<Unicode>
"ဟက် ပိုင်လုံးကောင်ကအရှက်မရှိအိမ်ပေါ်တက်နေနေတယ်"
မောင်ထွက်သွားတာခြံပြင်ပဲရောက်သေးတယ် နာအိုကစပီးစကားနာထိုးလာပီ။
"ဟက်!အရူးကတစ်မူးသာမနေချင်ပါနဲ့ မင်းလဲအရှက်မရှိသူများအိမ်ပေါ်တက်နေတာပဲလေ အော်တစ်ခုတော့ရှိတယ် မောင်ကငါ့ကိုလိုလိုချင်ချင်နဲ့သူကိုယ်တိုင်ခေါ်တင်ထားတာ မင်းလိုအတင်းလာတက်နေတာမဟုဘူး!"
"တောက်စ်!ပိုင်းလုံးကောင်ကများလူပါးဝလို့!!!"
အကြောက်လန့်မရှိသူ့ကိုရိုက်ဖို့ရွယ်လာတဲ့သူမအား ရိန်းကဦးစွာပင်အရင်ဖြတ်ရိုက်လိုက်တော့သည်။
ဖြောင်း!!
"အ့!!"
"ငါ့ကိုသခင်လေးလို့ခေါ်ရမယ်လို့ မောင်ပြောထားတယ်မလား ဘာလဲ ငါမောင်ကိုဖုန်းဆက်ပီးလှမ်းတိုင်လိုက်ရမလား"
"နင့်အဆင့်ကဘာရှိလိုခေါ်ရမှာလဲ မခေါ်နိုင်ဘူး!!"
"ကောင်းပီလေ ဒါဆိုလဲ..."
ရိန်းသူ့အိတ်ကပ်ထဲကဖုန်းကိုထုတ်ကာနံပါတ်တစ်ချို့ကိုရိုက်နေတော့နာအိုလန့်သွားကာ...
"သ သခင်လေး"
"ကျယ်ကျယ်ခေါ်!!"
"တောက်စ်!သခင်လေး"
နာအိုအရိုက်ခံထားရတဲ့ပါးကိုကိုင်ရင်းနှုတ်ခမ်းကိုပြတ်ထွက်မတတ်ကိုက်ထားလေသည်။
"ဟုတ်ပီ မင်းအိမ်မှာနေချင်ရင်အလကားနေလို့မရဘူး အိမ်ရဲ့တာဝန်တေမင်းလုပ်ရမယ် အခုနေ့လယ်စာသွားချက် ပီးရင်အပေါ်ထက်ကအဝတ်တေသွားလျှော် အဲ့တာတေပီးရင်တစ်အိမ်လုံးကိုသန့်ရှင်းရေးလုပ်!"
"ဘာ!!!ရူးနေလား ငါကဘာလို့လုပ်ရမှာလဲ ငါကဒီအိမ်ကကျွန်မဟုဘူး!!"
"မင်းကဒီအိမ်ကသခင်မလဲဟုမနေဘူးလေ ငါကတော့သခင်အဲ့တော့ငါ့စကားကိုဂလန်ဂဆန်လုပ်ရင် မင်းအိမ်ရိပ်တောင်နင်းရမယ်မထင်နဲ့!"
"ငါ့မှာကိုယ်ဝန်ကြီးနဲ့"
"ဖြည်းဖြည်းချင်းလုပ်ပါ မလောပါဘူး မင်းမှာဒီနေ့တစ်နေ့လုံးအချိန်ရနေတာပဲလေ တာဝန်ကျေလိုက်ပါအုံး"
လက်ထဲကဖုန်းကိုဆော့ကစားကာလေလေးတချွန်ချွန်ဖြင့်အပေါ်သို့တက်သွားတဲ့ရိန်းကြောင့်နာအိုဒေါသအတောင့်လိုက်ထွက်ကာကျန်နေခဲ့တော့သည်။
"တောက်စ်!"
*နင်မှတ်ထား အဲ့အတွက်ပြန်ပေးဆပ်ရမယ်!ဒီလောက်လေးနဲ့ငါဒီအိမ်ကထွက်သွားမယ်ထက်ရင်လဲသေလိုက်!!ဒီအိမ်ကနေထွက်သွားရမဲ့သူကနင်ပဲဖြစ်စေရမယ်!!*
သူမ,မသိတာကရိန်းကသူမအိမ်ကထွက်သွားအောင်ခုလိုတေခိုင်းတာမဟုပဲ သက်သက်ကြည့်မလို့ခိုင်းခြင်းသာဖြစ်သည်။
>>>>>>>>>>>
ကုမ္မဏီတွင်ဆိုင်မွန်အလုပ်လုပ်နေပေမယ့်လဲစိတ်ကအိမ်မှာသာ။အိမ်မှာရိန်းကိုဟိုမိန်းမနဲ့ထားခဲ့ရတာ သူစိတ်ပူနေသည်။ဟိုမိန်းမကသူ့ချစ်ရသူကိုအနိုင်ကျင့်ရင်ဘယ်လိုလုပ်မလဲ။အမှန်ဆိုသူအဲ့မိန်းမကိုအိမ်ပေါ်ကန်ချပစ်ချင်နေပေမယ့် အဲ့လိုလုပ်လို့မရသေး။သူတို့လပ်ထက်ထားတာလူတိုင်းတော့မသိပေမယ့် ကုမ္မဏီကရှယ်ရှင်တစ်ချို့ကသိနေသည်။သူ့ကိုလိုလားတဲ့လူရှိသလို မလိုလားတဲ့သူတေလဲရှိနေတာမို့ သူသာချက်ချင်းအဲ့မိန်းမကိုကွာပီး ရိန်းကိုလက်ထက်လိုက်ရင်ရိန်းကိုလူအများရှေ့မှာပြောစရာဖြစ်အောင်လုပ်လိုက်တာနဲ့အတူတူပင်။
ဆိုင်မွန် နာအိုနဲ့ဇာတ်လမ်းကိုဖြတ်ရန်သက်သေလိုသည်။ဘာသက်သေမှအတိကျမပြပဲသူစိတ်မြန်လက်မြန်လုပ်လိုက်ရင် သူနာမည်ပျက်မှာထက်ရိန်းကိုလူအများကအပြစ်တင်ပြောဆိုနိုင်သည်။နာအိုကလဲငြိမ်နေမှာမဟုပဲ သူ့ရဲ့မယားကြီးဂုဏ်နဲရိန်းကိုအငယ်နှောင်းဇာတ်သွင်းနိုင်သည်မို့ အခုအခြေနေကဘာကိုမှပြီးစလွယ်လုပ်လို့မရပေ။
တွေးရင်းပင်ရိန်းအတွက်စိတ်ပူလသည်။သူလေးကိုယ်ကိုအထင်လွဲနေမလား နာအိုကိုတရားဝင်မကွာသေးပဲသူ့ကိုအိမ်ပေါ်ခေါ်တင်ထားလို့လျှောက်တွေးပီးအားငယ်နေမလား။
ကလောင်...
အတွေးနယ်ချဲ့နေတဲ့ဆိုင်မွန်ကသူ့ဖုန်းထဲဝင်လာတဲ့မက်ဆေ့ကြောင့်အတွေးစများပြတ်တောက်သွားသည်။
'အလုပ်ကြိုးစားနော်မောင် ငါ့ကိုစိတ်ပူမနေနဲ့ငါအိမ်မှာအဆင်ပြေတယ် ပီးတော့ငါမင်းကိုချစ်တယ်'
တွေ့လိုက်ရတဲ့ချစ်ရသူဆီကမက်ဆေ့လေးကြောင့်ဆိုင်မွန်မျက်နှာကြီးပြုံးဖြီးကာစိတ်အေးသွားရသည်။အနေဝေးနေပေမယ့်စိတ်ချင်းနီးဆက်လို့နေတဲ့ရိန်းက သူစိတ်ပူနေမှန်းခန့်မှန်းမိပုံရသည်။
"မောင်ချစ်လိုက်ရတာကွာ"
'မောင်လွမ်းလှပီအချစ်ရယ် ညနေစောစောပြန်လာခဲ့မယ် ညနေစာနွေးထားနော်အချစ် မောင်ရောက်တာနဲ့စားမှာ အာဘွား'
ဆိုင်မွန်ပြန်ပို့လိုက်တဲ့စာကြောင့်ရိန်းရေသောက်ရင်းပင်သီးသွားတော့သည်။
"အရှက်မရှိတဲ့လူကြီး"
.........................။🌽
<Zawgyi>
"ဟက္ ပိုင္လံုးေကာင္ကအ႐ွက္မ႐ွိအိမ္ေပၚတက္ေနေနတယ္"
ေမာင္ထြက္သြားတာျခံျပင္ပဲေရာက္ေသးတယ္ နာအိုကစပီးစကားနာထိုးလာပီ။
"ဟက္!အ႐ူးကတစ္မူးသာမေနခ်င္ပါနဲ႔ မင္းလဲအ႐ွက္မ႐ွိသူမ်ားအိမ္ေပၚတက္ေနတာပဲေလ ေအာ္တစ္ခုေတာ့႐ွိတယ္ ေမာင္ကငါ့ကိုလိုလိုခ်င္ခ်င္နဲ႔သူကိုယ္တိုင္ေခၚတင္ထားတာ မင္းလိုအတင္းလာတက္ေနတာမဟုဘူး!"
"ေတာက္စ္!ပိုင္းလံုးေကာင္ကမ်ားလူပါးဝလို႔!!!"
အေၾကာက္လန္႔မ႐ွိသူ႔ကို႐ိုက္ဖို႔ရြယ္လာတဲ့သူမအား ရိန္းကဦးစြာပင္အရင္ျဖတ္႐ိုက္လိုက္ေတာ့သည္။
ေျဖာင္း!!
"အ့!!"
"ငါ့ကိုသခင္ေလးလို႔ေခၚရမယ္လို႔ ေမာင္ေျပာထားတယ္မလား ဘာလဲ ငါေမာင္ကိုဖုန္းဆက္ပီးလွမ္းတိုင္လိုက္ရမလား"
"နင့္အဆင့္ကဘာ႐ွိလို္ေခၚရမွာလဲ မေခၚႏိုင္ဘူး!!"
"ေကာင္းပီေလ ဒါဆိုလဲ..."
ရိန္းသူ႔အိတ္ကပ္ထဲကဖုန္းကိုထုတ္ကာနံပါတ္တစ္ခ်ိဳ႕ကို႐ိုက္ေနေတာ့နာအိုလန္႔သြားကာ...
"သ သခင္ေလး"
"က်ယ္က်ယ္ေခၚ!!"
"ေတာက္စ္!သခင္ေလး"
နာအိုအ႐ိုက္ခံထားရတဲ့ပါးကိုကိုင္ရင္းႏႈတ္ခမ္းကိုျပတ္ထြက္မတတ္ကိုက္ထားေလသည္။
"ဟုတ္ပီ မင္းအိမ္မွာေနခ်င္ရင္အလကားေနလို႔မရဘူး အိမ္ရဲ႕တာဝန္ေတမင္းလုပ္ရမယ္ အခုေန႔လယ္စာသြားခ်က္ ပီးရင္အေပၚထက္ကအဝတ္ေတသြားေလ်ွာ္ အဲ့တာေတပီးရင္တစ္အိမ္လံုးကိုသန္႔႐ွင္းေရးလုပ္!"
"ဘာ!!!႐ူးေနလား ငါကဘာလို႔လုပ္ရမွာလဲ ငါကဒီအိမ္ကကြၽန္မဟုဘူး!!"
"မင္းကဒီအိမ္ကသခင္မလဲဟုမေနဘူးေလ ငါကေတာ့သခင္အဲ့ေတာ့ငါ့စကားကိုဂလန္ဂဆန္လုပ္ရင္ မင္းအိမ္ရိပ္ေတာင္နင္းရမယ္မထင္နဲ႔!"
"ငါ့မွာကိုယ္ဝန္ႀကီးနဲ႔"
"ျဖည္းျဖည္းခ်င္းလုပ္ပါ မေလာပါဘူး မင္းမွာဒီေန႔တစ္ေန႔လံုးအခ်ိန္ရေနတာပဲေလ တာဝန္ေက်လိုက္ပါအံုး"
လက္ထဲကဖုန္းကိုေဆာ့ကစားကာေလေလးတခြၽန္ခြၽန္ျဖင့္အေပၚသို႔တက္သြားတဲ့ရိန္းေၾကာင့္နာအိုေဒါသအေတာင့္လိုက္ထြက္ကာက်န္ေနခဲ့ေတာ့သည္။
"ေတာက္စ္!"
*နင္မွတ္ထား အဲ့အတြက္ျပန္ေပးဆပ္ရမယ္!ဒီေလာက္ေလးနဲ႔ငါဒီအိမ္ကထြက္သြားမယ္ထက္ရင္လဲေသလိုက္!!ဒီအိမ္ကေနထြက္သြားရမဲ့သူကနင္ပဲျဖစ္ေစရမယ္!!*
သူမ,မသိတာကရိန္းကသူမအိမ္ကထြက္သြားေအာင္ခုလိုေတခိုင္းတာမဟုပဲ သက္သက္ၾကည့္မလို႔ခိုင္းျခင္းသာျဖစ္သည္။
>>>>>>>>>>>
ကုမၼဏီတြင္ဆိုင္မြန္အလုပ္လုပ္ေနေပမယ့္လဲစိတ္ကအိမ္မွာသာ။အိမ္မွာရိန္းကိုဟိုမိန္းမနဲ႔ထားခဲ့ရတာ သူစိတ္ပူေနသည္။ဟိုမိန္းမကသူ႔ခ်စ္ရသူကိုအႏိုင္က်င့္ရင္ဘယ္လိုလုပ္မလဲ။အမွန္ဆိုသူအဲ့မိန္းမကိုအိမ္ေပၚကန္ခ်ပစ္ခ်င္ေနေပမယ့္ အဲ့လိုလုပ္လို႔မရေသး။သူတို႔လပ္ထက္ထားတာလူတိုင္းေတာ့မသိေပမယ့္ ကုမၼဏီက႐ွယ္႐ွင္တစ္ခ်ိဳ႕ကသိေနသည္။သူ႔ကိုလိုလားတဲ့လူ႐ွိသလို မလိုလားတဲ့သူေတလဲ႐ွိေနတာမို႔ သူသာခ်က္ခ်င္းအဲ့မိန္းမကိုကြာပီး ရိန္းကိုလက္ထက္လိုက္ရင္ရိန္းကိုလူအမ်ားေ႐ွ႕မွာေျပာစရာျဖစ္ေအာင္လုပ္လိုက္တာနဲ႔အတူတူပင္။
ဆိုင္မြန္ နာအိုနဲ႔ဇာတ္လမ္းကိုျဖတ္ရန္သက္ေသလိုသည္။ဘာသက္ေသမွအတိက်မျပပဲသူစိတ္ျမန္လက္ျမန္လုပ္လိုက္ရင္ သူနာမည္ပ်က္မွာထက္ရိန္းကိုလူအမ်ားကအျပစ္တင္ေျပာဆိုႏိုင္သည္။နာအိုကလဲၿငိမ္ေနမွာမဟုပဲ သူ႔ရဲ႕မယားႀကီးဂုဏ္နဲရိန္းကိုအငယ္ေႏွာင္းဇာတ္သြင္းႏိုင္သည္မို႔ အခုအေျခေနကဘာကိုမွၿပီးစလြယ္လုပ္လို႔မရေပ။
ေတြးရင္းပင္ရိန္းအတြက္စိတ္ပူလသည္။သူေလးကိုယ္ကိုအထင္လြဲေနမလား နာအိုကိုတရားဝင္မကြာေသးပဲသူ႔ကိုအိမ္ေပၚေခၚတင္ထားလို႔ေလ်ွာက္ေတြးပီးအားငယ္ေနမလား။
ကေလာင္...
အေတြးနယ္ခ်ဲ့ေနတဲ့ဆိုင္မြန္ကသူ႔ဖုန္းထဲဝင္လာတဲ့မက္ေဆ့ေၾကာင့္အေတြးစမ်ားျပတ္ေတာက္သြားသည္။
'အလုပ္ႀကိဳးစားေနာ္ေမာင္ ငါ့ကိုစိတ္ပူမေနနဲ႔ငါအိမ္မွာအဆင္ေျပတယ္ ပီးေတာ့ငါမင္းကိုခ်စ္တယ္'
ေတြ႔လိုက္ရတဲ့ခ်စ္ရသူဆီကမက္ေဆ့ေလးေၾကာင့္ဆိုင္မြန္မ်က္ႏွာႀကီးျပံဳးၿဖီးကာစိတ္ေအးသြားရသည္။အေနေဝးေနေပမယ့္စိတ္ခ်င္းနီးဆက္လို႔ေနတဲ့ရိန္းက သူစိတ္ပူေနမွန္းခန္႔မွန္းမိပံုရသည္။
"ေမာင္ခ်စ္လိုက္ရတာကြာ"
'ေမာင္လြမ္းလွပီအခ်စ္ရယ္ ညေနေစာေစာျပန္လာခဲ့မယ္ ညေနစာေႏြးထားေနာ္အခ်စ္ ေမာင္ေရာက္တာနဲ့စားမွာ အာဘြား'
ဆိုင္မြန္ျပန္ပို႔လိုက္တဲ့စာေၾကာင့္ရိန္းေရေသာက္ရင္းပင္သီးသြားေတာ့သည္။
"အ႐ွက္မ႐ွိတဲ့လူႀကီး"
.........................။🌽