My very bad husband belong t...
By nan_nan_pin_lay_85
472K 30.3K 4.3K
ဆိုးပေလွန်းတဲ့ ဝမ်လူဆိုးလေးတွင် 'မောင် ' လို့ခေါ်ပြီးချွဲတက်တဲ့ ရှောင်းအိမ်သားလေး တစ်ယောက်ရှိလေရဲ့...။ ဆိုးေပ... More
Intro and charactor
1
2
3
4
5
6
7
8⚠
9
10
11
12⚠
13⚠
14
16
17⚠
18
19
20⚠
21
22
23
24
25
26
27
28
29⚠
30
31⚠
32⚠
33
34
35
36
37
38
39⚠(Final)
15
11.5K 809 55
By nan_nan_pin_lay_85
Unicode Version
ဒေါ်ကျန်းမေ ဒီနေ့မနက်စောစောအိမ်သို့ပြန်လာခဲ့သည်။
ညနေကတည်းက ရှောင်းကျန့်ကို သူသေချာမှာလိုက်
ပြီးသားမို့ ယတြာကတော့အောင်မှာ
သေချာသလောက်ပင်။ ဒါပေမဲ့လည်း အကျိုးအကြောင်း
သိချင်တာမို့ သေချာအောင်တော့မေးရဉီးမည်။
အိမ်ရောက်ရင်တော့ သူ့တူရဲ့ဒေါပွနေတဲ့မျက်နှာကြီး
မြင်ရဉီးမယ်ထင်ပါ့။
အိမ်ရောက်တာနဲ့အခန်းတံခါးဖွင့်ကြည့်လိုက်တော့
ဂျက်ချထားသည်မို့ ဒေါ်ကျန်းမေကြိတ်ပြုံးရင်း
ပါးစပ်ကလည်း 'ယတြာအောင်ပြီ 'ခပ်တိုးတိုးလေး
ရေရွတ်လိုက်သည်။
"ဒေါက်! ဒေါက်! ဒေါက်! "
ထို့နောက် တံခါးကိုသုံးချက်ခေါက်လိုက်သည်။
ညကဘယ်လိုယတြာဘယ်လိုအောင်သွားလဲ
ဆိုတဲ့အကြောင်းကိုသေချာမေးရဉီးမည်။
"ကျွီ "
"ဘယ်လိုလဲ အခြေ..."
"ဝှား...စောစောစီးစီးဘာလို့တံခါးလာခေါက်တာလဲ
ကြီးမေရာ အိပ်ကောင်းနေတာကို "
ဒေါ်ကျန်းမေ အခြေအနေမေးဖို့ပြင်လိုက်ပေမဲ့
အခန်းထဲကအိပ်ချင်မူးတူးနဲ့ထွက်လာတာ သူ့တူရိပေါ်
ဖြစ်နေသည်။
"ဟဲ့...ရှောင်းကျန့်ရော "
"ဟိုမှာအိပ်နေတယ်လေဗျာ "
အခန်းထဲကိုတစ်ချက်ကြည့်လိုက်တော့ ယတြာချေမဲ့
တစ်ယောက်က ကုတင်ပေါ်မှာကွေးကွေးလေးအိပ်လို့။
"အော် ဒါကြီးမေအခန်းဘဲ။ ခနလေးနေဉီး "
ကုတင်ပေါ်မှာ အိပ်နေတဲ့ရှောင်းကျန့်ကို
ပွေ့ချီပြီး သူ့အခန်းပြန်ခေါ်သွားတဲ့ရိပေါ်ကို
ဒေါ်ကျန်းမေ ကြောင်ပြီးသာကြည့်နေရသည်။
သူ့တူလက်ပေါ်မှာပါသွားတဲ့ ရှောင်းကျန့်ကို
ကြည့်လိုက်တော့လဲ ယတြာချေမှာသူမဟုတ်သလို
ဖက်အိပ်ရင်းပါသွားလေသည်။
.
.
.
.
.
.
"မှန်လိုက်တဲ့ နတ်ဆရာမ "
ညကဖြစ်ပျက်ခဲ့သမျှတွေကိုအထည်ဆိုင်အရောက်
ဖောက်သည်ပြန်ချပြီးတဲ့အခါမှာတော့
အမကျိရွှမ်းရဲ့ ဝမ်းသာတကြီးပြောသံကထွက်ပေါ်လာသည်။
"ဘာမှန်တာလဲ အမရဲ့ ယတြာမအောင်ဘူးလေ "
"ယတြာမအောင်ပေမဲ့ နင့်ယောကျ်ားဆီက
ချစ်တယ်ဆိုတဲ့စကားကြားခဲ့ရတယ်မလား။
နတ်ဆရာမပြောကတည်းက ယတြာအောင်ကို
အောင်ရမယ်ဆိုပြီးမပါဘူးလေ နင့်အပေါ်မှာမူတည်
တယ်လို့​ပြောခဲ့တာ သေချာပြန်စဉ်းစားကြည့် "
အမကျိရွှမ်းစကားကြောင့် ရှောင်းကျန့်နားထဲ
နတ်ဆရာမပြောတဲ့ စကားတစ်ချို့ကို
ပြန်ကြားယောင်နေမိသည်။
*"မင်းပေါ်မှာမူတည်တယ်ကောင်လေး မင်းသာသေချာ ထိန်းနိုင်ရင် သူကမင်းလက်ခုပ်ထဲကရေဘဲ "*
"အဲ ဟုတ်သားဘဲနော် နတ်ဆရာမက ကျွန်တော့အပေါ်
မူတည်တယ်လို့ပြောခဲ့တာဘဲ "
"အေး အကြောင့်ပြောပါတယ် နတ်ဆရာမကတကယ်မှန်တာပါဆို"
"ဒါနဲ့ ရှောင်းကျန့် ဟိုဓာတ်ရိုက်ဓာတ်စင်ရော
လုပ်ပြီးပြီးလား "
သူတို့ပြောတာတွေကိုငြိမ်ပြီးနားထောင်နေတဲ့ကြီးမေက
မေးလာသည်။ ရှောင်းကျန့်လည်းမလုပ်ရသေးတာမို့
ခေါင်းကုတ်ပြီးဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။
"ဟို.. မလုပ်တော့ဘူး ကြီးမေ "
"ဟေ ဘာလို့လဲ "
"အေးလေ ရှောင်းကျန့်ရယ် ခုတလောနင့်ယောကျ်ားက
အိမ်သိပ်မကပ်ဘူးမလား "
တစ်ယောက်တစ်ပေါက်နဲ့​ပြောနေကြတဲ့
ကြီးမေနဲ့အမကျိရွှမ်းကြောင့် ရှောင်းကျန့်ခေါင်းကုတ်ရင်း
"ဟိုလေ...အဲဒါလုပ်ရင် မောင်နာမှာဆိုးလို့
မလုပ်တော့တာ။ပြီးတော့ သူအိမ်မကပ်လည်း
ကျွန်တော်သူ့ကိုယုံပါတယ် ဟီးဟီး "
ရယ်ကျဲကျဲပြောလာတဲ့ ရှောင်းကျန့်ကြောင့်
ဒေါ်ကျန်းမေရော ကျိရွှမ်းပါ စွံ့အနေကြသည်။
ရှောင်းကျန့်က လင်ကိုဘယ်လိုတောင်ချစ်ရတာလဲ။
"ရှောင်းကျန့်ရယ် နင့်လောက်လင်ထိပ်ထားစံတာ
နင်ဘဲရှိပါတယ်ဟယ် "
"အမလေး သူကို့ငါလည်းမပြောချင်တော့ပါဘူးဟယ်
ချစ်တာလား တုံးတာလား တကယ်ကိုမသဲကွဲတော့ဘူး "
"ကြီးမေနဲ့အမကျိရွှမ်းကလည်း ကျွန်တော်က
ချစ်တာကိုးလို့ "
နှုတ်ခမ်းဆူကာပြောလာသည့်ရှောင်းကျန့်ကို
ဒေါ်ကျန်းမေရောကျိရွှမ်းရော မနိုင်ဘူး သဘောမျိုးနဲ့
ခေါင်းသာခါနိုင်တော့သည်။
---------------------------------------------------------
"မောင် "
"...."
"မောင်လို့ "
"ဘာတုန်းဗျာ "
"ချစ်လားလို့ "
တစ်ချိန်လုံးသူ့သွားရာတစ်ကောက်ကောက်လိုက်ကာ
'ချစ်လား' ခနခနမေးနေတဲ့တစ်ယောက်ကြောင့်
ရိပေါ်စိတ်သိပ်မရှည်ချင်တော့။
"ခင်များ ဒီစကားကိုဘယ်နှစ်ခါတွေမေးမလို့ဟမ် "
"ဟွန့် မောင်ကလည်း ကြားချင်လို့ကို "
ရိပေါ် စိတ်မရှည်သလို သက်ပြင်းအရှည်ကြီးချပြီး
"ထမင်းစားနေတုန်းကလည်းဖြေပြီပြီ၊
အိပ်နေတုန်းလာနှိုးမေးလို့လည်းဖြေပြီးပြီ၊ခုအိမ်သာတက်နေတာတော့
ကောင်းကောင်းတက်ပါရစေဗျာ "
"မောင်ကလည်း ဒါလေးပြောရတာကို "
ခုရှောင်းကျန့်က ရိပေါ်အိမ်သာတက်နေတဲ့အခန်းပြင်ကနေ
တံခါးကိုမှီရင်းမေးနေခြင်းဖြစ်သည်။
သူ့အတွက်တော့ ဘယ်နှစ်ခါတွေဘဲပြောဖူးပါစေ
ရိပေါ်ပြောတဲ့ ချစ်တယ်ဆိုတဲ့စကားကရိုးမသွားပေ
ကြားပြီးရင်းကြားချင်ဖြစ်နေသည်။
"ချစ်တယ်ဗျာ ချစ်တယ် ချစ်တယ် ရပြီလား "
"ဟီး...ငါကလည်း မောင်ကိုအရမ်းချစ်တယ်နော် "
"ချစ်ရင်လည်း ဝေးဝေးကိုသွားပါတော့ဗျာ
အိမ်သာတက်ရတာဇိမ်မရှိလိုက်တာ "
"မောင်ကလည်း မောင်ပျင်းမှာဆိုးလို့ စကားပြောပေးတာကို"
ရိပေါ်ကျေးဇူးတင်လွန်းလို့ဘာပြောရမှန်းမသိဖြစ်သွားသည်။
သူဘယ်လောက်သွားခိုင်းခိုင်းမသွားမှာသိသည်မို
ကိစ္စကိုအမြန်အပြီးသက်ပြီး ရေချိုးခန်းနဲ့အိမ်သာ
တစ်တွဲထဲမို့ရေပါတစ်ခါတည်းချိုးလိုက်သည်။
ရေချိုးလိုက်တာလောက်ကြာသွားလဲမသိ
သူထွက်လာတော့ ရှောင်းကျန့်ကတံခါးရှေ့မှာ
ကွေးကွေးလေးအိပ်ပျော်နေပြီဖြစ်သည်။
အိပ်ပျော်နေတဲ့တစ်ယောက်ကိုရိပေါ်တင်ပါးကနေ
ကောက်ပွေ့လိုက်ပြီး မွေ့ယာပေါ်တင်ပေးကာ
သေချာလိုက်သည်။
"ဟာ"
အိပ်နေတာလား အိပ်ချင်ယောင်ဆောင်နေတာလားမသိတဲ့
တစ်ယောက်က ထသွားတော့မဲ့သူ့ရဲ့ခါးကတစ်ပတ်ကို ဆွဲထားသည်မို့ကျွတ်မသွားအောင်ပြန်ဆွဲထားရသည်။
"လွှတ်လို့ ကျွတ်ကုန်မယ် "
ရှောင်းကျန့်တမင်အိပ်ချင်ယောင်ဆောင်ကာ
မလွှတ်ဘဲဆွဲမြဲဆွဲထားလိုက်သည်။
"ခင်များမလွှတ်ဘူးနော်။ ရတယ်လေ "
"အား! မောင် "
ခါးကတပတ်ကိုဆွဲချွတ်လိုက်ပြီး သူအပေါ်တက်ကာ
ခုန်အုပ်လိုက်တဲ့ရိပေါ်​ကြောင့် ရှောင်းကျန့်လန့်သွားသည်။
အသိဝင်လာတာနဲ့ရင်ဘက်ကိုအတင်းတွန်းကာ
တားပေမဲ့ မရပေ။ ရိပေါ်ကသားရဲတစ်ကောင်လို
သူ့အိင်္ကျီတွေကိုဆွဲချွတ်ကာ လုပ်ငန်းစနေပြီဖြစ်သည်။
ခနအကြာမှာတော့ ရှောင်းကျန့်တစ်ကိုယ်လုံး
အိင်္ကျီအကုန်ကျွတ်သွားပြီး ကုတင်လှုပ်သံတကျိကျိ ဟာလည်း ထွက်ပေါ်လို့လာတော့သည်။
-----------------------------------------------------------
ညနေခင်းအစောပိုင်းတစ်ခုတွင် ရှောင်းကျန့်တက်ကြွ
နေတဲ့ခြေလှမ်းတွေနဲ့ လက်ထဲက NIKE အစိမ်းရောင်
ဖိနပ်လေးကိုကိုင်ရင်း အိမ်သို့ပြန်လာခဲ့သည်။
ရိပေါ်အတွက်ဖိနပ်အသစ်လေးဝယ်ပေးချင်လွန်းလို့
အမလုလုဘီယာဆိုင်မှာ အချိန်ပိုင်းလုပ်လို့ရတဲ့ငွေလေးရယ်
ကြီးမေအထည်ဆိုင်က အမြတ်လေးကိုနည်းနည်းစုခဲ့
ရတာဖြစ်သည်။ စုတုန်းကတော့အကြာကြီးဆိုပေမဲ့
ခုသုံးလိုက်တော့ယွမ်အတော်များများ ခနလေးနဲ့
သူ့လက်ထဲကနေ ခုန်ဆင်းကုန်ပြီဖြစ်သည်။
သို့ပေမဲ့ လက်ထဲကရိပေါ်အတွက်ဖိနပ်လေးကိုကြည့်ပြီး
နှမျောစိတ်မဖြစ်ဘဲ ပီတီဖြစ်နေသလို တပြုံးပြုံးနဲ့ပင်။
ရိပေါ်ကအစိမ်းရောင်ကြိုက်တာမို့ သူဝယ်ပေးတဲ့
ဒီဖိနပ်အစိမ်းလေးကိုကြိုက်လောက်ပါတယ်လေ။
"အယ် မေ့ပြန်ပြီ "
တွေးနေရင်း ပေါက်စိဆိုင်ကျော်သွားကာမှ
ကြီးမေပေါက်စိမှာလိုက်မှန်းသတိရတာမို့
နောက်ကိုပြန်လှည့်ရသည်။
"အမ ပေါက်စိ 5လုံးလောက် "
"ဟုတ်ပြီ မောင်လေး အသားလား၊ပဲလား၊အုန်းသီးလား "
"အင်း အစုံထည့်လိုက်အမ 5လုံးပြည့်ရင်ပြီရော "
ကြီးမေက ဘာပေါက်စိရယ်လို့မမှာလိုက်တာမို့
အစုံသာဝယ်သွားလိုက်မည်။ အိမ်ရောက်မှ
သူကြိုက်တာစားပါစေ။
"နည်းနည်းကြာမယ်နော် မောင်လေး ပေါက်စိက
ပေါင်းနေတာခနစောင့်ရဉီးမှာမလို့ "
"ရတယ်အမ မမှောင်ခင်ရရင်ပြီရော "
ရှောင်းကျန့်ဓာတ်တိုင်လေးကိုမှီရင်း စောင့်နေလိုက်သည်။
စောင့်နေရင်းပျင်းတာမို့ မျက်လုံးကဟိုကြည့်ဒီကြည့်
လျှောက်ကြည့်ရင်း စူးစမ်းနေလိုက်သည်။
ညနေအစောအပိုင်းမို့စျေးထိပ်နားမှာ လူနည်းနည်းရှုပ်နေပြီး
ကျောင်းကပြန်လာတဲ့ကျောင်းသားတွေနဲ့
အလုပ်ကပြန်လာကြတဲ့ဝန်ထန်းအချို့ကိုလည်းတွေ့ရသည်။
ဘာရယ်မဟုတ် ဟိုကြည့်ဒီကြည့်လုပ်နေရင်း
မြင်လိုက်ရတဲ့မြင်ကွင်းတစ်ခုကြောင့် ရှောင်းကျန့်
နှလုံးခုန်နှုန်းတွေပျက်ပြားသွားရသည်။
"မောင် "
နာမ်စားလေးကိုအံ့သြသလို အသံလေးနဲ့ ခပ်တိုးတိုးလေး
ရေရွတ်မိသည်။ သို့ပေမဲ့ထိုနာမ်စားပိုင်ရှင်လေးကတော့
မကြားဘဲ သူ့ရှေ့ကပျောက်ကွယ်သွားပြီဖြစ်သည်။
မောင်တစ်ဖြစ်လဲသူ့ရဲ့ရိပေါ်ကို
ခုနမောင်းထွက်သွားသောဆိုင်ကယ်ပေါ်တွင်
မြင်လိုက်ရသည်။ သို့ပေမဲ့ သူတစ်ယောက်ထဲမဟုတ်
သူ့ရှေ့ကအမျိုးသမီးတစ်ယောက်လည်းပါသည်။
ရှေ့ကဆိုင်ကယ်မောင်းသွားတဲ့တစ်ယောက်က
Helmet စောင်းထားပြီးမှန်ချထားတာမို့
ဘယ်သူမှန်းမသိရ။ သို့ပေမဲ့ Helmetနောက်က ရှည်ထွက်နေတဲ့ဆံပင်ရှည်တွေကြောင့်
အမျိုးသမီးတစ်ယောက်မှန်းသိလိုက်သည်။
မနက်အစောကြီးထွက်သွားပြီးညနေမှောင်မှပြန်လာ
တက်တဲ့ရိပေါ်က သူ့ကောင်တွေနဲ့ ဂျင်ထိုး၊ဖဲရိုက်
နေတာမှဟုတ်ရဲ့လား။ မဟုတ်မှလွဲရော ခနက
ဆိုင်ကယ်ပေါ်ကအမျိုးသမီးနဲများ...။
ဟင့်အင် မဟုတ်တာ ရိပေါ်ကအလိုလူစားမျိုးမဟုတ်ဘူး။
စိတ်ထဲကအတွေးတွေကိုအပြင်းအထန်ဘဲငြင်းဆန်
လိုက်ရပေမဲ့ တကယ်သူ့စိတ်ထဲမှာစိုးရိမ်တုန်လှုပ်နေတာ
ကိုတော့ သူကိုယ်တိုင်သာသိသည်။
နားထဲမှာလည်း နတ်ဆရာမပြောတဲ့သောကြာသမီး
ကြားဝင်မယ်ဆိုတဲ့ စကားတွေကပဲ့တင်ထပ်နေသည်။
လက်ထဲကအစိမ်းရောင်NIKEဖိနပ်ဗူးလေးကတော့
ခပ်တင်းတင်းဆုတ်ကိုင်ထားလို့လားမသိ
အနည်းငယ်တောင်ရှုံ့သွားသည်။
"မောင်လေး ပေါက်စိရပြီ "
"....."
"မောင်လေး "
"ဗျာ "
"ပေါက်စိရပြီလို့ "
"အော် ဟုတ် ဟုတ် "
ပေါက်စိထုတ်လေးကို ယူပြီးငွေရှင်းကာ အိမ်သို့
အမြန်ပြန်လာခဲ့သည်။
အေးစက်လာတဲ့လက်ဖျားတွေနှင့်
ယိုင်ချင်နေတဲ့ခြေလှမ်းတွေ။ သူတော့နေမကောင်း
ဖြစ်ချင်နေပြီထင်တယ်။
-------------------------------------------------------
ရိပေါ်ညနေအလုပ်ကပြန်တော့ လာကြိုနေကျတစ်ယောက်ကို
မတွေသည်မို့ မျက်မှောင်ကျုံ့လိုက်သည်။
"ကြီးမေ ဟိုတစ်ယောက်ရော "
အိမ်ထဲရောက်တော့ ဧည့်ခန်းမှာထိုင်နေတဲ့ကြီးမေကို
မြင်တော့စကားစလိုက်သည်။ထို့နောက်
ဟိုတစ်ယောက်အတွက်
ဝယ်လာတဲ့ပေါက်စိပူပူလေးကို စားပွဲပေါ်တင်လိုက်ပြီး
ပခုံးပေါ်အိင်္ကျီကိုပါ ခုံပေါ်ပစ်တင်လိုက်သည်။
"အခန်းထဲမှာရှိမယ်ထင်တယ် ညနေစျေးက
ပြန်လာကတည်းကအခန်းထဲမထွက်သေးဘူး "
ရိပေါ်ခေါင်းငြိမ့်ပြပြီး ဝတ်ထားတဲ့စွပ်ကျယ်ကို
ဆွဲချွတ်ရင်းအခန်းထဲဝင်သွားလိုက်သည်။
နွေရာသီကုန်ခါနီးဆိုပေမဲ့ အတော်ပူသေးသည်မို့
အိင်္ကျီချွတ်လိုက်မှနေသာထိုင်သာရှိသွားသည်။
"ရှောင်းကျန့် "
ကုတင်ပေါ်မှာထိုင်နေတဲ့တစ်ယောက်ကိုခေါ်လိုက်တော့
လှည့်ကြည့်လာပြီး
"မောင်ပြန်ရောက်လာပြီလား "
"အင်း ပြန်ရောက်ပြီ ဒါနဲ့နေမကောင်ဘူးလား "
အသံကနည်းနည်းညှောင်နာနာဖြစ်နေသည်မို့
အနားသွားကာ နဖူးကိုတစ်ချက်စမ်းရင်းမေးလိုက်သည်။
"ဟင့်အင် ကောင်းပါတယ် "
"အင်း ကောင်းရင်လည်းပြီးရော "
ခေါင်းလေးကိုခပ်ဖွဖွပွတ်ရင်း နဖူးလေးကိုတစ်ချက်နမ်းလိုက်တော့ မျက်လုံးမှိတ်ကာ
ငြိမ်ခံနေသည်။
"နောက်ကျနေပြီမောင် ရေသွားချိုးတော့လေ "
နဖူးလေးကိုနမ်းပြီး နှုတ်ခမ်းလေးကိုဆက်နမ်းမလို့
ပြင်နေတုန်း ရှောင်းကျန့်က ရိပေါ်အနမ်းတွေကို
ရှောင်ရင်းပြောလိုက်သည်။ညနေက ကိစ္စကြောင့်
ရှောင်းကျန့်ရင်ထဲမအေးဖြစ်နေပြီး အရင်လိုရိပေါ်နဲ့
ချစ်ကြည်နူးဖို့လည်း စိတ်မပါပေ။
"ဘာဖြစ်နေတာလဲ နေကောင်းတာသေချာရဲ့လား "
"ကောင်းပါတယ်။ မောင်လည်းရေချိုးတော့နော်
ညစာသွားပြင်လိုက်ဉီးမယ် "
အခန်းပြင်ထွက်သွားတဲ့ ရှောင်းကျန့်ကိုကြည့်ရင်း
ရိပေါ်ဘာကိုအလိုမကျမှန်းမသိ တနုတ်နုတ်နဲ့ဖြစ်နေသည်။
ထို့နောက်ခေါင်းကိုစိတ်ရှုပ်သလိုထိုးဖွလိုက်ပြီး
ရေချိုးခန်းကိုသာဝင်လိုက်တော့သည်။
.
.
.
"ရှောင်းကျန့် "
ညစာပြင်ပြီး ထိုင်ခုံမှာခနထိုင်နေတုန်း အခန်းကရိပေါ်ရဲ့
ခေါ်သံကြားရသည်မို့ ချက်ခြင်းဘဲထကာ အခန်းထဲဝင်
သွားလိုက်သည်။
"ဘာလဲမောင် "
"အင့် ရေသုတ်ပေးဉီး"
ရေချိုးပြီးခေါင်းပါလျှော်ထားပုံရတဲ့ရိပေါ်က
မွေ့ယာပေါ်မှာထိုင်ရင်း တပတ်တစ်ခုကိုကမ်းပေးလာသည်။
ရှောင်းကျန့်တပတ်လေးကိုယူလိုက်ပြီး
ထိုင်နေတဲ့ရိပေါ်ရှေ့သွားကာ စိုနေတဲ့ဆံပင်တွေကိုစတင်
ပြီးသုတ်ပေးလိုက်သည်။ သုတ်ပေးနေရင်း
ခုမှသတိထားမိသည် ရိပေါ်ဆံပင်တွေက ခဲညိုရောင်ကိုပြောင်းသွားပြန်ပြီဘဲ။
"မွှေးလိုက်တာ "
ရေသုတ်ပေးနေတဲ့ ရှောင်းကျန့်ရဲ့
ခါးသေးသေးလေးကိုဖက်လိုက်သည်။
ရှောင်းကျန့်က ရေမွှေးမသုံးတက်တော့ ကိုယ်သင်းနံ့သင်းသင်းလေးက တကယ်ကိုစိတ်ကြည်စေသည်။
လက်တစ်ပွေ့ဆာခါးလေးကို အားရအောင်ခပ်တင်းတင်း
ဖက်ရင်း ရေသုတ်ပေးတာကိုမျက်လုံးမှိတ်ကာငြိမ်ခံ
နေလိုက်သည်။
အချိန်အတော်ကြာသည်ထိ ရိပေါ်ရဲ့ခဲညိုရောင်ဆံပင်လေးတွေကို ဖွဖွသုတ်ပေးလိုက်သည်။သုတ်ပေးနေရင်း တစ်ခါတစ်ခါ
ပျံ့လွင့်လာတဲ့ရှန်ပူနံ့သင်းသင်းက ဒီနေ့မှသူ့ကို
ခေါင်းကိုက်စေသည်။
"ပြီးပြီးမောင် ဖယ်တော့ "
ခေါင်းသုတ်လို့ပြီးသွားသည်တိုင် ရိပေါ်ကသူ့ကိုဖက်ထား
ဆဲဖြစ်ပြီး သူ့ဗိုက်နားနေရာလေးမှာခေါင်းတင်ရင်းမှေး
နေသည်။ခုမှရေချိုးပြီးခါစမို့ ရိပေါ်ဆီကအအေးဓာတ်က
သူ့ဆီကိုကူးဆက်လာသော်လည်း သူ့နှလုံးသားနားထိတော့
မရောက်နိုင်။
"အင်း...ခနဖက်ထားချင်လို့ "
မှတ်ထားတဲ့မျက်လုံးတွေကိုလည်းမဖွင့်သေး
ဖက်ထားတဲ့လက်တွေကိုလည်း မလျှော့သေး။
ခနကြာတော့ ရှောင်းကျန့်ရဲ့ သက်ပြင်းချသံသဲ့သဲ့လေးနဲ့အတူ လက်သွယ်သွယ်လေး သူ့ဆံပင်ထဲ
တိုးဝင်လာတာကိုခံစားမိသည်။ ရိပေါ်
ကြောင်လေးတစ်ကောင်ကို ရှောင်းကျန့်လက်လေးထဲ
တိုးခွေ့ဝင်မိသည်။
ကြိုက်သည်။ရှောင်းကျန်နဲ့ဒီလိုလေးနေရတာကို
သူအရမ်းကြိုက်သည်။
"မောင် "
နှစ်ကိုယ်ကြား ကြားနိုင်ရုံအသံလေးနဲ့ခေါ်လိုက်သည်။
သူ့ခေါ်သံတိုးတိုးလေးကို ဗိုက်သားလေးကိုခေါင်းနဲ့ပွတ်ရင်း
ထူးလာတဲ့ရိပေါ်က ဒီနေ့မှပိုချွဲနေသလိုပင်။
ရှောင်းကျန့် မြင်နေရတဲ့ ရိပေါ်ရဲ့ခဲညိုရောင် ဆံပင်လေးပေါ်သို့နှုတ်ခမ်းလေးဖိကပ်ရင်း
"ချစ်လားဟင် "
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ ဒီမေခွန်းကိုဘဲ
ရှောင်းကျန့်မေးလိုက်မိပြန်သည်။
သို့ပေမဲ့ ပြန်ဖြေသံကိုမကြားရ အဲ့အစား
ရိပေါ်အသံရှုသံတိုးတိုးလေးကိုသာကြားနေရသည်။
-------------------------------------
ညဘက်လူခြေတိတ်ချိန်မို့ တစ်ခန်းလုံးတိတ်ဆိတ်နေပြီး
ရိပေါ်ရဲ့အသက်ရှုသံပြင်းပြင်းကလွဲရင်ဘာမှမကြားရ။
နောက်ကနေသိုင်းထက်ထားတဲ့ ရိပေါ်ကအိပ်ပျော်နေပြီလား
မသိပေမဲ့ ရှောင်းကျန့်ကတော့ ကိုယ့်အတွေးနဲ့ကိုယ်ပူလောင်
လွန်းလို့အိပ််လို့မပျော်နိုင်ဘဲ သက်ပြင်းခနခနချနေရသည်။
"ညဉ့်နက်နေပြီ အိပ်တော့လေဗျာ "
လူခြေတိတ်ချိန်ထွက်ပေါ်လာတဲ့အသံမို့ ရှောင်းကျန့်ကိုယ်လေးတုန်သွားသည်။
"မနက်ကျအိပ်ရေးမဝရင် ခေါင်းကိုက်နေမယ် "
ဆူသလိုချော့သလိုလေးပြောသလိုတဲ့ရိပေါ်ရဲ့
သြရှရှအသံက သူ့နားနောက်ကနေထွက်ပေါ်လာသည်။
"ဟုတ် မောင် "
ခေါင်းလေးငြိမ့်ရင်း ငြိမ်နေလိုက်သည်။သို့ပေမဲ့
အိပ်လို့တော့မပျော်ပေ။
"ကျွန်တော့်ဘက်ကိုလှည့် "
ငြိမ်သွားပေမဲ့မအိပ်သေးမှန်းသိတာမို့ သူ့ကိုကျောပေး
အိပ်နေတဲ့ကိုယ်လေးကိုဆွဲလှည့်ရင်းပြောလိုက်သည်။
ထို့နောက် ကိုယ်လုံးလေးကိုရင်ခွင်ထဲဆွဲထည့်လိုက်တော့
ကလေးလူကြီးက သူ့ခါးကိုဖက်ရင်း ရင်ခွင်ထဲခေါင်းတိုး
ဝင်လာသည်။
ရှောင်းကျန့်ရင်ခွင်ကျယ်ကြီးထဲတိုးဝင်ရင်း
ရိပေါ်ခါးကိုခပ်တင်းတင်းသိုင်းဖက်ထားလိုက်သည်။
ဖက်လိုက်တာနဲ့နှာခေါင်းနားလေးကို
ရစ်သီလာတဲ ရိပေါ်ရဲ့ယောကျ်ားဆန်တဲ့ကိုယ်သင်းနံ့ကို
တဝကြီးရှုလိုက်သည်။ ဖက်ထားတဲ့လက်တွေကို
တင်းသည်ထက်တင်းအောင်ထက်ရင်း
လွှတ်သွားမှာဆိုးသည့်အလားဖက်ထားမိသည်။
ခုသူဖက်ထားတဲ့ ဒီယောကျ်ားဟာသူ့အပိုင်ဘဲ။
"မောင် "
"ဟင် "
ရင်ခွင်ထဲကနေခေါ်သံတိုးတိုးလေကြောင့်ရိပေါ်ပြန်ထူး
လိုက်သည်။
"ဆံပင်တွေဘယ်တုန်းက ထပ်ဆိုးလိုက်တာလဲဟင် "
"ညနေကလေ စျေးခနသွားရင်းနဲ့ဝင်ဆိုးလိုက်တာ "
ညနေကဆိုတဲ့စကားကြောင့် ရှောင်းကျန့်ရင်ဘက်လေး
အနည်းငယ်တင်းကြပ်လာသည်။
ဒါဆို ဟိုအမျိုးသမီးနဲ့မောင်က ဆံပင်ဆေးသွားဆိုးတာများလား။
နာစည်းဖျားတွေကျင်တာလာပြီး မျက်ရည်တွေဝဲလာရသည်။
ဒါပေမဲ့ မောင့်ကိုဖက်ထားတာတော့မလွှတ်ပါဘူး
ပိုပြီးခပ်တင်းတင်းသာဖက်လိုက်သည်။
.
.
.
"ကလေးချစ်တက်လားမောင် "
အချိန်အတော်ကြာမှ အဆက်စပ်မရှိမေးလာတဲ့
သူကြောင့် ရိပေါ်မျက်မှောင်ကျုံ့လိုက်သည်။
"ဘာဖြစ်လို့လဲ "
"မဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာ "
ရိပေါ်စဉ်းစားသလိုတစ်ချက်လုပ်ရင်း
"ချစ်ပါတယ် ဘာဖြစ်လို့လဲ "
သူ့အဖြေသံကြားတော့ ရှောင်းကျန့်ကဘာမှမပြောဘဲ
အကြာကြီးတိတ်ဆိတ်သွားသည်။ ထို့နောက်မှ
သူ့ကိုတိုးဖက်ရင်း ရင်ခွင်ထဲကတစ်ယောက်က
စကားဆက်လာသည်။
"တကယ်လို့မောင်သာ ငါနဲ့မယူခဲ့ရင်
ခုဆိုမိသားစုလေးနဲ့ပျော်ပျော်ရွှင်ရွှင်ဖြစ်နေမှာပေါ့နော် "
ရင်ခွင်ထဲကမထွက်ဘဲ ပေါက်ကရတွေ ပြောနေတဲ့သူကြောင့်
ရပေါ်မျက်ခုံးတို့တွန့်ချိုးကုန်သည်။
"ကျစ်! ခင်များဘာဖြစ်နေတာလဲဟမ်
ဘာစောက်စကားတွေပြောနေတာလဲ "
ရင်ခွင်ထဲက ဆွဲထုတ်ရင်းမေးလိုက်သည်။
သူ့ရင်ခွင်ထဲကထွက်လာတဲ့ တစ်ယောက်က
ပါးပြင်မှာမျက်ရည်တွေရွှဲနေသည်မို့ ရိပေါ်ပိုစိတ်တိုသွားရသည်။
"တောက်စ်! ဘာလို့ငိုတာလဲပြောစမ်း။
ဘာလဲ ခင်များကကျွန်တော်နဲ့ယူခဲ့ရတာကို
နောင်တရနေတာလား "
"အင်း...နောင်တရတယ် "
"ဘာ!!! "
ရိပေါ်အသံဟာတော်တော်ကိုကျယ်သွားသည်။
ဒေါသထောင်းကနဲထွက်သွားတာမို့
အိပ်နေရာကနေထထိုင်မိလိုက်သည်ထိပင်။
"တောက်စ်! ထစမ်းခင်များ "
လှဲနေတဲ့တစ်ယောက်ကိုအကြမ်းပတမ်းဆွဲထူးလိုက်တော့
သူ့နောက်ကိုစက္ကူစလေးလို ပေါ့ပါးစွားပါလာသည်။
အသံမထွက်အောင်ငိုနေတဲ့တစ်ယောက်က
ပါးပြင်မှာမျက်ရည်တွေရွှဲရွှဲစိုနေသည်မို့
ခေါင်းငုံ့ကာငြိမ်နေသည်။
"ခင်များခုနကစကားကိုပြန်ပြောစမ်း "
အံကြိတ်ကာသွားကြားထဲကထွက်လာတဲ့အသံနဲ့မေး
လာတဲ့ရိပေါ်ရဲ့မျက်လုံးတွေက ညမီးရောင်လေး
အောက်မှာတောင်စူးရဲနေမှန်းသိသာသည်။
"နောင်တရတယ် မင်းနဲ့ယူခဲ့ရတာနောင်တရတယ်
ငါ့ကြောင့်... ငါ့ကြောင့်သာမဟုတ်ရင်
မင်းခုချိန်ဆို မိသားစုလေးနဲ့သိုက်သိုက်ဝန်းဝန်းပျော်ပျော်
ရွှင်ရွှင်နေနေရမှာ။ ပတ်ဝန်ကျင်မှာလည်း
ယောကျ်ားချင်းယူထားတဲ့ကောင်ဆိုပြီး
အပြောခံရမှာမဟုတ်ဘူး ငါ့ကြောင့်...အားလုံးငါကြောင့်..."
"တောက်စ်! တော်စမ်း "
ငိုရင်းပြောလာတဲ့တစ်ယောက်စကားတွေကသူ့ကို
ဒေါသပိုထွက်စေသည်။
ကလေးချစ်တယ်လို့ဘဲပြောခဲ့တာ
ကလေးလိုချင်တယ်လို့သူပြောမိခဲ့လို့လား။
ဘာမဟုတ်တဲ့ စောက်ရေးမပါတဲ့ ပတ်ဝန်းကျင်ကိုရော
သူကဂရုစိုက်မယ်ထင်လို့လား ။
"ဒီမှာ ခင်များကျွန်တော့်ကိုသေချာကြည့်စမ်း "
ငုံ့နေတဲ့ခေါင်းလေးကိုဆွဲမော့ရင်းမျက်လုံးချင်း
ဆုံအောင်ကြည့်စေလိုက်သည်။
"ခင်များကျွန်တော့်ကိုဘာကောင်ထင်နေလဲဟမ်
ခင်များပြောတဲစောက်ကလေးကို ကျွန်တော်ကလိုချင်ပါတယ်
ပြောမိလို့လား ။ ကျွန်တော်သာကလေးလိုချင်ရင်
အစောကြီးကတည်းက ကလေးမရနိုင်တဲ့ခင်များကိုယူပြီး
မ-ိုးဘူးသိလား ။ပြီးတော့ ပတ်ဝန်ကျင်တဲ့
အဲ့ပတ်ဝန်ကျင်ကို ကျွန်တော်က-ီးလုပ်ရမှာလားဟမ်
စောက်ဂရုကိုမစိုက်ဘူးရှင်းလား "
ဒေါသတွေကိုမနည်းမြိုသိပ်ရင်းပြောနေရတာမို့
ရိပေါ်အသံတွေတောင်တုန်နေသည်။သူ့ရှေ့တစ်ယောက်ကတော့ ခေါင်းငုံ့ပြီးငိုနေဆဲပင်။
"ခင်များဘာဖြစ်ချင်နေတာလဲ
ဒီစောက်ရေးမပါတဲ့စကားတွေထပြောပြီး
ကွာရှင်းချင်​နေတာလားပြော "
"မောင့်သဘောပါ မောင့်ဆန္ဒအတိုင်းငါလိုက်လျောပေးမှာ "
မျက်ရည်တွေအဆက်မပြတ်ကျရင်းပြောလာတဲ့
တစ်ယောက်ကြောင့် ရိပေါ်ဒေါသထောင်ခနဲထွက်သွားသည်။
"တောက်စ်!
-ီးတောင်ကွာရှင်းမပေးဘူးကွာ"
ပုခုံးကိုစောင့်တွန်းရင်းပြောလာလိုက်တာမို့
ရှောင်းကျန့်ကိုယ်လေးအိပ်ရာပေါ်ပုံကျသွားသည်။
ရိပေါ်ကတော့ ဒေါသထွက်လွန်းလို မျက်နှာလွှဲကာ
တောက်တွေချည်းလှိမ့်ခေါက်နေရသည်။
"အီးဟီး...အဆိုဘာလို့ဖောက်ပြန်လဲ
မကောင်းတဲ့ကောင်ရဲ့  အီး..."
ခေါင်းအုံးပေါ်မျက်နှာအပ်ကာ အော်ငိုလာလေသူ။
"ဘာ ခင်များတွေပြောနေတာလဲ။
ကျွန်တော်ကဘာလို့ဖောက်ပြန်ရမှာလဲ "
ငိုနေတဲ့တစ်ယောက်ကို ဆွဲထူကာမေးလိုက်တော့
သူ့ရင်ဘက်ကို တဘုန်းဘုန်းထုရိုက်လာလေသည်။
"မဖောက်ပြန်ဘူးဆိုပြီး ဘာလို့အဲ့မိန်းမဆိုင်ကယ်နောက်က ပါသွားတာလဲ၊ဘာဖြစ်လို့ သူနဲ့အတူဆံပင်ဆေးသွားဆိုတာလဲ
အီးဟီး... "
"ဘာ ဘာကြီး။ခင်များဘာတွေပြောနေတာလဲ "
ငိုရင်းပြောလာတဲ့တစ်ယောက်ရဲ့ စကားတွေကို
ရိပေါ်နားမလည်တာမို့ထုရိုက်နေတဲ့လက်ကလေးကို
ဖမ်းချုပ်လိုက်သည်။
ဘယ်မိန်မဆိုင်ကယ်နောက်ကိုသူပါလို့လဲ၊ပြီးတော့
ဘယ်မိန်းမနဲ့ဆံပင်ဆေးသွားဆိုးမိလို့လဲ။
"လူယုတ်မာကြီး ခုထိလိမ်နေတုန်းဘဲ
ငါ့မျက်လုံးနဲ့တပ်အပ်မြင်ခဲ့တာ အီး..."
"သေချာပြောစမ်း ခင်များဘာတွေမြင်ခဲ့လဲပြော "
ရိပေါ်စိတ်မရှည်တာမို့ ပုခုံးကိုအကြမ်းပတမ်းကိုင်လှုပ်လိုက်သည်။
" မင်းကို ညနေကစျေးထိပ်မှာတွေ့လိုက်တယ်
ရွှတ်!  ပြီးတော့မင်းတစ်ယောက်ထဲမဟုတ်ဘူး
မိန်းမတစ်ယောက်ဆိုင်ကယ်နောက်မှာ "
ပြောရင်းငိုလာပြန်တာမို့ ရိပေါ်ကျစ်တစ်ချက်ဆုတ်လိုက်သည်။
"ခင်များသေချာမြင်လိုက်လား ကျွန်တော့်ရှေ့ကသူက
မိန်းမပါဆိုတာ "
"မြင်တယ် ...ရွှတ်! "
"မြင်ရင်ပြော သူကဘယ်လိုပုံစံလဲ "
"ဟို...Helmetဆောင်းထားလို့ မျက်နှာတော့
မမြင်ရဘူး ဒါပေမဲ့ သူ့မှာဆံပင်ရှည်တွေနဲ့ မိန်းမဆိုတာသေချာတယ် "
ရှောင်းကျန့် ပြောတဲ့ဆံပင်ရှည်တွေနဲ့မိန်းမဆိုတာကို
ရိပေါ်သေချာစဉ်းစားလိုက်သည်။ ထို့နောက်
ဉီးနှောက်ကိုအမြန်အလုပ်ပေးပြီးတဲ့အခါမှာတော့
မထိန်းနိုင်ဘဲတဟားဟားအော်ရယ်မိတော့သည်။
"ဘာရယ်တာလဲ "
အကြောင်းအရင်းမရှိထရယ်တဲ့ရိပေါ်ကြောင့်
ရှောင်းကျန့်ငိုရင်း မြင်နေရတဲ့ရင်အုပ်ကျယ်ကျယ်တွေကို
ထုရိုက်မိသည်။
"ဟာမငိုနဲ့တော့ ကျွန်တော်ရှင်းပြမယ်
ညနေစျေးထိပ်ကိုဆိုင်ကယ်နဲ့သွားတာမှန်တယ်
ဒါပေမဲ့ ခင်များထင်သလိုရှေ့ကမောင်းတာမိန်းမမဟုတ်ဘူး
ဆိုင်ကယ်ပြင်ဆိုင်က
အကိုကျင်းလန်လေခင်များမသိဘူးလား။
သူက rokerလိုလိုဘာလိုလို ဆံပင်အရှည်နဲ့လေ "
"ဟင် အကိုကျင်းလန် "
အကိုကျင်းလန်ဆိုသူကိုရှောင်းကျန့်သိပါသည်။
သူတို့လူကြီးဆုံရာနဲ့လက်မှတ်ထိုးတုန်းကတောင်
အိမ်ကိုလာသေးသည်လေ။ ဒါပေမဲ့အဲ့တုန်းကဆံပင်က
သိပ်မရှည် အကုတ်လောက်သာရှိမည်လေ ခုတွေ့လိုက်တာက
ကျောလည်လောက်ရောက်နေပြီကို။
"ဟင့်အင် မဟုတ်ပါဝူး အကိုကျင်းလန်ကို
ငါသိသားဘဲ သူကဆံပင်အလောက်မရှည်ဘူး
ငါ့ကိုမညာနဲ့ "
"နေပါဉီး ခင်များနဲ့သူနဲ့ကဘယ်တုန်းကတွေလို့
သိရတာလဲ "
"ဟို ငါတို့လက်မှတ်ထိုးတုန်းကတောင်သူလာတယ်လေ "
"ကျွန်တော်တို့လက်မှတ်ထိုးတာဘယ်တုန်းကလဲ
ပြောစမ်းပါဉီး "
"နည်းနည်းကြာပြီလေ"
"နည်းနည်းကြာတာမဟုတ်ဘူး အရူးလေးရဲ့ တစ်နှစ်ကျော်နေပြီသိလား "
"အာ "
"အာ မနေနဲ့ တစ်နှစ်ဆိုတဲ့အချိန်ကနည်းလို့လားဟမ်။
အဲ့အချိန်အတွင် သူဆံပင်ရှည်လာတာခင်များမသိဘဲနဲ့ "
"ဒါနဲ့ မင်းကဘာလို့သူနဲ့စျေးသွားရတာလဲ "
"ကျွန်တော်အမှန်အတိုင်းပြောပြမယ် ကျွန်တော်
အကိုကျင်းလန်ဆိုင်ကယ်ပြင်ဆိုင်မှာအလုပ်လုပ်နေတာ
တစ်လကျော်သွားပြီ မနက်ကလည်းဆိုင်အတွက်လိုအပ်တဲ့
ပစ္စည်းတွေလာဝယ်တာ။လာဝယ်ရင်းအချိန်လည်းရတာနဲ့
ဆံပင်ပါဆေးဝင်ဆိုးလိုက်တာ ခင်များထင်နေသလို
ဘာမိန်းမနဲ့မှ မဖောက်ပြန်ဘူး"
"တ...တကယ်လားဟင်မောင် "
မျက်လုံးလေးကလည်လည်နဲ့မေးလာတဲ့တစ်ယောက်က
ခုမှ မောင် ဖြစ်သွားတော့သည်။
"မယုံရင်မနက်ကျဆိုင်လိုက်ကြည့် ခင်များပြောတဲ့
ဆံပင်ရှည်နဲ့တစ်ယောက်ကိုတွေ့ရလိမ့်မယ်
ဒါပေမဲ့ မိန်းမတော့မဟုတ်ဘူး နှုတ်ခမ်းမွှေးကြီးနဲ့
ယောကျ်ားကြီး "
ရှောင်းကျန့်ခေါင်းလေးငုံ့ပြီးငြိမ်သွားသည်။
ထို့နောက်မှ အသံတိုးတိုးလေးနဲ့ 'ယုံပါတယ်'ဟု
​ပြောလာသည်။
"ဒါမှမယုံလည်း ခင်များကိုတက်လုပ်မိတော့မယ် "
"မောင်...မောင်ကလည် ဘာဆိုင်လို့လဲ "
"ဆိုင်ဆိုင်မဆိုင်ဆိုင်ဗျာ ယောကျ်ားကိုစွတ်စွဲ​ထားတဲ့အတွက်
အပြစ်တော့ပေးရဉီးမယ် "
"အား!...မောင် မလုပ်နဲ့ "
စွတ်စွဲကောင်းတဲ့ယုန်လေးကတော့ ခြ​ေင်္သ့ကြီး
ခုန်အုပ်တာခံလိုက်ရပြီး ဖြစ်ပြီး အသံပေါင်းစုံနဲ့
ညတာဟာအတော်ကိုရှည်သွားတော့သည်။
ဆက်ရန်...
အရှည်ကြီးရေးပေးထားပါတယ်။ဒါနဲ့ ဒါဒါလေးတွေဆီက
တစ်ပတ်လောက်ခွင့်ယူချင်လို့ပါ။ဘာလို့လဲဆိုတော့
ကျွန်တော်ခုရက်ပိုင်း နေမကောင်းချင်သလို့ဖြစ်နေလို့ပါ။
နေမကောင်းတော့ စာရေးရတာလဲ စိတ်မပါဘူးဖြစ်နေရော
ဒိတိုင်းဆက်ရေးနေရင် မကောင်းမကန်းကြီးတွေဘဲ
ထွက်လာမှာဆိုးလို့ပါ။အကြောင့် ခနလောက်
ကျွန်တော်နားပါရစေ။ကျွန်တော့်ကိုစောင့်နေပေးကြလိမ့်မယ်လို့လည်း
မျှော်လင့်ပါတယ်🌼.
20.12.2022
#Ahnu
Zawgyi Code Version
မြင်ရဉီးမယ်ထင်ပါ့။
ရေရွတ်လိုက်သည်။
"ဒေါက်! ဒေါက်! ဒေါက်! "
"ကျွီ "
"ဘယ်လိုလဲ အခြေ..."
ဖြစ်နေသည်။
"ဟဲ့...ရှောင်းကျန့်ရော "
"အော် ဒါကြီးမေအခန်းဘဲ။ ခနလေးနေဉီး "
.
.
.
.
.
.
"မှန်လိုက်တဲ့ နတ်ဆရာမ "
"ယတြာမအောင်ပေမဲ့ နင့်ယောက်ျားဆီက
လုပ်ပြီးပြီးလား "
"ဟေ ဘာလို့လဲ "
"အေးလေ ရှောင်းကျန့်ရယ် ခုတလောနင့်ယောက်ျားက
အိမ်သိပ်မကပ်ဘူးမလား "
နင်ဘဲရှိပါတယ်ဟယ် "
ချစ်တာကိုးလို့ "
---------------------------------------------------------
"မောင် "
"...."
"မောင်လို့ "
"ဘာတုန်းဗျာ "
"ချစ်လားလို့ "
သေချာလိုက်သည်။
"ဟာ"
"အား! မောင် "
-----------------------------------------------------------
"အယ် မေ့ပြန်ပြီ "
"အမ ပေါက်စိ 5လုံးလောက် "
သူကြိုက်တာစားပါစေ။
ညနေအစောအပိုင်းမို့ဈေးထိပ်နားမှာ လူနည်းနည်းရှုပ်နေပြီး
"မောင် "
နေတာမှဟုတ်ရဲ့လား။ မဟုတ်မှလွဲရော ခနက
"မောင်လေး ပေါက်စိရပြီ "
"....."
"မောင်လေး "
"ဗျာ "
"ပေါက်စိရပြီလို့ "
"အော် ဟုတ် ဟုတ် "
အမြန်ပြန်လာခဲ့သည်။
ဖြစ်ချင်နေပြီထင်တယ်။
-------------------------------------------------------
ဟိုတစ်ယောက်အတွက်
"အခန်းထဲမှာရှိမယ်ထင်တယ် ညနေဈေးက
နွရောသီကုန်ခါနီးဆိုပေမဲ့ အတော်ပူသေးသည်မို့
"ရှောင်းကျန့် "
လှည့်ကြည့်လာပြီး
"ဟင့်အင် ကောင်းပါတယ် "
ငြိမ်ခံနေသည်။
.
.
.
"ရှောင်းကျန့် "
သွားလိုက်သည်။
"ဘာလဲမောင် "
"အင့် ရေသုတ်ပေးဉီး"
ပြီးသုတ်ပေးလိုက်သည်။ သုတ်ပေးနေရင်း
"မွှေးလိုက်တာ "
နေလိုက်သည်။
ခေါင်းကိုက်စေသည်။
မရောက်နိုင်။
တိုးခွေ့ဝင်မိသည်။
သူအရမ်းကြိုက်သည်။
"မောင် "
"ချစ်လားဟင် "
-------------------------------------
လွန်းလို့အိပ်လို့မပျော်နိုင်ဘဲ သက်ပြင်းခနခနချနေရသည်။
"ဟုတ် မောင် "
ဝင်လာသည်။
ရစ်သီလာတဲ ရိပေါ်ရဲ့ယောက်ျားဆန်တဲ့ကိုယ်သင်းနံ့ကို
တဝကြီးရှုလိုက်သည်။ ဖက်ထားတဲ့လက်တွေကို
ခုသူဖက်ထားတဲ့ ဒီယောက်ျားဟာသူ့အပိုင်ဘဲ။
"မောင် "
"ဟင် "
လိုက်သည်။
"ညနေကလေ ဈေးခနသွားရင်းနဲ့ဝင်ဆိုးလိုက်တာ "
.
.
.
"ကလေးချစ်တက်လားမောင် "
"ဘာဖြစ်လို့လဲ "
စကားဆက်လာသည်။
နောင်တရနေတာလား "
"အင်း...နောင်တရတယ် "
"ဘာ!!! "
"တောက်စ်! ထစမ်းခင်များ "
ရွှင်ရွှင်နေနေရမှာ။ ပတ်ဝန်ကျင်မှာလည်း
ယောက်ျားချင်းယူထားတဲ့ကောင်ဆိုပြီး
"တောက်စ်! တော်စမ်း "
ဒေါသပိုထွက်စေသည်။
"တောက်စ်!
အီးဟီး... "
ဖမ်းချုပ်လိုက်သည်။
" မင်းကို ညနေကဈေးထိပ်မှာတွေ့လိုက်တယ်
မိန်းမပါဆိုတာ "
"မြင်တယ် ...ရွှတ်! "
"ဘာရယ်တာလဲ "
ထုရိုက်မိသည်။
ညနေဈေးထိပ်ကိုဆိုင်ကယ်နဲ့သွားတာမှန်တယ်
ဆိုင်ကယ်ပြင်ဆိုင်က
"ဟင် အကိုကျင်းလန် "
ငါ့ကိုမညာနဲ့ "
သိရတာလဲ "
ပြောစမ်းပါဉီး "
"နည်းနည်းကြာပြီလေ"
"အာ "
"ဒါနဲ့ မင်းကဘာလို့သူနဲ့ဈေးသွားရတာလဲ "
"တ...တကယ်လားဟင်မောင် "
ယောက်ျားကြီး "
ပြောလာသည်။
"ဆိုင်ဆိုင်မဆိုင်ဆိုင်ဗျာ ယောက်ျားကိုစွတ်စွဲထားတဲ့အတွက်
အပြစ်တော့ပေးရဉီးမယ် "
"အား!...မောင် မလုပ်နဲ့ "
စွတ်စွဲကောင်းတဲ့ယုန်လေးကတော့ ခြငျေ်သ့ကွီး
ဆက်ရန်...
ထွက်လာမှာဆိုးလို့ပါ။အကြောင့် ခနလောက်
မျှော်လင့်ပါတယ်.
20.12.2022
#Ahnu
Continue Reading
You'll Also Like
938K 49.7K 44
10.7K 940 14
(Unicode) လူတစ်ယောက်က ပြောတယ် "အရိပ်ဟာ မူလပုံစံထက် အမြဲတမ်း ကြီးမားတယ်"တဲ့ နောက်တစ်ယောက်က ထပ်​​ပြောတယ် "အရိပ်ဟာ မူလပုံစံအစစ်မရှိပဲ မရပ်တည်နိုင်ဘူး"တ...
406K 27.1K 36
ဦးရဲ့ဘဝမှာ ကျွန်​​တော်​သည်​ အရံဟင်းတစ်​ခွက်​ ဖြစ်​လည်း​ကျေနပ်​ပါတယ်​ ••​ရှောင်းကျန့်​ •• ​သေချာ​ပေါက်​ကို မင်းကငါ့ရဲ့............. ••ဝမ်​ရိ​ပေါ်•...
264K 17.3K 37
မုန်းတယ်ဆိုတဲ့စကားတစ်ခွန်းနာကြင်ရပေမယ့် ငါမပြောပါနဲ့လို့မင်းကိုမတားမြစ်ခဲ့ဘူး မင်းငါ့ကိုမုန်းလည်းရတယ် ဒါပေမယ့်မင်းသိထားဖို့ကငါမင်းကိုအရမ်းချစ်တယ် uni...