Dating With Fussy Jane

By MarenKM21

8.3K 981 84

ဖြစ်နိုင်လျှင် သူမအနားပဲကပ်တွယ်ချင်မိသည်။ ကိုယ်က သူ့ထက်အသက်ကြီးနေတာတောင် သူမအတွက်ဆို ကလေးတယောက်လို အောက်ကျို့... More

What's wrong with you, Kang?
Damn!
You and My buried memories
I stole my cousin's outfits
She is unpredictable
I've just ruined everything
Oh, what a Fox!
How about trying to be a good person?
The beginning of the changes
Nothing wrong with Trying
Trying & Lying
When the changes have a plot twist
What if one of the chapters of this story becomes dark
The Beginning of the side story
How can't I blame you, Anne

Our Side Story

393 60 7
By MarenKM21

ဘယ်လိုလုပ်မလဲ။

ကိုယ်သဘောကျနေတဲ့လူတယောက်မှာ သူနဲ့သက်ဆိုင်တဲ့ အရေးပါတဲ့လူရှိနေတာ။

အန်းပြောခဲ့တဲ့ အနှောင်အသွားမလွတ်တဲ့စကားမျိုးက လူတိုင်းလူတိုင်း တဖက်သားကိုပြောလေ့ရှိတဲ့စကားမျိုးလား ဒါမှမဟုတ် အဲ့လိုစကားမျိုးက ဂျန်းနီအနေနဲ့စိမ်းသက်လွန်းနေတာပဲလား။ ဘယ်လိုပဲဖြစ်ဖြစ် ဇွတ်တရွတ်ဆန်ခဲ့တဲ့ကိုယ့်ကြောင့် အထင်လွဲစရာတွေဖြစ်ကုန်ပြီပဲ။

ဒါပေမယ့် သူကရော ဂျန်းနီကို ဘယ်လိုတောင်လုပ်ရက်ရတာလဲ။ စကားနှစ်ခွန်းတည်းပြောပြီး စိတ်ချလက်ချချန်ရစ်ခဲ့တာက သူ့အကျင့်ပဲလား။ လိုက်ပို့မယ်ပြောလိုက် ထားခဲ့လိုက်နဲ့ ဒီလိုပဲအပြောနဲ့အလုပ် ဆန့်ကျင်နေတာလား။

"ရို့စ်ဇန်းကူပါး"

လက်ခုပ်ထဲကမိုးရေစက်တွေကို ခပ်တွေတွေကလေးကြည့်ရင်း တကိုယ်တည်းရေရွတ်မိသည်။ ဒီလမ်းမထက်မှာ မိုးရေထဲလျှောက်သွားနေတာဆိုလို့ ဂျန်းနီတယောက်သာရှိသည်။ ညအိပ်ဝတ်စုံအညိုလေးဟာ အန်းရဲ့အရိပ်အာဝါသအောက်မှာရှိစဉ်က ဂျန်းနီကိုအနွေးဓာတ်လုံလောက်စွာပေးခဲ့ပေမယ့်လည်း အခုများတော့ အစိုဓာတ်နဲ့ချမ်းစိမ့်စိမ့်ဖြစ်နေခဲ့သည်။

အတွေးတွေထဲစီးမျှောနေခဲ့တဲ့ မိုး‌သည်းသည်းအောက်ကသူမက နှုတ်ခမ်း‌တွေပါတဆတ်ဆတ်တုန်သည်အထိ အအေးဒဏ်ခံနေရသော်လည်း အိမ်ဆီသို့ ခပ်‌ယဲ့ယဲ့ ခပ်ဖြေးဖြေးသာလျှောက်လှမ်းလာခဲ့၏။

ဂျန်းနီအိမ်ထဲသို့ဝင်သည့်အခါ ကိုယ်ပေါ်မှာကပ်ပါလာခဲ့သည့်မိုးရေတို့က ခုန်ပေါက်ပြေးဆင်းလာကြတော့ ဂျန်းနီသွားရာလမ်းတလျှောက် ကြမ်းပြင်ပေါ်မှာ ရေတွေကျန်နေခဲ့‌လေပြီ။

"အမ.."

ရေစက်လက်နဲ့သူမက မျက်လုံးပြူးမျက်ဆံပြူးဖြစ်နေတဲ့ဆူးလ်ဂီကို အဖက်မလုပ်အားဘဲ စာအုပ်စင်အနားကိုသာရောက်အောင်သွားလေသည်။ စင်ရဲ့ဘေးဘက်နံရံကိုအားပြုပြီး လက်နဲ့တွန်းတော့ ပေါ်လာသည့်လျှို့ဝှက်အခန်းတခု။

လျှို့ဝှက်အခန်းထဲဝယ် များစွာသော ဝိုင်စည်ပိုင်းတွေကို အစီအရီထား,ထားပြီး နှစ်ချို့ဝိုင်တွေ၊ နာမည်ကြီးတံဆိပ်ပါသည့် အရက်ပုလင်းတွေကိုတော့ ကျွန်းဗီရိုကြီးထဲမှာ စီရရီပြသထား၏။

ဂျန်းနီ ဗီရိုကြီးရှေ့ငူငူကြီးရပ်နေခဲ့သည်။ များစွာသော ဝိုင်အရက်ပုလင်းတွေကို‌မော်မကြည့်ခင် အင်္ကျီလက်နားစကနေ တစက်စက်ကျနေတဲ့ရေစက်တွေကို အရင်ကြည့်မိသည်။ တကူးတက ရွေးချယ်ခြင်းမရှိဘဲ မျက်စိရှေ့တန်းတန်းက ဝိုင်းပုလင်းကိုဆွဲယူတော့-

"1976 Egon Müller"

Germany ထွက်ဝိုင်မျိုးဖြစ်သည်။ ဒေါ်လာဂဏန်းငါးလုံးတန်ဖိုးနဲ့ဒီဝိုင်က သူများဆီက ရခဲ့သည့်လက်ဆောင်ပဲလား၊ ကိုယ်ကိုယ်တိုင်ဝယ်စုခဲ့သည့်အရာပဲလား ဆိုတာ ဂျန်းနီမမှတ်မိ။ မှတ်ဉာဏ်တွေထဲ တကူးတက မရှာဖွေချင်တာလည်းပါမည်။

အဖုံးဖွင့်ကာ တကျိုက်တည်းမော့သောက်ပစ်သည်။ လည်ချောင်းထဲ အရက်ပြန်တွေလျှောဝင်သွားသလို ခံစားချက်က အခုချိန်ထိ အသားမကျသေး။

"မဟုတ်ဘူး ဟျွန်းရဲ့... တကယ်ပါ ဘုရားစူး မိုးရေတွေစက်လက်နဲ့ပြန်လာတာ။ ကားလည်းပါမလာဘူး။ မနက်ကဝတ်သွားတဲ့အင်္ကျီတွေနဲ့လည်း မဟုတ်ဘူး။ ခေါင်းအစခြေအဆုံး မိုးရေတွေရွှဲနေတာပဲ။ သူအိမ်ထဲစစဝင်လာချင်းတုန်းကဆို မတ်တပ်ရပ်နေတဲ့ဝက်ဝံတကောင်  အိမ်ထဲမိုးဝင်ခိုတယ်လို့ပဲထင်တာ"

ဂျန်းနီရဲ့ပုံစံကိုမြင်ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတဲ့ဆူးလ်ဂီဟာ အကြံမရတဲ့အဆုံး ဂျူဟျွန်းဆီကိုသာ ဖုန်းလှမ်းဆက်မိ၏။

📱....

"ဆူးလ်သိပါတယ် ကုမ္ပဏီမှာသူ့ကားကျန်ခဲ့မှန်း . . ဒါပေမယ့် ဆူးလ်ထင်လိုက်တာက တက္ကစီနဲ့ဖြစ်ဖြစ်ပြန်လာမယ်ပေါ့။ အခုက ဘယ်တွေသွားပြီး ဘာတွေလုပ်ခဲ့သလဲတော့ မသိဘူး။ အိမ်ကို လမ်းလျှောက်ပြန်လာတယ်။ ဒီလောက်မိုးတွေသည်းပြီး လေတွေတိုက်နေတာကို"

📱....

"အခု ဝိုင်ခန်းထဲမှာ။ အင်္ကျီတွေမလဲဘဲ အစိုကြီးနဲ့ဝင်သွားတာ။ အထဲကနေ လော့ခ်လည်းချထားတယ်။ ‌သောက်နေပြီနေမှာပေါ့"

📱....

"မလာပါနဲ့။ သူဒီလောက်ခေါင်းမာတာ။ ‌ဟျွန်းလိုက်လာရင် ပိုရှုပ်ကုန်မယ်။ ဆူးလ်ဘာသာပြောကြည့်ပါအုန်းမယ်။ လိုအပ်မှဖုန်းခေါ်လိုက်မယ်လေ"

📱....

"အင်း စိတ်ချ။ ဒါပဲနော်"

တစ်ဆယ်စက္ကန့်အတွင်း ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီးတဲ့အခါမှာတော့ ဆူးလ်ဂီဖက်ကနေ ဂျန်းနီဆီ စတင်ဆက်သွယ်လေတော့သည်။ အရာအားလုံးဟာ ထင်ထားသလိုဖြစ်မလာတတ်ဘူး ဆိုသည့်နိယာမကြီးကြောင့် ဆူးလ်ဂီရဲ့ဖုန်းခေါ်ဆိုမှုတွေကို ဂျန်းနီဖက်ကအရေးမလုပ်။ မိနစ်နှစ်ဆယ်ကြာအောင် ဖုန်းခေါ်ဆိုအပြီးမှာ ဂျန်းနီဖက်က ဖုန်းအဝင်ကောလ်ကိုလက်ခံလိုက်လေသည်။

"ဟယ်လို.. အမ အပြင်ဖက်ထွက်ပြီး အဝတ်အစားလဲပါအုန်း။ ဝင်လာကတည်းက နှုတ်ခမ်းတွေတုန်ပြီးပြာနေတာ ညီမမြင်တယ်။ သောက်တာကို ခဏရပ်ပြီး အဝတ်အစားထွက်လဲလိုက်ပါလား။ အခန်းထဲထိဝင်မလဲချင်ရင်လည်း ညီမ အဝတ်အစားတွေထုတ်ထားလိုက်မယ်။ နွေးသွားအောင် ကော်ဖီ အာ... ချောကလက်ပူပူလေးတခွက် ဖျော်-"

ပွင့်လာသောစာအုပ်စင်နောက်က ဂျန်းနီပုံစံကြောင့် ဆူးလ်ဂီစကားတွေတောင် ဆက်မပြောနိုင်တော့။ မျက်လုံးတွေကမို့အစ်နေပြီး မျက်လုံးကိုပင်ကောင်းစွာမမြင်ရတော့ပါ။ နှုတ်ခမ်းတွေက ပြာနေရုံမကဘဲ တဆတ်ဆတ်ပါတုန်နေသည်။ လက်ထဲက ပိုက်ဆံအိတ်ကိုဖုန်းနဲ့အတူတွဲကာ ကျစ်ကျစ်ဆုပ်ကိုင်ထားသည့်ဂျန်းနီ-

"အမ.."

ဆူးလ်ဂီက ဘေးနားမှာအရန်သင့်ရှိနေတဲ့ အမွှေးပွတဘတ်ကြီးဖြင့် လွှမ်းခြုံပေးဖို့လုပ်ပေမယ့် ဂျန်းနီက လက်ထဲကပိုက်ဆံအိတ်ကို ဆူးလ်ဂီရင်ဝသို့ပစ်ပေါက်ထည့်လိုက်သည်။ ပိုက်ဆံအိတ်တခုထဲဆိုကိစ္စမရှိပေမယ့် ဖုန်းပါ,ပါသည်မို့ ဆူးလ်ဂီရင်ဘတ်တော်တော်လေးအောင့်သွားသည်။ ဂျန်းနီကတော့ ဘာမှပင်မဆိုဘဲ သူ့အိပ်ခန်းထဲသို့သာဦးတည်ဝင်သွားလေသည်။

ဆူးလ်ဂီ သူ့ကိုစိတ်မဆိုးပါ။ ပိုက်ဆံအိတ်နဲ့ပစ်ပေါက်သည်ဆိုသည်က ပိုက်ဆံအိတ်ကိုသိမ်းခိုင်းသည့်သဘော။ ဂျန်းနီစိတ်ပင်ပန်းနေသည့်အချိန်မျိုး၊ ဒေါသထွက်နေသည့်အချိန်မျိုးတို့တွင် စကားမပြောချင်သည့်အခါ ထိုသို့ပြုမူတတ်သည့်ဂျန်းနီအကျင့်ကို ဆူးလ်ဂီနောကြေနေခဲ့ပါပြီ။

တအောင့်လောက်နေမှ ဂျန်းနီမသိအောင် အခန်းထဲဝင်ကြည့်တော့မည်။ သော့ခတ်ထားလည်း သော့အပိုတွေနဲ့ဖွင့်ပြီးဝင်ရမည်။ ဒီလိုပုံစံမျိုးနဲ့ တကူးတက အဝတ်အစားလဲမည့်သူမဟုတ်လို့ အဝတ်အစား‌လဲဖို့လည်းလုပ်ပေးရမည်။

ဂျန်းနီဘာတွေဖြစ်ခဲ့လဲဆိုတာ ဆူးလ်ဂီသေလောက်အောင်သိချင်ပေမယ့် တဖက်မှာလည်း ဂျန်းနီကိုဖိအားပေးပြီးမမေးချင်။ သူ့စိတ်နဲ့သူ ဆူးလ်ဂီကိုပြောပြာလာမှ နားထောင်လိုက်မည်။ ဒါမှမဟုတ်လည်း ဂျူဟျွန်းနဲ့တိုင်ပင်ပြီး တခုခုထူးအောင်လုပ်ရမည်။ မကောင်းတဲ့ကိစ္စတခုခုသာ ဂျန်းနီမှာဖြစ်လာခဲ့လျှင် အားကိုးစရာဆိုလို့ ဆူးလ်ဂီနဲ့ဂျူဟျွန်းသာ သူ့မှာရှိသည်။

ဂျန်းနီသာ ကိစ္စတွေကို ခေါင်းမာပြီးအံကြိတ်ခံမနေလျှင် အရာရာဟာထင်တာထက် ပိုလွယ်ကူသွားနိုင်သည်။

🐛

"သက်သာရဲ့လား သူ.."

"ဟုတ်။ ဆရာဝန်ကတော့ နှစ်ရက်လောက်ဆေးရုံမှာနားခိုင်းတယ်။ ကြီးကြီးမားမားကြီးထိခိုက်တာမရှိပေမယ့် လန့်ပြီးရှော့ခ်ဖြစ်သွားတော့ ညီမလည်းစိုးရိမ်ပြီး ဒီမှာအနားယူဖို့ ဆရာဝန်ကိုအကူအညီတောင်းလိုက်တာ"

ရီနာ့ရဲ့ရှင်းပြမှုအောက်မှာ အန်းက ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် သေချာနားထောင်နေသည်။

"ဘယ်လိုဖြစ်ကြတာလဲ"

ဆေးရုံရောက်ကတည်းက လူနာအခြေအနေကိုပဲမေးခဲ့သူမို့ အန်းတယောက် ဖြစ်ကြောင်းကုန်စင်မသိသေး။

"ကျောင်းဆင်း အိမ်ကိုလမ်းလျှောက်ပြန်ရင်း မိုးရွာတော့ သွားလာနေတဲ့ကားတစ်စီးက ဘီးချော်သွားပြီး ညီမတို့နှစ်ယောက်ဆီတည့်တည့်ဝင်လာတာ။ သူကရှောင်နိုင်ပေမယ့် ညီမက မရှောင်နိုင်တော့..."

ရီနာက ပြောနေရာကနေခဏရပ်လိုက်ပြီး အန်းကိုတချက်ကြည့်သည်။ တောင်းပန်တိုးလျှိုပြီး အားနာနေသည့်မျက်နှာရိပ်မို့ အန်းက ဆက်ပြောလို့ရတယ် ဆိုသည့်သဘောမျိုးနဲ့ အသာခေါင်းဆတ်ပြလိုက်သည်။

"သူက ညီမ‌ကိုတွန်းထုတ်ပြီး အစားဝင်ခံလိုက်သလိုဖြစ်သွားတယ်"

"မင်း ဘာမှတော့မဖြစ်ဘူးမလား"

အန်းက ရီနာ့ရဲ့လက်မောင်းတွေကို ခပ်ဖွဖွ‌ကိုင်ပြီးမေးလာသည်။ အန်းရဲ့မျက်ဝန်းတွေမှာ သူမအပေါ်စိုးရိမ်မှုအပြည့်နဲ့ပဲမို့ ရီနာအမှန်ပင်စိတ်အေးသွားရပါသည်။

ကိုယ့်အမှားလုံးလုံးကြီးမဟုတ်ပေမယ့် ကိုယ့်ပယောဂလည်းမကင်းဘူးမလား?

"ကျောနဲ့ပလတ်ဖောင်းတော့ရိုက်မိသွားတယ်။ ဒါပေမယ့် ညီမမနာပါဘူး"

"အို မဟုတ်တာ။ ပြစမ်း.."

အန်းက အလျင်စလိုဖြင့် ရီနာ့ရဲ့ခပ်ရွံရွံဖြစ်သွားတဲ့အားနာမှုကိုတောင် နားလည်မပေးနိုင်ဘဲ ရီနာ့ခန္ဓာကိုယ်ကို ဇွတ်တရွတ် တပတ်လှည့်ပြီးစူးစမ်းလေသည်။ ခပ်စူးစူးအကြည့်တွေနဲ့ သူမကျောဘက်ကိုစစ်ဆေးနေတဲ့အန်းကြောင့် ရီနာသဘောအကျကြီးကျနေမိ၏။

"အမရယ်.. ညီမ အကျောကပ်ပလာစတာကပ်ပြီးပါပြီ။ ဆရာဝန်ကလည်း စိတ်မပူရဘူးတဲ့။ အဆင်ပြေပါတယ်။ နည်းနည်းဒဏ်ကျန်ရုံလောက်ပဲရှိမှာ"

"မပေါ့စမ်းနဲ့ ရီနာ။ မင်းလည်း သူနဲ့နေပြီး ပြီးစလွယ်နေတတ်တဲ့အကျင့်တွေတတ်မလာစေနဲ့"

ရီနာက သူမကိုယ်ပေါ်ပြေးလွှားနေတဲ့ အန်းရဲ့လက်တွေကိုစုကိုင်လိုက်ပြီး

"အင်းပါ အမရဲ့ . . စိတ်မပူပါနဲ့။ အခုတော့ ပြန်တော့နော်။ သူတွေ့သွားရင် ညီမတို့နှစ်ယောက်မလွယ်ဘူး"

အန်းက ရီနာ့ရဲ့နက်မှောင်ဖြောင့်စင်းနေတဲ့ဆံနွယ်တွေကို နားနောက်ညှပ်ပေးကာ အသာအယာခေါင်းငြိမ့်ပြလေသည်။

"သူ့ကို သေချာလေးဂရုစိုက်ပေးပါ ရီနာ။ သူက မင်းစကားဆို တော်တော်များများနားထောင်တယ်ရယ်"

"သိပ်လည်းအထင်မကြီးပါနဲ့ အမ။ သူက ဆယ်ခါပြောမှ တစ်ခါနားဝင်တာရယ်။ ဒါတောင် ညီမဖက်က အားတိုင်း နားပူနားဆာလုပ်နေလို့"

"ဘာပဲဖြစ်ဖြစ် မင်းကိုသူသိပ်ခင်တွယ်လွန်းလို့ နားဝင်တာပေါ့။ တို့ဆို ဝင်တောင်မပြောရဲဘူး။ တို့ကိုရွဲ့ပြီးလုပ်တာကိစ္စမရှိပေမယ့် အဲ့လိုကနေ အမှားတွေလုပ်မိမှာစိုးတယ်လေ။ အဲ့တာကြောင့်မို့လို့လည်း သူနဲ့ပတ်သက်တာတခုခုဆို တို့က ကလေးတ‌ယောက်လို မင်းကိုပဲအပူကပ်နေရတာပေါ့ ရီနာရယ်"

အန်းရဲ့စကားလုံးတွေအောက်မှာ ရီနာ့ရဲ့နှလုံးခုန်သံလေးဟာလည်း စည်းချက်ဝါးချက်ရှိလှပေသည်။ တက်ခဲ့သမျှကျောင်းတိုင်းမှာ နှစ်ယောက်မရှိကွင်းန်ဖြစ်ခဲ့သည့် ရီနာက အန်းရဲ့‌ဖော်ပြဖို့မလွယ်တဲ့အလှမှာ နစ်မြောပြီးရင်းနစ်မြောခဲ့သည်။ သို့သော် လေးနက်တဲ့စိတ်ခံစားချက်တွေမပါဘဲ သဘာဝအလှကိုထိတွေ့ချင်တဲ့ သာမန်လူတ‌ယောက်လိုသာဖြစ်သည်။

နက်မှောင်ဖြောင့်စင်းပြီး သန်စွမ်းလှတဲ့ဆံနွယ်တွေနဲ့ရီနာက အရပ်ရှည်ပြီးသွယ်လျကာ မျက်နှာလည်းသေးသွယ်သေးသည်။ နှုတ်ခမ်းအောက်က မှည့်သေးသေးလေးနဲ့ နွေးထွေးလှတဲ့အပြုံးပိုင်ရှင် ရီနာ့ကို ဆိုးလ်မြို့ရှိကျောင်းတိုင်းမှမသိသူမရှိ။ အနုပညာနဲ့ပတ်သက်သမျှ အကျွမ်းတဝင်ရှိကာ မိန်းမတို့အိန္ဒြေရွှေပေးလို့မရဆိုသလို သူ့အထာနဲ့သူ တည်တည်တံ့တံ့ကလေးနေလေ့ရှိသည်။ အပြုအမူတို့ စကားပြောဟန်တို့က နူးညံ့သိမ်မွေ့သည်မို့ ကျောင်းသူအများစုရဲ့ စောက်တလွဲ pick me girl ဟုခေါင်းစဉ်တပ်ပြီး လူမုန်းလည်းခံရသေးသည်။ လူသိများသော်လည်း ခင်မင်ရင်းနှီးပြီး ပေါင်းသင်းသည့်သူငယ်ချင်းဆိုလို့ အယ်ရီဆိုသည့် အတန်းတူကောင်မလေးနှင့် သူမထက်နှစ်နှစ်ငယ်သည့် "သူ" သာရှိသည်။

သူလား? သူကတော့ ရီနာနဲ့ဆန့်ကျင့်ဘက်ပင်။ ပုခုံးပေါ်ဝဲနေတဲ့ ခပ်တိုတိုဆံနွယ်နက်နက်တွေကို လိမ္မော်ရောင်ဟိုက်လိုက်ဖောက်ထားသည်။ ရီနာ့လောက်အရပ်မရှည်ပေမယ့် သွယ်လျကျစ်လစ်သည်။ အားကစားတွင်ထူးချွန်ပြီး လူသိများသလို အပေါင်းအသင်းလည်းများလှသည်။ ခပ်အေးအေးနဲ့ မထီမဲ့မြင်လုပ်တတ်တဲ့ပုံစံကြောင့် ဆရာ၊ဆရာမတွေရဲ့ အချစ်တော်ဆိုလည်းမမှား။ ရုံးခန်းကို အိမ်ဦးနဲ့ကြမ်းပြင်လို တံခါးမရှိဓားမရှိ ဝင်ထွက်သွားလာတတ်၏။ ကြီးကြီးမားမားပြဿနာရှာခြင်းဆိုသည်ထက် ကျောင်းတွင်းအနိုင်ကျင့်မှုတွေကို မခံနိုင်၍ သူများကိစ္စတွေ၌ဝင်ပါမိပြီး ရုံးခန်းရောက်တတ်ခြင်းဖြစ်သည်။ အတန်းတူတဲ့ဘာသာရပ်ချိန်တို့ နားချိန်တို့ဆို ရီနာကအမြဲ‌ဝင်ထိန်းတတ်၏။ စိတ်ဆတ်သည့်သူမို့ အကြည့်တချက်ပျက်လျှင် ရီနာစိုးရိမ်စမြဲ။ သို့သော်-

ရီနာကတော့ ကျောင်းသားများအတွက် တီဗီဖန်သားပြင်‌ပေါ်မှာတွေ့လေ့ရှိတဲ့ အမျိုးသမီးအိုင်ဒေါလ်တွေနဲ့ မထူးခြားနားအဆင့်တွင်ရှိသည်။ ဒီ့ထက်လည်း ပိုကောင်းပိုနေနိုင်သည်။ ကျောင်းတက်ကျောင်းဆင်း‌ချိန်တွေဆို ရီနာတို့ကျောင်းရှေ့ ကားတွေပလူပျံနေတတ်သည်။ တခြားကျောင်းမှ သာမန်ကျောင်းသားတွေအပြင် ငွေရှိဂုဏ်ရှိကျောင်းသားများ၊ လူကုံထံအသိုင်းအဝိုင်းမှလူငယ်များက ကားတွေနဲ့အပြိုင်အဆိုင် ရီနာ့ကိုလာပိုးပန်းတတ်ကြသည်။ တခါတရံ အိမ်အပေါက်ဝအထိပါ လက်ဆောင်တွေလာလာထားတတ်ကြ၏။ ရီနာ့ဖက်က အပြတ်အသတ်ငြင်းလွှတ်သော်လည်း လက်ခံပေးတဲ့သူရှိသလို ဇွဲကောင်းသည့်သူများလည်းရှိသည်။ ကြာကြာဇွဲကောင်းနိုင်သော်လည်း စိတ်ရှည်သည်းခံမှုတွေကတော့ ကြာရှည်မခံကြပါ။

ဤသည်မှာ ယနေ့လိုဖြစ်ရပ်မျိုးကိုခေါ်ခြင်းဖြစ်သည်။

"ဘာတွေမေးသေးလဲ"

"နင့်အခြေအနေရယ် ဘာကြောင့်ဖြစ်တာလဲဆိုတာရယ်ပေါ့"

ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေခဲ့တဲ့သူက အပြင်မှာရပ်စကားပြောခဲ့တဲ့ အန်းနဲ့သူမကြားကစကားဝိုင်းကို စပ်စုချင်ပုံရသည်။

"ဘယ်လို‌ဖြေလိုက်လဲ"

"အမှန်အတိုင်း‌ပဲပေါ့"

ရီနာက ဂရုမစိုက်ဘူးဆိုတဲ့ပုံစံနဲ့ ပုခုံးတွန့်ပြီးဖြေသည်။ ကုတင်ပေါ်ကနေ ဝါးစားမတတ်ကြည့်နေတဲ့သူ့ကိုမြင်မှ ရီနာလက်တခါခါဖြင့် ကြောက်ကန်ကန်ပြီးငြင်းရသည်။

"ချန်သင့်သလောက်တော့ ချန်လိုက်ပါတယ်"

"သေချာတယ်နော်။ ‌နောက်နေ့မနက်ခင်းမှာ သူပန်းစည်းကြီးကိုင်ပြီး ငါ့ဆေးရုံအခန်းထဲရောက်နေတာမမြင်ချင်ဘူး"

"သေချာပါတယ်။ ရန်ဖြစ်တဲ့ကိစ္စရော ကားနဲ့တမင်တိုက်တဲ့ကိစ္စရော ငါမပြောလိုက်ပါဘူး"

ဒီတော့မှ သူက ရီနာ့ဆီက အကြည့်လွှဲ၏။ စိတ်ချသွားသည့်ပုံစံဖြင့် လက်တွေကိုခပ်ပြေပြေပိုက်ကာ ကုတင်ပေါ်ကျောပြန်ခင်းလိုက်တဲ့သူ့ကြောင့် မေးသင့်မမေးသင့်စဉ်းစားနေခဲ့တဲ့မေးခွန်းကို ရီနာထုတ်မေးပစ်လိုက်သည်။

"အဲ့ကောင်တွေကို ဘာလုပ်ဖို့စဉ်းစားထားလဲ"

"ပြန်ပေးဆပ်ခိုင်းမှာပေါ့။ ငါရောနင်ရော ကျောနာသွားတာပဲ"

ကြည့်ပါလား တခုခုဆိုလက်တုံ့ပြန်ဖို့ဝန်မလေးဘူး။

"ဒီတခါတော့ လက်ရှောင်လိုက်ပါတော့နော်"

နှုတ်ခမ်းလေးတဆူဆူဖြင့် တောင်းတောင်းပန်ပန်ပြောလာတဲ့ရီနာ့ကြောင့် သူကကုတင်ပေါ်ကနေ လဲလျောင်းလျက်နဲ့ မျက်လုံးတဖက်ဖွင့်ကြည့်လာသည်။

"မရှောင်နိုင်ပါဘူး။ ဘယ်သူ့သားသမီးနေနေ ပြန်ပေးဆပ်ခိုင်းမှာ"

"Jake တို့ Jay တို့ရှိတယ်လေ။ သူတို့ကိုပဲ အကြောင်းစုံပြောပြပြီး ရန်ဖြစ်ခိုင်းလိုက်ပေါ့ မဟုတ်ဘူးလား"

"သူများဝင်ပါတာ မကြိုက်ဘူး"

တခွန်းဆိုတခွန်း ပြတ်ပြတ်သားသားပြောတတ်တဲ့သူ့ကြောင့် ရီနာဦးနှောက်ခြောက်ရသည်။ လက်ပါခြေပါရန်ပွဲတွေကို ရီနာစိတ်ကုန်လှပြီ။ ဝင်တားတိုင်း တွန့်ချိုးသွားတဲ့မျက်ခုံးတွေပိုင်ရှင်ကိုလည်း စိုးရိမ်ပူပန်ရသည်။

"ဒါပေမယ့် စဉ်းစားကြည့်လိုက်တော့လည်း ဒီတခေါက် လက်ရှောင်လိုက်တာကောင်းမယ်ထင်တယ်"

ရီနာက သူ့အပြောကြောင့် နှုတ်ခမ်းလေးတွေခပ်ဆူဆူဖြစ်ပြီး ဝမ်းနည်းဝမ်းသာရုပ်ဖြစ်ရပြန်သည်။ လက်နှစ်ဖက်ကိုလည်း ပူးကာပွတ်ကာဖြင့် နဖူးရှေ့ထားထားသေးသည်။ ရီနာကျေးဇူးတင်နေပုံက နတ်ဝင်သည်နဲ့ဆင်သည်။

"ငါလက်ရှောင်တာ နင့်ကြောင့်နော်"

ကုတင်ပေါ်ကနေ မျက်စိမှိတ်ကာ သံသယကင်းကင်းနဲ့ ပြောထွက်လာတဲ့သူ့စကားကြောင့် ရီနာက အံ့ဩသည့်ပုံစံဖြင့် ကိုယ့်ကိုကိုယ်လက်ညှိုးပြန်ထိုးမိ၏။

"နင့်ရဲ့ချစ်စရာမကောင်းတဲ့ ချစ်စရာကောင်းမှုတွေကို မခံစားနိုင်တော့လို့။ တနည်းပြောရရင် အော်ဂလီဆန်လာလို့ အော့.."

တချိန်လုံး ကုတင်ပေါ်လဲလျောင်းပြီး မျက်စိမှိတ်စကားပြောလာတဲ့သူက ကောက်ခါငင်ခါထပြီး ပါးစပ်ထဲလက်ညှိုးထည့်ကာ အော့အန်သည့်ပုံစံလုပ်ပြနေသည်မို့ ရီနာက သူ့ခေါင်းအောက်ကခေါင်းအုံးကို လှစ်ခနဲ ဆွဲယူလိုက်ပြီး သူ့ကိုအဆက်မပြတ်ထုရိုက်လေသည်။

"အား.. နာတယ်ဟ နာတယ်။ တော်တော့ ခါရီနာ(Karina)"

"မတော်ဘူး။ နင့်ကို တစစီဆွဲစုတ်ပြီးမှတော်မယ် ရှင်းလျူးဂျင်(Shin Ryujin)"

ယောက်ျားလေးတွေကြားမှာ နာမည်ကြီးတဲ့ ခါရီနာ။

မိန်းကလေးတွေကြားမှာနာမည်ကြီးတဲ့ ရှင်းလျူးဂျင်။

သည်းမခံနိုင်တဲ့နေရာမှာ နှစ်ယောက်မရှိတဲ့သူ့ကြောင့် ဒီနေ့လိုမတော်တဆမဟုတ်တဲ့ မတော်တဆမှုမျိုးဖြစ်သွားတယ်ဆိုပေမယ့် သူမကိုကာကွယ်ပေးရင်းဖြစ်သွားတယ် ဆိုတဲ့အချက်ကြောင့် ရီနာ့ဖက်က လျူးဂျင်ကိုလျစ်လျူမရှုနိုင်သလို ပိုလို့တောင်ဂရုစိုက်ပေးရမယ်ဆိုတဲ့အသိပါဝင်လာသေး၏။

🐛

"ဘယ်လိုလုပ်မလဲ။ သူက ဆူးလ်စကားမှနားမထောင်တာ"

"အတင်းသွားလဲပေးရင်ရော?"

"နှင်ထုတ်ခံချင်နေတာလား ဟျွန်း"

ဆူးလ်ဂီရော ဂျူဟျွန်းရော သက်ပြင်းသာချလိုက်ရသည်။

ဂျန်းနီ သူ့အခန်းထဲဝင်သွားပြီးသိပ်မကြာခင်မှာပဲ ဆူးလ်ဂီ ချောကလက်ပူပူလေးဖျော်ပြီး သူ့အခန်းထဲဝင်လာခဲ့၏။ စောင်ပုံကြီးထဲမှာကွေးနေတဲ့ဂျန်းနီကို သာမန်လို့ပဲထင်ခဲ့မိတာ . . တကယ်တော့ ဂျန်းနီက ရေစိုအဝတ်တွေကိုမလဲဘဲ အိပ်ရာထဲဝင်ခွေနေခဲ့ခြင်းဖြစ်သည်။ ဆူးလ်ဂီ သူ့ကိုအဝတ်လဲခိုင်းဖို့ပြောလည်း ခွန်းတုံ့ပြန်ခြင်းမရှိဘဲ အိပ်ရာထဲပဲခွေနေတာမို့ ဂျူဟျွန်းကိုသာဖုန်းဆက်လိုက်ရ၏။ အခု ဂျူဟျွန်းကပါ အကြံကုန်‌နေပြီမို့-

"ဆူးလ်.. မင်းအပြင်မှာစောင့်နေ။ တို့ပဲဝင်သွားလိုက်တော့မယ်"

"ဟာ ဖြစ်ပါ့မလား"

"ဖြစ်အောင်လုပ်ရမှာပဲလေ"

ဂျူဟျွန်းက ကိုယ့်စိတ်ကိုယ်အတတ်နိုင်ဆုံးဖြေလျှော့ပြီး အခန်းထဲသို့ဝင်လေသည်။ အိပ်ခန်းထဲဝယ် ဂျန်းနီက တံခါးကိုကျောပေးလျက်နဲ့ ပြတင်းပေါက်ဖက်မျက်နှာမူကာ ကုတင်ပေါ်လဲလျောင်းနေသည်။ အသက်ရှူသံပင်မကြားရသည်မို့ အနည်းငယ်ပင် ထိတ်လန့်မိသည်။

"ဂျူဟျွန်းလား"

"အဝတ်အစာမလဲဘူးဆို"

"ဘယ်သူပြောလဲ"

"ဆူးလ်ဂီပေါ့"

ဂျန်းနီဖက်က ဘာမှဆက်ပြောမလာ။

ဂျူဟျွန်း သူ့ကုတင်ခြေရင်းသို့ ခြေသံဖွပြီးသွားလိုက်သည်။ လေတိုးသံမပြောနဲ့ အသက်ရှူသံပင်မကြားရတဲ့အခန်းထဲ ကိုယ်ဖေါ့ပြီးသွားနေတဲ့သူမကြောင့် ဂျန်းနီဖက်ကလှုပ်လှုပ်ရှားရှားစဖြစ်လာတော့သည်။

"ငါအဝတ်အစားလဲမယ်ဆို နင့်ဖက်က တခုခုပြန်လုပ်ပေးနိုင်မလား"

"ပြောကြည့်လေ"

ငုတ်တုတ်ထထိုင်ကာ သူမဖက်လှည့်ကြည့်လာတဲ့ဂျန်းနီကြောင့် ဂျူဟျွန်းစိတ်ထဲ ငလျင်အသေးစားလှုပ်ခတ်သွားလေသည်။ အကြောင်းအရင်းကား ပြတ်သားမှုတွေကိုကွယ်ဝှက်ထားတဲ့ သိမ်မွေ့နူးညံ့နေတဲ့ကြောင်မျက်ဝန်းတွေကြောင့်ပင်။ ပုန်းလျှိုးကွယ်လျှိုးလုပ်တတ်ပြီး လိုချင်တာရအောင်ယူတတ်သည့်မိန်းမမျိုးဖြစ်သည့် ဂျန်းနီဂျိန်း။

"ရို့စ်ဇန်းကူပါးရဲ့ဖိုင်တွဲကို ခဏငှားပေးလို့ရမလား"

ကောင်းတဲ့ခံစားချက်ရော မကောင်းတဲ့ခံစားချက်ရောနှောင့်ယှက်နေသည်မို့ ဂျန်းနီကိုပေးလိုက်ဖို့ရာတွန့်ဆိုနေတယ်ဆိုရင် ဂျူဟျွန်းလွန်ရာများကျမလား။

မတွေးတတ်တော့။ စဉ်းစားချင့်ချိန်ပြီး ဆုံးဖြတ်ဖို့လိုအပ်လာလေပြီ။

Tbc... 🥀🐛

Continue Reading

You'll Also Like

424K 28.9K 43
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
1M 35.2K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
99.6K 3.5K 36
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
434K 13K 95
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...