''အချစ်ဟုခေါ်သည်''

By Ei_25_10

263K 12.1K 170

အထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသား​ပေးရေးထားခြင်းဖြစ်သည်။ More

(Intro)
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55(Final)
မမစိမ်း❤

Part-45

3.4K 175 2
By Ei_25_10

(Unicode)

နေ့ရက်တွေဟာ အဓိပ္ပါယ်မဲ့စွာဖြင့် ကုန်ဆုံးလာခဲ့သည်။
အရင်က သိပ်ကိုမှ ပျော်ရွှင်ဖွယ်ကောင်းခဲ့သည့်
တိုက်ခန်းငယ်လေးဟာလည်း အခုတော့ဖြင့် တိတ်ဆိတ်ခြောက်ကပ်လို့နေပြီ။ အခန်းတံခါးလေးကို ဖွင့်လိုက်သည်နှင့်
ကြိုဆိုသူမရှိသည့် တိတ်ဆိတ်နေသော လေထု။ မျှော်လင့်ချက်လေး တခုဖြင့် နာမ်စားလေးတခုအား ခေါ်လိုက်၏။

''ငယ်''

တုန့်ပြန်သော စကားတို့ ရှိမလာခဲ့ပါ။ သို့ပေမယ့်လည်း
ထပ်၍ မျှော်လင့်နေမိတုန်း။

''ငယ်.....မောင် ပြန်လာပြီလေ''

ဧည့်ခန်းထဲသို့ ဝင်လာသည့်အခါ မြင်လိုက်ရသည့်
စားပွဲပေါ်က စာရွက်လေးတခု။ ထိုစာရွက်ဟာ စာချုပ်
တခုမှန်း မြင်ရုံဖြင့်သိပါ၏။ ဖွင့်ကြည့်လိုက်သည့်နှင့်တပြိုင်နက် ပါးပြင်ထက်သို့ မျက်ရည်တွေဟာ စီးကျလျှက်သား။ ကွာရှင်းစာချုပ်တဲ့လေ။ ပြတ်သားနိုင်သည့် သူတဦးကတော့ ရက်စက်စွာဖြင့် လက်မှတ်ရေးထိုးခဲ့လေပြီ။
မျက်ရည်များနှင့် ကျန်ရစ်ခဲ့ရသူကတော့ မစွန့်လွှတ်နိုင်ခဲ့သေး။

နီရောင်သမ်းနေပြီဖြစ်သော မျက်လုံးကလေးတွေဟာ
မျက်နှာကျက်ဆီသို့ အဓိပ္ပါယ်မဲ့စွာ ကြည့်နေခဲ့သည်။
ည၁၂နါရီ ပင်ထိုးနေပြီ။ တစုံတယောက်ကိုစောင့်နေပါသော်လည်း ထွက်သွားသူဟာ ပြန်မလာတော့ချေ။
အဖော်ပြုပေးနေကျ ဂစ်တာလေး ကတော့ တာဝန်မပျက်
အဖော်ပြုပေးနေပါရဲ့။ ဒီတခါလည်း ရင်ထဲက နာကျင်မှုနှင့်အတူ သီချင်းလေးတပုဒ် ညည်းဆိုမိခဲ့ပြန်သည်။

🎶လူတယောက်ရဲ့ ကောင်းကွက်ချည်းပဲ ......
လိုချင်လို့တော့...မရဘူးရယ်...ဒွန့်တွဲတဲ့ ဆိုးကွက်လည်း
ပါမယ်....အံဝင်ဂွင်ကျ ဆုတောင်းသမျှ ပြည့်စုံအောင်...
ဘယ်ဘုရားမှ မစွမ်းနိုင်ဘူး....နီးစပ်တာနဲ့ ရောင့်ရဲကြရတာလည်း...မင်းအသိပါပဲ.....🎶

🎶ကြောက်တိုင်း အပြစ်ကလေးတော့ ရှိတယ်...
လူတိုင်း.... ချို့ယွင်းချက်ရှိမယ်...သဘာဝရဲ့...
သဘောတရားတခုပါပဲ...ပုံစံတခုတည်း...ဇွတ်အတင်း
သွတ်သွင်းနေရင်...နဂိုရှိရင်းစွဲဂုဏ်အင်...ပျက်စီးမယ့်အရေး
ပြန်ငဲ့ကွက်သင့်တာလဲ...မင်းအသိပါပဲ...🎶

🎶ကိုယ်စွမ်းသလောက်တော့ ကိုယ်ကြိုးစားခဲ့ပါတယ်...
ထိပ်ဆုံးထိမရောက်ခဲ့ရတောင်... အလယ်အလတ်တော့
မကပါတယ်....စိတ်သွားသလောက်တော့... ကိုယ်လိုက်ပြီး
မလုပ်နိုင်ဘူး....ဒီလောက်နဲ့မှမကျေနပ်ရင်....အရှုံးပေးဖို့ပဲ
ကျန်တော့တယ်🎶

🎶ဒီထက်ပိုပြီး မင်းအလိုကို မဖြည့်နိုင်ဘူး....
ဒီထက်ပိုပြီး.. မဖြစ်နိုင်ဘူး...မတတ်နိုင်ဘူး...🎶

မတတ်နိုင်တော့ဘူး အချစ်ရယ်။ ကိုယ်လည်းပင်ပန်းလှပြီ။
ကိုယ်မဟုတ်တဲ့ တခြားသူတယောက်ဆီလှမ်းနေတဲ့ မင်းရဲ့ခြေလှမ်းတို့ကို ''မထားခဲ့ပါနဲ့'' ဆိုတဲ့ စကားလေးနဲ့ ဟန့်တားချင်ပါသော်လည်း မင်းမှ ကိုယ့်ရင်ခွင်ထဲ မပျော်တော့ပဲ။
ကိုယ်ဆွဲမထားတော့ဘူး အချစ်ရေ။ ရွေးချယ်သွားခဲ့တဲ့
လမ်းလေးတခုမှာ မင်းအမြဲပြုံးနေနိုင်ဖို့သာ မျှော်လင့်မိပါရဲ့။
နာကျင်လှသည့် ခံစားချက်တို့အား လျစ်လျူရှုကာ
ချစ်ရသူလေး စိတ်ချမ်းသာစေဖို့ ပျော်ရွှင်စေနိုင်ဖို့
ဘောပင်လေးအား ကိုင်ကာ လက်မှတ်ရေးထိုးမည်အပြု
ရုတ်တရက် ဝင်လာသော ဖုန်းခေါ်ဆိုမှုလေးတခု။

''ဟယ်လို''

''.........''

''ဗျာ...ဘယ်..ဘယ်လို...ဟုတ်..အခု ဘယ်မှာလဲဟင်
ကျွန်တော် အခုပဲလာခဲ့ပါ့မယ်''

ဘောပင်လေးအား လက်မှချကာ နေရာတခုဆီသို့ အမြန်ပင်သွားရတော့သည်။ နှလုံးသားတခုလုံးဟာ စိုးရိမ်စိတ်တို့ဖြင့်
လွှမ်းမိုးခံထားရပြီး မျက်ရည်များလည်း အဝိုင်းသား။
တစုံတယောက်ဆီသို့ အပြေးလေးသွားနေသော ခြေလှမ်းများဟာ မည်သည့်အန္တရာယ်ကိုမှ မှုတော့မည် မဟုတ်။
ဤနှလုံးသားက စိတ်မနာတတ်လေသတဲ့လား။
ခြေလှမ်းတို့ရဲ့ ဦးတည်ရာဟာ ဆေးရုံတခုဆီသို့။

•••••••••••••••••••••••••

ဆေးရုံကုတင်လေးတခုပေါ်က ဖြူဖတ်ဖြူရော် မျက်နှာကလေးနှင့် အိပ်ပျော်နေသော မိန်းကလေးတဦးအား
ကောင်းခန့် အရည်လဲ့နေသော မျက်ဝန်းကလေးတစုံဖြင့်
ငေးကြည့်နေမိသည်။ မျက်ဝန်းထဲမှ အရိပ်အယောင်တို့ဟာ
မုန်းခြင်းစိတ်နာခြင်းရယ်လို့ အရိပ်အယောင်များပင်မရှိ။
ဝတ်ရည်အမေဆီမှ ဖုန်းဆက်အကြောင်းကြား၍ ယခုရောက်လာခဲ့ရခြင်းဖြစ်သည်။ဆရာဝန်နှင့် ဆွေးနွေးမှုအပြီး ကောင်းခန့်ခမျာ အရုပ်ကြိုးပြတ်သည့်အလား ပြိုလဲရတော့သည်။ရှင်သန်ချိန်အနည်းငယ်သာ အခွင့်ရှိတော့သည့်
အစာအိမ်ကင်ဆာ ဝေဒနါသည် တယောက်တဲ့လေ။
မယုံကြည်နိုင်အောင်ပင်။ နှလုံးသားတို့ကလည်း လက်မခံနိုင်။မျက်ရည်မကျမိအောင် မနည်းတင်းခံထားရသည်။
ကိုယ်ကပါ မျက်ရည်ကျနေရင် သူမ သာဆိုရင်ရောဆိုတဲ့
အတွေးလေးဖြင့် မနည်းတင်းခံကာနေရသည်။

နာရီဝက်ခန့်အကြာဝတ်ရည် မျက်လုံးကလေးများ ပွင့်လာပြီး အခန်းမျက်နှာကျက်ကိုသာ အဓိပ္ပါယ်မဲ့စွာ ကြည့်နေမိသည်။ ဘေးနားမှတစုံတယောက်ရဲ့ ရင်ခွင်ထဲ အားကိုးတကြီး ခိုလှုံချင်ပါသေးရဲ့။ မျက်ဝန်းထဲက မျက်ရည်လေးများဟာ ဝေ့သီစပြုလို့လာခဲ့ပြီ။

''ငယ်''

ချစ်ရသူ၏ ခေါ်သံလေးကြောင့် နှလုံးသားတို့ဟာ
ကြေကွဲလုမတက်။ချစ်ရသူ၏ မျက်နှာလေးအား မြတ်နိုးစွာဖြင့် ကြည့်ချင်ပါသော်လည်း ကိုယ်ငိုမိမှာ စိုးတယ်
အချစ်ရယ်။

''ငယ်...သတိရပြီလားဟင်''

'' ........''

ဖြူဖျော့နေသော နှုတ်ခမ်းလေးဟာ ဘာမှတုန့်ပြန်မလာခဲ့။

''ငယ်...ဘာမှမဖြစ်ဘူးနော်...မောင်ရှိတယ်''

''............''

''မောင်...မောင်..အတတ်နိုင်ဆုံး..ကြိုးစားပြီး..
ရအောင် ကုမယ်...မောင် ငယ့်ရောဂါကို....
.ရအောင်ကုမယ်ငယ်....ငယ်ဘာမှမဖြစ်ရဘူး...''

ဝတ်ရည်၏ လက်လေးအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ
တုန်ရီနေသော အသံတို့ဖြင့် ပြောလာ၏။ ငိုသံနှောနေသော
ချစ်ရသူ၏ စကားသံလေးကြောင့် နှလုံးသားလေးခမျာ
တဖန်ထပ်၍ နာကျင်ရပြန်သည်။

''သိသွားပြီပေါ့''

တိုးရှလှသော လေသံလေးဖြင့် မနည်းအားယူကာ ပြောလာ၏။

''ကွာရှင်းပေးပါ''

''ငယ်''

''ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီးတော့ မောင်ရယ်...
ငယ့်လို သေရတော့မယ်....လူမမာ... တယောက်ကို
ဒုက္ခခံပြီး...ဆက်.. မ...ပေါင်းပါနဲ့တော့လား မောင်''

အသံတို့အား ထိန်းကာပြောနေပါသော်လည်း တုန်ရီသံတို့ဟာ အထင်းသား။

''ငယ်''

'' သာယာမယ့်.... အိမ်ထောင်ရေး...တခုကို..တည်​ဆောက်ပါ
မောင့်မှာ..အနာဂတ်တွေရှိ...သေးတယ်..ငယ့်..ကိုမေ့ပေးပါမောင်...ကျေးဇူးပြုပြီးတော့....မေ့လိုက်ပါ..''

''..............''

ကောင်းခန့်ဘာမှ ပြန်မပြောနိုင်အောင် ဆွံအနေခဲ့ရသည်။

''ကွာရှင်းပေးပါ...မောင်...ငယ့်ကို...ကွာရှင်း...''

''မောင် ငယ့်ကိုချစ်တယ်...သိပ်ချစ်တယ် ငယ်
ငယ့်အနားမှာပဲ...မောင်ရှိနေမှာ...အမြဲတမ်း...
အမြဲတမ်းရှိနေမှာ''

ကောင်းခန့်၏ စကားအဆုံး ဝတ်ရည် ကောင်းခန့်ဘက်သို့
စောင်းငဲ့ကြည့်မိသည်။ မြင်လိုက်ရသည့် ချစ်ရသူ၏
မျက်ဝန်းထဲမှ မျက်ရည်ဥကလေးတို့ကြောင့် ဝတ်ရည်
တင်းခံထားသည့်ကြားမှ မျက်ရည်ကျမိရသည်။
မျက်ရည်တို့ကြားမှ ဝိုးတိုးဝါးတား ချစ်ရသူ၏ ပုံရိပ်လေးအား ပြုံး၍ ကြည့်နေမိသည်။ နောက်ဆိုရင် အခုလိုလေး
မြင်တွေ့ရဖို့ မသေချာနိုင်တော့ဘူးလေ။

''ငယ်...မငိုပါနဲ့ငယ်ရယ်...မောင်..
မောင်ရှိနေတယ်လေ...''

ကိုယ်တိုင်ပင် မျက်ရည်များ မနည်းထိန်းထားရပါသော်လည်း ချစ်ရသူမျက်ရည်တို့ မြေမခဖို့ နှစ်သိမ့်ပေးရှာလေသည်။နာကျင်နေသည့် ကြားမှ ချစ်ရသူအတွက်
အပြုံးတပွင့် အားတင်းကာ ဖန်တီးပေးခဲ့၏။
ဝတ်ရည်ကို သိပ်ချစ်ရှာသည့် အချစ်ကြီးသူ ကောင်လေး
တယောက်ပေါ့။

''ငယ်...ကျေးဇူးပြုပြီး မောင့်ကို မနှင်ပါနဲ့ ငယ်ရယ်
ငယ့်အနားမှာ ရှိနေခွင့်ပေးပါ ငယ်ရယ်''

''ဟင့်အင်း မောင်...ငယ့်ကြောင့်....ငယ့်ကြောင့်နဲ့
မောင့်..အနာဂတ်တွေကို.ဟင့်..မပျက်စီးစေချင်ဘူး...
မောင် ငယ့်ကို....အင့်ဟင့် ...မုန်းသွားအောင်...ငယ်..
..နည်းမျိုးစုံ..ကြိုးစားခဲ့တာ....ဘာလို့လဲမောင်...
ဘာလို့ငယ့်ကို...ဟင့်...မမုန်းတာလဲ...မုန်းပစ်ခဲ့ရမှာ..မောင်ရဲ့
မုန်းပစ်လိုက်ရမှာ....''

ချစ်ရသူ၏ ကြေကွဲစွာ ငိုရှိုက်သံတို့ကြား
ကောင်းခန့်ဘယ်လိုမှ တင်းခံမထားနိုင်တော့ပေ။

''သွားတော့...ထွက်သွား...ထွက်သွားပေးပါ..''

''ငယ်...မောင်..တောင်းပန်ပါတယ် ကွာ..''

''ငါ ထွက်သွားတော့လို့ ပြောနေတယ်လေ...
ကောင်းခန့်လင်း...နင်.. ထွက်သွားတော့..!!''

ငိုသံများကြားမှ ဝတ်ရည်စူးစူးဝါးဝါး အော်ပစ်လိုက်သည်။
သို့ပေမယ့် ကောင်းခန့်ကတော့ ဝတ်ရည်အနား​က
လုံးဝထွက်သွားမည် မဟုတ်။

''သွားပါတော့...ဟင့်...ကျေးဇူးပြုပြီး.. ငါနဲ့...
အဝေးဆုံး...ကိုထွက်သွားပေးပါ''

မနှင်ချင်သော်ငြား ကောင်းခန့်အားဒီထက်ပို၍ မနာကျင်စေချင်။ ချစ်ရသူအား မိမိအတွက်နှင့်တော့ ဝန်ထုပ်ဝန်ပိုး
မဖြစ်စေချင်။ ချစ်ရသူ ပျော်ရွှင်နေရသည့် အခိုက်အတန့်လေးတွေကို မြင်ချင်ရုံပါ။နာကျင်ရက်နှင့်ပင် နှင်လွှတ်ပါရစေ။

''မသွားဘူးငယ်...မောင်..ဘယ်မှမသွားဘူး...
ငယ်.. မောင့်ကို သတ်ရင်သတ်ပစ်လိုက်...
မောင် ငယ့်အနားက ဘယ်ကိုမှမထွက်သွားနိုင်ဘူး''

ပြတ်သားစွာ ပြောလာသည့် ကောင်းခန့်၏ စကားကြောင့်
ဝတ်ရည် မျက်ရည်တို့လည်း ပိုလို့သည်းထန်ခဲ့တာပေါ့။

''ငယ့်...ရင်တွေ...နာလိုက်တာ မောင်ရယ်''

ဝတ်ရည် မိမိလက်ဖြင့် ရင်ဘက်အား ထုကာ ရှုံးပွဲချငိုလေတော့သည်။ ကောင်းခန့်လည်း ဝတ်ရည်၏ လက်လေးများအားအ​မြန်လှမ်း၍ ဆုပ်ကိုင်ထားလိုက်ပြီး ဝတ်ရည်အား ရင်ခွင်ထဲ ထွေးပွေ့ကာ အသံတိတ်ငို​ချမိတော့သည်။

'' တောင်းပန်ပါတယ် ငယ်ရယ်...မောင့်ကို မနှင်ပါနဲ့
ငယ့်အနားမှာ ရှိနေပါရစေ''

''............''

''ငယ် ငယ်ဘာပဲ ဖြစ်နေဖြစ်နေ မောင် လက်မလွှတ်ဘူး။
မောင် မကွာရှင်းဘူးငယ်။ ငယ့်ရဲ့ အမျိုးသားအဖြစ်နဲ့ပဲ
ရှိနေမယ်။ ငယ့်အနားမှာ အမြဲရှိနေမှာ။ ဒီတခါတော့
မောင် ငယ့်စကားကို နားမထောင်ပါရစေနဲ့ ''

''မောင်ရယ်''

အက်ကွဲနေသော အသံတို့ဖြင့် ထိုစကားလေးတခွန်းကိုသာ
ရေရွတ်နိုင်ခဲ့တော့သည်။

''ငယ့်ကို သိပ်ချစ်တယ်။ သေမတက်ချစ်တယ် ငယ်ရယ်''

ကံကြမ္မာရယ် အဲ့သလောက်တောင်မှ ရက်စက်လေရော့လား။ နှလုံးသားတို့လည်း ကွဲကြေလုနေပြီ။ မင်းသာမရှိတော့ရင်ဆိုတဲ့ အတွေးတို့ဟာလည်း နေ့စဥ်နှင့်အမျှခြောက်လှန့်လိုနေပြီ။ မင်းမရှိတော့တဲ့နောက် ကိုယ်ဘယ်လိုများ ရှင်သန်ရပါ့မလဲ မိန်းကလေးရယ်...။

••••••••••••••••••••

အချိန်တွေ တရွေ့ရွေ့နှင့် ကုန်ဆုံးလို့လာပြီး သည့်အထိ
ရိပ်နှင့် စိမ်းကြားမှ သံသယတွေဟာလည်း ပိုလို့ပိုလို့ တိုးလာရသည်။ အိမ်ထောင်ရေးဟာ အသိအသာကြီးအေးစက်သွားသည် မဟုတ်သော်လည်း တဖြေးဖြေးနှင့် တိတ်ဆိတ်လို့လာပြီ။ ရိပ် အိမ်ပြန်နောက်ကျတဲ့ညတွေဆို ရိပ်များ တကယ်ဖောက်ပြန်နေပြီလား ဆိုသည့် အတွေးတို့ဖြင့် စိမ်းရင်ထဲမှာ ပူလောင်နေရပြီ။

''မမ ''

''ဟင်''

''ဝတ်ရည်က ပြန်ကောင်းလာမှာပါနော်''

မျက်ရည်လေးလဲ့ကာ မေးလာသည့် ရိပ်၏ စကားကြောင့်
စိမ်းလည်း ရင်ထဲမကောင်းပေ။

''အင်း ပြန်ကောင်းလာမှာပေါ့ ရိပ်ရယ်''

''ရိပ်လေ ဝတ်ရည်ကို မဆုံးရှုံးချင်ဘူး
သူ့ကို...ဟင့်...ရိပ်...ထွက်မသွားစေချင်ဘူး''

''ရိပ်ရယ်''

စိမ်း မျက်ဝန်းတို့၌လည်း မျက်ရည်တွေ ဝဲလာပြီး
ရိပ်အား ဖက်ထားပေးလိုက်သည်။ ရိပ်သည် သူငယ်ချင်းများအားလုံးထဲ၌ အမြဲလိုလို ပျော်ပျော်နေတတ်သည့်
ဝတ်ရည်ကို ပို၍ ခင်တွယ်မိသည်။ ရောဂါအခြေနေတွေ ပိုစိုးလာလေလေ ရိပ်ရင်ထဲ၌လည်း သူငယ်ချင်းဖြစ်သူအတွက်
အရမ်းကိုမှ စိတ်မကောင်းဖြစ်ရ၏။

''ဝတ်ရည်ကလေ...ရိပ်ရဲ့...အချစ်ဆုံးသူငယ်ချင်း မမရဲ့''

''..........''

''ဘာကြောင့်များလဲ.... ကံတရားကြီးက...ဟင့်..
ဘာကြောင့်များ အဲ့လောက်...ရက်စက်ရတာလဲ''

''မမတို့က ကံဇာတ်ဆရာ အလိုကျ ကပြရတဲ့ ကကြိုးရုပ်
တွေပါ ...ဝတ်ရည်လေး အတိတ်ဘဝက
ဝဋ်ကြွေးတွေ အရမ်းများခဲ့တယ် ထင်ပါရဲ့ ရိပ်ရယ်''

''ဟင့်...ရိပ်..ဝတ်ရည်အတွက်...တခုခု...လုပ်ပေးနိုင်ရင်
ကောင်းမယ်...ဒါပေမဲ့...ရိပ်လည်း...''

ကလေးတယောက်လိုသာ ငိုနေသော ရိပ်မှာ ဝတ်ရည်အတွက် အတော်လေး ခံစားနေရပုံပင်။ အချိန်ကာလတွေ ဟာ တဖြေးဖြေးနီးကပ်လာခဲ့ပြီလေ။ ရင်ထဲက ပူလောင်မှုတွေဟာလည်း ပိုလို့ပိုလို့ တိုးလာခဲ့ပြီပေါ့။

''ရိပ်...မမတို့ ဝတ်ရည် ဆီသွားကြမလားဟင်
ဝတ်ရည်ကို အားမငယ်အောင် ရိပ်က
အားပေးပေးရမယ်လေ... နော်''

''ဟုတ်မမ သွားမယ်လေ''

''အင်း...ရိပ်...ဝတ်ရည် ရှေ့မှာ မငိုရဘူးနော်
ဝတ်ရည် စိတ်မကောင်းဖြစ်နေလိမ့်မယ်''

''ဟုတ်မမ...ရိပ် မငိုမိအောင် ကြိုးစားပါ့မယ်''

ရိပ် ပါးပြင်ထက်က မျက်ရည်စများအား ခပ်ကြမ်းကြမ်း
သုတ်လိုက်ပြီး ခေါင်းလေးတဆတ်ဆတ်ငြိမ်ကာ
အဖြေပြန်ပေးလာသည်။

တဖက်တွင်လည်း ကောင်းခန့်တို့ရဲ့ ခွဲခွာရတော့မည့် အချိန်ကာလလေးဟာ ပို၍ နီးကပ်လို့လာခဲ့ပြီ။ ဝတ်ရည်၏
ခန္တာကိုယ်လေးဟာလည်း လုံးဝကို ပိန်ကျသွားခဲ့ပြီ။
ဆံနွယ်တို့ဟာလည်း ကျွတ်ကျကုန်သည်မှာ ယခုဆိုရင်
ဆံချည်မျှင်လေး တမျှင်မျှပင်မရှိတော့။ အလှတရားတို့ဟာလည်း ပျောက်ဆုံးကုန်ခဲ့ပြီ။ ဘယ်လိုပဲ ရူပကာတို့ပျက်စီးပါ​စေအုံးတော့။အချစ်မျက်ဝန်းလေးဖြင့်သာ ကြည့်နေခဲ့သော
ကောင်းခန့်၏ အမြင်တွင် မပြောင်းလဲပဲ လှမြဲလှနေဆဲ။
အတတ်နိုင်ဆုံးကြိုးစားကုနေခဲ့ပါသော်လည်း မစွမ်းသာခဲ့။
ချစ်ရသူ၏ အလူးအလဲခံစားနေရသော နာကျင်မှုတို့ကို
မြင်ရလေတိုင်း ကောင်းခန့်ရင်ထဲ စူးနစ်နေအောင်နာရပါ၏။

''ငယ်....နည်းနည်းလေး ထပ်စားနော်''

စားရသည့် အစားအသောက်မှန်သမျှ အရသာဆိုသည်မှာ
ဘာမှန်းပင် မသိတော့။ ချစ်ရသူ ချက်ကျွေးတဲ့ အစားအသောက်လေးရဲ့ အရသာကိုတော့ ခံစားကြည့်ခဲ့ချင်ပါသေးသည်။အရသာရယ်လို့ မခံစားနိုင်တော့ပေမယ့်
ချစ်ရသူကိုယ်တိုင်ချက်ပြုတ်ခဲ့သည်မို့ အနည်းငယ်တော့
အစာဝင်အောင် စားရတာပေါ့။

''ငယ်...အဆင်ပြေရဲ့လားဟင်''

''အင်း....ပြေပါတယ် မောင်''

တိုးလျှလှသော အသံလေးတို့ဟာဖြင့် မောဟိုက်နေဟန်။

''မောင်''

''အင်း ပြောလေ ငယ်...မောင် နားထောင်နေတယ်နော်''

''သိပ်...ချစ်တယ်...မောင်''

မနည်းအားယူကာဖြင့် ပြောလာခဲ့သည့် အသံတိုးတိုးလေးဟာဖြင့် ကောင်းခန့်ရင်ထဲကို မခံစားနိုင်အောင်ပင်။

''မောင်လည်း ချစ်တာပေါ့ ငယ်ရယ်
သိပ် ချစ်တာပေါ့''

ထိုစကားလေးကြားတော့ ကောင်းခန့်အား ဝတ်ရည်မနည်းအားတင်းကာ ပြုံးပြလိုက်သည်။ကောင်းခန့် လည်းဝတ်ရည်၏ လက်ကလေးအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာနမ်းရှိုက်လိုက်ပြီး......

''မောင်ရှိတယ်ငယ်...မောင်ရှိနေတယ်နော်
ဘာမှမဖြစ်ဘူးနော်''

မငိုမိအောင် တင်းခံထားသော ကောင်းခန့်၏ အသံတို့ဟာ
တုန်ရီလို့နေ၏။ ကောင်းခန့်ကို ကြည့်နေသော ဝတ်ရည်၏
မျက်လုံးလေးတွေဟာလည်း မျက်ရည်လေးများ ဝိုင်းလို့။

''မောင်''

''မောင်နားထောင်နေတယ်နော် ဖြည်းဖြည်းချင်းချင်း
ပြောနော်....ရတယ်...ဖြေးဖြေးပဲပြော...
မောင်စောင့်နိုင်တယ်...ငယ်မောနေမှာစိုးလို့ပါ''

''ငယ့်ကို..မောင်...ချစ်ခွင့်ပန်ခဲ့တဲ့...ကမ်းခြေလေးကို
ငယ်...သွားချင်တယ်မောင်''

''ဟုတ်ပါပြီ...ငယ်...နေကောင်းလာတဲ့အခါ
မောင်လိုက် ပို့ပေးမှာပေါ့''

''ဟင့်အင်း မောင်....မနက်ဖြန်..တွေက...
မသေချာတော့ဘူး''

''ငယ်ရယ်..အဲ့လိုတွေ မပြောပါနဲ့''

''ငယ်...ကိုယ့်...အခြေနေကိုယ်... သိပါတယ်...မောင်ရယ်''

ထိုစကားကြားတော့ ကောင်းခန့် ဝတ်ရည်အား မျက်နှာလွှဲပစ်လိုက်သည််။ ကျဆင်းလာသည့် မျက်ရည်စတို့ကို
ချစ်ရသူအား မမြင်စေလို၍ ဖြစ်၏။ မျက်ရည်စတို့အား
ဝတ်ရည်မသိအောင် မသိမသာ သုတ်လိုက်ပြီး
ဝတ်ရည်ဘက်သို့ ပြန်ကြည့်ကာ....

''အင်းပါ...ငယ်ရယ်...ငယ်သွားချင်တဲ့ ကမ်းခြေလေးကို
သွားလို့ရအောင် မောင်အမြန်ဆုံး စီစဥ်ပေးမယ်နော်''

အပြုံးလေးတပွင့် ဖန်တီးကာ ပြောလာသူအား ဝတ်ရည်
မျက်ရည်အဝိုင်းသား မျက်လုံးလေးဖြင့် ​ပြန်ကြည့်
၍ ပြုံးပြလိုက်သည်။ ထိုအချိန် ဆေးရုံခန်းလေးအတွင်းသို့ ဝင်လာသော ရိပ်နှင့် စိမ်းတို့နှစ်ဦး။

''အော်...ဆရာမ''

စိမ်းတို့ကို မြင်သည်နှင့် ကောင်းခန့်လည်း မတ်တပ်လေး
ထရပ်လိုက်သည်။

''ဝတ်ရည်...ငါနင့် အတွက် လိမ္မော်သီး ဝယ်လာတယ်''

လက်ထဲတွင်ပါလာသော လိမ္မော်သီးထုတ်လေးအား မြှောက်ပြကာဖြင့် ပြုံး၍ ပြောလာသည်။ သို့သော် စိတ်ထဲတွင်တော့
ဝတ်ရည်၏ တနေ့တခြားပို၍ ပြောင်းလဲလာသော ပုံစံအား မြင်ရသည်နှင့် ဝမ်းနည်းစိတ်တို့ လှိုက်တက်လာခဲ့သည်။ဝတ်ရည်လည်း သူငယ်ချင်းဖြစ်သူအား အားတင်းကာပြုံးပြလိုက်သည်။ရိပ် မကြာခဏဆိုသလို ဝတ်ရည်ဆီသို့
လာလာတွေ့နေကျ ဖြစ်သည်။ သံစဥ်နှင့် ရွှန်းလဲ့လည်း
အားရင် အားသလို ဝတ်ရည်အနားအမြဲရှိနေပေးသည်။
သူငယ်ချင်း သံယောဇဥ်တွေဟာ နှစ်တွေကြာသွားသည့်တိုင်
မပြောင်းလဲခဲ့ဘူးလေ။

''ဝတ်ရည်...ငါ နင့်ကို လွမ်းနေတာ''

''.........''

ဝတ်ရည်ကတော့ ဝေဒနါဒဏ်ကြောင့် စကားသိပ်မပြောနိုင်သည်ကို ရိပ် သိသည်မို့ မိမိဘက်ကသာ
ဝတ်ရည်အတွက် စကားလုံးများ ဖန်တီးပေးရတာပေါ့။

''ဝတ်ရည် ငါတို့ရှိတယ်နော်...အားတင်းထားရမယ်နော်''

ကုတင်ဘေးက ခုံအလွတ်လေးတွင် ဝင်ထိုင်လိုက်ပြီး
ဝတ်ရည်၏ လက်ကလေးအား ဆုပ်ကိုင်ကာ ဆိုလာခဲ့သည်။
မျက်ရည်အဝိုင်းသားဖြင့် ခေါင်းညိတ်ပြလာသည့် ဝတ်ရည်အားကြည့်၍ ရိပ်လည်း မျက်ရည်ဝဲလာရသည်။
သို့သော် မျက်ရည်မကျမိအောင် စိတ်တင်းထားဆဲ။

''အစားတွေများများစားပြီး... နေမြန်မြန်ကောင်းလာရမယ်နော်...နင်...နေကောင်းလာတဲ့... အခါကျရင် ငါတို့အတူတူ
ပုဂံသွားကြမယ်လေနော်...အရမ်းပျော်ဖို့ကောင်းမှာ
ဟုတ်တယ် မဟုတ်လား...''

အတတ်နိုင်ဆုံး တင်းခံထားပါသော်လည်း ရိပ်၏ အသံတို့ဟာ အနည်းငယ်တုန်ရီလို့နေ၏။

''ဝတ်ရည်...နင်ကလေ..ငါ့အတွက် အကောင်းဆုံးသူငယ်ချင်းပဲသိလား...''

''..........''

''နင်မှတ်မိလားဟင်...ငါကျောင်းစတက်တဲ့နေ့ကလေ
နောက်တန်းကို လှည့်ကြည့်လာပြီး ဖော်ရွေရွေနဲ့
လာနှုတ်ဆက်တဲ့...နင့်ပုံစံလေးကို...ငါအခုထိ
မမေ့သေးဘူးဟ....''

''...........''

''နင်က... သိပ်...ပြီး...ခင်ဖို့ကောင်းတယ်''

ပြောနေရင်းနှင့်ပင် ဟန်မဆောင်နိုင်ကာ ကျဆင်းလာသော
မျက်ရည်စများ။ ပါးပြင်ထက်က မျက်ရည်တို့ကိုလည်း
ရိပ်သတိမထားမိ။

''နင်က ငါတို့...သူငယ်ချင်းတွေထဲမှာ...
မရှိမဖြစ်လေးဟ...နင့်ကြောင့်...အားလုံးပျော်ခဲ့ရဖူးတယ်
ပျော်ပျော်...နေတတ်တဲ့...နင့်အကျင့်လေးကလေ
သိပ်.....သိပ်ချစ်ဖို့ကောင်းတာ ဝတ်ရည်ရ''

''............''

''နင်နေကောင်းလာရင်....အရင်လို မျိုးပဲ
ပျော်ပျော်နေရမယ်နော်...ကြားလား''

''................''

''ဟင့်...ပြီးတော့​လေ....တခါမှမပြောခဲ့ဖူးတဲ့
စကားလေးတခွန်း..ငါပြောမယ်နော်...''

''...........''

''ဝတ်ရည်...နင်က....နင်ကလေ..ငါ့ရဲ့
အချစ်ရဆုံး...သူငယ်ချင်းပဲ''

ဝတ်ရည်ကျေနပ်မိပါသည်။ ထိုစကားလေးကို ကြားခွင့်ရခဲ့၍
ကျေနပ်မိပါသည်။ သို့သော် လက်ရှိအခြေနေတခုကြောင့်
တချို့သော ကတိတွေကိုတော့ မပေးဖြစ်ခဲ့တော့ပေ။
မနည်းအားယူကာဖြင့် ပြန်ပြောလိုက်သည့်စကားလေးက...

''ငါလည်း.... ချစ်..ပါတယ်....သူငယ်ချင်း...ရယ်''

''.ငါ...ငါယုံတယ်နော်
ဝတ်ရည်.....ငါယုံတယ်''

မျက်ရည်များ ပြည့်နေသော မျက်ဝန်းလေးများဖြင့်
ကြည့်ကာ ခေါင်းလေးတဆတ်ဆတ်ညိတ် ကာ
ဝတ်ရည်အား ပြန်ပြောလိုက်၏။ ရိပ်တို့ နှစ်ယောက်အား
လှမ်းကြည့်နေသော စိမ်းနှင့် ကောင်းခန့်တို့လည်း
မျက်ရည်လေး အဝိုင်းသားဖြင့်။

စိမ်းက ကောင်းခန့်အား အပြင်သို့ ခဏခေါ်ထုတ်လာခဲ့သည်။
ဘာကြောင့်လဲဆိုတော့ ကောင်းခန့်မျက်ဝန်းတွေမှ
မျက်ရည်စတို့အား ကောင်းခန့် မဟန့်တားနိုင်တော့မှန်းကို
စိမ်းသိနေ၍ ဖြစ်၏။

''တင်းခံမထားနဲ့... ကောင်းခန့်
ဝတ်ရည်ကွယ်ရာမှာတော့ စိတ်ကြိုက်သာ
ငိုချပစ်လိုက်ပါ''

ကောင်းခန့်လည်း ဆေးရုံအခန်းရှေ့က ထိုင်ခုံလေးမှာ
ထိုင်ကာ ချုံးပွဲချငိုမိတော့သည်။ မင်းကွယ်ရာမှာတော့
ခဏလောက်ဖြစ်ဖြစ် ပြိုလဲခွင့်ပြုပါ။ မခံစားနိုင်တော့ဘူး
အချစ်ရယ်။ နာကျင်လှပြီ။

•••••••••••••••••••

(Zawgyi)

ေန႕ရက္ေတြဟာ အဓိပ္ပါယ်မဲ့စွာဖြင့် ကုန္ဆုံးလာခဲ့သည္။
အရင္က သိပ္ကိုမွ ေပ်ာ္႐ႊင္ဖြယ္ေကာင္းခဲ့သည့္
တိုက္ခန္းငယ္ေလးဟာလည္း အခုေတာ့ျဖင့္ တိတ္ဆိတ္ေျခာက္ကပ္လို႔ေနၿပီ။ အခန္းတံခါးေလးကို ဖြင့္လိုက္သည္ႏွင့္
ႀကိဳဆိုသူမရွိသည့္ တိတ္ဆိတ္ေနေသာ ေလထု။ ေမွ်ာ္လင့္ခ်က္ေလး တခုျဖင့္ နာမ္စားေလးတခုအား ေခၚလိုက္၏။

''ငယ္''

တုန့္ျပန္ေသာ စကားတို႔ ရွိမလာခဲ့ပါ။ သို႔ေပမယ့္လည္း
ထပ္၍ ေမွ်ာ္လင့္ေနမိတုန္း။

''ငယ္.....ေမာင္ ျပန္လာၿပီေလ''

ဧည့္ခန္းထဲသို႔ ဝင္လာသည့္အခါ ျမင္လိုက္ရသည့္
စားပြဲေပၚက စာ႐ြက္ေလးတခု။ ထိုစာ႐ြက္ဟာ စာခ်ဳပ္
တခုမွန္း ျမင္႐ုံျဖင့္သိပါ၏။ ဖြင့္ၾကည့္လိုက္သည့္ႏွင့္တၿပိဳင္နက္ ပါးျပင္ထက္သို႔ မ်က္ရည္ေတြဟာ စီးက်လွ်က္သား။ ကြာရွင္းစာခ်ဳပ္တဲ့ေလ။ ျပတ္သားနိုင္သည့္ သူတဦးကေတာ့ ရက္စက္စြာျဖင့္ လက္မွတ္ေရးထိုးခဲ့ေလၿပီ။
မ်က္ရည္မ်ားႏွင့္ က်န္ရစ္ခဲ့ရသူကေတာ့ မစြန့္လႊတ္နိုင္ခဲ့ေသး။

နီေရာင္သမ္းေနၿပီျဖစ္ေသာ မ်က္လုံးကေလးေတြဟာ
မ်က္ႏွာက်က္ဆီသို႔ အဓိပ္ပါယ်မဲ့စွာ ၾကည့္ေနခဲ့သည္။
ည၁၂နါရီ ပင္ထိုးေနၿပီ။ တစုံတေယာက္ကိုေစာင့္ေနပါေသာ္လည္း ထြက္သြားသူဟာ ျပန္မလာေတာ့ေခ်။
အေဖာ္ျပဳေပးေနက် ဂစ္တာေလး ကေတာ့ တာဝန္မပ်က္
အေဖာ္ျပဳေပးေနပါရဲ႕။ ဒီတခါလည္း ရင္ထဲက နာက်င္မႈႏွင့္အတူ သီခ်င္းေလးတပုဒ္ ညည္းဆိုမိခဲ့ျပန္သည္။

လူတေယာက္ရဲ႕ ေကာင္းကြက္ခ်ည္းပဲ ......
လိုခ်င္လို႔ေတာ့...မရဘူးရယ္...ဒြန့္တြဲတဲ့ ဆိုးကြက္လည္း
ပါမယ္....အံဝင္ဂြင္က် ဆုေတာင္းသမွ် ျပည့္စုံေအာင္...
ဘယ္ဘုရားမွ မစြမ္းနိုင္ဘူး....နီးစပ္တာနဲ႕ ေရာင့္ရဲၾကရတာလည္း...မင္းအသိပါပဲ.....

ေၾကာက္တိုင္း အျပစ္ကေလးေတာ့ ရွိတယ္...
လူတိုင္း.... ခ်ိဳ႕ယြင္းခ်က္ရွိမယ္...သဘာဝရဲ႕...
သေဘာတရားတခုပါပဲ...ပုံစံတခုတည္း...ဇြတ္အတင္း
သြတ္သြင္းေနရင္...နဂိုရွိရင္းစြဲဂုဏ္အင္...ပ်က္စီးမယ့္အေရး
ျပန္ငဲ့ကြက္သင့္တာလဲ...မင္းအသိပါပဲ...

ကိုယ္စြမ္းသေလာက္ေတာ့ ကိုယ္ႀကိဳးစားခဲ့ပါတယ္...
ထိပ္ဆုံးထိမေရာက္ခဲ့ရေတာင္... အလယ္အလတ္ေတာ့
မကပါတယ္....စိတ္သြားသေလာက္ေတာ့... ကိုယ္လိုက္ၿပီး
မလုပ္နိုင္ဘူး....ဒီေလာက္နဲ႕မွမေက်နပ္ရင္....အရႈံးေပးဖို႔ပဲ
က်န္ေတာ့တယ္

ဒီထက္ပိုၿပီး မင္းအလိုကို မျဖည့္နိုင္ဘူး....
ဒီထက္ပိုၿပီး.. မျဖစ္နိုင္ဘူး...မတတ္နိုင္ဘူး...

မတတ္နိုင္ေတာ့ဘူး အခ်စ္ရယ္။ ကိုယ္လည္းပင္ပန္းလွၿပီ။
ကိုယ္မဟုတ္တဲ့ တျခားသူတေယာက္ဆီလွမ္းေနတဲ့ မင္းရဲ႕ေျခလွမ္းတို႔ကို ''မထားခဲ့ပါနဲ႕'' ဆိုတဲ့ စကားေလးနဲ႕ ဟန့္တားခ်င္ပါေသာ္လည္း မင္းမွ ကိုယ့္ရင္ခြင္ထဲ မေပ်ာ္ေတာ့ပဲ။
ကိုယ္ဆြဲမထားေတာ့ဘူး အခ်စ္ေရ။ ေ႐ြးခ်ယ္သြားခဲ့တဲ့
လမ္းေလးတခုမွာ မင္းအၿမဲၿပဳံးေနနိုင္ဖို႔သာ ေမွ်ာ္လင့္မိပါရဲ႕။
နာက်င္လွသည့္ ခံစားခ်က္တို႔အား လ်စ္လ်ဴရႈကာ
ခ်စ္ရသူေလး စိတ္ခ်မ္းသာေစဖို႔ ေပ်ာ္႐ႊင္ေစနိုင္ဖို႔
ေဘာပင္ေလးအား ကိုင္ကာ လက္မွတ္ေရးထိုးမည္အျပဳ
႐ုတ္တရက္ ဝင္လာေသာ ဖုန္းေခၚဆိုမႈေလးတခု။

''ဟယ္လို''

''.........''

''ဗ်ာ...ဘယ္..ဘယ္လို...ဟုတ္..အခု ဘယ္မွာလဲဟင္
ကြၽန္ေတာ္ အခုပဲလာခဲ့ပါ့မယ္''

ေဘာပင္ေလးအား လက္မွခ်ကာ ေနရာတခုဆီသို႔ အျမန္ပင္သြားရေတာ့သည္။ ႏွလုံးသားတခုလုံးဟာ စိုးရိမ္စိတ္တို႔ျဖင့္
လႊမ္းမိုးခံထားရၿပီး မ်က္ရည္မ်ားလည္း အဝိုင္းသား။
တစုံတေယာက္ဆီသို႔ အေျပးေလးသြားေနေသာ ေျခလွမ္းမ်ားဟာ မည္သည့္အႏၱရာယ္ကိုမွ မႈေတာ့မည္ မဟုတ္။
ဤႏွလုံးသားက စိတ္မနာတတ္ေလသတဲ့လား။
ေျခလွမ္းတို႔ရဲ႕ ဦးတည္ရာဟာ ေဆး႐ုံတခုဆီသို႔။

ေဆး႐ုံကုတင္ေလးတခုေပၚက ျဖဴဖတ္ျဖဴေရာ္ မ်က္ႏွာကေလးႏွင့္ အိပ္ေပ်ာ္ေနေသာ မိန္းကေလးတဦးအား
ေကာင္းခန့္ အရည္လဲ့ေနေသာ မ်က္ဝန္းကေလးတစုံျဖင့္
ေငးၾကည့္ေနမိသည္။ မ်က္ဝန္းထဲမွ အရိပ္အေယာင္တို႔ဟာ
မုန္းျခင္းစိတ္နာျခင္းရယ္လို႔ အရိပ္အေယာင္မ်ားပင္မရွိ။
ဝတ္ရည္အေမဆီမွ ဖုန္းဆက္အေၾကာင္းၾကား၍ ယခုေရာက္လာခဲ့ရျခင္းျဖစ္သည္။ဆရာဝန္ႏွင့္ ေဆြးႏြေးမႈအၿပီး ေကာင္းခန့္ခမ်ာ အ႐ုပ္ႀကိဳးျပတ္သည့္အလား ၿပိဳလဲရေတာ့သည္။ရွင္သန္ခ်ိန္အနည္းငယ္သာ အခြင့္ရွိေတာ့သည့္
အစာအိမ္ကင္ဆာ ေဝဒနါသည္ တေယာက္တဲ့ေလ။
မယုံၾကည္နိုင္ေအာင္ပင္။ ႏွလုံးသားတို႔ကလည္း လက္မခံနိုင္။မ်က္ရည္မက်မိေအာင္ မနည္းတင္းခံထားရသည္။
ကိုယ္ကပါ မ်က္ရည္က်ေနရင္ သူမ သာဆိုရင္ေရာဆိုတဲ့
အေတြးေလးျဖင့္ မနည္းတင္းခံကာေနရသည္။

နာရီဝက္ခန့္အၾကာဝတ္ရည္ မ်က္လုံးကေလးမ်ား ပြင့္လာၿပီး အခန္းမ်က္ႏွာက်က္ကိုသာ အဓိပ္ပါယ်မဲ့စွာ ၾကည့္ေနမိသည္။ ေဘးနားမွတစုံတေယာက္ရဲ႕ ရင္ခြင္ထဲ အားကိုးတႀကီး ခိုလႈံခ်င္ပါေသးရဲ႕။ မ်က္ဝန္းထဲက မ်က္ရည္ေလးမ်ားဟာ ေဝ့သီစျပဳလို႔လာခဲ့ၿပီ။

''ငယ္''

ခ်စ္ရသူ၏ ေခၚသံေလးေၾကာင့္ ႏွလုံးသားတို႔ဟာ
ေၾကကြဲလုမတက္။ခ်စ္ရသူ၏ မ်က္ႏွာေလးအား ျမတ္နိုးစြာျဖင့္ ၾကည့္ခ်င္ပါေသာ္လည္း ကိုယ္ငိုမိမွာ စိုးတယ္
အခ်စ္ရယ္။

''ငယ္...သတိရၿပီလားဟင္''

'' ........''

ျဖဴေဖ်ာ့ေနေသာ ႏႈတ္ခမ္းေလးဟာ ဘာမွတုန့္ျပန္မလာခဲ့။

''ငယ္...ဘာမွမျဖစ္ဘူးေနာ္...ေမာင္ရွိတယ္''

''............''

''ေမာင္...ေမာင္..အတတ္နိုင္ဆုံး..ႀကိဳးစားၿပီး..
ရေအာင္ ကုမယ္...ေမာင္ ငယ့္ေရာဂါကို....
.ရေအာင္ကုမယ္ငယ္....ငယ္ဘာမွမျဖစ္ရဘူး...''

ဝတ္ရည္၏ လက္ေလးအား လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္ကာ
တုန္ရီေနေသာ အသံတို႔ျဖင့္ ေျပာလာ၏။ ငိုသံႏွောေနေသာ
ခ်စ္ရသူ၏ စကားသံေလးေၾကာင့္ ႏွလုံးသားေလးခမ်ာ
တဖန္ထပ္၍ နာက်င္ရျပန္သည္။

''သိသြားၿပီေပါ့''

တိုးရွလွေသာ ေလသံေလးျဖင့္ မနည္းအားယူကာ ေျပာလာ၏။

''ကြာရွင္းေပးပါ''

''ငယ္''

''ေက်းဇူးျပဳၿပီး...ေက်းဇူးျပဳၿပီးေတာ့ ေမာင္ရယ္...
ငယ့္လို ေသရေတာ့မယ္....လူမမာ... တေယာက္ကို
ဒုကၡခံၿပီး...ဆက္.. မ...ေပါင္းပါနဲ႕ေတာ့လား ေမာင္''

အသံတို႔အား ထိန္းကာေျပာေနပါေသာ္လည္း တုန္ရီသံတို႔ဟာ အထင္းသား။

''ငယ္''

'' သာယာမယ့္.... အိမ္ေထာင္ေရး...တခုကို..တည္ေဆာက္ပါ
ေမာင့္မွာ..အနာဂတ္ေတြရွိ...ေသးတယ္..ငယ့္..ကိုေမ့ေပးပါေမာင္...ေက်းဇူးျပဳၿပီးေတာ့....ေမ့လိုက္ပါ..''

''..............''

ေကာင္းခန့္ဘာမွ ျပန္မေျပာနိုင္ေအာင္ ဆြံအေနခဲ့ရသည္။

''ကြာရွင္းေပးပါ...ေမာင္...ငယ့္ကို...ကြာရွင္း...''

''ေမာင္ ငယ့္ကိုခ်စ္တယ္...သိပ္ခ်စ္တယ္ ငယ္
ငယ့္အနားမွာပဲ...ေမာင္ရွိေနမွာ...အၿမဲတမ္း...
အၿမဲတမ္းရွိေနမွာ''

ေကာင္းခန့္၏ စကားအဆုံး ဝတ္ရည္ ေကာင္းခန့္ဘက္သို႔
ေစာင္းငဲ့ၾကည့္မိသည္။ ျမင္လိုက္ရသည့္ ခ်စ္ရသူ၏
မ်က္ဝန္းထဲမွ မ်က္ရည္ဥကေလးတို႔ေၾကာင့္ ဝတ္ရည္
တင္းခံထားသည့္ၾကားမွ မ်က္ရည္က်မိရသည္။
မ်က္ရည္တို႔ၾကားမွ ဝိုးတိုးဝါးတား ခ်စ္ရသူ၏ ပုံရိပ္ေလးအား ၿပဳံး၍ ၾကည့္ေနမိသည္။ ေနာက္ဆိုရင္ အခုလိုေလး
ျမင္ေတြ႕ရဖို႔ မေသခ်ာနိုင္ေတာ့ဘူးေလ။

''ငယ္...မငိုပါနဲ႕ငယ္ရယ္...ေမာင္..
ေမာင္ရွိေနတယ္ေလ...''

ကိုယ္တိုင္ပင္ မ်က္ရည္မ်ား မနည္းထိန္းထားရပါေသာ္လည္း ခ်စ္ရသူမ်က္ရည္တို႔ ေျမမခဖို႔ ႏွစ္သိမ့္ေပးရွာေလသည္။နာက်င္ေနသည့္ ၾကားမွ ခ်စ္ရသူအတြက္
အၿပဳံးတပြင့္ အားတင္းကာ ဖန္တီးေပးခဲ့၏။
ဝတ္ရည္ကို သိပ္ခ်စ္ရွာသည့္ အခ်စ္ႀကီးသူ ေကာင္ေလး
တေယာက္ေပါ့။

''ငယ္...ေက်းဇူးျပဳၿပီး ေမာင့္ကို မႏွင္ပါနဲ႕ ငယ္ရယ္
ငယ့္အနားမွာ ရွိေနခြင့္ေပးပါ ငယ္ရယ္''

''ဟင့္အင္း ေမာင္...ငယ့္ေၾကာင့္....ငယ့္ေၾကာင့္နဲ႕
ေမာင့္..အနာဂတ္ေတြကို.ဟင့္..မပ်က္စီးေစခ်င္ဘူး...
ေမာင္ ငယ့္ကို....အင့္ဟင့္ ...မုန္းသြားေအာင္...ငယ္..
..နည္းမ်ိဳးစုံ..ႀကိဳးစားခဲ့တာ....ဘာလို႔လဲေမာင္...
ဘာလို႔ငယ့္ကို...ဟင့္...မမုန္းတာလဲ...မုန္းပစ္ခဲ့ရမွာ..ေမာင္ရဲ႕
မုန္းပစ္လိုက္ရမွာ....''

ခ်စ္ရသူ၏ ေၾကကြဲစြာ ငိုရွိုက္သံတို႔ၾကား
ေကာင္းခန့္ဘယ္လိုမွ တင္းခံမထားနိုင္ေတာ့ေပ။

''သြားေတာ့...ထြက္သြား...ထြက္သြားေပးပါ..''

''ငယ္...ေမာင္..ေတာင္းပန္ပါတယ္ ကြာ..''

''ငါ ထြက္သြားေတာ့လို႔ ေျပာေနတယ္ေလ...
ေကာင္းခန့္လင္း...နင္.. ထြက္သြားေတာ့..!!''

ငိုသံမ်ားၾကားမွ ဝတ္ရည္စူးစူးဝါးဝါး ေအာ္ပစ္လိုက္သည္။
သို႔ေပမယ့္ ေကာင္းခန့္ကေတာ့ ဝတ္ရည္အနားက
လုံးဝထြက္သြားမည္ မဟုတ္။

''သြားပါေတာ့...ဟင့္...ေက်းဇူးျပဳၿပီး.. ငါနဲ႕...
အေဝးဆုံး...ကိုထြက္သြားေပးပါ''

မႏွင္ခ်င္ေသာ္ျငား ေကာင္းခန့္အားဒီထက္ပို၍ မနာက်င္ေစခ်င္။ ခ်စ္ရသူအား မိမိအတြက္ႏွင့္ေတာ့ ဝန္ထုပ္ဝန္ပိုး
မျဖစ္ေစခ်င္။ ခ်စ္ရသူ ေပ်ာ္႐ႊင္ေနရသည့္ အခိုက္အတန့္ေလးေတြကို ျမင္ခ်င္႐ုံပါ။နာက်င္ရက္ႏွင့္ပင္ ႏွင္လႊတ္ပါရေစ။

''မသြားဘူးငယ္...ေမာင္..ဘယ္မွမသြားဘူး...
ငယ္.. ေမာင့္ကို သတ္ရင္သတ္ပစ္လိုက္...
ေမာင္ ငယ့္အနားက ဘယ္ကိုမွမထြက္သြားနိုင္ဘူး''

ျပတ္သားစြာ ေျပာလာသည့္ ေကာင္းခန့္၏ စကားေၾကာင့္
ဝတ္ရည္ မ်က္ရည္တို႔လည္း ပိုလို႔သည္းထန္ခဲ့တာေပါ့။

''ငယ့္...ရင္ေတြ...နာလိုက္တာ ေမာင္ရယ္''

ဝတ္ရည္ မိမိလက္ျဖင့္ ရင္ဘက္အား ထုကာ ရႈံးပြဲခ်ငိဳေလေတာ့သည္။ ေကာင္းခန့္လည္း ဝတ္ရည္၏ လက္ေလးမ်ားအားအျမန္လွမ္း၍ ဆုပ္ကိုင္ထားလိုက္ၿပီး ဝတ္ရည္အား ရင္ခြင္ထဲ ေထြးေပြ႕ကာ အသံတိတ္ငိုခ်မိေတာ့သည္။

'' ေတာင္းပန္ပါတယ္ ငယ္ရယ္...ေမာင့္ကို မႏွင္ပါနဲ႕
ငယ့္အနားမွာ ရွိေနပါရေစ''

''............''

''ငယ္ ငယ္ဘာပဲ ျဖစ္ေနျဖစ္ေန ေမာင္ လက္မလႊတ္ဘူး။
ေမာင္ မကြာရွင္းဘူးငယ္။ ငယ့္ရဲ႕ အမ်ိဳးသားအျဖစ္နဲ႕ပဲ
ရွိေနမယ္။ ငယ့္အနားမွာ အၿမဲရွိေနမွာ။ ဒီတခါေတာ့
ေမာင္ ငယ့္စကားကို နားမေထာင္ပါရေစနဲ႕ ''

''ေမာင္ရယ္''

အက္ကြဲေနေသာ အသံတို႔ျဖင့္ ထိုစကားေလးတခြန္းကိုသာ
ေရ႐ြတ္နိုင္ခဲ့ေတာ့သည္။

''ငယ့္ကို သိပ္ခ်စ္တယ္။ ေသမတက္ခ်စ္တယ္ ငယ္ရယ္''

ကံၾကမၼာရယ္ အဲ့သေလာက္ေတာင္မွ ရက္စက္ေလေရာ့လား။ ႏွလုံးသားတို႔လည္း ကြဲေၾကလုေနၿပီ။ မင္းသာမရွိေတာ့ရင္ဆိုတဲ့ အေတြးတို႔ဟာလည္း ေန႕စဥ္ႏွင့္အမွ်ေျခာက္လွန့္လိုေနၿပီ။ မင္းမရွိေတာ့တဲ့ေနာက္ ကိုယ္ဘယ္လိုမ်ား ရွင္သန္ရပါ့မလဲ မိန္းကေလးရယ္...။

အခ်ိန္ေတြ တေ႐ြ႕ေ႐ြ႕ႏွင့္ ကုန္ဆုံးလို႔လာၿပီး သည့္အထိ
ရိပ္ႏွင့္ စိမ္းၾကားမွ သံသယေတြဟာလည္း ပိုလို႔ပိုလို႔ တိုးလာရသည္။ အိမ္ေထာင္ေရးဟာ အသိအသာႀကီးေအးစက္သြားသည္ မဟုတ္ေသာ္လည္း တေျဖးေျဖးႏွင့္ တိတ္ဆိတ္လို႔လာၿပီ။ ရိပ္ အိမ္ျပန္ေနာက္က်တဲ့ညေတြဆို ရိပ္မ်ား တကယ္ေဖာက္ျပန္ေနၿပီလား ဆိုသည့္ အေတြးတို႔ျဖင့္ စိမ္းရင္ထဲမွာ ပူေလာင္ေနရၿပီ။

''မမ ''

''ဟင္''

''ဝတ္ရည္က ျပန္ေကာင္းလာမွာပါေနာ္''

မ်က္ရည္ေလးလဲ့ကာ ေမးလာသည့္ ရိပ္၏ စကားေၾကာင့္
စိမ္းလည္း ရင္ထဲမေကာင္းေပ။

''အင္း ျပန္ေကာင္းလာမွာေပါ့ ရိပ္ရယ္''

''ရိပ္ေလ ဝတ္ရည္ကို မဆုံးရႈံးခ်င္ဘူး
သူ႕ကို...ဟင့္...ရိပ္...ထြက္မသြားေစခ်င္ဘူး''

''ရိပ္ရယ္''

စိမ္း မ်က္ဝန္းတို႔၌လည္း မ်က္ရည္ေတြ ဝဲလာၿပီး
ရိပ္အား ဖက္ထားေပးလိုက္သည္။ ရိပ္သည္ သူငယ္ခ်င္းမ်ားအားလုံးထဲ၌ အၿမဲလိုလို ေပ်ာ္ေပ်ာ္ေနတတ္သည့္
ဝတ္ရည္ကို ပို၍ ခင္တြယ္မိသည္။ ေရာဂါအေျခေနေတြ ပိုစိုးလာေလေလ ရိပ္ရင္ထဲ၌လည္း သူငယ္ခ်င္းျဖစ္သူအတြက္
အရမ္းကိုမွ စိတ္မေကာင္းျဖစ္ရ၏။

''ဝတ္ရည္ကေလ...ရိပ္ရဲ႕...အခ်စ္ဆုံးသူငယ္ခ်င္း မမရဲ႕''

''..........''

''ဘာေၾကာင့္မ်ားလဲ.... ကံတရားႀကီးက...ဟင့္..
ဘာေၾကာင့္မ်ား အဲ့ေလာက္...ရက္စက္ရတာလဲ''

''မမတို႔က ကံဇာတ္ဆရာ အလိုက် ကျပရတဲ့ ကႀကိဳး႐ုပ္
ေတြပါ ...ဝတ္ရည္ေလး အတိတ္ဘဝက
ဝဋ္ေႂကြးေတြ အရမ္းမ်ားခဲ့တယ္ ထင္ပါရဲ႕ ရိပ္ရယ္''

''ဟင့္...ရိပ္..ဝတ္ရည္အတြက္...တခုခု...လုပ္ေပးနိုင္ရင္
ေကာင္းမယ္...ဒါေပမဲ့...ရိပ္လည္း...''

ကေလးတေယာက္လိုသာ ငိုေနေသာ ရိပ္မွာ ဝတ္ရည္အတြက္ အေတာ္ေလး ခံစားေနရပုံပင္။ အခ်ိန္ကာလေတြ ဟာ တေျဖးေျဖးနီးကပ္လာခဲ့ၿပီေလ။ ရင္ထဲက ပူေလာင္မႈေတြဟာလည္း ပိုလို႔ပိုလို႔ တိုးလာခဲ့ၿပီေပါ့။

''ရိပ္...မမတို႔ ဝတ္ရည္ ဆီသြားၾကမလားဟင္
ဝတ္ရည္ကို အားမငယ္ေအာင္ ရိပ္က
အားေပးေပးရမယ္ေလ... ေနာ္''

''ဟုတ္မမ သြားမယ္ေလ''

''အင္း...ရိပ္...ဝတ္ရည္ ေရွ႕မွာ မငိုရဘူးေနာ္
ဝတ္ရည္ စိတ္မေကာင္းျဖစ္ေနလိမ့္မယ္''

''ဟုတ္မမ...ရိပ္ မငိုမိေအာင္ ႀကိဳးစားပါ့မယ္''

ရိပ္ ပါးျပင္ထက္က မ်က္ရည္စမ်ားအား ခပ္ၾကမ္းၾကမ္း
သုတ္လိုက္ၿပီး ေခါင္းေလးတဆတ္ဆတ္ၿငိမ္ကာ
အေျဖျပန္ေပးလာသည္။

တဖက္တြင္လည္း ေကာင္းခန့္တို႔ရဲ႕ ခြဲခြာရေတာ့မည့္ အခ်ိန္ကာလေလးဟာ ပို၍ နီးကပ္လို႔လာခဲ့ၿပီ။ ဝတ္ရည္၏
ခႏၱာကိုယ္ေလးဟာလည္း လုံးဝကို ပိန္က်သြားခဲ့ၿပီ။
ဆံႏြယ္တို႔ဟာလည္း ကြၽတ္က်ကဳန္သည္မွာ ယခုဆိုရင္
ဆံခ်ည္မွ်င္ေလး တမွ်င္မွ်ပင္မရွိေတာ့။ အလွတရားတို႔ဟာလည္း ေပ်ာက္ဆုံးကုန္ခဲ့ၿပီ။ ဘယ္လိုပဲ ႐ူပကာတို႔ပ်က္စီးပါေစအုံးေတာ့။အခ်စ္မ်က္ဝန္းေလးျဖင့္သာ ၾကည့္ေနခဲ့ေသာ
ေကာင္းခန့္၏ အျမင္တြင္ မေျပာင္းလဲပဲ လွၿမဲလွေနဆဲ။
အတတ္နိုင္ဆုံးႀကိဳးစားကုေနခဲ့ပါေသာ္လည္း မစြမ္းသာခဲ့။
ခ်စ္ရသူ၏ အလူးအလဲခံစားေနရေသာ နာက်င္မႈတို႔ကို
ျမင္ရေလတိုင္း ေကာင္းခန့္ရင္ထဲ စူးနစ္ေနေအာင္နာရပါ၏။

''ငယ္....နည္းနည္းေလး ထပ္စားေနာ္''

စားရသည့္ အစားအေသာက္မွန္သမွ် အရသာဆိုသည္မွာ
ဘာမွန္းပင္ မသိေတာ့။ ခ်စ္ရသူ ခ်က္ေကြၽးတဲ့ အစားအေသာက္ေလးရဲ႕ အရသာကိုေတာ့ ခံစားၾကည့္ခဲ့ခ်င္ပါေသးသည္။အရသာရယ္လို႔ မခံစားနိုင္ေတာ့ေပမယ့္
ခ်စ္ရသူကိုယ္တိုင္ခ်က္ျပဳတ္ခဲ့သည္မို႔ အနည္းငယ္ေတာ့
အစာဝင္ေအာင္ စားရတာေပါ့။

''ငယ္...အဆင္ေျပရဲ႕လားဟင္''

''အင္း....ေျပပါတယ္ ေမာင္''

တိုးလွ်လွေသာ အသံေလးတို႔ဟာျဖင့္ ေမာဟိုက္ေနဟန္။

''ေမာင္''

''အင္း ေျပာေလ ငယ္...ေမာင္ နားေထာင္ေနတယ္ေနာ္''

''သိပ္...ခ်စ္တယ္...ေမာင္''

မနည္းအားယူကာျဖင့္ ေျပာလာခဲ့သည့္ အသံတိုးတိုးေလးဟာျဖင့္ ေကာင္းခန့္ရင္ထဲကို မခံစားနိုင္ေအာင္ပင္။

''ေမာင္လည္း ခ်စ္တာေပါ့ ငယ္ရယ္
သိပ္ ခ်စ္တာေပါ့''

ထိုစကားေလးၾကားေတာ့ ေကာင္းခန့္အား ဝတ္ရည္မနည္းအားတင္းကာ ၿပဳံးျပလိုက္သည္။ေကာင္းခန့္ လည္းဝတ္ရည္၏ လက္ကေလးအား လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္ကာနမ္းရွိုက္လိုက္ၿပီး......

''ေမာင္ရွိတယ္ငယ္...ေမာင္ရွိေနတယ္ေနာ္
ဘာမွမျဖစ္ဘူးေနာ္''

မငိုမိေအာင္ တင္းခံထားေသာ ေကာင္းခန့္၏ အသံတို႔ဟာ
တုန္ရီလို႔ေန၏။ ေကာင္းခန့္ကို ၾကည့္ေနေသာ ဝတ္ရည္၏
မ်က္လုံးေလးေတြဟာလည္း မ်က္ရည္ေလးမ်ား ဝိုင္းလို႔။

''ေမာင္''

''ေမာင္နားေထာင္ေနတယ္ေနာ္ ျဖည္းျဖည္းခ်င္းခ်င္း
ေျပာေနာ္....ရတယ္...ေျဖးေျဖးပဲေျပာ...
ေမာင္ေစာင့္နိုင္တယ္...ငယ္ေမာေနမွာစိုးလို႔ပါ''

''ငယ့္ကို..ေမာင္...ခ်စ္ခြင့္ပန္ခဲ့တဲ့...ကမ္းေျခေလးကို
ငယ္...သြားခ်င္တယ္ေမာင္''

''ဟုတ္ပါၿပီ...ငယ္...ေနေကာင္းလာတဲ့အခါ
ေမာင္လိုက္ ပို႔ေပးမွာေပါ့''

''ဟင့္အင္း ေမာင္....မနက္ျဖန္..ေတြက...
မေသခ်ာေတာ့ဘူး''

''ငယ္ရယ္..အဲ့လိုေတြ မေျပာပါနဲ႕''

''ငယ္...ကိုယ့္...အေျခေနကိုယ္... သိပါတယ္...ေမာင္ရယ္''

ထိုစကားၾကားေတာ့ ေကာင္းခန့္ ဝတ္ရည္အား မ်က္ႏွာလႊဲပစ္လိုက္သည္္။ က်ဆင္းလာသည့္ မ်က္ရည္စတို႔ကို
ခ်စ္ရသူအား မျမင္ေစလို၍ ျဖစ္၏။ မ်က္ရည္စတို႔အား
ဝတ္ရည္မသိေအာင္ မသိမသာ သုတ္လိုက္ၿပီး
ဝတ္ရည္ဘက္သို႔ ျပန္ၾကည့္ကာ....

''အင္းပါ...ငယ္ရယ္...ငယ္သြားခ်င္တဲ့ ကမ္းေျခေလးကို
သြားလို႔ရေအာင္ ေမာင္အျမန္ဆုံး စီစဥ္ေပးမယ္ေနာ္''

အၿပဳံးေလးတပြင့္ ဖန္တီးကာ ေျပာလာသူအား ဝတ္ရည္
မ်က္ရည္အဝိုင္းသား မ်က္လုံးေလးျဖင့္ ျပန္ၾကည့္
၍ ၿပဳံးျပလိုက္သည္။ ထိုအခ်ိန္ ေဆး႐ုံခန္းေလးအတြင္းသို႔ ဝင္လာေသာ ရိပ္ႏွင့္ စိမ္းတို႔ႏွစ္ဦး။

''ေအာ္...ဆရာမ''

စိမ္းတို႔ကို ျမင္သည္ႏွင့္ ေကာင္းခန့္လည္း မတ္တပ္ေလး
ထရပ္လိုက္သည္။

''ဝတ္ရည္...ငါနင့္ အတြက္ လိေမၼာ္သီး ဝယ္လာတယ္''

လက္ထဲတြင္ပါလာေသာ လိေမၼာ္သီးထုတ္ေလးအား ျမႇောက္ျပကာျဖင့္ ၿပဳံး၍ ေျပာလာသည္။ သို႔ေသာ္ စိတ္ထဲတြင္ေတာ့
ဝတ္ရည္၏ တေန႕တျခားပို၍ ေျပာင္းလဲလာေသာ ပုံစံအား ျမင္ရသည္ႏွင့္ ဝမ္းနည္းစိတ္တို႔ လွိုက္တက္လာခဲ့သည္။ဝတ္ရည္လည္း သူငယ္ခ်င္းျဖစ္သူအား အားတင္းကာၿပဳံးျပလိုက္သည္။ရိပ္ မၾကာခဏဆိုသလို ဝတ္ရည္ဆီသို႔
လာလာေတြ႕ေနက် ျဖစ္သည္။ သံစဥ္ႏွင့္ ႐ႊန္းလဲ့လည္း
အားရင္ အားသလို ဝတ္ရည္အနားအၿမဲရွိေနေပးသည္။
သူငယ္ခ်င္း သံေယာဇဥ္ေတြဟာ ႏွစ္ေတြၾကာသြားသည့္တိုင္
မေျပာင္းလဲခဲ့ဘူးေလ။

''ဝတ္ရည္...ငါ နင့္ကို လြမ္းေနတာ''

''.........''

ဝတ္ရည္ကေတာ့ ေဝဒနါဒဏ္ေၾကာင့္ စကားသိပ္မေျပာနိုင္သည္ကို ရိပ္ သိသည္မို႔ မိမိဘက္ကသာ
ဝတ္ရည္အတြက္ စကားလုံးမ်ား ဖန္တီးေပးရတာေပါ့။

''ဝတ္ရည္ ငါတို႔ရွိတယ္ေနာ္...အားတင္းထားရမယ္ေနာ္''

ကုတင္ေဘးက ခုံအလြတ္ေလးတြင္ ဝင္ထိုင္လိုက္ၿပီး
ဝတ္ရည္၏ လက္ကေလးအား ဆုပ္ကိုင္ကာ ဆိုလာခဲ့သည္။
မ်က္ရည္အဝိုင္းသားျဖင့္ ေခါင္းညိတ္ျပလာသည့္ ဝတ္ရည္အားၾကည့္၍ ရိပ္လည္း မ်က္ရည္ဝဲလာရသည္။
သို႔ေသာ္ မ်က္ရည္မက်မိေအာင္ စိတ္တင္းထားဆဲ။

''အစားေတြမ်ားမ်ားစားၿပီး... ေနျမန္ျမန္ေကာင္းလာရမယ္ေနာ္...နင္...ေနေကာင္းလာတဲ့... အခါက်ရင္ ငါတို႔အတူတူ
ပုဂံသြားၾကမယ္ေလေနာ္...အရမ္းေပ်ာ္ဖို႔ေကာင္းမွာ
ဟုတ္တယ္ မဟုတ္လား...''

အတတ္နိုင္ဆုံး တင္းခံထားပါေသာ္လည္း ရိပ္၏ အသံတို႔ဟာ အနည္းငယ္တုန္ရီလို႔ေန၏။

''ဝတ္ရည္...နင္ကေလ..ငါ့အတြက္ အေကာင္းဆုံးသူငယ္ခ်င္းပဲသိလား...''

''..........''

''နင္မွတ္မိလားဟင္...ငါေက်ာင္းစတက္တဲ့ေန႕ကေလ
ေနာက္တန္းကို လွည့္ၾကည့္လာၿပီး ေဖာ္ေ႐ြေ႐ြနဲ႕
လာႏႈတ္ဆက္တဲ့...နင့္ပုံစံေလးကို...ငါအခုထိ
မေမ့ေသးဘူးဟ....''

''...........''

''နင္က... သိပ္...ၿပီး...ခင္ဖို႔ေကာင္းတယ္''

ေျပာေနရင္းႏွင့္ပင္ ဟန္မေဆာင္နိုင္ကာ က်ဆင္းလာေသာ
မ်က္ရည္စမ်ား။ ပါးျပင္ထက္က မ်က္ရည္တို႔ကိုလည္း
ရိပ္သတိမထားမိ။

''နင္က ငါတို႔...သူငယ္ခ်င္းေတြထဲမွာ...
မရွိမျဖစ္ေလးဟ...နင့္ေၾကာင့္...အားလုံးေပ်ာ္ခဲ့ရဖူးတယ္
ေပ်ာ္ေပ်ာ္...ေနတတ္တဲ့...နင့္အက်င့္ေလးကေလ
သိပ္.....သိပ္ခ်စ္ဖို႔ေကာင္းတာ ဝတ္ရည္ရ''

''............''

''နင္ေနေကာင္းလာရင္....အရင္လို မ်ိဳးပဲ
ေပ်ာ္ေပ်ာ္ေနရမယ္ေနာ္...ၾကားလား''

''................''

''ဟင့္...ၿပီးေတာ့ေလ....တခါမွမေျပာခဲ့ဖူးတဲ့
စကားေလးတခြန္း..ငါေျပာမယ္ေနာ္...''

''...........''

''ဝတ္ရည္...နင္က....နင္ကေလ..ငါ့ရဲ႕
အခ်စ္ရဆုံး...သူငယ္ခ်င္းပဲ''

ဝတ္ရည္ေက်နပ္မိပါသည္။ ထိုစကားေလးကို ၾကားခြင့္ရခဲ့၍
ေက်နပ္မိပါသည္။ သို႔ေသာ္ လက္ရွိအေျခေနတခုေၾကာင့္
တခ်ိဳ႕ေသာ ကတိေတြကိုေတာ့ မေပးျဖစ္ခဲ့ေတာ့ေပ။
မနည္းအားယူကာျဖင့္ ျပန္ေျပာလိုက္သည့္စကားေလးက...

''ငါလည္း.... ခ်စ္..ပါတယ္....သူငယ္ခ်င္း...ရယ္''

''.ငါ...ငါယုံတယ္ေနာ္
ဝတ္ရည္.....ငါယုံတယ္''

မ်က္ရည္မ်ား ျပည့္ေနေသာ မ်က္ဝန္းေလးမ်ားျဖင့္
ၾကည့္ကာ ေခါင္းေလးတဆတ္ဆတ္ညိတ္ ကာ
ဝတ္ရည္အား ျပန္ေျပာလိုက္၏။ ရိပ္တို႔ ႏွစ္ေယာက္အား
လွမ္းၾကည့္ေနေသာ စိမ္းႏွင့္ ေကာင္းခန့္တို႔လည္း
မ်က္ရည္ေလး အဝိုင္းသားျဖင့္။

စိမ္းက ေကာင္းခန့္အား အျပင္သို႔ ခဏေခၚထုတ္လာခဲ့သည္။
ဘာေၾကာင့္လဲဆိုေတာ့ ေကာင္းခန့္မ်က္ဝန္းေတြမွ
မ်က္ရည္စတို႔အား ေကာင္းခန့္ မဟန့္တားနိုင္ေတာ့မွန္းကို
စိမ္းသိေန၍ ျဖစ္၏။

''တင္းခံမထားနဲ႕... ေကာင္းခန့္
ဝတ္ရည္ကြယ္ရာမွာေတာ့ စိတ္ႀကိဳက္သာ
ငိုခ်ပစ္လိုက္ပါ''

ေကာင္းခန့္လည္း ေဆး႐ုံအခန္းေရွ႕က ထိုင္ခုံေလးမွာ
ထိုင္ကာ ခ်ဳံးပြဲခ်ငိဳမိေတာ့သည္။ မင္းကြယ္ရာမွာေတာ့
ခဏေလာက္ျဖစ္ျဖစ္ ၿပိဳလဲခြင့္ျပဳပါ။ မခံစားနိုင္ေတာ့ဘူး
အခ်စ္ရယ္။ နာက်င္လွၿပီ။

Continue Reading

You'll Also Like

7.3K 214 18
#Tragedy Series 1 What if one day you will gone, And I woke up to a Dream? That was half reality and half lies Should I stop to love you? Or still lo...
99.5K 6.7K 29
အသက်လေး ဆယ် ကျော် အရွယ် အမျိုး သမီး နှစ် ဉီးရဲ့ ရင် ၌ ပေါက်ဖွား လာ သော ချစ်ခြင်း မေတ္တာအား ရိုးရိုး လေးသာ ပုံ ဖော် ထား သည်။
11.9K 773 12
Ro Ro ချိုချို ဖန်တီးမှုလေး....🙊
244K 5.7K 62
❝𝖨𝖬𝖠𝖦𝖨𝖭𝖤 𝖲𝖨𝖬𝖯𝖨𝖭𝖦 𝖥𝖮𝖱 𝖠 𝖣𝖮𝖫𝖫. 𝖢𝖮𝖴𝖫𝖣𝖭'𝖳 𝖡𝖤 𝖬𝖤! 𝖧𝖠𝖧𝖠 ...! 𝖧𝖠 ... 𝖧𝖠 ...❞ ─────────────────── 𝗜𝗡 𝗪𝗛𝗜𝗖𝗛, i...