''အချစ်ဟုခေါ်သည်''

By Ei_25_10

265K 12.1K 170

အထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသား​ပေးရေးထားခြင်းဖြစ်သည်။ More

(Intro)
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55(Final)
မမစိမ်း❤

Part-48

3.7K 194 4
By Ei_25_10

(Unicode)

''စိမ်း နင်စိတ်နဲ့ ကိုယ်လည်း ကပ်ပါအုံးဟာ''

ကလျာ မိမိ၏ သူငယ်ချင်းဖြစ်သူအား အားပေးနှစ်သိမ့်နေရသည်။ နေမကောင်း၍ ကျောင်းမတက်နိုင်သည်မှာ ယခုဆိုလျှင် ၃ရက်ပင်ရှိနေပြီ။ မျက်ကွင်းများလည်းညိုကာ
နှုတ်ခမ်းတို့ဟာလည်း သွေးမရှိသည့်အလား ဖြူဖျော့လို့နေ၏။ ချောင်ကျနေသည့် မျက်နှာလေးဟာတော့
စိတ်ဓာတ်အလွန်ကျနေသည့် မျက်နှာအနေအထားဖြင့်။

''စိမ်း နင်နေကောင်းဖို့လိုတယ်ဟ.... ပြဿနာတွေ
ဖြေရှင်းရအုံးမယ် မဟုတ်လား...အားတင်းထားပါ စိမ်းရယ်''

''ကလျာ...ဘာလို့များ သူ ငါ့အပေါ် အဲ့လောက်ထိ
လုပ်ရက်သလဲ မသိဘူးဟာ...ငါလေ သူ့ကို သိပ်ချစ်တာဟ''

အားမရှိသည့် တိုးလျှနေသော လေသံလေးဖြင့် ပြန်ပြောရင်း
မျက်ဝန်းထက်က ဝေ့သီနေသော မျက်ရည်တို့ဟာ
ပါးပြင်ထက်သို့ တပေါက်ချင်း စီးကျလာတော့သည်။
ထိုအခါ ကလျာက စိမ်း၏ လက်လေးအား ဆုပ်ကိုင်ကာ...

''စိမ်းရယ်...ရိပ်လည်း နင့်ကို ချစ်ပါတယ်''

''ဟင့်အင်း... သူ့ငါ့ကို မချစ်တော့ပါဘူးဟာ မချစ်တော့လို့
ထားသွားရက်တာပေါ့ ''

''သူ သွေးပူနေတုန်းမို့ပါ စိမ်းရယ်''

''ငါလေ သူ့အပေါ် ချစ်ခြင်းမေတ္တာ တွေအပြည့်အဝ ပေးထားခဲ့တာတောင်မှ ဘာလို့ ငါ့အပေါ် သစ္စာဖောက်ရက်သလဲ မသိဘူး။ သူ့အတွက် ငါ့တယောက်တည်းရဲ့ အချစ်တွေက
မလုံလောက်နိုင်သေးဘူးလားဟာ...တကယ်ပြောတာကလျာ
ငါသေသွားလိုက်ချင်ပြီ...ကိုယ်ချစ်ရတဲ့သူက တခြားတယောက်ရဲ့ရင်ခွင်ထဲ ရောက်နေခဲ့တာဆိုတဲ့ အသိက ငါ့နှလုံးသားထဲ နင့်နေအောင်ပဲ''

''စိမ်းရယ်...အဲ့လိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ
ရဲနောင်လည်း လူလွှတ်ပြီး ရိပ်ကို ရှာခိုင်းထားပါတယ်။
ရိပ်လည်း ရန်ကုန်ထဲမှာ ပဲရှိမှာပါ။ ပြန်ရှာတွေ့မှာပါဟာ''

ထိုအခါ စိမ်းက ကလျာအား မျက်ရည်အဝိုင်းသား​ဖြင့်
ကြည့်ကာ ပြောလိုက်သည့် စကားတခွန်းက....

''သူ သိပ်ချစ်ရတဲ့ သူ့ရဲ့နောက်မိန်းကလေးဆီမှာ
ရှိနေမှာပေါ့''

''အဲ့လိုလဲ တဖက်သတ်မတွေးပါနဲ့
ရိပ် ဖောက်ပြန်နေပါတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေမျိုး
မရှိဘူးလေဟ...ငါတို့ တဖက်သတ် စွပ်စွဲလို့မရဘူးလေ''

''ကလျာရယ်...ဒီလောက်ထိ.... ဒီလောက်အတိုင်းအတာထိ
ဖြစ်ခဲ့ပြီးတာတောင်...မဟုတ်ပါစေနဲ့ လို့
ဆုတောင်းနေရအုံးမှာလား...ဒါဆိုရင် အဲ့ဆုတောင်းက
ရောပြည့်ပါ့မလား...''

ထိုအခါ ကလျာက သက်ပြင်းတချက်ချလိုက်ပြီး...

''မဟုတ်ဘူးစိမ်း...ငါတို့ ရိပ်ဖောက်ပြန်ပါတယ် ဆိုတဲ့
ခိုင်လုံတဲ့သက်သေမျိုးမရှိသရွေ့ စွပ်စွဲလို့မရဘူး
ပြီးတော့ အခုထိ ရိပ်ကလည်း သူဖောက်ပြန်ပါတယ်လို့
ဝန်မခံထားဘူး''

''ဘယ်သူခိုးက ခိုးပါတယ်လို့ ဝန်ခံလို့လဲ ကလျာရယ်''

''စိမ်းရယ် ငါဘယ်လို ဖြောင်းဖျရပါ့မလဲ''

မိမိ၏ သူငယ်ချင်းဖြစ်သူ၏ ပြိုလဲနေသော အခြေနေအားကြည့်ကာ ကလျာ သက်ပြင်းတွေသာ ခဏခဏချနေမိတော့သည်။ အချိန်အတော်ကြာ တည်ဆောက်ထားခဲ့သည့်
ပျော်ရွှင်စရာ Relationship လေးမို့ လည်း မပျက်စီးစေချင်။
သူငယ်ချင်း ကောင်းပီပီ ကလျာ နှင့်အတူ ရဲနောင်နှင့်
ဝင်းပပ တို့ကပါ အတတ်နိုင်ဆုံး အဖြစ်မှန်ကို စုံစမ်း​နေ
ကြတော့သည်။ ရိပ် စိမ်းအပေါ် ဘယ်လောက်ထိ ချစ်လဲဆိုတာလည်း ကလျာအပြင် ဘေးလူတွေပါ အသိပင်။
ဒါကြောင့် ရိပ်ဖောက်ပြန်နေသည် ဆိုသည့် ကိစ္စဟာ
မဖြစ်နိုင်မှန်း တပ်အပ်ပင် သိ၏။

''စိမ်း နင်နားတော့နော်..အချိန်လည်း မစောတော့ဘူးဆိုတော့
ငါလည်း ပြန်တော့မယ်။ မနက်ဖြန် ပိတ်ရက်ဆိုတော့
ငါနဲ့ပပ နင့်ဆီလာခဲ့မယ်နော်...''

''အင်းပါ...ဂရုစိုက်ပြန်နော်''

''အင်းပါ''

ကလျာထွက်သွားပြီးနောက် စိမ်း ကုတင်ဘေးက စားပွဲပေါ်ရှိ ဓာတ်ပုံလေးအား ကြည့်ကာ....

''အဆင်မှပြေရဲ့လားလို့ စိတ်ပူနေမိနေတုန်း...
ဘာလို့များ မမုန်းရက်နိုင်ရတာလား''

ငိုရလွန်း၍ ပူအောင့်နေပြီဖြစ်သည့် မျက်လုံးတို့မှ မျက်ရည်ပူတို့ဟာ တဖန်ကျဆင်းလာရပြန်သည်။ ဒီမျက်ရည်တို့ဟာ
မခမ်းကုန်နိုင်သေး။ မင်းကိုချစ်နေသရွေ့ မင်းကို မမုန်းနိုင်သရွေ့ကျဆင်းနေရအုံးမည် ထင်ပါရဲ့။ ဘာကြောင့်များလဲ
အချစ်ရယ်...ကိုယ့်အပေါ်မှ ဘာအပြစ်များရှိလို့
လုပ်ရက်လေသလဲကွယ်။

••••••••••••••••••••••••••

''ရဲနောင် နင့်ဟာက သေချာရဲ့လားဟ''

''ဟုတ်တယ်ဟ အဲ့ဒီကောင်မလေးပဲ..သေချာတယ်''

''ရိပ်နဲ့ သူက ဘယ်လိုလုပ်ပြီး...ဒါဆိုရင်လေ..စိမ်းထင်တာ
တကယ်များ ဖြစ်နေမလားမသိဘူးနော်''

''ဟာ..ပပရယ်..နင်ကလည်း အဲ့လိုတော့ တဖက်သတ်ပြောလို့မရဘူးလေဟ''

ရဲနောင်နှင့်ဝင်းပပတို့ တိုင်ပင်နေသည့် ဧည့်ခန်းအတွင်းသို့
ကလျာလည်း ရောက်လာခဲ့သည်။

''ရဲနောင် အခြေနေ ဘယ်လိုလဲဟင်''

''အင်း ရိပ်အဲ့နေ့က သွားခဲ့တဲ့ bar က cctv record ရခဲ့တယ်။
သူတို့က privancy အရ ထုတ်မပေးလို့ ငွေသုံးပြီး
မနည်း ရအောင်ကြိုစားခဲ့ရတာ....ငါ့မှာ အောက်ကျိူ့ပြီးတော့ကို တောင်းခဲ့ရတာ''

ရိပ်၏ သူငယ်ချင်းရွှန်းလဲ့တို့ဆီမှ ရိပ်သွားနေကျ bar ရဲ့နေရာကိုမေးပြီး ထိုနေ့ညက cctv record အား  မနည်း
တောင်းပန်ပြီး ယူခဲ့ရခြင်းဖြစ်သည်။

''ငါ့ကို ပြကြည့်''

ကလျာ ယူလာသည့် record အားကြည့်လိုက်သည့်အခါ ရိပ်နှင့်အတူ မိန်ကလေးတယောက်ထိုင်နေပြီး ခဏအကြာ ရိပ်
စားပွဲပေါ်သို့ ခေါင်းမှောက်ကျသွားသည်။ အရက်သောက်နေ၍ မူးသွားသောကြောင့် ဖြစ်မည်ထင်၏။ ထိုအခါ
ရိပ်ဘေးနားက ထိုမိန်းကလေးက ရိပ်၏ နှဖူးအား
နမ်းရှိုက်လိုက်သည်။ထိုလုပ်ရပ်ကြောင့် ကလျာလည်း
မျက်မှောင်ကျုံ့လိုက်၏။ ထိုအနမ်းဟာ သူငယ်ချင်း
ဆိုသည့်အတိုင်းအတာတခုအတွက်တော့ မသင့်တော်သည့်အနမ်းဟု မှန်းဆရပါ၏။ အိမ်ထောင်သည် ဖြစ်သည်ဆို
သည့် ရိပ်၏အနေအထားအား ထိုမိန်းကလေး မေ့နေသလားပေါ့။ ပြီးနောက် ထိုမိန်းကလေးက ရိပ်အား ကူတွဲကာ ပြန်ရန် လှည့်ထွက်သည့်အခိုက် zoom ဆွဲ၍ မျက်နှာအားသေချာ ကြည့်လိုက်သည့်အချိန် ကလျာ အလွန်ပင်အံ့သြသွားရတော့သည်။

''သူက ခြူးအိမ့်လွန်းမဟုတ်လား''

''အင်း ငါလည်း အဲ့ဒါပြောတာ သူကတခါ ငါတို့
စိန်​ဂေဟာ မှာတုန်းက ရိပ်နဲ့အတူတူ တွေ့ခဲ့တဲ့
တယောက်လေ ဟုတ်တယ်မို့လား''

''အေးလေ''

''ငါတွေးနေတာ သူက ဘာလို့ ရိပ်ကိုနမ်းလိုက်တာလဲ''

ကလျာနှင့်ရဲနောင်တို့ နှစ်ယောက်သား ထိုကိစ္စအား
ငြိမ်ငြိမ်လေးဖြင့်သာတွေးနေ၏။ ခဏအကြာ
ကလျာနှင့်ရဲနောင်တို့ တွေးနေကြသည့် ထိုကိစ္စအတွက်
ဝင်းပပကလည်းထင်မြင်ချက်တခုအား
ဝင်ပြောလိုက်သည်။

''ငါ့အထင်ပြောရရင် အဲ့ဒီမိန်းကလေးက ရိပ်အပေါ်
မရိုးသားတာမျိုးလား ပြီးတော့ စိမ်းဆီ ဓာတ်ပုံတွေ
ပို့နေတဲ့သူက သူများ ဖြစ်နေမလား''

ဝင်းပပ၏ အပြောကြောင့် ရဲနောင်နှင့် ကလျာ၏ အကြည့်များသည် ဝင်းပပဆီသို့ ရောက်လာသည်။ ဝင်းပပ၏
အပြောဟာ ဖြစ်နိုင်ချေများသည်ကြောင့် ဖြစ်၏။
ထိုကိစ္စအား စိမ်းနှင့်တိုင်ပင်မှသာ ဖြစ်တော့မည်။
အခြေနေတွေ ဒီထက်ပိုဆိုးမလာခင် အဆုံးသတ်မှ
ဖြစ်ချေတော့မည်။

•••••••••••••••••••••••••••

ဧည့်ခန်းအတွင်းရှိ ဆိုဖာပေါ်တွင် ဟိုဘက် ဒီဘက်မျက်နှာချင်းဆိုင်၍ ထိုင်နေကြသော အမျိုးသမီးနှစ်ဦး။
တဦးကတော့ အချစ်ဆိုသည့်အရာအား အတ္တဆန်စွာ
လုယူရန် ဖြစ်ပြီး ကျန်တဦး ကတော့ အချစ်ဆိုသည့်အရာကို မဆုံးရှုံးရန်အတွက်ဖြစ်၏။ laptop ထက်က cctv record အားကြည့်ပြီးခြူးအိမ့်လွန်း မဲ့ပြုံးတချက်ပြုံးလိုက်သည်။

''အဲ့တော့ မမစိမ်း သိသွားပြီပေါ့''

'' မင်းလား... အဲ့ဒီလူက မင်းဟုတ်တယ်မဟုတ်လား''

ထိုအခါ ခြူးက အောင်နိုင်သူပမာ မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး.....

''အမှန်ပဲ....မမစိမ်းဆီ ဓာတ်ပုံတွေ ပို့နေတာလည်း ခြူးပဲ
အဲ့ဒီ ဓာတ်ပုံတွေထဲက မိန်းကလေးကလည်း ခြူးပဲ
ပြီးတော့ အဲ့ဒီနေ့ညက ရိပ်ကို အချစ်အမှတ်အသားလေး
ပေးလိုက်တာပဲ ခြူးပဲ''

''ဒါဆို မင်းအားလုံး လုပ်ကြံခဲ့တာပေါ့''

''ဒါပေါ့.... အဲ့နေ့ညက ရိပ်ကို hotelကို ခေါ်လာခဲ့တာလည်း ခြူးပဲလေ... အဲ့နေ့ညက ခြူးက
ရိပ်ရဲ့ ရင်ခွင်ထဲ ဝင်ပြီး အိပ်ခဲ့တာပေါ့''

''မင်း မိုက်ရိုင်းလှချည်လား''

စိမ်းမဟာနွယ် ဒေါသကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အံကိုတင်းတင်းကြိတ်ထားသည်။
ခြူးအိမ့်လွန်းကတော့ စိမ်း၏ ဒေါသဖြစ်နေသော
မျက်နှာအား ကြည့်ကာ ခနဲ့ပြုံးပြုံးလိုက်ပြန်၏။

''မိုက်ရိုင်းတယ်...ဟုတ်လား..
အင်း...အဲ့လို ပြောလည်း လက်ခံပါတယ်
ခြူးက ရိပ်ကို ချစ်နေတာကိုး..ချစ်တော့လည်း
ရိုင်းသင့်ရင် ရိုင်းရတာပေါ့ ''

ခြူးက စိမ်း၏ မျက်လုံးများအားစေ့စေ့ကြည့်ကာ...

''မမစိမ်း သိလား...ခြူးကလေ ရိပ်ကို စတွေ့ခဲ့တဲ့
၁၀တန်း ကျောင်းသူဘဝကတည်းက ချစ်ခဲ့ရတာ
မမစိမ်းသာ ရိပ်ကို လုမယူခဲ့ရင် ခြူးလည်း ရိပ်ကို
ဆုံးရှုံးရမှာမဟုတ်ဘူး''

''ဒီမှာ ခြူးအိမ့်လွန်း ငါက ရိပ်ကို မင်းဆီက
လုယူခဲ့တာ မဟုတ်ဘူး။ ရိပ်ကသာ ရွေးချယ်ခဲ့တာ''

ထိုစကားက ခြူးအား အထိနာစေခဲ့သည်မို့ ​ခြူးမျက်နှာအနည်းငယ်ပျက်သွား၏။ သို့ပေမယ့်လည်း စိမ်း၏
ရှေ့တွင် အားနည်းချက်အားထုတ်မပြလို၍ ခြူး၏
မျက်နှာတွင် ခနဲ့ပြုံးတို့အား ဆင်မြန်းထားဆဲ။

''မမစိမ်း သိပ်နုံတာပဲ သိလား။ ခြူး တချိန်လုံး
မမစိမ်းကို လှည့်စားနေခဲ့တာကို မသိပဲ ရိပ်ကို
စွပ်စွဲခဲ့တယ် မဟုတ်လား။ အခုလောက်ဆို ရိပ်က
မမစိမ်းကို သိပ်မုန်းနေလောက်ပြီ မမစိမ်းရဲ့''

''ဟင့်အင်း ရိပ်က ငါ့ကို ဘယ်တော့မှ မုန်းမှာမဟုတ်ဘူး''

''ဟုတ်လား....ဒါ​ကြောင့်မို့ ခုထိ အိမ်ပြန်မလာသေးတာ
ထင်ပါရဲ့....အရင်ကလည်း ရိပ် အိမ်ပြန်နောက်ကျတဲ့
ညတွေဆို တယောက်တည်းအတွေးတွေလွန်ပြီး
မမစိမ်း ပူလောင်နေရတယ် မဟုတ်လား။
နောက်ဆိုရင် ဒီထက်တောင်မှ ပိုပူလောင်ရအုံးမှာ''

ခြူးအိမ့်လွန်း၏ စကားများက စိမ်း၏ ဒေါသအား
မီးစာထည့်ပေးလိုက်သည့်အလား။ မိမ်ိအားအနိုင်ယူကာ
ပြောနေသည့် ခြူးအိမ့်လွန်း အား ထိုလောက်ထိ
စိတ်ဓာတ်အောက်တန်းကျလိမ့်မည်လို့ စိမ်းမထင်ထားမိခဲ့။
မိမိ၏ချစ်ရသူအား လုယူမည့် သူတ​ယောက်ကိုမှ
ပေါ့ပေါ့လေး တွေးထားမိခဲ့သည့် မိမိကိုယ်ကိုယ်သာ
အပြစ်တင်မိတော့သည်။ ရှုံးနိမ့်နေသည့်သူတယောက်က
အဆပ်အပြင်းဆုံးတဲ့လေ။အဆိပ်ပြင်းလှသည့်
ခြူးအိမ့်လွန်း ၏ မယာလှည့်ကွက်များကိုလည်း
စိမ်းယခုမှသာ မျက်ဝါးထင်ထင်မြင်ရတော့၏။

'' ရိပ်ကို ခြူးက သိပ်ချစ်ခဲ့ရတာ....
နှလုံးသားတခုလုံးနဲ့ ရင်းပြီး ချစ်ခဲ့ရတာ''

ထိုစကားကြားတော့ စိမ်းမဟာနွယ် ဟက်ခနဲရယ်လိုက်ပြီး...

''ဟက်...ဒါဆို မင်းကိုယ်ချင်းစာကြည့်လေ
သက်ဆိုင်သူတယောက်ဖြစ်တဲ့ ငါကရော ရိပ်ကို
ဘယ်လောက်များ ချစ်လိုက်မလဲလို့...
အိမ်ထောင်သည်တယောက်နေရာကနေ မင်းတွေးပေးပြီး
ကိုယ်ချင်းစာကြည့်ဖူးလား။ မင်းဘက်က ရိပ်ကို
လိုချင်သလို ငါ့ဘက်ကလည်း ရိပ်ကို အဆုံးရှုံး
မခံနိုင်ဘူး။ သူများအိမ်ထောင်ရေးကိုမှ ဖျက်စီးချင်တဲ့
မင်းလို မိန်းမတွေရှိနေခဲ့လို့ ရိပ်လည်း တချိန်က
အမိ အဖ မစုံမလင်နဲ့ ရှင်သန်ခဲ့ရတာ ''

ထိုစကားကြားတော့ ခြူးအိမ့်လွန်း ဟန်ပင်မဆောင်နိုင်။
မျက်နှာပျက်သွားသည်မှာ သိသိသာသာပင်။

''ဒီမှာ ငါမင်းကို စကားနဲ့ကောင်းကောင်းပြောနေတုန်း
မင်းဘက်က နောက်ဆုတ်လိုက်ပါ''

''နောက်ဆုတ်ရမယ် ဟုတ်လား။ ရယ်ရတယ်နော် မမစိမ်း။
ခြူးအခုလိုတွေ လုပ်နေခဲ့တာ နောက်ဆုတ်ပေးဖို့အတွက်မှမဟုတ်ပဲ''

''မင်းမှာ အဆင့်မရှိဘူးလား....မယားငယ်တယောက်ဖြစ်ဖို့
အဲ့လောက်တောင်မှ လောဘတတ်နေရလား
မင်းလည်း ပညာတတ်တယောက်ပဲ....စဥ်းစားခြင့်ချိန်လေ
ဆိုင်သူမရှိတဲ့ လူလွတ်တွေမှ အများကြီးပဲ...ဘာကြောင့်
ရိပ်ကိုမှ အတင်းလုယူ​ချင်နေရတာလဲ''

''ရိပ်ကို ချစ်လို့....''

ခြူးအိမ့်လွန်း ရိပ်အပေါ်ချစ်သည့် ချစ်စိတ်ကြောင့်
တဖက်လူအတွက်ဆိုပြီးလည်း ကိုယ်ချင်းမစာနိုင်တော့ပေ။
နှလုံးသားတခုလုံးစိုးမိုးနေသည့် ပိုင်ဆိုင်လိုစိတ်ကြောင့်
''မယားငယ်''ဆိုသည့် သတ်မှတ်ချက်ကိုပင် ဂရုမစိုက်မိတော့။

''ရိပ်ကို ချစ်လွန်းလို့....ပိုင်ရှင် ဖြစ်တဲ့ မမစိမ်းဆီက
အတင်းလုယူနေတာပေါ့.....''

''ခြူးအိမ့်လွန်း.!!...မင်းအဲ့လောက်တောင် မျက်နှာပြောင်
တိုက်ရလား။ မင်းမရှက်တတ်ဘူးလား။ သူများမယားငယ်
သိပ်ဖြစ်ချင်နေတာလား''

ခြူးအိမ့်လွန်း၏ အရှက်မရှိသည့်အလား ပြုံးကာဖြင့်
ပြောလာသည့် ထိုစကားကြောင့် စိမ်းမဟာနွယ် ဒေါသများ
တရိပ်ရိပ်တက်လာ၏။ သို့ပေမယ့် အဆင့်အတန်းဆိုသည့်
အရာတခု​ကြောင့် ထိန်းနေဆဲ။

''မယားငယ်လည်း ဘာဖြစ်လဲ။
မယားငယ်လို့ သတ်မှတ်လည်း ခြူးဂရုမစိုက်ဘူး။
ရိပ်ကို ပိုင်ဆိုင်ဖို့က အဓိကလေ''

''မင်း စိတ်ဓာတ်အဲ့လောက်ထိ အောက်တန်းကျလိမ့်မယ်လို့
မထင်ထားခဲ့ဘူး ။ သိပ်ရွံဖို့ကောင်းတယ် ခြူးအိမ့်လွန်း''

''ဟုတ်တယ် ခြူးက အောက်တန်းကျတဲ့ မိန်းမ။
အရှက်မရှိ မျက်နှာပြောင်တိုက်တဲ့ မိန်းမ။
ဒါပေမဲ့လည်း  မမစိမ်း အဲ့ဒီ အရှက်မရှိ
အောက်တန်းကျတဲ့ မိန်းမရဲ့ လှည့်ကွက်တွေကိုတောင်
မရိပ်မိခဲ့ဘူး မဟုတ်လား။ ဒါကြောင့်မို့လည်း ရိပ်ကို
ဖောက်ပြန်နေတဲ့သူလို့ စွပ်စွဲခဲ့တာလေ ''

စိမ်း ဒေါသကြောင့် အသားတွေပါ တဆတ်ဆတ်
တုန်လာပြီး ဘာမှပင်ပြန်မပြောနိုင်ခဲ့။ စိမ်းမဟာနွယ်
မတ်တပ် ထရပ်လိုက်ပြီး ခြူးအား ဒေါသမျက်ဝန်းတစုံ
ဖြင့် စိုက်ကြည့်နေ၏။ ခြူးက စိမ်း၏ အခြေနေအားကြည့်၍ အားရကျေနပ်စွာ ပြုံးလိုက်သည်။ ခြူး မတ်တပ်ရပ်လိုက်ပြီး စိမ်းရှေ့သို့လာကာ စိမ်း၏ မျက်လုံးတို့အား စေ့စေ့
ကြည့်၍....

'' အခုဆိုရင်လေ ရိပ်က မမစိမ်းကို သိပ်ကိုမှစိတ်နာနေလောက်ပြီ။ခြူးက အဲ့ဒါကို အခွင့်ကောင်းယူပြီး ရိပ်ကို
မရရအောင် ယူမှာ''

''ဖြန်း''

စိမ်းမဟာနွယ် ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ပဲ
ခြူးအိမ့်လွန်းအား ပါးရိုက်လိုက်သည်။ဒေါသ အရှိန်
ဘယ်လောက်များပြင်းခဲ့သလဲ ဆိုတာ ကြမ်းပြင်ထက်သို့
လဲကျသွားသော ခြူးအိမ့်လွန်း၏ အခြေအနေအား
ကြည့်၍ မှန်းဆနိုင်၏။

ခြူးအိမ့်လွန်း ပူထူသွားသော ပါးပြင်တဖက်အား အုပ်ကိုင်ကာမျက်ထောင့်နီတို့ဖြင့် ပြန်၍ မော့ကြည့်လာသည်။
စိမ်းက ခြူးအား လက်ညှိုးငေါက်ငေါက် ထိုးကာဖြင့်...

''မင်းမှတ်ထား...ရိပ်က ငါ့အပိုင်ပဲ။ ထာဝရ ငါ့တယောက်တည်းရဲ့ အပိုင်ပဲ။ မင်းဘယ်တော့မှ မရစေရဘူး''

လေသံအား ဖိကာဖြင့် ပြောခဲ့ပြီး ခြူး၏ ကွန်ဒိုမှ ထွက်လာခဲ့သည်။ ကျန်ခဲ့သော ခြူးကတော့ မျက်ဝန်းနီနီတို့မှ
ဒေါသနှင့် ခံပြင်းမှုတို့ကြောင့် မျက်ရည်ပူများ တပေါက်ချင်းကျလာတော့သည်။

''ကျွန်မ မရရအောင် ယူမှာ။ ရိပ်ကို ရှင့်ဆီက မရရအောင်ယူမှာ။ ရိပ်က ကျွန်မအတွက်ပဲ ဖြစ်ရမယ် စိမ်းမဟာနွယ်''

ကြမ်းပြင်မှာ လဲကျလျှက်ပင် နေ၍ အံကြိတ်ကာ ဆိုလိုက်၏။အချစ်ဟာ အမြဲတစေ အေးချမ်းခြင်း သဘောသာ ဆောင်သည်။ ရှင်းရှင်းလေးတွေးကြည့်ပါက နှလုံးသားမှ
ဖြစ်တည်လာတဲ့ နက်ရှိုင်းလှသည့် ထိုခံစားချက်ဟာ
သိပ်ကိုမှ ရိုးရှင်းပြီး အေးချမ်းလှပေသည်။ ချစ်မိသူတွေ
အဖို့ကတော့ ထိုအေးချမ်းပါသည်ဆိုသည့် အချစ်ကြောင့်
ပျော်ရွှင်ရခြင်း၊ ကြည်နူးရခြင်း များခံစားမိရသလို
ငိုကြွေးခြင်း၊ ရှုံးနိမ့်ခြင်း၊ ပူလောင်ခြင်း တို့ကိုလည်း
ခံစားရသတဲ့လေ။

••••••••••••••••••••••••••••••

(Zawgyi)

''စိမ္း နင္စိတ္နဲ႕ ကိုယ္လည္း ကပ္ပါအုံးဟာ''

ကလ်ာ မိမိ၏ သူငယ္ခ်င္းျဖစ္သူအား အားေပးႏွစ္သိမ့္ေနရသည္။ ေနမေကာင္း၍ ေက်ာင္းမတက္နိုင္သည္မွာ ယခုဆိုလွ်င္ ၃ရက္ပင္ရွိေနၿပီ။ မ်က္ကြင္းမ်ားလည္းညိုကာ
ႏႈတ္ခမ္းတို႔ဟာလည္း ေသြးမရွိသည့္အလား ျဖဴေဖ်ာ့လို႔ေန၏။ ေခ်ာင္က်ေနသည့္ မ်က္ႏွာေလးဟာေတာ့
စိတ္ဓာတ္အလြန္က်ေနသည့္ မ်က္ႏွာအေနအထားျဖင့္။

''စိမ္း နင္ေနေကာင္းဖို႔လိုတယ္ဟ.... ျပႆနာေတြ
ေျဖရွင္းရအုံးမယ္ မဟုတ္လား...အားတင္းထားပါ စိမ္းရယ္''

''ကလ်ာ...ဘာလို႔မ်ား သူ ငါ့အေပၚ အဲ့ေလာက္ထိ
လုပ္ရက္သလဲ မသိဘူးဟာ...ငါေလ သူ႕ကို သိပ္ခ်စ္တာဟ''

အားမရွိသည့္ တိုးလွ်ေနေသာ ေလသံေလးျဖင့္ ျပန္ေျပာရင္း
မ်က္ဝန္းထက္က ေဝ့သီေနေသာ မ်က္ရည္တို႔ဟာ
ပါးျပင္ထက္သို႔ တေပါက္ခ်င္း စီးက်လာေတာ့သည္။
ထိုအခါ ကလ်ာက စိမ္း၏ လက္ေလးအား ဆုပ္ကိုင္ကာ...

''စိမ္းရယ္...ရိပ္လည္း နင့္ကို ခ်စ္ပါတယ္''

''ဟင့္အင္း... သူ႕ငါ့ကို မခ်စ္ေတာ့ပါဘူးဟာ မခ်စ္ေတာ့လို႔
ထားသြားရက္တာေပါ့ ''

''သူ ေသြးပူေနတုန္းမို႔ပါ စိမ္းရယ္''

''ငါေလ သူ႕အေပၚ ခ်စ္ျခင္းေမတၱာ ေတြအျပည့္အဝ ေပးထားခဲ့တာေတာင္မွ ဘာလို႔ ငါ့အေပၚ သစၥာေဖာက္ရက္သလဲ မသိဘူး။ သူ႕အတြက္ ငါ့တေယာက္တည္းရဲ႕ အခ်စ္ေတြက
မလုံေလာက္နိုင္ေသးဘူးလားဟာ...တကယ္ေျပာတာကလ်ာ
ငါေသသြားလိုက္ခ်င္ၿပီ...ကိုယ္ခ်စ္ရတဲ့သူက တျခားတေယာက္ရဲ႕ရင္ခြင္ထဲ ေရာက္ေနခဲ့တာဆိုတဲ့ အသိက ငါ့ႏွလုံးသားထဲ နင့္ေနေအာင္ပဲ''

''စိမ္းရယ္...အဲ့လိုေတာ့လည္း ဘယ္ဟုတ္ပါ့မလဲ
ရဲေနာင္လည္း လူလႊတ္ၿပီး ရိပ္ကို ရွာခိုင္းထားပါတယ္။
ရိပ္လည္း ရန္ကုန္ထဲမွာ ပဲရွိမွာပါ။ ျပန္ရွာေတြ႕မွာပါဟာ''

ထိုအခါ စိမ္းက ကလ်ာအား မ်က္ရည္အဝိုင္းသားျဖင့္
ၾကည့္ကာ ေျပာလိုက္သည့္ စကားတခြန္းက....

''သူ သိပ္ခ်စ္ရတဲ့ သူ႕ရဲ႕ေနာက္မိန္းကေလးဆီမွာ
ရွိေနမွာေပါ့''

''အဲ့လိုလဲ တဖက္သတ္မေတြးပါနဲ႕
ရိပ္ ေဖာက္ျပန္ေနပါတယ္ဆိုတဲ့ ခိုင္လုံတဲ့ သက္ေသမ်ိဳး
မရွိဘူးေလဟ...ငါတို႔ တဖက္သတ္ စြပ္စြဲလို႔မရဘူးေလ''

''ကလ်ာရယ္...ဒီေလာက္ထိ.... ဒီေလာက္အတိုင္းအတာထိ
ျဖစ္ခဲ့ၿပီးတာေတာင္...မဟုတ္ပါေစနဲ႕ လို႔
ဆုေတာင္းေနရအုံးမွာလား...ဒါဆိုရင္ အဲ့ဆုေတာင္းက
ေရာျပည့္ပါ့မလား...''

ထိုအခါ ကလ်ာက သက္ျပင္းတခ်က္ခ်လိဳက္ၿပီး...

''မဟုတ္ဘူးစိမ္း...ငါတို႔ ရိပ္ေဖာက္ျပန္ပါတယ္ ဆိုတဲ့
ခိုင္လုံတဲ့သက္ေသမ်ိဳးမရွိသေ႐ြ႕ စြပ္စြဲလို႔မရဘူး
ၿပီးေတာ့ အခုထိ ရိပ္ကလည္း သူေဖာက္ျပန္ပါတယ္လို႔
ဝန္မခံထားဘူး''

''ဘယ္သူခိုးက ခိုးပါတယ္လို႔ ဝန္ခံလို႔လဲ ကလ်ာရယ္''

''စိမ္းရယ္ ငါဘယ္လို ေျဖာင္းဖ်ရပါ့မလဲ''

မိမိ၏ သူငယ္ခ်င္းျဖစ္သူ၏ ၿပိဳလဲေနေသာ အေျခေနအားၾကည့္ကာ ကလ်ာ သက္ျပင္းေတြသာ ခဏခဏခ်ေနမိေတာ့သည္။ အခ်ိန္အေတာ္ၾကာ တည္ေဆာက္ထားခဲ့သည့္
ေပ်ာ္႐ႊင္စရာ Relationship ေလးမို႔ လည္း မပ်က္စီးေစခ်င္။
သူငယ္ခ်င္း ေကာင္းပီပီ ကလ်ာ ႏွင့္အတူ ရဲေနာင္ႏွင့္
ဝင္းပပ တို႔ကပါ အတတ္နိုင္ဆုံး အျဖစ္မွန္ကို စုံစမ္းေန
ၾကေတာ့သည္။ ရိပ္ စိမ္းအေပၚ ဘယ္ေလာက္ထိ ခ်စ္လဲဆိုတာလည္း ကလ်ာအျပင္ ေဘးလူေတြပါ အသိပင္။
ဒါေၾကာင့္ ရိပ္ေဖာက္ျပန္ေနသည္ ဆိုသည့္ ကိစၥဟာ
မျဖစ္နိုင္မွန္း တပ္အပ္ပင္ သိ၏။

''စိမ္း နင္နားေတာ့ေနာ္..အခ်ိန္လည္း မေစာေတာ့ဘူးဆိုေတာ့
ငါလည္း ျပန္ေတာ့မယ္။ မနက္ျဖန္ ပိတ္ရက္ဆိုေတာ့
ငါနဲ႕ပပ နင့္ဆီလာခဲ့မယ္ေနာ္...''

''အင္းပါ...ဂ႐ုစိုက္ျပန္ေနာ္''

''အင္းပါ''

ကလ်ာထြက္သြားၿပီးေနာက္ စိမ္း ကုတင္ေဘးက စားပြဲေပၚရွိ ဓာတ္ပုံေလးအား ၾကည့္ကာ....

''အဆင္မွေျပရဲ႕လားလို႔ စိတ္ပူေနမိေနတုန္း...
ဘာလို႔မ်ား မမုန္းရက္နိုင္ရတာလား''

ငိုရလြန္း၍ ပူေအာင့္ေနၿပီျဖစ္သည့္ မ်က္လုံးတို႔မွ မ်က္ရည္ပူတို႔ဟာ တဖန္က်ဆင္းလာရျပန္သည္။ ဒီမ်က္ရည္တို႔ဟာ
မခမ္းကုန္နိုင္ေသး။ မင္းကိုခ်စ္ေနသေ႐ြ႕ မင္းကို မမုန္းနိုင္သေ႐ြ႕က်ဆင္းေနရအုံးမည္ ထင္ပါရဲ႕။ ဘာေၾကာင့္မ်ားလဲ
အခ်စ္ရယ္...ကိုယ့္အေပၚမွ ဘာအျပစ္မ်ားရွိလို႔
လုပ္ရက္ေလသလဲကြယ္။

''ရဲေနာင္ နင့္ဟာက ေသခ်ာရဲ႕လားဟ''

''ဟုတ္တယ္ဟ အဲ့ဒီေကာင္မေလးပဲ..ေသခ်ာတယ္''

''ရိပ္နဲ႕ သူက ဘယ္လိုလုပ္ၿပီး...ဒါဆိုရင္ေလ..စိမ္းထင္တာ
တကယ္မ်ား ျဖစ္ေနမလားမသိဘူးေနာ္''

''ဟာ..ပပရယ္..နင္ကလည္း အဲ့လိုေတာ့ တဖက္သတ္ေျပာလို႔မရဘူးေလဟ''

ရဲေနာင္ႏွင့္ဝင္းပပတို႔ တိုင္ပင္ေနသည့္ ဧည့္ခန္းအတြင္းသို႔
ကလ်ာလည္း ေရာက္လာခဲ့သည္။

''ရဲေနာင္ အေျခေန ဘယ္လိုလဲဟင္''

''အင္း ရိပ္အဲ့ေန႕က သြားခဲ့တဲ့ bar က cctv record ရခဲ့တယ္။
သူတို႔က privancy အရ ထုတ္မေပးလို႔ ေငြသုံးၿပီး
မနည္း ရေအာင္ႀကိဳစားခဲ့ရတာ....ငါ့မွာ ေအာက္က်ိဴ႕ၿပီးေတာ့ကို ေတာင္းခဲ့ရတာ''

ရိပ္၏ သူငယ္ခ်င္း႐ႊန္းလဲ့တို႔ဆီမွ ရိပ္သြားေနက် bar ရဲ႕ေနရာကိုေမးၿပီး ထိုေန႕ညက cctv record အား  မနည္း
ေတာင္းပန္ၿပီး ယူခဲ့ရျခင္းျဖစ္သည္။

''ငါ့ကို ျပၾကည့္''

ကလ်ာ ယူလာသည့္ record အားၾကည့္လိုက္သည့္အခါ ရိပ္ႏွင့္အတူ မိန္ကေလးတေယာက္ထိုင္ေနၿပီး ခဏအၾကာ ရိပ္
စားပြဲေပၚသို႔ ေခါင္းေမွာက္က်သြားသည္။ အရက္ေသာက္ေန၍ မူးသြားေသာေၾကာင့္ ျဖစ္မည္ထင္၏။ ထိုအခါ
ရိပ္ေဘးနားက ထိုမိန္းကေလးက ရိပ္၏ ႏွဖူးအား
နမ္းရွိုက္လိုက္သည္။ထိုလုပ္ရပ္ေၾကာင့္ ကလ်ာလည္း
မ်က္ေမွာင္က်ဳံ႕လိုက္၏။ ထိုအနမ္းဟာ သူငယ္ခ်င္း
ဆိုသည့္အတိုင္းအတာတခုအတြက္ေတာ့ မသင့္ေတာ္သည့္အနမ္းဟု မွန္းဆရပါ၏။ အိမ္ေထာင္သည္ ျဖစ္သည္ဆို
သည့္ ရိပ္၏အေနအထားအား ထိုမိန္းကေလး ေမ့ေနသလားေပါ့။ ၿပီးေနာက္ ထိုမိန္းကေလးက ရိပ္အား ကူတြဲကာ ျပန္ရန္ လွည့္ထြက္သည့္အခိုက္ zoom ဆြဲ၍ မ်က္ႏွာအားေသခ်ာ ၾကည့္လိုက္သည့္အခ်ိန္ ကလ်ာ အလြန္ပင္အံ့ၾသသြားရေတာ့သည္။

''သူက ျခဴးအိမ့္လြန္းမဟုတ္လား''

''အင္း ငါလည္း အဲ့ဒါေျပာတာ သူကတခါ ငါတို႔
စိန္ေဂဟာ မွာတုန္းက ရိပ္နဲ႕အတူတူ ေတြ႕ခဲ့တဲ့
တေယာက္ေလ ဟုတ္တယ္မို႔လား''

''ေအးေလ''

''ငါေတြးေနတာ သူက ဘာလို႔ ရိပ္ကိုနမ္းလိုက္တာလဲ''

ကလ်ာႏွင့္ရဲေနာင္တို႔ ႏွစ္ေယာက္သား ထိုကိစၥအား
ၿငိမ္ၿငိမ္ေလးျဖင့္သာေတြးေန၏။ ခဏအၾကာ
ကလ်ာႏွင့္ရဲေနာင္တို႔ ေတြးေနၾကသည့္ ထိုကိစၥအတြက္
ဝင္းပပကလည္းထင္ျမင္ခ်က္တခုအား
ဝင္ေျပာလိုက္သည္။

''ငါ့အထင္ေျပာရရင္ အဲ့ဒီမိန္းကေလးက ရိပ္အေပၚ
မရိုးသားတာမ်ိဳးလား ၿပီးေတာ့ စိမ္းဆီ ဓာတ္ပုံေတြ
ပို႔ေနတဲ့သူက သူမ်ား ျဖစ္ေနမလား''

ဝင္းပပ၏ အေျပာေၾကာင့္ ရဲေနာင္ႏွင့္ ကလ်ာ၏ အၾကည့္မ်ားသည္ ဝင္းပပဆီသို႔ ေရာက္လာသည္။ ဝင္းပပ၏
အေျပာဟာ ျဖစ္နိုင္ေခ်မ်ားသည္ေၾကာင့္ ျဖစ္၏။
ထိုကိစၥအား စိမ္းႏွင့္တိုင္ပင္မွသာ ျဖစ္ေတာ့မည္။
အေျခေနေတြ ဒီထက္ပိုဆိုးမလာခင္ အဆုံးသတ္မွ
ျဖစ္ေခ်ေတာ့မည္။

ဧည့္ခန္းအတြင္းရွိ ဆိုဖာေပၚတြင္ ဟိုဘက္ ဒီဘက္မ်က္ႏွာခ်င္းဆိုင္၍ ထိုင္ေနၾကေသာ အမ်ိဳးသမီးႏွစ္ဦး။
တဦးကေတာ့ အခ်စ္ဆိုသည့္အရာအား အတၱဆန္စြာ
လုယူရန္ ျဖစ္ၿပီး က်န္တဦး ကေတာ့ အခ်စ္ဆိုသည့္အရာကို မဆုံးရႈံးရန္အတြက္ျဖစ္၏။ laptop ထက္က cctv record အားၾကည့္ၿပီးျခဴးအိမ့္လြန္း မဲ့ၿပဳံးတခ်က္ၿပဳံးလိုက္သည္။

''အဲ့ေတာ့ မမစိမ္း သိသြားၿပီေပါ့''

'' မင္းလား... အဲ့ဒီလူက မင္းဟုတ္တယ္မဟုတ္လား''

ထိုအခါ ျခဴးက ေအာင္နိုင္သူပမာ မ်က္ခုံးပင့္ကာ ၿပဳံးလိုက္ၿပီး.....

''အမွန္ပဲ....မမစိမ္းဆီ ဓာတ္ပုံေတြ ပို႔ေနတာလည္း ျခဴးပဲ
အဲ့ဒီ ဓာတ္ပုံေတြထဲက မိန္းကေလးကလည္း ျခဴးပဲ
ၿပီးေတာ့ အဲ့ဒီေန႕ညက ရိပ္ကို အခ်စ္အမွတ္အသားေလး
ေပးလိုက္တာပဲ ျခဴးပဲ''

''ဒါဆို မင္းအားလုံး လုပ္ႀကံခဲ့တာေပါ့''

''ဒါေပါ့.... အဲ့ေန႕ညက ရိပ္ကို hotelကို ေခၚလာခဲ့တာလည္း ျခဴးပဲေလ... အဲ့ေန႕ညက ျခဴးက
ရိပ္ရဲ႕ ရင္ခြင္ထဲ ဝင္ၿပီး အိပ္ခဲ့တာေပါ့''

''မင္း မိုက္ရိုင္းလွခ်ည္လား''

စိမ္းမဟာႏြယ္ ေဒါသေၾကာင့္ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားၿပီး အံကိုတင္းတင္းႀကိတ္ထားသည္။
ျခဴးအိမ့္လြန္းကေတာ့ စိမ္း၏ ေဒါသျဖစ္ေနေသာ
မ်က္ႏွာအား ၾကည့္ကာ ခနဲ႕ၿပဳံးၿပဳံးလိုက္ျပန္၏။

''မိုက္ရိုင္းတယ္...ဟုတ္လား..
အင္း...အဲ့လို ေျပာလည္း လက္ခံပါတယ္
ျခဴးက ရိပ္ကို ခ်စ္ေနတာကိုး..ခ်စ္ေတာ့လည္း
ရိုင္းသင့္ရင္ ရိုင္းရတာေပါ့ ''

ျခဴးက စိမ္း၏ မ်က္လုံးမ်ားအားေစ့ေစ့ၾကည့္ကာ...

''မမစိမ္း သိလား...ျခဴးကေလ ရိပ္ကို စေတြ႕ခဲ့တဲ့
၁၀တန္း ေက်ာင္းသူဘဝကတည္းက ခ်စ္ခဲ့ရတာ
မမစိမ္းသာ ရိပ္ကို လုမယူခဲ့ရင္ ျခဴးလည္း ရိပ္ကို
ဆုံးရႈံးရမွာမဟုတ္ဘူး''

''ဒီမွာ ျခဴးအိမ့္လြန္း ငါက ရိပ္ကို မင္းဆီက
လုယူခဲ့တာ မဟုတ္ဘူး။ ရိပ္ကသာ ေ႐ြးခ်ယ္ခဲ့တာ''

ထိုစကားက ျခဴးအား အထိနာေစခဲ့သည္မို႔ ျခဴးမ်က္ႏွာအနည္းငယ္ပ်က္သြား၏။ သို႔ေပမယ့္လည္း စိမ္း၏
ေရွ႕တြင္ အားနည္းခ်က္အားထုတ္မျပလို၍ ျခဴး၏
မ်က္ႏွာတြင္ ခနဲ႕ၿပဳံးတို႔အား ဆင္ျမန္းထားဆဲ။

''မမစိမ္း သိပ္ႏုံတာပဲ သိလား။ ျခဴး တခ်ိန္လုံး
မမစိမ္းကို လွည့္စားေနခဲ့တာကို မသိပဲ ရိပ္ကို
စြပ္စြဲခဲ့တယ္ မဟုတ္လား။ အခုေလာက္ဆို ရိပ္က
မမစိမ္းကို သိပ္မုန္းေနေလာက္ၿပီ မမစိမ္းရဲ႕''

''ဟင့္အင္း ရိပ္က ငါ့ကို ဘယ္ေတာ့မွ မုန္းမွာမဟုတ္ဘူး''

''ဟုတ္လား....ဒါေၾကာင့္မို႔ ခုထိ အိမ္ျပန္မလာေသးတာ
ထင္ပါရဲ႕....အရင္ကလည္း ရိပ္ အိမ္ျပန္ေနာက္က်တဲ့
ညေတြဆို တေယာက္တည္းအေတြးေတြလြန္ၿပီး
မမစိမ္း ပူေလာင္ေနရတယ္ မဟုတ္လား။
ေနာက္ဆိုရင္ ဒီထက္ေတာင္မွ ပိုပူေလာင္ရအုံးမွာ''

ျခဴးအိမ့္လြန္း၏ စကားမ်ားက စိမ္း၏ ေဒါသအား
မီးစာထည့္ေပးလိုက္သည့္အလား။ မိမ်ိအားအနိုင်ယူကာ
ေျပာေနသည့္ ျခဴးအိမ့္လြန္း အား ထိုေလာက္ထိ
စိတ္ဓာတ္ေအာက္တန္းက်လိမ့္မည္လို႔ စိမ္းမထင္ထားမိခဲ့။
မိမိ၏ခ်စ္ရသူအား လုယူမည့္ သူတေယာက္ကိုမွ
ေပါ့ေပါ့ေလး ေတြးထားမိခဲ့သည့္ မိမိကိုယ္ကိုယ္သာ
အျပစ္တင္မိေတာ့သည္။ ရႈံးနိမ့္ေနသည့္သူတေယာက္က
အဆပ္အျပင္းဆုံးတဲ့ေလ။အဆိပ္ျပင္းလွသည့္
ျခဴးအိမ့္လြန္း ၏ မယာလွည့္ကြက္မ်ားကိုလည္း
စိမ္းယခုမွသာ မ်က္ဝါးထင္ထင္ျမင္ရေတာ့၏။

'' ရိပ္ကို ျခဴးက သိပ္ခ်စ္ခဲ့ရတာ....
ႏွလုံးသားတခုလုံးနဲ႕ ရင္းၿပီး ခ်စ္ခဲ့ရတာ''

ထိုစကားၾကားေတာ့ စိမ္းမဟာႏြယ္ ဟက္ခနဲရယ္လိုက္ၿပီး...

''ဟက္...ဒါဆို မင္းကိုယ္ခ်င္းစာၾကည့္ေလ
သက္ဆိုင္သူတေယာက္ျဖစ္တဲ့ ငါကေရာ ရိပ္ကို
ဘယ္ေလာက္မ်ား ခ်စ္လိုက္မလဲလို႔...
အိမ္ေထာင္သည္တေယာက္ေနရာကေန မင္းေတြးေပးၿပီး
ကိုယ္ခ်င္းစာၾကည့္ဖူးလား။ မင္းဘက္က ရိပ္ကို
လိုခ်င္သလို ငါ့ဘက္ကလည္း ရိပ္ကို အဆုံးရႈံး
မခံနိုင္ဘူး။ သူမ်ားအိမ္ေထာင္ေရးကိုမွ ဖ်က္စီးခ်င္တဲ့
မင္းလို မိန္းမေတြရွိေနခဲ့လို႔ ရိပ္လည္း တခ်ိန္က
အမိ အဖ မစုံမလင္နဲ႕ ရွင္သန္ခဲ့ရတာ ''

ထိုစကားၾကားေတာ့ ျခဴးအိမ့္လြန္း ဟန္ပင္မေဆာင္နိုင္။
မ်က္ႏွာပ်က္သြားသည္မွာ သိသိသာသာပင္။

''ဒီမွာ ငါမင္းကို စကားနဲ႕ေကာင္းေကာင္းေျပာေနတုန္း
မင္းဘက္က ေနာက္ဆုတ္လိုက္ပါ''

''ေနာက္ဆုတ္ရမယ္ ဟုတ္လား။ ရယ္ရတယ္ေနာ္ မမစိမ္း။
ျခဴးအခုလိုေတြ လုပ္ေနခဲ့တာ ေနာက္ဆုတ္ေပးဖို႔အတြက္မွမဟုတ္ပဲ''

''မင္းမွာ အဆင့္မရွိဘူးလား....မယားငယ္တေယာက္ျဖစ္ဖို႔
အဲ့ေလာက္ေတာင္မွ ေလာဘတတ္ေနရလား
မင္းလည္း ပညာတတ္တေယာက္ပဲ....စဥ္းစားျခင့္ခ်ိန္ေလ
ဆိုင္သူမရွိတဲ့ လူလြတ္ေတြမွ အမ်ားႀကီးပဲ...ဘာေၾကာင့္
ရိပ္ကိုမွ အတင္းလုယူခ်င္ေနရတာလဲ''

''ရိပ္ကို ခ်စ္လို႔....''

ျခဴးအိမ့္လြန္း ရိပ္အေပၚခ်စ္သည့္ ခ်စ္စိတ္ေၾကာင့္
တဖက္လူအတြက္ဆိုၿပီးလည္း ကိုယ္ခ်င္းမစာနိုင္ေတာ့ေပ။
ႏွလုံးသားတခုလုံးစိုးမိုးေနသည့္ ပိုင္ဆိုင္လိုစိတ္ေၾကာင့္
''မယားငယ္''ဆိုသည့္ သတ္မွတ္ခ်က္ကိုပင္ ဂ႐ုမစိုက္မိေတာ့။

''ရိပ္ကို ခ်စ္လြန္းလို႔....ပိုင္ရွင္ ျဖစ္တဲ့ မမစိမ္းဆီက
အတင္းလုယူေနတာေပါ့.....''

''ျခဴးအိမ့္လြန္း.!!...မင္းအဲ့ေလာက္ေတာင္ မ်က္ႏွာေျပာင္
တိုက္ရလား။ မင္းမရွက္တတ္ဘူးလား။ သူမ်ားမယားငယ္
သိပ္ျဖစ္ခ်င္ေနတာလား''

ျခဴးအိမ့္လြန္း၏ အရွက္မရွိသည့္အလား ၿပဳံးကာျဖင့္
ေျပာလာသည့္ ထိုစကားေၾကာင့္ စိမ္းမဟာႏြယ္ ေဒါသမ်ား
တရိပ္ရိပ္တက္လာ၏။ သို႔ေပမယ့္ အဆင့္အတန္းဆိုသည့္
အရာတခုေၾကာင့္ ထိန္းေနဆဲ။

''မယားငယ္လည္း ဘာျဖစ္လဲ။
မယားငယ္လို႔ သတ္မွတ္လည္း ျခဴးဂ႐ုမစိုက္ဘူး။
ရိပ္ကို ပိုင္ဆိုင္ဖို႔က အဓိကေလ''

''မင္း စိတ္ဓာတ္အဲ့ေလာက္ထိ ေအာက္တန္းက်လိမ့္မယ္လို႔
မထင္ထားခဲ့ဘူး ။ သိပ္႐ြံဖို႔ေကာင္းတယ္ ျခဴးအိမ့္လြန္း''

''ဟုတ္တယ္ ျခဴးက ေအာက္တန္းက်တဲ့ မိန္းမ။
အရွက္မရွိ မ်က္ႏွာေျပာင္တိုက္တဲ့ မိန္းမ။
ဒါေပမဲ့လည္း  မမစိမ္း အဲ့ဒီ အရွက္မရွိ
ေအာက္တန္းက်တဲ့ မိန္းမရဲ႕ လွည့္ကြက္ေတြကိုေတာင္
မရိပ္မိခဲ့ဘူး မဟုတ္လား။ ဒါေၾကာင့္မို႔လည္း ရိပ္ကို
ေဖာက္ျပန္ေနတဲ့သူလို႔ စြပ္စြဲခဲ့တာေလ ''

စိမ္း ေဒါသေၾကာင့္ အသားေတြပါ တဆတ္ဆတ္
တုန္လာၿပီး ဘာမွပင္ျပန္မေျပာနိုင္ခဲ့။ စိမ္းမဟာႏြယ္
မတ္တပ္ ထရပ္လိုက္ၿပီး ျခဴးအား ေဒါသမ်က္ဝန္းတစုံ
ျဖင့္ စိုက္ၾကည့္ေန၏။ ျခဴးက စိမ္း၏ အေျခေနအားၾကည့္၍ အားရေက်နပ္စြာ ၿပဳံးလိုက္သည္။ ျခဴး မတ္တပ္ရပ္လိုက္ၿပီး စိမ္းေရွ႕သို႔လာကာ စိမ္း၏ မ်က္လုံးတို႔အား ေစ့ေစ့
ၾကည့္၍....

'' အခုဆိုရင္ေလ ရိပ္က မမစိမ္းကို သိပ္ကိုမွစိတ္နာေနေလာက္ၿပီ။ျခဴးက အဲ့ဒါကို အခြင့္ေကာင္းယူၿပီး ရိပ္ကို
မရရေအာင္ ယူမွာ''

''ျဖန္း''

စိမ္းမဟာႏြယ္ ဘယ္လိုမွ စိတ္မထိန္းနိုင္ေတာ့ပဲ
ျခဴးအိမ့္လြန္းအား ပါးရိုက္လိုက္သည္။ေဒါသ အရွိန္
ဘယ္ေလာက္မ်ားျပင္းခဲ့သလဲ ဆိုတာ ၾကမ္းျပင္ထက္သို႔
လဲက်သြားေသာ ျခဴးအိမ့္လြန္း၏ အေျခအေနအား
ၾကည့္၍ မွန္းဆနိုင္၏။

ျခဴးအိမ့္လြန္း ပူထူသြားေသာ ပါးျပင္တဖက္အား အုပ္ကိုင္ကာမ်က္ေထာင့္နီတို႔ျဖင့္ ျပန္၍ ေမာ့ၾကည့္လာသည္။
စိမ္းက ျခဴးအား လက္ညွိုးေငါက္ေငါက္ ထိုးကာျဖင့္...

''မင္းမွတ္ထား...ရိပ္က ငါ့အပိုင္ပဲ။ ထာဝရ ငါ့တေယာက္တည္းရဲ႕ အပိုင္ပဲ။ မင္းဘယ္ေတာ့မွ မရေစရဘူး''

ေလသံအား ဖိကာျဖင့္ ေျပာခဲ့ၿပီး ျခဴး၏ ကြန္ဒိုမွ ထြက္လာခဲ့သည္။ က်န္ခဲ့ေသာ ျခဴးကေတာ့ မ်က္ဝန္းနီနီတို႔မွ
ေဒါသႏွင့္ ခံျပင္းမႈတို႔ေၾကာင့္ မ်က္ရည္ပူမ်ား တေပါက္ခ်င္းက်လာေတာ့သည္။

''ကြၽန္မ မရရေအာင္ ယူမွာ။ ရိပ္ကို ရွင့္ဆီက မရရေအာင္ယူမွာ။ ရိပ္က ကြၽန္မအတြက္ပဲ ျဖစ္ရမယ္ စိမ္းမဟာႏြယ္''

ၾကမ္းျပင္မွာ လဲက်လွ်က္ပင္ ေန၍ အံႀကိတ္ကာ ဆိုလိုက္၏။အခ်စ္ဟာ အၿမဲတေစ ေအးခ်မ္းျခင္း သေဘာသာ ေဆာင္သည္။ ရွင္းရွင္းေလးေတြးၾကည့္ပါက ႏွလုံးသားမွ
ျဖစ္တည္လာတဲ့ နက္ရွိုင္းလွသည့္ ထိုခံစားခ်က္ဟာ
သိပ္ကိုမွ ရိုးရွင္းၿပီး ေအးခ်မ္းလွေပသည္။ ခ်စ္မိသူေတြ
အဖို႔ကေတာ့ ထိုေအးခ်မ္းပါသည္ဆိုသည့္ အခ်စ္ေၾကာင့္
ေပ်ာ္႐ႊင္ရျခင္း၊ ၾကည္ႏူးရျခင္း မ်ားခံစားမိရသလို
ငိုေႂကြးျခင္း၊ ရႈံးနိမ့္ျခင္း၊ ပူေလာင္ျခင္း တို႔ကိုလည္း
ခံစားရသတဲ့ေလ။

Continue Reading

You'll Also Like

2.5K 298 9
Bihan and Adya, the once 'two-body-one-soul' like friends drifted apart. Friendship of years old broken, or better put to halt, for some reasons that...
68.3K 2.3K 14
အန်တီ မျက်တောင်တစ်ချက်ခတ်လျှင်ကို သူ့အချစ်တွေတိုးရပါတယ် ။
20.1K 856 16
အတိတ်က အရိပ်ကို မလွန်ဆန်နိုင်ဘဲ နာမည်နဲ့လိုက်အောင် အေးဆက်ခဲ့ရတဲ့ ကျွန်မနှလုံးသားလေး ဟာ ဆောင်းရာသီမှာဖြစ်ပေါ်လာတဲ့ မြူလေးတွေကြောင့် တဖန် နွေးထွေးစွာ...
1.3M 69.8K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...