<Unicode>
တရားဝင်ခွင့်ပြုချက်ရသွားတဲ့နှစ်ယောက်ဟာ အရင်ကထက်ပို၍ချိန်းတွေ့လာကြသလို ရွာထဲမှာလဲပေါ်ပေါ်ထင်ထင်တွဲသွားတတ်ကြသည်။ဆရာတော်ဘုရားကိုယ်တိုင်ကသဘောတူထားတာမို့ ရွာထဲကသူတေကလဲသူတို့ကိုပုံမှန်အတိုင်းဆက်ဆံပေမယ့် လူတစ်ချို့ကတော့ရွံ့ရှာသလိုကြည့်တတ်ကြသည်။သို့ပေမယ့်သူတို့ကဂရုမစိုက် လူရှေ့လဲချစ်ပြသလို လူကွယ်ရာမှာလဲအချစ်မပြယ်ဘူး။နှစ်ဦးသားအတူပေါင်းစည်းရဖိုအတွက်ပဲ သီတင်းကျွတ်လရောက်ရန်လက်ချိုးရေနေတတ်ကြသည်။ရွာနှစ်ပိုင်းကလဲအရင်ကလောက်မတင်းကြပ်တော့သလို သူကြီးနှစ်ယောက်ကတောင်ပွဲလမ်းသဘင်တေအတူတကွကျင်းပပေးတာတေပါလုပ်လာသည်အထိအဆင်ပြေလာသည်။
"သား ရေကြည်ရေ ခနလာပါအုံး"
"ဟုတ်အမေ ဘာခိုင်းမလို့လဲ"
"အဲ့မှာ ပဲလေးတေသွားဆေးပေးပါအုံး ပဲကပ်ကြော်ကြော်ပေးမလို့"
"ပဲကပ်ကြော်လား မောင်ကပဲကပ်ကြော်အရမ်းကြိုက်တာ မောင့်အတွက်ယူသွားပေးလို့ရလား"
"အမလေးအေ ငါကငါ့ယောက်ျားစားဖို့ကြော်ပေးမလို့ဟာကို သွားဆေးသွား! သပ်သပ်ကြော်ပေးမယ်"
"ဟီး အာ့ကြောင့်အမေ့ကိုချစ်တာ မွ"
ရေကြည် ပဲထည့်ထားတဲ့ဇလုံးကိုရေစည်ရှိရာသို့ယူလာကာထိုင်ဆေးနေတော့သည်။ပါးစပ်ကလဲသီချင်းလေးတညဉ်းညဉ်းဖြင့်သာ....
🎶အားကိုးထိုက်တဲ့မောင်ရေ ကိုယ်ချစ်တယ်
မိဘထက်ပိုတောင်ပိုသေးတယ်🎶
ဂလွမ်!
"ဘာမိဘထက်ပိုတာလဲ!ဘာမိဘထက်ပိုတာလဲ!"
ဦးကြည်အေးကနောက်ကနေဇလုံဖြင့်ခေါက်လိုက်ခြင်းသာ..
"အဖေ!သီးချင်းလေးဆိုတာကိုဗျာ"
"မင်းနော်မင်း ကြည့်လုပ်!သိပ်မျက်စိနောက်လာရင်အိမ်ပေါ်ကနှင်ချပစ်မှာ!ရော့ မင်းအမေကဒါပါဆေးတဲ့"
လက်ထဲကဇလုံးကိုရှေ့မှာချပေးပီးထွက်သွားတော့သည်။ရေကြည်နာသွားတဲ့ခေါင်းကိုပွတ်ကာ ထပ်ပေးသွားတဲ့ပဲတေကိုသေချာထိုင်ဆေးလိုက်တော့သည်။
အကြော်ကြော်လို့ပီးတော့ရေကြည်ဘူးလေးတစ်ခုဖြင့်ပဲကပ်ကြော်လေးတေထည့်ကာရွှေရိုးဆီထွက်လာလိုက်သည်။အမေကအများကြီးကြော်ထားပေးပေမယ့် သူ့ဖခင်ကရွှေရိုးကိုသွားပေးမှာသိလို့ လောဘတကြီးပါးစပ်ထဲထိုးသွပ်လိုက်တာမို့ ၅ခုလောက်သာရခဲ့သည်။
ရေကြည်ပျော်ရွှင်စွာအကြော်ဗူးလေးကိုရင်း ရွှေရိုးရှိတဲ့လယ်ထဲသို့ရောက်လာသည်။ရွှေရိုးကသူ့ဖခင်ပိုင်တံလယ်၁၀ဧကမှာငှါးထားတဲ့အလုပ်သမားတေကို လှည့်ပတ်စစ်ဆေးနေသည်။
"မောင်ရေ ငါလာတယ်!"
"အချစ်!"
သူ့ကိုမြင်တော့မျက်နှာကဝင်းပသွားကာအနားကိုပြေးလာပီး...
"နေပူလိုက်တာအချစ်ရယ် ခမောက်လေးတော့ဆောင်းမလာဘူး"
"ဟီး ငါကမင်းကိုတွေ့ချင်ဇောလောသွားလို့မေ့ခဲ့တာ ဒီမှာအမေကပဲကပ်ကြော်ကြော်လို့ မင်းအတွက်ယူလာပေးတာ"
"ဟုတ်ပါပီဗျာ လာတဲထဲသွားမယ်"
လယ်ထဲမှာညစောင့်အိပ်တဲ့သူတေအတွက်ကျောတခင်းစာတဲလေးဆောက်ထားပေးပီး ဘေးမှာသောက်ရေအိုးစင်လေးပါထားထားပေးသည်။ရွှေရိုးကရေအိုးမှရေတစ်ခွက်ခပ်လိုက်ပီး ရေကြည်ကိုတိုက်ကာသူ့ခမောက်နဲ့ယပ်ခတ်ပေးလေသည်။
"ရပါတယ်မောင်ရဲ့ မခပ်နဲ့မင်းလက်ညောင်းတယ်"
"မညောင်းပါဘူးကွာ မောင့်အချစ်ချွေးတေထွက်နေတာကို နောက်တစ်ခါအပြင်ထွက်ရင်တစ်ခုခုဆောင်းဖို့မမေ့နဲ့ကြားလား အပူရှပ်ပီးဖျားရင်မောင်ရင်ကျိုးရချည်ရဲ့ကွာ"
"အင်းပါမောင်ရဲ့"
ရေကြည်အကြော်ဗူးလေးဖွင့်ကာတစ်ခုယူလိုက်ပီး ရွှေရိုးကိုခွံ့ကျွေးလိုက်သည်။
"အချစ်လဲစား"
"ငါကပဲကပ်ကြော်ဆိုထန်းရည်နဲ့မြည်းမှကြိုက်တာ"
နှုတ်ခမ်းလေးဆူပုတ်ကာပြောလာတဲ့ရေကြည်ကြောင့်ရွှေရိုးခပ်သဲ့သဲ့လေးရယ်လိုက်ကာ....
"ထန်းရည်သမားလေး"
"မောင်နော် ဘာထန်းရည်သမားလဲ ငါထန်းရည်မသောက်ရတာမင်းနဲ့တွဲပီးကတည်းကပဲ"
"အဲ့တာကောင်းတာပေါ့ ဘုရားမကြိုက်တဲ့အလုပ်တေမလုပ်တာအချစ်အတွက်ကောင်းတယ်လေ"
"ဒါပေမယ့် ငါကြိုက်တယ်လေ ထန်းရည်လေးနဲ့ငှက်ကင်လေးနဲ့ပဲကပ်ကြော်လေးနဲ့ ဘယ်လောက်မိုက်လိုက်လဲ"
"အချစ်သောက်ချင်လဲသဘောပါ မောင်မတားပါဘူးကွာ"
"ငါ့မှာပိုက်ဆံမှမရှိတာ အဖေက မင်းတို့လက်ထပ်ဖို့စရိတ်တေငါစုထားပေးတာဆိုပီ ငါ့ကိုမုန့်ဖိုးမပေးတော့ဘူး ထားလိုက်ပါ မောင်အလုပ်ရှိသေးတယ်မလား ငါပြန်တော့မယ်"
"မောင်လိုက်ပို့မယ်"
"ရတယ် သိပ်လဲမဝေးပဲနဲ့ ညနေမှထပ်တွေ့ကြမယ်နော်"
"သဘောပါဗျာ နေ့လယ်စာစားဖို့နောက်မကျနဲ့နော်"
"သိပါတယ် မောင်ကလဲ သွားပီ"
"နေအုံး"
ရွှေရိုး ရေကြည့်လက်လေးကိုဆွဲကာပါးလေးကိုရွှတ်ကနဲနမ်းလိုက်ပီး...
"ချစ်တယ်"
"ငါလဲချစ်တယ်"
ရေကြည်ကနားရွက်လေးတေရဲတက်သွားကာရွှေရိုးရဲ့ပါးကျုပြန်နမ်းပီးအိမိသို့ပြန်လာတော့သည်။
................................။💙
<Zawgyi>
တရားဝင္ခြင့္ျပဳခ်က္ရသြားတဲ့ႏွစ္ေယာက္ဟာ အရင္ကထက္ပို၍ခ်ိန္းေတြ႔လာၾကသလို ရြာထဲမွာလဲေပၚေပၚထင္ထင္တြဲသြားတတ္ၾကသည္။ဆရာေတာ္ဘုရားကိုယ္တိုင္ကသေဘာတူထားတာမို႔ ရြာထဲကသူေတကလဲသူတို႔ကိုပံုမွန္အတိုင္းဆက္ဆံေပမယ့္ လူတစ္ခ်ိဳ႕ကေတာ့ရြံ႔႐ွာသလိုၾကည့္တတ္ၾကသည္။သို႔ေပမယ့္သူတို႔ကဂ႐ုမစိုက္ လူေ႐ွ႕လဲခ်စ္ျပသလို လူကြယ္ရာမွာလဲအခ်စ္မျပယ္ဘူး။ႏွစ္ဦးသားအတူေပါင္းစည္းရဖို္အတြက္ပဲ သီတင္းကြၽတ္လေရာက္ရန္လက္ခ်ိဳးေရေနတတ္ၾကသည္။ရြာႏွစ္ပိုင္းကလဲအရင္ကေလာက္မတင္းၾကပ္ေတာ့သလို သူႀကီးႏွစ္ေယာက္ကေတာင္ပြဲလမ္းသဘင္ေတအတူတကြက်င္းပေပးတာေတပါလုပ္လာသည္အထိအဆင္ေျပလာသည္။
"သား ေရၾကည္ေရ ခနလာပါအံုး"
"ဟုတ္အေမ ဘာခိုင္းမလို႔လဲ"
"အဲ့မွာ ပဲေလးေတသြားေဆးေပးပါအံုး ပဲကပ္ေၾကာ္ေၾကာ္ေပးမလို႔"
"ပဲကပ္ေၾကာ္လား ေမာင္ကပဲကပ္ေၾကာ္အရမ္းႀကိဳက္တာ ေမာင့္အတြက္ယူသြားေပးလို႔ရလား"
"အမေလးေအ ငါကငါ့ေယာက်္ားစားဖို႔ေၾကာ္ေပးမလို႔ဟာကို သြားေဆးသြား! သပ္သပ္ေၾကာ္ေပးမယ္"
"ဟီး အာ့ေၾကာင့္အေမ့ကိုခ်စ္တာ မြ"
ေရၾကည္ ပဲထည့္ထားတဲ့ဇလံုးကိုေရစည္႐ွိရာသို႔ယူလာကာထိုင္ေဆးေနေတာ့သည္။ပါးစပ္ကလဲသီခ်င္းေလးတညဥ္းညဥ္းျဖင့္သာ....
🎶အားကိုးထိုက္တဲ့ေမာင္ေရ ကိုယ္ခ်စ္တယ္
မိဘထက္ပိုေတာင္ပိုေသးတယ္🎶
ဂလြမ္!
"ဘာမိဘထက္ပိုတာလဲ!ဘာမိဘထက္ပိုတာလဲ!"
ဦးၾကည္ေအးကေနာက္ကေနဇလံုျဖင့္ေခါက္လိုက္ျခင္းသာ..
"အေဖ!သီးခ်င္းေလးဆိုတာကိုဗ်ာ"
"မင္းေနာ္မင္း ၾကည့္လုပ္!သိပ္မ်က္စိေနာက္လာရင္အိမ္ေပၚကႏွင္ခ်ပစ္မွာ!ေရာ့ မင္းအေမကဒါပါေဆးတဲ့"
လက္ထဲကဇလံုးကိုေ႐ွ႕မွာခ်ေပးပီးထြက္သြားေတာ့သည္။ေရၾကည္နာသြားတဲ့ေခါင္းကိုပြတ္ကာ ထပ္ေပးသြားတဲ့ပဲေတကိုေသခ်ာထိုင္ေဆးလိုက္ေတာ့သည္။
အေၾကာ္ေၾကာ္လို႔ပီးေတာ့ေရၾကည္ဘူးေလးတစ္ခုျဖင့္ပဲကပ္ေၾကာ္ေလးေတထည့္ကာေရႊ႐ိုးဆီထြက္လာလိုက္သည္။အေမကအမ်ားႀကီးေၾကာ္ထားေပးေပမယ့္ သူ႔ဖခင္ကေရြွရိုးကိုသြားေပးမွာသိလို႔ ေလာဘတႀကီးပါးစပ္ထဲထိုးသြပ္လိုက္တာမို႔ ၅ခုေလာက္သာရခဲ့သည္။
ေရၾကည္ေပ်ာ္ရႊင္စြာအေၾကာ္ဗူးေလးကိုရင္း ေရႊ႐ိုး႐ွိတဲ့လယ္ထဲသို႔ေရာက္လာသည္။ေရႊ႐ိုးကသူ႔ဖခင္ပိုင္တံလယ္၁၀ဧကမွာငွါးထားတဲ့အလုပ္သမားေတကို လွည့္ပတ္စစ္ေဆးေနသည္။
"ေမာင္ေရ ငါလာတယ္!"
"အခ်စ္!"
သူ႔ကိုျမင္ေတာ့မ်က္ႏွာကဝင္းပသြားကာအနားကိုေျပးလာပီး...
"ေနပူလိုက္တာအခ်စ္ရယ္ ခေမာက္ေလးေတာ့ေဆာင္းမလာဘူး"
"ဟီး ငါကမင္းကိုေတြ႔ခ်င္ေဇာေလာသြားလို့ေမ့ခဲ့တာ ဒီမွာအေမကပဲကပ္ေၾကာ္ေၾကာ္လို႔ မင္းအတြက္ယူလာေပးတာ"
"ဟုတ္ပါပီဗ်ာ လာတဲထဲသြားမယ္"
လယ္ထဲမွာညေစာင့္အိပ္တဲ့သူေတအတြက္ေက်ာတခင္းစာတဲေလးေဆာက္ထားေပးပီး ေဘးမွာေသာက္ေရအိုးစင္ေလးပါထားထားေပးသည္။ေရႊ႐ိုးကေရအိုးမွေရတစ္ခြက္ခပ္လိုက္ပီး ေရၾကည္ကိုတိုက္ကာသူ႔ခေမာက္နဲ႔ယပ္ခတ္ေပးေလသည္။
"ရပါတယ္ေမာင္ရဲ့ မခပ္နဲ႔မင္းလက္ေညာင္းတယ္"
"မေညာင္းပါဘူးကြာ ေမာင့္အခ်စ္ေခြၽးေတထြက္ေနတာကို ေနာက္တစ္ခါအျပင္ထြက္ရင္တစ္ခုခုေဆာင္းဖို႔မေမ့နဲ႔ၾကားလား အပူ႐ွပ္ပီးဖ်ားရင္ေမာင္ရင္က်ိဳးရခ်ည္ရဲ႕ကြာ"
"အင္းပါေမာင္ရဲ႕"
ေရၾကည္အေၾကာ္ဗူးေလးဖြင့္ကာတစ္ခုယူလိုက္ပီး ေရႊ႐ိုးကိုခြံ႔ေကြၽးလိုက္သည္။
"အခ်စ္လဲစား"
"ငါကပဲကပ္ေၾကာ္ဆိုထန္းရည္နဲ႔ျမည္းမွႀကိဳက္တာ"
ႏႈတ္ခမ္းေလးဆူပုတ္ကာေျပာလာတဲ့ေရၾကည္ေၾကာင့္ေရႊ႐ိုးခပ္သဲ့သဲ့ေလးရယ္လိုက္ကာ....
"ထန္းရည္သမားေလး"
"ေမာင္ေနာ္ ဘာထန္းရည္သမားလဲ ငါထန္းရည္မေသာက္ရတာမင္းနဲ႔တြဲပီးကတည္းကပဲ"
"အဲ့တာေကာင္းတာေပါ့ ဘုရားမႀကိဳက္တဲ့အလုပ္ေတမလုပ္တာအခ်စ္အတြက္ေကာင္းတယ္ေလ"
"ဒါေပမယ့္ ငါႀကိဳက္တယ္ေလ ထန္းရည္ေလးနဲ႔ငွက္ကင္ေလးနဲ႔ပဲကပ္ေၾကာ္ေလးနဲ႔ ဘယ္ေလာက္မိုက္လိုက္လဲ"
"အခ်စ္ေသာက္ခ်င္လဲသေဘာပါ ေမာင္မတားပါဘူးကြာ"
"ငါ့မွာပိုက္ဆံမွမ႐ွိတာ အေဖက မင္းတို႔လက္ထပ္ဖို႔စရိတ္ေတငါစုထားေပးတာဆိုပီ ငါ့ကိုမုန္႔ဖိုးမေပးေတာ့ဘူး ထားလိုက္ပါ ေမာင္အလုပ္႐ွိေသးတယ္မလား ငါျပန္ေတာ့မယ္"
"ေမာင္လိုက္ပို႔မယ္"
"ရတယ္ သိပ္လဲမေဝးပဲနဲ႔ ညေနမွထပ္ေတြ႔ၾကမယ္ေနာ္"
"သေဘာပါဗ်ာ ေန႔လယ္စာစားဖို႔ေနာက္မက်နဲ႔ေနာ္"
"သိပါတယ္ ေမာင္ကလဲ သြားပီ"
"ေနအံုး"
ေရႊ႐ိုး ေရၾကည့္လက္ေလးကိုဆြဲကာပါးေလးကိုရႊတ္ကနဲနမ္းလိုက္ပီး...
"ခ်စ္တယ္"
"ငါလဲခ်စ္တယ္"
ေရၾကည္ကနားရြက္ေလးေတရဲတက္သြားကာေရႊ႐ိုးရဲ႕ပါးက်ဳျပန္နမ္းပီးအိမိသို႔ျပန္လာေတာ့သည္။
................................။💙