<Unicode>
"အဆုန!"
နှဖူးတည့်တည့်ဖောက်ဝင်သွားတဲ့ကျည်စံနဲ့အတူအဆုနကပုံကနဲလဲကျသွားတော့သည်။ထိုအချင်းရာကြောင့် သူမဖခင်နဲ့လူထွားကြီးတေကစတင်ပစ်ခတ်တော့သည်။
ဟခု ဂင်းကိုဖက်လျက်သားဖြင့်ကျည်စံလာရာကိုကျောပေးကာထားလိုက်ပီး ဂင်းရဲ့ပုခုံးကိုကျစ်နေအောင်တစ်ချက်ဖက်ကာ ဆိုဖာနောက်သို့ဆောင့်တွန်းလိုက်တော့သည်။
ကျည်စံတေကသူ့ရဲ့လက်မောင်းနဲ့ပုခုံးသားများဆီသို့လာမှန်နေတာကြောင့်နာကျင်ပေမယ့် စိတ်ကိုတင်းခံကာ လက်ထဲကသေနတ်နဲ့ပြန်ပစ်ခတ်တော့သည်။သေနတ်အပစ်ခတ်နဲ့အရှောင်တိမ်းကသူ့နဲ့မစိမ်းတာမို့ ချက်ကောင်းကိုမထိအောင်သာရှောင်ရှားရင်း တစ်ဖက်ကလူအယောက်၂၀လောက်ကိုတစ်ချက်ထဲနဲ့ပစ်သတ်နိုင်ခဲ့သည်။
မိနစ်ပိုင်းလေးအတွင်းမှာလူတေအတုန်းရုန်းသွေးသံရဲရဲနဲ့လဲကျကုန်တာကြောင့်ဂင်း ဆိုဖာနောက်မှာတောင့်တောင့်ကြီးဖြစ်ကာလန့်နေသည်။ထို့ကြောင့်သူ့ကိုသေနတ်နဲ့ချိန်ရွယ်ထားတဲ့အဆုနရဲ့ဖခင်ကိုသတိမမူမိပေ။
ဟခုပစ်ခတ်နေရင်း ဂင်းထံသေနတ်နဲ့ချိန်ထားတဲ့မြင်ကွင်းကြာက်ဘာကိုမှမတွေးနိုင်တော့ပဲလေလိုအလျှင်နဲ့ ဂင်းကိုရင်ခွင်ထဲဆွဲသွင်းပစ်ကာ သမင်လည်ပြန်လှည့်ပီး နောက်ဆုံးကျန်တဲ့ကျည်စံနဲ့ ထိုလူအားပစ်လိုက်တော့သည်။
ဒိုင်း ဒိုင်း
သေနတ်သံနှစ်ချက်နဲ့အတူအဆုနရဲ့ဖခင်ဟာလဲ ကြမ်းပြင်ပေါ်လဲကျသွားသလို ဂင်းရဲ့ပုခုံးကိုတင်းကြပ်နေအောင်ဖက်ထားတဲ့လက်တေဟာလဲပြေလျော့လာသည်။
"ဟခု!"
ဟခုရဲ့ခြေထောက်များဟာအားအင်မရှိတော့ပဲခွေကျသွားတော့သည်။ခါးရိုးနားတွင်ကျည်မှန်ရာကြီးတစ်ခုကသွေးတေဆက်တိုက်ထွက်နေတော့သည်။ဟခုနာကျင်မှုကြောင့်အသက်ကိုဖြေးဖြေးချင်းရှုနေရသည်။
"ဟခု!ဟခု ဟင့်အင်း!"
"ဂင်း~~~~"
တိုးဖျလှတဲ့အသံလေးကြောင့်ဂင်းကသူ့ခေါ်သံကိုမကြားရပဲတရှုံ့ရှုံ့ငိုနေတော့သည်။ဟခုနှစ်သိမ့်ပေးချင်ပေမယ့်လဲ သူ့မှာစကားပြောဖို့မနည်းအားယူနေရသည်။ထိုအခိုက်ဂင်းရဲ့ရင်ဘတ်နားကသွေးကွက်ကိုမြင်လိုက်ရတာကြောင့်လန့်သွားပီး စစ်ဆေးရန်လက်လှမ်းလိုက်တော့...
"ဘာ ဘာလ့ိုလဲဟင် ဟခု ဘာပြောချင်လို့လဲ"
"သွေး~~~"
ဂင်း ဟခုညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့သူ့အကျင်္ီတွင်သွေးများစွန်းထင်းနေသည်။
"ငါ့သွေးမဟုဘူး ဟင့် အဲ့တာမင်းသွေးတေ ဒီလောက်သေမလိုဖြစ်နေတာကိုငါ့ကိုလာစိတ်ပူနေတယ် သူတောင်းစားကောင်!!"
ဟခုယဲ့ယဲ့လေးပြုံးလိုက်ကာသွေးတေရဲနေတဲ့လက်ဖြင့်ဂင်းရဲ့ပါးလေးကိုအုပ်ကိုင်ကာ........
"တော်သေးတာပေါ့~~ဒီတစ်ခါမောင်မင်းကိုကယ်လိုက်နိုင်လို့~~~~"
"ဟင်?ဘာပြောလိုက်တာလဲ?"
အသံကအရမ်းတိုးတာကြောင့်ဂင်းတကယ်ဘာမှမကြားလိုက်ပါ။
"ခနတောင့်ထားနော် ငါ ငါဆေးရုံကားခေါ်ပေးမယ်!တောင့်ထားနော်!"
အိပ်ကပ်ထဲကဖုန်းကိုထုတ်ကာဆေးရုံကာခေါ်နေတဲ့ဂင်းကမျက်ရည်များတဖြိုင်ဖြိုင်ကျနေတာမို့ ခန္တာကိုယ်ကဒဏ်ရာများထက်သူ့နှလုံးသားကပိုနာလှသည်။
"ဟယ်လို ဟုတ်ကဲ့!xxxကိုအမြန်လာပေးပါ ဒီမှာ အင့် ဒီမှာဒဏ်ရာရထားတဲ့သူရှိလို့ပါ"
"ဂင်း~~"
"ဟခု တောင့်ထားပါနော် ငါဆေးရုံးကားခေါ်ထားတယ် ဘာမှမဖြစ်လိုက်ပါနဲ့ အီးဟီး!"
"ဂင်း ချစ်~~"
"စကားမပြောနဲ့ အသက်ကိုဖြေးဖြေးရှူ ဟင့် အင့်"
"ကိုယ်ချစ်..."
ဂင်းရဲ့ပါးပြင်ပေါ်ကဟခုရဲ့လက်ဟာပြုတ်ကျသွားပီးဟခုရဲ့မျက်လုံးတေကလဲမှိတ်ကျသွားတော့သည်။
"ဟခု!! ဟခု!ဟင့်အင်း!ထပါ ထပါလို့ အဟင့်"
သူလှုပ်နှိုးနေပေမယ့်ဟခုဟာပကတိငြိမ်သက်သွားပီဖြစ်သည်။
"ထပါ မောင်ရယ် ငါမဆိုးတော့ပါဘူး အီးး ငါမင်းကိုချစ်တယ်လို့!!"
(ဒီးဒီ ငါ့ကိုခန္တာကိုယ်ထဲပြန်ဝင်လို့ရအောင်လုပ်ပေး!)
(မရတော့ပါဘူးhost ဟခုကတကယ်သေသွားတာမို့လို့ပါ)
(ဒါပေမယ့် သူငိုနေတာငါမကြည့်ရက်ဘူး ငါ့ကိုကူညီပါကွာနော်)
(တစ်နည်းတော့ရှိပါတယ်host)
(ဘာလဲ!)
(ဒီကမ္ဘာကနေထွက်သွားတာပါ hostထွက်လာရင်သူ့ရဲ့ဝိဉာဉ်ကပါ hostနဲ့အတူထွက်လာမှာပါ)
(ဒါဆိုဂင်းပါသေသွားမှာလား)
(မသေပါဘူး ဓူဝံရဲ့ဝိဉာဉ်ထွက်သွားရင်မူလဂင်းရဲ့ဝိဉာဉ်ကကျန်ခဲ့မှာပါ)
(ဒါဆိုထွက်မယ်)
ဟခုထိုကမ္ဘာကနေထွက်သွားတာနဲ့ သူ့ခန္တာကိုယ်ကိုဖက်ငိုနေတဲ့ဂင်းကချက်ချင်းသတိလစ်သွားပီး အဖြူရိပ်လေးကထွက်သွားတော့သည်။
°°°°°°°°°°°°°°°°°°°°°°°°°
A/N
မုန်းတိုင်းကဒီအထိပါပဲ အမလေးရှင်တို့ကိုကြောက်လို့ကြိုပြောပြထားတာ မဟုရင်ကျောပြင်ကိုဗြောတင်ကြမဲ့သူတေချည်းပဲ ဂယ်ပဲ
plotကဒီလိုကွာ ပထမကမ္ဘာမှာukeကိုပေးသေတာက သူ့ကကိုယ့်ကိုယ်ကိုယ်သတ်သေလို့ ဝါကအပြစ်ပေးတဲ့အနေနဲ့အဲ့လိုရေးလိုက်တာ ကိုယ့်ကိုကိုယ်သတ်သေရင်ဂျပန်ငါးရာနဲ့ငါးခါခံရတတ်တယ်တဲ့ လူကြီးတေဆုံးမထားတာကြားဖူးတယ်ဟုတ်🙄
ဒုတိယမှာကsemeကိုပေးသေတယ်ဆိုတာ ဝဠ်လည်စေချင်လို့ပါ အာ့ကြောင့်ချက်ချင်းပေးမသေပဲသေနတ်ဒဏ်ကြောင့်ရတဲ့နာကျင်မှုကိုခံစားခိုင်းပီးမှသေခိုင်းလိုက်တာ မုန်တိုင်းကဒီအထိပဲ semeကအချစ်ကိုသိသွားပီ အဲ့တော့အချိုတေလာပါတော့မယ် ရိုက်မယ့်တုတ်လေးတေလွှင့်ပစ်နိုင်ပါပီလို့🤕
...............................။
<Zawgyi>
"အဆုန!"
ဒိုင်း ဒိုင်း
"ဟခု!"
"ဟခု!ဟခု ဟင့်အင်း!"
"ဂင်း~~~~"
"ဘာ ဘာလို့်လဲဟင် ဟခု ဘာပြောချင်လို့လဲ"
"သွေး~~~"
ဂင်း ဟခုညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့သူ့အကျီင်္တွင်သွေးများစွန်းထင်းနေသည်။
"ဟင်?ဘာပြောလိုက်တာလဲ?"
"ဂင်း~~"
"ဂင်း ချစ်~~"
"ကိုယ်ချစ်..."
(ဘာလဲ!)
(ဒီကမ္ဘာကနေထွက်သွားတာပါ hostထွက်လာရင်သူ့ရဲ့ဝိဥာဉ်ကပါ hostနဲ့အတူထွက်လာမှာပါ)
(မသေပါဘူး ဓူဝံရဲ့ဝိဥာဉ်ထွက်သွားရင်မူလဂင်းရဲ့ဝိဥာဉ်ကကျန်ခဲ့မှာပါ)
(ဒါဆိုထွက်မယ်)
°°°°°°°°°°°°°°°°°°°°°°°°°
A/N
...............................။