပါ။ လူဆိုးကြီးဟာ တယ်နှာဗူးကြီးပင်
နောက်ကနေသိုင်းချုပ်ရင်း သူ့လည်ပင်းကိုလာနမ်းနေတယ်။
သူတော့ဘဝပျက်တော့မယ်ထင်ပါ့တယ်။
"အ့! "
ဘဝပျက်တော့မခံနိုင်တာမို့ လူဆိုးကြီးရဲ့
လက်ကိုသွားနဲ့ အသားကုန်ဖိကိုက်လိုက်ပြီး
အလည်ပိုင်းဒေသကိုပါ ဒူးနဲ့အဆစ်တိုက်ပေးလိုက်သည်။
လူဆိုးကြီးမြေပြင်ပေါ်ခွေကျသွားတာနဲ့
ရှောင်းကျန့် ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင်
အိမ်ကိုအမြန်ပြေးတော့တယ်။
အိမ်ပြန်ရောက်တာနဲ့ ခြံတံခါးကိုသော့ခတ်ပြီး
အိမ်ထဲပြေးဝင်ကာ တံခါးမကြီးအပြင်
ပြတင်းပေါက်တံခါးတွေပါအကုန်ပိတ်လိုက်သည်။
အကုန်ပိတ်ပြီးပြီးဆိုမှတုန်နေတဲ ရင်ဘက်လေးကို
အသာဖိပြီး
"ဘုရားသကြားမလို့ ဘဝပျက်တော့မလို့ "
"ဟင် ဝယ်လာတဲ့ပေါက်စိနဲ့ ပိုက်ဆံအိတ်ရော "
ခုမှပိုက်ဆံအိတ်နဲ့ ညစာအတွက်ဝယ်လာတဲ့
ပေါက်စိပါမလာမှန်းသိလိုက်သည်။
ပေါက်စိကအရေးမကြီးပေမဲ့ ပိုက်ဆံအိတ်ထဲက
ပိုက်ဆံက သူ့ရှိသမျှစည်းစိမ်အကုန်ဘဲလေ။
ဖင်ခေါင်းကျယ်ပြီး ကျဲကျဲကို ပိုက်ဆံမပို့နဲ့လို့ပြောထားတာ
ထပ်တောင်းရင်လည်းရှက်စရာကြီး။
သူ့ဘဝတော့သွားပါပြီး အငတ်နေရတော့မယ်ထင်တယ်။
"ဂွီ! ဂွီ! "
အလိုက်မသိတဲ့ဗိုက်ကလည်း ခုမှအသံမြည်ကာ
လာဆာပြနေပြန်သည်။ ရေခဲသေတ္တာထဲတော့သွား
မကြည့်တော့ပါဘူး စားစရာမပြောနဲ့ ရေဗူးတောင်
ထည့်ရမှာပျင်းလို့ မထည့်တာ ဘာရှိမှာလဲ။
ခုညတော့ ဗိုက်ဟောင်းလောင်းနဲ့အိပ်ရတော့မယ်ထင်တယ်။
ဒါဆို မနက်ကျရော စားရမယ်ထင်လား။
ပိုက်ဆံမှမရှိတာဘာနဲ့စားရမှာလဲ။ ချက်ခြင်းပိုက်ဆံရပြီး
အဆင်ပြေမဲ့အလုပ်ဆိုလို့ ခွက်တစ်လုံးနဲ့တောင်းစားရုံဘဲ
ရှိတော့တယ်။ မတက်နိုင်ဘူး မနက်ကျမှ
ဟိုလမ်းကြားထဲပြန်သွားပြီးကြည့်ရမှာဘဲ။
ဘဝပျက်တာထက် အစာအိမ်ပျက်တာက
ပိုကြောက်ဖို့ကောင်းတယ်လေ။
--------------------------
"ကျွတ်! ကျွတ်! နာလိုက်တာ "
ဒီနေ့မနက်မှာတော့
ကတုံးမှာအာလူးဘူးသီးထွက်နေတာမို့ ရိပေါ်အုပ်ထုပ်စောင်းဖို့တောင် ခက်နေသည်။
တော်သေးတာပေါ့ သူ့ပေါင်ကြားထဲကဒုတိယ
အသက်လေးတောင် ကျိုးဖို့လက်တစ်ကမ်းသာလိုတော့လို့။
အပုန်ကောင်းနေတဲ့ သူ့ယုန်လေးက မတွေ့ရတဲ့
တစ်နှစ်အတွင်း တော်တော်ကြီးကိုဆိုးလာပါလား။
ယောကျ်ားကိုတောင် ရိုက်ရဲနေပြီဆိုတော့
ဒီတစ်ခါဖမ်းရင်သေချာစီစဉ်မှရမည်။
"ခင်များလေး ကျွန်တော့်လက်ကမလွတ်ပါဘူး "
လက်ထဲက wallet အမဲလေးကိုကြည့်ရင်း
ရိပေါ်ပြောလိုက်သည်။ ညကယုန်ဆိုးလေးကသူ့ကိုသာ
ရိုက်ပြီးပြေးတာ သူ့ပိုက်ဆံအိတ် ကျကျန်ခဲ့တာကိုမသိဘူးဘဲ။
ကံကောင်းချင်တော့ ထိုပိုက်ဆံအိတ်ထဲမှာ
ရှောင်းကျန့် အိမ်ဌားထားတဲ့စာချုပ်ပါလာတာမို့
ဘယ်နေရာမှာနေမှန်း ရိပေါ်သိသွားပြီလေ။
ဒီတစ်ခါတော့သေချာကိုအပိုင်ဖမ်းပြီး
အဆိုးနေတဲ့ ယုန်လေးကိုအပြစ်ပေးပစ်ဉီးမည်။
^^^^
"ညက ဒီနေရာမှာကျကျန်ခဲ့တာပါ
ဘာလို့မရှိတော့တာလဲ "
မနက်ရောက်တော့ ပိုက်ဆံအိတ် ကျကျန်ခဲ့တဲ့
နေရာကို လာပြန်ရှာသော်လည်း
ပိုက်ဆံအိတ်မပြောနဲ့ ပေါက်စိထုတ်တောင်မတွေ့ပေ။
ဟိုလူဆိုးကြီးက သူများပိုက်ဆံအိတ်ကိုယူသွားတဲ့
အပြင် ပေါက်စိပါစားသွားပြီထင်ပါ့။
"အဟင့် ဗိုက်ဆာတယ် အီး... "
မြေပြင်ပေါ်မှာ ကလေးတစ်ယောက်လို
မြေပစ်လက်ပစ်ထိုင်ချရင်း ငိုပစ်လိုက်သည်။
ညကတည်းက ဘာမှမစားရသေးတာမို့
ခုမနက်10နာရီတောင်ထိုးနေပြီဆိုတော့
ရှောင်းကျန့် ဗိုက်ကလုံးဝမခံနိုင်တော့ပေ။
ကြာရင် ဗိုက်ဆာလွန်ပြီးမူးမေ့သွားနိုင်သည်။
"တောက်! ကောင်ကျိုးမပေးတဲ့နှာဗူးကောင်ကြီး "
ကြိမ်ဆဲပြီးတာနဲ့ ထိုနေရာမှထကာ အိမ်ပြန်ဖို့ပြင်လိုက်သည်။
သူ့မှာဖုန်းရှိပေမဲ့ ဒီဖုန်းနဲ့ဘဲ
ကျဲကျဲကိုဆက်သွယ်နေရာတော့ဆိုတော့
ရောင်းလိုက်လို့မဖြစ်။ ထားပါတော့လေ ကျဲကျဲဆီဘဲ
ပိုက်ဆံလှမ်းတောင်းတော့မယ်။
စိတ်ပျက်ပျက်နဲ့ လမ်းမှာတွေ့သမျှ
အမှိုက်၊ဗူးခွံနဲ့ ခဲလုံးပါမကျန် အကုန်ခြေထောက်နဲ့
ကန်ရင်းအိမ်ပြန်လာခဲ့သည်။
"တောက်စ်!နှာဗူးထရုံတင်မဟုတ်ဘူး သူများပိုက်ဆံအိတ်ကိုပါ ယူသွားတယ်ပေါ့လေ "
"တနှာရူးကောင် ဒီတစ်ခါတွေ့လို့ကတော့
သူသေကိုယ်သေကိုချပစ်မယ် "
ပါးစပ်ကပြောရင်း
လက်တွေခြေထောက်တွေကလည်း ချဟန်၊ကန်ဟန်တွေ
လုပ်နေတာမို့ ဘေးကဖြတ်သွားတဲ့လူတွေကတောင်
ကြည့်သွားကြသည်။
ကြည့်ကြည့်ပေါ့ ဂရုမစိုက်ပေါင်။
ဗိုက်ဆာတာကို ဟိုနှာဗူးကောင်ကို
ကြိမ်ဆဲရင်းဖြေဖျောက်ရမှာဘဲ။
လျှောက်လာရင်း သူနေတဲ့အိမ်လေးရှိတဲ့
လမ်းကြားထဲတောင် ရောက်လာနေပြီလေ။
"ဟင် ဘယ်သူလဲဟ "
သူ့အိမ်ထဲခိုးကြောင်ခိုးဝှက်နဲ့ ကဲကြည့်ကဲကြည့်လုပ်နေတဲ့
သူတစ်ယောက်။သေချာကြည့်မှ ညကတနှာရူးကောင်
ဖြစ်နေတာမို့ ရှောင်းကျန့်ဒေါသတို့ငယ်ထိပ်တက်သွားပြီး
"ဒင်းက ငါ့မှာရှိတာအကုန်ယူသွားပြီးတာတောင်
လာချောင်းနေသေးတယ်ပေါ့လေ တွေ့မယ် တွေ့မယ် "
အံကြိတ်သံနဲ့ပြောရင်းလက်သီးကို
ခပ်တင်းတင်းဆုတ်ကာ ခြေလှမ်းကျဲတွေနဲ့
လျှောက်လာခဲ့သည်။ ဒေါသငယ်ထိပ်တက်နေချိန်မို့ ဘာလက်နက်မှတောင်မယူခဲ့ ။
"နှာဗူးကောင် ဘုန်း! "
"အ့! "
ရုတ်တရက်ကျောကုန်းကို အချခံလိုက်ရတာမို့
ရိပေါ် ကျောကော့သွားရသည်။
"ငါဘဝဖြတ်စီးတဲ့ လူယုတ်မာကောင် ဘုန်း! ဘုန်း! "
"အ့! အ! မလုပ်နဲ့လေ "
လူပေါ်ကိုအတင်းခုန်တက်လာပြီး တက်ခွကာ
သူ့တစ်ကိုယ်လုံးကို စိတ်ရှိလက်ရှိထုရိုက်နေတာမို့
ရိပေါ် လက်နဲ့ကာထားရသည်။
"ပြန်ပေး ခုချက်ခြင်း ငါ့ပိုက်ဆံအိတ်ကိုပြန်ပေး
ဖြန်း! ဖြန်း! ဂွတ်! "
"အ့! နာနေပြီးခင်များရဲ့ မလုပ်ပါနဲ့ "
ရှောင်းကျန့်ဒေါသထွက်ထွက်နဲ့ နှာဗူးကောင်
စောင်းထားတဲ့ဉီးထုပ်ကိုဆွဲချွတ်ပြီး
ပေါ်လာတဲ့ဂတုံးကို တဖြန်းဖြန်းနဲ့ရိုက်ပြီး
ခေါင်းပါခေါက်လိုက်သည်။
နှာဗူးထချင်ဉီး၊သူများကိုပိုက်ဆံအိတ်ကိုယူချင်ဉီး၊
ငါ့ကိုဗိုက်ဆာပြီးသေအောင်လုပ်ချင်ဉီး။
"အ့! "
ထုရိုက်နေတဲ့တစ်ယောက်ရဲ့ လက်လေးကိုပြန်ဖမ်းချုပ်ပြီး
အောက်ကိုပို့ကာ အပေါ်ကနေတက်ဖိထားလိုက်သည်။
တော်လောက်ပြီလေ။ ယောကျ်ားကို ဒီလောက်ထိရန်ထောင်နေတာ တော်ရောပေါ့။
"ဖယ်ပေးစမ်း နှာဗူးကောင် ခုချက်ခြင်းငါ့ကိုလွှတ်စမ်း "
"မဖယ်ဘူး ယောကျ်ားကိုဘာလို့မလောက်ထိ
ရန်ထောင်နေရတာလဲဟမ် ခင်များအထင်လွဲပြီး
စိတ်ဆိုးနေတာတွေ အကုန်ရှင်းပြမှာမို့ ကျွန်တော်နဲ့
ပြန်လိုက်ခဲ့တော့ "
"ဘာတွေပြောနေတာလဲ အရူးကောင်
ခုချက်ခြင်းငါ့ကိုလွှတ် ကယ်ကြပါဉီးဗျို့
ဒီမှာလူကိုသတ်နေလို့ပါ အွန်း...အွန်း "
ပြောကာမှပိုဆိုးလာကာ အတင်းအော်နေတာမို့
စွာနေတဲ့ပါးစပ်လေးကို လက်နဲ့အမြန်ပိတ်လိုက်ရသည်။
ဒါတောင် အောက်ကနေသူ့လက်ကိုကိုက်ရင်း
အတင်းရုန်းနေသည်။
"အငြိမ်နေစမ်းကွာ ခင်များကျွန်တော့်ကို
စိတ်ဆိုးနေတာတွေ အကုန်ရှင်းပြမယ်လို့ပြောနေတယ်မလား"
"ဂွတ်! အ့! "
သူ့အပေါ်ကနေ တက်ဖိထားတဲ့ ကတုံးကိုခေါင်းနဲ့တိုက်ကာ
အတင်းရုန်ပြီး
"ကယ်ကြပါဉီး ဒီမှာသူခိုးဗျို့ သူခိုး သူခိုး "
"ဟာ ခင်များဘာတွေအော်နေတာလဲ "
"သူခိုးတဲ့ ဘယ်မှာလဲ သူခိုးတဲ့ဟေ့ "
အိမ်ထဲက လူတွေထွက်လာကြသည်မို့
ရိပေါ် ဘယ်ပြေးရမှန်းမသိဖြစ်နေသည်။
"ဒီမှာ ဒီမှာ ဒီကတုံးနဲ့တစ်ယောက်က သူခိုးပါ
သူ့ကိုဖမ်းပါ "
"ဟာ ရှောင်းကျန့် ခင်များ "
သူ့နာမည်ကိုသိနေတာမို့ ရှောင်းကျန့်အံ့သြသွားသည်။
ဒီလူက သူနဲ့သိနေတဲ့လူများဖြစ်လေမလား။
"သူခိုးမပြေးနဲ့ မင်းကိုရဲစခန်းပို့ရမယ် "
"ချုပ်ထား သူ့ကိုဝိုင်းချုပ်ထား "
ဝိုင်းဖမ်းချုပ်နေတဲ့ သူတွေကိုပြန်ထိုးပြီး
လွတ်အောင်ရုန်းလို့ရပေမဲ့ သူမရုန်းမိ။
ကိုယ့်ရပ်ရွာမဟုတ်တဲ့ပြင် ရှောင်းကျန့်ကသူ့ကို
မလောက်ထိလုပ်မှာမဟုတ်ဘူးဆိုတာ
ယုံတာကြောင့်ဖြစ်သည်။
"ကောင်လေး မင်းဆီကသူဘာတွေခိုးသွားတာလဲ
ခုချက်ခြင်းရဲစခန်းပို့ရမယ် "
"ဟို... "
"ရှောင်းကျန့် ခင်များကိုယ့်ယောကျ်ားကို
သူခိုးလို့စွပ်စွဲရက်တယ်နော် "
"ဟမ် ယောက်...ယောကျ်ား "
"သူခိုးကူလီကူမာတွေများမနေနဲ့ ရဲစခန်းပို့ကွာ
ကြာတယ် "
"ဟို နေ..နေကြပါဉီး "
ဟိုတစ်ယောက်ကို အတင်းချုပ်ပြီးရဲစခန်းပို့ဖို့
လုပ်နေတာမို့ ရှောင်းကျန့်တားလိုက်သည်။
တကယ်ဘဲ ဒီကတုံးနဲ့နှာဗူးက သူ့ယောကျ်ားများလား။
"ဟို မင်း...မင်းကတကယ်ငါ့ယောကျ်ားလား "
"ဟုတ်တယ်လေ ခင်များကိုယ့်ယောကျ်ား
ကိုယ်တောင်မမှတ်မိဘူးလားဟမ် "
"မမှတ်မိဘူး မင်းငါ့ကိုယုံအောင်သက်သေပြ
မင်းကငါ့ယောကျ်ားဆိုတဲ့သက်သေရှိလား "
"ရှိတယ် ခင်များကျွန်တော်နဲ့ပြန်လိုက်ခဲ့
တစ်ရက်ကွက်လုံး ခင်များနဲ့ကျွန်တော်နဲ့ယူထားမှန်းအကုန်
သိတယ် "
"ဒီမှာကောင်လေး ဒီလူကသူခိုးလား မင်းယောကျ်ားလား
ငါတို့ကရဲစခန်းပို့ရမှာလား ဘာလုပ်ရမှာလဲ "
"အေးလေကွာ သူခိုးဆိုလို့လဲ ထွက်လာရသေးတယ်
ဘာလဲဟ"
"ဟုတ်ပါ့ကွာ အလုပ်တောင်ရှုပ်တယ် "
တစ်ယောက်တစ်ပေါက်ပြောနေကြတဲ့ သူခိုးဖမ်းပေးတဲ့
လူကြီးတွေကို ရှောင်းကျန့် သွားတွေအကုန်ပေါ်အောင်
ရယ်ပြလိုက်ပြီး
"ဟို ကျွန်တော်လည်းသေချာမသိသေးဘူး
ခုလောလောဆယ်တော့လွှတ်ပေးလိုက်ပါ
ပြီးမှသူခိုးဆို ပြန်ဖမ်းပေးကြလေနော် "
"မဖမ်းပေးဘူးကွာ ငါတော့သွားပြီး
မင်းတို့ဖမ်းပေးချင်ဖမ်းပေးလိုက်ကြ "
"ငါလည်းဖမ်းမပေးဘူး အားအားယားယား "
"ငါလည်းဖမ်းမပေးဘူး သူခိုးဆိုလည်းအကုန်သာ
ခိုးသွားပါစေတော့ "
တစ်ယောက်တစ်ပေါက်ပြောရင်း ထွက်သွားကြတာ
နောက်ဆုံး သူနဲ့ဒီသူခိုး အဲ့ သူ့ယောကျ်ားဆိုတဲ့လူနဲ့သာ
ကျန်ခဲ့တော့သည်။
"မင်း...မင်း ငါနဲ့အိမ်ထဲကိုခနလိုက်ခဲ့
မေးစရာတွေရှိတယ် "
"အင်း ဝင် "
"နေဉီး အိမ်ထဲရောက်ရင် ငါ့ကိုတစ်ခုခုလုပ်ဖို့
မစဉ်းစားနဲ့နော် သူသေကိုယ်သေဘဲ "
ရိပေါ်ဟက်ခနဲရယ်လိုက်မိသည်။
ဒါဘာပုံစံလဲဟ ရှောင်းကျန့်ရဲ့ သူ့ကိုဒီလို
ကြောက်ရွှံ့နေတဲ့ပုံစံနဲ့ အထူးအဆန်းမြင်ရတာ
ဘယ်လိုမှအသားမကျပေ။
"သွားပါ ဘာမှမလုပ်ဘူး စိတ်ချ "
ထိုခါမှခြံတံခါးကိုဖွင့်ကာ သူ့ရှေ့ကနေ အိမ်ထဲကို
ဝင်သွားသည်။
အိမ်ထဲရောက်တော့
"ထိုင်ချင်တဲ့နေရာထိုင် ဒါပေမဲ့ ငါနဲ့ဝေးဝေးမှာထိုင် "
"ဟ ခင်များဘယ်လိုဖြစ်လို့
အရမ်းတွေပြောင်းလဲသွားရတာလဲဟမ် "
"မင်းဘာတွေပြောနေလဲငါမသိဘူး မင်းကိုလည်းငါမသိဘူး
ဒါပေမဲ့ မင်းပြောတဲ့ မင်းကငါ့ယောကျ်ားဆိုတာကို
သက်သေပြ "
"လာ သွားမယ် "
"ဘယ်ကိုလဲ "
"ကျွန်တော်တို့နေတဲ့အိမ်ပေါ့ အဲ့မှာ တစ်ရပ်ကွက်လုံးတင်မဟုတ်ဘူး ကလေးကအစ၊
ခွေးအဆုံး ခင်များနဲ့ကျွန်တော်နဲ့ယူထားမှန်း
အကုန််သိတယ် "
"ဟင့်အင် မရပါဘူး မင်းကိုမယုံဘူး
ဒီမှာဘဲသက်သေပြ "
"ဟာ ခင်များကလဲ "
"မပြနိုင်ရင် အိမ်ထဲကထွက်သွားတော့ "
ရှောင်းကျန့်ပုံစံကြည့်ရတာ သူ့ကိုတကယ်ကြီး
မသိသလိုပြောနေတာမို့ ရိပေါ်အကြံအိုက်သွားသည်။
သူစီစဉ်ထားတာဒီလိုမဟုတ်ဘူးလေ ပြန်တွေ့ရင်
အတင််းဖက်နမ်းပြီး ကုတင်ပေါ်တက်ဖို့ထိစဉ်းစားထားတာ
ခုအိမ်ထဲကနေ နှင်ထုတ်ခံနေရပြီ သူဘာလုပ်ရမလဲ။
"ဟို ရှိတယ် ပြနိုင်တယ် "
"ပြ ဘယ်ဟာလဲ "
"ခင်များဘယ်ဘက်တင်ပါးမှာ အမှတ်ကလေးရှိတယ်
ကျွန်တော်ကြည့်နေကျမို့သိတယ် "
"ဘာ! မင်း! မင်း! "
ရှောင်းကျန့် မျက်နှာလေးဖြန်းကနဲရဲသွားသည်။
ဘယ်လိုတောင် ပေါက်ကရစကားကြီးလဲ
တကယ်လိုရှိရင်တောင် သူ့တင်ပါးသူဘယ်လိုပြန်
ကြည့်ရမှာလဲ ။
"ဟုတ်တယ် ပြီးတော့ ခင်များမှာဆီးခုံမွှေးတွေ
အများကြီးရှိတယ် အရင်တစ်ခါရေကြည့်တုန်းကတော့
2ရာကျော်တယ် ခုတော့ ထပ်တိုးလာလားမသိဘူး "
"နှာဗူးကောင် မင်း! "
"ဟ ဘာနှာဗူးကောင်လဲ ခင်များနဲ့ကျွန်တော်နဲ့
ယူထားလို့အဲဒါတွေသိတာပေါ့ "
"ဒီမှာ မင်းပြောနေတဲ့ဟာတွေကိုငါဘယ်လိုယုံရမှာလဲ
ကိုယ့်တင်ပါးကိုယ်လှန်ကြည့်လို့မရသလို
ဟို...အမွှေးလည်းရေကြည့်လို့မရဘူး "
"မပူနဲ့ ကျွန်တော်လှန်ကြည့်ပေးမယ် ပြီးတော့
တစ်ခါတည်းလည်းရေပေးမယ် "
"အား! ထွက်သွား ခုခြင်းထွက်သွား
ငါ့အိမ်ထဲကထွက်သွားလိုက်တော့
မင်းယောကျ်ားတကယ်ဖြစ်နေရင်တောင်
မင်းကိုမယူတော့ဘူးထွက်သွား "
"ဟာ ခင်များ "
လူကိုအတင်းတွန်းထုတ်နေတာမို့
ရိပေါ် အိမ်ပေါက်ဝနားတောင်ရောက်နေပါပြီ။
"သွား ခုချက်ခြင်းထွက်သွားလိုက်တော့ "
"ဟ အလိုလုပ်လို့ရမလား မပြန်နိုင်ဘူး
ခင်များပြန်မလိုက်မချင်း ကျွန်တော်လည်းမပြန်ဘူး "
ရှောင်းကျန့် ဒေါသတွေအလိပ်လိုက်ကို ထွက်နေပါပြီ
ခုနကဖမ်းပြီး ရဲစခန်းပို့ကတည်းက သူထည့်လိုက်သင့်တာ။
"ဒီမှာ မင်းငါ့ယောကျ်ားဆိုတာကို သက်သေခိုင်ခိုင်လုံလုံနဲ့
မပြနိုင်သရွေ့ ငါ့ရှေ့ကိုလာဖို့မစဉ်းစားနဲ့ ထွက်သွား
ဂျိမ်း! "
ပြောပြီး လူကိုတွန်းထုတ်ကာ သံတံခါးကိုပါအသံမြည်အောင်
ပိတ်သွားပြီး အိမ်ထဲပြန်ဝင်သွားသည်။
"ရှောင်းကျန့် ခင်များကျွန်တော််ဒေါသကို
မဆွနဲ့နော် ခုချက်ခြင်းတံခါးလာဖွင့် "
"ဆွတယ် ဆွတော့ဘာဖြစ်လဲ ဒုန်း!"
ရုတ်တရက်ရေဗူးပျံကြီး တံခါးဆီလွင့်လာ
လေသည်။ တော်သေးတာပေါ့တံခါးနဲ့ခံနေလို့
နောက်မို့ဆို သူ့ကတုံးကိုတည့်တည့်ဘဲ။
ဒါသူ့ရှောင်းကျန့်မှဟုတ်ရဲ့လား။သူလူမှားနေတာများလား။
ဖြစ်နိုင်လောက်တယ် သူ့ရှောင်းကျန့်က
သူ့ကိုအလိုလုပ်ဖို့နေနေသာ ပြန်တောင်မပြောမရဲတာ။
သူလူမှားတာနေမှာပါ။
ရိပေါ်စိတ်ပျက်ပျက်နဲ့အိမ်ထဲကနေထွက်လာခဲ့သည်။
"နေဉီး နေဉီး ဟိုတစ်ယောက် "
အိမ်ထဲကနေလှမ်းအော်သံကြောင့် ရိပေါ်ပျော်သွားသည်။
ထင်ပါတယ် သူ့ရှောင်းကျန့်ကအလောက်ထိ
ပစ်ပစ်ခါခါကြီးမလုပ်ဘူးဆိုတာ။
"မောင် လာပြီ "
တက်ကြွတဲ့ခြေလှမ်းတွေနဲ့ အိမ်တံခါးနားကို
ပြန်ရောက်လာခဲ့သည်။
"တံခါးဖွင်တော့ ဘေဘီ မောင့်ကိုမကျီစားနဲ့တော့ "
"ဘောကိုကျီစားရမှာလား ငါ့ပိုက်ဆံအိတ်ပြန်ပေး "
"ဟာ "
"ဟာမနေနဲ့ ငါဗိုက်ဆာပြီး သေလို့ကတော့
မင်းကိုအရင်လာခြောက်မှာ "
ရိပေါ်ကြောင်ကြည့်နေမိသည်။ သူလူမှားတာသေချာနေပါပြီ။
သူ့ရဲ့ရှောင်းကျန့်ကနူးနူးညံ့ညံ့လေးလေ
ဆဲဖို့နေနေသာ အသံတောင်တိုးတိုးလေးပြောတာ။
"ပေးလို့ပြောနေတယ်လေ "
"အော် အင်းအင်း ရော့ "
ရိပေါ်တောင်ကြောင်ပြီးပိုက်ဆံအိတ်လေး
ပြန်ပေးလိုက်ရသည်။ဒါပေမဲ့ ဒီမျက်လုံး၊ဒီနှာခေါင်း၊
ဒီနှုတ်ခမ်းနဲ့ အောက်ကမှဲ့လေးအဆုံး
အကုန်တူနေတာ လူမှားတာလည်းမဖြစ်နိုင်။
ဒါဆို ပါးပေါ်ကပါးချိုင့်သေးသေးလေးရော
ရှိလားမသိဘူး။
"ဟို ခင်များရယ်ကြည့်ပါလား "
"ရူးနေလို့ အကြောင်းမရှိဘဲရယ်ရမှာလား ဒုန်း! "
ပြောပြီးအိမ်ထဲကတံခါးကိုပါ ပိတ်သွားတဲ့သူကြောင့်
ရိပေါ် အပြင်မှာကြောင်ပြီးကျန်ခဲ့သည်။
သေချာတယ် ဒါသူ့ရှောင်းကျန့်မဟုတ်ဘူး။
ဆက်ရန်....
ဝမ်ကတုံးတို့ ပြန်ခံရတော့မယ် ဒန် ဒန် ဒန်။
19.1.2023
#AhNu
Zawgyi code Version
လာစောင့်နေမိသည်။ နေ့လည်ကတွေ့ခဲ့တဲ့
မရိပ်ယောင်မတွေ့ရပါ။ ဆိုင်ထဲကလူတွေကတောင်
ဒါပေမဲ့ ရိပေါ်မပြန်တော့ပါ ယောက်ျားကိုပစ်ပြီး
ထို့နောက် ညစာအတွက် ပေါက်စိဝယ်ဖို့ဈေးထိပ်ကို
လျှောက်လာခဲ့သည်။
"အော်။ ဟင် "
"ဘယ်ရောက်သွားပါလိမ့် "
မရရအောင်ရှာရမယ်။
"ဟင် လာနေပြီ "
တိုက်ခိုက်မှရမည်။
"ဂွတ်!"
"အ့! "
"ဂွတ်! ဂွတ်! ဂွတ်! "
"အ့! အ့! သေပါပြီ "
"အွန်း..အွန်း "
ပြေးဖို့ပြင်နေတယ်။
"ယောက်ျားကိုတောင် ရိုက်ရဲနေပြီဆိုတော့
ရပ်သွားသည်။ယောက်ျားဆိုဘာလား
"အ့! "
အသာဖိပြီး
"ဂြီ! ဂြီ! "
--------------------------
"ကျွတ်! ကျွတ်! နာလိုက်တာ "
ဒီနေ့မနက်မှာတော့
ယောက်ျားကိုတောင် ရိုက်ရဲနေပြီဆိုတော့
^^^^
ဘာလို့မရှိတော့တာလဲ "
"အဟင့် ဗိုက်ဆာတယ် အီး... "
ပါးစပ်ကပြောရင်း
ကြည့်သွားကြသည်။
"ဟင် ဘယ်သူလဲဟ "
"နှာဗူးကောင် ဘုန်း! "
"အ့! "
"အ့! အ! မလုပ်နဲ့လေ "
ဖြန်း! ဖြန်း! ဂွတ်! "
"အ့! "
တော်လောက်ပြီလေ။ ယောက်ျားကို ဒီလောက်ထိရန်ထောင်နေတာ တော်ရောပေါ့။
"မဖယ်ဘူး ယောက်ျားကိုဘာလို့မလောက်ထိ
ပြန်လိုက်ခဲ့တော့ "
အတင်းရုန်းနေသည်။
"ဂွတ်! အ့! "
အတင်းရုန်ပြီး
သူ့ကိုဖမ်းပါ "
ယုံတာကြောင့်ဖြစ်သည်။
"ဟို... "
"ရှောင်းကျန့် ခင်များကိုယ့်ယောက်ျားကို
"ဟမ် ယောက်...ယောက်ျား "
ကြာတယ် "
"ဟို နေ..နေကြပါဉီး "
တကယ်ဘဲ ဒီကတုံးနဲ့နှာဗူးက သူ့ယောက်ျားများလား။
"ဟို မင်း...မင်းကတကယ်ငါ့ယောက်ျားလား "
"ဟုတ်တယ်လေ ခင်များကိုယ့်ယောက်ျား
မင်းကငါ့ယောက်ျားဆိုတဲ့သက်သေရှိလား "
သိတယ် "
"ဒီမှာကောင်လေး ဒီလူကသူခိုးလား မင်းယောက်ျားလား
ဘာလဲဟ"
ရယ်ပြလိုက်ပြီး
ခိုးသွားပါစေတော့ "
နောက်ဆုံး သူနဲ့ဒီသူခိုး အဲ့ သူ့ယောက်ျားဆိုတဲ့လူနဲ့သာ
ကျန်ခဲ့တော့သည်။
မေးစရာတွေရှိတယ် "
"အင်း ဝင် "
ဘယ်လိုမှအသားမကျပေ။
ဝင်သွားသည်။
အိမ်ထဲရောက်တော့
ဒါပေမဲ့ မင်းပြောတဲ့ မင်းကငါ့ယောက်ျားဆိုတာကို
သက်သေပြ "
"လာ သွားမယ် "
"ဘယ်ကိုလဲ "
အကုန်သိတယ် "
ဒီမှာဘဲသက်သေပြ "
"ဟာ ခင်များကလဲ "
အတင်းဖက်နမ်းပြီး ကုတင်ပေါ်တက်ဖို့ထိစဉ်းစားထားတာ
"ဟို ရှိတယ် ပြနိုင်တယ် "
"ပြ ဘယ်ဟာလဲ "
"ဘာ! မင်း! မင်း! "
ကြည့်ရမှာလဲ ။
"နှာဗူးကောင် မင်း! "
မင်းယောက်ျားတကယ်ဖြစ်နေရင်တောင်
"ဟာ ခင်များ "
"ဒီမှာ မင်းငါ့ယောက်ျားဆိုတာကို သက်သေခိုင်ခိုင်လုံလုံနဲ့
ဂျိမ်း! "
"ရှောင်းကျန့် ခင်များကျွန်တော်ဒေါသကို
သူလူမှားတာနေမှာပါ။
"မောင် လာပြီ "
ပြန်ရောက်လာခဲ့သည်။
"ဟာ "
"ပေးလို့ပြောနေတယ်လေ "
"အော် အင်းအင်း ရော့ "
ရှိလားမသိဘူး။
ဆက်ရန်....
19.1.2023
#AhNu
Continue Reading
You'll Also Like
4M 415K 41
Myanmar BL
264K 17.3K 37
မုန်းတယ်ဆိုတဲ့စကားတစ်ခွန်းနာကြင်ရပေမယ့် ငါမပြောပါနဲ့လို့မင်းကိုမတားမြစ်ခဲ့ဘူး မင်းငါ့ကိုမုန်းလည်းရတယ် ဒါပေမယ့်မင်းသိထားဖို့ကငါမင်းကိုအရမ်းချစ်တယ် uni...
51.3K 3.5K 21
နယ်မြို့လေးတစ်မြို့ကိုလာလည်တဲ့သူဠေးသားလေး ရှောင်ကျန့် နဲ့ စိတ္တဇဝေဒနာရှင်အမေကြောင့် မိန်းကလေးလိုဟန်ဆောင်နေခဲ့ရတဲ့ကောင်ငယ်လေး ဝမ်ရိပေါ် ဆိုတဲ့ လူသားနှ...
48.7K 7.8K 26
The Art of Love is who you share it with... Christmas present from Me!!!