<Unicode>
*ဟခုလို့ပဲသုံးပါတော့မယ်*
ဟခုအရင်ဆုံးဂင်းရဲ့အခန်းဆီကိုသွားလိုက်သည်။အခန်းပြင်ကနေတံခါးခေါက်ကြည်တော့ ခနကြာမှတံခါးလာဖွင့်ပေးသည်။
"ဘာကိစ္စလဲ"
အပေါ်ပိုင်းကအဝတ်စားမပါပဲခါးတွင်တပတ်တစ်ထည်သာပတ်ထားပီးရေစက်လက်နဲ့မို့ရေချိုးပီးကာစဖြစ်ပုံရသည်။ဟခုမှာတံခါးသာခေါက်တာ ဘာပြောရမှန်သူမသိပေ။ဘာမှမပြောပဲရပ်ကြည့်နေတဲ့ဟခုကြောင့်ဂင်းမျက်မှောင်ကျုံ့လိုက်ကာ......
"ဘာမှပြောစရာမရှိရင်လာနှောက်ယှက်မနေနဲ့"
"နေ နေအုံး အ့!"
ဂင်းကတံခါးကိုဆွဲပိတ်လိုက်တာကြောင်လက်ထိုးခံကာတားလိုက်တော့လက်ညှပ်မိသွားတော့သည်။
"မင်း!ငါ ငါတမင်လုပ်တာမဟုဘူးနော်!"
"ရတယ် မင်းတံခါးပိတ်လိုက်မှာဆိုးလို့ကိုယ်တားလိုက်မိတာ မင်းအပြစ်မဟုဘူး"
ထိုစကားကြောင့်ဂင်းကြောင်အသွားသည်။အရင်ကဆိုရင်ဟခုကဆတ်ဆတ်ထိမခံပဲ သ့ူကိုနည်းနည်းလေးထိတာနဲ့ချက်ချင်းလက်တုန့်ပြန်တတ်သည်။
"မင်းဆေးမှားသောက်လာတာလား"
"ဂင်း"
"ဘာလဲ"
"ငါတို့သင့်မြတ်ကြရအောင်"
"ဘာလဲ ဘာတေကြံစည်နေတာလဲ!မင်းဘက်ကအရင်စပီးခါးခါးသီးသီးဖြစ်နေပီးအခုမှဘာထဖြစ်တာလဲ"
"ဒီတိုင်းငါတို့အမုန်းမပွားပဲနေချင်လို့ပါ"
"ဟက် ဟားဟား!မင်းဘာတေကြံနေလဲငါမသိပေမယ့် မင်းကိုငါလုံးဝယုံမှာမဟုဘူး ရှင်းလား!"
ဒုန်း!
တံခါးကိုဆောင့်ပိတ်လိုက်တာကြောင့်ဟခုခြေနှစ်လှမ်းလောက်နောက်ဆုတ်သွားတော့သည်။စတောင်မစရသေးဘူးမျှော်လင့်ချက်ကပျောက်ပီ။သူ့missionကဇာတ်လိုက်ကိုကာကွယ်ရမှာမို့ ညီအကိုလိုအနီးကပ်နေပီးစောက်ရှောက်မလို့ကိုအခုတော့ဂင်းကသူ့ကိုမယုံပေ။ဟခုသက်ပြင်းချလိုက်ကာကိုယ့်အခန်းကိုပြန်ပီးနောက်တစ်မျိုးစဉ်းစားရတော့မည်။
>>>>>>>>>>
ညစာဝိုင်းတွင်.....
တခဂုစန်(Takagu san)ကစားပွဲဝိုင်းရဲ့ထိပ်ဆုံးမှာထိုင်နေပီးညစာကိုတိတ်စိတ်စွာစားနေသည်။ဟခုနဲ့ဂင်းကတော့မျက်နှာချင်းဆိုင်ဖြင့်ကိုယ့်စားစရာကိုသာအာရုံစိုက်ကာစားနေသည်။
[ဂျပန်လူမျိုးတေကတခြားသူရဲ့နာမည်တေကိုနောက်မှာစန်(san)ဆိုပီးရိုသေသမှုနဲ့ထည့်ခေါ်ကြတာပါ။ကိုယ့်ထက်ကြီးတဲ့သူတေ သိပ်မရင်းနီးတဲ့သူတေရဲ့နာမည့်ကိုခေါ်တဲ့အခါစန်(san)ကိုထည့်ခေါ်ကြပါတယ်]
တခဂုကညစာစားပီးတဲ့နောက် စပျစ်ဝိုက်ကိုဟန်ပါပါသောက်နေရင်း....
"ငါ့သားနှစ်ယောက်လုံးကိုပြောစရာရှိတယ်"
"ပြောပါအဖေ"²
"ငါလဲအသက်ကြီးပီ အဲ့တော့ငါ့ရဲ့ပိုင်ဆိုင်မှုနဲ့ကုမ္မဏီကိုမင်းတို့ဆီလွှဲပေးချင်တယ် မင်းတို့သိတဲ့အတိုင်းငါကဆကူရာ(ဂင်းရဲ့မိခင်)သေဆုံးတော့အထီးကျန်နေလို့ ရှိမီရာ(ဟခုရဲ့မိခင်)ကိုလက်ထပ်ခဲ့ပေမယ့် သူမကလဲငါ့နားမှာကြာကြာမနေနိုင်ခဲ့ဘူး အဲ့တော့ငါ့လုပ်ငန်းတေကိုမင်းတို့ဆီလွဲပေးပီး ကမ္ဘာပတ်ပီးအေးအေးချမ်းချမ်းနေချင်ပီ"
(ဒီးဒီ ဒါမူလဇာတ်ကြောင်စထဲမှာပါလား)
(ဟုတ်ပါပါတယ်host မူလဇာတ်ကြောင်းမှာလုပ်ငန်းတေကိုဇာတ်လိုက်ကပဲအကုန်ရသွားတာ အဲ့တာကြောင့်ဟခုကပိုမုန်းသွားတာ)
"အဖေစိတ်ချလက်ချကမ္ဘာပတ်ပါ အဖေ့လုပ်ငန်းတေသားဦးဆောင်ပေးပါ့မယ်"
ဂင်းကပြောလာတာကြောင့်ဟခုကဟန့်တားလိုက်ကာ...
"အဖေ ဂင်းကကျောင်းသားပဲရှိသေးတယ် ကျောင်းစာတဖက်အလုပ်တစ်ဖက်နဲ့ဆိုအဆင်မပြေလောက်ဘူး အဲ့တော့သူကျောင်းပီးတဲ့အထိကျနော်ကပဲဦးဆောင်ပေးထားပါ့မယ် စိတ်ချပါကျနော်ပိုင်ဆိုင်မှုတေကိုအပိုင်းမသိမ်းထားပါဘူး သူကျောင်းပီးတာနဲ့ကျနော်သူ့လက်ထဲပြန်အပ်မှာပါ"
"အင်း ဟခုပြောတာငါလက်ခံတယ် ဂင်း မင်းကကျောင်းစာကိုပဲအာရုံစိုက်ပီးသင်ယူ ဒီအတောတွင်းလုပ်ငန်းတေကိုဟခုကတာဝန်ယူထားပေးလိမ့်မယ်"
"ဒါပေမယ့် အဖေ.."
"ဆွေးနွေးတာပီးပီ မနက်ဖြန်ပဲငါခရီးထွက်တော့မယ် ကျန်တာမနက်ဖြန်ငါ့ရှေ့နေလာမှပြောကြ"
တခဂုကစားပွဲကနေထသွားတော့သည်။ဂင်းကဟခုကိုစိုက်ကြည့်ရင်းဘာတေကြံနေပြန်တာလဲဟူသောအကြည့်နဲ့ကြည့်လာတာကြောင့် အသာပြုံးပြလိုက်တော့ပိုလို့တောင်မျက်မှောင်ကျုံ့သွားတော့သည်။
.......................
A/N
စိတ်ရှည်သည်းခံလမ်းကြောင်းမှန် မောင်းရန်မော်တော်ကားတဲ့ လူပါ,ပါတယ် အဲ့တော့စိတ်ရှည်ကြပါလို့ ပီးတော့ကျယ်မကိုယုံလိုက်စမ်းပါ ဟဲဟဲ မုန်တိုင်းပီးရင်လေပြေလာမှာပါလို့😁
••••••••••••••••••••••
<Zawgyi>
*ဟခုလို႔ပဲသံုးပါေတာ့မယ္*
ဟခုအရင္ဆံုးဂင္းရဲ႕အခန္းဆီကိုသြားလိုက္သည္။အခန္းျပင္ကေနတံခါးေခါက္ၾကည္ေတာ့ ခနၾကာမွတံခါးလာဖြင့္ေပးသည္။
"ဘာကိစၥလဲ"
အေပၚပိုင္းကအဝတ္စားမပါပဲခါးတြင္တပတ္တစ္ထည္သာပတ္ထားပီးေရစက္လက္နဲ႔မို႔ေရခ်ိဳးပီးကာစျဖစ္ပံုရသည္။ဟခုမွာတံခါးသာေခါက္တာ ဘာေျပာရမွန္သူမသိေပ။ဘာမွမေျပာပဲရပ္ၾကည့္ေနတဲ့ဟခုေၾကာင့္ဂင္းမ်က္ေမွာင္က်ံဳ႕လိုက္ကာ......
"ဘာမွေျပာစရာမ႐ွိရင္လာေႏွာက္ယွက္မေနနဲ႔"
"ေန ေနအံုး အ့!"
ဂင္းကတံခါးကိုဆြဲပိတ္လိုက္တာေၾကာင္လက္ထိုးခံကာတားလိုက္ေတာ့လက္ညႇပ္မိသြားေတာ့သည္။
"မင္း!ငါ ငါတမင္လုပ္တာမဟုဘူးေနာ္!"
"ရတယ္ မင္းတံခါးပိတ္လိုက္မွာဆိုးလို႔ကိုယ္တားလိုက္မိတာ မင္းအျပစ္မဟုဘူး"
ထိုစကားေၾကာင့္ဂင္းေၾကာင္အသြားသည္။အရင္ကဆိုရင္ဟခုကဆတ္ဆတ္ထိမခံပဲ သ့ူကိုနည္းနည္းေလးထိတာနဲ႔ခ်က္ခ်င္းလက္တုန္႔ျပန္တတ္သည္။
"မင္းေဆးမွားေသာက္လာတာလား"
"ဂင္း"
"ဘာလဲ"
"ငါတို႔သင့္ျမတ္ၾကရေအာင္"
"ဘာလဲ ဘာေတၾကံစည္ေနတာလဲ!မင္းဘက္ကအရင္စပီးခါးခါးသီးသီးျဖစ္ေနပီးအခုမွဘာထျဖစ္တာလဲ"
"ဒီတိုင္းငါတို႔အမုန္းမပြားပဲေနခ်င္လို႔ပါ"
"ဟက္ ဟားဟား!မင္းဘာေတၾကံေနလဲငါမသိေပမယ့္ မင္းကိုငါလံုးဝယံုမွာမဟုဘူး ႐ွင္းလား!"
ဒုန္း!
တံခါးကိုေဆာင့္ပိတ္လိုက္တာေၾကာင့္ဟခုေျခႏွစ္လွမ္းေလာက္ေနာက္ဆုတ္သြားေတာ့သည္။စေတာင္မစရေသးဘူးေမ်ွာ္လင့္ခ်က္ကေပ်ာက္ပီ။သူ႔missionကဇာတ္လိုက္ကိုကာကြယ္ရမွာမို႔ ညီအကိုလိုအနီးကပ္ေနပီးေစာက္ေ႐ွာက္မလို႔ကိုအခုေတာ့ဂင္းကသူ႔ကိုမယံုေပ။ဟခုသက္ျပင္းခ်လိုက္ကာကိုယ့္အခန္းကိုျပန္ပီးေနာက္တစ္မ်ိဳးစဥ္းစားရေတာ့မည္။
>>>>>>>>>>
ညစာဝိုင္းတြင္.....
တခဂုစန္(Takagu san)ကစားပြဲဝိုင္းရဲ႕ထိပ္ဆံုးမွာထိုင္ေနပီးညစာကိုတိတ္စိတ္စြာစားေနသည္။ဟခုနဲ႔ဂင္းကေတာ့မ်က္ႏွာခ်င္းဆိုင္ျဖင့္ကိုယ့္စားစရာကိုသာအာရံုစိုက္ကာစားေနသည္။
[ဂ်ပန္လူမ်ိဳးေတကတျခားသူရဲ႕နာမည္ေတကိုေနာက္မွာစန္(san)ဆုိပီး႐ိုေသသမႈနဲ႔ထည့္ေခၚၾကတာပါ။ကိုယ့္ထက္ႀကီးတဲ့သူေတ သိပ္မရင္းနီးတဲ့သူေတရဲ႕နာမည့္ကိုေခၚတဲ့အခါစန္(san)ကိုထည့္ေခၚၾကပါတယ္]
တခဂုကညစာစားပီးတဲ့ေနာက္ စပ်စ္ဝိုက္ကိုဟန္ပါပါေသာက္ေနရင္း....
"ငါ့သားႏွစ္ေယာက္လံုးကိုေျပာစရာ႐ွိတယ္"
"ေျပာပါအေဖ"²
"ငါလဲအသက္ႀကီးပီ အဲ့ေတာ့ငါ့ရဲ႕ပိုင္ဆိုင္မႈနဲ႔ကုမၼဏီကိုမင္းတို႔ဆီလႊဲေပးခ်င္တယ္ မင္းတို႔သိတဲ့အတိုင္းငါကဆကူရာ(ဂင္းရဲ႕မိခင္)ေသဆံုးေတာ့အထီးက်န္ေနလို႔ ႐ွိမီရာ(ဟခုရဲ႕မိခင္)ကိုလက္ထပ္ခဲ့ေပမယ့္ သူမကလဲငါ့နားမွာၾကာၾကာမေနႏိုင္ခဲ့ဘူး အဲ့ေတာ့ငါ့လုပ္ငန္းေတကိုမင္းတို႔ဆီလြဲေပးပီး ကမၻာပတ္ပီးေအးေအးခ်မ္းခ်မ္းေနခ်င္ပီ"
(ဒီးဒီ ဒါမူလဇာတ္ေၾကာင္စထဲမွာပါလား)
(ဟုတ္ပါပါတယ္host မူလဇာတ္ေၾကာင္းမွာလုပ္ငန္းေတကိုဇာတ္လိုက္ကပဲအကုန္ရသြားတာ အဲ့တာေၾကာင့္ဟခုကပိုမုန္းသြားတာ)
"အေဖစိတ္ခ်လက္ခ်ကမၻာပတ္ပါ အေဖ့လုပ္ငန္းေတသားဦးေဆာင္ေပးပါ့မယ္"
ဂင္းကေျပာလာတာေၾကာင့္ဟခုကဟန္႔တားလိုက္ကာ...
"အေဖ ဂင္းကေက်ာင္းသားပဲ႐ွိေသးတယ္ ေက်ာင္းစာတဖက္အလုပ္တစ္ဖက္နဲ႔ဆိုအဆင္မေျပေလာက္ဘူး အဲ့ေတာ့သူေက်ာင္းပီးတဲ့အထိက်ေနာ္ကပဲဦးေဆာင္ေပးထားပါ့မယ္ စိတ္ခ်ပါက်ေနာ္ပိုင္ဆိုင္မႈေတကိုအပိုင္းမသိမ္းထားပါဘူး သူေက်ာင္းပီးတာနဲ႔က်ေနာ္သူ႔လက္ထဲျပန္အပ္မွာပါ"
"အင္း ဟခုေျပာတာငါလက္ခံတယ္ ဂင္း မင္းကေက်ာင္းစာကိုပဲအာရံုစိုက္ပီးသင္ယူ ဒီအေတာတြင္းလုပ္ငန္းေတကိုဟခုကတာဝန္ယူထားေပးလိမ့္မယ္"
"ဒါေပမယ့္ အေဖ.."
"ေဆြးေႏြးတာပီးပီ မနက္ျဖန္ပဲငါခရီးထြက္ေတာ့မယ္ က်န္တာမနက္ျဖန္ငါ့ေ႐ွ႕ေနလာမွေျပာၾက"
တခဂုကစားပြဲကေနထသြားေတာ့သည္။ဂင္းကဟခုကိုစိုက္ၾကည့္ရင္းဘာေတၾကံေနျပန္တာလဲဟူေသာအၾကည့္နဲ႔ၾကည့္လာတာေၾကာင့္ အသာျပံဳးျပလိုက္ေတာ့ပိုလို႔ေတာင္မ်က္ေမွာင္က်ံဳ႕သြားေတာ့သည္။
.......................
A/N
စိတ္႐ွည္သည္းခံလမ္းေၾကာင္းမွန္ ေမာင္းရန္ေမာ္ေတာ္ကားတဲ့ လူပါ,ပါတယ္ အဲ့ေတာ့စိတ္႐ွည္ၾကပါလို႔ ပီးေတာ့က်ယ္မကိုယံုလိုက္စမ္းပါ ဟဲဟဲ မုန္တိုင္းပီးရင္ေလေျပလာမွာပါလို႔😁
••••••••••••••••••••••