ကောင်းကင်ဘုံချစ်ဇနီး

由 PoRoRo0812

63.9K 11K 359

Title - Heavenly Wife Chinese title - 仙妻男当 Author - Kun Cheng Xiong Mao Status - 58 chapters + 3 extras (Comp... 更多

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄.၁
အခန်း ၄.၂
အခန်း ၆
အခန်း ၇
အခန်း ၈
အပိုင်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁.၁
အခန်း ၄၁.၂
အခန်း ၄၂.၁
အခန်း ၄၂.၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃

အခန်း ၅

1.4K 213 9
由 PoRoRo0812

Heavenly Wife

Unicode

အခန်း ၅: ပုရစ်တွေမစားနဲ့

အတန်းထဲတွင် ကျောင်းသား စုစုပေါင်း လေးဆယ့်ရှစ်ယောက်ရှိပြီး ထက်ဝက်ခန့်က ဖုန်းယန် ဒီနေ့ညစာသင်ခန်းသို့ ပြန်မလာနိုင်တော့ဘဲ ပြန်လာလျှင်ပင် သူပုံစံက ကြည့်ရဆိုးနေမှာ သေချာသည်ဟု ထင်ခဲ့ကြသည်။ 

သို့သော်လည်း ဖုန်းယန်က ဒဏ်ရာမရဘဲ ပြန်လာရုံမက သူထွက်သွားသည့်အချိန်ထက် ပိုမောက်မာနေပုံရသည်။ ဆရာမလင်းကျင်းယွင်က ချီဇယ်ရဲ့ ကျိုးနေတဲ့ ထိုင်ခုံကို မြင်ပြီး ဘာဖြစ်ခဲ့တာလဲလို့ မေးတဲ့အခါ ကျောင်းသားအချို့က လန့်ပြီး ဖုန်းယန်လုပ်ခဲ့တဲ့ လုပ်ရပ်ကို ထုတ်ဖော်ခံလိုက်ရမှာ စိုးရိမ်နေကြသည်။

အံ့သြစရာကောင်းတာက ချီဇယ်က ဖုန်းယန်က သူ့ထိုင်ခုံကို ကန်ချိုးခဲ့ပါတယ်လို့ အပြစ်မတင်ရဲခဲ့ပေ။ ချီဇယ်က ဘာမှမပြောမှတော့ ကျန်တဲ့အတန်းထဲကသူတွေကလည်း သူတို့ပါးစပ်တွေကို မဖွင့်ခဲ့ကြပေ။ ဖုန်းယန်ရဲ့ထိုင်ခုံဖော်က ဂြိုလ်သားကို ကြည့်နေသလိုမျိုး မယုံကြည်နိုင်စွာ စိုက် ကြည့်နေခဲ့သည်။ သူမက ဟယ်ထင်ထင်လို့ခေါ်တဲ့  အနည်းငယ် ဝဝနဲ့ကောင်မလေးဖြစ်သည်။ သူမရဲ့မျက်နှာက ဝိုင်းစက်နေပြီး အသားအရည်က သူ့ထက်တောင် နည်းနည်းပိုမည်းနေသေးသည်။

သူမရဲ့ပညာရေးစွမ်းဆောင်ရည်မှာလည်း သာမန်သာဖြစ်သည်။ ဒါပေမယ့် သူမရဲ့ အကျင့်စရိုက်က အရမ်းကောင်းတာကြောင့် လင်းကျင်းယွင်က သူတို့ နှစ်ယောက်ကို ထိုင်ခုံဖော်အဖြစ် သတ်မှတ်ပေးလိုက်တာ ဖြစ်သည်။ နှစ်ယောက်စလုံးက စိတ်ထားကောင်းပြီး တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံကြသည်။

သူမရဲ့စားပွဲပေါ်တွင် တစ်ဝက်ဖြေထားကာ တစ်ဝက်ဗလာဖြစ်နေသည့် တရုတ်ဘာသာအိမ်စာ ရှိနေသည်။ ပုံမှန်အားဖြင့် ဟယ်ထင်ထင်က သူမရဲ့ကျောင်းစာ သို့မဟုတ် အိမ်စာတွေနှင့် ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာရှိပါက ဖုန်းယန်ကို အကူအညီတောင်းလေ့ရှိသော်လည်း ဒီနေ့တော့ သူ့ကို အနည်းငယ်ကြောက်သလို ခံစားနေရသည်။

သူမက ဖုန်းယန်ကို မကြာခဏခိုးကြောင်ခိုးဝှက် ကြည့်နေပြီး မထိန်းထားနိုင်တော့ဘဲ တိုးတိုးလေးမေးလိုက်သည်။

 "ဖုန်းယန် နင်အဆင်ပြေပါ့မလား"

ဖုန်းယန်က သူမဘက်လှည့်ပြီး မေးလိုက်သည်။ 

"ဘာလို့လဲ"

"နင် ငါတို့နောက်က လူနှစ်ယောက်ကို သွားရန်စခဲ့တယ်လေ။ နောက်မှသူတို့က နင့်ကို ကလဲ့စားချေလာရင် နင့်အတွက် အရမ်းခက်ခဲမှာ မဟုတ်ဘူးလား" 

ဖုန်းယန်က သူ့ထိုင်ခုံကို လှည့်လိုက်ပြီး ချီဇယ်နှင့် ကျန်းချင်ကျဲကို ကြည့်လိုက်သည်။ 

"အိုး..သူတို့နှစ်ယောက်လား။ အဆင်ပြေပါတယ်။ အရင်ကဖြစ်ခဲ့သလိုမျိုး အနာဂတ်မှာ ထပ်ဖြစ်တော့မှာ မဟုတ်ဘူး"

ဟယ်ထင်ထင်က ခေါင်းညိတ်ပြီး စိတ်ထဲတွင် ​တွေးလိုက်သည် : ဟုတ်သားပဲ သေမှာမကြောက်တဲ့သူက ကျောင်းက အနိုင်ကျင့်တဲ့လူကို ကြောက်ပါတော့မလား။

အနိုင်ကျင့်ခြင်းအကြောင်းပြောလျှင် ချီဇယ်နှင့် ကျန်းချင်ကျဲတို့က တကယ့်နာမည်ကြီး အနိုင်ကျင့်သူတွေလို့ မယူဆနိုင်ပေ။ သူတို့ ကျောင်းမှာ တကယ့်ကျောင်းတွင်းအနိုင်ကျင့်သူက ကျီယွီချန်လို့ခေါ်တဲ့ အထက်တန်းစားတစ် ယောက်ပင်။ သူက သူ့ကိုယ်ပိုင်အသိုက်ကလွဲပြီး အပြင်ဘက်ရှိ အရာအားလုံးကို မမြင်နိုင်ရှာတဲ့ အသိုက်ထဲက ကြက်ကလေးချီဇယ်နှင့် မတူပေ။ ကျီယွီချန်က သူမရဲ့တကယ့် ပုရိသနတ်ဘုရားအစစ်ဖြစ်သည်။

ထိုပုရိသနတ်ဘုရားအတွေးတွေက သူမရဲ့စိတ်ထဲသို့ ဝင်ရောက်လာတဲ့အခါ ဟယ်ထင်ထင်က ဖုန်းယန်ကို အမြန် တစ်ချက်ကြည့်လိုက်သည်။ ဖုန်းယန်က အလွန်ချောမောသည်ဟု သူမ ခံစားမိသော်လည်း သူ့မျက်နှာအသွင်အပြင်က သိမ်မွေ့လွန်းသည်။ ယောက်ျားလေးတစ်ယောက်အနေနဲ့ သူ့မှာ ယောကျာ်းပီသတဲ့ ရုပ်ရည်ထက် နူးညံ့တဲ့အလှလေးနဲ့ ပိုတူတယ်လို့ သူမ တွေးမိသည်။ ထို့အပြင် သူက အတန်းထဲရှိ အခြားမိန်းကလေးကျောင်းသူအများစုထက် ဖြူစင်ပြီး ၎င်းက ယောင်္ကျားတစ်ယောက်အနေနဲ့ သူမအကြိုက်ဆုံးပုံစံတော့ မဟုတ်ပေ။

 ဒီလိုစစ်ဖြစ်လောက်တဲ့အလှမျိုးနဲ့ အသားအရေ ညိုမည်းနေတဲ့ ငါလိုမိန်းကလေးနဲ့ကတော့...ဟမ့်!

ဖုန်းယန်က သူ့ထိုင်ခုံဖော်က မျက်နှာပေါ်တွင် အလွန်ထူးဆန်းတဲ့ အမူအရာဖြင့် သူ့ကို ကြည့်နေသည်ကို ရုတ်တရက် ခံစားလိုက်ရတာကြောင့် သူမနှင့် စကားပြောနေတာကို ရပ်လိုက်ပြီး ခေါင်းပြန်လှည့်လိုက်သည်။ သူ မရေးရသေးသည့် နေ့လည်ကတည်းက စားပွဲပေါ်တွင် ရှိနေတဲ့စာရွက်ကို ကောက်ကိုင်လိုက်ပြီး နားလည်လောက်မလားလို့ ကြည့်လိုက်သည်။

နောက်ဆုံးတွင် သူက ရှောင်ဖုန်းယန်ရဲ့ ခန္ဓာကိုယ်နှင့် သူ့မှတ်ဉာဏ်တွေကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် ရှောင်ဖုန်းယန် သင်ယူခဲ့သည့် အရာတွေကို မမေ့သင့်ပေ။ မူလက ဒီလိုအရာတွေကို လေ့လာဖို့ ဂရုမစိုက်ခဲ့ပေ။ သို့သော် ဆေးရုံမှ ပြန်လာတဲ့လမ်းမှာ သူ တော်တော်များများစဥ်းစားခဲ့သည်။

ဥပမာ သေမျိုးလောကတွင် ဝိညာဉ်စွမ်းအင်ကို သူဘယ်လိုစုပ်ယူနိုင်မလဲ။ ပြီးတော့ အသက်မွေးဝမ်းကြောင်းပြုဖို့ သူဘာလုပ်နိုင်သလဲ။ ကောင်းမှုကုသိုလ်ကို ဘယ်လိုစုဆောင်းနိုင်မလဲ။

နောက်ဆုံးတွင် သူက ကျောင်းသားအဖြစ် ဆက်လက်ရှိနေရန် နိဂုံးချုပ်သွားခဲ့သည်။ သူ့ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက်များစွာရှိပါသည် : ပထမဦးစွာ ကုသိုလ်ကောင်းမှု ရရန် အလျင်မြန်ဆုံးနည်းလမ်းမှာ လူတွေကို ကူညီရန်ဖြစ်ပုံရပြီး သူနှင့်အရင်းနှီးဆုံးလူတွေမှာ သူ့အတန်းဖော်တွေ ဖြစ်သည်။ အကူအညီလိုနေတဲ့ ကျောင်းသားတွေကို ရှာတွေ့ပြီး ကူညီပေးခဲ့ရင် သူ့လုပ်ရပ်တွေက သိပ်ထူးဆန်းနေမှာ မဟုတ်ပေ။ သူအရင်ဆုံး ကျောင်းမှာ ကောင်းမှုကုသိုလ်တွေ စုဆောင်းပြီး နောက်မှ လူမှုကူညီဖို့ အပြင်ထွက်လို့ရသလို တခြားနည်းတစ်ခုခုလည်း ရှာလို့ရသည်။

 ဒုတိယအချက်အနေနဲ့ အပြင်ကလူတွေနှင့် ယှဥ်ရင် ကျောင်းကလူတွေက စိတ်ထားဖြူစင်ပြီး ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်ဖို့ ပိုလွယ်ကူသည်။

တတိယအချက်ကတော့ အရေးအကြီးဆုံးဖြစ်ကာ သူပြန်သွားနိုင်ဖို့ ကုသိုလ်ဘယ်လောက် စုဆောင်းရမလဲ၊ နှစ်ဘယ်လောက်ကြာအောင် စုဆောင်းဖို့လိုမလဲဆိုတာ သူမသိပေ။ ဒါမှမဟုတ် ဆယ်စုနှစ်တစ်စုများလား။ ဒါက မဖြစ်နိုင်တာ မဟုတ်တာကြောင့် သူ အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့လိုသည်။

ဖုန်းယန်က သူ့ဝိညာဉ်ရေးရာအမြစ်တွေကို ဖြတ်တောက်ခဲ့ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ ကျန်ဝိညာဉ်စွမ်းအင်တွေက သူနှင့်မသက်ဆိုင်တော့ဘဲ ရှန့်ကျွယ်မြက်ပင်​ရဲ့ ဝိညာဥ်ရေးရာအသိစိတ်က သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်စေရန် ကူညီပေးခဲ့သည်။ ၎င်းက ရွမ်ပင်းအကျဉ်းထောင်ရဲ့ စွမ်းအင်သုံးပုံတစ်ပုံကို စုပ်ယူခဲ့ပြီး ထိုပမာဏက သူ့ကို အကျိုးပြုရန် လုံလောက်သည်ထက် ပိုနေသင့်သည်။

သို့သော် သူက ထောင်မှလွတ်မြောက်ရန်နှင့်  သူ့အဖေနှင့် ဖအေတူမအေကွဲညီကို အတွင်း၌ ပိတ်လှောင်ထားရန် ဝိညာဥ်စွမ်းအင်များစွာ သုံးခဲ့ရပြီး ယခုအခါ နည်းနည်းလေးသာ ကျန်တော့သည်။ ဒါပေမယ့် ထိုက်တန်သည်၊ ဘာလို့လဲဆိုတော့ သူသာ သူတို့ကို ပိတ်လှောင်မထားခဲ့ရင် သူ ကောင်းမွန်တဲ့ဘဝနဲ့ ရှင်သန်နိုင်မှာမဟုတ်ပေ။

ယခုအချိန်တွင် သူက လူသားတွေထက် များစွာ အားကောင်းနေသော်လည်း မသေမျိုးတွေနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။အကြီးမားဆုံးမေးခွန်းမှာ ရှန့်ကျွယ်မြက်အတွင်း ကျန်ရှိနေသေးသည့် ဝိညာဉ်စွမ်းအင်က ဘယ်လောက်ကြာကြာခံဦးမလဲနှင့်  ဒီကမ္ဘာတွင် ဝိညာဉ်စွမ်းအင်ကို ဘယ်လိုမြန်မြန်စုပ်ယူနိုင်မလဲပင်။ မထင်မှတ်ဘဲ တစ်ခုခုဖြစ်သွားနိုင်လား။ အာမခံချက်မရှိပေ။

ရှန့်ကျွယ်မြက်ပင်က သူ့အတွက် ဝိညာဉ်စွမ်းအင်ကို မစုဆောင်းနိုင်တော့သည့် အခြေအနေတွင် သူက သူ့ဘဝတစ်သက်တာလုံး သေမျိုးကမ္ဘာတွင်သာ အမှန်တကယ် ကုန်ဆုံးရပေတော့မည်။ ဒါက ဖြစ်နိုင်ခြေရှိသည့် အဆိုးဆုံးရလဒ်ဖြစ်သည်။

"ဖုန်းယန် ကျောင်းဆင်းပြီဆိုတော့ အိမ်ပြန်မှာလား"

 ဟယ်ထင်ထင်က သူမလွယ်အိတ်ကို သိမ်းနေရင်း အတန်းဆင်းချိန်တွင် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"အမ်း" 

ဖုန်းယန်က ညည်းညူပြီး သူ့ထိုင်ခုံမှ ထလိုက်သည်။ သူ့ပစ္စည်းတွေကို ကောက်သိမ်းပြီး ကျောင်းလွယ်အိတ်ကို ပခုံးပေါ်တင်ကာ စာသင်ခန်းထဲက ထွက်သွားခဲ့သည်။

"ဟူး..." 

သူ့နောက်မှ ချီဇယ်နှင့် ကျန်းချင်ကျဲတို့က တစ်ချိန်တည်းနီးပါး အသက်ရှူသွင်းလိုက်ကြသည်။ ဖုန်းယန်နှင့်တွေ့ဆုံခြင်းက သူတို့ကို သေအောင် ကြောက်စေခဲ့သည်။ ကျောင်းဆင်းရင် ဖုန်းယန်က သူ့စက်ဘီးကို ထပ်ပြင်ခိုင်းမှာကို သူတို့စိုးရိမ်နေခဲ့ကြတာ ဖြစ်သည်။ တကယ်သာဖြစ်လာခဲ့ရင် သူတို့ကြောက်လွန်းလို့ ရူးသွားလိမ့်မယ်!

ကံကောင်းထောက်မစွာပင် သူက သူတို့ကိုလွှတ်ပေးလိုက်သလိုပင်။

အရင်တုန်းကတော့ ချီဇယ်နှင့် ကျန်းချင်ကျဲတို့က သူတို့ရဲ့ ကျောင်းလွယ်အိတ်တွေကို သိမ်းဖို့ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ကြပေ။ကျောင်းဆင်းကြောင်း အချက်ပြသည့် နောက်ဆုံးခေါင်းလောင်းသံ မြည်လာတဲ့အခါ သူတို့က ပစ္စည်းတွေကို ချန်ခဲ့ကာ တင်ပါးလေးကြွပြီး ထွက်သွားခဲ့ကြသည်။ အခုတော့ သူတို့က စားပွဲတွေကို သပ်သပ်ရပ်ရပ်စီပြီး တခြားကျောင်းသားတွေလို ကျောပိုးအိတ်တွေကို ထားခဲ့ကြသည်။ ဒါကို မြင်တဲ့ ကျောင်းသားတစ်ချို့က အလွန်သိချင်သွားကြသည်။ ဖုန်းယန်က သူတို့ကို ဒီလိုကြောက်သွားအောင် ဘာလုပ်ခဲ့တာပါလိမ့်။

ဖုန်းယန်က ကျောင်းအဆောက်အဦးမှ ထွက်ခွာသွားသော်လည်း ကျောင်း​ဝင်းထဲမှ ချက်ချင်းမထွက်ခွာခဲ့ပေ။ သူ့စက်ဘီးက တစ်စစီပျက်စီးသွားတဲ့အတွက် သူနဲ့အတူ ယူသွားဖို့ အဆင်မပြေပေ။ ထို့ကြောင့် သူက စူပါမားကတ်သို့ အရင်သွားကာ တစ်စစီဖြစ်နေတဲ့ အစိတ်အပိုင်းတွေကို ထည့်ရန် သုံးဖို့ သေတ္တာဘူးတစ်ပုံးကို သွားငှားခဲ့သည်။

ဘော်ဒါကျောင်းအနေဖြင့် စူပါမားကတ်အပါအဝင် ကျောင်းဝင်းအတွင်းတွင် သာယာအဆင်ပြေမှုများစွာရှိခဲ့သည်။ ထိုနေရာရောက်တော့ ဖုန်းယန်က စူပါမားကတ်မှ ပိုင်ရှင်အဒေါ်ကို လိုက်ရှာခဲ့သည်။ ပိုင်ရှင်အဒေါ်က လူကောင်းဖြစ်ပြီး သေတ္တာဘူးကို ပေးကာ သုံးဖို့လိုအပ်သေးရင် ပြန်ပေးစရာမလိုဘူးလို့ ပြောခဲ့သည်။

ရှောင်ဖုန်းယန်ရဲ့မှတ်ဉာဏ်တွေ ရှိနေတာမို့ သူမက ဒီလိုသေတ္တာဘူးမျိုးကို ငွေနဲ့ ရောင်းချမှန်း သူသိတာကြောင့် သူမရဲ့ကြင်နာမှုကို အခွင့်ကောင်းမယူချင်ခဲ့ပေ။ သေတ္တာဘူးကို သုံးပြီးတာနဲ့ သူမဆီ ပြန်လာပေးမယ်လို့ ကတိပေးလိုက်သည်။

သူမကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် စက်ဘီးရပ်နားရာနေရာသို့ သွားကာ စက်ဘီးအစိတ်အပိုင်းအားလုံးကို စုဆောင်းပြီး သေတ္တာဘူးထဲသို့ တစ်ခုပြီးတစ်ခုထည့်လိုက်သည်။ ထို့နောက် သေတ္တာဘူးကို လက်ထဲတွင် ကိုင်ကာ ကျောင်းတံခါးဆီသို့ လျှောက်သွားလိုက်သည်။

ဆယ့်ငါးစက္ကန့်အကြာတွင် ချီဇယ်နှင့်ကျန်းချင်ကျဲတို့ ထွက်လာကြသည်။ သူတို့နှစ်ဦးက အဆောင်တွင် နေထိုင်မှုအခြေအနေ ညံ့ဖျင်းတာကြောင့် နေ့တိုင်း အသွားအပြန်လုပ်ကာ ကျောင်းတက်ကြသည်။ သူတို့က တံခါးပေါက်မှ ကျောင်းသားတွေ တဖွဲဖွဲထွက်လာမှုနှင့်အတူ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် လျှောက်လာကြသည်။ ချီဇယ်က ကျန်းချင်ကျဲဘေးကို ကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။

 "သေစမ်း! ငါတော့ မနက်ဖြန် ခွင့်ယူမှထင်တယ်"

"ငါလည်း ခွင့်ယူချင်တယ်။ ခွင့်ပြုချက်ရအောင် ဘယ်လိုပြောကြမလဲ"

"ငါတို့ အအေးမိနေတယ်လို့ပဲ ပြောကြစို့။ ဒါမှမဟုတ်အဖျားကြီးနေတယ်ပဲဖြစ်ဖြစ်!"

ဖုန်းယန်က အဝေးမှ သူတို့ရဲ့စကားပြောသံကို ကြားကာ ပြုံးလိုက်သည်။ ကျောင်းတံခါးဝမှ ထွက်လိုက်စဉ်မှာပင် သူတို့ကို လှမ်းခေါ်လိုက်သည်။ 

"ချီဇယ်နဲ့ ကျန်းချင်ကျဲ! မင်းတို့နှစ်ယောက် ဒီကိုလာခဲ့"

ဖုန်းယန်နှင့်တွေ့ဆုံခဲ့ပြီးနောက် အာရုံကြောတွေ ငြိမ်သက်သွားသည့် ချီဇယ်နှင့် ကျန်းချင်ကျဲတို့က ရုတ်တရက် နေရာမှာပင် အေးခဲသွားပြီး ခေါင်းကို တောင့်တင်းစွာ လှည့်လိုက်ကြသည်။ 

"ဘာ...ဘာကိစ္စရှိလို့လဲ"

ဖုန်းယန်က သူ့လက်မောင်းအောက်ရှိ သေတ္တာဘူးကို ညွှန်ပြပြီး ပြုံးလိုက်သည်။

 "လာပါဦး။ ငါ့အိမ်ကို ဒီပစ္စည်းလေး သယ်ကူပေးပါဦး"

ငါတို့ လုံးဝ မသွားချင်ဘူးလေ။

ဒါပေမယ့် ပတ်ဝန်းကျင်မှာ လူအများကြီးရှိနေတာကြောင့် ဖုန်းယန်ကို သတ္တိရှိရှိ ရင်ဆိုင်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။

ချီဇယ်က ပြောလိုက်သည်။

 "မင်းအိမ်က တော်တော်ဝေးတယ်။ ငါတို့ အဲဒီကိုသွားဖို့ တက္ကစီစီးလို့ရမလား"

ဖုန်းယန်က ပြန်ဖြေလိုက်သည်။ 

"ရတယ်လေ" 

ကျန်းချင်ကျဲက ရုတ်တရက်ပြောလိုက်သည်။

 "တက္ကစီခကို ငါ ပေးပါ့မယ်။ ငါ ပေးပါရစေ"

ချီဇယ်က ပြောလိုက်သည်။

 "မဟုတ်ဘူး ငါပေးမယ်"

ဖုန်းယန်က ဝင်ပြောလိုက်သည်။ "ငြင်းခုံနေတာကို ရပ်လိုက်စမ်း။ နှစ်ယောက်စလုံး ပေးလို့ရတယ်""

ချီဇယ်နှင့် ကျန်းချင်ကျဲတို့က လမ်းကို အမြန်ဖြတ်ကူးပြီး တက္ကစီစောင့်ဆိုင်းသည့် တစ်ဖက်ခြမ်းရှိ လူသွားလမ်းဆီသို့ လျှောက်သွားလိုက်ကြသည်။

ဖုန်းယန်က အော်လိုက်သည်။ 

 "မင်းတို့က သေတ္တာဘူးကို ငါ့ဘာသာ သယ်ခိုင်းချင်နေတာလား"

ချီဇယ်နှင့် ကျန်းချင်ကျဲ : "မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ရပါဘူး ငါတို့သယ်လိုက်ပါ့မယ်"

နှစ်ယောက်သား ဖုန်းယန်ဆီသို့ ပြန်ပြေးသွားပြီး သေတ္တာကို ကောက်ကိုင်ကာ လမ်းဖြတ်ကူးသွားကြသည်။

ဖုန်းယန်က သူ့လက်တွေကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး သူတို့နောက်မှ အေးအေးဆေးဆေး လိုက်သွားခဲ့သည်။ ရှေ့ကခရီးသည်ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး ယာဉ်မောင်းကို သူ သွားချင်တဲ့နေရာကို ပြောပြလိုက်သည်။

သူတစ်ပါးအပေါ် စေတနာထားပြီး ကုသိုလ်ကောင်းမှုတွေ များများစုချင်ပေမယ့် အမြစ်ကနေ ပုပ်နေတဲ့သူတွေကို စေတနာထားဖို့ စိတ်မပါခဲ့ပေ။ ရှောင်ဖုန်းယန်က ကျောင်းသွား၊ကျောင်းပြန်ဖို့တောင် ကြောက်နေရပြီး လမ်းမှာ ဒီကောင်လေးနှစ်ယောက်က ပိတ်ဆို့ကာ အနိုင်ကျင့်တာ ဘယ်နှစ်ခါလောက်ရှိခဲ့လဲ။ အိမ်မှာသူ့ရဲ့ချစ်လှစွာသော အဘွားသာ မရှိခဲ့ရင် ရှောင်ဖုန်းယန်က ကျောင်းဝင်းထဲက အဆောင်မှာနေပြီး ဘယ်မှမသွားချင်ခဲ့ပေ။ပိုက်ဆံအနည်းငယ် စုဆောင်းပြီး သူ့အဘွားကို တတ်နိုင်သမျှ စောစီးစွာ ကောင်းကောင်းအနားယူနိုင်ဖို့ ရှောင်ဖုန်းယန်က နေ့တိုင်း စောစောထပြီး နောက်ကျမှ အိပ်ကာ စာကြိုးစားခဲ့သည်။

အကယ်၍ လူယုတ်မာချီဇယ်ကြောင့်သာ မဟုတ်ပါက ရှောင်ဖုန်းယန်က သူ့ဘဝတွင် ကွဲပြားခြားနားပြီး ပိုမိုကောင်းမွန်သည့် လမ်းကိုဖွင့်ပေးမည့် တက္ကသိုလ်ကောင်းတစ်ခုသို့ တက်ရောက်နိုင်မည်ဖြစ်သည်။

ဖုန်းယန်က ဒီအားနည်းသည့်လူနှစ်ယောက်ကို အနိုင်ကျင့်ခြင်းအတွက် တစ်စုံတစ်ရာမှားယွင်းနေတယ်လို့ မထင်ခဲ့ပေ။ ပြတင်းပေါက်ဘောင်ပေါ် တံတောင်ဆစ်ကို တင်ပြီး ခေါင်းကို ထောက်ထားရင်း မျက်လုံးကို မှိတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်...

သေစမ်းဟ! သူ့မှာ motion sicknessရှိနေတယ်!

ကားစီးရတာ သူထင်သလောက် ပျော်စရာမကောင်းပေ။ စက်ဘီးစီးတာကမှ ပိုကောင်းဦးမည်။ ဒီကားက လေထဲမှာပျံတာ ဒါမှမဟုတ် ဝိညာဥ်လွင့်တာထက်တောင် ပိုဆိုးနေသည်။ သူ သက်တောင့်သက်သာ မထိုင်နိုင်တော့ပေ!

ဖုန်းယန်ရဲ့ ရှပ်အင်္ကျီလက်ထဲမှာ ပုန်းနေတဲ့ ဟွားချန်က မူးဝေကာ အန်ထွက်လုနီးပါး ဖြစ်နေခဲ့သည်။ မူလက အင်္ကျီလက်အတွင်း၌ စောင့်ရတာ ငြီးငွေ့သည်ဟု ခံစားမိသော်လည်း အပြင်ထွက်လျှင် သတိပြုမိကုန်မှာမို့ သူ့အတွေးကို စွန့်လွှတ်လိုက်တော့သည်။ သူတို့နှစ်ယောက်စလုံးတွေးလိုက်ကြသည် : ခဏလောက်စောင့်လိုက်ကြစို့!

သခင်နှင့်အစေခံနှစ်ယောက်လုံးက ကားမူးနေတာကြောင့် ခရီးဆုံးရောက်ခါနီးပြီဟု ယာဥ်မောင်းက ပြောတဲ့အခါမှ သတိပြန်ဝင်လာကြသည်။

အို့ 'အိမ်အသစ်'ကို ရောက်ပါတော့မယ်

တက္ကစီခမှာ ယွမ်သုံးဆယ်နီးပါးကျကာ ကားနှင့်မို့ အဝေးကြီးလို့ မထင်ရသော်လည်း တကယ်တော့ သူ့ကျောင်းမှ သူ့အိမ်သို့ အကွာအဝေးမှာ သိပ်မနီးဘဲ ရှောင်ဖုန်းယန်က နေ့တိုင်းအသွားအပြန် စက်ဘီးစီးနိုင်ခဲ့သည်။

ဖုန်းယန် တက္ကစီပေါ်ကဆင်းပြီးနောက် ချီဇယ်နှင့် ကျန်းချင်ကျဲတို့က သေတ္တာဘူးကို နောက်ခန်းမှ ယူပေးလိုက်သည်။ ထို့နောက် သူက သူတို့ကို လွှတ်ပေးလိုက်သည်။ အဘွားဖုန်းနှင့် ရှောင်ဖုန်းယန်တို့နေတဲ့ နေရာကို ဒီကောင်လေးနှစ်ယောက်အား မဝင်စေချင်ပေ။

ဟွားချန်က တက္ကစီထွက်သွားသံကို ကြားတဲ့အခါ ဖုန်းယန်ရဲ့အင်္ကျီလက်ထဲမှ ထွက်လာပြီး သူ့ပုခုံးပေါ်သို့ ​ပျံတက်လာကာ တိုးတိုးလေးပြောလိုက်သည်။ 

"မင်းသားလေး ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ" 

ဟုတ်တယ် ငါ ဘာလုပ်ရမလဲ။

ဖုန်းယန်က ပျက်စီးနေတဲ့ အိမ်ကြီးကို မြင်လိုက်ရသည်နှင့် ခေါင်းကိုက်သွားခဲ့သည်။ အဘွားဖုန်းက ပိုက်ဆံမရှိသည့်အပြင် နေ့တိုင်း စုဆောင်းထားတဲ့ အမှိုက်တွေကို သိမ်းဆည်းဖို့ နေရာတစ်ခုလိုတာကြောင့် ခြံဝင်း သေးသေးလေးတစ်လုံးကို ငှါးခဲ့သည်။ ဖန့်ယွင်မြို့၌ ဒီလိုခြံငယ်မျိုးက အလွန်ရှားပါးပြီး အိမ်နှင့်ခြံက မကြာခင်ပြိုကျတော့မှာကြောင့် အိမ်ရှင်က ၎င်းတို့ကို ပြန်လည်မွမ်းမံရန် ရည်ရွယ်ချက်မရှိပေ။ အဘွားဖုန်းက ဒီနေရာကို ဘယ်လိုရှာတွေ့ခဲ့တာလဲဆိုတာ သူမသိပေမယ့် ခြံရဲ့တစ်ဖက်တစ်ချက်မှာရှိတဲ့ အိမ်တွေမှာ ဘယ်သူမှမနေပေ။ ခုလိုညဥ့်နက်ချိန်ကို အသာထား နေ့ခင်းဘက်မှာ ကျယ်ကျယ်လောင်လောင် ပြောနေရင်တောင် ဘယ်သူမှ မကြားနိုင်ပေ။

ဖုန်းယန်က ကျောင်းရှိ အဆောက်အဦးတွေ အားလုံးက ဖုန်းထိုင်တောင်မှ ခမ်းနားသည့် ဗိသုကာလက်ရာနှင့်သဘာဝပတ်ဝန်းကျင်ထက် နိမ့်ကျသည်ဟု ခံစားမိမှတော့ ဒီပျက်စီးနေတဲ့ ခြံဝင်းငယ်ကိုတော့ မပြောချင်တော့ပေ။ သူ ဝမ်းနည်းကြေကွဲနေခဲ့သည်။

ဖုန်းယန်က သေတ္တာဘူးထဲမှ 'စက်ဘီးအစိတ်အပိုင်းတွေ'ကို မြေကြီးပေါ်သို့ ချလိုက်ကာ ညာလက်ကိုဖွင့်ပြီး အပေါ်မှ ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်သည်။ အသက်ပြန်ရှင်လာသလိုပင် စက်ဘီးအစိတ်အပိုင်းတွေက သူ့ဘာသာ နဂိုမူလအခြေအနေအတိုင်း ပြန်ဖြစ်သွားပြီး ရှောင်ဖုန်းယန် စစီးတုန်းကနဲ့ အတူတူပင်။

 "မင်းသားလေး အဲ့ဒါနဲ့ဘာလုပ်မလို့လဲ" ဟွားချန်က ထပ်ပြောလိုက်သည်။ 

"ဒါကို ပြုပြင်လိုက်တာက မင်းသားလေးရဲ့ ဝိညာဉ်စွမ်းအားတွေ အများကြီးကုန်သွားပြီလေ။ ဒါစီးပြီး ကျောင်းတက်ချင်လို့လား"

"မဟုတ်ဘူး"

 ဖုန်းယန်က ပြန်ဖြေပြီး လက်ဖျောက်တီးလိုက်ကာ သူ့လက်ချောင်းထိပ်ကနေ မီးတောက်တစ်ခု ထွက်လာခဲ့သည်။ မီးတောက်က ပြုပြင်ထားတဲ့ စက်ဘီးကို ချက်ချင်းတောက်လောင်သွားပြီး ပြာဖြစ်သွားခဲ့သည်။

ဖုန်းယန်က ကွက်လပ်တွင် တစ်ခုခုကို လက်ညှိုးဖြင့် အမြန်ရေးလိုက်သည်။ သူ့လက်ထဲမှာ ဘာမှ မရှိတာ သေချာပေမယ့် ကွက်လပ်ထဲမှာ ဆွဲထားတဲ့အမှတ်အသားက မီးတွေနဲ့ပြည့်သွားခဲ့သည်။ သုံးစက္ကန့်လောက် လောင်ကျွမ်းပြီးနောက် လေက ရုတ်တရက် မြေကြီးပေါ်က ပြာတွေကို တိုက်ခတ်လာပြီး အပေါ်တက်လာကာ လေထဲတွင် ပြန့်ကျဲသွားခဲ့သည်။

"ဒီစက်ဘီးက ရှောင်ဖုန်းယန်အသက်ရှင်စဥ်က သူအကြိုက်ဆုံးအရာတွေထဲက တစ်ခုလေ။ သူက ယခုမြေအောက်ကမ္ဘာမှာ ရှိနေပြီး လူဝင်စားဖို့ သုံးနှစ်လောက် အချိန်ယူရလိမ့်မယ်။ သူဆက်စီးနိုင်ဖို့ ငါ သူ့ဆီ ပို့လိုက်တာ" 

'စက်ဘီးပူဇော်ခြင်း'ပြီးတဲ့အခါ သူက ပျက်စီးနေသည့် အိမ်ထဲသို့ ဟွားချန်နှင့်အတူ ဝင်သွားလိုက်သည်။

ခဏအကြာတွင်...

"အား အား အား အား အား အားးးး!!"

ဟွားချန်က အားတက်သရော အော်ဟစ်ပြီး စိတ်လှုပ်ရှားစွာဖြင့် စက်ဝိုင်းပုံစံ လှည့်ပတ်ပြေးနေခဲ့သည်။

"မင်းသားလေး အခန်းထဲမှာ ကလေးတွေအများကြီးပဲ... ကျွန်တော် ဆိုလိုချင်တာက ပုရစ်တွေအများကြီးပဲ! အိုးမိုင်ဂေါ့ အိုးမိုင်ဂေါ့! ကျွန်တော်တော့ နှစ်သစ်ကူးပွဲတော်ကို စောစောကျင်းပရတော့မှာပဲ"

"ပါးစပ်ပိတ်ထားစမ်း" 

ဖုန်းယန်က ခေါင်းကိုက်သွားသည်။

"မင်းက ကြက်တူရွေးလေ။ ဘာကိစ္စပုရစ်တွေ စားနေမှာလဲ။ မင်း ဘာကိုစားသင့်လဲ ငါ့ကိုပြောပြ!"

"မင်းသားလေးကို အရင်က မပြောပြဖူးဘူးလား။ကျွန်တော့်အဖေက ကြက်တူရွေးပေမယ့် အမေက မြေလူးငှက်လေ။ ကျွန်တော်က အဖေနဲ့တူပေမဲ့ အစားအသောက်ကတော့ အမေနဲ့အတူတူပါပဲ"


"အဲ့လိုလား" 

ဖုန်းယန်က ဟွားချန်ဖမ်းထားသည့် မလှုပ်တော့တဲ့ ပုရစ်ကို ကြည့်လိုက်သည်။ 

"အဲ့ဒါကအရသာရှိလား"

"အရသာရှိတယ် မင်းသားလေး ကျေးဇူးပြု၍ မီးနှင့်ကင်ပေးပါ" 

ဟွားချန်က သူ့အတောင်ပံတွေကို တဖျပ်ဖျပ်ခတ်ပြီး နောက်ပြန်ခုန်လိုက်သည်။ ဖုန်းယန်က သူ့အတွက် ပုရစ်မီးကင်ပေးနေတာကို မြင်လိုက်ရတဲ့အခါ ပျော်ပျော်ကြီး စားလိုက်သည်။

"မင်းသားလေးမြည်းကြည့်ချင်လား"

"ငါပုရစ်မစားဘူး" 

ဖုန်းယန်က ပုရစ်ကင်ကို ရွံရှာစွာ ကြည့်နေခဲ့သည်။ 

"မနက်ဖြန် စနေနေ့ဆိုတော့ နေ့လည် စာသင်ချိန်နှစ်ချိန်ပြီးရင် အပြင်သွားကြမယ်"

"အို့ အို့ ဟုတ်ကဲ့..." 

ဟွားချန်က ပုရစ်ကို မြိန်ရေရှက်ရေစားနေခဲ့သည်။ 

"ဘာလုပ်ချင်လို့လဲ မင်းသားလေး"

"အင်း မင်းရဲ့ အိမ်ရှေ့စံမင်းသား ငါက သူ့ကိုယ်သူ သေမျိုးလူသားနဲ့ တူညီတဲ့ အဆင့်အထိ နှိမ့်ချပြီး သူတို့ရဲ့ ကံကြမ္မာကို ဖတ်ခြင်းအားဖြင့် သူတို့ကို ကူညီဖို့ ဆုံးဖြတ်လိုက်ပြီ"

"ဒါပေမယ့် ကောင်းကင်ဘုံပဲသိတဲ့ အမှန်တရားတွေ၊ လမ်းကြောင်းတွေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေက မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပြီး သေမျိုးတွေက သဘာဝကျကျနဲ့ သူတို့ရဲ့ ကံကြမ္မာကို တွေ့ကြုံခံစားသင့်ပါတယ်။ အဲ့ဒါရဲ့အသိပညာက သူတို့ဆီ မတော်တဆ အခွင့်အလမ်းရှိပြီး ရောက်သွားတာပဲ ဖြစ်သင့်ပါတယ်။ မဟုတ်ရင် ကောင်းကင်ဘုံရဲ့ အမျက်ဒေါသကို ရင်ဆိုင်ရလိမ့်မယ်။ အဲ့လိုမလုပ်နိုင်မှာကြောက်မိပါတယ် မင်းသားလေး "

"မတော်တဆအခွင့်အလမ်းမရှိရင် ပြသာနာရှိတယ်လား"

 ဖုန်းယန်က ဆက်ပြောလိုက်သည်။

 "သူတို့ရဲ့ နှလုံးသားထဲကို ကြည့်ဖို့နဲ့ သူတို့ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေကို မောင်းထုတ်ဖို့ ဝိညာဉ် စွမ်းအားအများကြီး မလိုဘူး။ ငါတို့က လူတွေကို ကောင်းမွန်လာအောင်၊ကုသိုလ်ကောင်းမှုအချို့ ပြုလုပ်လာအောင် ဆွဲဆောင်ဖို့ အခွင့်အရေးလည်း ရပြီး အဲ့နည်းနဲ့ ငွေအနည်းငယ်လည်း ရှာနိုင်သွားမယ်။ ငါ အခု အကြွေးထဲ နစ်နေတယ်ဆိုတာ မမေ့နဲ့ဦး"

"အာ အဲဒါက အလုပ်ဖြစ်မယ့်ပုံပဲ။ ဒါဆို ကျွန်တော်က မင်းသားလေးရဲ့လက်ထောက် ဖြစ်သင့်တယ်နော်"

 ဟွားချန်က ပုရစ်ရဲ့ အပျော့ဆုံးအစိတ်အပိုင်းကိုသာ စားပြီး ကျန်မကောင်းတဲ့ အစိတ်အပိုင်းတွေကို စွန့်ပစ်လိုက်သည်။ 

"ဒါပေမယ့် ဘယ်မှာ ဗေဒင်ဟောမှာလဲ။ ဒီနေရာက အရမ်းစုတ်ပြတ်နေတယ်။ လိုအပ်တဲ့လူတွေက ဒီကိုလာမှာမဟုတ်ဘူး"

"မနက်ဖြန် အပြင်ထွက်မယ်လို့ ငါပြောတယ် မဟုတ်ဘူးလား။ အဲ့ခါကျရင် ဘယ်လမ်းတွေမှာ ပုစဉ်းရင်ကွဲဥတွေ အများကြီး မြုပ်နေလဲဆိုတာ သေသေချာချာ ဂရုတစိုက်နဲ့ ရှာပြီးတော့ အဲ့နေရာမှာ စိတ်ပိုင်းဆိုင်ရာဆေးခန်း ဖွင့်ကြမယ်"

ဟွားချန် : "..."

(E tran note: ပုစဥ်းရင်ကွဲဆိုတာက ကောင်းမွန်တဲ့ ပြန်လည်မွေးဖွားခြင်း၊ ပြောင်းလဲခြင်းနဲ့ ကံဆိုးမှုမှ ကာကွယ်ခြင်းရဲ့ သင်္ကေတဖြစ်သည်။ ဖုန်းရွှေဆရာအများစုက ပုစဥ်းရင်ကွဲသည် ထာဝရရှင်သန်မှုနှင့် နောက်ကျောကို ဓားနှင့်ထိုးသူတွေထံမှ ကာကွယ်နိုင်မှု သင်္ကေတဖြစ်ကြောင်း ပြောကြလိမ့်မည်)

Zawgyi

အခန္း ၅: ပုရစ္ေတြမစားနဲ႔

အတန္းထဲတြင္ ေက်ာင္းသား စုစုေပါင္း ေလးဆယ့္႐ွစ္ေယာက္႐ွိၿပီး ထက္ဝက္ခန္႔က ဖုန္းယန္ ဒီေန႔ညစာသင္ခန္းသို႔ ျပန္မလာႏိုင္ေတာ့ဘဲ ျပန္လာလွ်င္ပင္ သူပုံစံက ၾကည့္ရဆိုးေနမွာ ေသခ်ာသည္ဟု ထင္ခဲ့ၾကသည္။ 

သို႔ေသာ္လည္း ဖုန္းယန္က ဒဏ္ရာမရဘဲ ျပန္လာ႐ုံမက သူထြက္သြားသည့္အခ်ိန္ထက္ ပိုေမာက္မာေနပုံရသည္။ ဆရာမလင္းက်င္းယြင္က ခ်ီဇယ္ရဲ႕ က်ိဳးေနတဲ့ ထိုင္ခုံကို ျမင္ၿပီး ဘာျဖစ္ခဲ့တာလဲလို႔ ေမးတဲ့အခါ ေက်ာင္းသားအခ်ိဳ႕က လန္႔ၿပီး ဖုန္းယန္လုပ္ခဲ့တဲ့ လုပ္ရပ္ကို ထုတ္ေဖာ္ခံလိုက္ရမွာ စိုးရိမ္ေနၾကသည္။

အံ့ၾသစရာေကာင္းတာက ခ်ီဇယ္က ဖုန္းယန္က သူ႕ထိုင္ခုံကို ကန္ခ်ိဳးခဲ့ပါတယ္လို႔ အျပစ္မတင္ရဲခဲ့ေပ။ ခ်ီဇယ္က ဘာမွမေျပာမွေတာ့ က်န္တဲ့အတန္းထဲကသူေတြကလည္း သူတို႔ပါးစပ္ေတြကို မဖြင့္ခဲ့ၾကေပ။ ဖုန္းယန္ရဲ႕ထိုင္ခုံေဖာ္က ၿဂိဳလ္သားကို ၾကည့္ေနသလိုမ်ိဳး မယုံၾကည္ႏိုင္စြာ စိုက္ ၾကည့္ေနခဲ့သည္။ သူမက ဟယ္ထင္ထင္လို႔ေခၚတဲ့  အနည္းငယ္ ဝဝနဲ႔ေကာင္မေလးျဖစ္သည္။ သူမရဲ႕မ်က္ႏွာက ဝိုင္းစက္ေနၿပီး အသားအရည္က သူ႕ထက္ေတာင္ နည္းနည္းပိုမည္းေနေသးသည္။

သူမရဲ႕ပညာေရးစြမ္းေဆာင္ရည္မွာလည္း သာမန္သာျဖစ္သည္။ ဒါေပမယ့္ သူမရဲ႕ အက်င့္စ႐ိုက္က အရမ္းေကာင္းတာေၾကာင့္ လင္းက်င္းယြင္က သူတို႔ ႏွစ္ေယာက္ကို ထိုင္ခုံေဖာ္အျဖစ္ သတ္မွတ္ေပးလိုက္တာ ျဖစ္သည္။ ႏွစ္ေယာက္စလုံးက စိတ္ထားေကာင္းၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ခင္မင္ရင္းႏွီးစြာ ေပါင္းသင္းဆက္ဆံၾကသည္။

သူမရဲ႕စားပြဲေပၚတြင္ တစ္ဝက္ေျဖထားကာ တစ္ဝက္ဗလာျဖစ္ေနသည့္ တ႐ုတ္ဘာသာအိမ္စာ ႐ွိေနသည္။ ပုံမွန္အားျဖင့္ ဟယ္ထင္ထင္က သူမရဲ႕ေက်ာင္းစာ သို႔မဟုတ္ အိမ္စာေတြႏွင့္ ပတ္သက္ၿပီး ျပႆနာတစ္စုံတစ္ရာ႐ွိပါက ဖုန္းယန္ကို အကူအညီေတာင္းေလ့႐ွိေသာ္လည္း ဒီေန႔ေတာ့ သူ႕ကို အနည္းငယ္ေၾကာက္သလို ခံစားေနရသည္။

သူမက ဖုန္းယန္ကို မၾကာခဏခိုးေၾကာင္ခိုးဝွက္ ၾကည့္ေနၿပီး မထိန္းထားႏိုင္ေတာ့ဘဲ တိုးတိုးေလးေမးလိုက္သည္။

 "ဖုန္းယန္ နင္အဆင္ေျပပါ့မလား"

ဖုန္းယန္က သူမဘက္လွည့္ၿပီး ေမးလိုက္သည္။ 

"ဘာလို႔လဲ"

"နင္ ငါတို႔ေနာက္က လူႏွစ္ေယာက္ကို သြားရန္စခဲ့တယ္ေလ။ ေနာက္မွသူတို႔က နင့္ကို ကလဲ့စားေခ်လာရင္ နင့္အတြက္ အရမ္းခက္ခဲမွာ မဟုတ္ဘူးလား" 

ဖုန္းယန္က သူ႕ထိုင္ခုံကို လွည့္လိုက္ၿပီး ခ်ီဇယ္ႏွင့္ က်န္းခ်င္က်ဲကို ၾကည့္လိုက္သည္။ 

"အိုး..သူတို႔ႏွစ္ေယာက္လား။ အဆင္ေျပပါတယ္။ အရင္ကျဖစ္ခဲ့သလိုမ်ိဳး အနာဂတ္မွာ ထပ္ျဖစ္ေတာ့မွာ မဟုတ္ဘူး"

ဟယ္ထင္ထင္က ေခါင္းညိတ္ၿပီး စိတ္ထဲတြင္ ​ေတြးလိုက္သည္ : ဟုတ္သားပဲ ေသမွာမေၾကာက္တဲ့သူက ေက်ာင္းက အႏိုင္က်င့္တဲ့လူကို ေၾကာက္ပါေတာ့မလား။

အႏိုင္က်င့္ျခင္းအေၾကာင္းေျပာလွ်င္ ခ်ီဇယ္ႏွင့္ က်န္းခ်င္က်ဲတို႔က တကယ့္နာမည္ႀကီး အႏိုင္က်င့္သူေတြလို႔ မယူဆႏိုင္ေပ။ သူတို႔ ေက်ာင္းမွာ တကယ့္ေက်ာင္းတြင္းအႏိုင္က်င့္သူက က်ီယြီခ်န္လို႔ေခၚတဲ့ အထက္တန္းစားတစ္ ေယာက္ပင္။ သူက သူ႕ကိုယ္ပိုင္အသိုက္ကလြဲၿပီး အျပင္ဘက္႐ွိ အရာအားလုံးကို မျမင္ႏိုင္႐ွာတဲ့ အသိုက္ထဲက ၾကက္ကေလးခ်ီဇယ္ႏွင့္ မတူေပ။ က်ီယြီခ်န္က သူမရဲ႕တကယ့္ ပုရိသနတ္ဘုရားအစစ္ျဖစ္သည္။

ထိုပုရိသနတ္ဘုရားအေတြးေတြက သူမရဲ႕စိတ္ထဲသို႔ ဝင္ေရာက္လာတဲ့အခါ ဟယ္ထင္ထင္က ဖုန္းယန္ကို အျမန္ တစ္ခ်က္ၾကည့္လိုက္သည္။ ဖုန္းယန္က အလြန္ေခ်ာေမာသည္ဟု သူမ ခံစားမိေသာ္လည္း သူ႕မ်က္ႏွာအသြင္အျပင္က သိမ္ေမြ႕လြန္းသည္။ ေယာက်္ားေလးတစ္ေယာက္အေနနဲ႔ သူ႕မွာ ေယာက်ာ္းပီသတဲ့ ႐ုပ္ရည္ထက္ ႏူးညံ့တဲ့အလွေလးနဲ႔ ပိုတူတယ္လို႔ သူမ ေတြးမိသည္။ ထို႔အျပင္ သူက အတန္းထဲ႐ွိ အျခားမိန္းကေလးေက်ာင္းသူအမ်ားစုထက္ ျဖဴစင္ၿပီး ၎က ေယာက်ၤားတစ္ေယာက္အေနနဲ႔ သူမအႀကိဳက္ဆုံးပုံစံေတာ့ မဟုတ္ေပ။

 ဒီလိုစစ္ျဖစ္ေလာက္တဲ့အလွမ်ိဳးနဲ႔ အသားအေရ ညိဳမည္းေနတဲ့ ငါလိုမိန္းကေလးနဲ႔ကေတာ့...ဟမ့္!

ဖုန္းယန္က သူ႕ထိုင္ခုံေဖာ္က မ်က္ႏွာေပၚတြင္ အလြန္ထူးဆန္းတဲ့ အမူအရာျဖင့္ သူ႕ကို ၾကည့္ေနသည္ကို ႐ုတ္တရက္ ခံစားလိုက္ရတာေၾကာင့္ သူမႏွင့္ စကားေျပာေနတာကို ရပ္လိုက္ၿပီး ေခါင္းျပန္လွည့္လိုက္သည္။ သူ မေရးရေသးသည့္ ေန႔လည္ကတည္းက စားပြဲေပၚတြင္ ႐ွိေနတဲ့စာ႐ြက္ကို ေကာက္ကိုင္လိုက္ၿပီး နားလည္ေလာက္မလားလို႔ ၾကည့္လိုက္သည္။

ေနာက္ဆုံးတြင္ သူက ေ႐ွာင္ဖုန္းယန္ရဲ႕ ခႏၶာကိုယ္ႏွင့္ သူ႕မွတ္ဉာဏ္ေတြကို သိမ္းပိုက္ႏိုင္ခဲ့တာေၾကာင့္ ေ႐ွာင္ဖုန္းယန္ သင္ယူခဲ့သည့္ အရာေတြကို မေမ့သင့္ေပ။ မူလက ဒီလိုအရာေတြကို ေလ့လာဖို႔ ဂ႐ုမစိုက္ခဲ့ေပ။ သို႔ေသာ္ ေဆး႐ုံမွ ျပန္လာတဲ့လမ္းမွာ သူ ေတာ္ေတာ္မ်ားမ်ားစဥ္းစားခဲ့သည္။

ဥပမာ ေသမ်ိဳးေလာကတြင္ ဝိညာဥ္စြမ္းအင္ကို သူဘယ္လိုစုပ္ယူႏိုင္မလဲ။ ၿပီးေတာ့ အသက္ေမြးဝမ္းေၾကာင္းျပဳဖို႔ သူဘာလုပ္ႏိုင္သလဲ။ ေကာင္းမႈကုသိုလ္ကို ဘယ္လိုစုေဆာင္းႏိုင္မလဲ။

ေနာက္ဆုံးတြင္ သူက ေက်ာင္းသားအျဖစ္ ဆက္လက္႐ွိေနရန္ နိဂုံးခ်ဳပ္သြားခဲ့သည္။ သူ႕ဆုံးျဖတ္ခ်က္အတြက္ အေၾကာင္းျပခ်က္မ်ားစြာ႐ွိပါသည္ : ပထမဦးစြာ ကုသိုလ္ေကာင္းမႈ ရရန္ အလ်င္ျမန္ဆုံးနည္းလမ္းမွာ လူေတြကို ကူညီရန္ျဖစ္ပုံရၿပီး သူႏွင့္အရင္းႏွီးဆုံးလူေတြမွာ သူ႕အတန္းေဖာ္ေတြ ျဖစ္သည္။ အကူအညီလိုေနတဲ့ ေက်ာင္းသားေတြကို ႐ွာေတြ႕ၿပီး ကူညီေပးခဲ့ရင္ သူ႕လုပ္ရပ္ေတြက သိပ္ထူးဆန္းေနမွာ မဟုတ္ေပ။ သူအရင္ဆုံး ေက်ာင္းမွာ ေကာင္းမႈကုသိုလ္ေတြ စုေဆာင္းၿပီး ေနာက္မွ လူမႈကူညီဖို႔ အျပင္ထြက္လို႔ရသလို တျခားနည္းတစ္ခုခုလည္း ႐ွာလို႔ရသည္။

 ဒုတိယအခ်က္အေနနဲ႔ အျပင္ကလူေတြႏွင့္ ယွဥ္ရင္ ေက်ာင္းကလူေတြက စိတ္ထားျဖဴစင္ၿပီး ေကာင္းမြန္သည့္ဆက္ဆံေရး တည္ေဆာက္ဖို႔ ပိုလြယ္ကူသည္။

တတိယအခ်က္ကေတာ့ အေရးအႀကီးဆုံးျဖစ္ကာ သူျပန္သြားႏိုင္ဖို႔ ကုသိုလ္ဘယ္ေလာက္ စုေဆာင္းရမလဲ၊ ႏွစ္ဘယ္ေလာက္ၾကာေအာင္ စုေဆာင္းဖို႔လိုမလဲဆိုတာ သူမသိေပ။ ဒါမွမဟုတ္ ဆယ္စုႏွစ္တစ္စုမ်ားလား။ ဒါက မျဖစ္ႏိုင္တာ မဟုတ္တာေၾကာင့္ သူ အဆိုးဆုံးအတြက္ ျပင္ဆင္ထားဖို႔လိုသည္။

ဖုန္းယန္က သူ႕ဝိညာဥ္ေရးရာအျမစ္ေတြကို ျဖတ္ေတာက္ခဲ့ၿပီး သူ႕ခႏၶာကိုယ္အတြင္း႐ွိ က်န္ဝိညာဥ္စြမ္းအင္ေတြက သူႏွင့္မသက္ဆိုင္ေတာ့ဘဲ ႐ွန္႔ကြၽယ္​ျမက္ပင္​ရဲ႕ ဝိညာဥ္ေရးရာအသိစိတ္က သူ႕ပတ္ဝန္းက်င္႐ွိ ဝိညာဥ္စြမ္းအင္ကို စုပ္ယူႏိုင္ေစရန္ ကူညီေပးခဲ့သည္။ ၎က ႐ြမ္ပင္းအက်ဥ္းေထာင္ရဲ႕ စြမ္းအင္သုံးပုံတစ္ပုံကို စုပ္ယူခဲ့ၿပီး ထိုပမာဏက သူ႕ကို အက်ိဳးျပဳရန္ လုံေလာက္သည္ထက္ ပိုေနသင့္သည္။

သို႔ေသာ္ သူက ေထာင္မွလြတ္ေျမာက္ရန္ႏွင့္  သူ႕အေဖႏွင့္ ဖေအတူမေအကြဲညီကို အတြင္း၌ ပိတ္ေလွာင္ထားရန္ ဝိညာဥ္စြမ္းအင္မ်ားစြာ သုံးခဲ့ရၿပီး ယခုအခါ နည္းနည္းေလးသာ က်န္ေတာ့သည္။ ဒါေပမယ့္ ထိုက္တန္သည္၊ ဘာလို႔လဲဆိုေတာ့ သူသာ သူတို႔ကို ပိတ္ေလွာင္မထားခဲ့ရင္ သူ ေကာင္းမြန္တဲ့ဘဝနဲ႔ ႐ွင္သန္ႏိုင္မွာမဟုတ္ေပ။

ယခုအခ်ိန္တြင္ သူက လူသားေတြထက္ မ်ားစြာ အားေကာင္းေနေသာ္လည္း မေသမ်ိဳးေတြႏွင့္ ႏိႈင္းယွဥ္၍ မရႏိုင္ေပ။အႀကီးမားဆုံးေမးခြန္းမွာ ႐ွန္႔ကြၽယ္​ျမက္အတြင္း က်န္႐ွိေနေသးသည့္ ဝိညာဥ္စြမ္းအင္က ဘယ္ေလာက္ၾကာၾကာခံဦးမလဲႏွင့္  ဒီကမ႓ာတြင္ ဝိညာဥ္စြမ္းအင္ကို ဘယ္လိုျမန္ျမန္စုပ္ယူႏိုင္မလဲပင္။ မထင္မွတ္ဘဲ တစ္ခုခုျဖစ္သြားႏိုင္လား။ အာမခံခ်က္မ႐ွိေပ။

႐ွန္႔ကြၽယ္ျမက္ပင္ကသူ႕အတြက္ ဝိညာဥ္စြမ္းအင္ကို မစုေဆာင္းႏိုင္ေတာ့သည့္ အေျခအေနတြင္ သူက သူ႕ဘဝတစ္သက္တာလုံး ေသမ်ိဳးကမ႓ာတြင္သာ အမွန္တကယ္ ကုန္ဆုံးရေပေတာ့မည္။ ဒါက ျဖစ္ႏိုင္ေျခ႐ွိသည့္ အဆိုးဆုံးရလဒ္ျဖစ္သည္။

"ဖုန္းယန္ ေက်ာင္းဆင္းၿပီဆိုေတာ့ အိမ္ျပန္မွာလား"

 ဟယ္ထင္ထင္က သူမလြယ္အိတ္ကို သိမ္းေနရင္း အတန္းဆင္းခ်ိန္တြင္ ေပါ့ေပါ့ပါးပါး ေမးလိုက္သည္။

"အမ္း" 

ဖုန္းယန္က ညည္းညဴၿပီး သူ႕ထိုင္ခုံမွ ထလိုက္သည္။ သူ႕ပစၥည္းေတြကို ေကာက္သိမ္းၿပီး ေက်ာင္းလြယ္အိတ္ကို ပခုံးေပၚတင္ကာ စာသင္ခန္းထဲက ထြက္သြားခဲ့သည္။

"ဟူး..." 

သူ႕ေနာက္မွ ခ်ီဇယ္ႏွင့္ က်န္းခ်င္က်ဲတို႔က တစ္ခ်ိန္တည္းနီးပါး အသက္႐ွဴသြင္းလိုက္ၾကသည္။ ဖုန္းယန္ႏွင့္ေတြ႕ဆုံျခင္းက သူတို႔ကို ေသေအာင္ ေၾကာက္ေစခဲ့သည္။ ေက်ာင္းဆင္းရင္ ဖုန္းယန္က သူ႕စက္ဘီးကို ထပ္ျပင္ခိုင္းမွာကို သူတို႔စိုးရိမ္ေနခဲ့ၾကတာ ျဖစ္သည္။ တကယ္သာျဖစ္လာခဲ့ရင္ သူတို႔ေၾကာက္လြန္းလို႔ ႐ူးသြားလိမ့္မယ္!

ကံေကာင္းေထာက္မစြာပင္ သူက သူတို႔ကိုလႊတ္ေပးလိုက္သလိုပင္။

အရင္တုန္းကေတာ့ ခ်ီဇယ္ႏွင့္ က်န္းခ်င္က်ဲတို႔က သူတို႔ရဲ႕ ေက်ာင္းလြယ္အိတ္ေတြကို သိမ္းဖို႔ ဘယ္တုန္းကမွ စိတ္မဝင္စားခဲ့ၾကေပ။ေက်ာင္းဆင္းေၾကာင္း အခ်က္ျပသည့္ ေနာက္ဆုံးေခါင္းေလာင္းသံ ျမည္လာတဲ့အခါ သူတို႔က ပစၥည္းေတြကို ခ်န္ခဲ့ကာ တင္ပါးေလးႂကြၿပီး ထြက္သြားခဲ့ၾကသည္။ အခုေတာ့ သူတို႔က စားပြဲေတြကို သပ္သပ္ရပ္ရပ္စီၿပီး တျခားေက်ာင္းသားေတြလို ေက်ာပိုးအိတ္ေတြကို ထားခဲ့ၾကသည္။ ဒါကို ျမင္တဲ့ ေက်ာင္းသားတစ္ခ်ိဳ႕က အလြန္သိခ်င္သြားၾကသည္။ ဖုန္းယန္က သူတို႔ကို ဒီလိုေၾကာက္သြားေအာင္ ဘာလုပ္ခဲ့တာပါလိမ့္။

ဖုန္းယန္က ေက်ာင္းအေဆာက္အဦးမွ ထြက္ခြာသြားေသာ္လည္း ေက်ာင္း​ဝင္းထဲမွ ခ်က္ခ်င္းမထြက္ခြာခဲ့ေပ။ သူ႕စက္ဘီးက တစ္စစီပ်က္စီးသြားတဲ့အတြက္ သူနဲ႔အတူ ယူသြားဖို႔ အဆင္မေျပေပ။ ထို႔ေၾကာင့္ သူက စူပါမားကတ္သို႔ အရင္သြားကာ တစ္စစီျဖစ္ေနတဲ့ အစိတ္အပိုင္းေတြကို ထည့္ရန္ သုံးဖို႔ ေသတၱာဘူးတစ္ပုံးကို သြားငွားခဲ့သည္။

ေဘာ္ဒါေက်ာင္းအေနျဖင့္ စူပါမားကတ္အပါအဝင္ ေက်ာင္းဝင္းအတြင္းတြင္ သာယာအဆင္ေျပမႈမ်ားစြာ႐ွိခဲ့သည္။ ထိုေနရာေရာက္ေတာ့ ဖုန္းယန္က စူပါမားကတ္မွ ပိုင္႐ွင္အေဒၚကို လိုက္႐ွာခဲ့သည္။ ပိုင္႐ွင္အေဒၚက လူေကာင္းျဖစ္ၿပီး ေသတၱာဘူးကို ေပးကာ သုံးဖို႔လိုအပ္ေသးရင္ ျပန္ေပးစရာမလိုဘူးလို႔ ေျပာခဲ့သည္။

ေ႐ွာင္ဖုန္းယန္ရဲ႕မွတ္ဉာဏ္ေတြ ႐ွိေနတာမို႔ သူမက ဒီလိုေသတၱာဘူးမ်ိဳးကို ေငြနဲ႔ ေရာင္းခ်မွန္း သူသိတာေၾကာင့္ သူမရဲ႕ၾကင္နာမႈကို အခြင့္ေကာင္းမယူခ်င္ခဲ့ေပ။ ေသတၱာဘူးကို သုံးၿပီးတာနဲ႔ သူမဆီ ျပန္လာေပးမယ္လို႔ ကတိေပးလိုက္သည္။

သူမကို ေက်းဇူးတင္ေၾကာင္းေျပာၿပီးေနာက္ စက္ဘီးရပ္နားရာေနရာသို႔ သြားကာ စက္ဘီးအစိတ္အပိုင္းအားလုံးကို စုေဆာင္းၿပီး ေသတၱာဘူးထဲသို႔ တစ္ခုၿပီးတစ္ခုထည့္လိုက္သည္။ ထို႔ေနာက္ ေသတၱာဘူးကို လက္ထဲတြင္ ကိုင္ကာ ေက်ာင္းတံခါးဆီသို႔ ေလွ်ာက္သြားလိုက္သည္။

ဆယ့္ငါးစကၠန္႔အၾကာတြင္ ခ်ီဇယ္ႏွင့္က်န္းခ်င္က်ဲတို႔ ထြက္လာၾကသည္။ သူတို႔ႏွစ္ဦးက အေဆာင္တြင္ ေနထိုင္မႈအေျခအေန ညံ့ဖ်င္းတာေၾကာင့္ ေန႔တိုင္း အသြားအျပန္လုပ္ကာ ေက်ာင္းတက္ၾကသည္။ သူတို႔က တံခါးေပါက္မွ ေက်ာင္းသားေတြ တဖြဲဖြဲထြက္လာမႈႏွင့္အတူ တစ္ေယာက္နဲ႔တစ္ေယာက္ နီးနီးကပ္ကပ္ ေလွ်ာက္လာၾကသည္။ ခ်ီဇယ္က က်န္းခ်င္က်ဲေဘးကို ကပ္ၿပီး တိုးတိုးေလးေျပာလိုက္သည္။

 "ေသစမ္း! ငါေတာ့ မနက္ျဖန္ ခြင့္ယူမွထင္တယ္"

"ငါလည္း ခြင့္ယူခ်င္တယ္။ ခြင့္ျပဳခ်က္ရေအာင္ ဘယ္လိုေျပာၾကမလဲ"

"ငါတို႔ အေအးမိေနတယ္လို႔ပဲ ေျပာၾကစို႔။ ဒါမွမဟုတ္အဖ်ားႀကီးေနတယ္ပဲျဖစ္ျဖစ္!"

ဖုန္းယန္က အေဝးမွ သူတို႔ရဲ႕စကားေျပာသံကို ၾကားကာ ျပဳံးလိုက္သည္။ ေက်ာင္းတံခါးဝမွ ထြက္လိုက္စဥ္မွာပင္ သူတို႔ကို လွမ္းေခၚလိုက္သည္။ 

"ခ်ီဇယ္နဲ႔ က်န္းခ်င္က်ဲ! မင္းတို႔ႏွစ္ေယာက္ ဒီကိုလာခဲ့"

ဖုန္းယန္ႏွင့္ေတြ႕ဆုံခဲ့ၿပီးေနာက္ အာ႐ုံေၾကာေတြ ၿငိမ္သက္သြားသည့္ ခ်ီဇယ္ႏွင့္ က်န္းခ်င္က်ဲတို႔က ႐ုတ္တရက္ ေနရာမွာပင္ ေအးခဲသြားၿပီး ေခါင္းကို ေတာင့္တင္းစြာ လွည့္လိုက္ၾကသည္။ 

"ဘာ...ဘာကိစၥ႐ွိလို႔လဲ"

ဖုန္းယန္က သူ႕လက္ေမာင္းေအာက္႐ွိ ေသတၱာဘူးကို ၫႊန္ျပၿပီး ျပဳံးလိုက္သည္။

 "လာပါဦး။ ငါ့အိမ္ကို ဒီပစၥည္းေလး သယ္ကူေပးပါဦး"

ငါတို႔ လုံးဝ မသြားခ်င္ဘူးေလ။

ဒါေပမယ့္ ပတ္ဝန္းက်င္မွာ လူအမ်ားႀကီး႐ွိေနတာေၾကာင့္ ဖုန္းယန္ကို သတၱိ႐ွိ႐ွိ ရင္ဆိုင္ဖို႔ကလြဲလို႔ ေ႐ြးခ်ယ္စရာ မ႐ွိေတာ့ေပ။

ခ်ီဇယ္က ေျပာလိုက္သည္။

 "မင္းအိမ္က ေတာ္ေတာ္ေဝးတယ္။ ငါတို႔ အဲဒီကိုသြားဖို႔ တကၠစီစီးလို႔ရမလား"

ဖုန္းယန္က ျပန္ေျဖလိုက္သည္။ 

"ရတယ္ေလ" 

က်န္းခ်င္က်ဲက ႐ုတ္တရက္ေျပာလိုက္သည္။

 "တကၠစီခကို ငါ ေပးပါ့မယ္။ ငါ ေပးပါရေစ"

ခ်ီဇယ္က ေျပာလိုက္သည္။

 "မဟုတ္ဘူး ငါေပးမယ္"

ဖုန္းယန္က ဝင္ေျပာလိုက္သည္။ "ျငင္းခုံေနတာကို ရပ္လိုက္စမ္း။ ႏွစ္ေယာက္စလုံး ေပးလို႔ရတယ္""

ခ်ီဇယ္ႏွင့္ က်န္းခ်င္က်ဲတို႔က လမ္းကို အျမန္ျဖတ္ကူးၿပီး တကၠစီေစာင့္ဆိုင္းသည့္ တစ္ဖက္ျခမ္း႐ွိ လူသြားလမ္းဆီသို႔ ေလွ်ာက္သြားလိုက္ၾကသည္။

ဖုန္းယန္က ေအာ္လိုက္သည္။ 

 "မင္းတို႔က ေသတၱာဘူးကို ငါ့ဘာသာ သယ္ခိုင္းခ်င္ေနတာလား"

ခ်ီဇယ္ႏွင့္ က်န္းခ်င္က်ဲ : "မဟုတ္ဘူး မဟုတ္ဘူး မဟုတ္ရပါဘူး ငါတို႔သယ္လိုက္ပါ့မယ္"

ႏွစ္ေယာက္သား ဖုန္းယန္ဆီသို႔ ျပန္ေျပးသြားၿပီး ေသတၱာကို ေကာက္ကိုင္ကာ လမ္းျဖတ္ကူးသြားၾကသည္။

ဖုန္းယန္က သူ႕လက္ေတြကို အိတ္ကပ္ထဲ ထည့္လိုက္ၿပီး သူတို႔ေနာက္မွ ေအးေအးေဆးေဆး လိုက္သြားခဲ့သည္။ ေ႐ွ႕ကခရီးသည္ထိုင္ခုံမွာ ဝင္ထိုင္လိုက္ၿပီး ယာဥ္ေမာင္းကို သူ သြားခ်င္တဲ့ေနရာကို ေျပာျပလိုက္သည္။

သူတစ္ပါးအေပၚ ေစတနာထားၿပီး ကုသိုလ္ေကာင္းမႈေတြ မ်ားမ်ားစုခ်င္ေပမယ့္ အျမစ္ကေန ပုပ္ေနတဲ့သူေတြကို ေစတနာထားဖို႔ စိတ္မပါခဲ့ေပ။ ေ႐ွာင္ဖုန္းယန္က ေက်ာင္းသြား၊ေက်ာင္းျပန္ဖို႔ေတာင္ ေၾကာက္ေနရၿပီး လမ္းမွာ ဒီေကာင္ေလးႏွစ္ေယာက္က ပိတ္ဆို႔ကာ အႏိုင္က်င့္တာ ဘယ္ႏွစ္ခါေလာက္႐ွိခဲ့လဲ။ အိမ္မွာသူ႕ရဲ႕ခ်စ္လွစြာေသာ အဘြားသာ မ႐ွိခဲ့ရင္ ေ႐ွာင္ဖုန္းယန္က ေက်ာင္းဝင္းထဲက အေဆာင္မွာေနၿပီး ဘယ္မွမသြားခ်င္ခဲ့ေပ။ပိုက္ဆံအနည္းငယ္ စုေဆာင္းၿပီး သူ႕အဘြားကို တတ္ႏိုင္သမွ် ေစာစီးစြာ ေကာင္းေကာင္းအနားယူႏိုင္ဖို႔ ေ႐ွာင္ဖုန္းယန္က ေန႔တိုင္း ေစာေစာထၿပီး ေနာက္က်မွ အိပ္ကာ စာႀကိဳးစားခဲ့သည္။

အကယ္၍ လူယုတ္မာခ်ီဇယ္ေၾကာင့္သာ မဟုတ္ပါက ေ႐ွာင္ဖုန္းယန္က သူ႕ဘဝတြင္ ကြဲျပားျခားနားၿပီး ပိုမိုေကာင္းမြန္သည့္ လမ္းကိုဖြင့္ေပးမည့္ တကၠသိုလ္ေကာင္းတစ္ခုသို႔ တက္ေရာက္ႏိုင္မည္ျဖစ္သည္။

ဖုန္းယန္က ဒီအားနည္းသည့္လူႏွစ္ေယာက္ကို အႏိုင္က်င့္ျခင္းအတြက္ တစ္စုံတစ္ရာမွားယြင္းေနတယ္လို႔ မထင္ခဲ့ေပ။ ျပတင္းေပါက္ေဘာင္ေပၚ တံေတာင္ဆစ္ကို တင္ၿပီး ေခါင္းကို ေထာက္ထားရင္း မ်က္လုံးကို မွိတ္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္...

ေသစမ္းဟ! သူ႕မွာ motion sickness႐ွိေနတယ္!

ကားစီးရတာ သူထင္သေလာက္ ေပ်ာ္စရာမေကာင္းေပ။ စက္ဘီးစီးတာကမွ ပိုေကာင္းဦးမည္။ ဒီကားက ေလထဲမွာပ်ံတာ ဒါမွမဟုတ္ ဝိညာဥ္လြင့္တာထက္ေတာင္ ပိုဆိုးေနသည္။ သူ သက္ေတာင့္သက္သာ မထိုင္ႏိုင္ေတာ့ေပ!

ဖုန္းယန္ရဲ႕ ႐ွပ္အက်ႌလက္ထဲမွာ ပုန္းေနတဲ့ ဟြားခ်န္က မူးေဝကာ အန္ထြက္လုနီးပါး ျဖစ္ေနခဲ့သည္။ မူလက အက်ႌလက္အတြင္း၌ ေစာင့္ရတာ ၿငီးေငြ႕သည္ဟု ခံစားမိေသာ္လည္း အျပင္ထြက္လွ်င္ သတိျပဳမိကုန္မွာမို႔ သူ႕အေတြးကို စြန္႔လႊတ္လိုက္ေတာ့သည္။ သူတို႔ႏွစ္ေယာက္စလုံးေတြးလိုက္ၾကသည္ : ခဏေလာက္ေစာင့္လိုက္ၾကစို႔!

သခင္ႏွင့္အေစခံႏွစ္ေယာက္လုံးက ကားမူးေနတာေၾကာင့္ ခရီးဆုံးေရာက္ခါနီးၿပီဟု ယာဥ္ေမာင္းက ေျပာတဲ့အခါမွ သတိျပန္ဝင္လာၾကသည္။

အို႔ 'အိမ္အသစ္'ကို ေရာက္ပါေတာ့မယ္

တကၠစီခမွာ ယြမ္သုံးဆယ္နီးပါးက်ကာ ကားႏွင့္မို႔ အေဝးႀကီးလို႔ မထင္ရေသာ္လည္း တကယ္ေတာ့ သူ႕ေက်ာင္းမွ သူ႕အိမ္သို႔ အကြာအေဝးမွာ သိပ္မနီးဘဲ ေ႐ွာင္ဖုန္းယန္က ေန႔တိုင္းအသြားအျပန္ စက္ဘီးစီးႏိုင္ခဲ့သည္။

ဖုန္းယန္ တကၠစီေပၚကဆင္းၿပီးေနာက္ ခ်ီဇယ္ႏွင့္ က်န္းခ်င္က်ဲတို႔က ေသတၱာဘူးကို ေနာက္ခန္းမွ ယူေပးလိုက္သည္။ ထို႔ေနာက္ သူက သူတို႔ကို လႊတ္ေပးလိုက္သည္။ အဘြားဖုန္းႏွင့္ ေ႐ွာင္ဖုန္းယန္တို႔ေနတဲ့ ေနရာကို ဒီေကာင္ေလးႏွစ္ေယာက္အား မဝင္ေစခ်င္ေပ။

ဟြားခ်န္က တကၠစီထြက္သြားသံကို ၾကားတဲ့အခါ ဖုန္းယန္ရဲ႕အက်ႌလက္ထဲမွ ထြက္လာၿပီး သူ႕ပုခုံးေပၚသို႔ ​ပ်ံတက္လာကာ တိုးတိုးေလးေျပာလိုက္သည္။ 

"မင္းသားေလး ကြၽန္ေတာ္တို႔ဘာဆက္လုပ္ၾကမလဲ" 

ဟုတ္တယ္ ငါ ဘာလုပ္ရမလဲ။

ဖုန္းယန္က ပ်က္စီးေနတဲ့ အိမ္ႀကီးကို ျမင္လိုက္ရသည္ႏွင့္ ေခါင္းကိုက္သြားခဲ့သည္။ အဘြားဖုန္းက ပိုက္ဆံမ႐ွိသည့္အျပင္ ေန႔တိုင္း စုေဆာင္းထားတဲ့ အမိႈက္ေတြကို သိမ္းဆည္းဖို႔ ေနရာတစ္ခုလိုတာေၾကာင့္ ျခံဝင္း ေသးေသးေလးတစ္လုံးကို ငွါးခဲ့သည္။ ဖန္႔ယြင္ၿမိဳ႕၌ ဒီလိုျခံငယ္မ်ိဳးက အလြန္႐ွားပါးၿပီး အိမ္ႏွင့္ျခံက မၾကာခင္ၿပိဳက်ေတာ့မွာေၾကာင့္ အိမ္႐ွင္က ၎တို႔ကို ျပန္လည္မြမ္းမံရန္ ရည္႐ြယ္ခ်က္မ႐ွိေပ။ အဘြားဖုန္းက ဒီေနရာကို ဘယ္လို႐ွာေတြ႕ခဲ့တာလဲဆိုတာ သူမသိေပမယ့္ ျခံရဲ႕တစ္ဖက္တစ္ခ်က္မွာ႐ွိတဲ့ အိမ္ေတြမွာ ဘယ္သူမွမေနေပ။ ခုလိုညဥ့္နက္ခ်ိန္ကို အသာထား ေန႔ခင္းဘက္မွာ က်ယ္က်ယ္ေလာင္ေလာင္ ေျပာေနရင္ေတာင္ ဘယ္သူမွ မၾကားႏိုင္ေပ။

ဖုန္းယန္က ေက်ာင္း႐ွိ အေဆာက္အဦးေတြ အားလုံးက ဖုန္းထိုင္ေတာင္မွ ခမ္းနားသည့္ ဗိသုကာလက္ရာႏွင့္သဘာဝပတ္ဝန္းက်င္ထက္ နိမ့္က်သည္ဟု ခံစားမိမွေတာ့ ဒီပ်က္စီးေနတဲ့ ျခံဝင္းငယ္ကိုေတာ့ မေျပာခ်င္ေတာ့ေပ။ သူ ဝမ္းနည္းေၾကကြဲေနခဲ့သည္။

ဖုန္းယန္က ေသတၱာဘူးထဲမွ 'စက္ဘီးအစိတ္အပိုင္းေတြ'ကို ေျမႀကီးေပၚသို႔ ခ်လိုက္ကာ ညာလက္ကိုဖြင့္ၿပီး အေပၚမွ ျဖည္းညႇင္းစြာ ေဝွ႔ယမ္းလိုက္သည္။ အသက္ျပန္႐ွင္လာသလိုပင္ စက္ဘီးအစိတ္အပိုင္းေတြက သူ႕ဘာသာ နဂိုမူလအေျခအေနအတိုင္း ျပန္ျဖစ္သြားၿပီး ေ႐ွာင္ဖုန္းယန္ စစီးတုန္းကနဲ႔ အတူတူပင္။

 "မင္းသားေလး အဲ့ဒါနဲ႔ဘာလုပ္မလို႔လဲ" ဟြားခ်န္က ထပ္ေျပာလိုက္သည္။ 

"ဒါကို ျပဳျပင္လိုက္တာက မင္းသားေလးရဲ႕ ဝိညာဥ္စြမ္းအားေတြ အမ်ားႀကီးကုန္သြားၿပီေလ။ ဒါစီးၿပီး ေက်ာင္းတက္ခ်င္လို႔လား"

"မဟုတ္ဘူး"

 ဖုန္းယန္က ျပန္ေျဖၿပီး လက္ေဖ်ာက္တီးလိုက္ကာ သူ႕လက္ေခ်ာင္းထိပ္ကေန မီးေတာက္တစ္ခု ထြက္လာခဲ့သည္။ မီးေတာက္က ျပဳျပင္ထားတဲ့ စက္ဘီးကို ခ်က္ခ်င္းေတာက္ေလာင္သြားၿပီး ျပာျဖစ္သြားခဲ့သည္။

ဖုန္းယန္က ကြက္လပ္တြင္ တစ္ခုခုကို လက္ညိႇဳးျဖင့္ အျမန္ေရးလိုက္သည္။ သူ႕လက္ထဲမွာ ဘာမွ မ႐ွိတာ ေသခ်ာေပမယ့္ ကြက္လပ္ထဲမွာ ဆြဲထားတဲ့အမွတ္အသားက မီးေတြနဲ႔ျပည့္သြားခဲ့သည္။ သုံးစကၠန္႔ေလာက္ ေလာင္ကြၽမ္းၿပီးေနာက္ ေလက ႐ုတ္တရက္ ေျမႀကီးေပၚက ျပာေတြကို တိုက္ခတ္လာၿပီး အေပၚတက္လာကာ ေလထဲတြင္ ျပန္႔က်ဲသြားခဲ့သည္။

"ဒီစက္ဘီးက ေ႐ွာင္ဖုန္းယန္အသက္႐ွင္စဥ္က သူအႀကိဳက္ဆုံးအရာေတြထဲက တစ္ခုေလ။ သူက ယခုေျမေအာက္ကမ႓ာမွာ ႐ွိေနၿပီး လူဝင္စားဖို႔ သုံးႏွစ္ေလာက္ အခ်ိန္ယူရလိမ့္မယ္။ သူဆက္စီးႏိုင္ဖို႔ ငါ သူ႕ဆီ ပို႔လိုက္တာ" 

'စက္ဘီးပူေဇာ္ျခင္း'ၿပီးတဲ့အခါ သူက ပ်က္စီးေနသည့္ အိမ္ထဲသို႔ ဟြားခ်န္ႏွင့္အတူ ဝင္သြားလိုက္သည္။

ခဏအၾကာတြင္...

"အား အား အား အား အား အားးးး!!"

ဟြားခ်န္က အားတက္သေရာ ေအာ္ဟစ္ၿပီး စိတ္လႈပ္႐ွားစြာျဖင့္ စက္ဝိုင္းပုံစံ လွည့္ပတ္ေျပးေနခဲ့သည္။

"မင္းသားေလး အခန္းထဲမွာ ကေလးေတြအမ်ားႀကီးပဲ... ကြၽန္ေတာ္ ဆိုလိုခ်င္တာက ပုရစ္ေတြအမ်ားႀကီးပဲ! အိုးမိုင္ေဂါ့ အိုးမိုင္ေဂါ့! ကြၽန္ေတာ္ေတာ့ ႏွစ္သစ္ကူးပြဲေတာ္ကို ေစာေစာက်င္းပရေတာ့မွာပဲ"

"ပါးစပ္ပိတ္ထားစမ္း" 

ဖုန္းယန္က ေခါင္းကိုက္သြားသည္။

"မင္းက ၾကက္တူေ႐ြးေလ။ ဘာကိစၥပုရစ္ေတြ စားေနမွာလဲ။ မင္း ဘာကိုစားသင့္လဲ ငါ့ကိုေျပာျပ!"

"မင္းသားေလးကို အရင္က မေျပာျပဖူးဘူးလား။ကြၽန္ေတာ္႕အေဖက ၾကက္တူေ႐ြးေပမယ့္ အေမက ေျမလူးငွက္ေလ။ ကြၽန္ေတာ္က အေဖနဲ႔တူေပမဲ့ အစားအေသာက္ကေတာ့ အေမနဲ႔အတူတူပါပဲ"


"အဲ့လိုလား" 

ဖုန္းယန္က ဟြားခ်န္ဖမ္းထားသည့္ မလႈပ္ေတာ့တဲ့ ပုရစ္ကို ၾကည့္လိုက္သည္။ 

"အဲ့ဒါကအရသာ႐ွိလား"

"အရသာ႐ွိတယ္ မင္းသားေလး ေက်းဇူးျပဳ၍ မီးႏွင့္ကင္ေပးပါ" 

ဟြားခ်န္က သူ႕အေတာင္ပံေတြကို တဖ်ပ္ဖ်ပ္ခတ္ၿပီး ေနာက္ျပန္ခုန္လိုက္သည္။ ဖုန္းယန္က သူ႕အတြက္ ပုရစ္မီးကင္ေပးေနတာကို ျမင္လိုက္ရတဲ့အခါ ေပ်ာ္ေပ်ာ္ႀကီး စားလိုက္သည္။

"မင္းသားေလးျမည္းၾကည့္ခ်င္လား"

"ငါပုရစ္မစားဘူး" 

ဖုန္းယန္က ပုရစ္ကင္ကို ႐ြံ႐ွာစြာ ၾကည့္ေနခဲ့သည္။ 

"မနက္ျဖန္ စေနေန႔ဆိုေတာ့ ေန႔လည္ စာသင္ခ်ိန္ႏွစ္ခ်ိန္ၿပီးရင္ အျပင္သြားၾကမယ္"

"အို႔ အို႔ ဟုတ္ကဲ့..." 

ဟြားခ်န္က ပုရစ္ကို ၿမိန္ေရ႐ွက္ေရစားေနခဲ့သည္။ 

"ဘာလုပ္ခ်င္လို႔လဲ မင္းသားေလး"

"အင္း မင္းရဲ႕ အိမ္ေ႐ွ႕စံမင္းသား ငါက သူ႕ကိုယ္သူ ေသမ်ိဳးလူသားနဲ႔ တူညီတဲ့ အဆင့္အထိ ႏွိမ့္ခ်ၿပီး သူတို႔ရဲ႕ ကံၾကမၼာကို ဖတ္ျခင္းအားျဖင့္ သူတို႔ကို ကူညီဖို႔ ဆုံးျဖတ္လိုက္ၿပီ"

"ဒါေပမယ့္ ေကာင္းကင္ဘုံပဲသိတဲ့ အမွန္တရားေတြ၊ လမ္းေၾကာင္းေတြနဲ႔ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈေတြက မ႐ွိမျဖစ္လိုအပ္တဲ့ အရာတစ္ခုျဖစ္ၿပီး ေသမ်ိဳးေတြက သဘာဝက်က်နဲ႔ သူတို႔ရဲ႕ ကံၾကမၼာကို ေတြ႕ၾကဳံခံစားသင့္ပါတယ္။ အဲ့ဒါရဲ႕အသိပညာက သူတို႔ဆီ မေတာ္တဆ အခြင့္အလမ္း႐ွိၿပီး ေရာက္သြားတာပဲ ျဖစ္သင့္ပါတယ္။ မဟုတ္ရင္ ေကာင္းကင္ဘုံရဲ႕ အမ်က္ေဒါသကို ရင္ဆိုင္ရလိမ့္မယ္။ အဲ့လိုမလုပ္ႏိုင္မွာေၾကာက္မိပါတယ္ မင္းသားေလး "

"မေတာ္တဆအခြင့္အလမ္းမ႐ွိရင္ ျပသာနာ႐ွိတယ္လား"

 ဖုန္းယန္က ဆက္ေျပာလိုက္သည္။

 "သူတို႔ရဲ႕ ႏွလုံးသားထဲကို ၾကည့္ဖို႔နဲ႔ သူတို႔ရဲ႕ မေကာင္းတဲ့ ရည္႐ြယ္ခ်က္ေတြကို ေမာင္းထုတ္ဖို႔ ဝိညာဥ္ စြမ္းအားအမ်ားႀကီး မလိုဘူး။ ငါတို႔က လူေတြကို ေကာင္းမြန္လာေအာင္၊ကုသိုလ္ေကာင္းမႈအခ်ိဳ႕ ျပဳလုပ္လာေအာင္ ဆြဲေဆာင္ဖို႔ အခြင့္အေရးလည္း ရၿပီး အဲ့နည္းနဲ႔ ေငြအနည္းငယ္လည္း ႐ွာႏိုင္သြားမယ္။ ငါ အခု အေႂကြးထဲ နစ္ေနတယ္ဆိုတာ မေမ့နဲ႔ဦး"

"အာ အဲဒါက အလုပ္ျဖစ္မယ့္ပုံပဲ။ ဒါဆို ကြၽန္ေတာ္က မင္းသားေလးရဲ႕လက္ေထာက္ ျဖစ္သင့္တယ္ေနာ္"

 ဟြားခ်န္က ပုရစ္ရဲ႕ အေပ်ာ့ဆုံးအစိတ္အပိုင္းကိုသာ စားၿပီး က်န္မေကာင္းတဲ့ အစိတ္အပိုင္းေတြကို စြန္႔ပစ္လိုက္သည္။ 

"ဒါေပမယ့္ ဘယ္မွာ ေဗဒင္ေဟာမွာလဲ။ ဒီေနရာက အရမ္းစုတ္ျပတ္ေနတယ္။ လိုအပ္တဲ့လူေတြက ဒီကိုလာမွာမဟုတ္ဘူး"

"မနက္ျဖန္ အျပင္ထြက္မယ္လို႔ ငါေျပာတယ္ မဟုတ္ဘူးလား။ အဲ့ခါက်ရင္ ဘယ္လမ္းေတြမွာ ပုစဥ္းရင္ကြဲဥေတြ အမ်ားႀကီး ျမဳပ္ေနလဲဆိုတာ ေသေသခ်ာခ်ာ ဂ႐ုတစိုက္နဲ႔ ႐ွာၿပီးေတာ့ အဲ့ေနရာမွာ စိတ္ပိုင္းဆိုင္ရာေဆးခန္း ဖြင့္ၾကမယ္"

ဟြားခ်န္ : "..."

(E tran note: ပုစဥ္းရင္ကြဲဆိုတာက ေကာင္းမြန္တဲ့ ျပန္လည္ေမြးဖြားျခင္း၊ ေျပာင္းလဲျခင္းနဲ႔ ကံဆိုးမႈမွ ကာကြယ္ျခင္းရဲ႕ သေကၤတျဖစ္သည္။ ဖုန္းေ႐ႊဆရာအမ်ားစုက ပုစဥ္းရင္ကြဲသည္ ထာဝရ႐ွင္သန္မႈႏွင့္ ေနာက္ေက်ာကို ဓားႏွင့္ထိုးသူေတြထံမွ ကာကြယ္ႏိုင္မႈ သေကၤတျဖစ္ေၾကာင္း ေျပာၾကလိမ့္မည္)

繼續閱讀

You'll Also Like

424K 63.2K 94
This is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Transmigration of Mian reluctantly...
225K 24.7K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
49.2K 6.1K 11
||Completed|| Zawgyi: ကံအၿမဲဆိုးတဲ့ အျမႇောက္စာေလး Name: Cannon Fodder is Always Lucky E (炮灰总是幸运E) Original Author: Momo without Tea (陌陌不语茶) Total Ch...
3M 233K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023