system 091

De TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... Mai multe

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(7.18)

5.1K 583 52
De TeeKo0

Unicode

"အ...အရှင်မင်းမြတ်နဲ့ ဧကရီကို ကြိုဆိုပါတယ်....."

ကျီအိမ်တော်သခင်ဟာ မနက်စောစော ဆိုင်းမဆင့်ဘုံမဆင့် မည်သည့်အစောင့်အရှောက်မှမပါပဲ ရောက်ချလာသည့် ဧကရာဇ်နဲ့ဧကရီကိုဒူးထောက်အရိုအသေပေးရင်း အသံတွေတောင်တုန်ရီချင်လာသည်။ ပြောတော့ ဧကရီက အပြင်းအထန်ဖျားနာနေလို့ ဝမ်ဧကရဇာ်ကိုယ်တိုင်ကိုယ်ကျ ပြုစုပေးနေပါတယ်ဆို။

ဘာကြောင့်များ သူတို့ကိုသေးနုတ်တဲ့ ကျီအိမ်တော်ဆီကို မနက်စောစောစီးစီးအကြောင်းအရင်းမသိရောက်ချလာရတာလဲ။ပြီးတော့ အစောင့်တွေ၊အခြွေအရံတွေတစ်ယောက်မှမပါပဲနဲ့လေ။

ဝမ်ရိပေါ်က သူ့ရဲ့ချောမောလွန်းတဲ့မျက်နှာကိုမော်ချီလိုက်ရင်း နည်းလမ်းကျသည့်အသံဖြင့် သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။

"ကိုယ်တော့်ဧကရီရဲ့ ဖျားနာမှုက စုထျန်းချီကျေးဇူးကြောင့်ပျောက်ကွယ်သွားပြီ....ဧကရီက နတ်ဆေးသမားတော်ကိုကျေးဇူးတင်ချင်လို့တဲ့....ပြီးရင် စုထျန်းချီက အိမ်တော်သခင်ဟောင်းကို ကုပေးနေတာမဟုတ်လား.....ငါကိုယ်တော်လည်း သတင်းဝင်မေးလို့ရတာပေါ့....."

ဝမ်ရိပေါ်ရဲ့စကားကကျိုးကြောင်းညီညွှတ်သော်လည်း ကျီအိမ်တောသခင်ဟာ တစ်ခုခုတော့အကြီးကြီးလွဲမှားနေသလိုခံစားရသည်။ ဒါပေမယ့် ဧကရာဇ်မင်းတို့အတွေး သာမန်လူလိုက်မမှီနိုင်ဆိုတဲ့ဆိုရိုးစကားအတိုင်း ဆက်ပြီးထွေထွေထူးထူးမေးမြန်းတွေးတော မနေပဲ ဧကရာဇ်နှင့်ဧကရီကို အနားယူဖို့ရန် လမ်းပြလိုက်သည်။

"နေ....နေ....ဒီဧကရီ ကိုယ်တိုင် နတ်ဆေးသမားတော်ကို လိုက်ခေါ်ချင်တယ်....ရှေ့ကနေသာလမ်းပြပါ....ကိုယ့်ကျေးဇူးရှင်ကိုစောင့်ဆိုင်း နေတာထက်ကိုယ်တိုင်သွားတွေ့တာက ပိုပြီးယဥ်ကျေးရာကျတယ်...."

ရှောင်ကျန့်ကပြုံးသည်။ သူ့အပြုံးမှာအတော်လေးလှပပြီးအကြောင်းအရင်းမသိသည့် လူတွေကို ကြင်နာတတ်လိုက်တာဟုတွေးတောမိသွားစေသည်။ ဒါပေမယ့်ဝမ်ရိပေါ်လို အဆင်းသိ၊အရင်းသိတွေအနေနဲ့ ဖယောင်းတိုင်လေးကြိုထွန်းထားဖို့ရန်သာတတ်နိုင်၏။

ကျီအိမ်တော်သခင်ဟာ ဧကရီကိုရိုသေလေးစားစွာကြည့်လိုက်မိရင်း မတုန့်ဆိုင်းရဲပါပဲ စုထျန်းချီ အတွက်စီစဥ်ပေးထားသည့် ခြံဝင်းအတွင်သို့ ခေါ်ဆောင်လာခဲ့သည်။

"နတ်ဆေးသမားတော်ခမျာ....ဧကရာဇ်မင်းနဲ့ဧကရီက သခင်လေးကိုတွေ့ချင်လို့ပါတဲ့...."

မည်သူမှအကြောင်းပြန်မလာပေ။ ကျီအိမ်တော်သခင်က ထပ်ပြောသည်။ သုံးလေးခေါက်လောက် အော်ခေါ်ခဲ့ပါသော်လည်း မည်သည့်အသံမှမကြားရသေးသည့်အခါတွင် ကျီအိမ်တော်သခင်ဟာအတော်လေးစိုးရိမ်ပူပန်သွား၏။ နတ်ဆေးသမားတော်ကယခုလက်ရှိကျီအိမ်တော်တွင်ရှိနေတာကြောင့် သူသာတစ်ခုခုဖြစ်ရင် ကျီအိမ်တော်တစ်ခုလုံးပေးဆပ်ရပေလိမ့်မည်။

ကျီအိမ်တော်သခင်က ဧကရာဇ်နဲ့ဧကရီရှိရာဆီကူကယ်ရာမဲ့စွာလှည့်ကြည့်မိလိုက်သည်။

"ဖွင့်လိုက်"

ရှောင်ကျန့်က စိုးရိမ်ပူပန်သည့်မျက်နှာလေးဖြင့်ပြောလိုက်သော်လည်းသူ့စိတ်ထဲကြိတ်ဝမ်းသာနေသည်။ ဧကရာဇ်နဲ့ဧကရီကိုယ်တိုင်မျက်မြင်သက်သေရှိနေမှတော့ ဇာတ်လိုက်နှစ်ယောက်က လွယ်လွယ်ငြင်းဆန်လို့ရနိုင်ရိုးလား။

စုထျန်းချီအတွက်မျက်နှာပျက်စရာတွေဖြစ်လာနိုင်သော်လည်း ထိုအရာကိုမူရင်းဇာတ်ကြောင်းတုန်းက မ စိတ်မွှန်ပြီး ဝမ်ဧကရာဇ်အပေါ် သစ္စာဖောက်ခဲ့သည့်အတွက်ပြစ်ဒဏ်ဟုသာသဘောထားလိုက်သည်။

ရှောင်ကျန့်စိတ်ထဲအတွေးများစွာရစ်ဝဲနေသည်။ တံခါးဖွင့်လိုက်တာနဲ့ဘယ်လိုမြင်ကွင်းမျိုးကသူ့ကိုဆီးကြိုနေမှာလဲ။ ညတုန်းက သေချာမချောင်းလိုက်ရတာကြောင့် ဘယ်လိုအခြေအနေတွေဖြစ်သွားမှန်းမသိလိုက်ပေ။ သေချာတာတစ်ခုကတော့ ယခုအချိန်တွင် အလှလေး ကျီစီမော့က စုထျန်းချီရဲ့ရင်ခွင်ထဲမှာ အနီမှတ်ရာ ဗလပွဖြင့် ခွေနေပေလိမ့်မည်။ ဘယ်လောက်ပဲ ဆေးကြောင့်အသိစိတ်လွတ်သွားသည်ဖြစ်စေ၊ ကျီစီမော့ကို တာဝန်သိစိတ်အပြည့်ဖြင့်တာဝန်ယူရပေလိမ့်မည်။ သူကိုယ်တိုင်ဒီလိုလုပ်ချင်စိတ်မရှိရင်တောင်ရှောင်ကျန့်တို့နှစ်ယောက်က ဖိအားပေးနိုင်သည်။

သူကျူးလွန်ခဲ့မိသည့်တစ်ဖက်လူက ယောက်ျားလေးတစ်ယောက်ဖြစ်နေရင်တောင် အမျိုးကောင်းသားလေးတစ်ယောက်ကို ​အညွှန့်တုံးအောင်ချိုးပြီးမှ ထြစ်ကတတ်ဆန်းပြစ်ချထားလိုက်လို့မရပေ။

ရှောင်ကျန့် : 'ဟီး...ဟီး....။'

အုန်းသီး : [.....] host အသံကကြောက်စရာကြီး။

ကျီအိမ်တော်သခင်က ဧကရီဆီကခွင့်ပြုမိန့်ရသည့်အခါတွင် အစေခံတွေ၏အကူအညီဖြင့် တံခါးကိုချိုးဖြတ်နိုင်လိုက်သည်။ လူတိုင်းအရှေ့မှာ တံခါးမကြီးပြိုလဲသွားပြီးနောက်အခန်းတွင်းရှိမြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသည်။

စုထျန်းချီက အိပ်ယာအောက်တွင်တစ်ကိုယ်လုံးလဲကျနေပြီး ကြိုးစား၍ မတ်တပ်ထရပ်နေသည့်ပုံပင်။ ကျီစီမော့ရဲ့လှပတဲ့မျက်ခုံးတန်းလေးမှာ စိတ်ဆင်းရဲနေသကဲ့သို့ တွန့်ချိုးနေကာ စုထျန်းချီကို မတ်တပ်ရပ်နိုင်စေရန် ဘေးတွင်ကူညီပေးနေ၏။

စုထျန်းချီရဲ့ ခန္ဓာကိုယ်ကို ခြုံစောင်တစ်ခုဖြင့်ရစ်ပတ်ထားပါသော်လည်း ဖရိုဖရဲ ဟနေသည့် ရင်ဘတ်နှင့် လည်ပင်းသားဖြူဖြူထက်တွင် မရေမတွက်နိုင်သောအနီမှတ်များစွာနှင့်ကိုက်ရာ၊စုပ်ရာတွေပြည့်နှက်နေလေသည်။ မည်သူမဆို စုထျန်းချီ၏ယခုအခြေအနေကိုမြင်သည်နှင့်မနားတမ်း ကြမ်းကြမ်းရမ်းရမ်းအချစ်ခံထားရကြောင်းသိနိုင်သည်။

ကျီစီမော့က အတွင်းဝတ်ဘောင်းဘီဖြူကိုဝတ်ဆင်ထားသေးသည်။ သူ့ရဲ့ ကြွက်သားတွေစီစီရီရီဖြင့် ခန္ဓာကိုယ်ထက်တွင် ကိုက်ရာအနည်းငယ်နှင့် ကျောပြင်ဖြူဖြူထက်က ကုတ်ရာတွေက လူတိုင်း၏အမြင်တွင် လုံးဝရှင်းလင်းနေခဲ့သည်။ စုထျန်းချီက တံခါးအပြင်ဘက်က ပါးစပ်အဟောင်းသားဖြင့်ကြောင်တောင်တောင်အုပ်စုကိုမြင်သည့်အခါတွင် သူ့မျက်နှာတစ်ခုလုံးဖြူဆုတ်သွား၏။

သူ့ခြေထောက်တွေမှာမတ်တပ်မရပ်နိုင်လောက်အောင်တုန်ရီနေပါသော်လည်း လူတိုင်းရှေ့တွင်သူ့ရဲ့ အားနည်းသည့်ပုံစံက်ုမပြသချင်တာကြောင့် ကုတင် ကိုထောက်၍ အားတင်း၍မတ်တပ်ထရပ်လိုက်သည်။ အခုအခြေအနေ၌ ဖြစ်နိုင်မည်ဆိုရင် ချက်ချင်းသာ လဲသေသွားချင်တော့သည်။ ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်လဲ။

ကျီစီမော့က စုထျန်းချီရဲ့ ဖြူဖျော့တင်းမာနေသည့်မျက်နှာထားကိုကြည့်ရင်း သူ့ရင်ထဲစူးကနဲနာကျင်သွား၏။

လူတိုင်းကအံ့အားသင့်ထိတ်လန့်နေသည်။ အမ်။ ဝမ်ရိပေါ်ကလွဲရင်ပေါ့။

ရှောင်ကျန့်၏ ပါးစပ်သေးသေးလေးမှာ ဆင်တစ်ကောင်လုံးဝင်ဆန့်နိုင်လောက်သည်အထိပွင့်ဟနေပြီး အခုချိန်ထိသူ့မျက်လုံးတွေကိုမယုံကြည်နိုင်သေးပေ။

ဘယ်လိုကြည့်ကြည့် ကျီစီမော့ကတကယ့် အလှလေး ဆိုတာသေချာတယ်လေ။ ဒါကိုဘာကြောင့် အပေါ်ရောက်သွားတာလဲ။

အုန်းသီး : [အိုး....ဒါအရင်တုန်းက hostကျွန်တော့်ကိုပြောခဲ့တဲ့ ပုံစံမျိုး မဟုတ်လား....ဝိုး...ဝိုး....အလှလေးတွေကလည်း အပေါ်ထပ်ဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်ကိုယ်တွေ့ယုံကြည်သွားပြီ....hostကဥာဏ်ကြီးရှင်ပဲ..]

ရှောင်ကျန့် : "....."

ဒါက ကိုယ့်စကားကိုယ်ထိတယ်ဆိုတာမျိုးလား။ အရင်တုန်းက အုန်းသီးကိုနှိမ်ခဲ့သည့်အချက်က သူ့ကိုတည့်တည့်လာတိုးနေလေရာ ရှောင်ကျန့်မှာဆွံ့အ လွန်းလို့ဘာအသံမှထွက်မလာနိုင်သည်အထိ။

ကျီအိမ်တော်သခင်၊ ကျီစီမော့၏ ဖခင်ဟာတော့ စုထျန်းချီနှင့် သူ့သားငယ်ကိုလက်ညှိုးကြီးတစ်ထိုးထိုးဖြင့် မျက်လုံးတွေပြူးကျယ်နေရှာ၏။ ယခုအချိန်တွင် သူ့ခမျာကျင့်ဝတ်တွေအားလုံးကိုမေ့လျော့သွားသည်အထိ ရှော့ခ် ရသွားရှာသည်။

"မင်း....မင်းတို့....."

ကျီစီမော့က ချက်ချင်း စုထျန်းချီအရှေ့ကနေ ကာရပ်လိုက်သည်။

"တောင်းပန်ပါတယ် အဖေ....ဒါတွေအားလုံးက ကျွန်တော့်ရဲ့အမှားပါ...."

"မင်း!!...မင်း!!"

ကျီအိမ်တော်သခင်မှာ သွေးတွေဆောင့်တတ်လာသလိုပင်ခံစားရသည်။ သူအခု ဧကရာဇ်တို့ကိုဘယ်လိုမျက်နှာပြရတော့မှာလဲ။ အရှင်ဧကရာဇ်က ကျီအိမ်တော်ကိုသနားဂရုဏာပြသ၍ နတ်ဆေးသမားတော်ကိုစေလွှတ်ခဲ့သော်လည်းပဲ သူ့သားဖြစ်သူကတော့ နတ်ဆေးသမားတော်ကို မဒိမ်းကျင့်လိုက်သည်။

စဥ်းစားရင်းစဥ်းစားရင်းဖြင့် ပိုမိုစိုးရိမ်ပူပန်လာသည့် ကျီအိမ်တော်သခင်ဟာ မိုက်ကနဲ မူးလဲကျသွားသည်။

"သခင်ကြီး!"

"အဖေ!"

ထိုနေ့ကအဖြစ်အပျက်တွေအားလုံးမှာအရမ်းရုတ်တရက်ဆန်လွန်းသည်။ စိတ်ဖိစီးမှုပြဿနာများကြောင့် သတိလစ်မေ့လဲသွားသည့် ကျီအိမ်တော်သခင်ဟာ သတိရလာချင်း နတ်ဆေးသမားတော်နှင့် ဧကရာဇ်၊ဧကရီကိုဒူးထောက်တောင်းပန်သည်။ သူ့သားရဲ့လုပ်ရက်ကိုသူကိုယ်တိုင်တောင်လက်ခံနိုင်စွမ်းမရှိမှတော့ ယောက်ျားတစ်ယောက်ရဲ့ ကိုယ်ထိလက်ရောက်စော်ကားခြင်းခံလိုက်ရသည့် နတ်ဆေးသမားတော်ဆိုရင် ပြောစရာကိုမလိုတော့ချေ။ ကျီအိမ်တော်သခင်၏ မျက်နှာလဲ မီးကျီခဲတစ်ခုလို ခြစ်ခြစ်တောက်ပူလောင်နေပေပြီ။

ထိုကိစ္စရပ်ကိုအချိန်မှန်ဖုံးဖိလိုက်နိုင်ပါသော်လည်း တစ်ယောက်မျက်နှာတစ်ယောက်မည်သို့ဆက်ကြည့်ရမှန်းမသိတော့လောက်အောင် ကို့ယို့ကားယားနိုင်လွန်းလှသည်။ နောက်ဆုံး အလှလေးက အပေါ်ထပ်ကမှန်း မနည်းလက်ခံလိုက်ရသည့်ရှောင်ကျန့်ဟာ နတ်ဆေးသမားတော် စုထျန်းချီနှင့် ကျီအိမ်တော်ရဲ့အငယ်ဆုံးသား ကျီစီမော့တို့နှစ်ဦးကို လက်ထပ်ခွင့်တရားဝင် အမိန့်စာထွက်ပေါ်လာစေခဲ့သည်။

အကြောင်းအရင်းတစ်ခုမှမသိသည့် လူတွေက အံ့ဩကြောင်အ သွားပေမယ့် ကျီအိမ်တော်သခင်ကတော့ သူ့သားရဲ့သိက္ခာနဲ့ နတ်ဆေးသမားတော်ရဲ့အရှက်ကို ကာကွယ်ပြီးသားဖြစ်သွားတာကြောင့် အတော်လေးကျေးဇူးတင်ခဲ့သည်။ အနည်းဆုံးတော့ သူ့မှာတစ်ခြားသားတွေရှိနေသေးတာကြောင့် သားမြေးမြစ် တွေပြတ်လပ်မှာကိုမစိုးရိမ်ရပေ။

လူများစွာ၏ အတင်းအဖျင်းသတင်းတွေကိုတားဆီးရန်အတွက် ရှောင်ကျန့်ဟာဝမ်ရိပေါ်အကူအညီနဲ့အတူ ဥပဒေအသစ်တစ်ခုကိုပြဌာန်းခဲ့သည်။

ဝမ်တိုင်းပြည်တွင် ယောက်ျားအချင်းချင်း ဖြစ်စေ၊ မိန်းမ အချင်းချင်းဖြစ်စေ၊ ယောက်ျားမိန်းမ စုံတွဲ​ပင်ဖြစ်စေ သူတို့သာတစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးခဲ့သည်မှန်သော် လင်နဲ့မယားအဖြစ်လက်ထပ်ထိမ်းမြားခွင့်ရှိသည်ဟူ၍။

ဒီဥပဒေကို ဧကရာဇ်နဲ့ဧကရီကိုယ်တိုင်တကူးတက ချမှတ်ခဲ့တာကြောင့် အတင်းအဖျင်းသတင်းတွေမှာ အတော်လေးလျော့ကျသွားသည်။ ဒါကစုထျန်းချီရဲ့ ဂုဏ်သိက္ခာကျဆင်းစေမှုကို ရပ်တန့်သွားစေသည်။ နောက်ဆုံးတွင် လူတိုင်းက သူတို့နှစ်ယောက် ဘာဖြစ်ခဲ့လည်းဆိုတာသိကြတာမဟုတ်ပေ။ လူအများစုက သူတို့နှစ်ဦးလက်ထပ်လိုက်ရသည်မှာ ဧကရာဇ်နဲ့ဧကရီ၏ အမိန့်တော်ကြောင့်ဖြစ်သည်ဟူ၍ပင်သိကြသည်။

ထိုနေ့က အဖြစ်အပျက်က အမျိုးသားဇာတ်လိုက်နှစ်ယောက်အပေါ်သက်ရောက်မှုပြင်းထန်သွားဟန်ရသည်။ အထူးသဖြင့်ကျီစီမော့ပင်။ အလှလေးကျီစီမော့ဟာ ကောင်းမွန်သည့်အရသာကိုခံစားခဲ့ရပြီးနောက် စွဲလမ်းသွားသောကလေးတစ်ယောက်လိုမျိုး စုထျန်းချီကိုမျက်စိဒေါက်ထောက်စောင့်ကြည့်လျက် အချိန်အခါကောင်းကိုစောင့်ဆိုင်းနေတတ်သည်။ ပြီးရင်း သူတို့နှစ်ယောက်လုံးအိပ်ယာထဲတွင်လုံးထွေးလျက်အဆုံးသတ်သွားသည်ချည်းသာ။

အမျိုးသားဇာတ်လိုက်နှစ်ယောက်ရဲ့ ကောင်းမွန်တဲ့ခံစားချက်နဲ့ အချိန်အခါကောင်း (pa pa pa) ကိစ္စရပ်တွေကို အုန်းသီးကနေတစ်ဆင့်သိရှိလိုက်ရတဲ့ ရှောင်ကျန့်ဟာ အနည်းငယ်ရင်နာသေးပေမယ့် စိတ်ကျေနပ်စွာသက်ပြင်းချလိုက်သည်။

ကျီစီမော့အတွက် ကမ္ဘာအသစ်ရဲ့ တံခါးတစ်ချပ်ပွင့်ဟ သွားပြီးနောက် ပြန်ပိတ်ဖို့ရန်အတွက်မဖြစ်နိုင်တော့ပေ။ ဟိုး...ဟိုး...။

ကိစ္စတွေကပြန်လည်ငြိမ်သက်သွားသည်။ ရှောင်ကျန့်ရှင်းထုတ်ရန်လိုအပ်သည့် ဇာတ်လိုက်မရဲ့ထောက်တိုင်ကြီး ငါးခုတွင် လေးခုခန့်ကလုံးဝပြိုလဲသွားပြီဖြစ်သည်။

ဝမ်နဥ်းနဲ့ ဖင်းဂူဖေးတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်မြင်တာနဲ့ သရော်လှောင်ပြောင်နေကျဖြစ်သလို ရှောင်ကျန့်ကို တိတ်တခိုးသဘောကျနေဆဲဖြစ်သည်။ ဒါပေမယ့် ဧကရာဇ်မင်းရဲ့ ကြောက်ဖို့ကောင်းတဲ့သဝန်တိုစိတ်ကြောင့် ရှောင်ကျန့်အနားကပ်ဖို့မပြောနဲ့၊ မျက်လုံးလေးတောင် စွေကြည့်ဖို့ စိတ်တောင်မကူးရဲကတော့ချေ။ မဟုတ်ရင် ဝမ်ဧကရာဇ်၏ ရှာလကာရည် သမုဒ္ဒရာကြီးထဲ၌ လက်ပစ်ကူးရင်း ရေနစ်သေနေပေဦးမည်။

နောက်ထပ်အမျိုးသားဇာတ်လိုက်နှစ်ယောက်ဖြစ်တဲ့ စုထျန်းကျီနဲ့ကျီစီမော့တို့နှစ်ယောက်အကြောင်းပြောရရင် သူတို့ဟာနဲ့သူတို့တောင် အိပ်ယာထဲလူးလိမ့်ရင်းကမ္ဘာပျက်နေတာကြောင့် ဒါကိုကျော်သွားရအောင်။

နန်းမြို့တော်အတွင်းမှ လှုပ်ရှားမှုအဖုံဖုံငြိမ်သက်သွားပြီးမကြာခင်မှာပင် နောက်ထပ် ကြီးကျယ်ခမ်းနားသောလှိုင်းလုံးကြီးတစ်လုံးက တိုင်းပြည်တစ်ခုလုံးကိုရိုက်ခတ်လာ၏။

ဝမ်ဧကရာဇ်၏ သက်တော်၂၉နှစ်ပြည့် မွေးနေ့ပွဲ သို့ရောက်ရှိလာသည်။

ဒါက ဝမ်အင်ပါယာကြီးတစ်ခုလုံးအတွက်တကယ့်ကိုလှိုင်းကြီးကြီးပင်။ ပိုပြီးရှင်းရှင်းလင်းလင်းအဓိပ္ပါယ်ဖော်ရရင် ပျော်ရွှင်စရာလှိုင်းလုံးကြီးဟု ပြောရင်ပိုမှန်ပေလိမ့်မည်။

လက်အောက်ခံတိုင်းပြည်ပေါင်းများစွာက သူတို့တိုင်းပြည်၏ မြင့်မားတဲ့အဆင့်အတန်းနဲ့သံတမန်တွေကို တန်ဖိုးကြီးလက်ဆောင်တွေနဲ့အတူ ဝမ်တိုင်းပြည်သို့စေလွှတ်ခဲ့ကြသည်။

တိုင်းသူပြည်သားတိုင်းက ဧကရာဇ်မင်းမြတ်အတွက်ဆုမွန်ကောင်းတောင်းဆိုပေးခဲ့ကြပြီး မျိုးရိုးမြင့် လူတန်းစားအားလုံးဟာ ဧကရာဇ်မင်းမျက်စိကျမည်ထင်ရလောက်သည့် တန်ဖိုးကြီး လက်ဆောင်တွေကိုအလုအယက်ပြင်ဆင်နေကြပြန်သည်။

ဧကရီက သူ့ခင်ပွန်း၏ ၂၉နှစ်ပြည့် မွေးနေ့အတွက် တစ်တိုင်းပြည်လုံးကိုနားရက်တစ်ရက်ပေးအပ်ခဲ့သည်။ တော်ဝင်နန်းတော်ထဲတတ်ရောက်ခွင့်မရှိသည့်ပြည်သူတွေအတွက်ဧကရာဇ်မင်းနဲ့ဧကရီဟာ တိုင်းပြည်အတွင်းပွဲတော်ကြီးတစ်ခုကို ပြုလုပ်စေသည်။ ထောင်သားတွေကိုတရားသေအမှုမှ လျော့ပေါ့သင့်ရင် ပြစ်ဒဏ်လျော့ချပေးခဲ့ပြီး သိပ်ကြီးကြီးမားမားမခံစားသင့်သည့်အပြစ်သားတွေကိုလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့လေသည်။

ဒါကဝမ်တိုင်းပြည်တစ်ခုလုံးကိုအပြုံးပန်းတွေဝေစေပြီး နေရာအနှံ့ ပျော်ရွှင်ခြင်းအငွေ့အသက်တို့ကိုတွေ့မြင်နိုင်၏။

ရှောင်ကျန့် : 'ဝိုင်းစဥ်းစားပေးစမ်းပါ အုန်းသီးရာ....ရိပေါ်ကို ဘာလက်ဆောင်ပေးရင်ကောင်းမလဲ'

ဧကရာဇ်မင်း၏ သက်တော် ၂၉နှစ်ပြည့်မွေးနေ့ တွင် တိုင်းတစ်ပါးက နိုင်ငံတွေအပြင် လူတိုင်း တန်ဖိုးကြီးလက်ဆောင်တွေချည်းသာ ပေးပို့လာမည်မှာ မြေကြီးလက်ခက်မလွဲသေချာသည်။ ဒါကြောင့်သူပေးချင်သည့်လက်ဆောင်တစ်စုံတစ်ရာရှိနေခဲ့ရင်တောင်ညသူ့ယောက်ျားမကြိုက်မှာစိုးရိမ်ပူပန်ရသေးသည်။

အုန်းသီး : [ကျွန်တော်အမှန်တိုင်းပြောရရင် hostချစ်သူအတွက် အကောင်းဆုံးလက်ဆောင်က hostကိုယ်တိုင်ပဲမဟုတ်ဘူးလား]

ရှောင်ကျန့်မှင်သပ်သွားသည်။ အုန်းသီးက ထိုသို့ပြောလာမည်ဟုသူတကယ်မထင်မှတ်ထားတာကြောင့်လည်းပါသည်။ ဒါပေမယ့် အုန်းသီးစကားကလုံးဝမှန်သည်။ သူဘာကြောင့်ဒါကိုမစဥ်းစားမိတာပါလိမ့်။

'မင်းမှန်တယ် အုန်းသီး....မင်းကတကယ့်ကို အဖိုးတန် စနစ်လေးပဲ....'

အုန်းသီး : [ဟီး...ဟီး....] အုန်းသီးရှက်တောင်လာပြီ။

ဝမ်ဧကရာဇ်၏ မွေးနေ့မှာ လွန်စွာကြီးကျယ်ခမ်းနားလွန်းလှသည်။အတိုင်းတိုင်းအပြည်ပြည်က သံတမန်တွေဟာဧကရာဇ်မင်း၏မွေးနေ့ကိုတကူးတက တတ်ရောက်လျက် ဆုမွန်ကောင်းတောင်းဆိုပေးကြသည်။

လူတိုင်း၏မျက်နှာထက်၌ အပြုံးပန်းတစ်ပွင့်ပန်ဆင်ထားကြပြီး ယနေ့၏ ကာယကံရှင်အဓိကလူဖြစ်သည့်ဝမ်ဧကရာဇ်ကိုစောင့်ဆိုင်းနေကြ၏။ တိုင်းတစ်ပါးမှလူတစ်ချို့မှာ ဒဏ္ဍာရီတစ်ခုလိုမျိုးကျော်ကြားလှသော ဧကရီရဲ့လှပမှုကိုလည်းမြင်တွေ့လိုစိတ်ရှိကြသည်။

'အုန်းသီးရာ...ဒီ တစ်ခုလေးပဲ ကူညီပါနော်....နော်လို့..."

ရှောင်ကျန့်က သူ့အရှေ့မှပျံဝဲနေသည့်အမွှေးပွလုံးလေးကို မျက်နှာငယ်လေးနဲ့ကြည့်ရင်း အူးယားစဖွယ်အသံသေးသေးလေးဖြင့်တောင်းဆိုသည်။

"မဟုတ်သေးဘူးနော် host.... ကျွန်တော်ဘယ်လိုလုပ် host နေရာမှာအစားထိုးဟန်ဆောင်နိုင်မှာလဲ"

အမှန်ပင် ရှောင်ကျန့်က အုန်းသီးကို သူ့ရဲ့ မိန်းကလေးပုံစံကိုယူ၍ မွေးနေ့ပွဲတွင်အစားထိုး ဖို့ရန်တောင်းဆိုထားသည်။

"မင်း ငါ့ပုံစံမပြောင်းလဲနိုင်ဘူးလား....."

ရှောင်ကျန့်ရဲ့မျက်နှာလေးကငြှိုးငယ်သွားသည်။ ထိုအခါတွင် အငြိမ်မနေနိုင်သူမှာ အုန်းသီးကိုယ်တိုင်ပင်ဖြစ်သည်။

[ရ....ရတာက ရပါတယ်....ဒါပေမယ့် ကျွန်တော် hostယောက်ျားကိုကြောက်တယ်ဗျ....]

'အဆင်ပြေပါတယ်....မင်းသာကူညီချင်စိတ်ရှိရင်အားလုံးအဆင်ပြေပြီ'

အုန်းသီးရင်ထဲမျက်ရည်တွေကျရင်း ငိုကြွေးချင်လာသည်။

'လုပ်ပါ အုန်းသီးရဲ့....မွေးနေ့အခမ်းအနားမှာ ရိပေါ်ကိုဖျော်ဖြေပေးချင်လို့ပါ....ကံဆိုးချင်တော့ ငါ့ရဲ့ ဧကရီရာထူးကြီးက ကန့်လန့်ခံနေတယ်လေ....မင်းသာအဲ့ဒီနေရာမှာ အစားထိုးရှိနေရင် ငါစိုးရိမ်ပူပန်စရာမလိုတော့ဘူး'

[ကျွန်တော်......]

'အုန်းသီး.....'

ရှောင်ကျန့်ကအပျော့ဆွဲအသံလေးနဲ့ မျက်တောင်ပုပ်ခတ်ပုပ်ခတ်လုပ်ရင်း အုန်းသီးကို ကြည့်သည်။ သူ့ရဲ့မက်မွန်သီးသဏ္ဍာန်မျက်လုံးလေးတွေက လူတိုင်းကိုအရည်ပျော်ကျသွားစေနိုင်သည်အထိချစ်ဖို့ကောင်းလွန်းနေ၏။

အုန်းသီး ဘယ်လိုလုပ်တောင့်ခံနိုင်မှာတဲ့လဲ။

"ရှောင်ကျန့်.....ကျန့်ကျန့်....အထဲမှာအရမ်းကြာနေပြီနော်....အခမ်းအနားက စတော့မယ်...."

ဝမ်ရိပေါ်က နူးညံ့သိမ်မွေ့သည့်ပယင်းရောင်မျက်ဝန်းတွေဖြင့် တံခါးခေါက်လျက်အသိပေးလိုက်သည်။

"ကြာနေသေးရင် ကိုယ် ကိုယ်တိုင်ဝင်လာမှာနော်...."

ရိပေါ်က ရှက်ရွံ့စွာပြုံးလိုက်ရင်း အခန်းထဲက မြင်ကွင်းကိုသူ့စိတ်ထဲမြင်ယောင်မိလိုက်သည်။ သူ့ရဲ့ကျန့်ကျန့်လေးက အင်္ကျီ ဝတ်လက်စနဲ့ ပုခုံးစွန်းလေးတွေပေါ်နေမလား။ ဒါမှမဟုတ် ဘာမှမဝတ်ရသေးတာ....အဟွတ်။

ဝမ်ရိပေါ်က သူ့ရဲ့နှာခေါင်းကိုဖိပိတ်လိုက်ရင်း အချိန်ကိုက် အမောက်ထောင်ချင်လာသည့်အောက်ပိုင်းကို ဖုံးဖိလိုက်သည်။ သူ့ရဲ့ကျန့်ကျန့်လေးကဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲ။ သူဆိုအတွေးနဲ့တင်ထောင်ချင်လာပြီ။

အချိန်ကိုက်ဆိုသလို တံခါးပွင့်သွားသည်။ ဧကရီတစ်ပါး၏ အဆင်တန်ဆာအပြည့်ဖြင့် လှရက်နိုင်လွန်းသော ဧကရီက အခန်းပြင်ထွက်လာ၏။

ဘာကြောင့်ရယ်မှန်းမသိပဲ ဝမ်ရိပေါ်ရဲ့နဂိုမူလ ပြုံးရွှင်နေသည့် မျက်လုံးတွေက အေးစက်သွားသည်။ သူ့ကို ကြောက်စိတ်မနည်း ဖုံးကွယ်ရင်းမော့တောင်မကြည့်ရဲသည့် လှရက်နိုင်လွန်းသောမိန်းကလေးကိုကြည့်ရင်း သူ့နှလုံးသားတစ်ခုလုံးဗလာကျင်းသွားသလိုခံစားရ၏။

ဒီမိန်းကလေးရဲ့မျက်နှာနဲ့အရှိန်အဝါက သူ့ကျန့်ကျန့်လေးနဲ့ ခွဲမရအောင် တစ်ထပ်တည်းတူညီလွန်းသည်။ ဒီနေရာမှာဧကရီနဲ့ ရင်းနှီးတဲ့ဘယ်သူ့မဆို ထိုတစ်ယောက်မှာ ဧကရီရှောင်းသာဖြစ်ကြောင်းသေချာပေါက်ထွက်ဆိုပေလိမ့်မည်။

ဒါပေမယ့်....ဒါပေမယ့် ရိပေါ်ကိုအမြဲတမ်း ရင်ထဲပြည့်သိပ်နေအောင်ခံစားရစေပြီး အသေးစိတ်ကအစဂရုစိုက်မိတတ်တဲ့ ခံစားချက်အလုံးစုံမှာအစဖော်မရအောင်အပျောက်ဆုံးလို့သွားသည်။ သူ့မသိစိတ်ထဲကပြောနေသည်။ ဒီတစ်ယောက်က သူချစ်ရဲ့ရှောင်းမဟုတ်ဘူး။ ရုပ်ချင်းဘယ်လောက်တူတူ၊ အရှိန်အဝါချင်းဘယ်လောက်တူတူ သူအသက်ထက် ချစ်ရတဲ့ သူ့ရဲ့ ရှောင်း မဟုတ်ဘူး။

ဒါဆို ကျန့်ကျန့်ကဘယ်မှာလဲ။

ဝမ်ရိပေါ်ရဲ့မျက်လုံးတွေမှာ ပိုမိုအေးစက်ခက်ထန်သွားသည်။ ရှင်းရှင်းလင်းလင်းဖော်ပြရရင် ဝမ်ရိပေါ်၏ လက်ရှိပုံစံမှာ ရှောင်ကျန့်ရှေ့တွင်ဖော်ပြနေကျ နူးညံ့သိမ်မွေ့ပြီး ရှက်တတ်တဲ့ ခင်ပွန်းသေးသေးလေးပုံစံနှင့်ဆန့်ကျင်ဘက်ပင်။

သူ့မျက်လုံးတွေထဲတွင်ခံစားချက်လှိုင်းသေးသေးလေးတစ်ခုတောင်မတွေ့ရပဲ သက်ရှိတိုင်းကို လူသေတစ်ယောက်လိုမျိုး စိုက်ကြည့်နေ၏။ ဒါကအစစ်အမှန် ဝမ်ဧကရာဇ်ရဲ့ စရိုက်နဲ့ ပုံစံပင်။

အနီးအနားမှာ ရှိတဲ့ အစေခံတွေက ဝမ်ဧကရာဇ်ဆီက ရုတ်တရတ်ဖြာထွက်လာသည့်ကြောက်မက်ဖွယ်ရာအရှိန်အဝါနဲ့ဖိအားကြောင့် ခြေထောက်တွေပါတုန်ရီချင်လာသည်။

ဧကရီနဲ့လက်ဆတ်ပြီးကတည်းက နန်းတော်တစ်ခုလုံးစိတ်ချမ်းသာစရာအငွေ့အသက်တွေနဲ့ပြည့်နှက်နေတတ်ပြီး ဧကရာဇ်၏ ခန့်မှန်းမရတဲ့စိတ်အခြေအနေနဲ့ သွေးအေးရက်စက်မှုအားလုံးကိုမေ့ပျောက်သွားခဲ့တာ ကြာပြီဖြစ်သည်။ ဒါပေမယ့်အခုတော့ ခုနကတင်စိတ်အခြေအနေ ကောင်းမွန်တတ်ကြွနေသည့်ဧကရာဇ်ဟာ အခန်းထဲကထွက်လာသည့်ဧကရီကိုမြင်သည့်အခါတွင်ဘာကြောင့် ဒီလောက်ထိအေးစက်သွားရသနည်း။

မသိရင် သူအရမ်းချစ်လွန်းလို့ငုံထားမတတ်ဖြစ်ပျက်ခဲ့သည့်ဧကရီကို နေရာမှာတင်လည်ပင်းညှစ်သတ်ပြစ်ချင်နေသလိုမျိုးပင်။ ဒါမှမဟုတ် နေရာမှာတင် ဓားနဲ့အပိုင်းပိုင်းခုတ်သတ်ပြစ်ချင်နေသလိုမျိုး။

ဝမ်ရိပေါ်ရဲ့မျက်လုံးတွေမှာ သူ့အရှေ့က 'ရှောင်ကျန့်' ရဲ့ ကြောက်လန့်နေတဲ့မျက်နှာကိုမြင်သည့်အခါတွင် နီရဲတတ်လာသည်။ သူက 'ရှောင်ကျန့်' ကိုဝင်တိုက်မိသွားသည်အထိ အခန်းထဲအသည်းအသန်ပြေးဝင်သွားသည်။ အခန်းထဲ၌ လူသူတစ်ယောက်မှမရှိပဲရှင်းလင်းနေသည်။ ဒါပေမယ့် သူ့ဇနီးလေးရဲ့ သေးငယ်တဲ့အငွေ့အသက်လေးကိုခံစားမိသည်။

ဝမ်ရိပေါ်ရဲ့တစ်ကိုယ်လုံးဟာကြောက်လန့်မှုကြောင့်တုန်ရီလာသည်။ သူ့ခန္ဓာကိုယ်ကိုတောင် ထိန်းချုပ်နိုင်စွမ်းမရှိတော့ပဲ အရာအားလုံးကိုဖျက်စီး ​ပြစ်ချင်လာသည်။ ဟုတ်တယ်။ ရှောင်ကျန့်သာမရှိရင် တစ်ခြားအရာတွေကဘာကြောင့်ဆက်ရှိနေရအုံးမှာလဲ။

ဝမ်ရိပေါ်ရဲ့ပယင်းရောက်မျက်ဝန်းအတွင်း၌ ကြောက်မက်ဖွယ်ရာဖျက်စီး ချင်သည့်စိတ်ဆန္ဒနှင့် ရူးသွပ်မှုတွေထိန်းမနိုင်သိမ်းမရစုစည်းလာသည်။

သူ့ရဲ့ရှောင်ကျန့်ပျောက်သွားပြီ။

သူ့ရဲ့ ကျန့်ကျန့်ပျောက်သွားပြီ။

သူ့ ကိုကိုပျောက်သွားပြီ။

သူ့ရဲ့ ကျန့်ကောပျောက်သွားပြီ။

ဒီကမ္ဘာတွင် ရှောင်ကျန့်ကသိသိသာသာသူ့ထက်အသက်ငယ်သော်လည်းပဲ သူ့မသိစိတ်ကနေ ကိုကို၊ ဒါမှမဟုတ် ကျန့်ကော ဟူသည့်ဝေါဟာကို ဘာကြောင့်ရယ်မှန်းမသိပဲ ပေါ်ပေါက်လာစေမိသည်။

ဖျက်ဆီးပြစ်။ အကုန်ဖျက်ဆီးလိုက်။ ကျန့်ကော သာမရှိရင် အရာအားလုံးကအလကားပဲ။  အသက်ရှုနေတဲ့အရာတွေ၊ သက်ရှိသက်မဲ့အားလုံး ဘာကြောင့်ဆက်ရှိနေရအုံးမှာလဲ။ သေလိုက်!!! အားလုံးသေလိုက်!!!!!

ဝမ်ရိပေါ်အနားမှာရှိတဲ့အရာအားလုံးတဖြည်းဖြည်းတွန့်လိမ်လာသည်။ အချိန်ကြာလာတာနဲ့အမျှ ဝမ်ရိပေါ်ရဲ့ ဖုံးကွယ်ထားတဲ့ရူးသွပ်မှုနဲ့ပိုင်ဆိုင်လိုစိတ်မှာပို၍ပို၍ကြောက်ဖို့ကောင်းလာသည်။ အခုလို သူ့ရဲ့ကျန့်ကော ကအစအနမရှိ လေထဲမှာပျောက်ကွယ်သွားသည့်ဖြစ်ရပ်မျိုး အရင်ကဖြစ်ခဲ့ဖူးသလိုမျိုး ရင်းနှီးနေခဲ့သည်။

"ဟို...ဟိုလေ"

ရှောင်ကျန့်ပုံစံပြောင်းလဲထားသည့်အုန်းသီးက ကြောက်လန့်စွာဖြင့်တံတွေးမျိုချလိုက်ပြီး အခန်းထဲဝင်လာသည်။ အစေခံတွေခေါင်းငုံ့ထားမှန်းသေချာသည့်အခါတွင် သူ့အသံကိုတိုးညှင်းလိုက်ပြီး ကြောက်လန့်တုန်ရီနေသည့် လက်တွေဖြင့်စာရွက်လေးတစ်ရွက်ကို ဝမ်ရိပေါ်ရှီရာဆီထိုးပေးလိုက်သည်။

"ရှောင်...ရှောင်ကျန့်ပေး..ပေးခိုင်းလိုက်လို့ပါ..."

စိတ်ထဲအာဗြဲကြီးဖြင့် အော်ငိုချင်နေသည့်အုန်းသီးဟာ ဝမ်ရိပေါ်နဲ့ ပေ၂၀လောက်အကွာကနေ ကြောက်လန့်တုန်ရီစွာလှမ်းပေးနေခဲ့ခြင်းဖြစ်တာကြောင့် ဝမ်ရိပေါ်နားက တွန့်လိမ်နေသည့်လေထုအခြေအနေကိုသတိမထားမိလိုက်ချေ။

သူသိတာက သူ့hostယောက်ျားကအရမ်းကြောက်စရာကောင်းလွန်းသည်။ တစ်ခြားလူတွေရှေ့က မျက်နှာနဲ့ သူ့hostအရှေ့ရောက်ရင် ဖော်ပြတဲ့မျက်နှာက လူနှစ်ယောက်လို့ထင်ရလောက်အောင်ကွာခြားလွန်းသည်။

သူလည်း ဘယ်လိုလုပ် hostနေရာမှာ အစားထိုးဝင်ချင်စိတ်ရှိပါ့မလဲလို့။ ဝူး....ဝူး....။ အုန်းသီးကရိုးသားပြီး လိမ္မာယဥ်ကျေးတဲ့ systemလေးတစ်ခုပါ ။ သူ့မှာဆဲတောင်ဆဲတတ်တာဟုတ်ဘူးရယ်။

အတွင်းစိတ်ထဲ သည်းကြီးမည်းကြီး မိုးသည်းသည်းထန်ထန်ရွာသွန်းနေသည့် system အုန်းသီးဟာ သူခုနလေးတင် ကမ္ဘာကြီးကိုကယ်တင်လိုက်တာဖြစ်ကြောင်း လုံးလုံးမသိလိုက်ပေ။

ဝမ်ရိပေါ်အနားရှိ တွန့်လိမ်ပျက်စီးစ ပြုလာသည့် လေဟာနယ်တွေဟာ ချက်ချင်းပြန်လည်တည်ငြိမ်သွားသည်။ ဒီကမ္ဘာရဲ့စည်းမျဥ်းတွေခမျာ ပျော်လွန်းလို့ငိုကြွေးမိတော့မတတ်ပေ။ တော်လိုက်တဲ့အုန်းသီး။

ဝမ်ရိပေါ်က အုန်းသီးလက်ထဲရှိ စာရွက်လေးကို ကမန်းကတန်း ခေါက်ရာမထင်အောင်ဆွဲယူ၍ အသည်းအသန်ဖတ်ကြည့်လိုက်သည်။

[သို့/

ကျွန်တော့်ရဲ့ချစ်လှစွာသော ယောက်ျားရေ....ခင်ဗျားရဲ့ မွေးနေ့အတွက် ကျွန်တော် လက်ဆောင်ကြီးတစ်ခုပြင်ဆင်ထားတယ်ဗျ....ကံဆိုးတာတစ်ခုက လက်ဆောင်က ကျွန်တော်ကိုယ်တိုင်ပါဝင်ဖို့လိုအပ်နေတယ်လေ....မွေးနေ့ပွဲမှာရှိတဲ့တစ်ခြားသူတွေသံသယ မဝင်ရအောင် 'အုန်းသီး' ကိုကျွန်တော့်နေရာမှာအစားထိုး အနေနဲ့ခဏလွှတ်ထားပေးတယ်နော်....ဒါကခဏပါပဲ....ဒီညမှာကျွန်တော်ပေးတဲ့မွေးနေ့လက်ဆောင်ကို ခင်ဗျားကြိုက်မယ်ဆိုတာ အာမခံတယ်။

ပုံ / ဝမ်ရိပေါ်ရဲ့ အချစ်လေးရှောင်ကျန့်
မွ!! ချစ်တယ်နော်....]

ဝမ်ရိပေါ်က စာရွက်လေးကို ညင်ညင်သာသာ ပြန်လည်ခေါက်သိမ်း၍ လုံခြုံစိတ်ချရမည့် နေရာထဲ ထည့်သိမ်းထားလိုက်သည်။ စာဖတ်ပြီးနောက် သူ့ရဲ့ကျောက်စိမ်းဖြူရောင်နားရွက်တစ်ခုလုံးမှာနီရဲနေလေသည်။

ဒါက သူ့ကျန့်ကျန့်ရဲ့ လက်ရေးနဲ့အငွေ့အသက်ဆိုတာသေချာသည်။ ရှောင်ကျန့်ရဲ့ သာမန်အတိုင်း စိတ်ကူးပေါက်ရာ ရေးလိုက်သည့်အနှီးစာတိုလေးက အမှန်တကယ်ပင် ဒီကမ္ဘာကြီးတစ်ခုလုံးကိုကယ်တင်လိုက်နိုင်ခဲ့၏။

ဝမ်ရိပေါ်က သူ့ရဲ့စိုးရိမ်ပူပန်စိတ်တွေကိုတစ်ဝက်လောက်လျှော့ချနိုင်ခဲ့သည်ဆိုသော်ငြား အကုန်လုံးတော့မဟုတ်သေးပေ။ ရှောင်ကျန့်ကိုသူ့မျက်လုံးတွေနဲ့ သေသေချာချာမမြင်မတွေ့ရမချင်း သူ့ရင်ထဲက ထိတ်လန့်ကြောက်လန့်မှုနဲ့ စိုးရိမ်မှုအလုံးကြီးကိုဖြေဖျောက်နိုင်မည်မဟုတ်ပေ။

သူက အုန်းသီးကိုလူသေကောင်တစ်ကောင်လို စိတ်ဝင်စားမှုကင်းမဲ့စွာကြည့်ရင်းမေးလိုက်သည်။

"မင်းက အုန်းသီး ဆိုတဲ့တစ်ယောက်လား"

"ဟုတ်....ဟုတ်ပါတယ်ဗျ"

အုန်းသီးခမျာ သူ့အသံကိုမတုန်ရီလာစေရန်မနည်းထိန်းချုပ်ထားရရှာသည်။ မင်းတို့မသိလို့။ ဝမ်ရိပေါ်ကတကယ်ကြောက်စရာကြီး။

"အင်း....ငါ့နောက်က ခပ်ခွာခွာနေပြီးလိုက်ခဲ့"

ဝမ်ရိိပေါ်က စကားဆက်ပြောရမည်ကိုတောင်ပျင်းရိနေသလိုမျိုး အခန်းထဲမှလှည့်ထွက်သွားသည်။ သူ့ရဲ့ကျန့်ကျန့်က ထူးဆန်းသည့်မှော်အတတ်တွေနဲ့ဆက်နွယ်နေတာကိုသူသိသည်။ ဒါကြောင့် ရုတ်တရတ်ပေါ်လာသည့် ထို'အုန်းသီး'ဆိုတဲ့တစ်ယောက်ကို ရှောင်ကျန့်နဲ့ပတ်သပ်နေ၍ သဝန်တိုစိတ်ကြီးကြီးမားမားအပြင် တစ်ခြားထူးဆန်းသည်ဟုတွေးတောမနေချေ။

အကယ်၍ သူ့ကိုသိစေချင်ရင် ရှောင်ကျန့်ကပြောပြပေးလိမ့်မည်။ ရှောင်ကျန့်သာ သိစေချင်စိတ်မရှိရင် သူရေငုံနှုတ်ပိတ်နေပေးနိုင်သည်။ ရှောင်ကျန့်က သူ မဟုတ်တဲ့တစ်ခြားလူတစ်ယောက်ကိုချစ်ကြိုက်သွားတာနဲ့ သူ့ကိုထားသွားမှာဆိုတဲ့အချက်ကြီးကလွဲရင် သူအရာအားလုံးကိုလက်ခံနိုင်သည်။

_________________________________________________________

Zawgyi

"အ...အရွင္မင္းျမတ္နဲ႕ ဧကရီကို ႀကိဳဆိုပါတယ္....."

က်ီအိမ္ေတာ္သခင္ဟာ မနက္ေစာေစာ ဆိုင္းမဆင့္ဘုံမဆင့္ မည္သည့္အေစာင့္အေရွာက္မွမပါပဲ ေရာက္ခ်လာသည့္ ဧကရာဇ္နဲ႕ဧကရီကိုဒူးေထာက္အရိုအေသေပးရင္း အသံေတြေတာင္တုန္ရီခ်င္လာသည္။ ေျပာေတာ့ ဧကရီက အျပင္းအထန္ဖ်ားနာေနလို႔ ဝမ္ဧကရဇာ္ကိုယ္တိုင္ကိုယ္က် ျပဳစုေပးေနပါတယ္ဆို။

ဘာေၾကာင့္မ်ား သူတို႔ကိုေသးႏုတ္တဲ့ က်ီအိမ္ေတာ္ဆီကို မနက္ေစာေစာစီးစီးအေၾကာင္းအရင္းမသိေရာက္ခ်လာရတာလဲ။ၿပီးေတာ့ အေစာင့္ေတြ၊အေႁခြအရံေတြတစ္ေယာက္မွမပါပဲနဲ႕ေလ။

ဝမ္ရိေပၚက သူ႕ရဲ႕ေခ်ာေမာလြန္းတဲ့မ်က္ႏွာကိုေမာ္ခ်ီလိုက္ရင္း နည္းလမ္းက်သည့္အသံျဖင့္ သူ႕လက္ကိုေဝွ႕ယမ္းလိုက္သည္။

"ကိုယ္ေတာ့္ဧကရီရဲ႕ ဖ်ားနာမႈက စုထ်န္းခ်ီေက်းဇူးေၾကာင့္ေပ်ာက္ကြယ္သြားၿပီ....ဧကရီက နတ္ေဆးသမားေတာ္ကိုေက်းဇူးတင္ခ်င္လို႔တဲ့....ၿပီးရင္ စုထ်န္းခ်ီက အိမ္ေတာ္သခင္ေဟာင္းကို ကုေပးေနတာမဟုတ္လား.....ငါကိုယ္ေတာ္လည္း သတင္းဝင္ေမးလို႔ရတာေပါ့....."

ဝမ္ရိေပၚရဲ႕စကားကက်ိဳးေၾကာင္းညီၫႊတ္ေသာ္လည္း က်ီအိမ္ေတာသခင္ဟာ တစ္ခုခုေတာ့အႀကီးႀကီးလြဲမွားေနသလိုခံစားရသည္။ ဒါေပမယ့္ ဧကရာဇ္မင္းတို႔အေတြး သာမန္လူလိုက္မမွီနိုင္ဆိုတဲ့ဆိုရိုးစကားအတိုင္း ဆက္ၿပီးေထြေထြထူးထူးေမးျမန္းေတြးေတာ မေနပဲ ဧကရာဇ္ႏွင့္ဧကရီကို အနားယူဖို႔ရန္ လမ္းျပလိုက္သည္။

"ေန....ေန....ဒီဧကရီ ကိုယ္တိုင္ နတ္ေဆးသမားေတာ္ကို လိုက္ေခၚခ်င္တယ္....ေရွ႕ကေနသာလမ္းျပပါ....ကိုယ့္ေက်းဇူးရွင္ကိုေစာင့္ဆိုင္း ေနတာထက္ကိုယ္တိုင္သြားေတြ႕တာက ပိုၿပီးယဥ္ေက်းရာက်တယ္...."

ေရွာင္က်န့္ကၿပဳံးသည္။ သူ႕အၿပဳံးမွာအေတာ္ေလးလွပၿပီးအေၾကာင္းအရင္းမသိသည့္ လူေတြကို ၾကင္နာတတ္လိုက္တာဟုေတြးေတာမိသြားေစသည္။ ဒါေပမယ့္ဝမ္ရိေပၚလို အဆင္းသိ၊အရင္းသိေတြအေနနဲ႕ ဖေယာင္းတိုင္ေလးႀကိဳထြန္းထားဖို႔ရန္သာတတ္နိုင္၏။

က်ီအိမ္ေတာ္သခင္ဟာ ဧကရီကိုရိုေသေလးစားစြာၾကည့္လိုက္မိရင္း မတုန့္ဆိုင္းရဲပါပဲ စုထ်န္းခ်ီ အတြက္စီစဥ္ေပးထားသည့္ ၿခံဝင္းအတြင္သို႔ ေခၚေဆာင္လာခဲ့သည္။

"နတ္ေဆးသမားေတာ္ခမ်ာ....ဧကရာဇ္မင္းနဲ႕ဧကရီက သခင္ေလးကိုေတြ႕ခ်င္လို႔ပါတဲ့...."

မည္သူမွအေၾကာင္းျပန္မလာေပ။ က်ီအိမ္ေတာ္သခင္က ထပ္ေျပာသည္။ သုံးေလးေခါက္ေလာက္ ေအာ္ေခၚခဲ့ပါေသာ္လည္း မည္သည့္အသံမွမၾကားရေသးသည့္အခါတြင္ က်ီအိမ္ေတာ္သခင္ဟာအေတာ္ေလးစိုးရိမ္ပူပန္သြား၏။ နတ္ေဆးသမားေတာ္ကယခုလက္ရွိက်ီအိမ္ေတာ္တြင္ရွိေနတာေၾကာင့္ သူသာတစ္ခုခုျဖစ္ရင္ က်ီအိမ္ေတာ္တစ္ခုလုံးေပးဆပ္ရေပလိမ့္မည္။

က်ီအိမ္ေတာ္သခင္က ဧကရာဇ္နဲ႕ဧကရီရွိရာဆီကူကယ္ရာမဲ့စြာလွည့္ၾကည့္မိလိုက္သည္။

"ဖြင့္လိုက္"

ေရွာင္က်န့္က စိုးရိမ္ပူပန္သည့္မ်က္ႏွာေလးျဖင့္ေျပာလိုက္ေသာ္လည္းသူ႕စိတ္ထဲႀကိတ္ဝမ္းသာေနသည္။ ဧကရာဇ္နဲ႕ဧကရီကိုယ္တိုင္မ်က္ျမင္သက္ေသရွိေနမွေတာ့ ဇာတ္လိုက္ႏွစ္ေယာက္က လြယ္လြယ္ျငင္းဆန္လို႔ရနိုင္ရိုးလား။

စုထ်န္းခ်ီအတြက္မ်က္ႏွာပ်က္စရာေတြျဖစ္လာနိုင္ေသာ္လည္း ထိုအရာကိုမူရင္းဇာတ္ေၾကာင္းတုန္းက မ စိတ္မႊန္ၿပီး ဝမ္ဧကရာဇ္အေပၚ သစၥာေဖာက္ခဲ့သည့္အတြက္ျပစ္ဒဏ္ဟုသာသေဘာထားလိုက္သည္။

ေရွာင္က်န့္စိတ္ထဲအေတြးမ်ားစြာရစ္ဝဲေနသည္။ တံခါးဖြင့္လိုက္တာနဲ႕ဘယ္လိုျမင္ကြင္းမ်ိဳးကသူ႕ကိုဆီးႀကိဳေနမွာလဲ။ ညတုန္းက ေသခ်ာမေခ်ာင္းလိုက္ရတာေၾကာင့္ ဘယ္လိုအေျခအေနေတြျဖစ္သြားမွန္းမသိလိုက္ေပ။ ေသခ်ာတာတစ္ခုကေတာ့ ယခုအခ်ိန္တြင္ အလွေလး က်ီစီေမာ့က စုထ်န္းခ်ီရဲ႕ရင္ခြင္ထဲမွာ အနီမွတ္ရာ ဗလပြျဖင့္ ေခြေနေပလိမ့္မည္။ ဘယ္ေလာက္ပဲ ေဆးေၾကာင့္အသိစိတ္လြတ္သြားသည္ျဖစ္ေစ၊ က်ီစီေမာ့ကို တာဝန္သိစိတ္အျပည့္ျဖင့္တာဝန္ယူရေပလိမ့္မည္။ သူကိုယ္တိုင္ဒီလိုလုပ္ခ်င္စိတ္မရွိရင္ေတာင္ေရွာင္က်န့္တို႔ႏွစ္ေယာက္က ဖိအားေပးနိုင္သည္။

သူက်ဴးလြန္ခဲ့မိသည့္တစ္ဖက္လူက ေယာက္်ားေလးတစ္ေယာက္ျဖစ္ေနရင္ေတာင္ အမ်ိဳးေကာင္းသားေလးတစ္ေယာက္ကို အၫႊန့္တုံးေအာင္ခ်ိဳးၿပီးမွ ၾထစ္ကတတ္ဆန္းျပစ္ခ်ထားလိုက္လို႔မရေပ။

ေရွာင္က်န့္ : 'ဟီး...ဟီး....။'

အုန္းသီး : [.....] host အသံကေၾကာက္စရာႀကီး။

က်ီအိမ္ေတာ္သခင္က ဧကရီဆီကခြင့္ျပဳမိန့္ရသည့္အခါတြင္ အေစခံေတြ၏အကူအညီျဖင့္ တံခါးကိုခ်ိဳးျဖတ္နိုင္လိုက္သည္။ လူတိုင္းအေရွ႕မွာ တံခါးမႀကီးၿပိဳလဲသြားၿပီးေနာက္အခန္းတြင္းရွိျမင္ကြင္းကိုရွင္းရွင္းလင္းလင္းျမင္ေတြ႕လိုက္ရသည္။

စုထ်န္းခ်ီက အိပ္ယာေအာက္တြင္တစ္ကိုယ္လုံးလဲက်ေနၿပီး ႀကိဳးစား၍ မတ္တပ္ထရပ္ေနသည့္ပုံပင္။ က်ီစီေမာ့ရဲ႕လွပတဲ့မ်က္ခုံးတန္းေလးမွာ စိတ္ဆင္းရဲေနသကဲ့သို႔ တြန့္ခ်ိဳးေနကာ စုထ်န္းခ်ီကို မတ္တပ္ရပ္နိုင္ေစရန္ ေဘးတြင္ကူညီေပးေန၏။

စုထ်န္းခ်ီရဲ႕ ခႏၶာကိုယ္ကို ၿခဳံေစာင္တစ္ခုျဖင့္ရစ္ပတ္ထားပါေသာ္လည္း ဖရိုဖရဲ ဟေနသည့္ ရင္ဘတ္ႏွင့္ လည္ပင္းသားျဖဴျဖဴထက္တြင္ မေရမတြက္နိုင္ေသာအနီမွတ္မ်ားစြာႏွင့္ကိုက္ရာ၊စုပ္ရာေတြျပည့္ႏွက္ေနေလသည္။ မည္သူမဆို စုထ်န္းခ်ီ၏ယခုအေျခအေနကိုျမင္သည္ႏွင့္မနားတမ္း ၾကမ္းၾကမ္းရမ္းရမ္းအခ်စ္ခံထားရေၾကာင္းသိနိုင္သည္။

က်ီစီေမာ့က အတြင္းဝတ္ေဘာင္းဘီျဖဴကိုဝတ္ဆင္ထားေသးသည္။ သူ႕ရဲ႕ ႂကြက္သားေတြစီစီရီရီျဖင့္ ခႏၶာကိုယ္ထက္တြင္ ကိုက္ရာအနည္းငယ္ႏွင့္ ေက်ာျပင္ျဖဴျဖဴထက္က ကုတ္ရာေတြက လူတိုင္း၏အျမင္တြင္ လုံးဝရွင္းလင္းေနခဲ့သည္။ စုထ်န္းခ်ီက တံခါးအျပင္ဘက္က ပါးစပ္အေဟာင္းသားျဖင့္ေၾကာင္ေတာင္ေတာင္အုပ္စုကိုျမင္သည့္အခါတြင္ သူ႕မ်က္ႏွာတစ္ခုလုံးျဖဴဆုတ္သြား၏။

သူ႕ေျခေထာက္ေတြမွာမတ္တပ္မရပ္နိုင္ေလာက္ေအာင္တုန္ရီေနပါေသာ္လည္း လူတိုင္းေရွ႕တြင္သူ႕ရဲ႕ အားနည်းသည့်ပုံစံက်ုမပြသချင်တာကြောင့် ကုတင္ ကိုေထာက္၍ အားတင္း၍မတ္တပ္ထရပ္လိုက္သည္။ အခုအေျခအေန၌ ျဖစ္နိုင္မည္ဆိုရင္ ခ်က္ခ်င္းသာ လဲေသသြားခ်င္ေတာ့သည္။ ဘယ္ေလာက္ေတာင္ရွက္ဖို႔ေကာင္းလိုက္လဲ။

က်ီစီေမာ့က စုထ်န္းခ်ီရဲ႕ ျဖဴေဖ်ာ့တင္းမာေနသည့္မ်က္ႏွာထားကိုၾကည့္ရင္း သူ႕ရင္ထဲစူးကနဲနာက်င္သြား၏။

လူတိုင္းကအံ့အားသင့္ထိတ္လန့္ေနသည္။ အမ္။ ဝမ္ရိေပၚကလြဲရင္ေပါ့။

ေရွာင္က်န့္၏ ပါးစပ္ေသးေသးေလးမွာ ဆင္တစ္ေကာင္လုံးဝင္ဆန့္နိုင္ေလာက္သည္အထိပြင့္ဟေနၿပီး အခုခ်ိန္ထိသူ႕မ်က္လုံးေတြကိုမယုံၾကည္နိုင္ေသးေပ။

ဘယ္လိုၾကည့္ၾကည့္ က်ီစီေမာ့ကတကယ့္ အလွေလး ဆိုတာေသခ်ာတယ္ေလ။ ဒါကိုဘာေၾကာင့္ အေပၚေရာက္သြားတာလဲ။

အုန္းသီး : [အိုး....ဒါအရင္တုန္းက hostကြၽန္ေတာ့္ကိုေျပာခဲ့တဲ့ ပုံစံမ်ိဳး မဟုတ္လား....ဝိုး...ဝိုး....အလွေလးေတြကလည္း အေပၚထပ္ျဖစ္နိုင္တယ္ဆိုတာ ကြၽန္ေတာ္ကိုယ္ေတြ႕ယုံၾကည္သြားၿပီ....hostကဥာဏ္ႀကီးရွင္ပဲ..]

ေရွာင္က်န့္ : "....."

ဒါက ကိုယ့္စကားကိုယ္ထိတယ္ဆိုတာမ်ိဳးလား။ အရင္တုန္းက အုန္းသီးကိုႏွိမ္ခဲ့သည့္အခ်က္က သူ႕ကိုတည့္တည့္လာတိုးေနေလရာ ေရွာင္က်န့္မွာဆြံ႕အ လြန္းလို႔ဘာအသံမွထြက္မလာနိုင္သည္အထိ။

က်ီအိမ္ေတာ္သခင္၊ က်ီစီေမာ့၏ ဖခင္ဟာေတာ့ စုထ်န္းခ်ီႏွင့္ သူ႕သားငယ္ကိုလက္ညွိုးႀကီးတစ္ထိုးထိုးျဖင့္ မ်က္လုံးေတြျပဴးက်ယ္ေနရွာ၏။ ယခုအခ်ိန္တြင္ သူ႕ခမ်ာက်င့္ဝတ္ေတြအားလုံးကိုေမ့ေလ်ာ့သြားသည္အထိ ေရွာ့ခ္ ရသြားရွာသည္။

"မင္း....မင္းတို႔....."

က်ီစီေမာ့က ခ်က္ခ်င္း စုထ်န္းခ်ီအေရွ႕ကေန ကာရပ္လိုက္သည္။

"ေတာင္းပန္ပါတယ္ အေဖ....ဒါေတြအားလုံးက ကြၽန္ေတာ့္ရဲ႕အမွားပါ...."

"မင္း!!...မင္း!!"

က်ီအိမ္ေတာ္သခင္မွာ ေသြးေတြေဆာင့္တတ္လာသလိုပင္ခံစားရသည္။ သူအခု ဧကရာဇ္တို႔ကိုဘယ္လိုမ်က္ႏွာျပရေတာ့မွာလဲ။ အရွင္ဧကရာဇ္က က်ီအိမ္ေတာ္ကိုသနားဂ႐ုဏာျပသ၍ နတ္ေဆးသမားေတာ္ကိုေစလႊတ္ခဲ့ေသာ္လည္းပဲ သူ႕သားျဖစ္သူကေတာ့ နတ္ေဆးသမားေတာ္ကို မဒိမ္းက်င့္လိုက္သည္။

စဥ္းစားရင္းစဥ္းစားရင္းျဖင့္ ပိုမိုစိုးရိမ္ပူပန္လာသည့္ က်ီအိမ္ေတာ္သခင္ဟာ မိုက္ကနဲ မူးလဲက်သြားသည္။

"သခင္ႀကီး!"

"အေဖ!"

ထိုေန႕ကအျဖစ္အပ်က္ေတြအားလုံးမွာအရမ္း႐ုတ္တရက္ဆန္လြန္းသည္။ စိတ္ဖိစီးမႈျပႆနာမ်ားေၾကာင့္ သတိလစ္ေမ့လဲသြားသည့္ က်ီအိမ္ေတာ္သခင္ဟာ သတိရလာခ်င္း နတ္ေဆးသမားေတာ္ႏွင့္ ဧကရာဇ္၊ဧကရီကိုဒူးေထာက္ေတာင္းပန္သည္။ သူ႕သားရဲ႕လုပ္ရက္ကိုသူကိုယ္တိုင္ေတာင္လက္ခံနိုင္စြမ္းမရွိမွေတာ့ ေယာက္်ားတစ္ေယာက္ရဲ႕ ကိုယ္ထိလက္ေရာက္ေစာ္ကားျခင္းခံလိုက္ရသည့္ နတ္ေဆးသမားေတာ္ဆိုရင္ ေျပာစရာကိုမလိုေတာ့ေခ်။ က်ီအိမ္ေတာ္သခင္၏ မ်က္ႏွာလဲ မီးက်ီခဲတစ္ခုလို ျခစ္ျခစ္ေတာက္ပူေလာင္ေနေပၿပီ။

ထိုကိစၥရပ္ကိုအခ်ိန္မွန္ဖုံးဖိလိုက္နိုင္ပါေသာ္လည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္မည္သို႔ဆက္ၾကည့္ရမွန္းမသိေတာ့ေလာက္ေအာင္ ကို႔ယို႔ကားယားနိုင္လြန္းလွသည္။ ေနာက္ဆုံး အလွေလးက အေပၚထပ္ကမွန္း မနည္းလက္ခံလိုက္ရသည့္ေရွာင္က်န့္ဟာ နတ္ေဆးသမားေတာ္ စုထ်န္းခ်ီႏွင့္ က်ီအိမ္ေတာ္ရဲ႕အငယ္ဆုံးသား က်ီစီေမာ့တို႔ႏွစ္ဦးကို လက္ထပ္ခြင့္တရားဝင္ အမိန့္စာထြက္ေပၚလာေစခဲ့သည္။

အေၾကာင္းအရင္းတစ္ခုမွမသိသည့္ လူေတြက အံ့ဩေၾကာင္အ သြားေပမယ့္ က်ီအိမ္ေတာ္သခင္ကေတာ့ သူ႕သားရဲ႕သိကၡာနဲ႕ နတ္ေဆးသမားေတာ္ရဲ႕အရွက္ကို ကာကြယ္ၿပီးသားျဖစ္သြားတာေၾကာင့္ အေတာ္ေလးေက်းဇူးတင္ခဲ့သည္။ အနည္းဆုံးေတာ့ သူ႕မွာတစ္ျခားသားေတြရွိေနေသးတာေၾကာင့္ သားေျမးျမစ္ ေတြျပတ္လပ္မွာကိုမစိုးရိမ္ရေပ။

လူမ်ားစြာ၏ အတင္းအဖ်င္းသတင္းေတြကိုတားဆီးရန္အတြက္ ေရွာင္က်န့္ဟာဝမ္ရိေပၚအကူအညီနဲ႕အတူ ဥပေဒအသစ္တစ္ခုကိုျပဌာန္းခဲ့သည္။

ဝမ္တိုင္းျပည္တြင္ ေယာက္်ားအခ်င္းခ်င္း ျဖစ္ေစ၊ မိန္းမ အခ်င္းခ်င္းျဖစ္ေစ၊ ေယာက္်ားမိန္းမ စုံတြဲပင္ျဖစ္ေစ သူတို႔သာတစ္ဦးကိုတစ္ဦး ခ်စ္ျမတ္နိုးခဲ့သည္မွန္ေသာ္ လင္နဲ႕မယားအျဖစ္လက္ထပ္ထိမ္းျမားခြင့္ရွိသည္ဟူ၍။

ဒီဥပေဒကို ဧကရာဇ္နဲ႕ဧကရီကိုယ္တိုင္တကူးတက ခ်မွတ္ခဲ့တာေၾကာင့္ အတင္းအဖ်င္းသတင္းေတြမွာ အေတာ္ေလးေလ်ာ့က်သြားသည္။ ဒါကစုထ်န္းခ်ီရဲ႕ ဂုဏ္သိကၡာက်ဆင္းေစမႈကို ရပ္တန့္သြားေစသည္။ ေနာက္ဆုံးတြင္ လူတိုင္းက သူတို႔ႏွစ္ေယာက္ ဘာျဖစ္ခဲ့လည္းဆိုတာသိၾကတာမဟုတ္ေပ။ လူအမ်ားစုက သူတို႔ႏွစ္ဦးလက္ထပ္လိုက္ရသည္မွာ ဧကရာဇ္နဲ႕ဧကရီ၏ အမိန့္ေတာ္ေၾကာင့္ျဖစ္သည္ဟူ၍ပင္သိၾကသည္။

ထိုေန႕က အျဖစ္အပ်က္က အမ်ိဳးသားဇာတ္လိုက္ႏွစ္ေယာက္အေပၚသက္ေရာက္မႈျပင္းထန္သြားဟန္ရသည္။ အထူးသျဖင့္က်ီစီေမာ့ပင္။ အလွေလးက်ီစီေမာ့ဟာ ေကာင္းမြန္သည့္အရသာကိုခံစားခဲ့ရၿပီးေနာက္ စြဲလမ္းသြားေသာကေလးတစ္ေယာက္လိုမ်ိဳး စုထ်န္းခ်ီကိုမ်က္စိေဒါက္ေထာက္ေစာင့္ၾကည့္လ်က္ အခ်ိန္အခါေကာင္းကိုေစာင့္ဆိုင္းေနတတ္သည္။ ၿပီးရင္း သူတို႔ႏွစ္ေယာက္လုံးအိပ္ယာထဲတြင္လုံးေထြးလ်က္အဆုံးသတ္သြားသည္ခ်ည္းသာ။

အမ်ိဳးသားဇာတ္လိုက္ႏွစ္ေယာက္ရဲ႕ ေကာင္းမြန္တဲ့ခံစားခ်က္နဲ႕ အခ်ိန္အခါေကာင္း (pa pa pa) ကိစၥရပ္ေတြကို အုန္းသီးကေနတစ္ဆင့္သိရွိလိုက္ရတဲ့ ေရွာင္က်န့္ဟာ အနည္းငယ္ရင္နာေသးေပမယ့္ စိတ္ေက်နပ္စြာသက္ျပင္းခ်လိဳက္သည္။

က်ီစီေမာ့အတြက္ ကမၻာအသစ္ရဲ႕ တံခါးတစ္ခ်ပ္ပြင့္ဟ သြားၿပီးေနာက္ ျပန္ပိတ္ဖို႔ရန္အတြက္မျဖစ္နိုင္ေတာ့ေပ။ ဟိုး...ဟိုး...။

ကိစၥေတြကျပန္လည္ၿငိမ္သက္သြားသည္။ ေရွာင္က်န့္ရွင္းထုတ္ရန္လိုအပ္သည့္ ဇာတ္လိုက္မရဲ႕ေထာက္တိုင္ႀကီး ငါးခုတြင္ ေလးခုခန့္ကလုံးဝၿပိဳလဲသြားၿပီျဖစ္သည္။

ဝမ္နဥ္းနဲ႕ ဖင္းဂူေဖးတို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႕တစ္ေယာက္ျမင္တာနဲ႕ သေရာ္ေလွာင္ေျပာင္ေနက်ျဖစ္သလို ေရွာင္က်န့္ကို တိတ္တခိုးသေဘာက်ေနဆဲျဖစ္သည္။ ဒါေပမယ့္ ဧကရာဇ္မင္းရဲ႕ ေၾကာက္ဖို႔ေကာင္းတဲ့သဝန္တိုစိတ္ေၾကာင့္ ေရွာင္က်န့္အနားကပ္ဖို႔မေျပာနဲ႕၊ မ်က္လုံးေလးေတာင္ ေစြၾကည့္ဖို႔ စိတ္ေတာင္မကူးရဲကေတာ့ေခ်။ မဟုတ္ရင္ ဝမ္ဧကရာဇ္၏ ရွာလကာရည္ သမုဒၵရာႀကီးထဲ၌ လက္ပစ္ကူးရင္း ေရနစ္ေသေနေပဦးမည္။

ေနာက္ထပ္အမ်ိဳးသားဇာတ္လိုက္ႏွစ္ေယာက္ျဖစ္တဲ့ စုထ်န္းက်ီနဲ႕က်ီစီေမာ့တို႔ႏွစ္ေယာက္အေၾကာင္းေျပာရရင္ သူတို႔ဟာနဲ႕သူတို႔ေတာင္ အိပ္ယာထဲလူးလိမ့္ရင္းကမၻာပ်က္ေနတာေၾကာင့္ ဒါကိုေက်ာ္သြားရေအာင္။

နန္းၿမိဳ႕ေတာ္အတြင္းမွ လႈပ္ရွားမႈအဖုံဖုံၿငိမ္သက္သြားၿပီးမၾကာခင္မွာပင္ ေနာက္ထပ္ ႀကီးက်ယ္ခမ္းနားေသာလွိုင္းလုံးႀကီးတစ္လုံးက တိုင္းျပည္တစ္ခုလုံးကိုရိုက္ခတ္လာ၏။

ဝမ္ဧကရာဇ္၏ သက္ေတာ္၂၉ႏွစ္ျပည့္ ေမြးေန႕ပြဲ သို႔ေရာက္ရွိလာသည္။

ဒါက ဝမ္အင္ပါယာႀကီးတစ္ခုလုံးအတြက္တကယ့္ကိုလွိုင္းႀကီးႀကီးပင္။ ပိုပြီးရှင်းရှင်းလင်းလင်းအဓိပ္ပါယ်ဖော်ရရင် ေပ်ာ္႐ႊင္စရာလွိုင္းလုံးႀကီးဟု ေျပာရင္ပိုမွန္ေပလိမ့္မည္။

လက္ေအာက္ခံတိုင္းျပည္ေပါင္းမ်ားစြာက သူတို႔တိုင္းျပည္၏ ျမင့္မားတဲ့အဆင့္အတန္းနဲ႕သံတမန္ေတြကို တန္ဖိုးႀကီးလက္ေဆာင္ေတြနဲ႕အတူ ဝမ္တိုင္းျပည္သို႔ေစလႊတ္ခဲ့ၾကသည္။

တိုင္းသူျပည္သားတိုင္းက ဧကရာဇ္မင္းျမတ္အတြက္ဆုမြန္ေကာင္းေတာင္းဆိုေပးခဲ့ၾကၿပီး မ်ိဳးရိုးျမင့္ လူတန္းစားအားလုံးဟာ ဧကရာဇ္မင္းမ်က္စိက်မည္ထင္ရေလာက္သည့္ တန္ဖိုးႀကီး လက္ေဆာင္ေတြကိုအလုအယက္ျပင္ဆင္ေနၾကျပန္သည္။

ဧကရီက သူ႕ခင္ပြန္း၏ ၂၉ႏွစ္ျပည့္ ေမြးေန႕အတြက္ တစ္တိုင္းျပည္လုံးကိုနားရက္တစ္ရက္ေပးအပ္ခဲ့သည္။ ေတာ္ဝင္နန္းေတာ္ထဲတတ္ေရာက္ခြင့္မရွိသည့္ျပည္သူေတြအတြက္ဧကရာဇ္မင္းနဲ႕ဧကရီဟာ တိုင္းျပည္အတြင္းပြဲေတာ္ႀကီးတစ္ခုကို ျပဳလုပ္ေစသည္။ ေထာင္သားေတြကိုတရားေသအမႈမွ ေလ်ာ့ေပါ့သင့္ရင္ ျပစ္ဒဏ္ေလ်ာ့ခ်ေပးခဲ့ၿပီး သိပ္ႀကီးႀကီးမားမားမခံစားသင့္သည့္အျပစ္သားေတြကိုလြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳခဲ့ေလသည္။

ဒါကဝမ္တိုင္းျပည္တစ္ခုလုံးကိုအၿပဳံးပန္းေတြေဝေစၿပီး ေနရာအႏွံ႕ ေပ်ာ္႐ႊင္ျခင္းအေငြ႕အသက္တို႔ကိုေတြ႕ျမင္နိုင္၏။

ေရွာင္က်န့္ : 'ဝိုင္းစဥ္းစားေပးစမ္းပါ အုန္းသီးရာ....ရိေပၚကို ဘာလက္ေဆာင္ေပးရင္ေကာင္းမလဲ'

ဧကရာဇ္မင္း၏ သက္ေတာ္ ၂၉ႏွစ္ျပည့္ေမြးေန႕ တြင္ တိုင္းတစ္ပါးက နိုင္ငံေတြအျပင္ လူတိုင္း တန္ဖိုးႀကီးလက္ေဆာင္ေတြခ်ည္းသာ ေပးပို႔လာမည္မွာ ေျမႀကီးလက္ခက္မလြဲေသခ်ာသည္။ ဒါေၾကာင့္သူေပးခ်င္သည့္လက္ေဆာင္တစ္စုံတစ္ရာရွိေနခဲ့ရင္ေတာင္ညသူ႕ေယာက္်ားမႀကိဳက္မွာစိုးရိမ္ပူပန္ရေသးသည္။

အုန္းသီး : [ကြၽန္ေတာ္အမွန္တိုင္းေျပာရရင္ hostခ်စ္သူအတြက္ အေကာင္းဆုံးလက္ေဆာင္က hostကိုယ္တိုင္ပဲမဟုတ္ဘူးလား]

ေရွာင္က်န့္မွင္သပ္သြားသည္။ အုန္းသီးက ထိုသို႔ေျပာလာမည္ဟုသူတကယ္မထင္မွတ္ထားတာေၾကာင့္လည္းပါသည္။ ဒါေပမယ့္ အုန္းသီးစကားကလုံးဝမွန္သည္။ သူဘာေၾကာင့္ဒါကိုမစဥ္းစားမိတာပါလိမ့္။

'မင္းမွန္တယ္ အုန္းသီး....မင္းကတကယ့္ကို အဖိုးတန္ စနစ္ေလးပဲ....'

အုန္းသီး : [ဟီး...ဟီး....] အုန္းသီးရွက္ေတာင္လာၿပီ။

ဝမ္ဧကရာဇ္၏ ေမြးေန႕မွာ လြန္စြာႀကီးက်ယ္ခမ္းနားလြန္းလွသည္။အတိုင္းတိုင္းအျပည္ျပည္က သံတမန္ေတြဟာဧကရာဇ္မင္း၏ေမြးေန႕ကိုတကူးတက တတ္ေရာက္လ်က္ ဆုမြန္ေကာင္းေတာင္းဆိုေပးၾကသည္။

လူတိုင္း၏မ်က္ႏွာထက္၌ အၿပဳံးပန္းတစ္ပြင့္ပန္ဆင္ထားၾကၿပီး ယေန႕၏ ကာယကံရွင္အဓိကလူျဖစ္သည့္ဝမ္ဧကရာဇ္ကိုေစာင့္ဆိုင္းေနၾက၏။ တိုင္းတစ္ပါးမွလူတစ္ခ်ိဳ႕မွာ ဒ႑ာရီတစ္ခုလိုမ်ိဳးေက်ာ္ၾကားလွေသာ ဧကရီရဲ႕လွပမႈကိုလည္းျမင္ေတြ႕လိုစိတ္ရွိၾကသည္။

'အုန္းသီးရာ...ဒီ တစ္ခုေလးပဲ ကူညီပါေနာ္....ေနာ္လို႔..."

ေရွာင္က်န့္က သူ႕အေရွ႕မွပ်ံဝဲေနသည့္အေမႊးပြလုံးေလးကို မ်က္ႏွာငယ္ေလးနဲ႕ၾကည့္ရင္း အူးယားစဖြယ္အသံေသးေသးေလးျဖင့္ေတာင္းဆိုသည္။

"မဟုတ္ေသးဘူးေနာ္ host.... ကြၽန္ေတာ္ဘယ္လိုလုပ္ host ေနရာမွာအစားထိုးဟန္ေဆာင္နိုင္မွာလဲ"

အမွန္ပင္ ေရွာင္က်န့္က အုန္းသီးကို သူ႕ရဲ႕ မိန္းကေလးပုံစံကိုယူ၍ ေမြးေန႕ပြဲတြင္အစားထိုး ဖို႔ရန္ေတာင္းဆိုထားသည္။

"မင္း ငါ့ပုံစံမေျပာင္းလဲနိုင္ဘူးလား....."

ေရွာင္က်န့္ရဲ႕မ်က္ႏွာေလးကျငႇိုးငယ္သြားသည္။ ထိုအခါတြင္ အၿငိမ္မေနနိုင္သူမွာ အုန္းသီးကိုယ္တိုင္ပင္ျဖစ္သည္။

[ရ....ရတာက ရပါတယ္....ဒါေပမယ့္ ကြၽန္ေတာ္ hostေယာက္်ားကိုေၾကာက္တယ္ဗ်....]

'အဆင္ေျပပါတယ္....မင္းသာကူညီခ်င္စိတ္ရွိရင္အားလုံးအဆင္ေျပၿပီ'

အုန္းသီးရင္ထဲမ်က္ရည္ေတြက်ရင္း ငိုေႂကြးခ်င္လာသည္။

'လုပ္ပါ အုန္းသီးရဲ႕....ေမြးေန႕အခမ္းအနားမွာ ရိေပၚကိုေဖ်ာ္ေျဖေပးခ်င္လို႔ပါ....ကံဆိုးခ်င္ေတာ့ ငါ့ရဲ႕ ဧကရီရာထူးႀကီးက ကန့္လန့္ခံေနတယ္ေလ....မင္းသာအဲ့ဒီေနရာမွာ အစားထိုးရွိေနရင္ ငါစိုးရိမ္ပူပန္စရာမလိုေတာ့ဘူး'

[ကြၽန္ေတာ္......]

'အုန္းသီး.....'

ေရွာင္က်န့္ကအေပ်ာ့ဆြဲအသံေလးနဲ႕ မ်က္ေတာင္ပုပ္ခတ္ပုပ္ခတ္လုပ္ရင္း အုန္းသီးကို ၾကည့္သည္။ သူ႕ရဲ႕မက္မြန္သီးသ႑ာန္မ်က္လုံးေလးေတြက လူတိုင္းကိုအရည္ေပ်ာ္က်သြားေစနိုင္သည္အထိခ်စ္ဖို႔ေကာင္းလြန္းေန၏။

အုန္းသီး ဘယ္လိုလုပ္ေတာင့္ခံနိုင္မွာတဲ့လဲ။

"ေရွာင္က်န့္.....က်န့္က်န့္....အထဲမွာအရမ္းၾကာေနၿပီေနာ္....အခမ္းအနားက စေတာ့မယ္...."

ဝမ္ရိေပၚက ႏူးညံ့သိမ္ေမြ႕သည့္ပယင္းေရာင္မ်က္ဝန္းေတြျဖင့္ တံခါးေခါက္လ်က္အသိေပးလိုက္သည္။

"ၾကာေနေသးရင္ ကိုယ္ ကိုယ္တိုင္ဝင္လာမွာေနာ္...."

ရိေပၚက ရွက္႐ြံ႕စြာၿပဳံးလိုက္ရင္း အခန္းထဲက ျမင္ကြင္းကိုသူ႕စိတ္ထဲျမင္ေယာင္မိလိုက္သည္။ သူ႕ရဲ႕က်န့္က်န့္ေလးက အကၤ်ီ ဝတ္လက္စနဲ႕ ပုခုံးစြန္းေလးေတြေပၚေနမလား။ ဒါမွမဟုတ္ ဘာမွမဝတ္ရေသးတာ....အဟြတ္။

ဝမ္ရိေပၚက သူ႕ရဲ႕ႏွာေခါင္းကိုဖိပိတ္လိုက္ရင္း အခ်ိန္ကိုက္ အေမာက္ေထာင္ခ်င္လာသည့္ေအာက္ပိုင္းကို ဖုံးဖိလိုက္သည္။ သူ႕ရဲ႕က်န့္က်န့္ေလးကဘယ္ေလာက္ေတာင္ခ်စ္ဖို႔ေကာင္းလိုက္လဲ။ သူဆိုအေတြးနဲ႕တင္ေထာင္ခ်င္လာၿပီ။

အခ်ိန္ကိုက္ဆိုသလို တံခါးပြင့္သြားသည္။ ဧကရီတစ္ပါး၏ အဆင္တန္ဆာအျပည့္ျဖင့္ လွရက္နိုင္လြန္းေသာ ဧကရီက အခန္းျပင္ထြက္လာ၏။

ဘာေၾကာင့္ရယ္မွန္းမသိပဲ ဝမ္ရိေပၚရဲ႕နဂိုမူလ ၿပဳံး႐ႊင္ေနသည့္ မ်က္လုံးေတြက ေအးစက္သြားသည္။ သူ႕ကို ေၾကာက္စိတ္မနည္း ဖုံးကြယ္ရင္းေမာ့ေတာင္မၾကည့္ရဲသည့္ လွရက္နိုင္လြန္းေသာမိန္းကေလးကိုၾကည့္ရင္း သူ႕ႏွလုံးသားတစ္ခုလုံးဗလာက်င္းသြားသလိုခံစားရ၏။

ဒီမိန္းကေလးရဲ႕မ်က္ႏွာနဲ႕အရွိန္အဝါက သူ႕က်န့္က်န့္ေလးနဲ႕ ခြဲမရေအာင္ တစ္ထပ္တည္းတူညီလြန္းသည္။ ဒီေနရာမွာဧကရီနဲ႕ ရင္းႏွီးတဲ့ဘယ္သူ႕မဆို ထိုတစ္ေယာက္မွာ ဧကရီေရွာင္းသာျဖစ္ေၾကာင္းေသခ်ာေပါက္ထြက္ဆိုေပလိမ့္မည္။

ဒါေပမယ့္....ဒါေပမယ့္ ရိေပၚကိုအၿမဲတမ္း ရင္ထဲျပည့္သိပ္ေနေအာင္ခံစားရေစၿပီး အေသးစိတ္ကအစဂ႐ုစိုက္မိတတ္တဲ့ ခံစားခ်က္အလုံးစုံမွာအစေဖာ္မရေအာင္အေပ်ာက္ဆုံးလို႔သြားသည္။ သူ႕မသိစိတ္ထဲကေျပာေနသည္။ ဒီတစ္ေယာက္က သူခ်စ္ရဲ႕ေရွာင္းမဟုတ္ဘူး။ ႐ုပ္ခ်င္းဘယ္ေလာက္တူတူ၊ အရွိန္အဝါခ်င္းဘယ္ေလာက္တူတူ သူအသက္ထက္ ခ်စ္ရတဲ့ သူ႕ရဲ႕ ေရွာင္း မဟုတ္ဘူး။

ဒါဆို က်န့္က်န့္ကဘယ္မွာလဲ။

ဝမ္ရိေပၚရဲ႕မ်က္လုံးေတြမွာ ပိုမိုေအးစက္ခက္ထန္သြားသည္။ ရွင္းရွင္းလင္းလင္းေဖာ္ျပရရင္ ဝမ္ရိေပၚ၏ လက္ရွိပုံစံမွာ ေရွာင္က်န့္ေရွ႕တြင္ေဖာ္ျပေနက် ႏူးညံ့သိမ္ေမြ႕ၿပီး ရွက္တတ္တဲ့ ခင္ပြန္းေသးေသးေလးပုံစံႏွင့္ဆန့္က်င္ဘက္ပင္။

သူ႕မ်က္လုံးေတြထဲတြင္ခံစားခ်က္လွိုင္းေသးေသးေလးတစ္ခုေတာင္မေတြ႕ရပဲ သက္ရွိတိုင္းကို လူေသတစ္ေယာက္လိုမ်ိဳး စိုက္ၾကည့္ေန၏။ ဒါကအစစ္အမွန္ ဝမ္ဧကရာဇ္ရဲ႕ စရိုက္နဲ႕ ပုံစံပင္။

အနီးအနားမွာ ရွိတဲ့ အေစခံေတြက ဝမ္ဧကရာဇ္ဆီက ႐ုတ္တရတ္ျဖာထြက္လာသည့္ေၾကာက္မက္ဖြယ္ရာအရွိန္အဝါနဲ႕ဖိအားေၾကာင့္ ေျခေထာက္ေတြပါတုန္ရီခ်င္လာသည္။

ဧကရီနဲ႕လက္ဆတ္ၿပီးကတည္းက နန္းေတာ္တစ္ခုလုံးစိတ္ခ်မ္းသာစရာအေငြ႕အသက္ေတြနဲ႕ျပည့္ႏွက္ေနတတ္ၿပီး ဧကရာဇ္၏ ခန့္မွန္းမရတဲ့စိတ္အေျခအေနနဲ႕ ေသြးေအးရက္စက္မႈအားလုံးကိုေမ့ေပ်ာက္သြားခဲ့တာ ၾကာၿပီျဖစ္သည္။ ဒါေပမယ့္အခုေတာ့ ခုနကတင္စိတ္အေျခအေန ေကာင္းမြန္တတ္ႂကြေနသည့္ဧကရာဇ္ဟာ အခန္းထဲကထြက္လာသည့္ဧကရီကိုျမင္သည့္အခါတြင္ဘာေၾကာင့္ ဒီေလာက္ထိေအးစက္သြားရသနည္း။

မသိရင္ သူအရမ္းခ်စ္လြန္းလို႔ငုံထားမတတ္ျဖစ္ပ်က္ခဲ့သည့္ဧကရီကို ေနရာမွာတင္လည္ပင္းညွစ္သတ္ျပစ္ခ်င္ေနသလိုမ်ိဳးပင္။ ဒါမွမဟုတ္ ေနရာမွာတင္ ဓားနဲ႕အပိုင္းပိုင္းခုတ္သတ္ျပစ္ခ်င္ေနသလိုမ်ိဳး။

ဝမ္ရိေပၚရဲ႕မ်က္လုံးေတြမွာ သူ႕အေရွ႕က 'ေရွာင္က်န့္' ရဲ႕ ေၾကာက္လန့္ေနတဲ့မ်က္ႏွာကိုျမင္သည့္အခါတြင္ နီရဲတတ္လာသည္။ သူက 'ေရွာင္က်န့္' ကိုဝင္တိုက္မိသြားသည္အထိ အခန္းထဲအသည္းအသန္ေျပးဝင္သြားသည္။ အခန္းထဲ၌ လူသူတစ္ေယာက္မွမရွိပဲရွင္းလင္းေနသည္။ ဒါေပမယ့္ သူ႕ဇနီးေလးရဲ႕ ေသးငယ္တဲ့အေငြ႕အသက္ေလးကိုခံစားမိသည္။

ဝမ္ရိေပၚရဲ႕တစ္ကိုယ္လုံးဟာေၾကာက္လန့္မႈေၾကာင့္တုန္ရီလာသည္။ သူ႕ခႏၶာကိုယ္ကိုေတာင္ ထိန္းခ်ဳပ္နိုင္စြမ္းမရွိေတာ့ပဲ အရာအားလုံးကိုဖ်က္စီး ျပစ္ခ်င္လာသည္။ ဟုတ္တယ္။ ေရွာင္က်န့္သာမရွိရင္ တစ္ျခားအရာေတြကဘာေၾကာင့္ဆက္ရွိေနရအုံးမွာလဲ။

ဝမ္ရိေပၚရဲ႕ပယင္းေရာက္မ်က္ဝန္းအတြင္း၌ ေၾကာက္မက္ဖြယ္ရာဖ်က္စီး ခ်င္သည့္စိတ္ဆႏၵႏွင့္ ႐ူးသြပ္မႈေတြထိန္းမနိုင္သိမ္းမရစုစည္းလာသည္။

သူ႕ရဲ႕ေရွာင္က်န့္ေပ်ာက္သြားၿပီ။

သူ႕ရဲ႕ က်န့္က်န့္ေပ်ာက္သြားၿပီ။

သူ႕ ကိုကိုေပ်ာက္သြားၿပီ။

သူ႕ရဲ႕ က်န့္ေကာေပ်ာက္သြားၿပီ။

ဒီကမၻာတြင္ ေရွာင္က်န့္ကသိသိသာသာသူ႕ထက္အသက္ငယ္ေသာ္လည္းပဲ သူ႕မသိစိတ္ကေန ကိုကို၊ ဒါမွမဟုတ္ က်န့္ေကာ ဟူသည့္ေဝါဟာကို ဘာေၾကာင့္ရယ္မွန္းမသိပဲ ေပၚေပါက္လာေစမိသည္။

ဖ်က္ဆီးျပစ္။ အကုန္ဖ်က္ဆီးလိုက္။ က်န့္ေကာ သာမရွိရင္ အရာအားလုံးကအလကားပဲ။ အသက္ရႈေနတဲ့အရာေတြ၊ သက္ရွိသက္မဲ့အားလုံး ဘာေၾကာင့္ဆက္ရွိေနရအုံးမွာလဲ။ ေသလိုက္!!! အားလုံးေသလိုက္!!!!!

ဝမ္ရိေပၚအနားမွာရွိတဲ့အရာအားလုံးတျဖည္းျဖည္းတြန့္လိမ္လာသည္။ အခ်ိန္ၾကာလာတာနဲ႕အမွ် ဝမ္ရိေပၚရဲ႕ ဖုံးကြယ္ထားတဲ့႐ူးသြပ္မႈနဲ႕ပိုင္ဆိုင္လိုစိတ္မွာပို၍ပို၍ေၾကာက္ဖို႔ေကာင္းလာသည္။ အခုလို သူ႕ရဲ႕က်န့္ေကာ ကအစအနမရွိ ေလထဲမွာေပ်ာက္ကြယ္သြားသည့္ျဖစ္ရပ္မ်ိဳး အရင္ကျဖစ္ခဲ့ဖူးသလိုမ်ိဳး ရင္းႏွီးေနခဲ့သည္။

"ဟို...ဟိုေလ"

ေရွာင္က်န့္ပုံစံေျပာင္းလဲထားသည့္အုန္းသီးက ေၾကာက္လန့္စြာျဖင့္တံေတြးမ်ိဳခ်လိဳက္ၿပီး အခန္းထဲဝင္လာသည္။ အေစခံေတြေခါင္းငုံ႕ထားမွန္းေသခ်ာသည့္အခါတြင္ သူ႕အသံကိုတိုးညွင္းလိုက္ၿပီး ေၾကာက္လန့္တုန္ရီေနသည့္ လက္ေတြျဖင့္စာ႐ြက္ေလးတစ္႐ြက္ကို ဝမ္ရိေပၚရွီရာဆီထိုးေပးလိုက္သည္။

"ေရွာင္...ေရွာင္က်န့္ေပး..ေပးခိုင္းလိုက္လို႔ပါ..."

စိတ္ထဲအာၿဗဲႀကီးျဖင့္ ေအာ္ငိုခ်င္ေနသည့္အုန္းသီးဟာ ဝမ္ရိေပၚနဲ႕ ေပ၂၀ေလာက္အကြာကေန ေၾကာက္လန့္တုန္ရီစြာလွမ္းေပးေနခဲ့ျခင္းျဖစ္တာေၾကာင့္ ဝမ္ရိေပၚနားက တြန့္လိမ္ေနသည့္ေလထုအေျခအေနကိုသတိမထားမိလိုက္ေခ်။

သူသိတာက သူ႕hostေယာက္်ားကအရမ္းေၾကာက္စရာေကာင္းလြန္းသည္။ တစ္ျခားလူေတြေရွ႕က မ်က္ႏွာနဲ႕ သူ႕hostအေရွ႕ေရာက္ရင္ ေဖာ္ျပတဲ့မ်က္ႏွာက လူႏွစ္ေယာက္လို႔ထင္ရေလာက္ေအာင္ကြာျခားလြန္းသည္။

သူလည္း ဘယ္လိုလုပ္ hostေနရာမွာ အစားထိုးဝင္ခ်င္စိတ္ရွိပါ့မလဲလို႔။ ဝူး....ဝူး....။ အုန္းသီးကရိုးသားၿပီး လိမၼာယဥ္ေက်းတဲ့ systemေလးတစ္ခုပါ ။ သူ႕မွာဆဲေတာင္ဆဲတတ္တာဟုတ္ဘူးရယ္။

အတြင္းစိတ္ထဲ သည္းႀကီးမည္းႀကီး မိုးသည္းသည္းထန္ထန္႐ြာသြန္းေနသည့္ system အုန္းသီးဟာ သူခုနေလးတင္ ကမၻာႀကီးကိုကယ္တင္လိုက္တာျဖစ္ေၾကာင္း လုံးလုံးမသိလိုက္ေပ။

ဝမ္ရိေပၚအနားရွိ တြန့္လိမ္ပ်က္စီးစ ျပဳလာသည့္ ေလဟာနယ္ေတြဟာ ခ်က္ခ်င္းျပန္လည္တည္ၿငိမ္သြားသည္။ ဒီကမၻာရဲ႕စည္းမ်ဥ္းေတြခမ်ာ ေပ်ာ္လြန္းလို႔ငိုေႂကြးမိေတာ့မတတ္ေပ။ ေတာ္လိုက္တဲ့အုန္းသီး။

ဝမ္ရိေပၚက အုန္းသီးလက္ထဲရွိ စာ႐ြက္ေလးကို ကမန္းကတန္း ေခါက္ရာမထင္ေအာင္ဆြဲယူ၍ အသည္းအသန္ဖတ္ၾကည့္လိုက္သည္။

[သို႔/

ကြၽန္ေတာ့္ရဲ႕ခ်စ္လွစြာေသာ ေယာက္်ားေရ....ခင္ဗ်ားရဲ႕ ေမြးေန႕အတြက္ ကြၽန္ေတာ္ လက္ေဆာင္ႀကီးတစ္ခုျပင္ဆင္ထားတယ္ဗ်....ကံဆိုးတာတစ္ခုက လက္ေဆာင္က ကြၽန္ေတာ္ကိုယ္တိုင္ပါဝင္ဖို႔လိုအပ္ေနတယ္ေလ....ေမြးေန႕ပြဲမွာရွိတဲ့တစ္ျခားသူေတြသံသယ မဝင္ရေအာင္ 'အုန္းသီး' ကိုကြၽန္ေတာ့္ေနရာမွာအစားထိုး အေနနဲ႕ခဏလႊတ္ထားေပးတယ္ေနာ္....ဒါကခဏပါပဲ....ဒီညမွာကြၽန္ေတာ္ေပးတဲ့ေမြးေန႕လက္ေဆာင္ကို ခင္ဗ်ားႀကိဳက္မယ္ဆိုတာ အာမခံတယ္။

ပုံ / ဝမ္ရိေပၚရဲ႕ အခ်စ္ေလးေရွာင္က်န့္
မြ!! ခ်စ္တယ္ေနာ္....]

ဝမ္ရိေပၚက စာ႐ြက္ေလးကို ညင္ညင္သာသာ ျပန္လည္ေခါက္သိမ္း၍ လုံၿခဳံစိတ္ခ်ရမည့္ ေနရာထဲ ထည့္သိမ္းထားလိုက္သည္။ စာဖတ္ၿပီးေနာက္ သူ႕ရဲ႕ေက်ာက္စိမ္းျဖဴေရာင္နား႐ြက္တစ္ခုလုံးမွာနီရဲေနေလသည္။

ဒါက သူ႕က်န့္က်န့္ရဲ႕ လက္ေရးနဲ႕အေငြ႕အသက္ဆိုတာေသခ်ာသည္။ ေရွာင္က်န့္ရဲ႕ သာမန္အတိုင္း စိတ္ကူးေပါက္ရာ ေရးလိုက္သည့္အႏွီးစာတိုေလးက အမွန္တကယ္ပင္ ဒီကမၻာႀကီးတစ္ခုလုံးကိုကယ္တင္လိုက္နိုင္ခဲ့၏။

ဝမ္ရိေပၚက သူ႕ရဲ႕စိုးရိမ္ပူပန္စိတ္ေတြကိုတစ္ဝက္ေလာက္ေလွ်ာ့ခ်နိဳင္ခဲ့သည္ဆိုေသာ္ျငား အကုန္လုံးေတာ့မဟုတ္ေသးေပ။ ေရွာင္က်န့္ကိုသူ႕မ်က္လုံးေတြနဲ႕ ေသေသခ်ာခ်ာမျမင္မေတြ႕ရမခ်င္း သူ႕ရင္ထဲက ထိတ္လန့္ေၾကာက္လန့္မႈနဲ႕ စိုးရိမ္မႈအလုံးႀကီးကိုေျဖေဖ်ာက္နိုင္မည္မဟုတ္ေပ။

သူက အုန္းသီးကိုလူေသေကာင္တစ္ေကာင္လို စိတ္ဝင္စားမႈကင္းမဲ့စြာၾကည့္ရင္းေမးလိုက္သည္။

"မင္းက အုန္းသီး ဆိုတဲ့တစ္ေယာက္လား"

"ဟုတ္....ဟုတ္ပါတယ္ဗ်"

အုန္းသီးခမ်ာ သူ႕အသံကိုမတုန္ရီလာေစရန္မနည္းထိန္းခ်ဳပ္ထားရရွာသည္။ မင္းတို႔မသိလို႔။ ဝမ္ရိေပၚကတကယ္ေၾကာက္စရာႀကီး။

"အင္း....ငါ့ေနာက္က ခပ္ခြာခြာေနၿပီးလိုက္ခဲ့"

ဝမ္ရိိေပၚက စကားဆက္ေျပာရမည္ကိုေတာင္ပ်င္းရိေနသလိုမ်ိဳး အခန္းထဲမွလွည့္ထြက္သြားသည္။ သူ႕ရဲ႕က်န့္က်န့္က ထူးဆန္းသည့္ေမွာ္အတတ္ေတြနဲ႕ဆက္ႏြယ္ေနတာကိုသူသိသည္။ ဒါေၾကာင့္ ႐ုတ္တရတ္ေပၚလာသည့္ ထို'အုန္းသီး'ဆိုတဲ့တစ္ေယာက္ကို ေရွာင္က်န့္နဲ႕ပတ္သပ္ေန၍ သဝန္တိုစိတ္ႀကီးႀကီးမားမားအျပင္ တစ္ျခားထူးဆန္းသည္ဟုေတြးေတာမေနေခ်။

အကယ္၍ သူ႕ကိုသိေစခ်င္ရင္ ေရွာင္က်န့္ကေျပာျပေပးလိမ့္မည္။ ေရွာင္က်န့္သာ သိေစခ်င္စိတ္မရွိရင္ သူေရငုံႏႈတ္ပိတ္ေနေပးနိုင္သည္။ ေရွာင္က်န့္က သူ မဟုတ္တဲ့တစ္ျခားလူတစ္ေယာက္ကိုခ်စ္ႀကိဳက္သြားတာနဲ႕ သူ႕ကိုထားသြားမွာဆိုတဲ့အခ်က္ႀကီးကလြဲရင္ သူအရာအားလုံးကိုလက္ခံနိုင္သည္။

_________________________________________________________

Continuă lectura

O să-ți placă și

364K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
49.1K 4.1K 93
❄ဆောင်းရာသီရဲ့ နှင်းမှုန်များကို ကြည့်ရင်း သူ့ကို လွမ်းမိတယ် တကယ်တော့ အသက်ရှူတိုင်း လွမ်းမိတာမို့ နှင်းကြောင့် လွမ်းတယ်ဆိုတာ အကြောင်းပြခ...
2.2K 272 5
lee jeonghyeon × shen quanrui (oneshots collection) written in burmese
1.7M 69.8K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...