"မစန္ဒာအတွက်တဲ့ ကောင်ချောလေးတစ်ယောက်ပေးသွားတာ"
နှင်းဆီနီနီတစ်ပွင့်ကိုကြယ်တာရာပန်းတွေဝန်းရံထားသည့်ပန်းစည်းလေးက စန္ဒာဇော်ဝင်းလက်ထဲ လန်းဆန်းစွာလှပနေ၏။
"ဘယ်သူပေးသွားတာလဲ"
"အဲဒါတော့ ကျွန်မတို့လည်းမသိဘူး"
ပဟေဠိတွေဖြစ်သွားတဲ့ စန္ဒာဇော်ဝင်းမျက်နှာကို တစိမ့်စိမ့်ငေးကြည့်နေသူတစ်ယောက်ကိုဖြင့် ကျွန်တော်နဲ့ရဲဘုန်း မသိချင်ယောင်ဆောင်ပေးလိုက်ရသည်။ ဒီနေ့က ချစ်သူများနေ့ပဲလေ။ ချစ်တတ်ကြသူတိုင်း ပျော်ခွင့်ရှိသည့်နေ့ပါပဲ။
ဒီနေ့မှ အရေးကြီးအော်ပရေးရှင်းတွေလိုက်ဝင်ပေးထားရသည့်တစ်ကိုယ်လုံးက ဂျူတီကုတ်ကိုချွတ်လိုက်မှ လူကနည်းနည်းအေးသွားသလို။ ပစ္စည်းတွေကိုကျောပိုးအိတ်ထဲ လုံးထွေးထည့်ပြီး ခြေလှမ်းကျဲတွေနဲ့ ဂျူတီထွက်ဖို့ပြင်ရသည်။
"နေသော် မင်းဆီပို့ထားတဲ့ချောကလက်တွေ"
"သူငယ်ချင်းတွေနဲ့ ဒီညတာဝန်ကျမယ့်ဆရာမတွေကို ဝေပေးလိုက်ပါကွာ။ ငါချိန်းထားတာရှိလို့ မရှင်းခဲ့တော့ဘူး"
"ကားယူသွား ဟေ့ရောင်"
"နေ နေ။ ငါ တက္ကစီနဲ့ပဲပြန်မယ် ဒီနေ့တော့"
ရဲဘုန်းဆီအသံချန်ထားခဲ့ပြီး ကျောပိုးအိတ်ကိုဆွဲလို့ ကော်ရစ်ဒါတစ်လျှောက်ပြေးရသည်။ မပေါ့မပါးနဲ့ညီမလေးအတွက် သွားလာရေးအဆင်ပြေရအောင် ကျွန်တော့်ကားပေးထားလိုက်တော့ ဒီနေ့တော့ တက္ကစီနဲ့အိမ်ပြန်ပြေးရမည်။
အရင်ရက်တွေတော့ ရဲဘုန်းနဲ့ဖြစ်ဖြစ်၊ ဖြိုးလေးနဲ့ဖြစ်ဖြစ်လိုက်ပြန်တတ်ပေမယ့် ဒီနေ့ရဲဘုန်းက နိုက်ဂျူတီကျပြီး၊ ဖြိုးလေးကလည်း အစီအစဥ်တွေရှိနေသည်။ အိမ်ပြန်ပြေး ရေချိုးပြီးပြန်ထွက်ရင်တော့ ညနေ ၆နာရီချိန်းထားတာ မှီနိုင်ပါသည်။
ဒီလတွေညီမလေးကိစ္စ၊ အိမ်ကိစ္စနဲ့အသားမကျနိုင်တဲ့နေ့ရက်တွေထဲ သေချာဂရုမစိုက်ပေးနိုင်ခဲ့တဲ့ချစ်သူအတွက် စက္ကန့်၊ မိနစ်တိုင်းကို အလဟဿဖြုန်းတီးမပစ်ချင်။ တကယ်ဆိုရင် ဒီလိုနေ့မျိုး အိမ်စောစောပြန် ရေချိုးပြီး သူ့ကျောင်းအထိတောင် သွားစောင့်ပေးချင်သည်။ အပြေးတစ်ပိုင်းခြေလှမ်းတွေက ကျောင်းဝင်းကားပါကင်မှာ ခြေစုံရပ်မိသွားစေ၏။
သူတို့ကျောင်းယူနီဖောင်းရှပ်အဖြူ၊ စတိုင်ပန်နက်ပြာနှင့်တစ်နေကုန်ကျောင်းတက်ခဲ့ရမယ့်လူက ပင်ပန်းနွမ်းနယ်နေဟန်လည်းမရှိ။ ကျွန်တော့်ကိုမြင်တော့ ပိုပြီးဝင်းပလန်းဆန်းသွားတဲ့မျက်နှာလေးကြောင့် ရင်ထဲကအပူလှိုင်းတွေပင်ငြိမ်းသွားသလို။
"ဘယ်လိုဖြစ်တာလဲ။ ကျူတိုရီရယ်တွေရှိတယ်မလား"
"မြန်မြန်ဖြေပြီးလာလိုက်တာ။ အစ်ကို့ကို ကြိုချင်လို့"
ကျူတိုရီရယ်တွေပြည့်နေတဲ့သူ့ကို လာမကြိုစေချင်လို့မှ တက္ကစီနဲ့သွားဖို့ကြံစည်ထားတာက မအောင်မြင်တော့။ အသင့်ဖွင့်ပေးထားတဲ့ကားပေါ်တက်လိုက်တော့ အဲယားကွန်းလေကလည်းသိပ်မပြင်း။ လက်ထဲရောက်လာတာက Pocari Sweat ဘူးအေးအေးလေး။
"အစ်ကိုဗိုက်ဆာလား။ ရုပ်ရှင်ချိန်ကလိုသေးတယ်။ တစ်ခုခုစားမလား"
"ကြက်ကြော်စားချင်တယ်"
"ဒါဆို ဂမုန်းပွင့်ကိုပဲတန်းသွားလိုက်မယ်။ အဲ့မှာ Lotteria ရှိတယ်နော်"
"ဟုတ်ကဲ့ပါဗျ"
ရယ်သံဖွဖွနှင့်အတူ ပါးပြင်ထဲနစ်ဝင်လာသည့်အနမ်းက ရွှတ်ခနဲ။
အချစ်များနေ့ဖြစ်လို့ပဲလား လမ်းတလျှောက်မြင်မြင်ရသမျှ တူနှစ်ကိုယ်ယှဥ်တွဲသွားလာနေကြသူတို့ထံမှာ နွေးထွေးစွာကြင်နာပိုနေကြသလိုပင်။ ကျွန်တော်ကိုယ်တိုင်တောင် ကားမောင်းနေသူရဲ့ဘေးတစ်စောင်းဟန်ပန်အနေအထားကိုကြည့်ရင်း အရင်ထက်ပိုပြီး ရင်ခုန်မြန်နေသလိုလို။
"ဘာဂါရော။ အစ်ကိုကြိုက်တဲ့ကြက်သားလုံးလေးတွေပါ ယူလိုက်မယ်လေ"
"တော်ပြီ။ ကြက်ကြော်ပဲစားမယ်။ ရုပ်ရှင်ကြည့်ပြီးရင် ဟော့ပေါ့စားချင်သေးတာ"
ချစ်သူများနေ့ရဲ့ညနေခင်းဖြစ်လို့ Lotteria မှာ ထိုင်ခုံအတော်များများပြည့်ကြပ်နေသည်။ လေးထောင့်စားပွဲသေးသေးလေးမှာ နှစ်ယောက်သားတိုးကပ်ထိုင်ပြီး ကြက်ကြော်ဖြင့်အဆာပြေဗိုက်ဖြည့်လိုက်သည်။ Cineplex ရှိသည့်အပေါ်ထပ်ကိုရောက်တော့ပဲ Entrance က ဖွင့်ထားပြီးဖြစ်သည်။ ကြက်ကြော်စားလာပေမယ့် ကိုလာနှစ်ခွက်နဲ့ပေါက်ပေါက်ဘူး ပြေးဝယ်တဲ့ကျွန်တော့်ကို ခပ်ပြုံးပြုံးကြည့်နေသူက အရာရာအလိုလိုက်ပေးနေတဲ့အစ်ကိုကြီးစတိုင်ဖြင့်။
အလင်းမရှိသည့်ဝင်ပေါက်ထဲချလိုက်ရတဲ့ခြေလှမ်းတွေမယိုင်ခင် ကျွန်တော့်လက်တစ်ဖက်ထွေးဆုပ်ခံလိုက်ရ၏။
"ဖြည်းဖြည်းနော် အစ်ကို"
ယှက်သွယ်ဆုပ်ကိုင်လာသည့်လက်ချောင်းရှည်သွယ်တွေကို တင်းကြပ်နေအောင်ပြန်လည်ထွေးဆုပ်မိ၏။ ရုပ်ရှင်ရုံရဲ့မီးအလင်းမှုန်ပျပျဖြင့် တစ်မျိုးနုသစ်နေသည့်မျက်နှာချောချောကို ကျွန်တော်ငေးမဝနိုင်။ ဆွဲခေါ်သွားသည့်နေရာကိုရောက်တော့ ကျွန်တော့်အပြုံးတွေပိုထင်းသွား၏။ နောက်ဆုံးတန်းစုံတွဲခုံရဲ့အလယ်နေရာကျကျမှာ ရပ်တန့်သွားတဲ့သူက ကျွန်တော့်ရင်ကိုအေးချမ်းစေသည့်အပြုံးဖြင့်ငဲ့ကြည့်သည်။
"အစ်ကိုနဲ့အတူတူလုပ်ချင်တဲ့ to do list ထဲကတစ်ခု"
တွဲလက်ကိုမဖြုတ်ဘဲ ဝင်ထိုင်ဖြစ်လိုက်ကြသည်။ မုန့်ထုပ်တွေနဲ့ကျောပိုးအိတ်ကို ဘေးချ၊ ကိုယ်စီကူရှင်နှစ်ခုကိုပေါင်ပေါ်တင်လိုက်ကြ၏။ ယောက်ျားလေးနှစ်ယောက်တွဲလျက်ထိုင်သည်ကို အထူးအဆန်းလိုမဟုတ်ပေမယ့် ထူးခြားစွာငဲ့ကြည့်သွားကြသည်ကိုလည်း မျက်နှာငုံ့မထားမိကြ။ ကျွန်တော်နေရအဆင်ပြေမပြေနေရာချလို့ ပြင်ဆင်နေတဲ့ ကျွန်တော့်လူရဲ့တည်ငြိမ်မှုတို့က ကျွန်တော့်ကိုပါ လုံခြုံငြိမ်းချမ်းစေ၏။
မီးတွေအကုန်မှိတ်ပြီး ရုပ်ရှင်စတာနဲ့ ကျွန်တော့်လက်ဖဝါးထဲရောက်လာသည့်နေကြာစေ့။ ခွာပြီးသားဝယ်ဖို့လုပ်တာကိုငြင်းပြီး သူဆွဲယူလာခဲ့တဲ့အထုပ်ထဲက နေကြာစေ့တို့ကိုသေချာခွာပြီး ကျွန်တော့်လက်ဖဝါးထဲထည့်ပေးတော့ ကျွန်တော်မပြုံးမိဘဲ မနေနိုင်။
"ဒါရော TO DO LIST ထဲကပဲလား"
"သေချာတာပေါ့ အစ်ကိုရဲ့"
"ကိုယ်လည်း ခွာပေးမယ်"
"နေ နေ။ အစ်ကိုက ကျွန်တော့်ကိုပြန်ခွံ့ကျွေးရင်ရပြီ"
ကျွန်တော့်ရယ်သံက ရုပ်ရှင်ကအသံဖြင့်ရောသွားသည်။ နှုတ်ခမ်းပါးပါးရှေ့လက်ဖြန့်ပေးတော့ ထိစပ်သွားကြတဲ့အထိအတွေ့တို့က နွေးနွေးလေး။ ရုပ်ရှင်ကအလင်းဖြင့် ပြုံးနေသည့်သူ့မျက်နှာထက် စလိုက်မီးတို့ဖြင့်ထိုးထားသလိုပင်။ ရယ်ပဲရယ်နေမိတဲ့ ကျွန်တော့်ကိုပုခုံးထက်ကဆွဲပြီး သူ့ရင်ခွင်ထဲမှီထားစေ၏။ ဆံပင်တွေကိုဖိကပ်လာတဲ့ အနမ်းပိုင်ရှင်ရဲ့ ရင်ခွင်ထက်သို့လည်း ကျွန်တော့်အနမ်းတို့ကြွေသည်။
"ရုပ်ရှင်ပြီးရင် ဟော့ပေါ့စားမှာ ဟုတ်လား အစ်ကို"
ခပ်နိမ့်နိမ့်ပြောလာသံက တိုးရှရှပေမယ့်ကြင်နာနူးညံ့စွာဖြင့် ကျွန်တော့်ရင်ခုန်သံတွေထဲပျော်ဝင်စီးဆင်း၏။ ပင့်မော့ကြည့်လိုက်လို့ မြင်ရတဲ့မေးဖျားလေးကို ကျွန်တော်မကြင်နာပစ်ဘဲ မနေနိုင်တော့။ တရားဝင်ချစ်သူတွေမဖြစ်ကြခင်တည်းက မစိမ်းသက်ခဲ့တဲ့အထိအတွေ့တို့ကြောင့် အခုလိုအခြေအနေမှာလည်း အနမ်းတွေဖောသီနေခဲ့သည်။ ကျွန်တော့်ပါးနှစ်ဖက်ကို လက်ခုပ်ထဲထည့်ပြီး မြတ်နိုးခြင်းကတယုတယနဲ့နွေးထွေးလွန်း၏။
"ဟော"
ကျွန်တော့်ဘက်တစ်ခြမ်းကိုလာရောက်ထိခတ်သည့်အသံတစ်ချို့။ ကျွန်တော်တင်မက သူပါသတိထားမိတာနဲ့ မျက်ခုံးတန်းတန်းတွန့်ကုတ်သွား၏။ နှစ်ယောက်တည်းဆိုတဲ့အသိနဲ့တုန်းကဘာမှမဖြစ်ပေမယ့် မူမမှန်စွာတိုးညှင်းညှင်းထွက်ပေါ်လာသံတို့ကြောင့် ကျွန်တော်ခပ်တောင့်တောင့်ဖြစ်သွားရသည်။ ယောက်ျားလေးချင်းဖြစ်နေတာတောင် မျက်နှာတွေပူတက်လာပြီး သူ့ကိုပါမော့မကြည့်နိုင်လောက်သည်အထိ ကျွန်တော်တို့ကမ္ဘာနှောင့်ယှက်ခံလိုက်ရသလိုပင်။
ဒါတွေကအထူးအဆန်းမဟုတ်ပါဘူး။ ဒီလိုနေ့မျိုးမှာ ဒီလိုချစ်ကြတာက သဘာဝလို့တွေးနေလျက်နဲ့ တငြိမ့်ငြိမ့်ခုန်နေခဲ့သည့် ကျွန်တော့်ရင်ခုန်သံတို့က အခုတော့ မိုးလေသက်ထန်သည့်ကောင်းကင်ယံထက်ပစ်တင်ခံလိုက်ရသလို မငြင်သာတော့။ သဘာဝတွေမှန်းသိနေခဲ့တာတောင် ကြုံဆုံခဲ့ရသည့် ညီမလေးနဲ့အဖြစ်တွေက အမှောင်ချထားမိသည့် စိတ်နယ်တစ်ခုကို တစ်စုံတစ်ယောက်တွန်းဖွင့်သွားသလိုပင်။ ကြောက်ရွံ့တာမဟုတ်ဘဲ ဘာတွေကိုစိုးထိတ်ရမလဲ မသိခင်မှာပဲ ကျွန်တော့်နားနှစ်ဖက်အုပ်ကိုင်ဆွဲလှည့်လို့ မျက်နှာချင်းဆိုင်လာသူရဲ့ အပြုံးတို့က မြင်နေကျထက်ပိုပြီး ကျွန်တော့်စိတ်တွေကို ငြိမ်းအေးသွားစေသလိုပင်။
"အစ်ကိုက ကျွန်တော့်ဘဝမှာ တန်ဖိုးအထားရဆုံးနော်။ အစ်ကို ယုံတယ်မလားဟင်"
ကြည်သာချိုအေးစွာဖြင့်ရိုးရှင်းတဲ့စကားတစ်ခွန်းက ကျွန်တော့်ရင်အပူတွေကိုအေးချမ်းစေတဲ့ပျားရည်အိုင်လေးပါပဲ။ အဖြူအမည်းနဲ့ အပူအအေးတွေကို ကျွန်တော့်အသိစိတ်ဖြင့် မခွဲခြားနိုင်ခင်မှာပဲ မသိစိတ်မှာ တည်ရှိနေခဲ့တဲ့ သူ့အပေါ်အကြွင်းမဲ့ယုံကြည်မှုတို့ဖြင့် ရင်ခွင်ကျယ်ထဲတိုးဝင်လိုက်မိ၏။
"ကျွန်တော် အစ်ကို့ကို ဒီအတိုင်းလေးတောင် ချစ်မဝဘူးဗျာ"
အဲ့နေ့က ဆံပင်တွေထဲနစ်ဝင်လာတဲ့အနမ်းတို့နဲ့ နင့်သီးစွာဆိုတဲ့ချစ်စကားတစ်ခွန်းမှာ ကျွန်တော့်တစ်ဘဝလုံး သူ့ထံပုံအပ်ပြီးဖြစ်ကြောင်း နောက်များတော့ ကျွန်တော်ပြောပြခွင့်ရလိမ့်မည်။
***************
ဖွင့်ရက်ဖြစ်တာကြောင့်ရော၊ မနက်ဖြန်ပြေးလွှားရမယ့် သူ့အတန်းချိန်တွေနဲ့ ကျွန်တော့်ဂျူတီကြောင့်ရော ဒီနေ့ရဲ့ဒိတ်တစ်ခုလုံးကိုတော့ ဂမုန်းပွင့်မှာပဲအစီအစဥ်ဆွဲထားရသည်။ ရုပ်ရှင်ကြည့်ပြီးတာနဲ့ အပေါ်ဆုံးထပ်မှာပဲ ဟော့ပေါ့ဝင်စားခဲ့ပြီး အိမ်ကိုပြန်ရောက်တော့ ည ၉နာရီခွဲကျော်။ ရေမိုးချိုးလို့ ညအိပ်ဝတ်စုံလဲလိုက်ပြီးပေမယ့် မီးမှိတ်ထားပြီးဖြစ်တဲ့ ဧည့်ခန်းကို ခြေသံဖွဖွနင်းပြီး ဖြတ်ကျော်လိုက်သည်။
မြေညီထပ်ကိုဆင်းမယ့်လှေကားတစ်ဆင့်ချိုးကိုရောက်တော့ စောင့်နှင့်နေသူရဲ့အပြုံးနုနုကြောင့် ရင်ဘတ်မှာပိုက်ထားတဲ့အထုပ်ကို ပိုပြီးတင်းကြပ်အောင်ကွယ်လိုက်ရသည်။ သူကလည်းအလိုက်တသိနဲ့အရင်လိုတောင် လက်ဆွဲမခေါ်ဘဲ ရှေ့ကထွက်သွားနှင့်ပေး၏။ မိုးချုပ်နေပေမယ့် ကျွန်တော်တို့ဒိတ်က မပြီးဆုံးသေးပါ။ ချိန်းဆိုထားကြတိုင်း ကားပေါ်ကစောင့်နှင့်မနေဘဲ ကျွန်တော်တို့တိုက်ပထမထပ်လှေကားမှာစောင့်နေပေးသူနောက်က ထပ်ကြပ်မကွာလိုက်ဖြစ်၏။
ကားနောက်ခန်းပေါ်ဝင်ထိုင်လိုက်တာနဲ့ ကျွန်တော့်ကိုနင့်ခနဲဖက်သူ။
"ဒီနေ့ ခါတိုင်းနေ့တွေထက်ပိုပြီး အစ်ကို့နားကပ်နေချင်တာ"
"ကိုယ်ရောပဲ"
ရင်ခွင်ထဲတိုးဝင်ဖက်တွယ်လာသူရဲ့ဆံပင်တွေထဲ လက်ချောင်းတွေထည့်ပြီးပွတ်သပ်ပေးမိတော့ လက်ဖျားကနေဆွဲယူပြီး အနမ်းတွေခြွေပြန်သည်။ သူကြင်နာတိုင်း ရင်ခုန်တတ်ရခြင်းတွေကလည်း သူရှင်သန်စေတဲ့ နှလုံးသားပါပဲ။
"Happy Valentine's Day ကျွန်တော့်အစ်ကို။ ကျွန်တော်နဲ့ဖြတ်သန်းရတဲ့နေ့တိုင်းမှာ အစ်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်ရပါစေ"
"မင်းက ကိုယ့်တစ်သက်တာ ဗယ်လင်တိုင်းပါပဲ။ ကိုယ့်အပျော်ရွှင်ရဆုံးတွေက မင်းကြောင့်ဖြစ်တာ"
"ကျွန်တော် ချစ်တတ်နေတာမဟုတ်ဘူး။ အစ်ကိုက ချစ်ဖို့ကောင်းလွန်းနေတာဗျာ"
ပျော်ရွှင်ကြည်နူးစွာခြွေချတဲ့အနမ်းတွေက ကျွန်တော့်မျက်နှာအနှံ့တဖြုတ်ဖြုတ်ကြွေ၏။ သူ့ရင်ခွင်ကျယ်ထဲနစ်နေရာမှ ကျွန်တော့်လက်နှစ်ဖက်ထဲရောက်လာတဲ့ဘူးတစ်ခု။ အနီရောင်ဖဲကြိုးလေးဖြင့်ချည်နှောင်ထားတဲ့ဘူးကို ပြုံးစစဖြင့် မေးဆတ်ပြ၏။ ဘေးချထားတဲ့ ကျွန်တော့်လက်ဆောင်ကိုလည်း သူ့လက်ထဲထည့်ပေးလိုက်သည်။
လက်ဆောင်နှစ်ခုကိုအပြန်အလှန်လဲပြီး ပြိုင်တူဖွင့်မိချိန်မှာ နှစ်ဦးသားရယ်သံတွေကိုမထိန်းချုပ်ထားနိုင်။ ကျွန်တော့်လက်ထဲရှိသူ့လက်ဆောင်က သူ့နာမည်နဲ့ကျွန်တော့်နာမည်ကိုအပြည့်အစုံပုံဖော်ထားသည့် ချောကလက်ဘားလေးဖြစ်ပြီး သူ့လက်ထဲရှိကျွန်တော့်လက်ဆောင်က နာမည်နှစ်ခုကို အင်္ဂလိပ်စာလုံးဖြင့်ပုံဖော်ထားသည့် ချောကလက်တုံးလေးတွေဖြစ်သည်။
"အချစ်တွေထပ်တူကျလို့ အိုင်ဒီယာတွေပါတူတာတွေ့လား အစ်ကို။ နတ်ဖက်တဲ့ဖူးစာပဲ"
"လိပ်ကလေး"
"အစ်ကို့လိပ်ကလေးပေါ့"
"သိမ်းထားလို့ရရင်ကောင်းမှာပဲနော်။ စားပစ်ရမှာ နှမြောစရာ"
"အစ်ကို့လိပ်ကလေးကို မနှမြောဘဲ ဝါးစားပစ်လိုက်။ ကျွန်တော်လည်း စားမှာ"
ကျွန်တော့်နာမည်ထွင်းထားသည့်ဘားတန်းကလေးကို ပါးစပ်ထဲပစ်ထည့်ဝါးပစ်လိုက်တာကိုကြည့်ပြီး ကျွန်တော့်မှာ သူ့ပါးတစ်ဖက်ကို ဖျစ်ညှစ်လိုက်ရသည်အထိ အသည်းယားသွားရသည်။ နောက်တော့ ချောကလက်ချိုချိုအရသာရှိသည့်အနမ်းတွေဖြင့် ဗယ်လင်တိုင်းတစ်ညလုံး ကျွန်တော် သူ့ရင်ခွင်ထဲနွေးထွေးနေ၏။
"ကျွန်တော်က မြေစိုက်အိမ်မှာမွေးတည်းကနေခဲ့တော့ အစ်ကိုနဲ့အတူတူနေတဲ့အခါ RC တစ်ထပ်တိုက်လေးမှာပဲနေချင်တယ်။ ခန်းစီးတွေရဲ့အခြေမှာ နေကြာပန်းတွေအပြည့်ပါတဲ့ဒီဇိုင်းဆင်မယ်။ မနက်စာရော၊ နေ့လယ်စာရော၊ ညစာရော အစ်ကိုနဲ့အတူတူစားမယ်။ အစ်ကိုဆေးခန်းထိုင်ရတဲ့နေ့တွေမှာ အသွားအပြန်ကြိုမယ်။ အစ်ကို့ကိုလစာအပ်ပြီး အစ်ကိုပြန်ပေးတဲ့အသုံးစရိတ်အတိုင်းပဲသုံးမယ်"
"To Do List တွေပေါ့"
"အစ်ကို မကြိုက်တာ၊ မလုပ်ချင်တာရှိရင်ပြောနော်"
"မင်းလုပ်ချင်တာအကုန်လုံး ကိုယ်လုပ်ချင်တယ်"
"အစ်ကို မနက်ဂျူတီမလား၊ အိမ်ထဲဝင်တော့မလား"
"ဒီအတိုင်းလေး ခဏလောက်ပဲနေရအောင်"
အချိန်က နံနက်ခင်းအရုဏ်တက်လေးနာရီထိုးလုပြီ။ နေ့တိုင်းနီးပါးတွေ့ဖြစ်နေကြပေမယ့် ဘယ်တော့မှမငြီးငွေ့ကြသလို စကားတွေပြောဖြစ်ကြတဲ့ည။ အနမ်းတွေနဲ့ထွေးပွေ့လိုက် အကြင်နာတွေနဲ့ဆေးခြယ်လိုက်ဖြင့် ဒီညရဲ့သန်းခေါင်ယံကျော် အရုဏ်တက်ထိ ချစ်သူက အပိုင်စားရသွားသည်။ နှစ်ယောက်အတူတူရှိနေသည့်နေ့ထဲက ပထမဆုံးကြုံတွေ့ရသည့် ဗယ်လင်တိုင်းဖြစ်သလို သူ့ရင်ခွင်ထဲ နံနက်လင်းသည်အထိ တစ်ညလုံးအိပ်စက်ခဲ့သည့် ပထမဆုံးနေ့အမှတ်တရညလည်းဖြစ်နေသည်။
သူကကျွန်တာ့်ကို ရင်ခွင်ထဲထည့်လို့ တင်းတင်းကြပ်ဖက်ထား၏။ နိုးတစ်ဝက်အိပ်တစ်ဝက်ဖြင့် မြောက်မြားစွာသောအနမ်းပွင့်တွေ ကျွန်တော့်ဆံသားတို့ထက် ပွင့်ဝေကြသည်။
ရင်ခုန်သံတွေက အရုဏ်တက်နံနက်ခင်းရဲ့လေပြည်လေညှင်းထက် အေးချမ်းနေသည်။ သူနဲ့အတူတူအိပ်စက်ပြီး သူနဲ့အတူတူ နိုးထခွင့်ရမယ့် နံနက်ခင်းတိုင်းက နောက်နှစ်ပေါင်းများစွာကြာပြီး တစ်သက်တာတည်မြဲနေတော့မှာကိုလည်း ကျွန်တော် အဲ့အချိန်တည်းက သိနေခဲ့၏။
################
December 10.2022.(Saturday)
This may be the last Extra of MaHniYatWun.
နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့ ဇာမဏိရဲ့ To Do List ကို ရပ်ဝန်းနေသော်က မပျက်မကွက်ဖြည့်စည်းပေးနိုင်ခဲ့တယ်နော်
အရင်တည်းက ရေးပြီးပျက်သွားလို့ အခုမှတင်ပေးရပါတယ်။ Complete တာတစ်နှစ်ကျော်ခဲ့ပေမယ့် ဆုဆုကိုယ်တိုင်လည်း ကိုဇာမဏိနဲ့ ကိုနေသော်တို့ကမ္ဘာလေးထဲက မထွက်နိုင်သေးဘူး။ အပိုင်းပိုလေးဖတ်ပြီး ဘဝအမောတွေပြေကြပါစေ။
×××××××××××××
"မစႏၵာအတြက္တဲ့ ေကာင္ေခ်ာေလးတစ္ေယာက္ေပးသြားတာ"
ႏွင္းဆီနီနီတစ္ပြင့္ကိုၾကယ္တာရာပန္းေတြဝန္းရံထားသည့္ပန္းစည္းေလးက စႏၵာေဇာ္ဝင္းလက္ထဲ လန္းဆန္းစြာလွပေန၏။
"ဘယ္သူေပးသြားတာလဲ"
"အဲဒါေတာ့ ကြၽန္မတို႔လည္းမသိဘူး"
ပေဟဠိေတြျဖစ္သြားတဲ့ စႏၵာေဇာ္ဝင္းမ်က္ႏွာကို တစိမ့္စိမ့္ေငးၾကည့္ေနသူတစ္ေယာက္ကိုျဖင့္ ကြၽန္ေတာ္နဲ႔ရဲဘုန္း မသိခ်င္ေယာင္ေဆာင္ေပးလိုက္ရသည္။ ဒီေန႔က ခ်စ္သူမ်ားေန႔ပဲေလ။ ခ်စ္တတ္ၾကသူတိုင္း ေပ်ာ္ခြင့္ရွိသည့္ေန႔ပါပဲ။
ဒီေန႔မွ အေရးႀကီးေအာ္ပေရးရွင္းေတြလိုက္ဝင္ေပးထားရသည့္တစ္ကိုယ္လုံးက ဂ်ဴတီကုတ္ကိုခြၽတ္လိုက္မွ လူကနည္းနည္းေအးသြားသလို။ ပစၥည္းေတြကိုေက်ာပိုးအိတ္ထဲ လုံးေထြးထည့္ၿပီး ေျခလွမ္းက်ဲေတြနဲ႔ ဂ်ဴတီထြက္ဖို႔ျပင္ရသည္။
"ေနေသာ္ မင္းဆီပို႔ထားတဲ့ေခ်ာကလက္ေတြ"
"သူငယ္ခ်င္းေတြနဲ႔ ဒီညတာဝန္က်မယ့္ဆရာမေတြကို ေဝေပးလိုက္ပါကြာ။ ငါခ်ိန္းထားတာရွိလို႔ မရွင္းခဲ့ေတာ့ဘူး"
"ကားယူသြား ေဟ့ေရာင္"
"ေန ေန။ ငါ တကၠစီနဲ႔ပဲျပန္မယ္ ဒီေန႔ေတာ့"
ရဲဘုန္းဆီအသံခ်န္ထားခဲ့ၿပီး ေက်ာပိုးအိတ္ကိုဆြဲလို႔ ေကာ္ရစ္ဒါတစ္ေလွ်ာက္ေျပးရသည္။ မေပါ့မပါးနဲ႔ညီမေလးအတြက္ သြားလာေရးအဆင္ေျပရေအာင္ ကြၽန္ေတာ့္ကားေပးထားလိုက္ေတာ့ ဒီေန႔ေတာ့ တကၠစီနဲ႔အိမ္ျပန္ေျပးရမည္။
အရင္ရက္ေတြေတာ့ ရဲဘုန္းနဲ႔ျဖစ္ျဖစ္၊ ၿဖိဳးေလးနဲ႔ျဖစ္ျဖစ္လိုက္ျပန္တတ္ေပမယ့္ ဒီေန႔ရဲဘုန္းက ႏိုက္ဂ်ဴတီက်ၿပီး၊ ၿဖိဳးေလးကလည္း အစီအစဥ္ေတြရွိေနသည္။ အိမ္ျပန္ေျပး ေရခ်ိဳးၿပီးျပန္ထြက္ရင္ေတာ့ ညေန ၆နာရီခ်ိန္းထားတာ မွီႏိုင္ပါသည္။
ဒီလေတြညီမေလးကိစၥ၊ အိမ္ကိစၥနဲ႔အသားမက်ႏိုင္တဲ့ေန႔ရက္ေတြထဲ ေသခ်ာဂ႐ုမစိုက္ေပးႏိုင္ခဲ့တဲ့ခ်စ္သူအတြက္ စကၠန္႔၊ မိနစ္တိုင္းကို အလဟႆျဖဳန္းတီးမပစ္ခ်င္။ တကယ္ဆိုရင္ ဒီလိုေန႔မ်ိဳး အိမ္ေစာေစာျပန္ ေရခ်ိဳးၿပီး သူ႔ေက်ာင္းအထိေတာင္ သြားေစာင့္ေပးခ်င္သည္။ အေျပးတစ္ပိုင္းေျခလွမ္းေတြက ေက်ာင္းဝင္းကားပါကင္မွာ ေျခစုံရပ္မိသြားေစ၏။
သူတို႔ေက်ာင္းယူနီေဖာင္းရွပ္အျဖဴ၊ စတိုင္ပန္နက္ျပာႏွင့္တစ္ေနကုန္ေက်ာင္းတက္ခဲ့ရမယ့္လူက ပင္ပန္းႏြမ္းနယ္ေနဟန္လည္းမရွိ။ ကြၽန္ေတာ့္ကိုျမင္ေတာ့ ပိုၿပီးဝင္းပလန္းဆန္းသြားတဲ့မ်က္ႏွာေလးေၾကာင့္ ရင္ထဲကအပူလႈိင္းေတြပင္ၿငိမ္းသြားသလို။
"ဘယ္လိုျဖစ္တာလဲ။ က်ဴတိုရီရယ္ေတြရွိတယ္မလား"
"ျမန္ျမန္ေျဖၿပီးလာလိုက္တာ။ အစ္ကို႔ကို ႀကိဳခ်င္လို႔"
က်ဴတိုရီရယ္ေတြျပည့္ေနတဲ့သူ႔ကို လာမႀကိဳေစခ်င္လို႔မွ တကၠစီနဲ႔သြားဖို႔ႀကံစည္ထားတာက မေအာင္ျမင္ေတာ့။ အသင့္ဖြင့္ေပးထားတဲ့ကားေပၚတက္လိုက္ေတာ့ အဲယားကြန္းေလကလည္းသိပ္မျပင္း။ လက္ထဲေရာက္လာတာက Pocari Sweat ဘူးေအးေအးေလး။
"အစ္ကိုဗိုက္ဆာလား။ ႐ုပ္ရွင္ခ်ိန္ကလိုေသးတယ္။ တစ္ခုခုစားမလား"
"ၾကက္ေၾကာ္စားခ်င္တယ္"
"ဒါဆို ဂမုန္းပြင့္ကိုပဲတန္းသြားလိုက္မယ္။ အဲ့မွာ Lotteria ရွိတယ္ေနာ္"
"ဟုတ္ကဲ့ပါဗ်"
ရယ္သံဖြဖြႏွင့္အတူ ပါးျပင္ထဲနစ္ဝင္လာသည့္အနမ္းက ႐ႊတ္ခနဲ။
အခ်စ္မ်ားေန႔ျဖစ္လို႔ပဲလား လမ္းတေလွ်ာက္ျမင္ျမင္ရသမွ် တူႏွစ္ကိုယ္ယွဥ္တြဲသြားလာေနၾကသူတို႔ထံမွာ ေႏြးေထြးစြာၾကင္နာပိုေနၾကသလိုပင္။ ကြၽန္ေတာ္ကိုယ္တိုင္ေတာင္ ကားေမာင္းေနသူရဲ႕ေဘးတစ္ေစာင္းဟန္ပန္အေနအထားကိုၾကည့္ရင္း အရင္ထက္ပိုၿပီး ရင္ခုန္ျမန္ေနသလိုလို။
"ဘာဂါေရာ။ အစ္ကိုႀကိဳက္တဲ့ၾကက္သားလုံးေလးေတြပါ ယူလိုက္မယ္ေလ"
"ေတာ္ၿပီ။ ၾကက္ေၾကာ္ပဲစားမယ္။ ႐ုပ္ရွင္ၾကည့္ၿပီးရင္ ေဟာ့ေပါ့စားခ်င္ေသးတာ"
ခ်စ္သူမ်ားေန႔ရဲ႕ညေနခင္းျဖစ္လို႔ Lotteria မွာ ထိုင္ခုံအေတာ္မ်ားမ်ားျပည့္ၾကပ္ေနသည္။ ေလးေထာင့္စားပြဲေသးေသးေလးမွာ ႏွစ္ေယာက္သားတိုးကပ္ထိုင္ၿပီး ၾကက္ေၾကာ္ျဖင့္အဆာေျပဗိုက္ျဖည့္လိုက္သည္။ Cineplex ရွိသည့္အေပၚထပ္ကိုေရာက္ေတာ့ပဲ Entrance က ဖြင့္ထားၿပီးျဖစ္သည္။ ၾကက္ေၾကာ္စားလာေပမယ့္ ကိုလာႏွစ္ခြက္နဲ႔ေပါက္ေပါက္ဘူး ေျပးဝယ္တဲ့ကြၽန္ေတာ့္ကို ခပ္ၿပဳံးၿပဳံးၾကည့္ေနသူက အရာရာအလိုလိုက္ေပးေနတဲ့အစ္ကိုႀကီးစတိုင္ျဖင့္။
အလင္းမရွိသည့္ဝင္ေပါက္ထဲခ်လိုက္ရတဲ့ေျခလွမ္းေတြမယိုင္ခင္ ကြၽန္ေတာ့္လက္တစ္ဖက္ေထြးဆုပ္ခံလိုက္ရ၏။
"ျဖည္းျဖည္းေနာ္ အစ္ကို"
ယွက္သြယ္ဆုပ္ကိုင္လာသည့္လက္ေခ်ာင္းရွည္သြယ္ေတြကို တင္းၾကပ္ေနေအာင္ျပန္လည္ေထြးဆုပ္မိ၏။ ႐ုပ္ရွင္႐ုံရဲ႕မီးအလင္းမႈန္ပ်ပ်ျဖင့္ တစ္မ်ိဳးႏုသစ္ေနသည့္မ်က္ႏွာေခ်ာေခ်ာကို ကြၽန္ေတာ္ေငးမဝႏိုင္။ ဆြဲေခၚသြားသည့္ေနရာကိုေရာက္ေတာ့ ကြၽန္ေတာ့္အၿပဳံးေတြပိုထင္းသြား၏။ ေနာက္ဆုံးတန္းစုံတြဲခုံရဲ႕အလယ္ေနရာက်က်မွာ ရပ္တန္႔သြားတဲ့သူက ကြၽန္ေတာ့္ရင္ကိုေအးခ်မ္းေစသည့္အၿပဳံးျဖင့္ငဲ့ၾကည့္သည္။
"အစ္ကိုနဲ႔အတူတူလုပ္ခ်င္တဲ့ to do list ထဲကတစ္ခု"
တြဲလက္ကိုမျဖဳတ္ဘဲ ဝင္ထိုင္ျဖစ္လိုက္ၾကသည္။ မုန္႔ထုပ္ေတြနဲ႔ေက်ာပိုးအိတ္ကို ေဘးခ်၊ ကိုယ္စီကူရွင္ႏွစ္ခုကိုေပါင္ေပၚတင္လိုက္ၾက၏။ ေယာက္်ားေလးႏွစ္ေယာက္တြဲလ်က္ထိုင္သည္ကို အထူးအဆန္းလိုမဟုတ္ေပမယ့္ ထူးျခားစြာငဲ့ၾကည့္သြားၾကသည္ကိုလည္း မ်က္ႏွာငုံ႔မထားမိၾက။ ကြၽန္ေတာ္ေနရအဆင္ေျပမေျပေနရာခ်လို႔ ျပင္ဆင္ေနတဲ့ ကြၽန္ေတာ့္လူရဲ႕တည္ၿငိမ္မႈတို႔က ကြၽန္ေတာ့္ကိုပါ လုံၿခဳံၿငိမ္းခ်မ္းေစ၏။
မီးေတြအကုန္မွိတ္ၿပီး ႐ုပ္ရွင္စတာနဲ႔ ကြၽန္ေတာ့္လက္ဖဝါးထဲေရာက္လာသည့္ေနၾကာေစ့။ ခြာၿပီးသားဝယ္ဖို႔လုပ္တာကိုျငင္းၿပီး သူဆြဲယူလာခဲ့တဲ့အထုပ္ထဲက ေနၾကာေစ့တို႔ကိုေသခ်ာခြာၿပီး ကြၽန္ေတာ့္လက္ဖဝါးထဲထည့္ေပးေတာ့ ကြၽန္ေတာ္မၿပဳံးမိဘဲ မေနႏိုင္။
"ဒါေရာ TO DO LIST ထဲကပဲလား"
"ေသခ်ာတာေပါ့ အစ္ကိုရဲ႕"
"ကိုယ္လည္း ခြာေပးမယ္"
"ေန ေန။ အစ္ကိုက ကြၽန္ေတာ့္ကိုျပန္ခြံ႕ေကြၽးရင္ရၿပီ"
ကြၽန္ေတာ့္ရယ္သံက ႐ုပ္ရွင္ကအသံျဖင့္ေရာသြားသည္။ ႏႈတ္ခမ္းပါးပါးေရွ႕လက္ျဖန္႔ေပးေတာ့ ထိစပ္သြားၾကတဲ့အထိအေတြ႕တို႔က ေႏြးေႏြးေလး။ ႐ုပ္ရွင္ကအလင္းျဖင့္ ၿပဳံးေနသည့္သူ႔မ်က္ႏွာထက္ စလိုက္မီးတို႔ျဖင့္ထိုးထားသလိုပင္။ ရယ္ပဲရယ္ေနမိတဲ့ ကြၽန္ေတာ့္ကိုပုခုံးထက္ကဆြဲၿပီး သူ႔ရင္ခြင္ထဲမွီထားေစ၏။ ဆံပင္ေတြကိုဖိကပ္လာတဲ့ အနမ္းပိုင္ရွင္ရဲ႕ ရင္ခြင္ထက္သို႔လည္း ကြၽန္ေတာ့္အနမ္းတို႔ေႂကြသည္။
"႐ုပ္ရွင္ၿပီးရင္ ေဟာ့ေပါ့စားမွာ ဟုတ္လား အစ္ကို"
ခပ္နိမ့္နိမ့္ေျပာလာသံက တိုးရွရွေပမယ့္ၾကင္နာႏူးညံ့စြာျဖင့္ ကြၽန္ေတာ့္ရင္ခုန္သံေတြထဲေပ်ာ္ဝင္စီးဆင္း၏။ ပင့္ေမာ့ၾကည့္လိုက္လို႔ ျမင္ရတဲ့ေမးဖ်ားေလးကို ကြၽန္ေတာ္မၾကင္နာပစ္ဘဲ မေနႏိုင္ေတာ့။ တရားဝင္ခ်စ္သူေတြမျဖစ္ၾကခင္တည္းက မစိမ္းသက္ခဲ့တဲ့အထိအေတြ႕တို႔ေၾကာင့္ အခုလိုအေျခအေနမွာလည္း အနမ္းေတြေဖာသီေနခဲ့သည္။ ကြၽန္ေတာ့္ပါးႏွစ္ဖက္ကို လက္ခုပ္ထဲထည့္ၿပီး ျမတ္ႏိုးျခင္းကတယုတယနဲ႔ေႏြးေထြးလြန္း၏။
"ေဟာ"
ကြၽန္ေတာ့္ဘက္တစ္ျခမ္းကိုလာေရာက္ထိခတ္သည့္အသံတစ္ခ်ိဳ႕။ ကြၽန္ေတာ္တင္မက သူပါသတိထားမိတာနဲ႔ မ်က္ခုံးတန္းတန္းတြန္႔ကုတ္သြား၏။ ႏွစ္ေယာက္တည္းဆိုတဲ့အသိနဲ႔တုန္းကဘာမွမျဖစ္ေပမယ့္ မူမမွန္စြာတိုးညႇင္းညႇင္းထြက္ေပၚလာသံတို႔ေၾကာင့္ ကြၽန္ေတာ္ခပ္ေတာင့္ေတာင့္ျဖစ္သြားရသည္။ ေယာက္်ားေလးခ်င္းျဖစ္ေနတာေတာင္ မ်က္ႏွာေတြပူတက္လာၿပီး သူ႔ကိုပါေမာ့မၾကည့္ႏိုင္ေလာက္သည္အထိ ကြၽန္ေတာ္တို႔ကမာၻေႏွာင့္ယွက္ခံလိုက္ရသလိုပင္။
ဒါေတြကအထူးအဆန္းမဟုတ္ပါဘူး။ ဒီလိုေန႔မ်ိဳးမွာ ဒီလိုခ်စ္ၾကတာက သဘာဝလို႔ေတြးေနလ်က္နဲ႔ တၿငိမ့္ၿငိမ့္ခုန္ေနခဲ့သည့္ ကြၽန္ေတာ့္ရင္ခုန္သံတို႔က အခုေတာ့ မိုးေလသက္ထန္သည့္ေကာင္းကင္ယံထက္ပစ္တင္ခံလိုက္ရသလို မျငင္သာေတာ့။ သဘာဝေတြမွန္းသိေနခဲ့တာေတာင္ ႀကဳံဆုံခဲ့ရသည့္ ညီမေလးနဲ႔အျဖစ္ေတြက အေမွာင္ခ်ထားမိသည့္ စိတ္နယ္တစ္ခုကို တစ္စုံတစ္ေယာက္တြန္းဖြင့္သြားသလိုပင္။ ေၾကာက္႐ြံ႕တာမဟုတ္ဘဲ ဘာေတြကိုစိုးထိတ္ရမလဲ မသိခင္မွာပဲ ကြၽန္ေတာ့္နားႏွစ္ဖက္အုပ္ကိုင္ဆြဲလွည့္လို႔ မ်က္ႏွာခ်င္းဆိုင္လာသူရဲ႕ အၿပဳံးတို႔က ျမင္ေနက်ထက္ပိုၿပီး ကြၽန္ေတာ့္စိတ္ေတြကို ၿငိမ္းေအးသြားေစသလိုပင္။
"အစ္ကိုက ကြၽန္ေတာ့္ဘဝမွာ တန္ဖိုးအထားရဆုံးေနာ္။ အစ္ကို ယုံတယ္မလားဟင္"
ၾကည္သာခ်ိဳေအးစြာျဖင့္႐ိုးရွင္းတဲ့စကားတစ္ခြန္းက ကြၽန္ေတာ့္ရင္အပူေတြကိုေအးခ်မ္းေစတဲ့ပ်ားရည္အိုင္ေလးပါပဲ။ အျဖဴအမည္းနဲ႔ အပူအေအးေတြကို ကြၽန္ေတာ့္အသိစိတ္ျဖင့္ မခြဲျခားႏိုင္ခင္မွာပဲ မသိစိတ္မွာ တည္ရွိေနခဲ့တဲ့ သူ႔အေပၚအႂကြင္းမဲ့ယုံၾကည္မႈတို႔ျဖင့္ ရင္ခြင္က်ယ္ထဲတိုးဝင္လိုက္မိ၏။
"ကြၽန္ေတာ္ အစ္ကို႔ကို ဒီအတိုင္းေလးေတာင္ ခ်စ္မဝဘူးဗ်ာ"
အဲ့ေန႔က ဆံပင္ေတြထဲနစ္ဝင္လာတဲ့အနမ္းတို႔နဲ႔ နင့္သီးစြာဆိုတဲ့ခ်စ္စကားတစ္ခြန္းမွာ ကြၽန္ေတာ့္တစ္ဘဝလုံး သူ႔ထံပုံအပ္ၿပီးျဖစ္ေၾကာင္း ေနာက္မ်ားေတာ့ ကြၽန္ေတာ္ေျပာျပခြင့္ရလိမ့္မည္။
***************
ဖြင့္ရက္ျဖစ္တာေၾကာင့္ေရာ၊ မနက္ျဖန္ေျပးလႊားရမယ့္ သူ႔အတန္းခ်ိန္ေတြနဲ႔ ကြၽန္ေတာ့္ဂ်ဴတီေၾကာင့္ေရာ ဒီေန႔ရဲ႕ဒိတ္တစ္ခုလုံးကိုေတာ့ ဂမုန္းပြင့္မွာပဲအစီအစဥ္ဆြဲထားရသည္။ ႐ုပ္ရွင္ၾကည့္ၿပီးတာနဲ႔ အေပၚဆုံးထပ္မွာပဲ ေဟာ့ေပါ့ဝင္စားခဲ့ၿပီး အိမ္ကိုျပန္ေရာက္ေတာ့ ည ၉နာရီခြဲေက်ာ္။ ေရမိုးခ်ိဳးလို႔ ညအိပ္ဝတ္စုံလဲလိုက္ၿပီးေပမယ့္ မီးမွိတ္ထားၿပီးျဖစ္တဲ့ ဧည့္ခန္းကို ေျခသံဖြဖြနင္းၿပီး ျဖတ္ေက်ာ္လိုက္သည္။
ေျမညီထပ္ကိုဆင္းမယ့္ေလွကားတစ္ဆင့္ခ်ိဳးကိုေရာက္ေတာ့ ေစာင့္ႏွင့္ေနသူရဲ႕အၿပဳံးႏုႏုေၾကာင့္ ရင္ဘတ္မွာပိုက္ထားတဲ့အထုပ္ကို ပိုၿပီးတင္းၾကပ္ေအာင္ကြယ္လိုက္ရသည္။ သူကလည္းအလိုက္တသိနဲ႔အရင္လိုေတာင္ လက္ဆြဲမေခၚဘဲ ေရွ႕ကထြက္သြားႏွင့္ေပး၏။ မိုးခ်ဳပ္ေနေပမယ့္ ကြၽန္ေတာ္တို႔ဒိတ္က မၿပီးဆုံးေသးပါ။ ခ်ိန္းဆိုထားၾကတိုင္း ကားေပၚကေစာင့္ႏွင့္မေနဘဲ ကြၽန္ေတာ္တို႔တိုက္ပထမထပ္ေလွကားမွာေစာင့္ေနေပးသူေနာက္က ထပ္ၾကပ္မကြာလိုက္ျဖစ္၏။
ကားေနာက္ခန္းေပၚဝင္ထိုင္လိုက္တာနဲ႔ ကြၽန္ေတာ့္ကိုနင့္ခနဲဖက္သူ။
"ဒီေန႔ ခါတိုင္းေန႔ေတြထက္ပိုၿပီး အစ္ကို႔နားကပ္ေနခ်င္တာ"
"ကိုယ္ေရာပဲ"
ရင္ခြင္ထဲတိုးဝင္ဖက္တြယ္လာသူရဲ႕ဆံပင္ေတြထဲ လက္ေခ်ာင္းေတြထည့္ၿပီးပြတ္သပ္ေပးမိေတာ့ လက္ဖ်ားကေနဆြဲယူၿပီး အနမ္းေတြေႁခြျပန္သည္။ သူၾကင္နာတိုင္း ရင္ခုန္တတ္ရျခင္းေတြကလည္း သူရွင္သန္ေစတဲ့ ႏွလုံးသားပါပဲ။
"Happy Valentine's Day ကြၽန္ေတာ့္အစ္ကို။ ကြၽန္ေတာ္နဲ႔ျဖတ္သန္းရတဲ့ေန႔တိုင္းမွာ အစ္ကိုေပ်ာ္႐ႊင္ေအာင္လုပ္ေပးႏိုင္ရပါေစ"
"မင္းက ကိုယ့္တစ္သက္တာ ဗယ္လင္တိုင္းပါပဲ။ ကိုယ့္အေပ်ာ္႐ႊင္ရဆုံးေတြက မင္းေၾကာင့္ျဖစ္တာ"
"ကြၽန္ေတာ္ ခ်စ္တတ္ေနတာမဟုတ္ဘူး။ အစ္ကိုက ခ်စ္ဖို႔ေကာင္းလြန္းေနတာဗ်ာ"
ေပ်ာ္႐ႊင္ၾကည္ႏူးစြာေႁခြခ်တဲ့အနမ္းေတြက ကြၽန္ေတာ့္မ်က္ႏွာအႏွံ႔တျဖဳတ္ျဖဳတ္ေႂကြ၏။ သူ႔ရင္ခြင္က်ယ္ထဲနစ္ေနရာမွ ကြၽန္ေတာ့္လက္ႏွစ္ဖက္ထဲေရာက္လာတဲ့ဘူးတစ္ခု။ အနီေရာင္ဖဲႀကိဳးေလးျဖင့္ခ်ည္ေႏွာင္ထားတဲ့ဘူးကို ၿပဳံးစစျဖင့္ ေမးဆတ္ျပ၏။ ေဘးခ်ထားတဲ့ ကြၽန္ေတာ့္လက္ေဆာင္ကိုလည္း သူ႔လက္ထဲထည့္ေပးလိုက္သည္။
လက္ေဆာင္ႏွစ္ခုကိုအျပန္အလွန္လဲၿပီး ၿပိဳင္တူဖြင့္မိခ်ိန္မွာ ႏွစ္ဦးသားရယ္သံေတြကိုမထိန္းခ်ဳပ္ထားႏိုင္။ ကြၽန္ေတာ့္လက္ထဲရွိသူ႔လက္ေဆာင္က သူ႔နာမည္နဲ႔ကြၽန္ေတာ့္နာမည္ကိုအျပည့္အစုံပုံေဖာ္ထားသည့္ ေခ်ာကလက္ဘားေလးျဖစ္ၿပီး သူ႔လက္ထဲရွိကြၽန္ေတာ့္လက္ေဆာင္က နာမည္ႏွစ္ခုကို အဂၤလိပ္စာလုံးျဖင့္ပုံေဖာ္ထားသည့္ ေခ်ာကလက္တုံးေလးေတြျဖစ္သည္။
"အခ်စ္ေတြထပ္တူက်လို႔ အိုင္ဒီယာေတြပါတူတာေတြ႕လား အစ္ကို။ နတ္ဖက္တဲ့ဖူးစာပဲ"
"လိပ္ကေလး"
"အစ္ကို႔လိပ္ကေလးေပါ့"
"သိမ္းထားလို႔ရရင္ေကာင္းမွာပဲေနာ္။ စားပစ္ရမွာ ႏွေျမာစရာ"
"အစ္ကို႔လိပ္ကေလးကို မႏွေျမာဘဲ ဝါးစားပစ္လိုက္။ ကြၽန္ေတာ္လည္း စားမွာ"
ကြၽန္ေတာ့္နာမည္ထြင္းထားသည့္ဘားတန္းကေလးကို ပါးစပ္ထဲပစ္ထည့္ဝါးပစ္လိုက္တာကိုၾကည့္ၿပီး ကြၽန္ေတာ့္မွာ သူ႔ပါးတစ္ဖက္ကို ဖ်စ္ညႇစ္လိုက္ရသည္အထိ အသည္းယားသြားရသည္။ ေနာက္ေတာ့ ေခ်ာကလက္ခ်ိဳခ်ိဳအရသာရွိသည့္အနမ္းေတြျဖင့္ ဗယ္လင္တိုင္းတစ္ညလုံး ကြၽန္ေတာ္ သူ႔ရင္ခြင္ထဲေႏြးေထြးေန၏။
"ကြၽန္ေတာ္က ေျမစိုက္အိမ္မွာေမြးတည္းကေနခဲ့ေတာ့ အစ္ကိုနဲ႔အတူတူေနတဲ့အခါ RC တစ္ထပ္တိုက္ေလးမွာပဲေနခ်င္တယ္။ ခန္းစီးေတြရဲ႕အေျခမွာ ေနၾကာပန္းေတြအျပည့္ပါတဲ့ဒီဇိုင္းဆင္မယ္။ မနက္စာေရာ၊ ေန႔လယ္စာေရာ၊ ညစာေရာ အစ္ကိုနဲ႔အတူတူစားမယ္။ အစ္ကိုေဆးခန္းထိုင္ရတဲ့ေန႔ေတြမွာ အသြားအျပန္ႀကိဳမယ္။ အစ္ကို႔ကိုလစာအပ္ၿပီး အစ္ကိုျပန္ေပးတဲ့အသုံးစရိတ္အတိုင္းပဲသုံးမယ္"
"To Do List ေတြေပါ့"
"အစ္ကို မႀကိဳက္တာ၊ မလုပ္ခ်င္တာရွိရင္ေျပာေနာ္"
"မင္းလုပ္ခ်င္တာအကုန္လုံး ကိုယ္လုပ္ခ်င္တယ္"
"အစ္ကို မနက္ဂ်ဴတီမလား၊ အိမ္ထဲဝင္ေတာ့မလား"
"ဒီအတိုင္းေလး ခဏေလာက္ပဲေနရေအာင္"
အခ်ိန္က နံနက္ခင္းအ႐ုဏ္တက္ေလးနာရီထိုးလုၿပီ။ ေန႔တိုင္းနီးပါးေတြ႕ျဖစ္ေနၾကေပမယ့္ ဘယ္ေတာ့မွမၿငီးေငြ႕ၾကသလို စကားေတြေျပာျဖစ္ၾကတဲ့ည။ အနမ္းေတြနဲ႔ေထြးေပြ႕လိုက္ အၾကင္နာေတြနဲ႔ေဆးျခယ္လိုက္ျဖင့္ ဒီညရဲ႕သန္းေခါင္ယံေက်ာ္ အ႐ုဏ္တက္ထိ ခ်စ္သူက အပိုင္စားရသြားသည္။ ႏွစ္ေယာက္အတူတူရွိေနသည့္ေန႔ထဲက ပထမဆုံးႀကဳံေတြ႕ရသည့္ ဗယ္လင္တိုင္းျဖစ္သလို သူ႔ရင္ခြင္ထဲ နံနက္လင္းသည္အထိ တစ္ညလုံးအိပ္စက္ခဲ့သည့္ ပထမဆုံးေန႔အမွတ္တရညလည္းျဖစ္ေနသည္။
သူကကြၽန္တာ့္ကို ရင္ခြင္ထဲထည့္လို႔ တင္းတင္းၾကပ္ဖက္ထား၏။ ႏိုးတစ္ဝက္အိပ္တစ္ဝက္ျဖင့္ ေျမာက္ျမားစြာေသာအနမ္းပြင့္ေတြ ကြၽန္ေတာ့္ဆံသားတို႔ထက္ ပြင့္ေဝၾကသည္။
ရင္ခုန္သံေတြက အ႐ုဏ္တက္နံနက္ခင္းရဲ႕ေလျပည္ေလညႇင္းထက္ ေအးခ်မ္းေနသည္။ သူနဲ႔အတူတူအိပ္စက္ၿပီး သူနဲ႔အတူတူ ႏိုးထခြင့္ရမယ့္ နံနက္ခင္းတိုင္းက ေနာက္ႏွစ္ေပါင္းမ်ားစြာၾကာၿပီး တစ္သက္တာတည္ၿမဲေနေတာ့မွာကိုလည္း ကြၽန္ေတာ္ အဲ့အခ်ိန္တည္းက သိေနခဲ့၏။
################
December 10.2022.(Saturday)
This may be the last Extra of MaHniYatWun.
ႏွစ္ေပါင္းမ်ားစြာၾကာတဲ့အခါမွာေတာ့ ဇာမဏိရဲ႕ To Do List ကို ရပ္ဝန္းေနေသာ္က မပ်က္မကြက္ျဖည့္စည္းေပးႏိုင္ခဲ့တယ္ေနာ္
အရင္တည္းက ေရးၿပီးပ်က္သြားလို႔ အခုမွတင္ေပးရပါတယ္။ Complete တာတစ္ႏွစ္ေက်ာ္ခဲ့ေပမယ့္ ဆုဆုကိုယ္တိုင္လည္း ကိုဇာမဏိနဲ႔ ကိုေနေသာ္တို႔ကမာၻေလးထဲက မထြက္ႏိုင္ေသးဘူး။ အပိုင္းပိုေလးဖတ္ၿပီး ဘဝအေမာေတြေျပၾကပါေစ။