ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

Vanilla_IceCream61

996K 157K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... Еще

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199

182

2.5K 476 11
Vanilla_IceCream61

သူငယ်ချင်းဟောင်းများ ပြန်ဆုံခြင်း
...........................................

သူ၏ငယ်သားများက သူလူပျိုကြီးဘဝဖြင့် အရိုးထုတ်သွားရမည်ကို စိုးရိမ်နေကြမှန်း ယွီဝမ်ထုန်မသိပေ။ သူသာ သူတို့၏ယုံကြည်မှုနည်းပါးပုံကို သိသွားလျှင် ဒေါသထွက်ကာ ပြစ်ဒဏ်အနေဖြင့် သူတို့ကို လေ့ကျင်းရေးကွင်းထဲ၌ တစ်နေ့လုံးမတ်တပ်ရပ်ခိုင်းလိမ့်မည်။

ယွီဝမ်ထုန်က နမ်းနေရင်း မူးဝေလာသောလင်းကျန်ကို ပွေ့ချီကာ အိပ်ခန်းထဲခေါ်သွားသည်။ လင်းကျန်က ယွီဝမ်ထုန်၏ရင်ဘတ်ကို မသိစိတ်ဖြင့်ပွတ်သပ်ကာ ပါးစပ်အနည်းငယ်ဟ၍ အိပ်ပျော်နေသည်။ ယွီဝမ်ထုန်၏ရင်ခွင်မှာ နွေးထွေး၍ ဆန္ဒတစ်ခု လှုပ်ရှားထကြွနေသည်။ သူလင်းကျန်၏ နှဖူး၊ ပါးနှင့် နှုတ်ခမ်းတို့ကို ငုံ့နမ်းမိသည်။

ယနေ့ မွန်းလွဲပိုင်းမှကိစ္စက သူ့ကိုအလွန်မပျော်မရွှင်ဖြစ်စေသည်။ သူ့ဦးလေးက ပို၍ဝင်ပါလာသည်ဟု သူခံစားရသည်။ သူ့ဦးလေးကို သူ့ကိစ္စများ၌ ဝင်မပါရန် အကြိမ်အနည်းငယ်မျှ သတိပေးထားပြီးသားဖြစ်သော်လည်း သူ့ဦးလေးက ခေါင်းမာလွန်းပြီး အကြောင်းရင်းကိုနားမဝင်ချေ။ ယွီဝမ်ဖုန်းကပင် သူ့ထက်အလိုက်သိသေးသည်။ သူ့ဦးလေးက စစ်တပ်ထဲဝင်ရန်အတားခံလိုက်ရသည့်အတွက် အဖိုးကို အာဃာတထားနေကြောင်း ယွီဝမ်ထုန်သိသည်။ သူ့ဦးလေးငယ်စဉ်က စစ်မြေပြင်သုံး နည်းဗျူဟာများကိုသိ၍ စစ်ပွဲအတွင်းဂုဏ်သရေဆောင်နိုင်မည်ဟု ယုံကြည်နေပြီး စိတ်ကြီးဝင်နေသူဖြစ်သည်။ သို့သော် သူစာအုပ်များထဲမှအယူအဆများက တကယ့်စစ်ပွဲ၏ရက်စက်မှုနှင့် ထိပ်တိုက်ဆုံလျှင် လုံးဝအသုံးမဝင်ကြောင်း မသိပေ။ ထို့အပြင် ယင်းခေတ်တွင် ကြီးမြတ်သောယွဲ့တိုင်းပြည်က နိမ့်ပါးနေရာ စစ်ပွဲတိုင်းက အလွန်အရေးပါပြီး သတိမပြုမိသောအမှားအသေးစားကပင် ဤတိုင်းပြည်ကိုလက်အောက်ခံဖြစ်စေနိုင်သဖြင့် ပြည်သူများက သူ့ဦးလေးကို အမှားမှသင်ခန်းစာယူခွင့် မပြုနိုင်ချေ။ ယွီဝမ်မိသားစုထဲတွင်မူ ယွီဝမ်ထုန်၏အဖိုးနှင့်မိဘများက ရှေ့တန်းသို့ထွက်သွားကြပြီး သူ့ဦးလေးကသာ မိသားစုထောက်တိုင်အဖြစ် ကျန်ခဲ့သည်။ တိုင်းပြည်တစ်ပြည်လုံး ဟန်ချက်ထိန်းနေရချိန်တွင် သူ့ဦးလေးကို မြို့တော်တွင်နေစေခြင်းက မိသားစုမျိုးပြုတ်မသွားစေရန် အကာအကွယ်တစ်ခုဖြစ်ခဲ့သည်။ သို့ရာတွင် သူ့ဦးလေးက ဤသို့ မမြင်၊ သို့မဟုတ် မမြင်လိုဘဲ သူ့အဖိုး၏ဆုံးဖြတ်ချက်က သူ၏တစ်ဘဝလုံးကိုပျက်စီးစေကာ ယွီဝမ်ထုန်က သူ၏ဂုဏ်သတင်းကောင်းကို ယူသွားသည်ဟု တစ်ချိန်လုံးယုံကြည်နေသည်။

ထိုနှစ်တွင် ယွီဝမ်ထုန်၏အဖေက အသက်ငင်နေချိန်၌ ယွီဝမ်ထုန်အား မြို့တော်သို့ မကြာခဏပြန်ကာ သူ့ဦးလေးနှင့်အခြားမိသားစုဝင်များကို ဂရုစိုက်ရန် မှာခဲ့သည်။ ယခင်နှစ်များတွင် သူ၏ကတိကို တည်ခဲ့သည်။ သူက နယ်စပ်ဒေသများတွင် အကြာဆုံးနေသော်လည်း မြို့တော်မှ ယွီဝမ်မိသားစုစံအိမ်ကို အနီးကပ်စောင့်ကြည့်ပေးရန် လူယုံမွေးထားသည်။ ၎င်းက သူ့ဦးလေးတို့ကို ကာကွယ်ခြင်းလည်းဖြစ်သည်။ ဧကရာဇ်က သူ့ကိုကြောက်လန့်၍ သတိထားပြီးဆက်ဆံရာ ယွီဝမ်မိသားစုဝင်များကိုလည်း မယုံကြည်ဘဲ အန္တရာယ်ပေးနိုင်သည်။ ထို့ကြောင့် သူက ယွီဝမ်မိသားစုဝင်များလုံခြုံစေရန် ကာကွယ်ရသည်။

သို့ရာတွင် လတ်တလောနှစ်များ၌ သူ့ဦးလေးကလက်ရှိအခြေအနေနှင့်ပက်သက်၍ မကျေမနပ်ဖြစ်လာသည်။ ၎င်းက သူလက်ထပ်မည့်ကိစ္စတွင်ပင် ဝင်ပါလာသည်။ သူက သူနှင့်လင်းကျန်စေ့စပ်ထားသည့်ကိစ္စကို လျှို့ဝှက်ထားရုံသာမက သူလက်ထပ်မည့်ကိစ္စကို အလုံးစုံချုပ်ကိုင်နိုင်မည့်လူ ဖြစ်ရန်ပင် မျှော်လင့်နေသည်။ နောက်ဆုံးစိစစ်ရလျှင် သူကယွီဝမ်မိသားစုကို တစ်ဦးတည်းချုပ်ကိုင်ချင်ရုံသာမက ယွီဝမ်ထုန်ကိုလည်း သူ့လက်ထဲမှ လိုသလိုစေနိုင်သူဖြစ်စေချင်သည်။ ၎င်းတို့က သူ၏ရည်မှန်းချက် အငယ်စားများပင်ဖြစ်ပြီး...

ယွီဝမ်ထုန်က သူ့ဆွေမျိုး၏အဆိုးဆုံးရည်ရွယ်ချက်ကို လက်မခံလို၍ သင်ခန်းစာပေးရမည်ဟု ခံစားရသည်။ မဟုတ်လျှင် သူ့ဦးလေးမှာ ငယ်ရွယ်စဉ်ကကဲ့သို့ပင် လက်တွေ့ဘဝကိုသတိမမူမိဘဲ အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်တွင်ရှိသည်ဟု မှားယွင်းယုံကြည်ကာ ယွီဝမ်မိသားစုကို ပိုပျက်စီးစေလိမ့်မည်။

"အွန်း"

အိပ်မောကျနေသည့်လင်းကျန်က ယွီဝမ်ထုန်၏စိတ်ကြိုက်နမ်းရှုပ်နေမှုကြောင့် နိုးလာသည်။ သူက "အွန်း" ဟု မကျေမနပ်ညည်းကာ ယွီဝမ်ထုန်၏နှုတ်ခမ်းများကိုရှောင်ရန် ဘေးသို့ခေါင်းလှည့်လိုက်သည်။

ယွီဝမ်ထုန်က လင်းကျန်ကိုခေါင်းမော့ကြည့်ပြီး သူ့ခေါင်းထဲမှဒုက္ခပေးနေသောအတွေးများအားလုံး ပျောက်သွားသည်။

*****

နောက်တစ်နေ့ လင်းကျန်နိုးလာသောအခါ သူ့ခေါင်းထဲ၌ စိုးစဉ်းမျှ မသက်မသာဖြစ်နေသကဲ့သို့ ခံစားရသည်။ သူက ခေါင်းကြည်သွားစေရန် အိပ်ရာထ၍ မျက်နှာသစ်ရန်အတွက် ခါးပေါ်မှလက်ကိုဖယ်လိုက်သည်။

နိုးနေပြီဖြစ်သည့် ယွီဝမ်ထုန်က သူနိုးလာသည်ကိုတွေ့သောအခါ အိပ်ရာထဲမှထွက်ကာ မေးလိုက်သည်။ "မင်း ဒီနေ့ ယောင်ရိဆီသွားမှာလား။"

"ဟုတ်တယ်။" လင်းကျန်က ခေါင်းငုံကာ မနေ့ညမှအဖြစ်အပျက်ကို ခပ်ရေးရေးပြန်သတိရသွားသည်။ နမ်းနေရင်းအိပ်ပျော်သွားခြင်းမှာ အနည်းငယ်ရှက်စရာကောင်းသည်ဟု ခံစားရ၍ လင်းကျန်က ယွီဝမ်ထုန်ကိုမကျေမနပ်ကြည့်လိုက်သည်။ "ဖြူလေး ဘယ်မှာလဲ။"

"ကိုယ် ယောင်ရိကို ဂရုစိုက်ခိုင်းထားတယ်။"

'ကိုယ်တို့တွေ မနေ့ညက အခြေအနေကောင်းနေတာလေ။ ကိုယ်က ဖြူလေးကို ဖျက်ဆီးခွင့်ပြုမယ်ထင်လား။ အရူးမဟုတ်ဘူး။' ယွီဝမ်ထုန်ကတွေးသည်။

လင်းကျန်၏ပါးစပ်ထောင့်များတွန့်သွားသည်။ သူက အစေခံတစ်ယောက်ကို ရေပူနှင့်ပုဝါများ ယူလာခိုင်းလိုက်သည်။ မျက်နှာသစ်ပြီးနောက် များစွာသန့်ရှင်းသွားသကဲ့သို့ခံစားရသည်။

ယွီဝမ်ထုန်က လင်းကျန်၏နားထင်များကို နှိပ်ပေးရင်းပြောသည်။ "ကိုယ် သူတို့ကို ဝက်သားဆန်ပြုတ်နဲ့ မုန်ညှင်းကြော်ပြင်ခိုင်းထားတယ်။"

မနေ့ညတွင် သူတို့ပအရက်အနည်းငယ်သောက်ထားရာ ပေါ့ပါးသောမနက်စာစားခြင်းက အကောင်းဆုံးဖြစ်မည်ဟု သူယုံကြည်သည်။

မနက်စာအဆင်သင့်မဖြစ်သေးရာ လင်းကျန်က လေ့ကျင့်ရေးကွင်းသို့သွား၍ နှစ်နာရီမျှ အတိုက်အခိုက်လေ့ကျင့်ခဲ့သည်။ ထို့နောက် သူက အဝတ်ပြန်လဲကာ ယွီဝမ်ထုန်နှင့်အတူ မနက်စာစားသည်။

ထိုင်ပြီးမှသာ လင်းကျန်က သူမေ့နေမိသောကိစ္စကို သတိရသည်။ သူက ယွီဝမ်ထုန်ကို မေးလိုက်၏။ "ခင်ဗျားမှာ ဒီနေ့သွားစရာရှိလား။"

"ကိုယ် စစ်ဌာနကို အရင်သွားပြီး နန်းတော်ထဲဝင်ရမယ်။ ညဘက်အထိ ပြန်မလာနိုင်ဘူးထင်တယ်။"

"ဒါဆိုရင် ကျွန်တော်အဲ့ဒါကိုညမှ ပြောမယ်။"

ယွီဝမ်ထုန်က ညရောက်လျှင်သိရမည့်အတွက် မမေးတော့ချေ။

လင်းကျန်က အပြင်မထွက်ခင်တွင် လျှိုရိကိုခေါ်လိုက်သည်။ "အစ်ကိုလျှို၊ အဲ့ဒီကွန်ဖူးပညာရှင်ရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ကို ရှာဖို့လိုတယ်လို့ ပြောဖူးတယ်နော်။ အဲ့ဒါကအရေးကြီးရင် အစ်ကိုသွားရှာလို့ရတယ်။"

"သခင်လေးရဲ့ ငဲ့ညှာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီနေ့ပဲသွားစုံစမ်းလိုက်ပါ့မယ်။" လျှိုရိကပြောသည်။

လင်းကျန်ကခေါင်းညှိတ်သည်။ သူကအခိုက်အတန့်မျှ တွေးပြီးနောက် မှာလိုက်သည်။ "ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါ။"

လျှိုရိက စိတ်ပါလက်ပါပြန်ပြောသည်။ "စိတ်ချပါသခင်လေး၊ ကျွန်တော် သတိထားပါ့မယ်။"

'ငါအဲ့ဒီလူကိုဘယ်မှာသွားရှာမှာလဲလို့ သခင်လေးကမမေးဘူး။ ငါတို့က မြို့တော်ကိုရောက်ခါစပဲ ရှိသေးတာဆိုတော့ ဆင်ဆင်ခြင်ခြင်နေရမယ်။ ဒါ သခင်လေးက ငါ့ကိုဘယ်လောက်ယုံကြည်တယ်ဆိုတာ ပြတာပဲ။ ငါအပြင်ရောက်ရင် သတိထားရမယ်။ ကွန်ဖူးပညာရှင်ရဲ့သူငယ်ချင်းဟောင်းကို ရှာတာက တော်တော်အရေးကြီးတဲ့ကတိဆိုပေမဲ့ သခင်လေးရဲ့လုံခြုံရေးကို ယှဉ်တွေးရမယ်။' လျှိုရိကတွေးသည်။

*****

"ထောင်ရိရေ၊ တော်လောက်ပြီလေ။ မင်း အဝတ်ဘယ်နှစုံတောင် စမ်းဝတ်ကြည့်နေတာလဲ။ မင်းက ဇာတိမြေကသူငယ်ချင်းကို သွားတွေ့ရုံပဲနော်။ ရည်းစားနဲ့သွားတွေ့မှာမဟုတ်ဘူး။ ဒီလိုလုပ်ဖို့ လိုလို့လား။"

ထောင်ရိက အဝတ်များကိုချွတ်ကာ နောက်တစ်စုံဝတ်ပြီး ပြောသည်။ "သူက ဇာတိမြေက ရိုးရိုးသူငယ်ချင်းမှမဟုတ်တာ။"

'လင်းကျန်က စစ်သူကြီးနဲ့စေ့စပ်ထားတာဆိုတော့ တစ်နေ့ကျရင် သူတို့တွေလက်ထပ်ပြီး စစ်သူကြီးကတော်ဖြစ်လာမှာပဲ။ ငါ ကောင်းကောင်းမွန်မွန် ဝတ်စားသွားတာက လင်းကျန်ကို ဂုဏ်တက်စေတယ်။ လင်းကျန်ကို အခြားလူတွေက စုတ်စုတ်ပြတ်ပြတ်လူနဲ့ ပက်သက်နေတယ်လို့ ပြောခွင့်မပြုနိုင်ဘူး။ အဲ့လိုဆို လင်းကျန်ရဲ့ဂုဏ်သတင်းကို တော်တော်ပျက်စီးစေလိမ့်မယ်။' သူကတွေးသည်။

ရလဒ်အနေဖြင့် လင်းကျန်မှာ ထောင်ရိအားတွေ့သောအခါ ထောင်ရိ၏ထူးထူးခြားခြားထည်ဝါသောအဝတ်များကြောင့် ကြက်သေသေလုနီးပါးဖြစ်သွားသည်။

"အစ်ကိုထောင်၊ ဘာလို့ဒီလိုဝတ်ထားတာလဲ။" လင်းကျန်က သူ့ကိုအံ့အားသင့်စွာမေးလိုက်သည်။

ထောင်ရိက ပျော်ရွှင်စွာပြန်ပြောသည်။ "မင်း ဘယ်လိုထင်လဲ။ ငါက မင်းနဲ့လိုက်အောင်လို့ စနစ်တကျဝတ်လာတာ။"

လင်းကျန်က ထောင်ရိ စဉ်းစဉ်းစားစားလုပ်လာသည်ကို ချက်ချင်းသဘောပေါက်ကာ ကျေနပ်သွားသည်။ "ကျေးဇူးအများကြီးတင်ပါတယ်။ အစ်ကိုထောင်က တအားစဉ်းစားတတ်တယ်။"

"ရပါတယ်။ ငါတို့က သူငယ်ချင်းတွေပဲ။" ထောင်ရိက ကိုယ့်ရင်ဘတ်ကိုယ်ပုတ်ကာ ပြောသည်။ သို့သော် ချက်ချင်းပင် သူ့မျက်နှာထားပြောင်းသွားကာ လင်းကျန်ကို စူးစိုက်ကြည့်၍ ဝေဖန်သည်။ "ဟင့်အင်း၊ ငါ့မှာမင်းနဲ့ ရှင်းစရာအကြွေးရှိသေးတယ်။ မင်းက မရိုးသားတဲ့ မကောင်းဆိုးဝါးအိုကြီးပဲ။ ထန်းယန်မှာ မင်း ငါ့ကိုဒီအကြောင်း တစ်ခွန်းမှမပြောဘူး။ ငါ မင်းအတွက်စဉ်းစားပြီး စစ်သူကြီးယွီဝမ်ကိုတွေ့ဖို့ မြို့တော်ကို အတူလိုက်မလားလို့မေးပေမဲ့ မင်းကတော့ စစ်သူကြီးယွီဝမ်က မင်းအိမ်မှာရောက်နေတယ်ဆိုတာကို အရိပ်အမြွက်ကလေးတောင်မပေးဘူး။ ငါ မိုင်ထောင်ချီခရီးနှင်လာပြီး ဒီရောက်မှ စစ်သူကြီးကထန်းယန်မှာရှိနေတာကို သိရတယ်။ ငါမိုင်ထောင်ချီခရီးဆက်ပြီးပင်ပန်းလာရတာအတွက် မင်းဘယ်လိုပြန်လျော်မလဲ။ မင်းရဲ့အဖြေက ကျေနပ်စရာမကောင်းရင် ငါလွယ်လွယ်နဲ့ခွင့်မလွှတ်ပေးဘူးနော်။"

အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားနေရသည့် လင်းကျန်က ညှိနှိုင်းပေးသည်။ "အစ်ကို ဘယ်လိုလျော်ကြေးမျိုးလိုချင်လဲ ပြောလေ။ ကျွန်တော် တတ်နိုင်သမျှလုပ်ပေးမယ်။"

ထောင်ရိ၏မျက်နှာပေါ်တွင် ပန်းပွင့်ကဲ့သို့လင်းလက်သောအပြုံးကြီးပေါ်လာသည်။ "ငါ စစ်သူကြီးယွီဝမ်နဲ့ တွေ့ချင်တယ်။"

ထောင်ရိက ထိုသို့သောလျော်ကြေးလိုလိုချင်နေသည့်အတွက် လင်းကျန် မအံ့ဩပေ။ သူက ခေတ္တမျှတွေးပြီးနောက် ပြောလိုက်သည်။ "ကောင်းပါပြီ။ ဒါပေမဲ့ ယွီဝမ်ထုန်အားတဲ့အချိန်ထိတော့ စောင့်ရမယ်။ သူက မြို့တော်ကိုပြန်ရောက်ခါစပဲ ရှိသေးတာဆိုတော့ အလုပ်တော်တော်များနေတယ်။"

သဘာဝကျစွာပင် ထောင်ရိကလည်း မဆန့်ကျင်ပေ။ သူက လင်းကျန် ကတိဖျက်မည်ကိုစိုးရိမ်၍ ချက်ချင်းနီးပါးသဘောတူလိုက်သည်။ သို့သော်...

"မင်းက စစ်သူကြီးကို နာမည်အပြည့်အစုံ ခေါ်တာလား။"

လင်းကျန်က သူ့ကိုအံ့ဩစွာကြည့်လိုက်သည်။ "ကျွန်တော် မခေါ်သင့်ဘူးလား။ ဒါဆို ကျွန်တော်က သူ့ကို'ယွီဝမ်ထုန်'လို့မခေါ်ဘဲ ဘယ်လိုခေါ်ရမှာလဲ။"

ထောင်ရိမှာ ခေတ္တမျှ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ထို့နောက် သူက လက်လျှော့ထားသောလေသံဖြင့် ပြောသည်။ "မင်းက ငါ့ကိုအဲ့အပိုင်းမှာ စိတ်ထိခိုက်စေတယ်။ မင်းတို့နှစ်ယောက်က လက်ထပ်တော့မယ်လို့ ငါမထင်ထားဘူး။ အား၊ အား၊ အား ငါဒါကို လက်မခံနိုင်ဘူး။ ငါ့ရဲ့မျိုးရိုးနာမည်က ဘာလို့လင်းမဟုတ်တာလဲ။"

လင်းကျန်က ပြောစရာမဲ့သွားသည်။

သူက ထောင်ရိကို မျက်လုံးမှေး၍ကြည့်လိုက်သည်။ "ခင်ဗျား ဘာပြောတယ်။ ကျွန်တော်နဲ့ ပြိုင်ချင်တာလား။"

ထောင်ရိက အမူပိုစွာ ပြန်ပြောသည်။ "ငါက ရုပ်ရည်ချောမောပြီး ထူးခြားတဲ့လူပါ။ မြို့တော်မှာရှိတဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ဆိုလည်း ဟုတ်တယ်။ ငါ့ကိုလက်ထပ်ရမဲ့လူက သူ့ဘိုးဘေးတွေရဲ့ဝိညာဉ်တွေ ကိုယ်ထင်ပြပြီး တအားကောင်းချီးပေးခံထားတာဖြစ်ရမယ်။"

လင်းကျန်၏နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ "ကောင်းပြီလေ။ ဒါဆို ကျွန်တော် အစ်ကို့ကို ယွီဝမ်ထုန်နဲ့မိတ်ဆက်ပေးပြီး သူ့ရဲ့ဘိုးဘေးရဲ့ဝိညာဉ်က ကိုယ်ထင်ပြလာမလားကြည့်ရအောင်။"

ထောင်ရိက သူ၏မူယာမာယာများသောမျက်နှာထားကို မြန်မြန်ဖျက်လိုက်သည်။ "ဟင့်အင်း၊ ဟင့်အင်း၊ ငါက စနေတာပါကွာ။ ငါ့စကားကို အတည်မယူပါနဲ့။ စစ်သူကြီးက ငါ့ကို သေလောက်အောင် ကန်လိုက်လိမ့်မယ်။"

"မဖြစ်နိုင်ပါဘူး။ ဘယ်လိုပဲဆိုဆို အစ်ကိုက ရုပ်ရည်ချောမောပြီး နည်းနည်းပဲရှိတဲ့ ပါရမီရှင်တွေထဲက တစ်ယောက်လေ။"

ထောင်ဖန်းမှာ ထပ်၍တောင်းပန်ရပြန်သည်။ လင်းကျန် ကျေနပ်သွားမှသာ သူကသက်ပြင်းချမိသည်။ "ဒါနဲ့ ငါ့ဆီကို ပစ္စည်းတွေ မနေ့ကရောက်လာတယ်။ ဆရာက ငါ့ကို သူ့အစားကျေးဇူးတင်ပါတယ်လို့ ပြောခိုင်းလိုက်တယ်။"

လင်းကျန်က ပြန်ပြောသည်။ "ဆရာကြီးရဲ့ ကျေးဇူးကို ကျွန်တော် မယူထိုက်ပါဘူး။ ကျွန်တော်က ဒီပစ္စည်းတွေကို လမ်းကြုံသယ်လာပေးရုံပဲ။ အစ်ကိုတို့မိသားစုရဲ့ လှည်းမောင်းသမားရော။ သူပြန်သွားပြီလား။"

"ဟင့်အင်း။ သူ့ကို အဖေက ငါ့ကိုကူညီဖို့ မှာလိုက်တယ်။" ထောင်ရိက ပြောသည်။ အခိုက်အတန့်မျှတွေးပြီးနောက် သူကတစ်စုံတစ်ခုကို ခပ်တိုးတိုးမေးသည်။ "မင်း မြို့တော်ထဲဝင်တဲ့နေ့တုန်းက မြို့တံခါးနားမှာနဲ့ နန်းတော်ထဲမှာဖြစ်ခဲ့တဲ့ကိစ္စတွေအကြောင်းကို ငါကြားထားတယ်။ မင်း ပြဿနာတော့ တက်မနေဘူးမလား။"

လင်းကျန်က ပြန်ပြောသည်။ "ကျွန်တော် အဆင်ပြေပါတယ်။ တခြားလူတွေသာ ပြဿနာတက်နေတာ။"

ယောင်ရိကပြုံးသည်။ "အဲ့ဒီကြိုဆိုပွဲမှာ မင်းကတော်တော် စကားပြောကောင်းပြီး တခြားလူတွေကျောလို့မရဘူးလို့ ငါ့ဆရာပြောတယ်။"

လင်းကျန်က အနည်းငယ်ရှက်သွားသည်။ 'ဒါ ငါက ဆရာကြီးရဲ့အမြင်မှာ အထင်အမြင်မကောင်းဘူးလို့ ဆိုလိုတာလား။'

ယောင်ရိက သူ့ကို နှစ်သိမ့်ပေးသည်။ "ငါ့ဆရာက ဇာချဲ့တတ်တဲ့လူ မဟုတ်ပါဘူးကွာ။ မင်းဝေဖန်တာက အခြေခိုင်ပြီး အားအပြည့်ပဲလို့ ပြောတယ်။ သူက မင်းအဲ့မှာပြောတာကိုထောက်ခံတယ်လို့ ငါထင်တယ်။"

'တကယ်လား။' လင်းကျန်က ပိုရှက်သွားသည်။

"မင်းနဲ့ ယွီဝမ်မိသားစုကော ဘယ်...ဘယ်လိုနေလဲ။ မင်းဒါကိုတော့ သိမယ်မထင်ဘူး။ မနေ့ညက မင်းတို့နှစ်ယောက် ယွီဝမ်မိသားစုစံအိမ်ကနေ စောစောထွက်သွားတာကို တစ်မြို့လုံးသိသွားပြီ။ ယွီဝမ်ကျီက မင်းကိုအဲ့ဒီမှာ ရမယ်ရှာခဲ့လို့လား။" ထောင်ရိကမေးသည်။

လင်းကျန်က အနည်းငယ်မျက်မှောင်ကြုတ်သည်။ "အဲ့ဒါကို မြို့တော်တစ်ခုလုံး သိသွားပြီလား။"

ထောင်ရိကခေါင်းညှိတ်ပြကာ လေးနက်သောလေသံဖြင့် ဝေဖန်သည်။ "ဒါက မြို့တော်မှာနေရတာရဲ့ မကောင်းတဲ့အချက်ပဲ။ ဒီမှာက သတင်းပျံ့မြန်တယ်။ အထူးသဖြင့် မင်းလိုထူးခြားတဲ့လူရဲ့ သတင်းပေါ့။ မင်း ဒီမြို့ထဲမှာနေရင် လှုပ်ရှားမှုတိုင်းကို သတိထားရမယ်။ မဟုတ်ရင် မင်းကိုစောင့်ကြည့်နေတဲ့ မျက်လုံးပမာဏကြောင့် အံ့ဩသွားလိမ့်မယ်။"

လင်းကျန်က ပြန်ပြောသည်။ "ကျေးဇူးပါ၊ အစ်ကိုထောင်၊ ကျွန်တော် သတိထားပါ့မယ်။"

'ဒါပေမဲ့ ကျွန်တော် ဘယ်လောက်သတိထားထား ဖြစ်လာရမဲ့ကိစ္စက ဖြစ်လာမှာကို ကျွန်တော်စိုးရိမ်တယ်။' သူကတွေးသည်။

'ဒါဆို ယွီဝမ်မိသားစုစံအိမ်ထဲမှာ ဘာဖြစ်ခဲ့တာလဲဆိုတာ ငါမေးလို့ရလား။" ထောင်ရိက စပ်စပ်စုစုဖြင့် မေးသည်။

လင်းကျန်က ပြုံး၍ပြန်ပြောသည်။ "ဘာမှ မထူးခြားပါဘူး။ ယွိဝမ်ထုန့်မှာ သွားစရာတစ်ခုရှိလို့ ကျွန်တော်တို့တွေ စောစောပြန်ခဲ့တာ။"

ထောင်ရိက ယုံကြည်သလားဆိုသည်ကို မပြောနိုင်သော်လည်း ဤသို့ထိခိုက်လွယ်သောအခြေအနေတွင် မည်သို့ပြုမူရမည်မှန်း သူသိသည်။ ထိုအစား သူက ဆက်မေးသည်။ "ထန်းယန်မှာတုန်းက ငါယွီဝမ်မိသားစုရဲ့အကြောင်းကို ပြောဖူးတာ မှတ်မိသေးလား။"

"ကျွန်တော် မှတ်မိတယ်။"

"ငါ အဲ့လိုကြားရတာ ဝမ်းသာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့အခုအခြေအနေကိုသိပြီး လုပ်ရမဲ့ဟာကိုသိမယ်လို့ ငါယုံတယ်။ အားလုံးခြုံကြည့်ရရင်...ဘုရားရေ၊ မင်းက မြို့တော်ကိုတောင်ရောက်ပြီဆိုတော့ စစ်သူကြီးနဲ့လက်ထပ်ဖို့တကယ်ဆန္ဒရှိမှာပေါ့။ စစ်သူကြီးက မင်းရဲ့အင်အားအကြီးဆုံးနောက်ခံပဲ။ သူ့ကိုတင်းတင်းဆုပ်ကိုင်ထားရမယ်။ မင်းဘက်မှာစစ်သူကြီးရှိရင် ဘယ်သူမှ မင်းကိုအန္တရာယ်ပြုရဲမှာမဟုတ်ဘူး။ တစ်ခုခုဖြစ်လာရင် ငါ့ဆီလာလို့ရတယ်။ ငါလုပ်နိုင်တာသိပ်မရှိပေမဲ့ တစ်ခုခုတော့ အဖြေကူရှာပေးလို့ရတယ်။"

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

သူငယ္ခ်င္းေဟာင္းမ်ား ျပန္ဆုံျခင္း
...........................................

သူ၏ငယ္သားမ်ားက သူလူပ်ိဳႀကီးဘဝျဖင့္ အရိုးထုတ္သြားရမည္ကို စိုးရိမ္ေနၾကမွန္း ယြီဝမ္ထုန္မသိေပ။ သူသာ သူတို႔၏ယုံၾကည္မႈနည္းပါးပုံကို သိသြားလွ်င္ ေဒါသထြက္ကာ ျပစ္ဒဏ္အေနျဖင့္ သူတို႔ကို ေလ့က်င္းေရးကြင္းထဲ၌ တစ္ေန႕လုံးမတ္တပ္ရပ္ခိုင္းလိမ့္မည္။

ယြီဝမ္ထုန္က နမ္းေနရင္း မူးေဝလာေသာလင္းက်န္ကို ေပြ႕ခ်ီကာ အိပ္ခန္းထဲေခၚသြားသည္။ လင္းက်န္က ယြီဝမ္ထုန္၏ရင္ဘတ္ကို မသိစိတ္ျဖင့္ပြတ္သပ္ကာ ပါးစပ္အနည္းငယ္ဟ၍ အိပ္ေပ်ာ္ေနသည္။ ယြီဝမ္ထုန္၏ရင္ခြင္မွာ ႏြေးေထြး၍ ဆႏၵတစ္ခု လႈပ္ရွားထႂကြေနသည္။ သူလင္းက်န္၏ ႏွဖူး၊ ပါးႏွင့္ ႏႈတ္ခမ္းတို႔ကို ငုံ႕နမ္းမိသည္။

ယေန႕ မြန္းလြဲပိုင္းမွကိစၥက သူ႕ကိုအလြန္မေပ်ာ္မ႐ႊင္ျဖစ္ေစသည္။ သူ႕ဦးေလးက ပို၍ဝင္ပါလာသည္ဟု သူခံစားရသည္။ သူ႕ဦးေလးကို သူ႕ကိစၥမ်ား၌ ဝင္မပါရန္ အႀကိမ္အနည္းငယ္မွ် သတိေပးထားၿပီးသားျဖစ္ေသာ္လည္း သူ႕ဦးေလးက ေခါင္းမာလြန္းၿပီး အေၾကာင္းရင္းကိုနားမဝင္ေခ်။ ယြီဝမ္ဖုန္းကပင္ သူ႕ထက္အလိုက္သိေသးသည္။ သူ႕ဦးေလးက စစ္တပ္ထဲဝင္ရန္အတားခံလိုက္ရသည့္အတြက္ အဖိုးကို အာဃာတထားေနေၾကာင္း ယြီဝမ္ထုန္သိသည္။ သူ႕ဦးေလးငယ္စဥ္က စစ္ေျမျပင္သုံး နည္းဗ်ဴဟာမ်ားကိုသိ၍ စစ္ပြဲအတြင္းဂုဏ္သေရေဆာင္နိုင္မည္ဟု ယုံၾကည္ေနၿပီး စိတ္ႀကီးဝင္ေနသူျဖစ္သည္။ သို႔ေသာ္ သူစာအုပ္မ်ားထဲမွအယူအဆမ်ားက တကယ့္စစ္ပြဲ၏ရက္စက္မႈႏွင့္ ထိပ္တိုက္ဆုံလွ်င္ လုံးဝအသုံးမဝင္ေၾကာင္း မသိေပ။ ထို႔အျပင္ ယင္းေခတ္တြင္ ႀကီးျမတ္ေသာယြဲ႕တိုင္းျပည္က နိမ့္ပါးေနရာ စစ္ပြဲတိုင္းက အလြန္အေရးပါၿပီး သတိမျပဳမိေသာအမွားအေသးစားကပင္ ဤတိုင္းျပည္ကိုလက္ေအာက္ခံျဖစ္ေစနိုင္သျဖင့္ ျပည္သူမ်ားက သူ႕ဦးေလးကို အမွားမွသင္ခန္းစာယူခြင့္ မျပဳနိုင္ေခ်။ ယြီဝမ္မိသားစုထဲတြင္မူ ယြီဝမ္ထုန္၏အဖိုးႏွင့္မိဘမ်ားက ေရွ႕တန္းသို႔ထြက္သြားၾကၿပီး သူ႕ဦးေလးကသာ မိသားစုေထာက္တိုင္အျဖစ္ က်န္ခဲ့သည္။ တိုင္းျပည္တစ္ျပည္လုံး ဟန္ခ်က္ထိန္းေနရခ်ိန္တြင္ သူ႕ဦးေလးကို ၿမိဳ႕ေတာ္တြင္ေနေစျခင္းက မိသားစုမ်ိဳးျပဳတ္မသြားေစရန္ အကာအကြယ္တစ္ခုျဖစ္ခဲ့သည္။ သို႔ရာတြင္ သူ႕ဦးေလးက ဤသို႔ မျမင္၊ သို႔မဟုတ္ မျမင္လိုဘဲ သူ႕အဖိုး၏ဆုံးျဖတ္ခ်က္က သူ၏တစ္ဘဝလုံးကိုပ်က္စီးေစကာ ယြီဝမ္ထုန္က သူ၏ဂုဏ္သတင္းေကာင္းကို ယူသြားသည္ဟု တစ္ခ်ိန္လုံးယုံၾကည္ေနသည္။

ထိုႏွစ္တြင္ ယြီဝမ္ထုန္၏အေဖက အသက္ငင္ေနခ်ိန္၌ ယြီဝမ္ထုန္အား ၿမိဳ႕ေတာ္သို႔ မၾကာခဏျပန္ကာ သူ႕ဦးေလးႏွင့္အျခားမိသားစုဝင္မ်ားကို ဂ႐ုစိုက္ရန္ မွာခဲ့သည္။ ယခင္ႏွစ္မ်ားတြင္ သူ၏ကတိကို တည္ခဲ့သည္။ သူက နယ္စပ္ေဒသမ်ားတြင္ အၾကာဆုံးေနေသာ္လည္း ၿမိဳ႕ေတာ္မွ ယြီဝမ္မိသားစုစံအိမ္ကို အနီးကပ္ေစာင့္ၾကည့္ေပးရန္ လူယုံေမြးထားသည္။ ၎က သူ႕ဦးေလးတို႔ကို ကာကြယ္ျခင္းလည္းျဖစ္သည္။ ဧကရာဇ္က သူ႕ကိုေၾကာက္လန့္၍ သတိထားၿပီးဆက္ဆံရာ ယြီဝမ္မိသားစုဝင္မ်ားကိုလည္း မယုံၾကည္ဘဲ အႏၱရာယ္ေပးနိုင္သည္။ ထို႔ေၾကာင့္ သူက ယြီဝမ္မိသားစုဝင္မ်ားလုံၿခဳံေစရန္ ကာကြယ္ရသည္။

သို႔ရာတြင္ လတ္တေလာႏွစ္မ်ား၌ သူ႕ဦးေလးကလက္ရွိအေျခအေနႏွင့္ပက္သက္၍ မေက်မနပ္ျဖစ္လာသည္။ ၎က သူလက္ထပ္မည့္ကိစၥတြင္ပင္ ဝင္ပါလာသည္။ သူက သူႏွင့္လင္းက်န္ေစ့စပ္ထားသည့္ကိစၥကို လွ်ို႔ဝွက္ထား႐ုံသာမက သူလက္ထပ္မည့္ကိစၥကို အလုံးစုံခ်ဳပ္ကိုင္နိုင္မည့္လူ ျဖစ္ရန္ပင္ ေမွ်ာ္လင့္ေနသည္။ ေနာက္ဆုံးစိစစ္ရလွ်င္ သူကယြီဝမ္မိသားစုကို တစ္ဦးတည္းခ်ဳပ္ကိုင္ခ်င္႐ုံသာမက ယြီဝမ္ထုန္ကိုလည္း သူ႕လက္ထဲမွ လိုသလိုေစနိုင္သူျဖစ္ေစခ်င္သည္။ ၎တို႔က သူ၏ရည္မွန္းခ်က္ အငယ္စားမ်ားပင္ျဖစ္ၿပီး...

ယြီဝမ္ထုန္က သူ႕ေဆြမ်ိဳး၏အဆိုးဆုံးရည္႐ြယ္ခ်က္ကို လက္မခံလို၍ သင္ခန္းစာေပးရမည္ဟု ခံစားရသည္။ မဟုတ္လွ်င္ သူ႕ဦးေလးမွာ ငယ္႐ြယ္စဥ္ကကဲ့သို႔ပင္ လက္ေတြ႕ဘဝကိုသတိမမူမိဘဲ အရာအားလုံးက သူ၏ထိန္းခ်ဳပ္မႈေအာက္တြင္ရွိသည္ဟု မွားယြင္းယုံၾကည္ကာ ယြီဝမ္မိသားစုကို ပိုပ်က္စီးေစလိမ့္မည္။

"အြန္း"

အိပ္ေမာက်ေနသည့္လင္းက်န္က ယြီဝမ္ထုန္၏စိတ္ႀကိဳက္နမ္းရႈပ္ေနမႈေၾကာင့္ နိုးလာသည္။ သူက "အြန္း" ဟု မေက်မနပ္ညည္းကာ ယြီဝမ္ထုန္၏ႏႈတ္ခမ္းမ်ားကိုေရွာင္ရန္ ေဘးသို႔ေခါင္းလွည့္လိုက္သည္။

ယြီဝမ္ထုန္က လင္းက်န္ကိုေခါင္းေမာ့ၾကည့္ၿပီး သူ႕ေခါင္းထဲမွဒုကၡေပးေနေသာအေတြးမ်ားအားလုံး ေပ်ာက္သြားသည္။

*****

ေနာက္တစ္ေန႕ လင္းက်န္နိုးလာေသာအခါ သူ႕ေခါင္းထဲ၌ စိုးစဥ္းမွ် မသက္မသာျဖစ္ေနသကဲ့သို႔ ခံစားရသည္။ သူက ေခါင္းၾကည္သြားေစရန္ အိပ္ရာထ၍ မ်က္ႏွာသစ္ရန္အတြက္ ခါးေပၚမွလက္ကိုဖယ္လိုက္သည္။

နိုးေနၿပီျဖစ္သည့္ ယြီဝမ္ထုန္က သူနိုးလာသည္ကိုေတြ႕ေသာအခါ အိပ္ရာထဲမွထြက္ကာ ေမးလိုက္သည္။ "မင္း ဒီေန႕ ေယာင္ရိဆီသြားမွာလား။"

"ဟုတ္တယ္။" လင္းက်န္က ေခါင္းငုံကာ မေန႕ညမွအျဖစ္အပ်က္ကို ခပ္ေရးေရးျပန္သတိရသြားသည္။ နမ္းေနရင္းအိပ္ေပ်ာ္သြားျခင္းမွာ အနည္းငယ္ရွက္စရာေကာင္းသည္ဟု ခံစားရ၍ လင္းက်န္က ယြီဝမ္ထုန္ကိုမေက်မနပ္ၾကည့္လိုက္သည္။ "ျဖဴေလး ဘယ္မွာလဲ။"

"ကိုယ္ ေယာင္ရိကို ဂ႐ုစိုက္ခိုင္းထားတယ္။"

'ကိုယ္တို႔ေတြ မေန႕ညက အေျခအေနေကာင္းေနတာေလ။ ကိုယ္က ျဖဴေလးကို ဖ်က္ဆီးခြင့္ျပဳမယ္ထင္လား။ အ႐ူးမဟုတ္ဘူး။' ယြီဝမ္ထုန္ကေတြးသည္။

လင္းက်န္၏ပါးစပ္ေထာင့္မ်ားတြန့္သြားသည္။ သူက အေစခံတစ္ေယာက္ကို ေရပူႏွင့္ပုဝါမ်ား ယူလာခိုင္းလိုက္သည္။ မ်က္ႏွာသစ္ၿပီးေနာက္ မ်ားစြာသန့္ရွင္းသြားသကဲ့သို႔ခံစားရသည္။

ယြီဝမ္ထုန္က လင္းက်န္၏နားထင္မ်ားကို ႏွိပ္ေပးရင္းေျပာသည္။ "ကိုယ္ သူတို႔ကို ဝက္သားဆန္ျပဳတ္နဲ႕ မုန္ညွင္းေၾကာ္ျပင္ခိုင္းထားတယ္။"

မေန႕ညတြင္ သူတို႔ပအရက္အနည္းငယ္ေသာက္ထားရာ ေပါ့ပါးေသာမနက္စာစားျခင္းက အေကာင္းဆုံးျဖစ္မည္ဟု သူယုံၾကည္သည္။

မနက္စာအဆင္သင့္မျဖစ္ေသးရာ လင္းက်န္က ေလ့က်င့္ေရးကြင္းသို႔သြား၍ ႏွစ္နာရီမွ် အတိုက္အခိုက္ေလ့က်င့္ခဲ့သည္။ ထို႔ေနာက္ သူက အဝတ္ျပန္လဲကာ ယြီဝမ္ထုန္ႏွင့္အတူ မနက္စာစားသည္။

ထိုင္ၿပီးမွသာ လင္းက်န္က သူေမ့ေနမိေသာကိစၥကို သတိရသည္။ သူက ယြီဝမ္ထုန္ကို ေမးလိုက္၏။ "ခင္ဗ်ားမွာ ဒီေန႕သြားစရာရွိလား။"

"ကိုယ္ စစ္ဌာနကို အရင္သြားၿပီး နန္းေတာ္ထဲဝင္ရမယ္။ ညဘက္အထိ ျပန္မလာနိုင္ဘူးထင္တယ္။"

"ဒါဆိုရင္ ကြၽန္ေတာ္အဲ့ဒါကိုညမွ ေျပာမယ္။"

ယြီဝမ္ထုန္က ညေရာက္လွ်င္သိရမည့္အတြက္ မေမးေတာ့ေခ်။

လင္းက်န္က အျပင္မထြက္ခင္တြင္ လွ်ိုရိကိုေခၚလိုက္သည္။ "အစ္ကိုလွ်ို၊ အဲ့ဒီကြန္ဖူးပညာရွင္ရဲ႕ သူငယ္ခ်င္းေဟာင္းတစ္ေယာက္ကို ရွာဖို႔လိုတယ္လို႔ ေျပာဖူးတယ္ေနာ္။ အဲ့ဒါကအေရးႀကီးရင္ အစ္ကိုသြားရွာလို႔ရတယ္။"

"သခင္ေလးရဲ႕ ငဲ့ညွာမႈအတြက္ ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္ ဒီေန႕ပဲသြားစုံစမ္းလိုက္ပါ့မယ္။" လွ်ိုရိကေျပာသည္။

လင္းက်န္ကေခါင္းညွိတ္သည္။ သူကအခိုက္အတန့္မွ် ေတြးၿပီးေနာက္ မွာလိုက္သည္။ "ကိုယ့္ကိုယ္ကိုယ္လည္း ဂ႐ုစိုက္ပါ။"

လွ်ိုရိက စိတ္ပါလက္ပါျပန္ေျပာသည္။ "စိတ္ခ်ပါသခင္ေလး၊ ကြၽန္ေတာ္ သတိထားပါ့မယ္။"

'ငါအဲ့ဒီလူကိုဘယ္မွာသြားရွာမွာလဲလို႔ သခင္ေလးကမေမးဘူး။ ငါတို႔က ၿမိဳ႕ေတာ္ကိုေရာက္ခါစပဲ ရွိေသးတာဆိုေတာ့ ဆင္ဆင္ျခင္ျခင္ေနရမယ္။ ဒါ သခင္ေလးက ငါ့ကိုဘယ္ေလာက္ယုံၾကည္တယ္ဆိုတာ ျပတာပဲ။ ငါအျပင္ေရာက္ရင္ သတိထားရမယ္။ ကြန္ဖူးပညာရွင္ရဲ႕သူငယ္ခ်င္းေဟာင္းကို ရွာတာက ေတာ္ေတာ္အေရးႀကီးတဲ့ကတိဆိုေပမဲ့ သခင္ေလးရဲ႕လုံၿခဳံေရးကို ယွဥ္ေတြးရမယ္။' လွ်ိုရိကေတြးသည္။

*****

"ေထာင္ရိေရ၊ ေတာ္ေလာက္ၿပီေလ။ မင္း အဝတ္ဘယ္ႏွစုံေတာင္ စမ္းဝတ္ၾကည့္ေနတာလဲ။ မင္းက ဇာတိေျမကသူငယ္ခ်င္းကို သြားေတြ႕႐ုံပဲေနာ္။ ရည္းစားနဲ႕သြားေတြ႕မွာမဟုတ္ဘူး။ ဒီလိုလုပ္ဖို႔ လိုလို႔လား။"

ေထာင္ရိက အဝတ္မ်ားကိုခြၽတ္ကာ ေနာက္တစ္စုံဝတ္ၿပီး ေျပာသည္။ "သူက ဇာတိေျမက ရိုးရိုးသူငယ္ခ်င္းမွမဟုတ္တာ။"

'လင္းက်န္က စစ္သူႀကီးနဲ႕ေစ့စပ္ထားတာဆိုေတာ့ တစ္ေန႕က်ရင္ သူတို႔ေတြလက္ထပ္ၿပီး စစ္သူႀကီးကေတာ္ျဖစ္လာမွာပဲ။ ငါ ေကာင္းေကာင္းမြန္မြန္ ဝတ္စားသြားတာက လင္းက်န္ကို ဂုဏ္တက္ေစတယ္။ လင္းက်န္ကို အျခားလူေတြက စုတ္စုတ္ျပတ္ျပတ္လူနဲ႕ ပက္သက္ေနတယ္လို႔ ေျပာခြင့္မျပဳနိုင္ဘူး။ အဲ့လိုဆို လင္းက်န္ရဲ႕ဂုဏ္သတင္းကို ေတာ္ေတာ္ပ်က္စီးေစလိမ့္မယ္။' သူကေတြးသည္။

ရလဒ္အေနျဖင့္ လင္းက်န္မွာ ေထာင္ရိအားေတြ႕ေသာအခါ ေထာင္ရိ၏ထူးထူးျခားျခားထည္ဝါေသာအဝတ္မ်ားေၾကာင့္ ၾကက္ေသေသလုနီးပါးျဖစ္သြားသည္။

"အစ္ကိုေထာင္၊ ဘာလို႔ဒီလိုဝတ္ထားတာလဲ။" လင္းက်န္က သူ႕ကိုအံ့အားသင့္စြာေမးလိုက္သည္။

ေထာင္ရိက ေပ်ာ္႐ႊင္စြာျပန္ေျပာသည္။ "မင္း ဘယ္လိုထင္လဲ။ ငါက မင္းနဲ႕လိုက္ေအာင္လို႔ စနစ္တက်ဝတ္လာတာ။"

လင္းက်န္က ေထာင္ရိ စဥ္းစဥ္းစားစားလုပ္လာသည္ကို ခ်က္ခ်င္းသေဘာေပါက္ကာ ေက်နပ္သြားသည္။ "ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ အစ္ကိုေထာင္က တအားစဥ္းစားတတ္တယ္။"

"ရပါတယ္။ ငါတို႔က သူငယ္ခ်င္းေတြပဲ။" ေထာင္ရိက ကိုယ့္ရင္ဘတ္ကိုယ္ပုတ္ကာ ေျပာသည္။ သို႔ေသာ္ ခ်က္ခ်င္းပင္ သူ႕မ်က္ႏွာထားေျပာင္းသြားကာ လင္းက်န္ကို စူးစိုက္ၾကည့္၍ ေဝဖန္သည္။ "ဟင့္အင္း၊ ငါ့မွာမင္းနဲ႕ ရွင္းစရာအေႂကြးရွိေသးတယ္။ မင္းက မရိုးသားတဲ့ မေကာင္းဆိုးဝါးအိုႀကီးပဲ။ ထန္းယန္မွာ မင္း ငါ့ကိုဒီအေၾကာင္း တစ္ခြန္းမွမေျပာဘူး။ ငါ မင္းအတြက္စဥ္းစားၿပီး စစ္သူႀကီးယြီဝမ္ကိုေတြ႕ဖို႔ ၿမိဳ႕ေတာ္ကို အတူလိုက္မလားလို႔ေမးေပမဲ့ မင္းကေတာ့ စစ္သူႀကီးယြီဝမ္က မင္းအိမ္မွာေရာက္ေနတယ္ဆိုတာကို အရိပ္အႁမြက္ကေလးေတာင္မေပးဘူး။ ငါ မိုင္ေထာင္ခ်ီခရီးႏွင္လာၿပီး ဒီေရာက္မွ စစ္သူႀကီးကထန္းယန္မွာရွိေနတာကို သိရတယ္။ ငါမိုင္ေထာင္ခ်ီခရီးဆက္ၿပီးပင္ပန္းလာရတာအတြက္ မင္းဘယ္လိုျပန္ေလ်ာ္မလဲ။ မင္းရဲ႕အေျဖက ေက်နပ္စရာမေကာင္းရင္ ငါလြယ္လြယ္နဲ႕ခြင့္မလႊတ္ေပးဘူးေနာ္။"

အနည္းငယ္ အျပစ္ရွိသကဲ့သို႔ ခံစားေနရသည့္ လင္းက်န္က ညွိႏွိုင္းေပးသည္။ "အစ္ကို ဘယ္လိုေလ်ာ္ေၾကးမ်ိဳးလိုခ်င္လဲ ေျပာေလ။ ကြၽန္ေတာ္ တတ္နိုင္သမွ်လုပ္ေပးမယ္။"

ေထာင္ရိ၏မ်က္ႏွာေပၚတြင္ ပန္းပြင့္ကဲ့သို႔လင္းလက္ေသာအၿပဳံးႀကီးေပၚလာသည္။ "ငါ စစ္သူႀကီးယြီဝမ္နဲ႕ ေတြ႕ခ်င္တယ္။"

ေထာင္ရိက ထိုသို႔ေသာေလ်ာ္ေၾကးလိုလိုခ်င္ေနသည့္အတြက္ လင္းက်န္ မအံ့ဩေပ။ သူက ေခတၱမွ်ေတြးၿပီးေနာက္ ေျပာလိုက္သည္။ "ေကာင္းပါၿပီ။ ဒါေပမဲ့ ယြီဝမ္ထုန္အားတဲ့အခ်ိန္ထိေတာ့ ေစာင့္ရမယ္။ သူက ၿမိဳ႕ေတာ္ကိုျပန္ေရာက္ခါစပဲ ရွိေသးတာဆိုေတာ့ အလုပ္ေတာ္ေတာ္မ်ားေနတယ္။"

သဘာဝက်စြာပင္ ေထာင္ရိကလည္း မဆန့္က်င္ေပ။ သူက လင္းက်န္ ကတိဖ်က္မည္ကိုစိုးရိမ္၍ ခ်က္ခ်င္းနီးပါးသေဘာတူလိုက္သည္။ သို႔ေသာ္...

"မင္းက စစ္သူႀကီးကို နာမည္အျပည့္အစုံ ေခၚတာလား။"

လင္းက်န္က သူ႕ကိုအံ့ဩစြာၾကည့္လိုက္သည္။ "ကြၽန္ေတာ္ မေခၚသင့္ဘူးလား။ ဒါဆို ကြၽန္ေတာ္က သူ႕ကို'ယြီဝမ္ထုန္'လို႔မေခၚဘဲ ဘယ္လိုေခၚရမွာလဲ။"

ေထာင္ရိမွာ ေခတၱမွ် ပါးစပ္အေဟာင္းသားျဖစ္သြားသည္။ ထို႔ေနာက္ သူက လက္ေလွ်ာ့ထားေသာေလသံျဖင့္ ေျပာသည္။ "မင္းက ငါ့ကိုအဲ့အပိုင္းမွာ စိတ္ထိခိုက္ေစတယ္။ မင္းတို႔ႏွစ္ေယာက္က လက္ထပ္ေတာ့မယ္လို႔ ငါမထင္ထားဘူး။ အား၊ အား၊ အား ငါဒါကို လက္မခံနိုင္ဘူး။ ငါ့ရဲ႕မ်ိဳးရိုးနာမည္က ဘာလို႔လင္းမဟုတ္တာလဲ။"

လင္းက်န္က ေျပာစရာမဲ့သြားသည္။

သူက ေထာင္ရိကို မ်က္လုံးေမွး၍ၾကည့္လိုက္သည္။ "ခင္ဗ်ား ဘာေျပာတယ္။ ကြၽန္ေတာ္နဲ႕ ၿပိဳင္ခ်င္တာလား။"

ေထာင္ရိက အမူပိုစြာ ျပန္ေျပာသည္။ "ငါက ႐ုပ္ရည္ေခ်ာေမာၿပီး ထူးျခားတဲ့လူပါ။ ၿမိဳ႕ေတာ္မွာရွိတဲ့ ပါရမီရွင္ေတြထဲက တစ္ေယာက္ဆိုလည္း ဟုတ္တယ္။ ငါ့ကိုလက္ထပ္ရမဲ့လူက သူ႕ဘိုးေဘးေတြရဲ႕ဝိညာဥ္ေတြ ကိုယ္ထင္ျပၿပီး တအားေကာင္းခ်ီးေပးခံထားတာျဖစ္ရမယ္။"

လင္းက်န္၏ႏႈတ္ခမ္းေထာင့္မ်ား တြန့္သြားသည္။ "ေကာင္းၿပီေလ။ ဒါဆို ကြၽန္ေတာ္ အစ္ကို႔ကို ယြီဝမ္ထုန္နဲ႕မိတ္ဆက္ေပးၿပီး သူ႕ရဲ႕ဘိုးေဘးရဲ႕ဝိညာဥ္က ကိုယ္ထင္ျပလာမလားၾကည့္ရေအာင္။"

ေထာင္ရိက သူ၏မူယာမာယာမ်ားေသာမ်က္ႏွာထားကို ျမန္ျမန္ဖ်က္လိုက္သည္။ "ဟင့္အင္း၊ ဟင့္အင္း၊ ငါက စေနတာပါကြာ။ ငါ့စကားကို အတည္မယူပါနဲ႕။ စစ္သူႀကီးက ငါ့ကို ေသေလာက္ေအာင္ ကန္လိုက္လိမ့္မယ္။"

"မျဖစ္နိုင္ပါဘူး။ ဘယ္လိုပဲဆိုဆို အစ္ကိုက ႐ုပ္ရည္ေခ်ာေမာၿပီး နည္းနည္းပဲရွိတဲ့ ပါရမီရွင္ေတြထဲက တစ္ေယာက္ေလ။"

ေထာင္ဖန္းမွာ ထပ္၍ေတာင္းပန္ရျပန္သည္။ လင္းက်န္ ေက်နပ္သြားမွသာ သူကသက္ျပင္းခ်မိသည္။ "ဒါနဲ႕ ငါ့ဆီကို ပစၥည္းေတြ မေန႕ကေရာက္လာတယ္။ ဆရာက ငါ့ကို သူ႕အစားေက်းဇူးတင္ပါတယ္လို႔ ေျပာခိုင္းလိုက္တယ္။"

လင္းက်န္က ျပန္ေျပာသည္။ "ဆရာႀကီးရဲ႕ ေက်းဇူးကို ကြၽန္ေတာ္ မယူထိုက္ပါဘူး။ ကြၽန္ေတာ္က ဒီပစၥည္းေတြကို လမ္းႀကဳံသယ္လာေပး႐ုံပဲ။ အစ္ကိုတို႔မိသားစုရဲ႕ လွည္းေမာင္းသမားေရာ။ သူျပန္သြားၿပီလား။"

"ဟင့္အင္း။ သူ႕ကို အေဖက ငါ့ကိုကူညီဖို႔ မွာလိုက္တယ္။" ေထာင္ရိက ေျပာသည္။ အခိုက္အတန့္မွ်ေတြးၿပီးေနာက္ သူကတစ္စုံတစ္ခုကို ခပ္တိုးတိုးေမးသည္။ "မင္း ၿမိဳ႕ေတာ္ထဲဝင္တဲ့ေန႕တုန္းက ၿမိဳ႕တံခါးနားမွာနဲ႕ နန္းေတာ္ထဲမွာျဖစ္ခဲ့တဲ့ကိစၥေတြအေၾကာင္းကို ငါၾကားထားတယ္။ မင္း ျပႆနာေတာ့ တက္မေနဘူးမလား။"

လင္းက်န္က ျပန္ေျပာသည္။ "ကြၽန္ေတာ္ အဆင္ေျပပါတယ္။ တျခားလူေတြသာ ျပႆနာတက္ေနတာ။"

ေယာင္ရိကၿပဳံးသည္။ "အဲ့ဒီႀကိဳဆိုပြဲမွာ မင္းကေတာ္ေတာ္ စကားေျပာေကာင္းၿပီး တျခားလူေတြေက်ာလို႔မရဘူးလို႔ ငါ့ဆရာေျပာတယ္။"

လင္းက်န္က အနည္းငယ္ရွက္သြားသည္။ 'ဒါ ငါက ဆရာႀကီးရဲ႕အျမင္မွာ အထင္အျမင္မေကာင္းဘူးလို႔ ဆိုလိုတာလား။'

ေယာင္ရိက သူ႕ကို ႏွစ္သိမ့္ေပးသည္။ "ငါ့ဆရာက ဇာခ်ဲ့တတ္တဲ့လူ မဟုတ္ပါဘူးကြာ။ မင္းေဝဖန္တာက အေျခခိုင္ၿပီး အားအျပည့္ပဲလို႔ ေျပာတယ္။ သူက မင္းအဲ့မွာေျပာတာကိုေထာက္ခံတယ္လို႔ ငါထင္တယ္။"

'တကယ္လား။' လင္းက်န္က ပိုရွက္သြားသည္။

"မင္းနဲ႕ ယြီဝမ္မိသားစုေကာ ဘယ္...ဘယ္လိုေနလဲ။ မင္းဒါကိုေတာ့ သိမယ္မထင္ဘူး။ မေန႕ညက မင္းတို႔ႏွစ္ေယာက္ ယြီဝမ္မိသားစုစံအိမ္ကေန ေစာေစာထြက္သြားတာကို တစ္ၿမိဳ႕လုံးသိသြားၿပီ။ ယြီဝမ္က်ီက မင္းကိုအဲ့ဒီမွာ ရမယ္ရွာခဲ့လို႔လား။" ေထာင္ရိကေမးသည္။

လင္းက်န္က အနည္းငယ္မ်က္ေမွာင္ၾကဳတ္သည္။ "အဲ့ဒါကို ၿမိဳ႕ေတာ္တစ္ခုလုံး သိသြားၿပီလား။"

ေထာင္ရိကေခါင္းညွိတ္ျပကာ ေလးနက္ေသာေလသံျဖင့္ ေဝဖန္သည္။ "ဒါက ၿမိဳ႕ေတာ္မွာေနရတာရဲ႕ မေကာင္းတဲ့အခ်က္ပဲ။ ဒီမွာက သတင္းပ်ံ့ျမန္တယ္။ အထူးသျဖင့္ မင္းလိုထူးျခားတဲ့လူရဲ႕ သတင္းေပါ့။ မင္း ဒီၿမိဳ႕ထဲမွာေနရင္ လႈပ္ရွားမႈတိုင္းကို သတိထားရမယ္။ မဟုတ္ရင္ မင္းကိုေစာင့္ၾကည့္ေနတဲ့ မ်က္လုံးပမာဏေၾကာင့္ အံ့ဩသြားလိမ့္မယ္။"

လင္းက်န္က ျပန္ေျပာသည္။ "ေက်းဇူးပါ၊ အစ္ကိုေထာင္၊ ကြၽန္ေတာ္ သတိထားပါ့မယ္။"

'ဒါေပမဲ့ ကြၽန္ေတာ္ ဘယ္ေလာက္သတိထားထား ျဖစ္လာရမဲ့ကိစၥက ျဖစ္လာမွာကို ကြၽန္ေတာ္စိုးရိမ္တယ္။' သူကေတြးသည္။

'ဒါဆို ယြီဝမ္မိသားစုစံအိမ္ထဲမွာ ဘာျဖစ္ခဲ့တာလဲဆိုတာ ငါေမးလို႔ရလား။" ေထာင္ရိက စပ္စပ္စုစုျဖင့္ ေမးသည္။

လင္းက်န္က ၿပဳံး၍ျပန္ေျပာသည္။ "ဘာမွ မထူးျခားပါဘူး။ ယြိဝမ္ထုန့္မွာ သြားစရာတစ္ခုရွိလို႔ ကြၽန္ေတာ္တို႔ေတြ ေစာေစာျပန္ခဲ့တာ။"

ေထာင္ရိက ယုံၾကည္သလားဆိုသည္ကို မေျပာနိုင္ေသာ္လည္း ဤသို႔ထိခိုက္လြယ္ေသာအေျခအေနတြင္ မည္သို႔ျပဳမူရမည္မွန္း သူသိသည္။ ထိုအစား သူက ဆက္ေမးသည္။ "ထန္းယန္မွာတုန္းက ငါယြီဝမ္မိသားစုရဲ႕အေၾကာင္းကို ေျပာဖူးတာ မွတ္မိေသးလား။"

"ကြၽန္ေတာ္ မွတ္မိတယ္။"

"ငါ အဲ့လိုၾကားရတာ ဝမ္းသာတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ မင္းရဲ႕အခုအေျခအေနကိုသိၿပီး လုပ္ရမဲ့ဟာကိုသိမယ္လို႔ ငါယုံတယ္။ အားလုံးၿခဳံၾကည့္ရရင္...ဘုရားေရ၊ မင္းက ၿမိဳ႕ေတာ္ကိုေတာင္ေရာက္ၿပီဆိုေတာ့ စစ္သူႀကီးနဲ႕လက္ထပ္ဖို႔တကယ္ဆႏၵရွိမွာေပါ့။ စစ္သူႀကီးက မင္းရဲ႕အင္အားအႀကီးဆုံးေနာက္ခံပဲ။ သူ႕ကိုတင္းတင္းဆုပ္ကိုင္ထားရမယ္။ မင္းဘက္မွာစစ္သူႀကီးရွိရင္ ဘယ္သူမွ မင္းကိုအႏၱရာယ္ျပဳရဲမွာမဟုတ္ဘူး။ တစ္ခုခုျဖစ္လာရင္ ငါ့ဆီလာလို႔ရတယ္။ ငါလုပ္နိုင္တာသိပ္မရွိေပမဲ့ တစ္ခုခုေတာ့ အေျဖကူရွာေပးလို႔ရတယ္။"

Продолжить чтение

Вам также понравится

453K 48K 168
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
1.2M 78.2K 114
Cover- edited from google Start Date -22.4.22 End Date- 22.3.23 အနံ့သင်းတဲ့ သဇင်မင်းကမှ ပန်းထင်သလား မထင်ပါနဲ့ အဲလိုမထင်ပါနဲ့ အနံ့မဖက်တဲ့ သပြေခက်ကလဲ...
50.5K 3.4K 47
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
မေကုန်းချင် phyo lay

Исторические романы

94.3K 7.7K 147
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...