<Unicode>
"ရွှေရိုး ဒါဘယ်လဲ!"
အပြင်ထွက်ဖို့ပြင်နေတဲ့ရွှေရိုးကအမေ့ခေါ်သံကြောင့်လန့်သွားသည်။
"အပြင်ခန"
"လာ ငါ့နားလာထိုင်အုံး ငါပြောစရာရှိတယ်"
"မထိုင်တော့ပါဘူး အမေပြောလေ အဲ့ကနေ"
"လာဆိုလာစမ်း!!"
"ဟုတ်"
ရွှေရိုးအမေ့ဘေးဝင်ထိုင်တော့...
"နင်မြောက်ပိုင်းကသူကြီးသားရေကြည်နဲ့တစ်တွဲတွဲလုပ်နေတယ်ဆို"
"ဟုတ်"
"နင့်အဖေသိရင်မလွယ်ဘူးနော် ရွှေရိုး ပေါင်းစရာအဲ့လောက်ရှားလားဟယ်"
"အမေကလဲ ရေကြည်ကစိတ်ထားကောင်းပါတယ်"
"ငါကသူ့ကိုမကောင်းဘူးပြောနေတာမဟုဘူးလေ နင့်အဖေသိရင်ပြဿနာဖြစ်မှာကိုပြောနေတာ"
"စိတ်ချပါအမေရဲ့အဖေမသိစေရဘူး ဒါပဲမလားကျနော်သွားပီ"
"ဟဲ့ကလေးနေအုံးလေ!အော် ငါပြောလို့တောင်မပီးသေးဘူး!"
°°°°°°°°°°°°°°°
ေေရွှရိုးတစ်ယောက်ရေကြည်နဲ့ချိန်းထားတဲ့နေရာကိုသွားနေတုန်းလမ်းခုလပ်တွင်မိန်းကလေးတစ်ယောက်ကိုယောက်ျားနှစ်ယောက်ကနှောက်ယှက်နေတာတွေ့လိုက်ရသည်။ထိုမိန်းကလေးကတခြားသူမဟုတ် သစ်ခွပင်။
"ကိုယ်ကချစ်လို့ပါကွာ"
"နင်မူးနေရင်ကိုယ့်လမ်းကိုယ်သွားစမ်းပါ!"
ထိုလူနှစ်ယောက်ကမူးနေပုံရပီးသူမကိုဆွဲလားရမ်းလားလုပ်နေတာမို့ရွှေရိုးလဲရပ်ကြည့်မနေနိုင်တော့ပဲ....
"မင်းတို့ကိုယ့်လမ်းကိုယ်သွားကြ!"
သစ်ခွကိုသူ့နောက်သို့ပို့ကာအမူးသမားနှစ်ယောက်ကိုပြောလိုက်တော့...
"မင်းကဘာသူရဲကောင်းဝင်လုပ်နေတာလဲ သွားစမ်းပါ!"
"အကိုမသွားမပါနဲ့ သစ်ခွကိုသူတို့နဲ့မထားခဲ့ပါနဲ့နော်"
သူမကသူ့လက်မောင်းကိုအားကိုးတကြီးကိုင်ကာအကူညီတောင်းတော့...
"စိတ်မပူနဲ့"
"မင်းကတောင်ပိုင်းသားမလား ငါတို့မြောက်ပိုင်းကိုဘာလာလုပ်တာလဲ အဟော်!ငါတို့ရွာသူလေးကိုဖွန်လာကြောင်တာမလား ဒီမှာ သစ်ခွကငါတို့အပိုင်းကမိန်းကလေး ငါတို့နဲ့ပဲဆိုင်တယ် မင်းသွားလိုက်တော့!"
ရွှေရိုးပြဿနာမတက်ချင်တာကြောင့်ဘာမှပြန်ပြောမနေနဲ့သစ်ခွလက်ကိုဆွဲပီးထွက်သွားဖို့လုပ်တော့ ထိုအမူးသမားကသူ့အကျင်္ီကိုဆွဲကာထိုးလိုက်တာမို့ တစ်ချက်ခံလိုက်ရသည်။
"မင်းကငါ့ကိုပမာမခန့်လုပ်တာပေါ့ ကဲကွာ!"
ထပ်ထိုးဖို့ရွယ်လာတဲ့လက်ကိုဖမ်းချုပ်ကာလိမ်ချိုးလိုက်ပီးတွန်းလွှတ်လိုက်တော့ နဂိုမူးနေတဲ့အရှိန်ကြောင်မြေကြီးပေါ်မှောက်ယှက်လဲကျသွားတော့သည်။အဖော်ပါလာတဲ့တစ်ယေက်ကလဲသူ့အခြေနေသူသိတာမို့ ရွှေရိုးကိုလက်တုန့်ပြန်မနေတော့ပဲသူလူသူထူကာထွက်သွားတော့သည်။
"ကျေးဇူးတင်လိုက်တာအကိုရယ်"
"ရပါတယ် အိမ်ပြန်မှာမလား"
"ဟုတ် အကိုနဲ့လိုက်လို့ရမလား တော်ကြာ လမ်းမှာထပ်နှောက်ယှက်ခံနေရမှာဆိုးလို့"
"ရပါတယ်"
လမ်းလဲသင့်တာမို့သူလဲငြင်းမနေတော့ပဲလက်ခံလိုက်သည်။သစ်ခွကတော့ပါးတေရဲလို့ရှက်ပြုံးလေးပြုံးနေသည်။ရွာကကွမ်းတော်ကိုင်အလှလေးကတောင်ပိုင်းကသူကြီးသားချောချောလေးနဲ့အတူတွဲလာတယ်ဆိုတဲ့သတင်းကချက်ချင်းပျံ့သွားပီးရေကြည့်နားထဲတန်းရောက်သွားတော့သည်။
ရေကြည်မှာသူတို့ချိန်းထားတဲ့ရေတွင်းနားတွင်နာရီဝက်ကြာအောင်ရွှေရိုးကိုရပ်စောင့်နေပေမယ့် လူကရောက်မလာပဲ သံချောင်းလာပြောတဲ့သတင်းကြောင့်နှုတ်ခမ်းကိုပြတ်ထွက်မတက်ကိုက်ကာ ဒေါသမျက်ရည်များဝဲလာတော့သည်။ထို့နောက်ထပ်စောင့်မနေတော့ပဲပြန်လာတော့သည်။
ရွှေရိုးချိန်းထားတဲ့နေရာရောက်တော့ရေကြည်ကိုမတွေ့ပဲ သူ့ကိုဘုကြည့်ကြည့်နေတဲ့သံချောင်းကိုသာတွေ့တာကြောင့်မေးလိုက်တော့....
"အာစိကခဗျားကိုတင်းသွားပီ ခဗျားကျုပ်တို့ရွာကအလှလေးနဲ့ကြည်နူးနေတဲ့အချိန် ကျုပ်အာစိကခြေအညောင်းခံပီးခဗျားကိုရပ်စောင့်နေတာ ခဗျားဗျာ ခဗျားမို့လုပ်ရက်တယ် အာစိကခဗျားကိုတကယ်ချစ်တာဗျ!!"
"မဟုဘူး မင်းတို့အထင်လွဲနေပီ ငါလဲရေကြည်ကိုတကယ်ချစ်တာ"
"တော်စမ်းပါဗျာ!ခဗျားကိုအခုအာစိကအရမ်းမုန်းသွားပီ"
"နေအုံး ငါရှင်းပြတာမင်းအရင်နားထောင်ပီးရင်ငါ့ကိုကြိုက်သလိုပြော"
"ပြောကြည့်လေ"
"ဒီလိုကွာ @%@^#^#&%*&$%"
ရွှေရိုးအဖြစ်မှန်ကိုသေချာရှင်းပြလိုက်တော့သံချောင်းကသဘောပေါက်သွားပီး....
"အဲ့လိုလား ကျုပ်မသိလို့ပါဗျာ ဒါနဲ့ခဗျားပြောတာသေချာပါတ်နော်"
"မင်းမယုံရင်အဲ့ငမူးနှစ်ယောက်ကိုမေးကြည့် မဟုလဲသစ်ခွကိုသွားမေး"
"ခဗျားပြောတာအမှန်ဆို အာစိကစိတ်အေးသွားမှာ ကျုပ်သေချာရှင်းပြလိုက်ရင်သူစိတ်ဆိုးပြေသွားမှာပါ"
"ရတယ် မင်းသူ့ကိုအဖြစ်မှန်ပဲသေချာပြောလိုက် ချော့တာကငါ့အလုပ် ငါသူ့ကိုပြန်ချော့မယ်"
တစ်ဖက်၌......
"အီးဟီး လူလိမ်ကြီး လူညာကြီး ဟင့် ရုပ်လေးချောသလောက် ယုတ်မာတတ်တဲ့လူယုတ်မာကြီး!!!"
"ဟဲ့ ရေကြည်အခန်းထဲမှာဘာတေအော်နေတာလဲ!"
"အမေရေ အမေရဲ့!!"
"ဟဲ့ ငါမသေသေးဘူး ဘာဖြစ်နေတာလဲ!"
"အမေ့သား နုနုထွတ်ထွတ်လေး အသဲကွဲရပါပီအမေရဲ့!!"
"ဟင်းး ငါစိတ်ညစ်ပါတယ်အေ ဘယ်ကောင်မလေးကငြင်းလိုက်လဲမသိပါဘူး"
"အူး ဟူး အီး!!"
"ကျက်သရေမရှိအော်မငိုစမ်းနဲ့ရေကြည်ရယ်!ငါ့သားလိုချင်ရင် အမေလိုက်တောင်းပေးမယ် ဘယ်နှယ့်လဲ!"
"အီး!!!"
"နင်ကြိုက်တာဘယ်တစ်ယောက်လဲ မိတုတ်လား ဘုတ်ဆုံမလား အပျိုကြီးတင်လှလား မဟုတ်မှ သစ်ခွလား!!!"
"မဟုဘူး တစ်ယောက်မှမဟုဘူး!!"
"မသိတော့ဘူးဟယ်!!နင့်ဟာနင် ငိုချင်လဲငိုတော့အေ တကယ်ပဲ!"
............................။💛
<Zawgyi>
"ေရႊ႐ိုး ဒါဘယ္လဲ!"
အျပင္ထြက္ဖို႔ျပင္ေနတဲ့ေရႊ႐ိုးကအေမ့ေခၚသံေၾကာင့္လန္႔သြားသည္။
"အျပင္ခန"
"လာ ငါ့နားလာထိုင္အံုး ငါေျပာစရာ႐ွိတယ္"
"မထိုင္ေတာ့ပါဘူး အေမေျပာေလ အဲ့ကေန"
"လာဆိုလာစမ္း!!"
"ဟုတ္"
ေရႊ႐ိုးအေမ့ေဘးဝင္ထိုင္ေတာ့...
"နင္ေျမာက္ပိုင္းကသူႀကီးသားေရၾကည္နဲ႔တစ္တြဲတြဲလုပ္ေနတယ္ဆို"
"ဟုတ္"
"နင့္အေဖသိရင္မလြယ္ဘူးေနာ္ ေရႊ႐ိုး ေပါင္းစရာအဲ့ေလာက္႐ွားလားဟယ္"
"အေမကလဲ ေရၾကည္ကစိတ္ထားေကာင္းပါတယ္"
"ငါကသူ႔ကိုမေကာင္းဘူးေျပာေနတာမဟုဘူးေလ နင့္အေဖသိရင္ျပႆနာျဖစ္မွာကိုေျပာေနတာ"
"စိတ္ခ်ပါအေမရဲ႕အေဖမသိေစရဘူး ဒါပဲမလားက်ေနာ္သြားပီ"
"ဟဲ့ကေလးေနအံုးေလ!ေအာ္ ငါေျပာလို႔ေတာင္မပီးေသးဘူး!"
°°°°°°°°°°°°°°°
ေေရႊ႐ိုးတစ္ေယာက္ေရၾကည္နဲ႔ခ်ိန္းထားတဲ့ေနရာကိုသြားေနတုန္းလမ္းခုလပ္တြင္မိန္းကေလးတစ္ေယာက္ကိုေယာက်္ားႏွစ္ေယာက္ကေႏွာက္ယွက္ေနတာေတြ႔လိုက္ရသည္။ထိုမိန္းကေလးကတျခားသူမဟုတ္ သစ္ခြပင္။
"ကိုယ္ကခ်စ္လို႔ပါကြာ"
"နင္မူးေနရင္ကိုယ့္လမ္းကိုယ္သြားစမ္းပါ!"
ထိုလူႏွစ္ေယာက္ကမူးေနပံုရပီးသူမကိုဆြဲလားရမ္းလားလုပ္ေနတာမို႔ေရႊ႐ိုးလဲရပ္ၾကည့္မေနႏိုင္ေတာ့ပဲ....
"မင္းတို႔ကိုယ့္လမ္းကိုယ္သြားၾက!"
သစ္ခြကိုသူ႔ေနာက္သို႔ပို႔ကာအမူးသမားႏွစ္ေယာက္ကိုေျပာလိုက္ေတာ့...
"မင္းကဘာသူရဲေကာင္းဝင္လုပ္ေနတာလဲ သြားစမ္းပါ!"
"အကိုမသြားမပါနဲ႔ သစ္ခြကိုသူတို႔နဲ႔မထားခဲ့ပါနဲ႔ေနာ္"
သူမကသူ႔လက္ေမာင္းကိုအားကိုးတႀကီးကိုင္ကာအကူညီေတာင္းေတာ့...
"စိတ္မပူနဲ႔"
"မင္းကေတာင္ပိုင္းသားမလား ငါတို႔ေျမာက္ပိုင္းကိုဘာလာလုပ္တာလဲ အေဟာ္!ငါတို႔ရြာသူေလးကိုဖြန္လာေၾကာင္တာမလား ဒီမွာ သစ္ခြကငါတို႔အပိုင္းကမိန္းကေလး ငါတို႔နဲ႔ပဲဆိုင္တယ္ မင္းသြားလိုက္ေတာ့!"
ေရႊ႐ိုးျပႆနာမတက္ခ်င္တာေၾကာင့္ဘာမွျပန္ေျပာမေနနဲ႔သစ္ခြလက္ကိုဆြဲပီးထြက္သြားဖို႔လုပ္ေတာ့ ထိုအမူးသမားကသူ႔အက်ီၤကိုဆြဲကာထိုးလိုက္တာမို႔ တစ္ခ်က္ခံလိုက္ရသည္။
"မင္းကငါ့ကိုပမာမခန္႔လုပ္တာေပါ့ ကဲကြာ!"
ထပ္ထိုးဖို႔ရြယ္လာတဲ့လက္ကိုဖမ္းခ်ဳပ္ကာလိမ္ခ်ိဳးလိုက္ပီးတြန္းလႊတ္လိုက္ေတာ့ နဂိုမူးေနတဲ့အ႐ွိန္ေၾကာင္ေျမႀကီးေပၚေမွာက္ယွက္လဲက်သြားေတာ့သည္။အေဖာ္ပါလာတဲ့တစ္ေယက္ကလဲသူ႔အေျခေနသူသိတာမို႔ ေရႊ႐ိုးကိုလက္တုန္႔ျပန္မေနေတာ့ပဲသူလူသူထူကာထြက္သြားေတာ့သည္။
"ေက်းဇူးတင္လိုက္တာအကိုရယ္"
"ရပါတယ္ အိမ္ျပန္မွာမလား"
"ဟုတ္ အကိုနဲ႔လိုက္လို႔ရမလား ေတာ္ၾကာ လမ္းမွာထပ္ေႏွာက္ယွက္ခံေနရမွာဆိုးလို႔"
"ရပါတယ္"
လမ္းလဲသင့္တာမို႔သူလဲျငင္းမေနေတာ့ပဲလက္ခံလိုက္သည္။သစ္ခြကေတာ့ပါးေတရဲလို႔႐ွက္ျပံဳးေလးျပံဳးေနသည္။ရြာကကြမ္းေတာ္ကိုင္အလွေလးကေတာင္ပိုင္းကသူႀကီးသားေခ်ာေခ်ာေလးနဲ႔အတူတြဲလာတယ္ဆိုတဲ့သတင္းကခ်က္ခ်င္းပ်ံ့သြားပီးေရၾကည့္နားထဲတန္းေရာက္သြားေတာ့သည္။
ေရၾကည္မွာသူတို႔ခ်ိန္းထားတဲ့ေရတြင္းနားတြင္နာရီဝက္ၾကာေအာင္ေရႊ႐ိုးကိုရပ္ေစာင့္ေနေပမယ့္ လူကေရာက္မလာပဲ သံေခ်ာင္းလာေျပာတဲ့သတင္းေၾကာင့္ႏႈတ္ခမ္းကိုျပတ္ထြက္မတက္ကိုက္ကာ ေဒါသမ်က္ရည္မ်ားဝဲလာေတာ့သည္။ထို႔ေနာက္ထပ္ေစာင့္မေနေတာ့ပဲျပန္လာေတာ့သည္။
ေရႊ႐ိုးခ်ိန္းထားတဲ့ေနရာေရာက္ေတာ့ေရၾကည္ကိုမေတြ႔ပဲ သူ႔ကိုဘုၾကည့္ၾကည့္ေနတဲ့သံေခ်ာင္းကိုသာေတြ႔တာေၾကာင့္ေမးလိုက္ေတာ့....
"အာစိကခဗ်ားကိုတင္းသြားပီ ခဗ်ားက်ဳပ္တို႔ရြာကအလွေလးနဲ႔ၾကည္ႏူးေနတဲ့အခ်ိန္ က်ဳပ္အာစိကေျခအေညာင္းခံပီးခဗ်ားကိုရပ္ေစာင့္ေနတာ ခဗ်ားဗ်ာ ခဗ်ားမို႔လုပ္ရက္တယ္ အာစိကခဗ်ားကိုတကယ္ခ်စ္တာဗ်!!"
"မဟုဘူး မင္းတို႔အထင္လြဲေနပီ ငါလဲေရၾကည္ကိုတကယ္ခ်စ္တာ"
"ေတာ္စမ္းပါဗ်ာ!ခဗ်ားကိုအခုအာစိကအရမ္းမုန္းသြားပီ"
"ေနအံုး ငါ႐ွင္းျပတာမင္းအရင္နားေထာင္ပီးရင္ငါ့ကိုႀကိဳက္သလိုေျပာ"
"ေျပာၾကည့္ေလ"
"ဒီလိုကြာ @%@^#^#&%*&$%"
ေရႊ႐ိုးအျဖစ္မွန္ကိုေသခ်ာ႐ွင္းျပလိုက္ေတာ့သံေခ်ာင္းကသေဘာေပါက္သြားပီး....
"အဲ့လိုလား က်ဳပ္မသိလို႔ပါဗ်ာ ဒါနဲ႔ခဗ်ားေျပာတာေသခ်ာပါတ္ေနာ္"
"မင္းမယံုရင္အဲ့ငမူးႏွစ္ေယာက္ကိုေမးၾကည့္ မဟုလဲသစ္ခြကိုသြားေမး"
"ခဗ်ားေျပာတာအမွန္ဆို အာစိကစိတ္ေအးသြားမွာ က်ဳပ္ေသခ်ာ႐ွင္းျပလိုက္ရင္သူစိတ္ဆိုးေျပသြားမွာပါ"
"ရတယ္ မင္းသူ႔ကိုအျဖစ္မွန္ပဲေသခ်ာေျပာလိုက္ ေခ်ာ့တာကငါ့အလုပ္ ငါသူ႔ကိုျပန္ေခ်ာ့မယ္"
တစ္ဖက္၌......
"အီးဟီး လူလိမ္ႀကီး လူညာႀကီး ဟင့္ ႐ုပ္ေလးေခ်ာသေလာက္ ယုတ္မာတတ္တဲ့လူယုတ္မာႀကီး!!!"
"ဟဲ့ ေရၾကည္အခန္းထဲမွာဘာေတေအာ္ေနတာလဲ!"
"အေမေရ အေမရဲ႕!!"
"ဟဲ့ ငါမေသေသးဘူး ဘာျဖစ္ေနတာလဲ!"
"အေမ့သား ႏုႏုထြတ္ထြတ္ေလး အသဲကြဲရပါပီအေမရဲ႕!!"
"ဟင္းး ငါစိတ္ညစ္ပါတယ္ေအ ဘယ္ေကာင္မေလးကျငင္းလိုက္လဲမသိပါဘူး"
"အူး ဟူး အီး!!"
"က်က္သေရမ႐ွိေအာ္မငိုစမ္းနဲ႔ေရၾကည္ရယ္!ငါ့သားလိုခ်င္ရင္ အေမလိုက္ေတာင္းေပးမယ္ ဘယ္ႏွယ့္လဲ!"
"အီး!!!"
"နင္ႀကိဳက္တာဘယ္တစ္ေယာက္လဲ မိတုတ္လား ဘုတ္ဆံုမလား အပ်ိဳႀကီးတင္လွလား မဟုတ္မွ သစ္ခြလား!!!"
"မဟုဘူး တစ္ေယာက္မွမဟုဘူး!!"
"မသိေတာ့ဘူးဟယ္!!နင့္ဟာနင္ ငိုခ်င္လဲငိုေတာ့ေအ တကယ္ပဲ!"
............................။💛