(Unicode)
အိပ်ပျော်နေသည့် ရိပ်အား မနှိုးရက်သည်မို့ ချွေးတွေပြည့်နေသော ညဝတ်အကျီလေးအား ကိုယ်တိုင်ပဲ လဲပေးကာ
ရေပတ်တိုက်ပေးခဲ့ရသည်။ အကယ်၍ ရိပ်သာ နိုးနေရင်
တော့ အတော်လေးရှက်နေရှာမှာ။
''မမ..ဟင့်..''
''ရိပ်..မမ ရှိတယ်နော် ကလေး''
''အင့်ဟင့်''
ညည်းသံလေးတချက်ချက် ထွက်လာသည်မို့ လက်ကလေးများ ကိုင်ထားပေးရသည်။ ခဏကြာတော့ ဝင်းပပထွန်းလည်း ဆေးအိတ်ကြီးကိုင်၍ ရောက်လာတော့သည်။
စမ်းသပ်စရာရှိသည်များကို စမ်းသပ်ပြီးနောက်....
''အင်း ဒီရက်ပိုင်းက မဂ်လာပွဲကိစ္စတွေလည်း စီစဥ်ခဲ့ရတော့
ပင်ပန်းပြီး ဖျားတာပါ အရမ်းတော့ စိတ်မပူပါနဲ့''
''အင်းပါ''
''ဟဲ့ နင့်မျက်နှာကြီးကလည်း အဲ့လောက်ဖြစ်မနေစမ်းပါနဲ့ဟယ်''
''ငါက စိတ်ပူနေလို့ပါ''
''အေးပါ ငါနားလည်ပါတယ် အရမ်းကြီးလည်း
စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ ''
စိမ်းဘယ်လောက်စိတ်ပူနေလည်း ဆိုတာ မျက်နှာ၌
အထင်းသားပေါ်နေ၏။ အိပ်ချင်စိတ်ရယ်ဆိုသည်မှာ
ဘယ်နားရောက်မှန်းတောင်မသိ။
''အခု ငါဆေးတလုံးထိုးပေးခဲ့မယ် ''
အခု ရိပ်လည်း မှိန်းကာ အိပ်ပျော်နေသည်မို့ ဆေးထိုးရန်အရမ်းတော့မခက်ခဲ။ ဆေးထိုးလိုက်သည့်အခါ
ညည်းသံလေးခပ်တိုးတိုးလေးထွက်လာသည်မို့
ကျောလေးအားခပ်ဖွဖွ ပွတ်ပေးလိုက်သည့်အခါ ပြန်၍
အိပ်ပျော်သွားခဲ့သည်။ဝင်းပပထွန်းလည်း လိုအပ်သည့်
ဆေးများပေးကာ မှာစရာရှိသည်များကို မှာပြီးသည်နှင့်
duty ချိန်ရှိသေးသည်မို့ ဆေးရုံသို့ပြန်သွားခဲ့သည်။
စိမ်းကတော့ ဖျားနေသည့်ကလေးမလေးအား ပြုစုရင်း
တညလုံးလည်း အိပ်မပျော်နိုင်ခဲ့။ ဖြစ်နိုင်ရင် ချစ်ရသူ
ခံစားနေရသည့် ဝေဒနါအားလုံး ကိုယ်သာလျှင်
ခံစားလိုက်ချင်တော့သည်။
••••••••••••••••••••••
စိမ်းဒီနေ့တော့ ကျောင်းလည်းခွင့်ယူလိုက်ရသည်။ တော်ရုံ
သူမကိုယ်တိုင်နေမကောင်းဖြစ်နေရင်တောင် ကျောင်းမပျက်ခဲ့။အခုတော့ သူမရဲ့ ရိပ်လေး နေမကောင်းဖြစ်နေသည်မို့
ခွင့်ယူခဲ့ရပြီ။
''ဟင့်အင်း..''
ပါးစပ်ကို ပိတ်ပြီးခေါင်းကိုသာ တသွင်သွင်ခါနေ၏။
ဆန်ပြုတ်မသောက်ချင်၍ ဂျစ်တိုက်နေခြင်းဖြစ်သည်။
''ရိပ်ရယ် လိမ္မာပါတယ်...မမခွံကျွေးမယ်လေ
တဝက်လောက်တော့ သောက်လိုက်နော်''
''ဟင့်အင်း..ဟင့်အင်း''
ပါးစပ်အားလက်ဖြင့် အုပ်ထား၍ ခေါင်းခါပြီး အတင်းသာ
ငြင်းနေ၏။ စိမ်းခမျာလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိ။
''သောက်လိုက်ပါရိပ်ရယ် လိမ္မာပါတယ် နည်းနည်းဖြစ်ဖြစ်
သောက်လိုက်နော်''
''မသောက်ဘူးလို့ဆို... လုံးဝမသောက်ဘူး''
''မသောက်လို့မရဘူးလေ ရိပ်ရဲ့...ပြီးရင် ဆေးသောက်ရမှာ
အစာမရှိလို မဖြစ်ဘူးကွယ့်''
''အာ...ဘာဆေးလဲ ဆေးလဲမသောက်ဘူးနော်
ဆန်ပြုတ်လည်း မသောက်ဘူး မသောက်ဘူးဆိုကွာ''
ဆန်ပြုတ်တောင် ဝင်အောင်တိုက်လို့မရ ဆေးကိုတော့
ဘယ်လိုများတိုက်ရပါ့မလဲ မသိ။ စိမ်းလည်း အသက်
၃၂ အရွယ်မှ ကလေးထိန်းကဲ့သို့ ဖြစ်နေသော မိမိ၏
အဖြစ်အား ရယ်ရခက်ငိုရခက်။
''ရိပ်က လိမ္မာပါတယ်ကွာ...ရိပ် လိုချင်တာမှန်သမျှ
မမ ဝယ်ပေးမယ်လေ နော်... ''
''ဟင့်အင်း ဘာမှမလိုချင်ဘူး သောက်လည်းမသောက်ဘူး''
''သိပ်ပြောရခက်ပါလား ရိပ်ရယ်''
စိမ်းမှာ ဘယ်လိုမှချော့ပြောမရ။သင်ခဲ့ဖူးသည့် တပည့်တွေမှန်သမျှ ကိုယ်အမိန့်တချက်ပဲ။ ဒင်းလေးနဲ့မှပဲ စိမ်းမဟာနွယ်လည်း ရာဇဝင်ရိုင်းခဲ့တော့သည်။
''ရိပ် မမ မေးမယ် သောက်မှာလားမသောက်ဘူးလား''
''မသောက်ဘူးလို့ဆို''
လေသံမာမာဖြင့် ခြောက်ပြောလိုက်သော်လည်း အရာမထင်။
တကယ့်ကို ဂျစ်ကန်ကန်လေးပင်။ ဆေးသောက်ချိန်လည်း
မကျော်စေချင်တော့တာ မို့ နရံထက်မှာချိတ်ထားသည့်
ကြိမ်လုံးအား သွား၍ ဖြုတ်လာလိုက်၏။ ထိုအခါမှ
ဝိုင်းစက်နေသော မျက်လုံးကလေးတို့ဖြင့် မော့ကြည့်ကာ...
''ဟင့်..ရိုက်..ရိုက်မလို့လားဟင်''
''ဟုတ်တယ် ဆေးမသောက်ရင် ရိုက်မှာ''
''မမကလည်း ရိပ်မှ ဆန်ပြုတ်မကြိုက်တာ...''
မရိုက်ရက်သော်လည်း ခုထိ ပေကပ်ကပ်လုပ်နေသည်မို့
လက်မောင်းထက်သို့ အတန်အသင့်အားလေးဖြင့် ရိုက်ချလိုက်သည်။
''ဖြန်း''
''အ့''
''နေမကောင်းလို့ မရိုက်ဘူးလို့ ထင်နေတာလား
ဆိုးတာလည်း အတိုင်းအတာတခုထိပဲ ကောင်းတယ်...ရိပ်''
လက်မောင်းလေးအား ဖိပွတ်ကာဖြင့် မျက်ရည်အဝိုင်းသား
မျက်နှာငယ်လေးဖြင့် ပြန်ကြည့်ကာ...
''ဟင့်...ဘာမှန်းလည်းမသိဘူး..မမက လာပြီး
အနိုင်ကျင့်နေတယ်..အင့်ဟင့်..ရိပ်ဘာ့သာရိပ်
မသောက်ချင်လို့...မသောက်တာကို..အင့်''
''မသောက်လို့မရဘူးလေ ရိပ် နေကောင်းဖို့အတွက်
သောက်ရမယ်။ မမ အနိုင်ကျင့်နေတာမဟုတ်ဘူး''
''အင့်...မသိဘူး.. မသောက်ဘူး..ဟင့်..
လုံးဝ ...မသောက်ဘူး''
''တကယ်မသောက်တာ သေချာလား ''
''အင်း''
''ရတယ် မသောက်နဲ့ မမလည်းရိပ်နဲ့လုံးဝ
စကားမပြောတော့ဘူး''
တည်တင်းနေသော မျက်နှာထားဖြင့် ပြောပြီး ဆန်ပြုတ်ပန်းကန်းအား ယူကာ ပြန်လှည့်တော့မည်အပြု ရိပ် စိမ်းအား
လက်မှ လှမ်းဆွဲထားလိုက်ပြီး....
''သောက်...သောက်ပါ့မယ်..အဲ့လိုတော့မလုပ်ပါနဲ့''
ထိုမှသာ အဆိုးတပိုင်းလေးက စိမ်းခွံ့ကျွေးသမျှစားပြီး
ဆေးလည်း အသာတကြည်သောက်တော့သည်။ ထိုအခါမှ
စိမ်းလည်း သက်ပြင်းချနိုင်တော့သည်။ခဏကြာသည့်အခါ
ရိပ်လည်း ဆေးအရှိန်ကြောင့် ခဏမျှပြန်၍ အိပ်ပျော်သွားတော့သည်။ စိမ်းလည်း သူမရဲ့ အဆိုးလေးအား ကြည့်ကာ
ပြုံးမိလေ၏။ တညလုံးလည်း ကောင်းကောင်း
အိပ်မပျော်ခဲ့သည်မို့ စိမ်း ရိပ်ဘေးမှ ဝင်၍ အိပ်လိုက်တော့သည်။
••••••••••••••••••••••••••
ခြံထဲရှိ သရက်ပင် ထိပ်ဖျားနားထိ ရောက်နေသော အသက်
၁၉နှစ် အရွယ်ကလေးမလေးကတော့ စိမ်းမဟာနွယ်၏
တဦးတည်းသော ချစ်ရသူလေးပေါ့။ နေကောင်းတာမှ
ရက်ပိုင်းရယ်ရှိသေး အခုတော့ သရက်ပင်ပေါ်ရောက်နေပြီ။
ဒေါ်သန္တာက သရက်သီးစားချင်ရင် စျေးထဲက ဝယ်ပေးပါ့မယ်ပြောလည်း မရ။ အဲ့ကြားထဲ စိမ်းအား ပြန်မတိုင်ရန်လည်း စည်းရုံးထားသေး။
''ရိပ် သမီး ဆင်းခဲ့တော့လေ....
တော်ကြာ စိမ်းပြန်လာတော့မှာ သမီးရဲ့''
''ဟုတ် ဒေါ်လေး ခဏနေ ဆင်းခဲ့မယ်... တလုံး နှစ်လုံး
လောက် ခူးပြီးရင် ဆင်းလာခဲ့မယ် ဒေါ်လေး''
ထိုအခါ ဒေါ်သန္တာလည်း သစ်ပင်ပေါ်မှ ကလေးမလေးအား
ကြည့်ကာ သက်ပြင်းချလိုက်ပြီး...
''အင်းပါ... ဂရုလည်းစိုက်အုံးနော် ရိပ် ''
''ဟုတ် ဒေါ်လေး''
ဒေါ်သန္တာလည်း ဂရုစိုက်ဖို့မှာပြီး အိမ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။ သိပ်ပင်မကြာလိုက် ခြံထဲသို့ ဝင်လာခဲ့သော
ကားအနက်လေး ။ စိမ်းမဟာနွယ် ကျောင်းမှပြန်လာပြီလေ။
သို့သော် ရိပ်ကတော့ အခုထိ သစ်ပင်ပေါ်တွင်ရှိနေဆဲ။
မိမိအား မမြင်ပါစေနဲ့လို့ ဆုတောင်းနေသော်လည်း စိမ်း၏
အကြည့်တို့ဟာ ရိပ်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ၏။
စိမ်း သစ်ပင်ပေါ်က ကလေးမလေးအား မျက်မှောင်ကျုံ့
ကာကြည့်ပြီး...
''ရိပ် အဲ့သစ်ပင်ပေါ် ဘာတက်လုပ်နေတာလဲ''
''ဟို သရက်သီးခူးနေတာ မမ... ဟီးဟီး''
သွားလေးဖြီးကာပြုံးပြပြီး ပြောလိုက်သော်လည်း
စိမ်း၏ မျက်နှာကတော့ တင်းမာနေဆဲ။
''အခု ဆင်းခဲ့စမ်း''
လေသံမာမာဖြင့် ပြောလာသည့်မို့ ရိပ်လည်း ခပ်မြန်မြန်ပင်
ဆင်းလာတော့သည်။ မြေပြင်ပေါ်သို့ ရောက်ခါနီး အနည်းငယ်အလိုလောက်မှာ တုန်ရီနေသော ခြေထောက်တွေ
ကြောင့် ချော်ပြီး ပြုတ်ကျလေတော့သည်။ အရမ်း မမြင့်တော့သည့် အတိုင်းအတာမို့ ထိခိုက်မှုသိပ်မရှိသော်လည်း တံတောင်ဆစ်လေးအနည်းငယ်ပွန်းသွားလေ၏။
''အား...အ့..သေပါပြီ..ကျိုးပြီးလားမသိဘူး''
စိမ်းလည်း အရမ်းစိတ်ပူသွားရပြီး ပြာပြာသလဲဖြင့်
ရိပ်အား ဆွဲထူပေးကာ.....
''ရိပ်...ရိပ် ဘယ်နားထိသွားသေးလဲ... ပြစမ်း..''
''ရပါတယ် မမရဲ့ ဘာမှမဖြစ်ပါဘူး''
''ကျစ်....ရိပ်ကတော့လေ အရမ်းနမော်နမဲ့ နိုင်တာပဲ''
''......''
လေသံမာမာဖြင့် ပြောနေသည်မို့ ရိပ်ဘာမှပြန်မပြောသေးပဲ
မျက်နှာငယ်လေးဖြင့်သာ ကြည့်နေသည်။
''လိုက်ခဲ့...ဆေးထည့်ပေးမယ်''
''ဟုတ်''
စိမ်း ခေါ်သည့်နောက် အသံလေးတိတ်ပြီးသာ လိုက်လာသည်။ လုပ်ချင်ရာလုပ်ထားပြီး အခုမှ မခုတ်တတ်တဲ့
ကြောင်လေးတကောင်အလား။ စိမ်း ဆေးသေတ္တာအား
ယူကာ ဒဏ်ရာအား အရက်ပြန်ဖြင့် သေချာဆေးပေးပြီး
ဆေးထည့်ပေးရတော့သည်။
''အ့...မမ...စပ်တယ်လို့..''
''စပ်ပါလိမ့်စေ...ဘာလို့အစကတည်းက အဲ့သစ်ပင်
ပေါ် သွားတက်လဲ''
''......''
ရိပ် နှုတ်ခမ်းကိုသာ ဆူထားပြီး ခေါင်းငုံ့ထား၏။
''သွား... ကြိမ်လုံးသွားယူ''
ကြိမ်လုံးဆိုသည့် စကားကြောင့် မော့ကြည့်မိသည့်အခါ
စိမ်း၏ မျက်နှာက အလျော့ပေးမည့်ပုံ မပေါ်သည်မို့
ကြိမ်လုံးကို သာ ခပ်သုတ်သုတ် သွားယူပေးရသည်။
စိမ်းက ရိပ်ပေးလာသော ကြိမ်လုံးလေးအားယူကာ...
''လာ ဒီရှေ့လာရပ်''
စိမ်းညွှန်ပြသည့် စိမ်း၏ ရှေ့သို့ ရိပ် ကုတ်ကုတ်ကလေးသွားရပ်လိုက်သည်။
''လက်ပိုက်ထား''
*ဘာလဲ ဘာလဲ လူကို မူကြိုကလေးများထင်နေတာလားမသိဘူး။ လက်ပိုက်တဲ့... ဟက်...မလုပ်နိုင်ဘူး....လုံးဝ လုံးဝ
မလုပ်နိုင်ဘူး... လုံးဝပဲ*
စိတ်ထဲက ကြိတ်ပြောနေသော်လည်း လက်တွေ့တွင်တော့
ခေါင်းလေးငုံ့ကာ လက်ပိုက်လျှက်သား။
''နေကောင်းတာမှ ရက်ပိုင်းရယ်ရှိသေးတယ်
အဲ့ သရက်သီးစိမ်းတွေ စားပြီးဗိုက်မကောင်းဖြစ်ရင်
ဘယ်လို လုပ်မလဲ''
''......''
''ခေါင်းမော့...မမ မေးတာကိုဖြေ''
''ရိပ်က..နည်းနည်းလေးပဲ စားမလို့ပါ''
''မမ ဆီက ခွင့်ပြုချက်တောင်းလား။
မမကရော ခွင့်ပြုလိုက်လား ဟမ်''
''ဟင့်အင်း''
နှုတ်ခမ်းလေးဆူထားကာ ခေါင်းခါပြလာသည်။
ဂျစ်တိုက်ချင်နေမှန်း အဲ့ဒီ ဆူပုတ်နေတဲ့ နှုတ်ခမ်းလေးကို
ကြည့်ရုံဖြင့် သိနိုင်သည်။
''နေမကောင်းဖြစ်ပြီး ကျောင်းတွေမတက်နိုင်ရင်
စာမလိုက်နိုင်မှာ မကြောက်ဘူးလား''
''မမကလည်း ကျောင်းနေ့တိုင်းတက်တာနဲ့ပဲ
စာလိုက်နိုင်ရောတဲ့လား''
''ဖြန်း''
''အ့''
ဘုဆက်ဆက်ဖြင့် ပြန်ပြောလာသည်မို့ လက်မောင်းလေးအား ကြိမ်လုံးလေးဖြင့် ခပ်စပ်စပ်ရိုက်လိုက်၏။
''အဲ့ဒီအချိုးကိုပြင်စမ်း...ကလန်ကဆန်နဲ့''
''........''
အခုချိန်ထိ မျက်နှာထားမပြင် နှုတ်ခမ်းကို ဆူထားဆဲ။
တကယ့်ကို အဆိုးတပိုင်းလေးပင်။ ဒီလိုသာဆိုရင်
စိမ်းမဟာနွယ် စိတ်နဲ့ ဒီကလေးမတော့မလွယ်။ ကြိမ်လုံးနှင့်
အမြဲပင် နှစ်ပါးသွားနေရမည်။
''ဘယ်လက်လဲ သရက်သီးခူးတာ''
''မမှတ်မိဘူး''
''ဒါဆို နှစ်ဖက်လုံးဖြန့်''
''အာ...သိပြီ ဘယ်ဘက်လက်'''
''မရဘူး မမှတ်မိဘူး ဆိုတဲ့ စကားကိုပဲ အတည်ယူတယ်
ဖြန့်ထား နှစ်ဖက်လုံး''
''မမကလည်း''
''၅ချက်ပဲ ရိုက်မယ် လက်မရုတ်နဲ့နော်''
''ဟင့်''
''ပြောတာကြားလား''
''ဟုတ်လို့''
''အဲ့ဒီ မျက်နှာကိုပြင်ထားနော် မမရိပ်ကို အပြစ်မရှိပဲ
ရိုက်တာ မဟုတ်ဘူး ...လက်ဖြန့်''
တွန့်ဆုတ်တွန့်ဆုတ်နှင့် လက်ကလေးနှစ်ဖက်အား ဖြန့်လာသည်။
''ဖြန်း''
''အ့''
''ဖြန်း''
''ဖြန်း''
''ဟင့် မမ နာတယ်လို့''
''လက်မရုတ်နဲ့လို့ ပြောထားတယ် မဟုတ်လား
ပြန်ဖြန့်...''
''ဖြန်း''
''အား..နာတယ် မမ''
''ဖြန်း''
''အား..အင့်ဟင့်''
''နောက်တခါဆို နှစ်ဆပဲနော်''
''မမက ဘာမှန်းလည်း မသိဘူး...သူများကို..အင့်
လိုက်ပြီး..အနိုင်ကျင့်နေတယ်..မေမေ့အိမ်ပြန်မယ်
အီးဟီး...မမနဲ့ မနေတော့ဘူး..''
ကြမ်းပြင်၌ ခြေဆင်းထိုင်ချကာ ကလေးတယောက်လို
အော်ငိုနေတော့သည်။ စိမ်းကတော့ ထိုအခြေနေအားကြည့်ကာ ရယ်ချင်ချင်ဖြစ်ရ၏။
''ဟိတ်..ဟိတ်..မငိုနဲ့လေ အသံပြဲကြီးနဲ့ငိုနေတာ
မရှက်ဘူးလား''
''မရှက်ပါဘူး...မမက..ဟင့်..ဘာလို့ ရိုက်လဲလို့''
''ဟင်..ရိပ်ကရော ဘာလို့ ကိုယ့်ကိုကိုယ် ဂရုမစိုက်လဲ''
''ဟင့်အင့်...မသိဘူး.. မသိဘူး...မမက
ရိပ်ကို အနိုင်ကျင့်တယ်...အီးဟီး''
''ကဲ..တိတ်တော့ မငိုနဲ့''
ကလေးမလေးနားသွားကာ နီရဲနေသော လက်ဖဝါးလေးအား
ပွတ်ပေးရင် အငိုတိတ်အောင်ချော့ရတော့သည်။
''ဟင့်...မမရိုက်တာ နာသွားပြီ''
''ဟုတ်လား...ဥုံဖွ..ဥုံဖွ နော်''
''မမ ရိပ်က သရက်သီးစားချင်လို့ကို''
''အင်းပါ နည်းနည်းပဲ စားရမယ်...ကြားလား''
''ဟုတ်''
''ဒါဆို အခုမငိုနဲ့ တိတ်တော့''
ထိုသူနှစ်ဦးအား ဒေါ်သန္တာကတော့ အခန်းဝလေးကပဲ
ပြုံး၍ ကြည့်နေတော့သည်။ မရင့်ကျပ်သေးသည့်
ကလေးဆန်ဆန် အဆိုးတပိုင်းလေး ရိပ်နှင့် တည်တည်
ငြိမ်ငြိမ်ဖြင့် အလွန်စည်းကမ်းကြီးလှသည့် စိမ်းတို့
နှစ်ယောက်သား ဘယ်လိုတွေများ ဂယက်ထကြအုံးမလဲလို့
တွေးပြီးသာ သက်ပြင်းခပ်ဖွဖွ ချမိတော့သည်။
•••••••••••••••••••••••••
''မေမေ သမီး ရွှန်းကိုချစ်တယ်''
သံစဥ် အကြောက်တရားတို့အား တွန်းလှန်၍ ပြတ်သားစွာ
ဝန်ခံလိုက်ခြင်းဖြစ်၏။ ကိုယ်ချစ်တဲ့သူတယောက်အတွက်
ဒီလောက်လေးတော့ သတ္တိရှိသင့်သည် မဟုတ်လား။
သံစဥ့်၏ မိခင်ဖြစ်သူက သံစဥ့်အား ခပ်အေးအေးသာပြန်၍
ကြည့်လာသည်။ ဘာတုန့်ပြန်စကားမှတော့ ပြောမလာခဲ့သေး။
''မေမေ ရွှန်းနဲ့ သမီးတို့ ချစ်နေခဲ့တာ ကိုးတန်းကျောင်းသူ
အရွယ်ကတည်းကပါ''
မိခင်ဖြစ်သူအား ချစ်ကြောက်ရိုသေရသည့် သံစဥ့်၏
အရဲစွန့်ကာ ဝန်ခံနေပုံလေးအား မိခင်ဖြစ်သူက
ပြုံး၍ ပြန်ကြည့်လာသည်။ မိခင်ဖြစ်သူ ဆိုလာခဲ့သော
မထင်မှတ်ထားသည့် စကားလေးတခွန်းက....
''မေမေ သိတယ် သံစဥ်''
''ရှင်''
ထိုစကားကြောင့် သံစဥ်တယောက် ပါးစပ်အဟောင်းသား
ဖြင့်သာ အံ့သြနေ၏။
''မေမေ မသိဘူးလို့ ထင်နေခဲ့တာလား သမီး''
''..........''
ဘာမှပြန်ဖြေမလာခဲ့သော သံစဥ့်အားကြည့်၍
အရိုးရှင်းဆုံးသော မေးခွန်းတခုအား မေးလိုက်၏။
''ရွှန်းလဲ့ကို တကယ်ချစ်လား သမီး''
''ချစ်ပါတယ် မေမေ''
တစက္ကန့်မျှပင် တွေဝေမနေပဲ ပြတ်သားသေချာစွာ ဖြေလိုက်၏။ထိုအမေး၏ အဖြေမှာ သံစဥ့်အတွက်
သေချာလွန်းသည်ထက် တဖက်ကမ်းပင်လွန်နေပြီးသား
ဖြစ်သည်။
ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ဖြေလာသည့် သံစဥ့်၏အဖြေကြောင့် မိခင်ဖြစ်သူလည်း ကြည်နူးစွာပြုံးလိုက်သည်။
''မေမေ့ သမီးလေးတောင် ချစ်တတ်သွားခဲ့ပြီပဲ''
''..........''
''သမီးသာ ပျော်မယ်ဆိုရင် မေမေလက်ခံပါတယ်''
''ရှင်''
မယုံကြည်နိုင်သည့် မျက်လုံးကလေးဖြင့် မော့ကြည့်လာ
သည့် သံစဥ်။ မိခင်ဖြစ်သူ၏ မျက်လုံးများမှာ စနောက်နေဟန်မပေါ်၊ ဒေါသဖြစ်ဟန်လည်း မပေါ်ပေ။ သံစဥ့်မျက်ဝန်းတို့၌မယုံကြည်နိုင်ကာ အံ့သြမှုနှင့်အတူ မျက်ရည်လေးများ
လဲ့လာတော့သည်။
''မေမေ သမီးကို စိတ်မဆိုးဘူးလားဟင်''
''ဟင်....ဘာကိုလဲ သမီးရဲ့''
''သမီးက အဲ့လို...အဲ့လိုလူမျိုး..ဖြစ်နေခဲ့လို့လေ''
မျက်လွှာလေးချကာ တုန်ရီနေသော အသံတို့ဖြင့်ပြောလာသော သံစဥ်အား မေးလေးမှခပ်ဖွဖွကိုင်ကာ မော့စေပြီး.....
''သမီးသိလား...မေမေဖြစ်စေချင်တာကို ပွင့်ပွင့်လင်းလင်း
ပြောရမယ်ဆိုရင်လေ သမီးကို ယောကျာ်းလေးတဦးနဲ့
လက်ထပ်ပြီး သားတွေသမီးတွေနဲ့ ပျော်ရွှင်တဲ့မိသားစုလေး
အဖြစ်မြင်ချင်တာပေါ့...ဒါပေမယ့်..မေမေ့အတွက်မေမေ့ဆန္ဒထက် သမီးရဲ့ ပျော်ရွှင်မှုက ပိုအရေးကြီးတယ်။
သမီးချစ်တဲ့သူနဲ့သာ လက်တွဲခွင့်ရရင် သမီးပျော်ရွှင်မှာပဲလေ။ သမီးကလေ ဟိုးငယ်ငယ်ကတည်းက တခြားမောင်နှမ တွေလိုမဟုတ်ပဲ မေမေ့စကားကိုအမြဲနားထောင်ခဲ့တယ်မဟုတ်လား။ ပညာရေးလည်း ပညာရေးအလျောက်
သမီး ကြိုစားပေးခဲ့တယ်လေ။ မိသားစုထဲမှာ
တဦးတည်းသော မွေးဖွားလာခဲ့တဲ့ သမီးမိန်းကလေး
တယောက် ပီပီ မိဘတွေ အစ်ကိုတွေ အရှက်ရအောင်
မျက်နှာပျက်ရအောင်လည်း ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး။
မိသားစုအတွက် သမီးက ဟိုးငယ်ငယ်ကတည်းက
သမီးအလိမ္မာလေးတယောက်အဖြစ် ဂုဏ်ယူစေခဲ့တာ။
သမီးမှာလည်း သမီးဆန္ဒတွေ သမီးရဲ့ စိတ်ခံစားချက်တွေ
ရှိတာ မေမေသိတာပေါ့။ ဒါပေမဲ့ မိသားစုအတွက်
သမီးဖြစ်ချင်တာတွေ လုပ်ချင်တာတွေကို ဖွင့်မပြောပဲ
မေမေတို့ သဘောကျအမြဲနေပေးခဲ့တယ်လေ။ မိသားစုအတွက် သမီးနားလည်ပေးခဲ့တာ ပေးဆပ်ခဲ့တာတွေများပါပြီ။ ဒါကြောင့်မို့ သမီးရဲ့ ချစ်မေတ္တာရေးကိုတော့ မေမေ
မပိတ်ပင်လိုဘူး။သမီးသာချစ်တယ်ဆိုရင် မေမေလက်ခံပေးဖို့အသင့်ပဲ သမီး။ အဓိကက သမီးပျော်ဖို့ပဲ''
ထိုစကားလေးကြောင့် မျက်ဝန်းထဲမှ မျက်ရည်ဥလေးတို့ဟာ
ပါးပြင်ထက်သို့ သက်ဆင်းလာရတော့သည်။ ငယ်စဥ်ကတည်းက သံစဥ် သိလာသည်က မေမေက စည်းကမ်းကြီးသည် ၊ စည်းစနစ်ကျကျလုပ်တတ်သည်၊ ယခုကဲ့သို့ သားအမိနှစ်ယောက် အေးအေးဆေးဆေး နွေးထွေးစွာတိုင်ပင်မှုမျိုး ဟူ၍ မရှိခဲ့။ စည်းစနစ်ရှိလှသည့် မိခင်ဖြစ်သူကြောင့် သံစဥ်ခမျာလည်း ပုံသွင်းထားသည့် ပုံစံခွက်ဘဝနဲ့ ရှင်သန်ခဲ့ရခြင်းဖြစ်၏။ မိခင်ဖြစ်သူကိုလည်း ရှိန်ခဲ့ရသည်။ ယခုကဲ့သို့ နွေးထွေးစွာ နားလည်ပေးမှုလေးအား
သံစဥ် အရမ်းမြတ်နိုးရပါသည်။
''မေမေ''
ငိုသံလေးဖြင့် ခေါ်လိုက်ကာ မိခင်ဖြစ်သူအား တင်းတင်း
ကြပ်ကြပ်ဖက်ထားလိုက်တော့သည်။ကလေးတယောက်
လို ငိုနေသည်က မျက်ရည်စကလေးတွေတောင် မေမေ့၏ ပခုံးထက်သို့ တပေါက်ချင်းကျလာ၏။မေမေ့အား ပွေ့ဖက်
ခြင်းဟာ ဟိုးကလေးအရွယ်၌သာ ရှိခဲ့၏။ အချိန်အတော်ကြာမှပြန်၍ အားရစွာပွေ့ဖက်ရသော ရင်ခွင်တခုပင်။
သံစဥ်နှုတ်ခမ်းဖျားမှ ပြောလာသည့် ပြောချင်လွန်းခဲ့သည့် စကားလေးတခွန်းက.....
''သိပ်ချစ်တယ် မေမေ''
''မေမေလည်း ချစ်တာပေါ့ သမီးရယ်
ထုတ်မပြခဲ့ရုံပါ''
မိခင်ဖြစ်သူအား ပွေ့ဖက်ကာ ကလေးတယောက်လိုသာ
ငိုချမိတော့သည်။ မေမေ့ ရင်ခွင်ထဲမှာ ကလေးတယောက်လို
ခိုလုံပါရစေ။ သားသမီး တိုင်းအတွက် ခိုနားရာ အေးချမ်းဆုံးနှင့် အလုံခြုံဆုံးရင်ခွင်ဟာ မိဘရင်ခွင်ပေါ့။
••••••••••••••••••••••••
(Note: ဆရာမတွေကို မချစ်ပါနဲ့ အရိုက်ခံထိလိမ့်မယ်😑
*စတာနော် ဆရာမတွေက အရမ်းချစ်တတ်တာ🤭*)
(Zawgyi)
အိပ္ေပ်ာ္ေနသည့္ ရိပ္အား မႏွိုးရက္သည္မို႔ ေခြၽးေတြျပည့္ေနေသာ ညဝတ္အက်ီေလးအား ကိုယ္တိုင္ပဲ လဲေပးကာ
ေရပတ္တိုက္ေပးခဲ့ရသည္။ အကယ္၍ ရိပ္သာ နိုးေနရင္
ေတာ့ အေတာ္ေလးရွက္ေနရွာမွာ။
''မမ..ဟင့္..''
''ရိပ္..မမ ရွိတယ္ေနာ္ ကေလး''
''အင့္ဟင့္''
ညည္းသံေလးတခ်က္ခ်က္ ထြက္လာသည္မို႔ လက္ကေလးမ်ား ကိုင္ထားေပးရသည္။ ခဏၾကာေတာ့ ဝင္းပပထြန္းလည္း ေဆးအိတ္ႀကီးကိုင္၍ ေရာက္လာေတာ့သည္။
စမ္းသပ္စရာရွိသည္မ်ားကို စမ္းသပ္ၿပီးေနာက္....
''အင္း ဒီရက္ပိုင္းက မဂ္လာပြဲကိစၥေတြလည္း စီစဥ္ခဲ့ရေတာ့
ပင္ပန္းၿပီး ဖ်ားတာပါ အရမ္းေတာ့ စိတ္မပူပါနဲ႕''
''အင္းပါ''
''ဟဲ့ နင့္မ်က္ႏွာႀကီးကလည္း အဲ့ေလာက္ျဖစ္မေနစမ္းပါနဲ႕ဟယ္''
''ငါက စိတ္ပူေနလို႔ပါ''
''ေအးပါ ငါနားလည္ပါတယ္ အရမ္းႀကီးလည္း
စိတ္မပူပါနဲ႕ အဆင္ေျပသြားမွာပါ ''
စိမ္းဘယ္ေလာက္စိတ္ပူေနလည္း ဆိုတာ မ်က္ႏွာ၌
အထင္းသားေပၚေန၏။ အိပ္ခ်င္စိတ္ရယ္ဆိုသည္မွာ
ဘယ္နားေရာက္မွန္းေတာင္မသိ။
''အခု ငါေဆးတလုံးထိုးေပးခဲ့မယ္ ''
အခု ရိပ္လည္း မွိန္းကာ အိပ္ေပ်ာ္ေနသည္မို႔ ေဆးထိုးရန္အရမ္းေတာ့မခက္ခဲ။ ေဆးထိုးလိုက္သည့္အခါ
ညည္းသံေလးခပ္တိုးတိုးေလးထြက္လာသည္မို႔
ေက်ာေလးအားခပ္ဖြဖြ ပြတ္ေပးလိုက္သည့္အခါ ျပန္၍
အိပ္ေပ်ာ္သြားခဲ့သည္။ဝင္းပပထြန္းလည္း လိုအပ္သည့္
ေဆးမ်ားေပးကာ မွာစရာရွိသည္မ်ားကို မွာၿပီးသည္ႏွင့္
duty ခ်ိန္ရွိေသးသည္မို႔ ေဆး႐ုံသို႔ျပန္သြားခဲ့သည္။
စိမ္းကေတာ့ ဖ်ားေနသည့္ကေလးမေလးအား ျပဳစုရင္း
တညလုံးလည္း အိပ္မေပ်ာ္နိုင္ခဲ့။ ျဖစ္နိုင္ရင္ ခ်စ္ရသူ
ခံစားေနရသည့္ ေဝဒနါအားလုံး ကိုယ္သာလွ်င္
ခံစားလိုက္ခ်င္ေတာ့သည္။
စိမ္းဒီေန႕ေတာ့ ေက်ာင္းလည္းခြင့္ယူလိုက္ရသည္။ ေတာ္႐ုံ
သူမကိုယ္တိုင္ေနမေကာင္းျဖစ္ေနရင္ေတာင္ ေက်ာင္းမပ်က္ခဲ့။အခုေတာ့ သူမရဲ႕ ရိပ္ေလး ေနမေကာင္းျဖစ္ေနသည္မို႔
ခြင့္ယူခဲ့ရၿပီ။
''ဟင့္အင္း..''
ပါးစပ္ကို ပိတ္ၿပီးေခါင္းကိုသာ တသြင္သြင္ခါေန၏။
ဆန္ျပဳတ္မေသာက္ခ်င္၍ ဂ်စ္တိုက္ေနျခင္းျဖစ္သည္။
''ရိပ္ရယ္ လိမၼာပါတယ္...မမခြံေကြၽးမယ္ေလ
တဝက္ေလာက္ေတာ့ ေသာက္လိုက္ေနာ္''
''ဟင့္အင္း..ဟင့္အင္း''
ပါးစပ္အားလက္ျဖင့္ အုပ္ထား၍ ေခါင္းခါၿပီး အတင္းသာ
ျငင္းေန၏။ စိမ္းခမ်ာလည္း ဘာလုပ္လို႔ လုပ္ရမွန္းမသိ။
''ေသာက္လိုက္ပါရိပ္ရယ္ လိမၼာပါတယ္ နည္းနည္းျဖစ္ျဖစ္
ေသာက္လိုက္ေနာ္''
''မေသာက္ဘူးလို႔ဆို... လုံးဝမေသာက္ဘူး''
''မေသာက္လို႔မရဘူးေလ ရိပ္ရဲ႕...ၿပီးရင္ ေဆးေသာက္ရမွာ
အစာမရွိလို မျဖစ္ဘူးကြယ့္''
''အာ...ဘာေဆးလဲ ေဆးလဲမေသာက္ဘူးေနာ္
ဆန္ျပဳတ္လည္း မေသာက္ဘူး မေသာက္ဘူးဆိုကြာ''
ဆန္ျပဳတ္ေတာင္ ဝင္ေအာင္တိုက္လို႔မရ ေဆးကိုေတာ့
ဘယ္လိုမ်ားတိုက္ရပါ့မလဲ မသိ။ စိမ္းလည္း အသက္
၃၂ အ႐ြယ္မွ ကေလးထိန္းကဲ့သို႔ ျဖစ္ေနေသာ မိမိ၏
အျဖစ္အား ရယ္ရခက္ငိုရခက္။
''ရိပ္က လိမၼာပါတယ္ကြာ...ရိပ္ လိုခ်င္တာမွန္သမွ်
မမ ဝယ္ေပးမယ္ေလ ေနာ္... ''
''ဟင့္အင္း ဘာမွမလိုခ်င္ဘူး ေသာက္လည္းမေသာက္ဘူး''
''သိပ္ေျပာရခက္ပါလား ရိပ္ရယ္''
စိမ္းမွာ ဘယ္လိုမွေခ်ာ့ေျပာမရ။သင္ခဲ့ဖူးသည့္ တပည့္ေတြမွန္သမွ် ကိုယ္အမိန့္တခ်က္ပဲ။ ဒင္းေလးနဲ႕မွပဲ စိမ္းမဟာႏြယ္လည္း ရာဇဝင္ရိုင္းခဲ့ေတာ့သည္။
''ရိပ္ မမ ေမးမယ္ ေသာက္မွာလားမေသာက္ဘူးလား''
''မေသာက္ဘူးလို႔ဆို''
ေလသံမာမာျဖင့္ ေျခာက္ေျပာလိုက္ေသာ္လည္း အရာမထင္။
တကယ့္ကို ဂ်စ္ကန္ကန္ေလးပင္။ ေဆးေသာက္ခ်ိန္လည္း
မေက်ာ္ေစခ်င္ေတာ့တာ မို႔ နရံထက္မွာခ်ိတ္ထားသည့္
ႀကိမ္လုံးအား သြား၍ ျဖဳတ္လာလိုက္၏။ ထိုအခါမွ
ဝိုင္းစက္ေနေသာ မ်က္လုံးကေလးတို႔ျဖင့္ ေမာ့ၾကည့္ကာ...
''ဟင့္..ရိုက္..ရိုက္မလို႔လားဟင္''
''ဟုတ္တယ္ ေဆးမေသာက္ရင္ ရိုက္မွာ''
''မမကလည္း ရိပ္မွ ဆန္ျပဳတ္မႀကိဳက္တာ...''
မရိုက္ရက္ေသာ္လည္း ခုထိ ေပကပ္ကပ္လုပ္ေနသည္မို႔
လက္ေမာင္းထက္သို႔ အတန္အသင့္အားေလးျဖင့္ ရိုက္ခ်လိဳက္သည္။
''ျဖန္း''
''အ့''
''ေနမေကာင္းလို႔ မရိုက္ဘူးလို႔ ထင္ေနတာလား
ဆိုးတာလည္း အတိုင္းအတာတခုထိပဲ ေကာင္းတယ္...ရိပ္''
လက္ေမာင္းေလးအား ဖိပြတ္ကာျဖင့္ မ်က္ရည္အဝိုင္းသား
မ်က္ႏွာငယ္ေလးျဖင့္ ျပန္ၾကည့္ကာ...
''ဟင့္...ဘာမွန္းလည္းမသိဘူး..မမက လာၿပီး
အနိုင္က်င့္ေနတယ္..အင့္ဟင့္..ရိပ္ဘာ့သာရိပ္
မေသာက္ခ်င္လို႔...မေသာက္တာကို..အင့္''
''မေသာက္လို႔မရဘူးေလ ရိပ္ ေနေကာင္းဖို႔အတြက္
ေသာက္ရမယ္။ မမ အနိုင္က်င့္ေနတာမဟုတ္ဘူး''
''အင့္...မသိဘူး.. မေသာက္ဘူး..ဟင့္..
လုံးဝ ...မေသာက္ဘူး''
''တကယ္မေသာက္တာ ေသခ်ာလား ''
''အင္း''
''ရတယ္ မေသာက္နဲ႕ မမလည္းရိပ္နဲ႕လုံးဝ
စကားမေျပာေတာ့ဘူး''
တည္တင္းေနေသာ မ်က္ႏွာထားျဖင့္ ေျပာၿပီး ဆန္ျပဳတ္ပန္းကန္းအား ယူကာ ျပန္လွည့္ေတာ့မည္အျပဳ ရိပ္ စိမ္းအား
လက္မွ လွမ္းဆြဲထားလိုက္ၿပီး....
''ေသာက္...ေသာက္ပါ့မယ္..အဲ့လိုေတာ့မလုပ္ပါနဲ႕''
ထိုမွသာ အဆိုးတပိုင္းေလးက စိမ္းခြံ႕ေကြၽးသမွ်စားၿပီး
ေဆးလည္း အသာတၾကည္ေသာက္ေတာ့သည္။ ထိုအခါမွ
စိမ္းလည္း သက္ျပင္းခ်နိဳင္ေတာ့သည္။ခဏၾကာသည့္အခါ
ရိပ္လည္း ေဆးအရွိန္ေၾကာင့္ ခဏမွ်ျပန္၍ အိပ္ေပ်ာ္သြားေတာ့သည္။ စိမ္းလည္း သူမရဲ႕ အဆိုးေလးအား ၾကည့္ကာ
ၿပဳံးမိေလ၏။ တညလုံးလည္း ေကာင္းေကာင္း
အိပ္မေပ်ာ္ခဲ့သည္မို႔ စိမ္း ရိပ္ေဘးမွ ဝင္၍ အိပ္လိုက္ေတာ့သည္။
ၿခံထဲရွိ သရက္ပင္ ထိပ္ဖ်ားနားထိ ေရာက္ေနေသာ အသက္
၁၉ႏွစ္ အ႐ြယ္ကေလးမေလးကေတာ့ စိမ္းမဟာႏြယ္၏
တဦးတည္းေသာ ခ်စ္ရသူေလးေပါ့။ ေနေကာင္းတာမွ
ရက္ပိုင္းရယ္ရွိေသး အခုေတာ့ သရက္ပင္ေပၚေရာက္ေနၿပီ။
ေဒၚသႏၱာက သရက္သီးစားခ်င္ရင္ ေစ်းထဲက ဝယ္ေပးပါ့မယ္ေျပာလည္း မရ။ အဲ့ၾကားထဲ စိမ္းအား ျပန္မတိုင္ရန္လည္း စည္း႐ုံးထားေသး။
''ရိပ္ သမီး ဆင္းခဲ့ေတာ့ေလ....
ေတာ္ၾကာ စိမ္းျပန္လာေတာ့မွာ သမီးရဲ႕''
''ဟုတ္ ေဒၚေလး ခဏေန ဆင္းခဲ့မယ္... တလုံး ႏွစ္လုံး
ေလာက္ ခူးၿပီးရင္ ဆင္းလာခဲ့မယ္ ေဒၚေလး''
ထိုအခါ ေဒၚသႏၱာလည္း သစ္ပင္ေပၚမွ ကေလးမေလးအား
ၾကည့္ကာ သက္ျပင္းခ်လိဳက္ၿပီး...
''အင္းပါ... ဂ႐ုလည္းစိုက္အုံးေနာ္ ရိပ္ ''
''ဟုတ္ ေဒၚေလး''
ေဒၚသႏၱာလည္း ဂ႐ုစိုက္ဖို႔မွာၿပီး အိမ္ထဲသို႔ ျပန္ဝင္သြားခဲ့သည္။ သိပ္ပင္မၾကာလိုက္ ၿခံထဲသို႔ ဝင္လာခဲ့ေသာ
ကားအနက္ေလး ။ စိမ္းမဟာႏြယ္ ေက်ာင္းမွျပန္လာၿပီေလ။
သို႔ေသာ္ ရိပ္ကေတာ့ အခုထိ သစ္ပင္ေပၚတြင္ရွိေနဆဲ။
မိမိအား မျမင္ပါေစနဲ႕လို႔ ဆုေတာင္းေနေသာ္လည္း စိမ္း၏
အၾကည့္တို႔ဟာ ရိပ္ဆီသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာ၏။
စိမ္း သစ္ပင္ေပၚက ကေလးမေလးအား မ်က္ေမွာင္က်ဳံ႕
ကာၾကည့္ၿပီး...
''ရိပ္ အဲ့သစ္ပင္ေပၚ ဘာတက္လုပ္ေနတာလဲ''
''ဟို သရက္သီးခူးေနတာ မမ... ဟီးဟီး''
သြားေလးၿဖီးကာၿပဳံးျပၿပီး ေျပာလိုက္ေသာ္လည္း
စိမ္း၏ မ်က္ႏွာကေတာ့ တင္းမာေနဆဲ။
''အခု ဆင္းခဲ့စမ္း''
ေလသံမာမာျဖင့္ ေျပာလာသည့္မို႔ ရိပ္လည္း ခပ္ျမန္ျမန္ပင္
ဆင္းလာေတာ့သည္။ ေျမျပင္ေပၚသို႔ ေရာက္ခါနီး အနည္းငယ္အလိုေလာက္မွာ တုန္ရီေနေသာ ေျခေထာက္ေတြ
ေၾကာင့္ ေခ်ာ္ၿပီး ျပဳတ္က်ေလေတာ့သည္။ အရမ္း မျမင့္ေတာ့သည့္ အတိုင္းအတာမို႔ ထိခိုက္မႈသိပ္မရွိေသာ္လည္း တံေတာင္ဆစ္ေလးအနည္းငယ္ပြန္းသြားေလ၏။
''အား...အ့..ေသပါၿပီ..က်ိဳးၿပီးလားမသိဘူး''
စိမ္းလည္း အရမ္းစိတ္ပူသြားရၿပီး ျပာျပာသလဲျဖင့္
ရိပ္အား ဆြဲထူေပးကာ.....
''ရိပ္...ရိပ္ ဘယ္နားထိသြားေသးလဲ... ျပစမ္း..''
''ရပါတယ္ မမရဲ႕ ဘာမွမျဖစ္ပါဘူး''
''က်စ္....ရိပ္ကေတာ့ေလ အရမ္းနေမာ္နမဲ့ နိုင္တာပဲ''
''......''
ေလသံမာမာျဖင့္ ေျပာေနသည္မို႔ ရိပ္ဘာမွျပန္မေျပာေသးပဲ
မ်က္ႏွာငယ္ေလးျဖင့္သာ ၾကည့္ေနသည္။
''လိုက္ခဲ့...ေဆးထည့္ေပးမယ္''
''ဟုတ္''
စိမ္း ေခၚသည့္ေနာက္ အသံေလးတိတ္ၿပီးသာ လိုက္လာသည္။ လုပ္ခ်င္ရာလုပ္ထားၿပီး အခုမွ မခုတ္တတ္တဲ့
ေၾကာင္ေလးတေကာင္အလား။ စိမ္း ေဆးေသတၱာအား
ယူကာ ဒဏ္ရာအား အရက္ျပန္ျဖင့္ ေသခ်ာေဆးေပးၿပီး
ေဆးထည့္ေပးရေတာ့သည္။
''အ့...မမ...စပ္တယ္လို႔..''
''စပ္ပါလိမ့္ေစ...ဘာလို႔အစကတည္းက အဲ့သစ္ပင္
ေပၚ သြားတက္လဲ''
''......''
ရိပ္ ႏႈတ္ခမ္းကိုသာ ဆူထားၿပီး ေခါင္းငုံ႕ထား၏။
''သြား... ႀကိမ္လုံးသြားယူ''
ႀကိမ္လုံးဆိုသည့္ စကားေၾကာင့္ ေမာ့ၾကည့္မိသည့္အခါ
စိမ္း၏ မ်က္ႏွာက အေလ်ာ့ေပးမည့္ပုံ မေပၚသည္မို႔
ႀကိမ္လုံးကို သာ ခပ္သုတ္သုတ္ သြားယူေပးရသည္။
စိမ္းက ရိပ္ေပးလာေသာ ႀကိမ္လုံးေလးအားယူကာ...
''လာ ဒီေရွ႕လာရပ္''
စိမ္းၫႊန္ျပသည့္ စိမ္း၏ ေရွ႕သို႔ ရိပ္ ကုတ္ကုတ္ကေလးသြားရပ္လိုက္သည္။
''လက္ပိုက္ထား''
*ဘာလဲ ဘာလဲ လူကို မူႀကိဳကေလးမ်ားထင္ေနတာလားမသိဘူး။ လက္ပိုက္တဲ့... ဟက္...မလုပ္နိုင္ဘူး....လုံးဝ လုံးဝ
မလုပ္နိုင္ဘူး... လုံးဝပဲ*
စိတ္ထဲက ႀကိတ္ေျပာေနေသာ္လည္း လက္ေတြ႕တြင္ေတာ့
ေခါင္းေလးငုံ႕ကာ လက္ပိုက္လွ်က္သား။
''ေနေကာင္းတာမွ ရက္ပိုင္းရယ္ရွိေသးတယ္
အဲ့ သရက္သီးစိမ္းေတြ စားၿပီးဗိုက္မေကာင္းျဖစ္ရင္
ဘယ္လို လုပ္မလဲ''
''......''
''ေခါင္းေမာ့...မမ ေမးတာကိုေျဖ''
''ရိပ္က..နည္းနည္းေလးပဲ စားမလို႔ပါ''
''မမ ဆီက ခြင့္ျပဳခ်က္ေတာင္းလား။
မမကေရာ ခြင့္ျပဳလိုက္လား ဟမ္''
''ဟင့္အင္း''
ႏႈတ္ခမ္းေလးဆူထားကာ ေခါင္းခါျပလာသည္။
ဂ်စ္တိုက္ခ်င္ေနမွန္း အဲ့ဒီ ဆူပုတ္ေနတဲ့ ႏႈတ္ခမ္းေလးကို
ၾကည့္႐ုံျဖင့္ သိနိုင္သည္။
''ေနမေကာင္းျဖစ္ၿပီး ေက်ာင္းေတြမတက္နိုင္ရင္
စာမလိုက္နိုင္မွာ မေၾကာက္ဘူးလား''
''မမကလည္း ေက်ာင္းေန႕တိုင္းတက္တာနဲ႕ပဲ
စာလိုက္နိုင္ေရာတဲ့လား''
''ျဖန္း''
''အ့''
ဘုဆက္ဆက္ျဖင့္ ျပန္ေျပာလာသည္မို႔ လက္ေမာင္းေလးအား ႀကိမ္လုံးေလးျဖင့္ ခပ္စပ္စပ္ရိုက္လိုက္၏။
''အဲ့ဒီအခ်ိဳးကိုျပင္စမ္း...ကလန္ကဆန္နဲ႕''
''........''
အခုခ်ိန္ထိ မ်က္ႏွာထားမျပင္ ႏႈတ္ခမ္းကို ဆူထားဆဲ။
တကယ့္ကို အဆိုးတပိုင္းေလးပင္။ ဒီလိုသာဆိုရင္
စိမ္းမဟာႏြယ္ စိတ္နဲ႕ ဒီကေလးမေတာ့မလြယ္။ ႀကိမ္လုံးႏွင့္
အၿမဲပင္ ႏွစ္ပါးသြားေနရမည္။
''ဘယ္လက္လဲ သရက္သီးခူးတာ''
''မမွတ္မိဘူး''
''ဒါဆို ႏွစ္ဖက္လုံးျဖန့္''
''အာ...သိၿပီ ဘယ္ဘက္လက္'''
''မရဘူး မမွတ္မိဘူး ဆိုတဲ့ စကားကိုပဲ အတည္ယူတယ္
ျဖန့္ထား ႏွစ္ဖက္လုံး''
''မမကလည္း''
''၅ခ်က္ပဲ ရိုက္မယ္ လက္မ႐ုတ္နဲ႕ေနာ္''
''ဟင့္''
''ေျပာတာၾကားလား''
''ဟုတ္လို႔''
''အဲ့ဒီ မ်က္ႏွာကိုျပင္ထားေနာ္ မမရိပ္ကို အျပစ္မရွိပဲ
ရိုက္တာ မဟုတ္ဘူး ...လက္ျဖန့္''
တြန့္ဆုတ္တြန့္ဆုတ္ႏွင့္ လက္ကေလးႏွစ္ဖက္အား ျဖန့္လာသည္။
''ျဖန္း''
''အ့''
''ျဖန္း''
''ျဖန္း''
''ဟင့္ မမ နာတယ္လို႔''
''လက္မ႐ုတ္နဲ႕လို႔ ေျပာထားတယ္ မဟုတ္လား
ျပန္ျဖန့္...''
''ျဖန္း''
''အား..နာတယ္ မမ''
''ျဖန္း''
''အား..အင့္ဟင့္''
''ေနာက္တခါဆို ႏွစ္ဆပဲေနာ္''
''မမက ဘာမွန္းလည္း မသိဘူး...သူမ်ားကို..အင့္
လိုက္ၿပီး..အနိုင္က်င့္ေနတယ္..ေမေမ့အိမ္ျပန္မယ္
အီးဟီး...မမနဲ႕ မေနေတာ့ဘူး..''
ၾကမ္းျပင္၌ ေျခဆင္းထိုင္ခ်ကာ ကေလးတေယာက္လို
ေအာ္ငိုေနေတာ့သည္။ စိမ္းကေတာ့ ထိုအေျခေနအားၾကည့္ကာ ရယ္ခ်င္ခ်င္ျဖစ္ရ၏။
''ဟိတ္..ဟိတ္..မငိုနဲ႕ေလ အသံၿပဲႀကီးနဲ႕ငိုေနတာ
မရွက္ဘူးလား''
''မရွက္ပါဘူး...မမက..ဟင့္..ဘာလို႔ ရိုက္လဲလို႔''
''ဟင္..ရိပ္ကေရာ ဘာလို႔ ကိုယ့္ကိုကိုယ္ ဂ႐ုမစိုက္လဲ''
''ဟင့္အင့္...မသိဘူး.. မသိဘူး...မမက
ရိပ္ကို အနိုင္က်င့္တယ္...အီးဟီး''
''ကဲ..တိတ္ေတာ့ မငိုနဲ႕''
ကေလးမေလးနားသြားကာ နီရဲေနေသာ လက္ဖဝါးေလးအား
ပြတ္ေပးရင္ အငိုတိတ္ေအာင္ေခ်ာ့ရေတာ့သည္။
''ဟင့္...မမရိုက္တာ နာသြားၿပီ''
''ဟုတ္လား...ၪုံဖြ..ၪုံဖြ ေနာ္''
''မမ ရိပ္က သရက္သီးစားခ်င္လို႔ကို''
''အင္းပါ နည္းနည္းပဲ စားရမယ္...ၾကားလား''
''ဟုတ္''
''ဒါဆို အခုမငိုနဲ႕ တိတ္ေတာ့''
ထိုသူႏွစ္ဦးအား ေဒၚသႏၱာကေတာ့ အခန္းဝေလးကပဲ
ၿပဳံး၍ ၾကည့္ေနေတာ့သည္။ မရင့္က်ပ္ေသးသည့္
ကေလးဆန္ဆန္ အဆိုးတပိုင္းေလး ရိပ္ႏွင့္ တည္တည္
ၿငိမ္ၿငိမ္ျဖင့္ အလြန္စည္းကမ္းႀကီးလွသည့္ စိမ္းတို႔
ႏွစ္ေယာက္သား ဘယ္လိုေတြမ်ား ဂယက္ထၾကအုံးမလဲလို႔
ေတြးၿပီးသာ သက္ျပင္းခပ္ဖြဖြ ခ်မိေတာ့သည္။
''ေမေမ သမီး ႐ႊန္းကိုခ်စ္တယ္''
သံစဥ္ အေၾကာက္တရားတို႔အား တြန္းလွန္၍ ျပတ္သားစြာ
ဝန္ခံလိုက္ျခင္းျဖစ္၏။ ကိုယ္ခ်စ္တဲ့သူတေယာက္အတြက္
ဒီေလာက္ေလးေတာ့ သတၱိရွိသင့္သည္ မဟုတ္လား။
သံစဥ့္၏ မိခင္ျဖစ္သူက သံစဥ့္အား ခပ္ေအးေအးသာျပန္၍
ၾကည့္လာသည္။ ဘာတုန့္ျပန္စကားမွေတာ့ ေျပာမလာခဲ့ေသး။
''ေမေမ ႐ႊန္းနဲ႕ သမီးတို႔ ခ်စ္ေနခဲ့တာ ကိုးတန္းေက်ာင္းသူ
အ႐ြယ္ကတည္းကပါ''
မိခင္ျဖစ္သူအား ခ်စ္ေၾကာက္ရိုေသရသည့္ သံစဥ့္၏
အရဲစြန့္ကာ ဝန္ခံေနပုံေလးအား မိခင္ျဖစ္သူက
ၿပဳံး၍ ျပန္ၾကည့္လာသည္။ မိခင္ျဖစ္သူ ဆိုလာခဲ့ေသာ
မထင္မွတ္ထားသည့္ စကားေလးတခြန္းက....
''ေမေမ သိတယ္ သံစဥ္''
''ရွင္''
ထိုစကားေၾကာင့္ သံစဥ္တေယာက္ ပါးစပ္အေဟာင္းသား
ျဖင့္သာ အံ့ၾသေန၏။
''ေမေမ မသိဘူးလို႔ ထင္ေနခဲ့တာလား သမီး''
''..........''
ဘာမွျပန္ေျဖမလာခဲ့ေသာ သံစဥ့္အားၾကည့္၍
အရိုးရွင္းဆုံးေသာ ေမးခြန္းတခုအား ေမးလိုက္၏။
''႐ႊန္းလဲ့ကို တကယ္ခ်စ္လား သမီး''
''ခ်စ္ပါတယ္ ေမေမ''
တစကၠန့္မွ်ပင္ ေတြေဝမေနပဲ ျပတ္သားေသခ်ာစြာ ေျဖလိုက္၏။ထိုအေမး၏ အေျဖမွာ သံစဥ့္အတြက္
ေသခ်ာလြန္းသည္ထက္ တဖက္ကမ္းပင္လြန္ေနၿပီးသား
ျဖစ္သည္။
ဆုံးျဖတ္ခ်က္ခိုင္မာစြာျဖင့္ ေျဖလာသည့္ သံစဥ့္၏အေျဖေၾကာင့္ မိခင္ျဖစ္သူလည္း ၾကည္ႏူးစြာၿပဳံးလိုက္သည္။
''ေမေမ့ သမီးေလးေတာင္ ခ်စ္တတ္သြားခဲ့ၿပီပဲ''
''..........''
''သမီးသာ ေပ်ာ္မယ္ဆိုရင္ ေမေမလက္ခံပါတယ္''
''ရွင္''
မယုံၾကည္နိုင္သည့္ မ်က္လုံးကေလးျဖင့္ ေမာ့ၾကည့္လာ
သည့္ သံစဥ္။ မိခင္ျဖစ္သူ၏ မ်က္လုံးမ်ားမွာ စေနာက္ေနဟန္မေပၚ၊ ေဒါသျဖစ္ဟန္လည္း မေပၚေပ။ သံစဥ့္မ်က္ဝန္းတို႔၌မယုံၾကည္နိုင္ကာ အံ့ၾသမႈႏွင့္အတူ မ်က္ရည္ေလးမ်ား
လဲ့လာေတာ့သည္။
''ေမေမ သမီးကို စိတ္မဆိုးဘူးလားဟင္''
''ဟင္....ဘာကိုလဲ သမီးရဲ႕''
''သမီးက အဲ့လို...အဲ့လိုလူမ်ိဳး..ျဖစ္ေနခဲ့လို႔ေလ''
မ်က္လႊာေလးခ်ကာ တုန္ရီေနေသာ အသံတို႔ျဖင့္ေျပာလာေသာ သံစဥ္အား ေမးေလးမွခပ္ဖြဖြကိုင္ကာ ေမာ့ေစၿပီး.....
''သမီးသိလား...ေမေမျဖစ္ေစခ်င္တာကို ပြင့္ပြင့္လင္းလင္း
ေျပာရမယ္ဆိုရင္ေလ သမီးကို ေယာက်ာ္းေလးတဦးနဲ႕
လက္ထပ္ၿပီး သားေတြသမီးေတြနဲ႕ ေပ်ာ္႐ႊင္တဲ့မိသားစုေလး
အျဖစ္ျမင္ခ်င္တာေပါ့...ဒါေပမယ့္..ေမေမ့အတြက္ေမေမ့ဆႏၵထက္ သမီးရဲ႕ ေပ်ာ္႐ႊင္မႈက ပိုအေရးႀကီးတယ္။
သမီးခ်စ္တဲ့သူနဲ႕သာ လက္တြဲခြင့္ရရင္ သမီးေပ်ာ္႐ႊင္မွာပဲေလ။ သမီးကေလ ဟိုးငယ္ငယ္ကတည္းက တျခားေမာင္ႏွမ ေတြလိုမဟုတ္ပဲ ေမေမ့စကားကိုအၿမဲနားေထာင္ခဲ့တယ္မဟုတ္လား။ ပညာေရးလည္း ပညာေရးအေလ်ာက္
သမီး ႀကိဳစားေပးခဲ့တယ္ေလ။ မိသားစုထဲမွာ
တဦးတည္းေသာ ေမြးဖြားလာခဲ့တဲ့ သမီးမိန္းကေလး
တေယာက္ ပီပီ မိဘေတြ အစ္ကိုေတြ အရွက္ရေအာင္
မ်က္ႏွာပ်က္ရေအာင္လည္း ဘယ္တုန္းကမွ မလုပ္ခဲ့ဖူးဘူး။
မိသားစုအတြက္ သမီးက ဟိုးငယ္ငယ္ကတည္းက
သမီးအလိမၼာေလးတေယာက္အျဖစ္ ဂုဏ္ယူေစခဲ့တာ။
သမီးမွာလည္း သမီးဆႏၵေတြ သမီးရဲ႕ စိတ္ခံစားခ်က္ေတြ
ရွိတာ ေမေမသိတာေပါ့။ ဒါေပမဲ့ မိသားစုအတြက္
သမီးျဖစ္ခ်င္တာေတြ လုပ္ခ်င္တာေတြကို ဖြင့္မေျပာပဲ
ေမေမတို႔ သေဘာက်အၿမဲေနေပးခဲ့တယ္ေလ။ မိသားစုအတြက္ သမီးနားလည္ေပးခဲ့တာ ေပးဆပ္ခဲ့တာေတြမ်ားပါၿပီ။ ဒါေၾကာင့္မို႔ သမီးရဲ႕ ခ်စ္ေမတၱာေရးကိုေတာ့ ေမေမ
မပိတ္ပင္လိုဘူး။သမီးသာခ်စ္တယ္ဆိုရင္ ေမေမလက္ခံေပးဖို႔အသင့္ပဲ သမီး။ အဓိကက သမီးေပ်ာ္ဖို႔ပဲ''
ထိုစကားေလးေၾကာင့္ မ်က္ဝန္းထဲမွ မ်က္ရည္ဥေလးတို႔ဟာ
ပါးျပင္ထက္သို႔ သက္ဆင္းလာရေတာ့သည္။ ငယ္စဥ္ကတည္းက သံစဥ္ သိလာသည္က ေမေမက စည္းကမ္းႀကီးသည္ ၊ စည္းစနစ္က်က်လဳပ္တတ္သည္၊ ယခုကဲ့သို႔ သားအမိႏွစ္ေယာက္ ေအးေအးေဆးေဆး ႏြေးေထြးစြာတိုင္ပင္မႈမ်ိဳး ဟူ၍ မရွိခဲ့။ စည္းစနစ္ရွိလွသည့္ မိခင္ျဖစ္သူေၾကာင့္ သံစဥ္ခမ်ာလည္း ပုံသြင္းထားသည့္ ပုံစံခြက္ဘဝနဲ႕ ရွင္သန္ခဲ့ရျခင္းျဖစ္၏။ မိခင္ျဖစ္သူကိုလည္း ရွိန္ခဲ့ရသည္။ ယခုကဲ့သို႔ ႏြေးေထြးစြာ နားလည္ေပးမႈေလးအား
သံစဥ္ အရမ္းျမတ္နိုးရပါသည္။
''ေမေမ''
ငိုသံေလးျဖင့္ ေခၚလိုက္ကာ မိခင္ျဖစ္သူအား တင္းတင္း
ၾကပ္ၾကပ္ဖက္ထားလိုက္ေတာ့သည္။ကေလးတေယာက္
လို ငိုေနသည္က မ်က္ရည္စကေလးေတြေတာင္ ေမေမ့၏ ပခုံးထက္သို႔ တေပါက္ခ်င္းက်လာ၏။ေမေမ့အား ေပြ႕ဖက္
ျခင္းဟာ ဟိုးကေလးအ႐ြယ္၌သာ ရွိခဲ့၏။ အခ်ိန္အေတာ္ၾကာမွျပန္၍ အားရစြာေပြ႕ဖက္ရေသာ ရင္ခြင္တခုပင္။
သံစဥ္ႏႈတ္ခမ္းဖ်ားမွ ေျပာလာသည့္ ေျပာခ်င္လြန္းခဲ့သည့္ စကားေလးတခြန္းက.....
''သိပ္ခ်စ္တယ္ ေမေမ''
''ေမေမလည္း ခ်စ္တာေပါ့ သမီးရယ္
ထုတ္မျပခဲ့႐ုံပါ''
မိခင္ျဖစ္သူအား ေပြ႕ဖက္ကာ ကေလးတေယာက္လိုသာ
ငိုခ်မိေတာ့သည္။ ေမေမ့ ရင္ခြင္ထဲမွာ ကေလးတေယာက္လို
ခိုလုံပါရေစ။ သားသမီး တိုင္းအတြက္ ခိုနားရာ ေအးခ်မ္းဆုံးႏွင့္ အလုံၿခဳံဆုံးရင္ခြင္ဟာ မိဘရင္ခြင္ေပါ့။
(Note: ဆရာမေတြကို မခ်စ္ပါနဲ႕ အရိုက္ခံထိလိမ့္မယ္😑
*စတာေနာ္ ဆရာမေတြက အရမ္းခ်စ္တတ္တာ*)