Uni
Tim skip!
" အင်း! Jack ဘာထူးလဲ "
သီးသန့်ခန်းထဲတွင် Medicine နှင့် Jack နှစ်ယောက်တည်းရှိနေသည် .. ဂျက်ကသူစုံစမ်း၍ ရသမျှအားတင်ပြလျက်ရှိကာ Medicine ၏ရှေ့တွင်ခပ်ရို့ရို့ရပ်နေသည်။
" ဂျာမနီမှာလို့ သတင်းရတယ် Medicine "
" အဲ့တာဆိုဂျာမနီကို Jay ကိုလိုက်ခိုင်းလိုက် .. မင်းက ဒီမှာပဲ သူခြေဆန့်ခဲ့တာတွေကိုဆက်စုံစမ်း "
" ဟုတ်ကဲ့ "
Jack ကနာခံစွာဖြင့် အရိုအသေးပေးကာပြန်ထွက်မည်အပြု Medicine စီ၌စကားလက်ကျန်ရှိသေးသဖြင့် တံခါး၀နား၌ရပ်ကာနားထောင်သည်။
" Hacking ပိုင်းအကူအညီလိုရင် Grammar စီသွားလိုက် "
ဟူ၍ပြောပြီးသည်နှင့် ဂျက်ကအလျင်အမြန်ထွက်သွားတော့သည်။ ထို့နောက် သူလည်းပဲ သီးသန့်အခန်းမှထွက်လာကာ ပင်မအဆောက်အဦးကို ပြန်လာခဲ့သည်။ မြို့စွန်က ဧကနှစ်ဆယ်ကျော် ခြံဝန်းအတွင်း အပန်းဖြေစံအိမ်ကြီးတစ်လုံးရှိသည်။ စံအိမ်အနောက်ဘက်မှာ 9 ဧကကျော် ရေကန်အကျယ်ကြီး တစ်ကန်ရှိသည်။
" ဘယ်လိုလဲ သျှင်းထက် "
" ဒီမှာ နာမည်အရင်းမသုံးပါနဲ့ Grammar "
ပြတ်သားသည့်အသံနှင့်အတူ မာကျောနေသည့်မျက်နှာထားကြောင့် Grammar မှလွဲ၍ကျန်သည့်လူများမှာ အသက်ပြင်းပြင်းမရှူဝံ။
" Okay Medicine "
" သူ့ဖုန်းကို ခြေရာခံပြီးပြီလား "
" အင်း! တည်နေရာက ဒီမြို့မှာပဲပြနေတယ် ဖုန်းလဲသွားတယ်ထင်တယ် "
Grammar ရဲ့အဖြေကို ခေါင်းတစ်ချက်ငြိမ့်ပြကာတုန့်ပြန်လိုက်သည်။ ပြည်ပအဝင်အထွက်ပိတ်ထားသည်ကိုပင် ရအောင်ထွက်သွားသည်ဆိုတည်းက နောက်ကွယ်မှာ အာဏာကြီးတဲ့လူနဲ့ပတ်သတ်နေမည်။
"ငါရော ဘာလုပ်ပေးရဦးမလဲ Medicine "
June ကလက်နက်ခန်းထဲမှထွက်လာ၍ ခုံတစ်ခုံ၌၀င်ထိုင်ရင်းမေးတော့ Medicine ကတစ်ချက်မျှဝေ့ကြည့်ကာ ..
" အမေရိကန်အဖွဲ့နဲ့ ချိတ်ထားတဲ့ လက်နက်ကိစ္စကို ကိုင်လိုက်! ဒီညနေသွားတွေရမှာ အဆင်ပြေတယ်မလား "
" အင်း! "
" အစစအရာရာဂရုစိုက်ပါ လက်နက်ကမင်းကျွမ်းကျင်တော့ မှာစရာမရှိတော့ပါဘူး "
" ဒါဆို လူစုခွဲပြီ "
" ဟုတ်ပြီ "
အသီးသီးနှုတ်ဆက်ကာ ထွက်သွားတဲ့နှစ်ယောက်ကြောင့် အခန်းထဲတွင် သူတစ်ယောက်ထဲ ကျန်ခဲ့သည်။ သူတို့သုံးယောက်တွင် Grammar (ပြည့်သဒ္ဒါနောင်) က Hacking ပိုင်း ထိပ်တန်းအဆင့်။ June ( ဇွန်ကြည်နူးရိပ်) က လက်နက်ကျွမ်းကျင်မှုထိပ်တန်းအဆင့်။ Medicine တစ်ဖြစ်လဲ သူ (ဇီရာသျှင်းထက်) က ဆက်ခံသူနေရာအတွက် အဘက်ဘက်ပြည့်စုံအောင် Training ဆင်းထားရသူ။ စိတ်အေးချမ်းအောင် ဝါသနာအရဖွင့်ထားသော Cafe ဆိုသည်မှာလဲ ဒီလောကရဲ့ အဆက်အသွယ်နေရာတစ်ခု။
ဒီအဖွဲ့ကို သူ၏အဖေဘက်က အဖိုးထံမှလက်ဆင့်ကမ်းခဲ့ရသည်။ ဂျပန်၊မြန်မာ ကပြားဖြစ်သည့် သူ့အဖိုးက မြန်မာမလေးနဲ့လက်ထပ်အပြီး သူ့အဖေကိုမွေးခဲ့သည်။ သူ့အဖေဆုံးတော့ သူ့စီဆက်သွယ်ကာ အတူလာနေရန်ပြောပေမဲ့ အမေ့ဘက်ကအဖိုးဖြစ်သူက ငြင်းပယ်လိုက်သည်။ အထက်တန်းပြီးတော့ အဖေ့ဘက်ကအဖိုးမှ တက္ကသိုလ်တက်ရင်း အတူနေရန်ခေါ်လာသည်။ နောက်မှသိရသည်က သူ့အဖိုးက ယာကူဇာတစ်ယောက်ဖြစ်သလို ကျန်းမာရေးမကောင်းသည်ကြောင့် သူ့ကိုအမွေဆက်ခံရန်ခေါ်လိုက်ခြင်းသာ။ အဲ့ရောက်တော့ ကျောင်းတစ်ဖက်နဲ့ လေ့ကျင့်ရေးဆင်းခဲ့ရသည်။ ဖြစ်ချင်တော့ ကျောင်းအတူတူတက်ရန်ပါလာသည့် ပြည့်ပြည့်နဲ့ကြည်နူးပါ သူနဲ့အတူလက်တွဲခဲ့သည်။ သူအဖွဲ့ကိုဆက်ခံပြီးတော့ သူ့အဖိုးဆုံးသွားသည်ကြောင့် ကျောင်းပြီးအောင်တက်ကာ ဂျပန်ကအခြေစိုက်စခန်းကိုဖျက်သိမ်းပြီး အမိမြေမှာပြန်လည်အခြေချခဲ့သည်။
အိမ်ပြန်ရောက်တော့ ခနနားကာ အဖိုးအတွက်ညနေစာကို ချက်ပြုတ်လိုက်သည်။ အားလုံးပြီးတော့ အခန်းသို့ပြန်ကာ ရေချိုးဖြစ်သည်။ ပြန်ထွက်လာတော့ ပြတင်းတံခါးကိုဖွင့်ကာ လတ်လတ်ဆတ်ဆတ်လေကို တဝကြီးရှူသွင်းလိုက်ပြီး စိတ်ပင်ပန်းမှုကို ဖြေလျော့လိုက်သည်။ တိမ်တွေအနောက်ရောက်နေသည့် နေလုံးကြီးကိုကြည့်ပြီး စီးမျောနေခိုက် ချမ်းစိမ့်စိမ့်ဖြစ်လာသည်ကြောင့် အင်္ကျီမဝတ်ရသေးမှန်း သတိရသည်။
ပြီးနောက် ညနေစာစားရန် အဖိုးဖြစ်သူကို ဝင်ခေါ်လိုက်ပြီး အဖိုးကိုတွဲကူကာ အောက်ထပ်သို့ဆင်းလာလိုက်ကြ၏။ ထို့နောက် ထမင်းစားခန်းထဲ၀င်ကာ ညနေစာစားလိုက်ကြ၏။ အဖိုးကြိုက်သည့်ဟင်းများကို ခူးထည့်ပေးကာ တိတ်ဆိတ်စွာစားသောက်နေမိ၏။
" မြေးမှာ ရီးစားလေး ဘာလေးရှိနေပြီလား?"
" ဟင်! အဟွတ်! အဟွတ်! "
မမေးစဖူးမေးလာသည်ကြောင့် စားနေသည့်ထမင်းပင်သီးသွားရသည်။ သျှင်းထက်က ရှေ့ကိုရေကိုယူသောက်လိုက်ပြီး ..
" မ မရှိပါဘူး ဘာဖြစ်လို့လဲအဖိုး! "
" ဘာမှမဖြစ်ပါဘူး အဖိုးမသေခင်လေး မြေးကို မိသားစုလေးနဲ့မြင်သွားချင်လို့ "
" နမိတ်မရှိတဲ့စကားတွေမပြောပါနဲ့ သားကသုံးဆယ်တောင်ပြည့်သေးတာမဟုတ်ဘူး မယူသေးပါဘူး "
" အချစ်ရေးကိုအဖိုးဝင်မစွက်ဖက်ချင်လို့နော်! ငယ်တော့တာမဟုတ်ဘူး မင်းဖိုးတုန်းကဆို နှစ်ဆယ်ကျော်ထဲကယူတာ ဟင့်! "
သျှင်းထက်၏အဖိုးက အားမလိုအားမရစွာ အံကြီးတကြိတ်ကြိတ်ဖြင့် သူငယ်စဉ်ကအကြောင်းများနှင့်နှိုင်းယှဉ်ကာပြောသည် .. ယူခဲ့တာက ငယ်ချစ်ဦးဆိုတာတော့ ထည့်မပြော ..ထို့အပြင် အဖွားကိုစိတ်မချလို့စောစောစီးစီးယူလိုက်တာ သူမသိတာမှတ်လို့။
" ဖိုးဖိုးက စွံတာကို မြေးကိုက ကြိုက်မဲ့လူမှမရှိတာ "
" ဟာ! ဖိုးဆို မင်းဖွားကို သုံးနှစ်သုံးမိုးလိုက်ခဲ့တာ အဖြေလဲရရော တန်းပြီးယူပြစ်တာ "
" သားက ချစ်ရမဲ့လူမရှိသေးလို့ပါ ရှိရင်ဖိုးလိုလိုက်ပါ့မယ် "
'တောင်းပန်ပါတယ် မောင်ရယ်' စိတ်ထဲကပြောလိုက်ပြီး အဖိုးကိုစကားဖြတ်လိုက်သည်။ နောက်မို့ဆိုရင် မိန်းမယူခိုင်းလို့ပြီးမှာမဟုတ်ဘူး။
-------------------------------------------
ဒီနေ့မနက်ဆေးရုံရောက်တော့ အံ့မှူးကိုခေါ်ကာ လူနာများထံ အခြေအနေစစ်ဆေးရန်သွားဖြစ်ကြသည်။ အားလုံးအခြေအနေကောင်းကြပြီမို့ မှာကြားစရာရှိတာ မှာကြားပြီးနားနေခန်းကို ပြန်ခဲ့လိုက်သည်။
" ဘွဲ့လွန်အတွက် စာတင်ပြီးပြီလား "
" ဟုတ်! တင်ပြီးပြီ "
" အင်း! စာလဲလုပ်ဦး Nurse တွေစီပဲသွားမနေနဲ့ "
စကားတပြောပြောနဲ့လျှောက်လာရာ အခန်းရှေ့ရောက်တော့ Nurse တစ်ယောက်ကိုတွေ့လိုက်ရသည်။ သူမက သင်္ချေကိုမြင်သည်နှင့် မျက်လုံးများလက်သွား၍ ..
" ဆရာ "
" အင်း! "
" နေ့လည်စာ စားဖို့အားလားဟင် "
သင်္ချေ၏မျက်နှာကိုမော့ကြည့်ကာ မျှော်လက်ချက်အပြည့်ဖြင့်မေးလေသည် .. လက်ညှိုးထိပ်ကလေးများကိုအချင်းချင်းပွတ်ကာ စိတ်လှုပ်ရှားဟန်အပြည့်..။
" Sorry! ချိန်းထားတာလေးရှိလို့ "
" အာ! အဲ့တာဆို သွားခွင့်ပြုပါဦး "
ခေါင်းငြိမ့်ပြလိုက်သည်နှင့်သူမကမျက်နှာမကောင်းစွာဖြင့်ပြေးထွက်သွားတော့သည်။ သင်္ချေလည်း ခေါင်းရမ်းကာ အခန်းထဲဝင်လိုက်ပြီး ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။ ပြီးနောက် တေဇစီ Mail တစ်စောင်ပို့လိုက်သည်။
" ကိုသင်္ချေကမိုက်တယ်နော် အစထဲကဘေးမှာပတ်လည်ဝိုင်းနေတာ နောက်ခံလဲသိသွားရော ပိုပြီးဝိုင်းလာကြတယ် ။ ဒါနဲ့ ကိုသင်္ချေမှာ ရီးစားရှိလား "
" ရှိတယ် "
တိုတိုတုတ်တုတ်ပဲပြန်ဖြေကာ အမေးအမြန်းထူနေသည့် အံ့မှူးကို စာလုပ်ရန်တိုက်တွန်းလိုက်သည်။ ထိုကောင်လေးက ဉာဏ်ကောင်းပေမဲ့ စာလုပ်ရမှာ တော်တော်အပျင်းကြီးသည်။
ထိုစဉ်တေဇစီမှဖုန်း၀င်လာသဖြင့် ..
" ဘာဖြစ်လို့လဲ တေဇ "
" Security Program လား အဲ့တာ Airport အတွက်လေ "
" အင်း! ရတယ် "
ဖုန်းကျသွားတော့ အရေးပေါ်လူနာဆိုသည့်အသံကြောင့် အရေးပေါ်အခန်းကိုခပ်သုတ်သုတ်လှမ်းရ၏။ အနောက်မှအံ့မှူးကလည်း သူ၏ခြေလှမ်းများကိုအမှီ မပြေးရုံတမယ်လိုက်လာသည်။
----------------------------------------------
ငွေအလွဲသုံးစားလုပ်သွားသည့်လူအကြောင်း သတင်းရသည်မို့ သျှင်းထက် အမြန်ထသွားမို့ပြင်လိုက်ပေမဲ့ တီသာ့ဖုန်းဝင်လာသည်ကြောင့် ကိုင်လိုက်သည်။ ကိုင်ကိုင်ချင်းတစ်ဖက်မှကြားလိုက်ရသည့် သတင်းက လက်ထဲကဖုန်းကို လွတ်ကျသွားစေသလို လူကိုပါခုံပေါ်သို့လဲကျသွားစေသည်။ ရင်ဘတ်တစ်ခုလုံးတင်းကျပ်ကျပ်နှင့် မယုံနိုင်ခြင်းများစွာဖြင့် မှင်သေနေမိသည်။ ဒီနေ့ သူ၏စိတ်တွေလေးလံနေသည်ကြောင့် အစစအရာရာသတိထားခဲ့ပေမဲ့ သူ့မိသားစုဝင်တွေကိုသတိမပေးခဲ့ဖြစ်ဘူး။ ယုံရခက်စွာဖြင့်ကြောင်အ,မိနေရင်း မှင်သေနေရာမှ အသိဝင်လာတော့ PA ကိုခေါ်၍ အမြန်လမ်းမကိုထွက်ခဲ့လိုက်သည်။
ဟိုရောက်တော့ ဘေးနားမှာရဲကားတွေ၀ိုင်းထားသည့် ကားတစ်စီးကိုမြင်တွေ့လိုက်ရပြီး ထိုကားမှာတော့ ရစရာမရှိအောင်စုတ်ပြတ်နေသည်။
" ဟို ဒီကားပိုင်ရှင်ရဲ့ ဆွေမျိုးတွေလား မသိဘူး "
" ဟုတ်ပါတယ် "
" ကျွန်တော်က ဒီနယ်ထိန်းပါ ကားကတော့မြင်တဲ့အတိုင်းပဲ ဘရိတ်ပေါက်သွားလို့ သစ်ပင်နဲ့ဝင်ဆောင့်မိတာ ဖြစ်ချင်တော့ ဆီအိုးကပါစိမ့်နေတော့ မီးထလောင်သွားတာ "
နယ်ထိန်းရဲ့ရှင်းပြချက်ကို နားထောင်ပြီး တွေတွေကြီးရပ်နေမိသည်။ ဘာစကားမှပြန်မပြောဖြစ်ခဲ့။ ဖြတ်သွားဖြတ်လာကားသံတွေကိုတောင်မကြားနိုင်တော့သည့်အထိ သူ့စိတ်တွေလွင့်မျောသွားသည်။
" ဒီကိစ္စဟာ သွေးရိုးသားရိုး ဟုတ်လား မဟုတ်လား ဆိုတာ ကျွန်တော်တို့စစ်ဆေးလိုက်ပါမယ်။ အလောင်းကိုလဲ မူခင်းဌာနစီယူသွားရပါမယ် မြေချမဲ့နေ့မှပြန်ပေးပါ့မယ် "
သူ့သူဌေး၏ပုံစံကြောင့် နယ်ထိန်းကို မြတ်သူပဲစကားပြန်ပြောလိုက်ရသည်။ Company Case နဲ့ပင် စိတ်ညစ်နေသည်ကို ဒီလိုကြီးကြုံတွေ့ရတော့ အတော်ခံစားရမှာပင်။
" ကိုသျှင်းထက် ကျွန်တော်တို့ပြန်ကြမယ်လေ "
" အင်း! မင်းပဲကားမောင်းလိုက်တော့ "
သျှင်းထက်က သော့ကိုမြတ်သူစီပြစ်ပေးကာ ကားနောက်ခန်းမှာဝင်ထိုင်လိုက်သည်။ သူ့ရင်ဘတ်တွေအရမ်းတင်းကျပ်ကာ နေရခက်နေသည်မို့ အနောက်ကိုမှီကာ မျက်လုံးမှိတ်ထားလိုက်သည်။ မျက်လုံးတွေကလည်း စပ်ဖျင်းဖျင်းနဲ့ အောင့်နေသည်ကိုလည်း ခုမှခံစားမိသည်။ ဟိုတစ်နေ့ကမှ သူ့ကို ပြုံးပြုံးရွှင်ရွှင်စနောက်နေတဲ့လူက သူ့ကိုစွန့်ခွာသွားပြီဆိုတာ ဘယ်လိုယုံရမလဲ။ မျက်မြင်ထင်ရှားမြင်တွေ့လိုက်ရသည်ကိုတောင် ယုံ၍မရ .. ငယ်ငယ်က အိမ်ပြန်လာတိုင်း သူ့အတွက်ဆိုကာလက်ဆောင်ပေးနေတဲ့ပုံတွေ။ သူနဲ့အတူကစားပေးခဲ့တဲ့ပုံတွေ အနှေးကွက်ဆိုသလို မျက်လုံးထဲ မြင်ယောင်လာသည်။
" ကိုသျှင်းထက် မနှိုင်းကြည်ပြာဖုန်းဆက်တယ် ဥက္ကဋ္ဌကြီး ဆေးရုံတင်ထားရလို့တဲ့ "
" ဘာ! "
သျှင်းထက်အရုပ်ကြိုးပျက်လဲကျသွားမတတ်။ သူ၏အဖိုးမှာ ရောဂါကြီးနဲ့ကို သတင်းပိတ်ဖို့ မေ့နေခဲ့တာ။ ဘာလို့ဒီရက်ပိုင်း အာရုံတွေလွင့်နေပြီး သတိလက်လွတ်ဖြစ်နေရတာလဲ။ သူ့မှာတွယ်တာစရာ သူ့အဖိုးပဲရှိတော့တာ။ အဖိုးကိုတော့ သူအဆုံးအရှူံးမခံနိုင်ပါ။
" Sakura မှာပဲမလား! မြန်မြန်မောင်းမြတ်သူ ကျန်တာနောက်မှရှင်းလိုက်မယ် "
မြတ်သူရဲ့ ကားမောင်းSkillကြောင့် နာရီဝက်ခရီးကို ဆယ့်ငါးမိနစ်အတွင်းရောက်သွားသည်။ ဆေးရုံရောက်တော့ သူ့အဖိုးစီအမြန်ပြေးသွားလိုက်သည်။ VIP Room ရှေ့ရောက်တော့ မျက်နှာမကောင်းတဲ့ သူ့အဒေါ်ကြည်ပြာကိုတွေ့လိုက်ရ၍ အခန်းထဲရောက်တော့ အောက်ဆီဂျင်ပိုက်နဲ့ အသက်လုရှူနေသော အဖိုးကိုတွေ့လိုက်ရသည်။
" အဖိုး "
" မြေး "
အားလျော့လှစွာဖြင့် ဖျော့တော့လွန်းသည့်မျက်၀န်းများဖြင့် သျှင်းထက်ကိုကြည့်လာ၍ ပါးနေရာကိုလက်လှမ်းသည်။
" ဘာမှမပြောနဲ့ သက်သက်သာသာနေနော် "
" အဖိုး.... အခြေ....အေန...အဖိုး...သိ....ပါတယ်...ငါ့....မြေး...ကိုယ့်ကိုကိုယ်...ဂရုစိုက်နော် "
" သက်သာသလိုနေပါဗျာ စကားမပြောနဲ့ အဖိုးမောမယ် "
သျှင်းထက်၏ဦးခေါင်းကိုခပ်ဖွဖွပုတ်၍ မှာနေပုံက သူ၏နှလုံးသားတစ်ခုလုံးကိုအစိမ်းသက်သက်ဆွဲထုတ်ကာညှစ်ထားသကဲ့သို့ပင် .. ထို့အပြင် မောဟိုက်စွာအသက်လုရှုနေပုံက ကြည့်ရက်စရာမရှိ။
" တစ်..ယောက်...ထဲလည်း..ဘဝ..ကို..မရှင်သန်ပါနဲ့....မိသား...စု...နဲ့...ဖြတ်..သန်းပါ "
" ဘာလို့ဒီလိုတွေပြောနေရတာလဲဗျာ "
အဖိုးရဲ့လက်ကိုသူ့ပါးနားကပ်ကာ အဖိုးမျက်လုံးတွေကိုကြည့်လိုက်သည်။ မျက်လုံးထဲ အခြေအနေတွေကို စိတ်ချသွားသလိုပုံပေါ်နေသည့်ကြောင့် သျှင်းထက်ကအလန့်တကြားတားမိသည်။
" အဖိုး မျက်လုံးမမှိတ်လိုက်နဲ့နော် အဖိုး! သားပြောတာကြားလား အဖိုး! "
အဖိုးက မျက်လုံးနှင့်ပါးစပ် ဖွင့်လျက်ဖြင့် ငြိမ်သက်စွာလဲလျောင်းနေတော့သည် .. သျှင်းထက်၏ရင်ထဲ၌လည်း တစ်စို့စို့ကြီးဖြင့် လေးလံလွန်းလှသည့်အစိုင်အခဲတစ်ခုက နေရာယူထားလျက်။
" လူနာသေဆုံးချိန် 1:24 PM ။ လူနာက စိတ်ဓာတ်မာတယ် ခု Heart Attack ဖြစ်ရင်တစ်ခါတည်းအသက်ပါ ပါသွားလို့ရတယ်။ နောက်ပိုင်းကတစ်စုံတစ်ယောက်အတွက် အားတင်းထားပုံပဲ "
သျှင်းထက်၏နားထဲ စက်သံတတီတီနဲ့ သူ့အဒေါ်ကြည်ပြာ၏စူးစူးဝါးဝါးအော်ငိုသံကြားပဲ ကြားရတော့သည်။ ဘာခံစားချက်မှမရှိတော့သလို စိတ်ဝိဉာဉ်တစ်စုံလည်း စကြာ၀ဠာအပြင်ဘက်ထိလွင့်မျောသွားသလိုခံစားလိုက်ရသည်။
ထို့နောက်တစ်စုံတစ်ခုကိုတွေးမိလိုက်၍ ..
" တီသာ့သတင်းကို အဖိုးကို ဘယ်သူပြောလိုက်တာလဲ အဖိုးမှာနှလုံးရောဂါရှိတယ်ဆိုတာ မသိဘူးလား "
" အဲ့တာဆို မင်းကအဖေ့ကို ဖုံးကွယ်ထားချင်တာလား "
" ဖုံးကွယ်သင့်ဖုံးကွယ်ရမှာပဲ အခြေအနေရမှ တဖြည်းဖြည်း ပြောပြရမှာလေ နားမလည်ဘူးလား "
"................"
" ခုလို ဖြစ်သွားတာ အရမ်းဝမ်းသာနေကြမှာပေါ့နော် တီသာသေရတဲ့ကိစ္စကိုလည်း ကိုယ်တိုင်စုံစမ်းမှာမို့လို့ ကိုယ့်ကျင်းကိုယ်တူးထားကြပါ "
သျှင်းထက်ကမဲ့ပြုံးပြုံး၍အခန်းထဲက တစ်ယောက်ချင်းစီကို ကြည့်ကာ ပြောလိုက်သည့်အတွက် ..
" မင်းကဘယ်လိုလာကြည့်နေတာလဲ၊ ဒီမှာမင်းနဲ့ငါတို့မိသားစုပဲရှိတာ ငါတို့ကိုစွပ်စွဲချင်နေတာလား "
" အိုး! အဲ့လိုဖြစ်သွားလား မရည်ရွယ်ပါဘူးနော် "
ထိုသို့ဆိုလိုက်၍ သျှင်းထက်က အားရပါးရရီမောကာ ကျလာသည့်မျက်ရည်များကိုသုတ်၍ ဒေါ်ကြည်ပြာကိုစူးစိုက်၍ကြည့်သည် .. သူ၏စိတ်ထဲ လေးလံနေသည်များက တစ်စုံတစ်ခုပေါ်အပြစ်ပုံချ၍ သောင်းကျန်းလိုက်ရင်ကျေနပ်နိုင်မည်ထင်သည် ..။
သင်္ချေသည်လည်း သည်းငယ် PA ပြောကြားချက်ကိုကြားပြီး Sakura ဆေးရုံကို အပြေးနှင်လာသည်။ လမ်းမှာ မီးနီဘယ်နှစ်ခုကိုပင် ဖြတ်ကျော်ခဲ့လဲဆိုတာ သူမမှတ်မိပါ။ ဆေးရုံရောက်တော့ Reception က ဆရာမတွေကို မေးမြန်းကာ VIP Room ကို ဦးတည်လာသည်။ အခန်းရှေ့ရောက်တော့ ငိုသံတွေနဲ့အတူ သည်းငယ်ရဲ့ပေါက်ကွဲသံကိုပါ ကြားလိုက်ရသည်။
" သည်း....ဇီရာ "
သူ့ကိုလှည့်ကြည့်လာသည့် မျက်လုံးအစုံဟာ နီရဲနေပြီးခံစားချက်မဲ့နေသည်။ စိတ်ထင်တာမဟုတ်ရင် မျက်နှာလေး နဲနဲချောင်ကျကာ ဖြူဖပ်ဖြူရော် ဖြစ်နေသလားလို့။
" ဇီရာ ဒီလိုလုပ်နေလို့မဖြစ်ဘူးလေ အဖိုးရဲ့နောက်ဆုံးခရီးကို သွားလမ်းဖြောင့်အောင်လုပ်ပေးရမယ်လေ နော် "
ပေါက်ကွဲခြင်းကိုရပ်ကာ ဘာစကားမှပြန်မလာပေမဲ့ အဖိုး၏ရုပ်ခန္ဓာကိုငြိမ်သက်စွာရပ်နေရင်းကြည့်သည်။ သည်းငယ်ဘယ်လိုခံစားနေရလဲဆိုတာ သင်္ချေနားလည်ပါသည်။ အစားထိုးလို့မရနိုင်သည့် ဆုံးရှုံးမှုတွေမို့ အတော်ခံစားရခက်မှာပင်..။ အနားသို့အမြန်သွားလိုက်ကာ ပခုံးကိုခပ်ဖွဖွပုတ်လိုက်တော့ စောင်းငဲ့၍ မျက်လွှာပင့်ကာကြည့်လာ၏။
" အင်း! ကျွန်တော်နားလည်တာမလို့ စိတ်လျော့လိုက်တော့နော်၊ ကိစ္စဝိစ္စတွေကိုစီမံရဦးမယ်လေ ၊ လိမ္မာတယ်နော် "
ခေါင်းငြိမ့်ပြလာတော့ PA ကိုအားလုံးညွှန်ကြားကာ သည်းငယ်ကိုဆေးရုံခေါင်မိုးထပ်ကိုခေါ်ထုတ်လာလိုက်သည်။
" မောင့်သည်းငယ် အဲ့လိုကြီးမနေနဲ့လေ ငိုချင်ရင်ငိုချလိုက်နော် "
" ငါ ငါငိုလို့မရဘူး ရင်ဘတ်တွေလည်းအရမ်းအောင့်နေတယ် အသက်ရှူရတာတောင်မဝချင်တော့ဘူး "
အသက်မဲ့နေသည့်မျက်၀န်းများဖြင့် အားလျော့စွာပြန်ဖြေသည် .. လမ်းလျှောက်ပုံ၊စကားပြောပုံက သင်္ချေ့အတွက်အားရမှုမရှိပေ။
" ဟုတ်ပြီ၊ဟုတ်ပြီ မောင်ပြောသလိုလိုက်လိုက်နော် ရူသွင်းမယ် ၊ ပြန်ထုတ်မယ် ။ ရှူသွင်းမယ် ၊ ပြန်ထုတ်မယ် ။ ရှူသွင်းမယ် ၊ ပြန်ထုတ်မယ် နေလို့သက်သာသွားပြီလားဟင် "
" အင်း "
ခေါင်းငြိမ့်ကာပြန်ဖြေလာသည့်ကြောင့် နဖူးပေါ်ကျလာသည့် ဆံပင်လေးတွေကို သပ်တင်ကာ သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။
" ငိုချင်ရင်ငိုချလိုက်နော် စိတ်ထဲအရမ်းနေရခက်နေရင် မျက်ရည်အဖြစ်ပြောင်းလဲလိုက်။ ငိုတယ်ဆိုတိုင်း ပျော့ညံ့လို့မဟုတ်ဘူးလေ။ မောင့်သည်းငယ်ဘယ်လောက်သန်မာတယ်ဆိုတာ မောင်သိတာပဲ ငိုလိုက်နော် "
ချော့မော့ကာဆိုလိုက်တော့ ရင်ခွင်၌မျက်နှာအပ်ကာ တီးတိုးစကားများကိုဆိုလာ၍ စိုစိစိအထိအတွေ့။
" ငါ့မှဘာလို့ ဒီလိုဖြစ်နေရတာလဲ ဟင့်! ငါကိုကကံဆိုးနေတာလား ဟင့်! ငါချစ်ရတဲ့လူတွေကိုပဲ ဘာလို့ ဟင့်! မောင်မင်းလည ငါ့ကို့တစ်နေ့ထားသွားမှာလား ဟင့်!"
မျက်ရည်တသွင်သွင်စီးကျနေပြီး အံကြိတ်ကာ ရှိုက်ငိုနေပုံက သင်္ချေ့နှလုံးသားတစ်ခုလုံးကိုပါ တင်းကျပ်စေသည်။
" မောင်က ဘယ်တော့မှထားသွားမှာမဟုတ်လို့ တွေးပြီး စိတ်ပူစရာမလိုဘူး "
" တီသာ့သတင်းကြားတော့ ငါအဖိုးကိုမပြောဖို့မှာထားခဲ့ရမှာ၊ခုရက်ပိုင်းအလုပ်မှာအလွဲတွေဖြစ်နေလို့ ကိုယ်တိုင်စစ်ဆေးနေတာနဲ့ ငါသတိလက်လွတ်ဖြစ်နေတာ ဟင့်! ငါသာသတိနဲ့နေရင် အဖိုးဘာမှဖြစ်မှာမဟုတ်ဘူး၊ တီသာ့ကိုလဲ ငါလေယာဉ်နဲ့စီစဉ်ပေးရင်လဲ တီသာဘာမှဖြစ်စရာအကြောင်းမရှိဘူး၊ ငါ့ကြောင့် .. ငါ့ကြောင့်ဖြစ်ရတာ "
" ဘာလို့ကိုယ့်ကိုကိုယ်အပြစ်တင်နေရတာလဲဗျာ အဖိုးနဲ့တီဆွေသာတို့ကလည်း ဒီလိုဖြစ်စေချင်မှာမဟုတ်ဘူး အဲ့လိုတွေလိုက်မတွေးနဲ့တော့နော် လိမ်မာတယ် မောင့်သည်းငယ်လေး အများကြီးပင်ပန်းသွားရပြီ "
ကျောပြင်လေးကိုခပ်ဖွဖွပွတ်ပေးကာ နဖူးပြေပြေလေးကို နမ်းရှိုက်လိုက်သည်။
" အိမ်ပြန်ကြရအောင်နော် "
မောင့်ဆွဲခေါ်ရာကို သျှင်းထက်လိုက်ပါလာခဲ့သည်။ ကားပေါ်ရောက်တော့ မောင်ကသူ့ကိုခါးပတ် ပတ်ပေးပြီးနောက် သူကကားမှန်ဘက်ကို မျက်နှာမူလိုက်သည်။ စိတ်အခြေအနေမကောင်းသည်ကြောင့် ဘာမှမပြောချင်စိတ်မရှိပေ။ မောင်ကလဲအလိုက်သိလွန်းလှစွာ ဘာမှမဆိုပဲ ကားကိုဂရုစိုက်မောင်းနေသည်။
" သည်းငယ် အိမ်ရောက်ပြီ "
မောင်ကတံခါးလာဖွင့်ပေးတော့ သျှင်းထက်ကားပေါ်မှ ဆင်းလိုက်သည်။ အိမ်ထဲရောက်တော့ ဧည့်ခန်းမှာ အဖိုးနဲ့တီသာ့ဓာတ်ပုံကို စားပွဲတစ်ခုပေါ်မှာတင်ထား၍ ရှေ့၌ပန်းအချို့ထိုးထားသည့် ပန်းအိုးတစ်လုံးစီရှိသည်။ သျှင်းထက်ကစီးထားသည့် အိမ်စီးဖိနပ်ကိုချွတ်၍ ထိုရှေ့၌ထိုင်ပြီးဦးသုံးကြိမ်ချ ကန်တော့လိုက်သည်။ ပြီးတော့ သူ့နားဘေးမှာ မောင်နဲ့အတူ ကြည်နူးနဲ့ပြည့်ပြည့်ကိုပါတွေ့လိုက်ရသည်။
" သျှင်းသျှင်း အဆင်ပြေရဲ့လား တစ်ခုခုဆို ငါတို့ကိုပြောနော် "
ကြည်နူးစကားကို သျှင်းထက်ကခေါင်းငြိမ့်ပြလိုက်ကာ နာရေးလာမေးတဲ့လူအချို့နဲ့စကားပြောနေသော ဒေါ်ကြည်ပြာတို့လင်မယားကို ကြည့်နေမိသည်။ နှစ်ဦးစလုံးမျက်နှာပေါ်မှာ ဝမ်းနည်းရိပ်သန်းနေပေမဲ့ တစ်ခုခုလွဲနေသလိုပင်။ နောက်ပြီး သူတို့၏ သမီးနှစ်ယောက်ကိုလည်း ခုထိမမြင်မိသေး။
ထိုမှအကြည့်လွဲလိုက်ကာ ဖုန်းဆက်ရန်အတွက် သူ့အခန်းကိုပြန်ဖို့အလုပ် ..
" သည်းငယ် ဘယ်သွားမလို့လဲ "
မေးတဲ့ပုံလေးက ခပ်ကြိတ်ကြိတ်နဲ့ သူများကြားမှာစိုးနေသည့်ပုံ။ သျှင်းထက်၏မျက်နှာမှာ အနည်းငယ်လေးပြုံရိပ်သန်းသွားမိပါသည်။
" မောင်မပြန်သေးဘူးလား "
" ဟင့်အင်း! အားလုံးပြီးတဲ့အထိ မောင်ဒီမှာပဲနေမှာ "
" မင်းအလုပ်ကရော "
" ဆေးရုံအုပ်ကိုဖုန်းဆက်ပြီး ခွင့်တိုင်လိုက်မယ်လေ "
" အားနာစရာကြီးရယ် "
"မောင်နဲ့သည်းငယ်ကြား ဒါတွေလိုလို့လားဗျာ သည်းငယ်အရေးကမောင့်အရေးပဲလေ "
" ကျေးဇူးပါ .. ငါအရေးကြီးကိစ္စရှိလို့ ဖုန်းသွားပြောဦးမယ် "
" အင်း! မောင်လဲ မြတ်သူနဲ့ လိုအပ်တာတွေသွားလုပ်ဦးမယ် "
အခန်းရောက်တော့ Jack ကိုဖုန်းခေါ်ကာ ကား Accident အကြောင်းထပ်တိုးစုံစမ်းခိုင်းကာ သတင်းရသည့်နေရာကို သူ့ကိုပဲသွားခိုင်းလိုက်သည်။ ဒီနေ့တော့ သျှင်းထက်ဘာမှလုပ်ချင်စိတ်မရှိတော့ပေ။ Jack ကလည်း အဖိုးလက်ထက်ထဲကလုပ်ခဲ့သည့်လူမို့ တော်တော်အားကိုးရကာ ယုံကြည်ရသည်။ အခန်းဝရံတာမှာ မတ်တပ်ရပ်နေရင်း ဝင်လုဆဲဆဲနေမင်းကြီးနှင့် အိပ်တန်းနေရာသို့ ပျံသွားကြသော ငှက်အုပ်ကိုငေးကြည့်မိသည်။ အချိန်တန်ရင်အိမ်ပြန်ရမှာ လောကသဘာဝပေမဲ့ သူ့အတွက်ပြင်ဆင်ချိန်မရလိုက်ပေ။
စာလုံးပေါင်းမှာရင် ပြင်ဖတ်ပေးဖို့ မေတ္တာရပ်ခံပါရစေ .. ကျေးဇူးတင်ပါတယ်။
တစ်ခြား Fic တွေနဲ့ တစ်စုံတစ်ရာတူခဲ့သော်ရှိသော် ရှေ့ကစီနီယာတွေကို Credit ပေးပါတယ်။
Happy New Year ပါ အချစ်တို့ရေ။ ကိုယ့်ရဲ့ စိုးလှစွာသော အရေးအသားတွေကိုလဲ သည်းခံပြီးဖတ်ပေးလို့ကျေးဇူးတင်ပါတယ်
နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုရာဆန္ဒအားလုံးပြည့်ပါစေ။ အစစအရာရာ အဆင်ပြေပါစေ။
Zaw
Tim skip!
" အင္း! Jack ဘာထူးလဲ "
သီးသန႔္ခန္းထဲတြင္ Medicine ႏွင့္ Jack ႏွစ္ေယာက္တည္းရွိေနသည္ .. ဂ်က္ကသူစုံစမ္း၍ ရသမွ်အားတင္ျပလ်က္ရွိကာ Medicine ၏ေရွ႕တြင္ခပ္ရို႔ရို႔ရပ္ေနသည္။
" ဂ်ာမနီမွာလို႔ သတင္းရတယ္ Medicine "
" အဲ့တာဆိုဂ်ာမနီကို Jay ကိုလိုက္ခိုင္းလိုက္ .. မင္းက ဒီမွာပဲ သူေျခဆန႔္ခဲ့တာေတြကိုဆက္စုံစမ္း "
" ဟုတ္ကဲ့ "
Jack ကနာခံစြာျဖင့္ အရိုအေသးေပးကာျပန္ထြက္မည္အျပဳ Medicine စီ၌စကားလက္က်န္ရွိေသးသျဖင့္ တံခါး၀နား၌ရပ္ကာနားေထာင္သည္။
" Hacking ပိုင္းအကူအညီလိုရင္ Grammar စီသြားလိုက္ "
ဟူ၍ေျပာၿပီးသည္ႏွင့္ ဂ်က္ကအလ်င္အျမန္ထြက္သြားေတာ့သည္။ ထို႔ေနာက္ သူလည္းပဲ သီးသန့္အခန္းမွထြက္လာကာ ပင္မအေဆာက္အဦးကို ျပန္လာခဲ့သည္။ ၿမိဳ႕စြန္က ဧကႏွစ္ဆယ္ေက်ာ္ ၿခံဝန္းအတြင္း အပန္းေျဖစံအိမ္ႀကီးတစ္လုံးရွိသည္။ စံအိမ္အေနာက္ဘက္မွာ 9 ဧကေက်ာ္ ေရကန္အက်ယ္ႀကီး တစ္ကန္ရွိသည္။
" ဘယ္လိုလဲ သွ်င္းထက္ "
" ဒီမွာ နာမည္အရင္းမသုံးပါနဲ႕ Grammar "
ျပတ္သားသည့္အသံႏွင့္အတူ မာေက်ာေနသည့္မ်က္ႏွာထားေၾကာင့္ Grammar မွလြဲ၍က်န္သည့္လူမ်ားမွာ အသက္ျပင္းျပင္းမရႉဝံ။
" Okay Medicine "
" သူ႕ဖုန္းကို ေျခရာခံၿပီးၿပီလား "
" အင္း! တည္ေနရာက ဒီၿမိဳ႕မွာပဲျပေနတယ္ ဖုန္းလဲသြားတယ္ထင္တယ္ "
Grammar ရဲ႕အေျဖကို ေခါင္းတစ္ခ်က္ၿငိမ့္ျပကာတုန့္ျပန္လိုက္သည္။ ျပည္ပအဝင္အထြက္ပိတ္ထားသည္ကိုပင္ ရေအာင္ထြက္သြားသည္ဆိုတည္းက ေနာက္ကြယ္မွာ အာဏာႀကီးတဲ့လူနဲ႕ပတ္သတ္ေနမည္။
"ငါေရာ ဘာလုပ္ေပးရဦးမလဲ Medicine "
June ကလက္နက္ခန္းထဲမွထြက္လာ၍ ခုံတစ္ခုံ၌၀င္ထိုင္ရင္းေမးေတာ့ Medicine ကတစ္ခ်က္မွ်ေဝ့ၾကည့္ကာ ..
" အေမရိကန္အဖြဲ႕နဲ႕ ခ်ိတ္ထားတဲ့ လက္နက္ကိစၥကို ကိုင္လိုက္! ဒီညေနသြားေတြရမွာ အဆင္ေျပတယ္မလား "
" အင္း! "
" အစစအရာရာဂ႐ုစိုက္ပါ လက္နက္ကမင္းကြၽမ္းက်င္ေတာ့ မွာစရာမရွိေတာ့ပါဘူး "
" ဒါဆို လူစုခြဲၿပီ "
" ဟုတ္ၿပီ "
အသီးသီးႏႈတ္ဆက္ကာ ထြက္သြားတဲ့ႏွစ္ေယာက္ေၾကာင့္ အခန္းထဲတြင္ သူတစ္ေယာက္ထဲ က်န္ခဲ့သည္။ သူတို႔သုံးေယာက္တြင္ Grammar (ပြည့်သဒ္ဒါနောင်) က Hacking ပိုင္း ထိပ္တန္းအဆင့္။ June ( ဇြန္ၾကည္ႏူးရိပ္) က လက္နက္ကြၽမ္းက်င္မႈထိပ္တန္းအဆင့္။ Medicine တစ္ျဖစ္လဲ သူ (ဇီရာသွ်င္းထက္) က ဆက္ခံသူေနရာအတြက္ အဘက္ဘက္ျပည့္စုံေအာင္ Training ဆင္းထားရသူ။ စိတ္ေအးခ်မ္းေအာင္ ဝါသနာအရဖြင့္ထားေသာ Cafe ဆိုသည္မွာလဲ ဒီေလာကရဲ႕ အဆက္အသြယ္ေနရာတစ္ခု။
ဒီအဖြဲ႕ကို သူ၏အေဖဘက္က အဖိုးထံမွလက္ဆင့္ကမ္းခဲ့ရသည္။ ဂ်ပန္၊ျမန္မာ ကျပားျဖစ္သည့္ သူ႕အဖိုးက ျမန္မာမေလးနဲ႕လက္ထပ္အၿပီး သူ႕အေဖကိုေမြးခဲ့သည္။ သူ႕အေဖဆုံးေတာ့ သူ႕စီဆက္သြယ္ကာ အတူလာေနရန္ေျပာေပမဲ့ အေမ့ဘက္ကအဖိုးျဖစ္သူက ျငင္းပယ္လိုက္သည္။ အထက္တန္းၿပီးေတာ့ အေဖ့ဘက္ကအဖိုးမွ တကၠသိုလ္တက္ရင္း အတူေနရန္ေခၚလာသည္။ ေနာက္မွသိရသည္က သူ႕အဖိုးက ယာကူဇာတစ္ေယာက္ျဖစ္သလို က်န္းမာေရးမေကာင္းသည္ေၾကာင့္ သူ႕ကိုအေမြဆက္ခံရန္ေခၚလိုက္ျခင္းသာ။ အဲ့ေရာက္ေတာ့ ေက်ာင္းတစ္ဖက္နဲ႕ ေလ့က်င့္ေရးဆင္းခဲ့ရသည္။ ျဖစ္ခ်င္ေတာ့ ေက်ာင္းအတူတူတက္ရန္ပါလာသည့္ ျပည့္ျပည့္နဲ႕ၾကည္ႏူးပါ သူနဲ႕အတူလက္တြဲခဲ့သည္။ သူအဖြဲ႕ကိုဆက္ခံၿပီးေတာ့ သူ႕အဖိုးဆုံးသြားသည္ေၾကာင့္ ေက်ာင္းၿပီးေအာင္တက္ကာ ဂ်ပန္ကအေျခစိုက္စခန္းကိုဖ်က္သိမ္းၿပီး အမိေျမမွာျပန္လည္အေျခခ်ခဲ့သည္။
အိမ္ျပန္ေရာက္ေတာ့ ခနနားကာ အဖိုးအတြက္ညေနစာကို ခ်က္ျပဳတ္လိုက္သည္။ အားလုံးၿပီးေတာ့ အခန္းသို႔ျပန္ကာ ေရခ်ိဳးျဖစ္သည္။ ျပန္ထြက္လာေတာ့ ျပတင္းတံခါးကိုဖြင့္ကာ လတ္လတ္ဆတ္ဆတ္ေလကို တဝႀကီးရႉသြင္းလိုက္ၿပီး စိတ္ပင္ပန္းမႈကို ေျဖေလ်ာ့လိုက္သည္။ တိမ္ေတြအေနာက္ေရာက္ေနသည့္ ေနလုံးႀကီးကိုၾကည့္ၿပီး စီးေမ်ာေနခိုက္ ခ်မ္းစိမ့္စိမ့္ျဖစ္လာသည္ေၾကာင့္ အကၤ်ီမဝတ္ရေသးမွန္း သတိရသည္။
ၿပီးေနာက္ ညေနစာစားရန္ အဖိုးျဖစ္သူကို ဝင္ေခၚလိုက္ၿပီး အဖိုးကိုတြဲကူကာ ေအာက္ထပ္သို႔ဆင္းလာလိုက္ၾက၏။ ထို႔ေနာက္ ထမင္းစားခန္းထဲ၀င္ကာ ညေနစာစားလိုက္ၾက၏။ အဖိုးႀကိဳက္သည့္ဟင္းမ်ားကို ခူးထည့္ေပးကာ တိတ္ဆိတ္စြာစားေသာက္ေနမိ၏။
" ေျမးမွာ ရီးစားေလး ဘာေလးရွိေနၿပီလား?"
" ဟင္! အဟြတ္! အဟြတ္! "
မေမးစဖူးေမးလာသည္ေၾကာင့္ စားေနသည့္ထမင္းပင္သီးသြားရသည္။ သွ်င္းထက္က ေရွ႕ကိုေရကိုယူေသာက္လိုက္ၿပီး ..
" မ မရွိပါဘူး ဘာျဖစ္လို႔လဲအဖိုး! "
" ဘာမွမျဖစ္ပါဘူး အဖိုးမေသခင္ေလး ေျမးကို မိသားစုေလးနဲ႕ျမင္သြားခ်င္လို႔ "
" နမိတ္မရွိတဲ့စကားေတြမေျပာပါနဲ႕ သားကသုံးဆယ္ေတာင္ျပည့္ေသးတာမဟုတ္ဘူး မယူေသးပါဘူး "
" အခ်စ္ေရးကိုအဖိုးဝင္မစြက္ဖက္ခ်င္လို႔ေနာ္! ငယ္ေတာ့တာမဟုတ္ဘူး မင္းဖိုးတုန္းကဆို ႏွစ္ဆယ္ေက်ာ္ထဲကယူတာ ဟင့္! "
သွ်င္းထက္၏အဖိုးက အားမလိုအားမရစြာ အံႀကီးတႀကိတ္ႀကိတ္ျဖင့္ သူငယ္စဥ္ကအေၾကာင္းမ်ားႏွင့္ႏွိုင္းယွဥ္ကာေျပာသည္ .. ယူခဲ့တာက ငယ္ခ်စ္ဦးဆိုတာေတာ့ ထည့္မေျပာ ..ထို႔အျပင္ အဖြားကိုစိတ္မခ်လိဳ႕ေစာေစာစီးစီးယူလိုက္တာ သူမသိတာမွတ္လို႔။
" ဖိုးဖိုးက စြံတာကို ေျမးကိုက ႀကိဳက္မဲ့လူမွမရွိတာ "
" ဟာ! ဖိုးဆို မင္းဖြားကို သုံးႏွစ္သုံးမိုးလိုက္ခဲ့တာ အေျဖလဲရေရာ တန္းၿပီးယူျပစ္တာ "
" သားက ခ်စ္ရမဲ့လူမရွိေသးလို႔ပါ ရွိရင္ဖိုးလိုလိုက္ပါ့မယ္ "
'ေတာင္းပန္ပါတယ္ ေမာင္ရယ္' စိတ္ထဲကေျပာလိုက္ၿပီး အဖိုးကိုစကားျဖတ္လိုက္သည္။ ေနာက္မို႔ဆိုရင္ မိန္းမယူခိုင္းလို႔ၿပီးမွာမဟုတ္ဘူး။
-------------------------------------------
ဒီေန႕မနက္ေဆး႐ုံေရာက္ေတာ့ အံ့မႉးကိုေခၚကာ လူနာမ်ားထံအေျခအေနစစ္ေဆးရန္သြားျဖစ္ၾကသည္။ အားလုံးအေျခအေနေကာင္းၾကၿပီမို႔ မွာၾကားစရာရွိတာ မွာၾကားၿပီးနားေနခန္းကို ျပန္ခဲ့လိုက္သည္။
" ဘြဲ႕လြန္အတြက္ စာတင္ၿပီးၿပီလား "
" ဟုတ္! တင္ၿပီးၿပီ "
" အင္း! စာလဲလုပ္ဦး Nurse ေတြစီပဲသြားမေနနဲ႕ "
စကားတေျပာေျပာနဲ႕ေလွ်ာက္လာရာ အခန္းေရွ႕ေရာက္ေတာ့ Nurse တစ္ေယာက္ကိုေတြ႕လိုက္ရသည္။ သူမက သေခၤ်ကိဳျမင္သည္ႏွင့္ မ်က္လုံးမ်ားလက္သြား၍ ..
" ဆရာ "
" အင္း! "
" ေန႕လည္စာ စားဖို႔အားလားဟင္ "
သေခၤ်၏မ်က္ႏွာကိုေမာ့ၾကည့္ကာ ေမွ်ာ္လက္ခ်က္အျပည့္ျဖင့္ေမးေလသည္ .. လက္ညွိုးထိပ္ကေလးမ်ားကိုအခ်င္းခ်င္းပြတ္ကာ စိတ္လႈပ္ရွားဟန္အျပည့္..။
" Sorry! ခ်ိန္းထားတာေလးရွိလို႔ "
" အာ! အဲ့တာဆို သြားခြင့္ျပဳပါဦး "
ေခါင္းၿငိမ့္ျပလိုက္သည္ႏွင့္သူမကမ်က္ႏွာမေကာင္းစြာျဖင့္ေျပးထြက္သြားေတာ့သည္။ သေခၤ်လည္း ေခါင္းရမ္းကာ အခန္းထဲဝင္လိုက္ၿပီး ထိုင္ခုံမွာဝင္ထိုင္လိုက္သည္။ ၿပီးေနာက္ ေတဇစီ Mail တစ္ေစာင္ပို႔လိုက္သည္။
" ကိုသေခၤ်ကမိုက္တယ္ေနာ္ အစထဲကေဘးမွာပတ္လည္ဝိုင္းေနတာ ေနာက္ခံလဲသိသြားေရာ ပိုၿပီးဝိုင္းလာၾကတယ္ ။ ဒါနဲ႕ ကိုသေခၤ်မွာ ရီးစားရွိလား "
" ရွိတယ္ "
တိုတိုတုတ္တုတ္ပဲျပန္ေျဖကာ အေမးအျမန္းထူေနသည့္ အံ့မႉးကို စာလုပ္ရန္တိုက္တြန္းလိုက္သည္။ ထိုေကာင္ေလးက ဉာဏ္ေကာင္းေပမဲ့ စာလုပ္ရမွာ ေတာ္ေတာ္အပ်င္းႀကီးသည္။
ထိုစဥ္ေတဇစီမွဖုန္း၀င္လာသျဖင့္ ..
" ဘာျဖစ္လို႔လဲ ေတဇ "
" Security Program လား အဲ့တာ Airport အတြက္ေလ "
" အင္း! ရတယ္ "
ဖုန္းက်သြားေတာ့ အေရးေပၚလူနာဆိုသည့္အသံေၾကာင့္ အေရးေပၚအခန္းကိုခပ္သုတ္သုတ္လွမ္းရ၏။ အေနာက္မွအံ့မႉးကလည္း သူ၏ေျခလွမ္းမ်ားကိုအမွီ မေျပး႐ုံတမယ္လိုက္လာသည္။
----------------------------------------------
ေငြအလြဲသုံးစားလုပ္သြားသည့္လူအေၾကာင္း သတင္းရသည္မို႔ သွ်င္းထက္ အျမန္ထသြားမို႔ျပင္လိုက္ေပမဲ့ တီသာ့ဖုန္းဝင္လာသည္ေၾကာင့္ ကိုင္လိုက္သည္။ ကိုင္ကိုင္ခ်င္းတစ္ဖက္မွၾကားလိုက္ရသည့္ သတင္းက လက္ထဲကဖုန္းကို လြတ္က်သြားေစသလို လူကိုပါခုံေပၚသို႔လဲက်သြားေစသည္။ ရင္ဘတ္တစ္ခုလုံးတင္းက်ပ္က်ပ္ႏွင့္ မယုံနိုင္ျခင္းမ်ားစြာျဖင့္ မွင္ေသေနမိသည္။ ဒီေန႕ သူ၏စိတ္ေတြေလးလံေနသည္ေၾကာင့္ အစစအရာရာသတိထားခဲ့ေပမဲ့ သူ႕မိသားစုဝင္ေတြကိုသတိမေပးခဲ့ျဖစ္ဘူး။ ယုံရခက္စြာျဖင့္ေၾကာင္အ,မိေနရင္း မွင္ေသေနရာမွ အသိဝင္လာေတာ့ PA ကိုေခၚ၍ အျမန္လမ္းမကိုထြက္ခဲ့လိုက္သည္။
ဟိုေရာက္ေတာ့ ဘေးနားမှာရဲကားတွေ၀ိုင်းထားသည့် ကားတစ္စီးကိုျမင္ေတြ႕လိုက္ရၿပီး ထိုကားမွာေတာ့ ရစရာမရွိေအာင္စုတ္ျပတ္ေနသည္။
" ဟို ဒီကားပိုင္ရွင္ရဲ႕ ေဆြမ်ိဳးေတြလား မသိဘူး "
" ဟုတ္ပါတယ္ "
" ကြၽန္ေတာ္က ဒီနယ္ထိန္းပါ ကားကေတာ့ျမင္တဲ့အတိုင္းပဲ ဘရိတ္ေပါက္သြားလို႔ သစ္ပင္နဲ႕ဝင္ေဆာင့္မိတာ ျဖစ္ခ်င္ေတာ့ ဆီအိုးကပါစိမ့္ေနေတာ့ မီးထေလာင္သြားတာ "
နယ္ထိန္းရဲ႕ရွင္းျပခ်က္ကို နားေထာင္ၿပီး ေတြေတြႀကီးရပ္ေနမိသည္။ ဘာစကားမွျပန္မေျပာျဖစ္ခဲ့။ ျဖတ္သြားျဖတ္လာကားသံေတြကိုေတာင္မၾကားနိုင္ေတာ့သည့္အထိ သူ႕စိတ္ေတြလြင့္ေမ်ာသြားသည္။
" ဒီကိစၥဟာ ေသြးရိုးသားရိုး ဟုတ္လား မဟုတ္လား ဆိုတာ ကြၽန္ေတာ္တို႔စစ္ေဆးလိုက္ပါမယ္။ အေလာင္းကိုလဲ မူခင္းဌာနစီယူသြားရပါမယ္ ေျမခ်မဲ့ေန႕မွျပန္ေပးပါ့မယ္ "
သူ႕သူေဌး၏ပုံစံေၾကာင့္ နယ္ထိန္းကို ျမတ္သူပဲစကားျပန္ေျပာလိုက္ရသည္။ Company Case နဲ႕ပင္ စိတ္ညစ္ေနသည္ကို ဒီလိုႀကီးႀကဳံေတြ႕ရေတာ့ အေတာ္ခံစားရမွာပင္။
" ကိုသွ်င္းထက္ ကြၽန္ေတာ္တို႔ျပန္ၾကမယ္ေလ "
" အင္း! မင္းပဲကားေမာင္းလိုက္ေတာ့ "
သွ်င္းထက္က ေသာ့ကိုျမတ္သူစီျပစ္ေပးကာ ကားေနာက္ခန္းမွာဝင္ထိုင္လိုက္သည္။ သူ႕ရင္ဘတ္ေတြအရမ္းတင္းက်ပ္ကာ ေနရခက္ေနသည္မို႔ အေနာက္ကိုမွီကာ မ်က္လုံးမွိတ္ထားလိုက္သည္။ မ်က္လုံးေတြကလည္း စပ္ဖ်င္းဖ်င္းနဲ႕ ေအာင့္ေနသည္ကိုလည္း ခုမွခံစားမိသည္။ ဟိုတစ္ေန႕ကမွ သူ႕ကို ၿပဳံးၿပဳံး႐ႊင္႐ႊင္စေနာက္ေနတဲ့လူက သူ႕ကိုစြန႔္ခြာသြားၿပီဆိုတာ ဘယ္လိုယုံရမလဲ။ မ်က္ျမင္ထင္ရွားျမင္ေတြ႕လိုက္ရသည္ကိုေတာင္ ယုံ၍မရ .. ငယ္ငယ္က အိမ္ျပန္လာတိုင္း သူ႕အတြက္ဆိုကာလက္ေဆာင္ေပးေနတဲ့ပုံေတြ။ သူနဲ႕အတူကစားေပးခဲ့တဲ့ပုံေတြ အႏွေးကြက္ဆိုသလို မ်က္လုံးထဲ ျမင္ေယာင္လာသည္။
" ကိုသွ်င္းထက္ မႏွိုင္းၾကည္ျပာဖုန္းဆက္တယ္ ဥကၠ႒ႀကီး ေဆး႐ုံတင္ထားရလို႔တဲ့ "
" ဘာ! "
သွ်င္းထက္အ႐ုပ္ႀကိဳးပ်က္လဲက်သြားမတတ္။ သူ၏အဖိုးမွာ ေရာဂါႀကီးနဲ႕ကို သတင္းပိတ္ဖို႔ ေမ့ေနခဲ့တာ။ ဘာလို႔ဒီရက္ပိုင္း အာ႐ုံေတြလြင့္ေနၿပီး သတိလက္လြတ္ျဖစ္ေနရတာလဲ။ သူ႕မွာတြယ္တာစရာ သူ႕အဖိုးပဲရွိေတာ့တာ။ အဖိုးကိုေတာ့ သူအဆုံးအရႉံးမခံနိုင္ပါ။
" Sakura မွာပဲမလား! ျမန္ျမန္ေမာင္းျမတ္သူ က်န္တာေနာက္မွရွင္းလိုက္မယ္ "
ျမတ္သူရဲ႕ ကားေမာင္းSkillေၾကာင့္ နာရီဝက္ခရီးကို ဆယ့္ငါးမိနစ္အတြင္းေရာက္သြားသည္။ ေဆး႐ုံေရာက္ေတာ့ သူ႕အဖိုးစီအျမန္ေျပးသြားလိုက္သည္။ VIP Room ေရွ႕ေရာက္ေတာ့ မ်က္ႏွာမေကာင္းတဲ့ သူ႕အေဒၚၾကည္ျပာကိုေတြ႕လိုက္ရ၍ အခန္းထဲေရာက္ေတာ့ ေအာက္ဆီဂ်င္ပိုက္နဲ႕ အသက္လုရႉေနေသာ အဖိုးကိုေတြ႕လိုက္ရသည္။
" အဖိုး "
" ေျမး "
အားေလ်ာ့လွစြာျဖင့္ ေဖ်ာ့ေတာ့လြန္းသည့္မ်က္၀န္းမ်ားျဖင့္ သွ်င္းထက္ကိုၾကည့္လာ၍ ပါးေနရာကိုလက္လွမ္းသည္။
" ဘာမွမေျပာနဲ႕ သက္သက္သာသာေနေနာ္ "
" အဖိုး.... အေျခ....ေအန...အဖိုး...သိ....ပါတယ္...ငါ့....ေျမး...ကိုယ့္ကိုကိုယ္...ဂ႐ုစိုက္ေနာ္ "
" သက္သာသလိုေနပါဗ်ာ စကားမေျပာနဲ႕ အဖိုးေမာမယ္ "
သွ်င္းထက္၏ဦးေခါင္းကိုခပ္ဖြဖြပုတ္၍ မွာေနပုံက သူ၏ႏွလုံးသားတစ္ခုလုံးကိုအစိမ္းသက္သက္ဆြဲထုတ္ကာညွစ္ထားသကဲ့သို႔ပင္ .. ထို႔အျပင္ ေမာဟိုက္စြာအသက္လုရႈေနပုံက ၾကည့္ရက္စရာမရွိ။
" တစ္..ေယာက္...ထဲလည္း..ဘဝ..ကို..မရွင္သန္ပါနဲ႕....မိသား...စု...နဲ႕...ျဖတ္..သန္းပါ "
" ဘာလို႔ဒီလိုေတြေျပာေနရတာလဲဗ်ာ "
အဖိုးရဲ႕လက္ကိုသူ႕ပါးနားကပ္ကာ အဖိုးမ်က္လုံးေတြကိုၾကည့္လိုက္သည္။ မ်က္လုံးထဲ အေျခအေနေတြကို စိတ္ခ်သြားသလိုပုံေပၚေနသည့္ေၾကာင့္ သွ်င္းထက္ကအလန့္တၾကားတားမိသည္။
" အဖိုး မ်က္လုံးမမွိတ္လိုက္နဲ႕ေနာ္ အဖိုး! သားေျပာတာၾကားလား အဖိုး! "
အဖိုးက မ်က္လုံးႏွင့္ပါးစပ္ ဖြင့္လ်က္ျဖင့္ ၿငိမ္သက္စြာလဲေလ်ာင္းေနေတာ့သည္ .. သွ်င္းထက္၏ရင္ထဲ၌လည္း တစ္စို႔စို႔ႀကီးျဖင့္ ေလးလံလြန္းလွသည့္အစိုင္အခဲတစ္ခုက ေနရာယူထားလ်က္။
" လူနာေသဆုံးခ်ိန္ 1:24 PM ။ လူနာက စိတ္ဓာတ္မာတယ္ ခု Heart Attack ျဖစ္ရင္တစ္ခါတည္းအသက္ပါ ပါသြားလို႔ရတယ္။ ေနာက္ပိုင္းကတစ္စုံတစ္ေယာက္အတြက္ အားတင္းထားပုံပဲ "
သွ်င္းထက္၏နားထဲ စက္သံတတီတီနဲ႕ သူ႕အေဒၚၾကည္ျပာ၏စူးစူးဝါးဝါးေအာ္ငိုသံၾကားပဲ ၾကားရေတာ့သည္။ ဘာခံစားခ်က္မွမရွိေတာ့သလို စိတ္ဝိဉာဥ္တစ္စုံလည္း စၾကာ၀ဠာအျပင္ဘက္ထိလြင့္ေမ်ာသြားသလိုခံစားလိုက္ရသည္။
ထို႔ေနာက္တစ္စုံတစ္ခုကိုေတြးမိလိုက္၍ ..
" တီသာ့သတင္းကို အဖိုးကို ဘယ္သူေျပာလိုက္တာလဲ အဖိုးမွာႏွလုံးေရာဂါရွိတယ္ဆိုတာ မသိဘူးလား "
" အဲ့တာဆို မင္းကအေဖ့ကို ဖုံးကြယ္ထားခ်င္တာလား "
" ဖုံးကြယ္သင့္ဖုံးကြယ္ရမွာပဲ အေျခအေနရမွ တျဖည္းျဖည္း ေျပာျပရမွာေလ နားမလည္ဘူးလား "
"................"
" ခုလို ျဖစ္သြားတာ အရမ္းဝမ္းသာေနၾကမွာေပါ့ေနာ္ တီသာေသရတဲ့ကိစၥကိုလည္း ကိုယ္တိုင္စုံစမ္းမွာမို႔လို႔ ကိုယ့္က်င္းကိုယ္တူးထားၾကပါ "
သွ်င္းထက္ကမဲ့ၿပဳံးၿပဳံး၍အခန္းထဲက တစ္ေယာက္ခ်င္းစီကို ၾကည့္ကာ ေျပာလိုက္သည့္အတြက္ ..
" မင္းကဘယ္လိုလာၾကည့္ေနတာလဲ၊ ဒီမွာမင္းနဲ႕ငါတို႔မိသားစုပဲရွိတာ ငါတို႔ကိုစြပ္စြဲခ်င္ေနတာလား "
" အိုး! အဲ့လိုျဖစ္သြားလား မရည္႐ြယ္ပါဘူးေနာ္ "
ထိုသို႔ဆိုလိုက္၍ သွ်င္းထက္က အားရပါးရရီေမာကာ က်လာသည့္မ်က္ရည္မ်ားကိုသုတ္၍ ေဒၚၾကည္ျပာကိုစူးစိုက္၍ၾကည့္သည္ .. သူ၏စိတ္ထဲ ေလးလံေနသည္မ်ားက တစ္စုံတစ္ခုေပၚအျပစ္ပုံခ်၍ ေသာင္းက်န္းလိုက္ရင္ေက်နပ္နိုင္မည္ထင္သည္ ..။
သေခၤ်သည္လည္း သည္းငယ္ PA ေျပာၾကားခ်က္ကိုၾကားၿပီး Sakura ေဆး႐ုံကို အေျပးႏွင္လာသည္။ လမ္းမွာ မီးနီဘယ္ႏွစ္ခုကိုပင္ ျဖတ္ေက်ာ္ခဲ့လဲဆိုတာ သူမမွတ္မိပါ။ ေဆး႐ုံေရာက္ေတာ့ Reception က ဆရာမေတြကို ေမးျမန္းကာ VIP Room ကို ဦးတည္လာသည္။ အခန္းေရွ႕ေရာက္ေတာ့ ငိုသံေတြနဲ႕အတူ သည္းငယ္ရဲ႕ေပါက္ကြဲသံကိုပါ ၾကားလိုက္ရသည္။
" သည္း....ဇီရာ "
သူ႕ကိုလွည့္ၾကည့္လာသည့္ မ်က္လုံးအစုံဟာ နီရဲေနၿပီးခံစားခ်က္မဲ့ေနသည္။ စိတ္ထင္တာမဟုတ္ရင္ မ်က္ႏွာေလး နဲနဲေခ်ာင္က်ကာ ျဖဴဖပ္ျဖဴေရာ္ ျဖစ္ေနသလားလို႔။
" ဇီရာ ဒီလိုလုပ္ေနလို႔မျဖစ္ဘူးေလ အဖိုးရဲ႕ေနာက္ဆုံးခရီးကို သြားလမ္းေျဖာင့္ေအာင္လုပ္ေပးရမယ္ေလ ေနာ္ "
ေပါက္ကြဲျခင္းကိုရပ္ကာ ဘာစကားမွျပန္မလာေပမဲ့ အဖိုး၏႐ုပ္ခႏၶာကိုၿငိမ္သက္စြာရပ္ေနရင္းၾကည့္သည္။ သည္းငယ္ဘယ္လိုခံစားေနရလဲဆိုတာ သေခၤ်နားလည္ပါသည္။ အစားထိုးလို႔မရနိုင္သည့္ ဆုံးရႈံးမႈေတြမို႔ အေတာ္ခံစားရခက္မွာပင္..။ အနားသို႔အျမန္သြားလိုက္ကာ ပခုံးကိုခပ္ဖြဖြပုတ္လိုက္ေတာ့ ေစာင္းငဲ့၍ မ်က္လႊာပင့္ကာၾကည့္လာ၏။
" အင္း! ကြၽန္ေတာ္နားလည္တာမလို႔ စိတ္ေလ်ာ့လိုက္ေတာ့ေနာ္၊ ကိစၥဝိစၥေတြကိုစီမံရဦးမယ္ေလ ၊ လိမၼာတယ္ေနာ္ "
ေခါင္းၿငိမ့္ျပလာေတာ့ PA ကိုအားလုံးၫႊန္ၾကားကာ သည္းငယ္ကိုေဆး႐ုံေခါင္မိုးထပ္ကိုေခၚထုတ္လာလိုက္သည္။
" ေမာင့္သည္းငယ္ အဲ့လိုႀကီးမေနနဲ႕ေလ ငိုခ်င္ရင္ငိုခ်လိဳက္ေနာ္ "
" ငါ ငါငိုလို႔မရဘူး ရင္ဘတ္ေတြလည္းအရမ္းေအာင့္ေနတယ္ အသက္ရႉရတာေတာင္မဝခ်င္ေတာ့ဘူး "
အသက္မဲ့ေနသည့္မ်က္၀န္းမ်ားျဖင့္ အားေလ်ာ့စြာျပန္ေျဖသည္ .. လမ္းေလွ်ာက္ပုံ၊စကားေျပာပုံက သေခၤ့်အတြက္အားရမႈမရွိေပ။
" ဟုတ္ၿပီ၊ဟုတ္ၿပီ ေမာင္ေျပာသလိုလိုက္လိုက္ေနာ္ ႐ူသြင္းမယ္ ၊ ျပန္ထုတ္မယ္ ။ ရႉသြင္းမယ္ ၊ ျပန္ထုတ္မယ္ ။ ရႉသြင္းမယ္ ၊ ျပန္ထုတ္မယ္ ေနလို႔သက္သာသြားၿပီလားဟင္ "
" အင္း "
ေခါင္းၿငိမ့္ကာျပန္ေျဖလာသည့္ေၾကာင့္ နဖူးေပၚက်လာသည့္ ဆံပင္ေလးေတြကို သပ္တင္ကာ သူ႕ရင္ခြင္ထဲဆြဲသြင္းလိုက္သည္။
" ငိုခ်င္ရင္ငိုခ်လိဳက္ေနာ္ စိတ္ထဲအရမ္းေနရခက္ေနရင္ မ်က္ရည္အျဖစ္ေျပာင္းလဲလိုက္။ ငိုတယ္ဆိုတိုင္း ေပ်ာ့ညံ့လို႔မဟုတ္ဘူးေလ။ ေမာင့္သည္းငယ္ဘယ္ေလာက္သန္မာတယ္ဆိုတာ ေမာင္သိတာပဲ ငိုလိုက္ေနာ္ "
ေခ်ာ့ေမာ့ကာဆိုလိုက္ေတာ့ ရင္ခြင္၌မ်က္ႏွာအပ္ကာ တီးတိုးစကားမ်ားကိုဆိုလာ၍ စိုစိစိအထိအေတြ႕။
" ငါ့မွဘာလို႔ ဒီလိုျဖစ္ေနရတာလဲ ဟင့္! ငါကိုကကံဆိုးေနတာလား ဟင့္! ငါခ်စ္ရတဲ့လူေတြကိုပဲ ဘာလို႔ ဟင့္! ေမာင္မင္းလည ငါ့ကို႔တစ္ေန႕ထားသြားမွာလား ဟင့္!"
မ်က္ရည္တသြင္သြင္စီးက်ေနၿပီး အံႀကိတ္ကာ ရွိုက္ငိုေနပုံက သေခၤ့်ႏွလုံးသားတစ္ခုလုံးကိုပါ တင္းက်ပ္ေစသည္။
" ေမာင္က ဘယ္ေတာ့မွထားသြားမွာမဟုတ္လို႔ ေတြးၿပီး စိတ္ပူစရာမလိုဘူး "
" တီသာ့သတင္းၾကားေတာ့ ငါအဖိုးကိုမေျပာဖို႔မွာထားခဲ့ရမွာ၊ခုရက္ပိုင္းအလုပ္မွာအလြဲေတြျဖစ္ေနလို႔ ကိုယ္တိုင္စစ္ေဆးေနတာနဲ႕ ငါသတိလက္လြတ္ျဖစ္ေနတာ ဟင့္! ငါသာသတိနဲ႕ေနရင္ အဖိုးဘာမွျဖစ္မွာမဟုတ္ဘူး၊ တီသာ့ကိုလဲ ငါေလယာဥ္နဲ႕စီစဥ္ေပးရင္လဲ တီသာဘာမွျဖစ္စရာအေၾကာင္းမရွိဘူး၊ ငါ့ေၾကာင့္ .. ငါ့ေၾကာင့္ျဖစ္ရတာ "
" ဘာလို႔ကိုယ့္ကိုကိုယ္အျပစ္တင္ေနရတာလဲဗ်ာ အဖိုးနဲ႕တီေဆြသာတို႔ကလည္း ဒီလိုျဖစ္ေစခ်င္မွာမဟုတ္ဘူး အဲ့လိုေတြလိုက္မေတြးနဲ႕ေတာ့ေနာ္ လိမ္မာတယ္ ေမာင့္သည္းငယ္ေလး အမ်ားႀကီးပင္ပန္းသြားရၿပီ "
ေက်ာျပင္ေလးကိုခပ္ဖြဖြပြတ္ေပးကာ နဖူးေျပေျပေလးကို နမ္းရွိုက္လိုက္သည္။
" အိမ္ျပန္ၾကရေအာင္ေနာ္ "
ေမာင့္ဆြဲေခၚရာကို သွ်င္းထက္လိုက္ပါလာခဲ့သည္။ ကားေပၚေရာက္ေတာ့ ေမာင္ကသူ႕ကိုခါးပတ္ ပတ္ေပးၿပီးေနာက္ သူကကားမွန္ဘက္ကို မ်က္ႏွာမူလိုက္သည္။ စိတ္အေျခအေနမေကာင္းသည္ေၾကာင့္ ဘာမွမေျပာခ်င္စိတ္မရွိေပ။ ေမာင္ကလဲအလိုက္သိလြန္းလွစြာ ဘာမွမဆိုပဲ ကားကိုဂ႐ုစိုက္ေမာင္းေနသည္။
" သည္းငယ္ အိမ္ေရာက္ၿပီ "
ေမာင္ကတံခါးလာဖြင့္ေပးေတာ့ သွ်င္းထက္ကားေပၚမွ ဆင္းလိုက္သည္။ အိမ္ထဲေရာက္ေတာ့ ဧည့္ခန္းမွာ အဖိုးနဲ႕တီသာ့ဓာတ္ပုံကို စားပြဲတစ္ခုေပၚမွာတင္ထား၍ ေရွ႕၌ပန္းအခ်ိဳ႕ထိုးထားသည့္ ပန္းအိုးတစ္လုံးစီရွိသည္။ သွ်င္းထက္ကစီးထားသည့္ အိမ္စီးဖိနပ္ကိုခြၽတ္၍ ထိုေရွ႕၌ထိုင္ၿပီးဦးသုံးႀကိမ္ခ် ကန္ေတာ့လိုက္သည္။ ၿပီးေတာ့ သူ႕နားေဘးမွာ ေမာင္နဲ႕အတူ ၾကည္ႏူးနဲ႕ျပည့္ျပည့္ကိုပါေတြ႕လိုက္ရသည္။
" သွ်င္းသွ်င္း အဆင္ေျပရဲ႕လား တစ္ခုခုဆို ငါတို႔ကိုေျပာေနာ္ "
ၾကည္ႏူးစကားကို သွ်င္းထက္ကေခါင္းၿငိမ့္ျပလိုက္ကာ နာေရးလာေမးတဲ့လူအခ်ိဳ႕နဲ႕စကားေျပာေနေသာ ေဒၚၾကည္ျပာတို႔လင္မယားကို ၾကည့္ေနမိသည္။ ႏွစ္ဦးစလုံးမ်က္ႏွာေပၚမွာ ဝမ္းနည္းရိပ္သန္းေနေပမဲ့ တစ္ခုခုလြဲေနသလိုပင္။ ေနာက္ၿပီး သူတို႔၏ သမီးႏွစ္ေယာက္ကိုလည္း ခုထိမျမင္မိေသး။
ထိုမွအၾကည့္လြဲလိုက္ကာ ဖုန္းဆက္ရန္အတြက္ သူ႕အခန္းကိုျပန္ဖို႔အလုပ္ ..
" သည္းငယ္ ဘယ္သြားမလို႔လဲ "
ေမးတဲ့ပုံေလးက ခပ္ႀကိတ္ႀကိတ္နဲ႕ သူမ်ားၾကားမွာစိုးေနသည့္ပုံ။ သွ်င္းထက္၏မ်က္ႏွာမွာ အနည္းငယ္ေလးၿပဳံရိပ္သန္းသြားမိပါသည္။
" ေမာင္မျပန္ေသးဘူးလား "
" ဟင့္အင္း! အားလုံးၿပီးတဲ့အထိ ေမာင္ဒီမွာပဲေနမွာ "
" မင္းအလုပ္ကေရာ "
" ေဆး႐ုံအုပ္ကိုဖုန္းဆက္ၿပီး ခြင့္တိုင္လိုက္မယ္ေလ "
" အားနာစရာႀကီးရယ္ "
"ေမာင္နဲ႕သည္းငယ္ၾကား ဒါေတြလိုလို႔လားဗ်ာ သည္းငယ္အေရးကေမာင့္အေရးပဲေလ "
" ေက်းဇူးပါ .. ငါအေရးႀကီးကိစၥရွိလို႔ ဖုန္းသြားေျပာဦးမယ္ "
" အင္း! ေမာင္လဲ ျမတ္သူနဲ႕ လိုအပ္တာေတြသြားလုပ္ဦးမယ္ "
အခန္းေရာက္ေတာ့ Jack ကိုဖုန္းေခၚကာ ကား Accident အေၾကာင္းထပ္တိုးစုံစမ္းခိုင္းကာ သတင္းရသည့္ေနရာကို သူ႕ကိုပဲသြားခိုင္းလိုက္သည္။ ဒီေန႕ေတာ့ သွ်င္းထက္ဘာမွလုပ္ခ်င္စိတ္မရွိေတာ့ေပ။ Jack ကလည္း အဖိုးလက္ထက္ထဲကလုပ္ခဲ့သည့္လူမို႔ ေတာ္ေတာ္အားကိုးရကာ ယုံၾကည္ရသည္။ အခန္းဝရံတာမွာ မတ္တပ္ရပ္ေနရင္း ဝင္လုဆဲဆဲေနမင္းႀကီးႏွင့္ အိပ္တန္းေနရာသို႔ ပ်ံသြားၾကေသာ ငွက္အုပ္ကိုေငးၾကည့္မိသည္။ အခ်ိန္တန္ရင္အိမ္ျပန္ရမွာ ေလာကသဘာဝေပမဲ့ သူ႕အတြက္ျပင္ဆင္ခ်ိန္မရလိုက္ေပ။
စာလုံးေပါင္းမွာရင္ ျပင္ဖတ္ေပးဖို႔ ေမတၱာရပ္ခံပါရေစ .. ေက်းဇူးတင္ပါတယ္။
တစ္ျခား Fic ေတြနဲ႕ တစ္စုံတစ္ရာတူခဲ့ေသာ္ရွိေသာ္ ေရွ႕ကစီနီယာေတြကို Credit ေပးပါတယ္။
Happy New Year ပါ အခ်စ္တို႔ေရ။ ကိုယ့္ရဲ႕ စိုးလွစြာေသာ အေရးအသားေတြကိုလဲ သည္းခံၿပီးဖတ္ေပးလို႔ေက်းဇူးတင္ပါတယ္
ႏွစ္သစ္မွာ စိတ္ခ်မ္းသာ ကိုယ္က်န္းမာနဲ႕ လိုရာဆႏၵအားလုံးျပည့္ပါေစ။ အစစအရာရာ အဆင္ေျပပါေစ။