"ခနလေးနော် လိုအပ်တဲ့ပစ္စည်းတွေသွားယူလိုက်အုံးမယ်"
ဦးရီးတော်က ပြောပြောဆိုဆိုနဲ့ လင်ဗန်း
တချပ် ၊ ရေအိုးသေးလေးတလုံးနဲ့ ဆေးမှုန့်
ထည့်ထားတဲ့ အထုပ်တထုပ်ကိုယူလာတယ်
စားပွဲဝိုင်းမှာ လင်ဗန်းတချပ်ကိုချလိုက်တယ်
လင်ဗန်းထဲ ရေအနည်းငယ်ထည့်လိုက်တယ်
ဆေးမှုန့်အနဲငယ်ထည့်ပြီးတော့ ဂါထာတချို့
မန်းမှုတ်လိုက်တယ် ပြီးမှ
"မိဖုရား မိဖုရားရဲ့သွေးနှစ်စက်ကိုအထဲချလိုက်ပါ "
မိဖုရားလဲ မင်းကြီးခါးဆောင်ဓားမြှောင်လေး
ကိုဆွဲထုတ်လိုက်တယ်
"ကလေး ဖြည်းဖြည်းနော် နာမယ်"
"သိပါတယ်..."
သုတက လက်ဖျံကို ဓားမြှောင်နဲ့ရွယ်လိုက်
တဲ့အခါ မင်းကြီးက
"အာ့နားမှာ အကြောတွေအများကြီးရှိတယ်
ကိုယ် ပညာဆည်းပူးတုံးကသင်ရတယ် အာ့နားမဖြစ်ဘူး..."
သုတ မင်းကြီးကို မျက်စောင်းတချက်ထိုး
လိုက်ပြီး ဓားကို လက်ဖဝါးကိုရွယ်လိုက်တယ်
"ကလေး အာ့နားကနုနုလေးလေ တော်ရုံနဲ့ပြန်မကြပ်ရင်ဘယ်လိုလုပ်မလဲ ကလေးအသားကနုနုလေးရယ်ကို ခုကဆောင်းတွင်းရောက်နေတာနော် အနာပိုရင်းပြီးမကြပ်ရင် ကိုယ်ပဲရင်နာနေရမှာ"
"ရား....အာ့တော့ဘယ်နားကဖောက်ရမှာလဲ.?"
"အမ်း ......
လက်ညိုးထိပ်လေးကပဲ ဖောက်လိုက်
အာ့တာအဆင်ပြေတယ် "
"သူ့လက်လုပ်တာလဲမဟုတ်ဘဲနက် ပိုပိုနိုင်တယ် ငါကန်ထုတ်မိတော့မယ်"
ဦးရီးတော်က မင်းကြီးကို အမြင်ကပ်ပြီး
ထပြောတယ်
"ဦးရီးတော်ကလဲ တူတော့်လက်မဟုတ်လို့ပေါ့ တူတော့်လက်သာဆို ဘယ်နားကဖောက်ဖောက် ကြိုက်သလိုဖောက်လို့ရတယ်"
"အမလေး တော်ပါ တူတော့်သွေးမလိုဝူး"
"ကဲကဲ တော်တော့
လက်ထိပ်ကဖောက်ရင်ပီးရောမဟုတ်လား"
သုတက မျက်စောင်းလေး ထိုးရင်းပြောတယ်
"ကလေးအတင်းမဖောက်နဲ့နော် သွေးနှစ်စက်ပဲလိုတာ နှစ်စက်ထွက်စာလောက်ပဲဖောက်"
"ဟုတ်ပါပြီ သိပါတယ်"
သုတက လက်ကိုဆန့်ထုတ်လိုက်ပြီး
လက်ညိုးထိပ်လေးကို ဓားချွန်လေးနဲ့
ဖောက်လိုက်တယ်
"အား...."
"မင်းကြီး !
အာ့လောက်အကဲပိုနေရင် မင်းကြီးမှန်းဘာမှန်းမသိဘူးနော် ကန်ထုတ်မှာနော်"
သုတသွေးဖောက်တာကို မင်းကြီးကထအော်
လို့ ဦးရီးတော်ကတင်းပြီလေ
"ရပြီ သွေးနှစ်စက်ချပြီးပြီ"
သုတ အသံကြားမှ ဦးရီးတော်က ဂါထာ
စရွတ်တယ် မင်းကြီးက သွေးဖောက်ထားတဲ့
လက်လေးကို အာငွေ့လေးပေးနေတယ်
ခနကြာတော့ လင်ဗန်းထဲကရေတွေက
မှော်ဆန်ဆန်အရောင်လင်းလက်လာပြီး
အနာဂတ်မှာရှိနေတဲ့ သုတရဲ့ မိဘတွေ
ပေါ်လာတယ် အိပ်ယာထဲကကုတင်ပေါ်မှာ
လှဲနေတယ် သုတအမေကိုမြင်လိုက်ရတယ်
"အမေ့ ဗြဲ....."
အမေဆိုတဲ့ အသံလေးပဲထွက်နိုင်ပြီး
ဘာမှဆက်မပြောနိုင်ပဲထငိုလိုက်တယ်
မင်းကြီးက သုတပုခုံးလေးကိုဖက်ပြီး
အားပေးနေတယ် အဲ့အချိန်မှာ သုတရဲ့ဖခင်
က ပန်းကန်လေးတခုကိုင်ပြီး
အခန်းထဲဝင်လာတယ် သုတပျောက်ပြီး
တပတ်အကြာမှာ အလုပ်တွေအကုန်ဖျက်ပြီး
သူ့သား သုတကို မြေလှန်ရှာလိုက် တငိုငို
တရီရီဖြစ်နေတဲ့ မိန်းမဖြစ်သူကိုပြုစုရနဲ့
အလုပ်ရှုပ်နေရရှာတယ်
"မိုး ထပါအုံး အားလေးရှိအောင်စားပါအုံး"
"မစားချင်ဘူး သားလေးပဲရှာပေး"
"ကိုယ်လဲရှာနေတာပဲ ရဲတွေလဲတိုင်ထားတာပဲကွာ ဆန်ပြုတ်လေးတော့ထသောက်ပါအုံးကွာနော် "
"ဟင့်အင်း သားလေးပဲရှာပေးပါနော်
နော် ကျမရဲ့သားလေး သားလေးကိုတွေ့အောင်ရှာပေးပါ"
"ဟုတ်ပါပြီကွာ ကိုယ်ရှာပေးနေပါတယ်
အာ့ကြောင့် မေကြီးကအချိန်မှန်မှန်စားပြီး
အားရှိအောင်နေမှပေါ့ တော်ကြာသားလေးစိတ်ဆင်းရဲနေအုံးမယ် လာပါ တလုပ်လေးဖြစ်ဖြစ် ဝင်အောင်စားလိုက်နော်"
"အင်းအင်း"
သုတအဖေက ထူပေးလိုက်တယ်
ပူမှာစိုးလို့ ဆန်ပြုတ်လေးကိုမှုတ်မှုတ်ပြီး
တဇွန်းစီခွန့်နေတယ်
"မောင်ကြီး ကလေးရဲ့အမေ လဲနေပြီ
ဗြဲ......"
အမေဖြစ်သူက သားစိတ်နဲ့ လဲနေတာကို
မြင်ပြီး သုတပိုဝမ်းနည်းလာပြီးထငိုပါလေ
ရော မင်းကြီးက သုတပုခုံးလေးကို ပုတ်ပြီး
"တိတ်တိတ် အရမ်းမငိုနဲ့လေ မျက်လုံးတွေမို့အစ်ကုန်မယ်"
"ဗြဲ....အမေ့ဆီသွားချင်တယ်...
အမေ့ဆီသွားချင်တယ်"
"အယ် မောင်ကြီးကိုထားခဲ့တော့မလို့လား
မလုပ်ပါနက် ဦးရီးတော် ကြံပါအုံး ကူပါအုံး"
ငိုယိုပြီးပူစာနေလို့ ဦးရီးတော်ကိုအပူထပ်ကပ်
တယ်
"ကဲကဲ တိတ်ပါ မိဖုရားရယ်
ဦးရီးတော်ရှိပါတယ် ဦးရီးတော်သာရှိရင်မဖြစ်နိုင်ဘူးဆိုတာမရှိဘူး ဟုတ်ပြီလား
အငိုတိတ်တော့ ဦးရီးတော်ပစ္စည်းတခုပေးမယ်..."
"ဟုတ်"
ဦးရီးတော်လဲ ထိုင်နေရာကထပြီး ပစ္စည်း
တစ်ခုကို ထရှာတယ် သေတ္တာလေးတခုကို
အနားမ ယူလာခဲ့တယ် သုတလဲနဲနဲအငိုတိတ်
သွားတယ် မင်းကြီးလဲ စိတ်ဝင်တစားကြည့်
နေတယ် သေတ္တာကိုဖွင့်လိုက်တဲ့အခါမှာ
"ကဲရော့ ဒီလက်ပတ်ကြိုးလေးနှစ်ခုကို မင်္ဂလာလက်ဖွဲ့အနေနဲ့ပေးမယ်"
"ဟမ်း မင်္ဂလာလက်ဖွဲ့မလိုချင်ဘူး
အမေ့ဆီပို့ပေး ဗြဲ.."
သုတက ထပ်ငိုတယ်
"ဟုတ်သားပဲ ဦးရီးတော်ရဲ့ ကြင်ယာတော်က
မိဘတွေဆီခနပြန်ချင်တာလေ ဘယ်လိုဖြစ်လို့ မင်္ဂလာလက်ဖွဲ့ထပေးတာလဲ...?"
မင်းကြီးက မေးလိုက်တယ်
"ဘာလို့လဲဆို ဒီနေ့ကတည်းကစပေးသင့်တယ်လို့ထင်လို့ပေါ့"
"ဟွန် ဘာကို..?"
"အခုလက်ပတ်ကြိုးလေး နှစ်ခုကို အရင်ဆုံး
ချည်လိုက် ပြီးရင် လက်မှာ
နှစ်ယောက်သားပတ်ပြီးအိပ်
အဲ့တာဆို မိဖုရားရဲ့ မိဘတွေဆီအလည်သွားလို့ရပြီ အကြာကြီးမဟုတ်ပေမဲ့ အလွမ်းပြေပြီး အဖြစ်ပျက်တွေကိုရှင်းပြနိုင်မယ်လို့ထင်တယ် ဦးရီးတော်တော့တခါမစမ်းဖူးဘူး"
"ဟန်"
"အေးလေ အနာဂတ်ကလာတာက မိဖုရားပဲရှိတာလေ တခြားဘယ်လူကိုစမ်းသပ်ရမှာလဲ"
ဦးရီးတော်ကပြန်ပြောတယ်
"ဟုတ်ပါပြီ ဘယ်လောက်ကြာကြာခံလဲ
မှန်းလို့ရမလား"
"အမွှေးတတိုင်စာတော့ရမယ်ထင်တယ်
အချိန်ပြည့်ရင် ထိတွေ့လို့မရပဲ ပျောက်ပြီး ပြန်ရောက်လာလိမ့်မယ်"
"ဟုတ် ကျေးဇူးဦးရီးတော်"
"ရပါတယ် လိုမယ်ဆိုတာသိလို့ အစောကြီးထဲကပြင်ဆင်ထားတာ ဪ တခုတော့မှတ်ထားအုံး လက်ပတ်ကို တပတ်တခါ အကောင်းဆုံးကတော့တလတခါပဲ သုံးတာကောင်းမယ်နော် မဟုတ်ရင် အားနည်းတဲ့ရောဂါတွေဖြစ်လာနိုင်တယ် ပြီးတော့ ဒီလက်ပတ်နဲ့ သွားနေတုံးမှာ လက်ပတ်မပြတ်စေနဲ့နော် ဘာအကြောင်းနဲ့ဖြစ်ဖြစ် ပြေသွား
ပြတ်သွားလို့မရဘူးနော် နှစ်ယောက်စလုံးအတွက်စိုးရိမ်စရာတွေဖြစ်လာနိုင်တယ်"
"ဟုတ်ကဲ့ပါ တူတော်သတိထားပါ့မယ်"
"ကျေး ကျေးဇူးပါ သုတမှားသွားခဲ့ရင်တောင်းပန်ပါတယ်နော် "
"ရပါတယ် ဦးရီးတော်နားလည်တယ်"
"အာ့ဆို ဦးရီးတော်ရေ သွားတော့မယ်နော်"
မင်းကြီးက နှုတ်ဆက်စကားစလိုက်တယ်
"အေးအေး ညရောက်နေပြီဂရုစိုက်ပြန််အုံး"
"ဟုတ်ကဲ့ "
သုတနဲ့ မင်းကြီးလဲ အဆောင်တော်ကို
ပြန်လာခဲ့တယ် ရောက်ရောက်ချင်းပဲ
အရမ်းသွားချင်နေတဲ့သုတက ပူစာလို့
လက်ပတ်ကြိုးချင်း ချည်ကာ သူတို့လက်နှစ်
ဖက်မှာ ချည်လိုက်တယ် ပြီးတော့
အိပ်ယာဝင်ကြတယ်
"ကလေး ကိုယ်နဲနဲ စိတ်လှုပ်ရှားနေတယ် အဆင်ပြေပ့မလား"
"ပြေပါတယ် လုပ်ပါ အိပ်တော့နော်"
"အိပ်ပျော်မှာပါ ပင်ပန်းထားရတာကို"
ခနအကြာမှာ နှစ်ယောက်သားအိပ်ပျော်သွား
ကြတယ် အိပ်မက်လိုလို လက်တွေ့လိုလိုနဲ့
နှစ်ယောက်သား သုတအခန်းထဲကကုတင်
ပေါ်မှာနိုးထလာခဲ့တယ်
"မောင်ကြီး ထထ အိမ်ပြန်ရောက်ပြီ"
"ဟင် ဟုတ်လား"
မင်းကြီးက ငုတ်တုတ်ထိုင်လိုက်ပြီး အနားက
ပတ်ဝန်းကျင်အစိမ်းကိုကြည့်လိုက်ပြီး
လက်ပတ်က အလုပ်ဖြစ်တယ်ဆိုတာကို
သဘောပေါက်သွားတယ်
"ကဲ ကလေးမယ်ေတာ်ဆီသွားမယ်လေ"
"ဟုတ်"
သုတက သူ့အမေအခန်းဘက်ကို ထွက်လာခဲ့
တယ်
"အမေ..."
"ဟင် သားလေး"
ဒေါ်မိုးပွင့်က အိပ်ယာပေါ်လှဲရက်သား
ကနေအတင်းကုန်းရုန်းထလာတယ်
"အမေ ဖြည်းဖြည်းထ"
"သား သားဘယ်တွေရောက်နေတာလဲ
အမေစိတ်ပူနေတာသိရက်လား အစားရောမှန်မှန်စားရဲ့လား ပြီးတော့ဘာဝတ်စုံတွေဝတ်ထားတာလဲ ဒီဘက်ကကောင်လေးကရော
ဘယ်သူလဲ...?"
"ပြောရရင် အရှည်ကြီးပဲအမေရဲ့ သားအချိန်ခရီးသွားသလိုဖြစ်နေတာ သားဘာသာပြန်လို့မရသေးဘူး အာ့လိုပဲသိထားပေးပါ
အကုန်ရှင်းပြဖို့အချိန်မလောက်လို့"
"အင်း အင်းပါ
အချိန်မရဘူးဆိုတော့ သားက ဘယ်သွားမှာလဲပြန်သွားမလို့လား..?"
"သားပြောထားတယ်လေ အမေရဲ့ သားပြန်လာလို့မရသေးဘူးလို့ အခုလဲ နည်းလမ်းရှာပြီးလာတာ အမေကျန်းမာရေးကိုဂရုစိုက်ပါအုံး ကြည့်ပါအုံး ပိန်သွားလိုက်တာ"
"သားရယ် ဖြစ်နိုင်ရင်ပြန်သွားပါနဲ့လား
အမေနဲ့တူတူနေပါတော့နော် ဘာလဲ ဒီကောင်ကသားကိုကျန်ခဲ့မရအောင် လုပ်နေတာလား"
ပြောပြောဆိုဆိုနဲ့ သုတလက်ကိုလှမ်းဆွဲလိုက်
တယ် အချိန်ကူးပြောင်းရလို့ အားနည်းနေတဲ့
သုတက ကိုယ်ယိုင်ကျသွားတယ်
လက်ပတ်ကြိုးလေးကလဲ တင်းသွားတယ်
မင်းကြီးကအလျှင်အမြန် လက်ကိုပြန်ဖမ်းလိုက်တယ်
"အမေ အထင်လွဲနေပြီ ဒါကသားသွားနေတဲ့နိုင်ငံကမင်းကြီး သူ့အကူအညီကြောင့်အခုလိုခနလာလို့ရတာ နောက်ပိုင်းလဲလာအုံးမှာပါ
အမေရယ် သားကိုစိတ်မပူပါနဲ့ သားအဆင်ပြေပါတယ်"
"တကယ်ရော အဆင်ပြေရဲ့လား
သားကြည့်ရတာအားမရှိသလိုပဲ"
"အဲ့တာအချိန်ကူးလာရလို့ အမေရဲ့
ဪ ဒါနဲ့အဖေရော"
"ခုနလေးတင်ရုံးကိုသွားတယ် လက်မှတ်ထိုးစရာတွေပုံနေလို့ထင်တယ် ခါတိုင်းရက်တွေအိမ်မှာရှိပါတယ် အမေပြန်ခေါ်လိုက်မယ် ခနလေး"
အနားရှိတဲ့ဖုန်းကို ကောက်ကိုင်လိုက်တယ်
"အမေ နေစေတော့မခေါ်နဲ့ သားကပြန်သွားရတော့မယ် အချိန်မလောက်ဘူး"
ဒေါ်မိုးပွင့်လဲ ဖုန်းကိုပြန်ချလိုက်တယ်
"အမေ့ကိုတခါထဲမိတ်ဆက်ပေးခဲ့မယ်
ခုနကပြောသလို နိုင်ငံတော်ကမင်းကြီး
သားကိုစောက်ရှောက်ပေးထားတဲ့ မင်းကြီး
သားအခု သူနဲ့ယူတော့မှာအမေ "
"ဟေ သား အဲ့ခေတ်ကအဲ့လိုရလို့လား"
"ရတော့မရဘူးပေါ့ ဒါပေမဲ့ မောင်ကြီးက မင်းကြီးလေ အမေသဘောတူတယ်မဟုတ်လား ..?"
"အမေက သူ့အကြောင်းမှမသိတာ
သဘောမတူနိုင်ပါဘူး
ဒါပေမဲ့ သားတော်ကိုစောက်ရှောက်ပီးကာကွယ်ပေးနိုင်မယ်လူဆိုတော့လဲ အပ်ထားရမှာပေါ့ "
သုတမျက်နှာမှာပြုံးရိပ်သန်းသွားတော့တယ်
"ငါ့သားကို စောက်ရှောက်ထားနော် ပင်ပန်းတာတွေသိပ်မခိုင်းနဲ့နော် မဟုတ်ရင် ငါ့သားကိုမရရအောင်ငါပြန်ခေါ်ထားမှာ ငါတို့ကသိပ္ပံခေတ်မှာနေနေတာ မဖြစ်နိုင်တာမရှိဘူးကြားလား"
မင်းကြီးကို ပြောလိုက်တယ်
"ဟုတ် ကြားပါတယ်
ကျတော် သေချာလေးဂရုစိုက်ထားပါတယ်"
မင်းကြီးကတရိုတသေပြန်ပြောတယ်
"အမေသာဂရုစိုက် အစာမစားပဲမနေနဲ့
သားသိတယ်နော် "
"အေးပါ "
စကားပြောနေရင်း သုတလက်တွေက
သူ့မိခင်ထိတွေ့လို့မရတဲ့ အခိုးအငွေ့တွေ
အဖြစ်ပြောင်းသွားတယ်
"သား..သား.."
"အမေ သားပြန်ရတော့မယ် ကျန်းမာရေးဂရုစိုက်ေနာ် နောက်တခါပြန်လာရင်လဲနေကောင်းနေရမယ်နော်"
တဖြည်းဖြည်း မြင်ကွင်းကနေ ပျောက်သွားတော့တယ်
Zawgyi
ကိုဆွဲထုတ်လိုက်တယ်
"သိပါတယ်..."
တဲ့အခါ မင်းကြီးက
"အမ်း ......
အာ့တာအဆင်ပြေတယ် "
ထပြောတယ်
"ကဲကဲ တော်တော့
"ဟုတ်ပါပြီ သိပါတယ်"
ဖောက်လိုက်တယ်
"အား...."
"မင်းကြီး !
"အမေ့ ဗြဲ....."
အလုပ်ရှုပ်နေရရှာတယ်
"အင်းအင်း"
တဇွန်းစီခွန့်နေတယ်
ဗြဲ......"
အမေ့ဆီသွားချင်တယ်"
တယ်
"ဟုတ်"
အမေ့ဆီပို့ပေး ဗြဲ.."
သုတက ထပ်ငိုတယ်
"ဟွန် ဘာကို..?"
"ဟန်"
မှန်းလို့ရမလား"
"ရပါတယ် လိုမယ်ဆိုတာသိလို့ အစောကြီးထဲကပြင်ဆင်ထားတာ ဪ တခုတော့မှတ်ထားအုံး လက်ပတ်ကို တပတ်တခါ အကောင်းဆုံးကတော့တလတခါပဲ သုံးတာကောင်းမယ်နော် မဟုတ်ရင် အားနည်းတဲ့ရောဂါတြွေဖစ်လာနိုင်တယ် ပြီးတော့ ဒီလက်ပတ်နဲ့ သွားနေတုံးမှာ လက်ပတ်မပြတ်စေနဲ့နော် ဘာအကြောင်းနဲ့ဖြစ်ဖြစ် ပြေသွား
ပြတ်သွားလို့မရဘူးနော် နှစ်ယောက်စလုံးအတွက်စိုးရိမ်စရာတြွေဖစ်လာနိုင်တယ်"
"အေးအေး ညရောက်နေပြီဂရုစိုက်ပြန်အုံး"
"ဟုတ်ကဲ့ "
အိပ်ယာဝင်ကြတယ်
"ဟင် ဟုတ်လား"
သဘောပေါက်သွားတယ်
"ကဲ ကလေးမယ်တော်ဆီသွားမယ်လေ"
"ဟုတ်"
တယ်
"အမေ..."
"ဟင် သားလေး"
"အမေ ဖြည်းဖြည်းထ"
ဘယ်သူလဲ...?"
"အင်း အင်းပါ
ဪ ဒါနဲ့အဖေရော"
သဘောမတူနိုင်ပါဘူး
"ဟုတ် ကြားပါတယ်
သားသိတယ်နော် "
"အေးပါ "
အဖြစ်ပြောင်းသွားတယ်
"သား..သား.."
"အမေ သားပြန်ရတော့မယ် ကျန်းမာရေးဂရုစိုက်နော် နောက်တခါပြန်လာရင်လဲနေကောင်းနေရမယ်နော်"
To be continued.....👑