ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေ...

Af RoseJaipur

210K 15.8K 2.3K

မင်းသစ် - ကျွန်...ကျွန်တော်က ယောကျာ်းလေးလေ... JorDan - ဒီကျွန်းမှာ ငါတို့ပဲ ရှိတယ်...မင်းမှ မလုပ်ရင် ဘယ်သူ့... Mere

ကျွန်းပေါ်တွင် ( ​စရောက်ခြင်း )
ကျွန်းပေါ်တွင် ( ​နောက်ကြောင်းပြန် )
ကျွန်းပေါ်တွင် ( ပထမရက် (18+)🚨🚨)
ကျွန်းပေါ်တွင် ( နောက်ကြောင်းပြန် (2) )
တောင်းဆိုခြင်း
ကျွန်းပေါ်တွင် ( ဒုတိယရက် )
ကျွန်းပေါ်တွင် ( ဒုတိယရက် အဆက်( 18+)🚨)
ကျွန်းပေါ်တွင် (ဒုတိယရက် part3 18+🚨)
ကျွန်းပေါ်တွင် ( ဒု Part 4 🚨🚨🚨 )
ကျွန်းပေါ်တွင် ( တတိယရက် )
ကျွန်းပေါ်တွင် ( နောက်ကြောင်းပြန် 3 )
ကျွန်းပေါ်တွင် (နောက်ကြောင်းပြန် 4 )
ကျွန်းပေါ်တွင် ( နောက်ကြောင်းပြန် 5🚨 )
ကျွန်းပေါ်တွင် ( တတိယရက် part2 )
ကျွန်းပေါ်တွင် ( စတုတ္ထရက် )
ကျွန်းပေါ်တွင် ( စတုတ္ထရက် 2 )
ကျွန်းပေါ်တွင် ( စတုတ္ထရက် 3 )
ကျွန်းပေါ်တွင် ( 5ရက်မြောက်နေ့ 🚨🚨🚨 )
ကျွန်းပေါ်တွင် ( 6ရက်မြောက်နေ့ 🚨 )
ကျွန်းပေါ်တွင် (6ရက်မြောက် part2 )
ကျွန်းပေါ်တွင် ( 6ရက်မြောက် part 3🚨🚨 )
ကျွန်းပေါ်တွင် ( နောက်ဆုံးရက် )
Readerလေးများ ထံသို့
ကျွန်းပေါ်တွင် ( Brother )
ကျွန်းပေါ်တွင် ( I Want to see... )
ကျွန်းပေါ်တွင် ( WonderLand )
ကျွန်းပေါ်တွင် ( Fall in Love )
ကျွန်းပေါ်တွင် ( Give and Take )
ကျွန်းပေါ်တွင် ( 🚨🚨🚨🚨 )
ကျွန်းပေါ်တွင် ( Pain and revenge )
ကျွန်းပေါ်တွင် ( Idea = Advice )
ကျွန်းပေါ်တွင် ( Sexy Dance )
ကျွန်းပေါ်တွင် ( Global Dancer )
ကျွန်းပေါ်တွင် ( Be Patient )
ကျွန်းပေါ်တွင် ( I will save it )
ကျွန်းပေါ်တွင် ( Bright Hazel )
ကျွန်းပေါ်တွင် ( Uncertain future )
ကျွန်းပေါ်တွင် ( Bad Dream )
ကျွန်းပေါ်တွင် ( Help... me )
ကျွန်းပေါ်တွင် ( About the past )
ကျွန်းပေါ်တွင် ( On my behalf )
ကျွန်းပေါ်တွင် ( Your My Soul 🚨🚨🚨 )
ကျွန်းပေါ်တွင် ( A strange dream )
ကျွန်းပေါ်တွင် ( Attempting to..)
ကျွန်းပေါ်တွင် ( Devil )
ကျွန်းပေါ်တွင် ( JorDan Death )
ကျွန်းပေါ်တွင် ( Fragments )
ကျွန်းပေါ်တွင် ( 17+ )
ကျွန်းပေါ်တွင် ( I can do this )
ကျွန်းပေါ်တွင် ( Still in love )
ကျွန်းပေါ်တွင် ( BirthDay )
ကျွန်းပေါ်တွင် ( Twins )
ကျွန်းပေါ်တွင် ( Love you JorDan )
ကျွန်းပေါ်တွင် ( Choise )

ကျွန်းပေါ်တွင် ( Freedom )

1.9K 150 27
Af RoseJaipur

မင်းသစ်သတိမရတချက်ရတစ်ချက်...

သူ့ချွေးနံ့..သွေးနံ့...အသက်ရှုသံပြင်းပြင်းတွေ နားနှင့်နှာခေါင်းလာလာတိုးဝင်သည် ။

ခေါင်းတွေအရမ်းမူးနောက်နေသော်လည်း သူ့ခနွာကိုယ်အားဖက်တွယ်ထားသည့်လက်တွေသည် မလွှတ်စတမ်းပင် ။

"" ကျေးဇူးပြုပြီး ဒီလူ့ကိုကျွန်တော့အနားက ခေါ်မသွားပါနဲ့...""

သူမင်းသစ်ကိုချီပြီး လှေကားအချိုးအကွေ့တွေ ရာနဲ့ချီပြီးပြေးနေတာပင် ။ ဖြစ်နိုင်လျှင် ကိုယ့်ဘာသာလမ်းဆင်းလျှောက်ခြင်ပါသည်... မပူမပေးခြင်ပါ ။

သို့သော်... အတိုက်အခိုက်ဆိုလျှင်ဇာတ်ကားတောင် မကြည့်သူမို့ ဒီနေ့မြင်ကွင်းကသွေးလန့်စေသည် ။

ဘုန်းး

လှေကားကွေ့တစ်ခုမှာJorDanခြေယိုင်သွားတာကြောင့် ဟန်ချက်ပျက်သွားတော့ ချီထားသည့် ကောင်လေးအားမထိစေရန် မိမိပုခုံးနှင့်ပဲနံရံအားစောင့်မှီကာဟန်ချက်ထိန်းလိုက်သည် ။

ရင်ခွင်ထဲကကောင်လေးကတော့ ခေါင်းကိုမော့ကြည့်ကာ စိုးရိမ်စိတ်ကလေးတွေ မျက်အိမ်ထဲမြင်ရသော်လည်း JorDanခနွာကိုယ်အားအနားပေးဖို့ နံရံအားကျောမှီနေရင်းမှအောက်သို့လျှောလျှောချကာ ထိုင်ချလိုက်သည် ။

" အမှန်ကဒါမျိုးထိုင်နားနေလို့မဖြစ်ပါ... Sophie တယောက်ထဲသူမခနွာကိုယ်ကဒဏ်ရာနှင့် ရန်သူငါးယောက်ကိုယှဥ်နိုင်ဖို့မဖြစ်နိုင်တဲ့အနေအထား.. "

သို့သော် ခနွာကိုယ်ကမရတော့ချေ... ဖိအားပေးလေ ပိုသွေးယိုလေမို့ အခုနေရန်သူတစ်ယောက်လာလျှင်JorDanခုခံဖို့အားမနဲယူရမည် ။ ဘယ်လောက်သန်မာပါစေ ခနွာကိုယ်မှာကျည်ပေါက်ရာနှင့်ဓားရှရာ5ချက်ထက်မနဲရှိနေပြီမို့ သွေးထွက်မလွန်အောင်လဲ ထိန်းနေရသည် ။

မင်းသစ်အခုလိုသူ့ပေါင်ပေါ်မှာထိုင်လျှက်အနေအထားနဲ့နေလို့မဖြစ် ။ ချစ်ရသူမှာ နှာဖူးကဇောချွေးတွေ လည်ပင်းကညှပ်ရိုးတွေကြားထဲပင် တသွင်သွင်စီးကျလို့​နေပြီမို့ အမြန်ပဲထဖို့အလုပ် ပြန်ဆွဲဖက်သည့်လက်တစ်ဖက်ကြောင့် ရင်ခွင်ထဲပြန်လဲကျသွားသည် ။

JorDan - ငြိမ်ငြိမ်နေ..

မင်းသစ် နားမလည်စွာ သူ့မျက်နှာအားမော့ကြည့်လိုက်သည် ။ မျက်လုံးအားတင်းတင်းစေ့ပိတ်ကာ မျက်ခုံးနှစ်ဖက်တွန့်ချိုးရင်း နာကျင်မှုကြောင့် အံတစ်ချက်ချက်ကြိတ်လိုက်ပါက ထွက်ပေါ်လာသည့်သွားစွယ်4ချောင်း....

မင်းသစ် မျက်နှာချောအား ချွေးများကိုပွတ်သုပ်​ပေးရင်း လှေကားထပ်ဘယ်သူများတက်လာမလဲ ရင်တစ်ထိတ်ထိတ်ဖြစ်လို့နေသည် ။

ကြားထဲကြောင်တောင်တောင်နဲ့တွေးမိတာက အခုနေရန်သူလာရင်ငါကာကွယ်မယ်ပေါ့... ။ အခြေအနေကသူရောကိုယ်ရောမဟန်ပေမဲ့ မင်းသစ်က ဘာဒဏ်ရာရယ်မှကြီးကြီးမားမားမရှိ... သူကတော့... တချက်လှုပ်ရင်ကို သေလောက်အောင်နာမည်ဆိုတာတွေးကြည့်လို့ရသည် ။

" ဒါတောင်မင်းသစ် လက်မောင်းနှင့်လက်ဖျံက ဒဏ်ရာတချို့ပဲတွေ့သေးသည် ။ "

မင်းသစ် သူ့ရင်ဘက်ကိုဖွဖွလေးမှီလိုက်သည် ။

တဒုတ်ဒုတ်ခုန်နေသည့်နှလုံးခုန်သံကိုသဘောကျစွာ မှိန်းနေလိုက်သည် ။ ဒီအခြေအနေကလွတ်သည့်အခါ မင်းသစ်သူ့ကိုစိတ်ဆိုးဖို့နှင့် ကျေးဇူးတင်စကားအများကြီးပြောဖို့ရှိသေးတယ်မလား ။

ရုတ်တရက်ပြုံးလိုက်ရင်းမှ ခြေသံကြားတာမို့ မင်းသစ်ဇတ်ကနဲ ခေါင်းထောင်မိသလို Hazelမျက်ဝန်းတွေလဲဖျက်ကနဲပြန်ပွင့်ကာ ခြေသံလာရာထောင့်ချိုးတစ်ခုကိုစိုက်ကြည့်၍ မင်းသစ်ကိုဘေးချပြီး သူအားယူထကာ အသက်ကိုဝဝရှိုက်ရှုသံကြားရသည် ။

သူ့ကြည့်ရတာ ခဏလေးမှိန်းလိုက်ယုံနဲ့ ခုနနှင့်ကွာသည်မို့ မင်းသစ်အံ့သြမိသည် ။

သို့သော် ရန်သူကဘယ်လိုပုံနှင့်လာမလဲ ။ သေနပ်နဲ့ဆိုလျှင်အခြေနေမကောင်းသည်မို့ မင်းသစ်က ပုန်းရှောင်ဖို့ မျက်စိကနေရာလိုက်ရှာသလောက် သူကတည့်ရင်ဆိုင်ဖို့တွေးနေပုံရသည် ။

သူသည်ထောင့်ချိုးကနံရံကိုခြေသံမထွက်အောင်သွားပြီး နံရံအားကပ်လိုက်သည် ။ ဒါမှ ရန်သူလာလျှင်အနီးကပ်ယှဥ်လို့ရမှာပင် ။ အခြေနေအရ မင်းသစ်ကတော့ ဘာမှန်းမသိခင်မှာ တည်ကြက်ဖြစ်နေလျှက် ။

JorDanပေါင်ပတ်ကဓားမြှောင်ကိုထုတ်၍ တင်းတင်းစုပ်ကိုင်လိုက်သည် ။ ခြေသံကနီးလာလေလေ လက်ဦးမှုရယူရန်ပေမို့ ပေါ်ထွက်လာသည့်သူကိုဘယ်သူမှန်းမသိခင်မှာ...

ခေါင်းအားဖမ်းချုပ်၍ ပုခုံးထပ်တင်ကာ အားဖြင့်ရန်သူကိုကြမ်းပြင်အားကိုင်ပေါက်ပြီးလျှင် အပေါ်စီးကခွကာ လည်ပင်းအားဓားအထောက် တဖက်ကပြန်၍ JorDanမျက်နှာအားသေနပ်ဖြင့်အချိန်ခံရမှ တဖက်နှင့်တဖက် ဘယ်သူဆိုတာကြည့်မိသည် ။

မင်းသစ် - Sir..

တယောက်နှင့်တယောက် ဘယ်သူဆိုတာ သိပြီးပြီးခြင်းတောင် လက်နှက်တွေကတန်းမချ ။ နားလည်ရခက်သည့်အကြည့်တွေနှင့် စိုက်ကြည့်တုန်းပေမို့ ဘာမှန်းမသိတဲ့ မင်းသစ်ကအမြန်ထကာ Bossကိုတားဖို့ဆုံးဖြတ်လိုက်သည် ။

မင်းသစ် - SirပါBossရဲ့... ဓားကိုချလိုက်..

ထိုသို့ဆိုသော်လည်း JorDanလည်ပင်းအား ဓားမြှောင်ဖြင့်ထောက်ထားစမြဲ ။ တဖက်က စရုပ်သိမ်းမည်မဟုတ်လို့ Aidenသေနပ်ကိုအရင်ကြမ်းပြင်ပေါ်ချ၍ ခပ်ဝေးဝေးပစ်ထုတ်ကာ လက်ကို2ဖက်ကိုမြှောက်လိုက်သည် ။

Aiden - တခြားဘာလက်နှက်မှမရှိတော့ဘူး JorDan..ကယ်ဆယ်ရေးတွေလဲရောက်နေကြပြီ..

JorDan - သူဘယ်မှာလဲ..??

Aidenစကားကိုအာရုံမလာ ။ သူဆိုတဲ့နာမ်စားက ဘယ်သူ့ကိုညွှန်းမှန်းAidenသဘောပေါက်သည် ။

Aiden - ငါဘယ်သိမှာလဲ..

JorDan - ဒီနေ့ကိစ္စကိုငါခွင့်လွှတ်မယ်ထင်သလား..

Aiden - ကြိုက်သလိုစီရင်နိုင်တယ်..

ဦးလေးဖြစ်သူရဲ့ကမ်းလှမ်းချက်ကိုညင်းပယ်ပြီး ကယ်ဆယ်ရေးတွေထံအကြောင်းကြားခဲ့တာတောင် အခုချိန်ထိဓားကလည်ပင်းကပေးမချသည်မို့ Aidenစိတ်အချဥ်ပေါက်လာသည် ။

JorDanအချိန်တော်တော်ကြာအကဲခတ်ပြီးသည်နှင့် တကယ်ပဲဘာမှသဲလွန်စရှာမတွေသည်မို့ ဓားမြှောင်ကိုပေါင်ပတ်ထဲပြန်ထိုးထည့်ကာ ခွလျှက်အနေအထားကနေ လူခြင်းခွာလိုက်ပြီး အူကြောင်ကြောင်နှင့်ကြည့်နေသော ကောင်လေးနားသွားလိုက်သည် ။

Aiden - ကယ်ဆယ်ရေးတွေက အရှေ့ဝင်ပေါက်ကလာကြပြီ... ဒီနေရာကိုမိနစ်ပိုင်းအတွင်းရောက်လိပ်မယ်...

သူဒေါသထွက်နေဟန်... ခါးကိုထောက်၍ Aidenအားကျောပေးအနေအထားဖြင့် တစ်ခုခုတွေးတောနေသည် ။ အစီစဥ်တွေကသူတွေးထားသလို ဦးလေးဖြစ်သူကိုယ်တိုင်ပေါ်မလာလို့ဖြစ်မည် ။

" Aidenအတွက်တော့ဘုရားကယ်တာပင် "

မင်းသစ် - ဒါဆို...ကျွန်တော်တို့​ဘေးကင်းပြီပေါ့နော်..

မင်းသစ် ချစ်ရသူလက်အားဆွဲကိုင်ကာ မျက်နှာထက်အရယ်အပြုံးကဖုံးမရဖိမရ ။

သို့သော် သူကအားနာလို့တချက်တောင်မပြုံး ။ မင်းသစ်ကိုစူးစိုက်ကြည့်ပြီးလျှင် ဆုံးဖြတ်ချက်တစ်ခုကမျက်လုံးထဲရိပ်ကနဲမြင်လိုက်ရသည် ။

JorDan - ကိုယ်ကမသွားသေးဘူး... ဒီမှာပဲခဏလောက်ဆက်ရှိအုံးမယ်.. ကလေးပဲ..

မင်းသစ် - ဟင်...ဘာလို့လဲ..မလုပ်ပါနဲ့ Bossမနေခဲ့ရပါဘူး...Bossတကိုယ်လုံးလဲသွေးတွေနဲ့ရစရာမရှိတော့ပါဘူးBossရယ်..

ဆုပ်ကိုင်ထားတဲ့လက်ကိုအားထည့်ကာပြောလိုက်သည် ။ မင်းသစ်ငိုပါတော့မည် ။ ဒီလူဘာဖြစ်ခြင်နေတာလဲ.. ။

Aiden - အဓိပါယ်မရှိတာတော့မပြောနဲ့ JorDan.. ဘာလို့ဆက်နေခြင်သေးတာလဲငါသိတယ်... ဒါပေမဲ့ ဒီလိုနေရင်းသွေးထွက်လွန်ပြီးတစ်ခုခုဖြစ်သွားရင်..

JorDan - ဒီတော့လဲ အောင်ပွဲခံရမှာမင်းကိုယ်တိုင်ပဲလေ... အကြောင်းတွေမသိရင်ခက်မယ်..

မထိမဲ့မြင်အကြည့်နှင့် ဟက်ကနဲရယ်ကာပြောတော့ Aidenဒေါသထွက်သွားတာအမှန် ။

Aiden - မင်းကိုအသက်ပေးကာကွယ်သွားတဲ့ BodyGuardတွေကိုနဲနဲမှမသနားဘူးပဲ...

JorDan - အသက်ပေးတယ်ဆိုမှ ..မင်းကလွဲပြီး ကျန်တဲ့သူတွေအကုန်ငါ့ကိုကာကွယ်ရင်းသေသွားကြတယ် ... မင်းကဘယ်ပြောက်နေခဲ့တာလဲ...

JorDan မင်းသစ်ရဲ့လက်တွေကိုကိုင်ဖြုတ်ကာ Aidenရှေ့တလှမ်းခြင်းစီလျှောက်လှမ်းရင်း တဝင်းဝင်းတောက်နေသည့်Hazelတွေနှင့်စိုက်ကြည့်သည် ။

" ကာကွယ်အသင့်ဆုံးအချိန်မှာတောင် အနားတွင်မရှိတာကိုကြည့်ခြင်းအားဖြင့် ဒီလုပ်ကြံမှုရဲ့ခေါင်းဆောင်နှင့်သွားဆက်သွယ်နေလို့ဖြစ်မည် ။ "

JorDan - သူဒီမှာရှိတယ်မလား..

Aiden - ငါမသိဘူး...

ခွပ်..

Aidenလက်သီးပြင်းချက်ကြောင့် ခြေတလှမ်းနောက်ဆုတ်သွားသည် ။ လက်ချောင်းဖြင့် နုတ်ခမ်းကိုကိုင်ကြည့်ချိန် သွေးစလဲပါလာ၍ ဒီလိုအနေအထားတောင်ဒီအားနဲ့ထိုးနိုင်သေးတာလား နုတ်ခမ်းတွန့်ယုံရယ်မိသည် ။

မင်းသစ် အပြေးသွားကာဆွဲတားမို့ရှိသေး လူအများရဲ့ခြေသံကြားရတာမို့ အာရုံကအဲ့ဒီ့ထံရောက်သွားသည် ။ Sirခေါ်ထားတဲ့ အကူတွေနေလိပ်မည် ။

JorDanခြေသံလာရာကိုတစ်ချက်နားစွင့်လိုက်သည် ။ အနဲဆုံးအယောက်20လောက်ရှိမည် ။ အကူဆိုရင်တောင် Aidenခေါ်တဲ့အကူမို့အပြည့်အဝ ယုံကြည်ဖို့စိတ်ကူးမရှိ ။

ဒါ့ကြောင့် အခြေအနေကိုအမှားမခံ ဤနှလုံးသားအားကာကွယ်ရန် Hezelများခဏမှေးကာ စဥ်းစားပြီးလျှင် ..

JorDan - Aiden... မင်းသစ်ကိုခေါင်မိုးပေါ်က ယာဥ်နဲ့ဒီကနေခေါ်ထုတ်သွားတော့..

ထိုစကားကြောင့် မင်းသစ်ကော Aidenပါကြောင်သွားသည် ။

Aiden - ခုနကပဲ ငါ့ကိုမယုံဘူးဆို...

JorDan - ပြောသလိုပဲ မင်းကိုမယုံဘူး ဒါပေမဲ့ မင်းငါပြောသလိုလုပ်ရင် မင်းဦးလေးကိုငါထပ်လိုက်မရှာတော့ဘူး...

ထိုစကားနှင့်အတူ ကျောပေးအနေအထားဖြင့် ပြောထွက်လာသည်ကြောင့် မျက်နှာပြင်အနေအထားကိုတော့မမြင်ရပေ ။

သို့သော် JorDanသည် ကတိတည်သည့် လူသတ်သမားတစ်ယောက်... ။

တကယ်ပဲ သူ့ဘက်ကနောက်ဆုတ်ပေးမည်ဆိုလျှင် Aidenဦးလေးဖြစ်သူကိုပဲကြည့်ထိန်းဖို့ရှိတော့သည်မို့ ငါပြောသလိုပဲလုပ်လိုက်သင့်သည်လား ။

မယုံတစ်ဝက်ယုံတစ်ဝက်ဖြင့် အနေအထားကိုပြန်ကြည့်သော် အခြေအနေပြန်တည်ငြိမ်လို့ Jordenမသေသေးပါလျှင် ယခုလုပ်ကြံမှုသံသရဖြစ်စရာလူအဖြစ် Aidenထိပ်ဆုံးကပေမို့ မိမိလွတ်လမ်းအတွက်ရွေးချယ်စရာတခြားမရှိ ။

မင်းသစ် - လက်မခံဘူး မလုပ်ပါနဲ့ ..

နုံနုံအအ မင်းသစ်လေးမှာတော့ ချစ်ရသူစီသွားဖို့အပြင် အနောက်ကနေ ခါးကိုတင်းတင်းဖမ်းချုပ်ခံလိုက်ရတာကြောင့် ခြေလှမ်းတွေရှေ့ဆက်မရတော့.. ။

မင်းသစ် - Sirလွှတ်..အခုလွှတ်ပေး..Boss..ကျွန်တော်Bossအနားမှာပဲနေမှာ ဘယ်မှမသွားဘူး... Boss..တောင်းပန်ပါတယ် ဒီတစ်ခါတော့ထွက်မသွားခိုင်းပါနဲ့.. လွှတ် မသာကောင်...

ရုန်းရင်းနဲ့ဝေးဝေးသွားသော မြင်ကွင်း...

သူသည်မင်းသစ်ဘက်ကိုတချက်တောင်လှည့်မကြည့် တောင့်တင်းသောကျောပြင်သည် သွေးများစွန်းကျန်ကာ တခြားတစ်ဖက်သို့ကြည့်နေသည့်သူကိုကြည့်ရင်းရးပင် ..

" ကျွန်တော် ဘယ်အချိန်ထိ ဒီလိုဆွဲနေရအုံးမှာလဲ "

===========

ချစ်ရတဲ့ ကောင်ကလေးရဲ့အော်ခေါ်သံသည် တဖြည်းဝေးသွားရင်းနှင့်ပင် ပျောက်ဆုံးသွားလေတော့ ကယ်ဆယ်ရေးများက JorDanအရှေ့အမှောက်ပင်ရောက်လာခဲ့ပြီ ။

အစကတော့ Aidenခေါ်ထားတဲ့လူတွေမို့ JorDanအယုံအကြည်မရှိပေမဲ့ ငယ်ငယ်ကထဲကဘေးတွင်ရပ်တည်ပေးခဲ့သော ဘဏာစိုးကြီးweilသည် တပ်စုတစ်ခုနှင့်အတူ​ရောက်လာသည်မို့ ယုံလို့ရတဲ့အထဲပါသွားသည် ။

ဘဏာစိုးWeilက ခြုံထည်အဖြူတစ်ခုကို JorDanခေါ်တွင်လွှားခြုံပေးရင်းမှ..

Weil - အကုန်သခင်လေးစီစဥ်ထားသလိုပါပဲ..

JorDan - သူဒီ နန်းတော်ထဲမှာပဲရှိသေးတယ်မလား

အေးဆေးစွာမေးရင်း ဆေးလိပ်နုတ်ခမ်းကကိုက်လိုက်သည်နှင့် ငွေရောင်မီးခြစ်ဖြင့် ဘဏာထိန်းကြီးကမီးညှိပေးရင်း..

Weil - မြေပြင် မြေအောက် ဝေဟင်မှာပါအစောင့်တွေအများကြီးချထားတာမို့ မြေကြွက်တစ်ကောင်ဖြစ်ရင်တောင်လွတ်ဖို့မလွယ်ပါဘူး..

JorDanကြေနပ်စွာပြုံးလိုက်သည် ။

" ဒါပေါ့ ငါကမင်းဦးလေးကိုထပ်လိုက်ရှာစရာမလိုတော့ဘူးAiden... ဒီနေ့ရာမှာတင်အစဖြောက်မှာမို့ "

Weil - ကျန်တာကျွန်တော်မျိုးတာဝန်ထားပါ သခင်လေးကိုဒီကနေအမြန်ဆုံးထွက်ရအောင်ဆောက်ရွက်ပါ့မယ်..

JorDan ဘဏာထိန်းကြီးအားတစ်ချက်ကြည့်လိုက်သည် ။ ဘဝတွင်အယုံရဆုံး လူသုံးယောက်ပြောပါဆိုလျှင် အဖိုးဖြစ်သူ ၊ ဘဏာထိန်းကြီးနှင့် Sophieပဲဖြစ်သည် ။ ဘဝ၏သုံးပုံ2ပုံလောက်ကသူတို့နှင့် ကုန်ဆုံးခဲ့ရတာမို့ ။

ထို့အပြင် ဘဏာထိန်းကြီးသည် ငယ်ငယ်ထဲက Wilsomအိမ်တော်မှာနေခဲ့စဥ် JorDanကို Wilsomမျိုးနွယ် အမွေဆက်ခံသူတစ်ယောက်ရှိသင့်သည်အတိုက်အခိုက်စွမ်းရည်အကုန်သင်ပေးခဲ့သည့် လက်ဦးဆရာပင် ။

ယခုတွင်အသက်အရွယ်က 70နီးပါးကပ်နေတဲ့အဖိုးကြီးတစ်ယောက်ဆိုသော်ငြားလည်း ပညာစွမ်းကိုမျက်လုံးတွင်မြင်ရသည် ။

သို့သော် JorDanကိုယ်တိုင်အဆုံးသတ်ရမှကြေနပ်မည် ဒါမှလဲ ညတိုင်းမြင်မက်ရသည့် မိခင်ကJorDanကိုခွင့်လွှတ်မည်ဟုထင်သည် ။

ဒါကြောင့်ပဲ..

JorDan - နောက်ဆုံးပွဲမှာမနွှဲလိုက်ရရင် သေရင်တောင်ဖြောင့်မှာမဟုတ်လို့ နောက်မှပဲBabeနဲ့ကျွန်းပေါ်ပြန်သွားပြီးအေးဆေးအနားယူတော့မယ်..

နုတ်ကခပ်ပေါ့ပေါ့ဖြေလိုက်ရာ စကားအတည်ထွက်တာကမျက်လုံးတွေကဖြစ်သည် ။

ဒါကိုသိသော်

Weil - ကျွန်တော်မျိုးအကုန်စီစဥ်ပေးပါ့မယ် ဥပမာ မုန်တိုင်းထဲမပါမဲ့အိမ်မျိုးပေါ့..

ခေါင်းကိုငုံ့ကာ ရိုရိုကျုံ့ကျုံပြောပြီးသည်နှင့်..

JorDan - ဒီလောက်အလိုက်သိရင်ရပြီ...

တဖက်သို့လှည့်ကာ ကောင်းကင်အားမော့ကြည့်လိုက်သည် ။ တိမ်အနဲငယ်ငုံ့မိုးနေသည် ။ အခြေအနေက ဂူပေါက်တော့ပိတ်ပြီး ​ပြေးမလွတ်အောင်အမဲလိုက်ဖို့ပဲကျန်တော့သည် ။

မိပါက တွေ့တဲ့နေရာမှာတင် တစ်စစီဆွဲဖြဲကာ အရည်ဆုပ်၍ Wilsomအိမ်တော်ရဲ့ ဧည့်ခန်းမှာချိတ်ဆွဲထားမည် ။ ဒါမှ နောင်လာမည့် မျိုးဆက်တွေအား ဘယ်သူမှအကောက်မကြံရဲတော့မှာပင် ။

အတွေးနဲ့တင် JorDanသွေးတွေဆူပွက်ကာ လက်ချောင်းများဆက်ကနဲဆက်ကနဲကုပ်သွားသည်မို့ တင်းတင်းဆုပ်လိုက်သည် ။

JorDan - ဒါနဲ့ဘယ်အပိုင်းတွေအထိရှာပြီးပြီလဲ..

Weil - ကျွန်တော်မျိူးက သခင်လေးကိုဦးစားပေးရှာတဲ့ရှေ့ပြေးအဖွဲ့ပါ မြေပြင်ပေါ်ကမဟုတ်ဘဲ ရဟတ်ယာဥ်နဲ့လာတာပါ ယခု နန်းတော်ပတ်ပတ်လည်ပိတ်ထားပြီး အရှေ့အပိုင်းကတော့ရှာဖွေမှုပြီးသွားပြီလို့ အကြောင်းကြားလာပါတယ် မတွေ့သေးပါဘူး..

JorDan - ဒါဆို အောက်ထပ်က မဂ်လာခန်းမကို အကူညီတွေမရောက်သေးဘူးပေါ့..

စိုးရိမ်မှုကြီးစွာမေးလိုက်သည် ။

Weil - တစ်ယောက်ယောက်ကျန်ခဲ့လို့လားသခင်လေး..အကူညီအခုပဲပို့...

ထိုအချိန်အပြေးရောက်လာတဲ့တပ်သားတစ်ယောက် ။ ဘဏာစိုးကြီးအား အလေးပြုပြီးလျှင် JorDanအားဦးညွန့်ကာ ပြန်သားသောလေသံဖြင့် ။

[ ကျွန်တော်တို့တပ်ဖွဲ့ မဂ်လာခန်းမကိုဦးတည်သွားတဲ့လမ်းမှာတင် Ms.Sophieကိုတွေ့ပြီး ကယ်ဆယ်ခဲ့ပါတယ်... ]

JorDan - အခုသူမရော..

စကားအားဆုံးအောင်နားမထောင်နိုင် ။ လိုရင်းအားမေးလိုက်သည် ။ မချစ်ပေမဲ့ မမေ့နိုင်တဲ့လူထဲ Sophieရှိသည်မို့ ။

Sophie - Jordan..

အသံလာရာလှည့်ကြည့်စဥ် သွေးအလိမ်းလိမ်းနှင့်သူမ ။ တစ်ယောက်ထဲလမ်းမလျှောက်နိုင်တော့ဟန် တဖက်ကတပ်သားတစ်ယောက်ကူတွဲပေးထားပြီး အရံတပ်သားများဖြင့် ဝန်းရံထားသောသူမသည် မဂ်လာပွဲစတုန်းကသူမနှင့်ဘာမှမဆိုင်တော့သလို ဒဏ်ရာပေါင်းများစွာဖြင့်... ။

JorDanသူမနားကိုသွားဖို့ခြေလှမ်းအပြင်..

Sophie - မလာပါနဲ့...

နားမလည်နိုင်ပေမဲ့ ရပ်တန့်သွားသည် ။

Sophie - အခုဒီခနွာကိုယ်က သွေးညှီနံ့တွေနဲ့အကျဥ်းတန်လွန်းတာမို့ Bossတစ်ယောက်ကိုတော့ မထိကိုင်စေလိုဘူး..

အနားကပ်မခံသောသူမအား JorDanဂရုဏာသက်မိသည် ။

Weil - သွေးထွက်လွန်နေတဲ့အခြေအနေပါ.. ဆေးရုံအမြန်ပို့တာကောင်းမယ်ထင်ပါတယ် အခြေနေအရယာဥ်ကြောတွေပိတ်နေတာကြောင့် အမိုးပေါ်ကအရေးပေါ်ရဟတ်ယာဥ်နဲ့ပို့ရင်အမြန်ဆုံးပါ..

စကားအဆုံးမှာ JorDanစိတ်ထဲတစ်မျိုးဖြစ်သွားသည် တန်းပြီးအမိန့်တစ်ခုကိုမချ ။ ခွင့်ပြုချက်မရလျှင်ဘာမှလုပ်ခွင့်မရှိသောသူတို့သည် မိမိနုတ်ဟသည်ကိုစောင့်ရုံမှတစ်ပါး ။

သို့သော် JorDanညိမ်ကျသွားသည်ကအလကားမဟုတ် တစ်ခုခုကိုတွေးနေပုံရသည် ။

ယခုအ​အေထားကထူးဆန်းနေသလိုရှိသည် ။ ဒါပေမဲ့ အကုန်လုံးကသဟဇာတဖြစ်နေသည်ပင် ။ ဒါကိုဘာကြောင့်မိမိက အလိုမကျတာပါလဲ... ။

Sophie - အဟွတ် အဟွတ်..

ချောင်းဟန့်သံနှင့်အတူ ပါးစပ်ကသွေးများ လက်ဖဝါးအပြည့်ပါလာသည်မို့ Sophieဘေးကတပ်သားများကအ​မြန်JorDanအားတစ်ခုခုဆုံးဖြတ်စေခြင်ပုံကအထင်းသားမြင်ရသည် ။

Weil - သခင်လေး ကျွန်တော်တို့ရှာစရာလူလဲရှိသေးတယ်မဟုတ်လား..

JorDanနားထဲဘေးကဘယ်သူတွေဘာပြောပြော Hazelများရဲ့အကြည့်ကစူးရှစွာ သံသရမျက်လုံးဖြင့်မိမိအရှေ့ကလူ8ယောက်ရဲ့ လက်နှက်နှင့်အနေအထား တည်ရှိပုံတွေကို သူတို့မရိပ်မိအောင်အကဲခတ်သည် ။

အားလုံးကပုံမှန်ပင် ။ ဒါပေမဲ့ ဘာကြောင့်ဦးနှောက်ကထူးဆန်းတယ်လို့တွေးမိနေသည်လဲ ဘာကိုသတိမထားမိလို့များလဲ... ။ မတွေးမိတာတစ်ခုခုရှိနေလို့လား ။

2minsလောက်အကဲခတ်ပြီးတာတောင် ဘာကိုသံသရဖြစ်နေမှန်းမသိသော ကိုယ့်ကိုကိုယ်မယုံနိုင်ရင်း အာရုံကိုတစ်ဖက်လှည့်ကာ ဝရမ်းပြေးကောင်ကိုမိအောင်ဖမ်းဖို့​အတွေး ..

ပုံမှန်မဟုတ်သည့်အရာတစ်ခု ။

"" လက်စွပ်... Sophieလက်သန်းကြွယ်မှာ လက်ထပ်ပွဲကသူစွပ်ပေးလိုက်တဲ့ လက်စွပ်ရှိမနေဘူး ""

- အနားပေးမကပ်ခိုင်းခြင်း

- လက်စွပ်မရှိခြင်း

- မင်းသစ်တို့မထွက်သွားခင် အတူလိုက်ပါလိုခြင်း

စသည့်အချက်များစုပေါင်းလိုက်သည့်အခါ JorDanအခြေနေအကုန်နားလည်လိုက်သည် ။

ဘာလိုဆုံးဖြတ်ရမလဲမသိခင် မိမိအသက်ရှင်ဖို့ရာခိုင်နူန်း0%နားကပ်သွားသည် ။

(( အဟက်.. မသေခြင်သေးပါဘူးဆိုကာမှ ))

=================

မင်းသစ် - လွှတ်.. လွှတ်လို့...

တစ်လမ်းလုံးရုန်းလာသော်ညားလဲ ယခုပင် ခေါင်မိုးပေါ်တောင်ရောက်ရှိနေပြီး Helicopterပေါ်တောင်တက်တော့မည်ပင် ။

ကယ်ဆယ်ရေးယာဥ်တစ်စီးထဲသာရှိသည်ဟု ထင်မိသော်လည်း ယာဥ်စုစုပေါင်း3စီးရှိသည် ။ ဒါ့အပြင် တပ်သားအချို့လဲရောက်ရှိနေပြီ ။

ဒါပေမဲ့ မင်းသစ်စိတ်မဝင်စား ရင်ထဲပူလောင်နေပြီ ။

ခံစားမိတယ်.. ခံစားမိနေတယ်.. Bossနဲ့ဝေးရတော့မယ်ဆိုတာ ။ ကြောက်တယ် ဒီခံစားချက်ကြီးမကြိုက်ဘူး ။

Aidenသည်မင်းသစ်အားပုခုံးပေါ်တင်ထမ်းလာတာကြောင့် ခြေထောက်နဲ့မြေကြီးကအကွာကြီး ။ မင်းသစ်အားနဲ့သူ့ဆံပင်တွေဆွဲစောင့်ရုန်းတော့ ဟန်ချက်ပျက်ကာ ပုခုံးပေါ်ကပြုတ်ကျသည် ။

ဒီတစ်ကြိမ်တော့ Bossအနားကထွက်မသွားခြင်တော့ဘူး... ။

Aiden - ဘယ်လိုဖြစ်နေလဲမင်းသစ်..!!!

မင်းသစ်လက်မောင်းတစ်ဖက်ကို လွတ်သွားမှာစိုးသည့်အလားအလူးအလဲဖမ်းဆွဲရင်း မျက်နှာနားကပ်ကာအော်ပစ်သည် ။

မင်းသစ် - မသိဘူး..ဘာမှမသိဘူး...!!!! လွှတ်... မလုပ်ပါနဲ့...အီးး..သူထွက်သွားတော့မှာ..သူကျွန်တော်နဲ့ဝေးရာထွက်သွားတော့မှာ..အီးး..

လွတ်ထွက်သွားသည့်စိတ်တွေကထိန်းမရ ။ ပြန်အော်ကာ မျက်ရည်မကျနှာရည်ကကျလာသည် ။

Aiden - ငါကောင်းကောင်းပြောနေတယ် မင်းသစ်... မင်းအကောင်ဘာမှမဖြစ်ဘူး ပူမနေနဲ့...မင်းဘာသာမင်းပူ...

ဘယ်လိုမှစောင့်ရုန်းမရ ။ သူသည်မင်းသစ်ထက်များစွာသန်မာသည် ။ ဒါမှမဟုတ် မင်းသစ်ကပဲပင်ပန်းနေပြီမို့လား ။

မင်းသစ် - တောင်းပန်ပါတယ်.. ထိုင်ကန်တော့ပါ့မယ် နောက်ရက်ကြရင် ကျွန်တော်ကSirအပိုင်ပါ..ဟင့်.. သွားခွင့်ပေး..

ဘယ်လိုမှပြောမရဆိုမရ ။ Hlicopterသည်စက်နှိုးထားလျှက် ယာဥ်မောင်းလဲအသင့်ပါ ။ သို့သော် ဘယ်လိုမှမင်းသစ်ကိုဆွဲခေါ်မရ ။

ထိုအချိန် earphoneကအသံတစ်ခု

" Sophieလဲမင်းတို့နဲ့အတူလိုက်လိပ်မယ် "

သည်စကားကြောင့် Aidenတမျိုးဖြစ်သွားသည် ။ ဘာလို့အတူလဲ...အခုအမိုးပေါ်မှာစုစုပေါင်းယာဥ်3စီး ။ တခြားHlicopterနှင့်သွားလို့ရပါရက်နှင့် ဘာလို့စောင့်ခိုင်းသလိုမျိုးစကားလဲ ။

ဒါမှမဟုတ်အခုနေ Aidenသည်တရားခံအနေအထားပေမို့ စိတ်မချလို့အစောင့်အနေအထားဖြင့် Sophieပါထည့်လွှတ်တာလား ။ သို့သော် ယခုအနေအထားနှင့် Sophieကဘယ်လောက်အသုံးဝင်မှာလဲ ။ Sophieအခြေအနေကို Aidenမသိပေမဲ့ ဒဏ်ရာတော့ကျိန်းသေပြင်းနေလိပ်မည် ။

ဒါတောင် မသေမချင်းဒိုင်းတစ်ခုအနေနဲ့သုံးအုံးမှာလား ။ တော်တော်ရက်စက်တာပဲ JorDan ။

တစ်ဖက်ဖုန်းထဲဘာပြောလိုက်မှန်းမသိပေမဲ့ Sirသည်မင်းသစ်ကိုအကြမ်းပတမ်းဆွဲခေါ်ဖို့မကြိုးစားတော့ ။ သို့ပေမဲ့လဲ လက်မောင်းကိုမလွတ်သေး ။

အောက်ထပ်ကိုပြန်ဆင်း​ဖို့ တံခါးကိုကြည့်ကာအကြံထုတ်နေရင်းမှ ပေါ်လာသည့်အဖြူအရိပ်တစ်ခု ။

ဘေး၌လဲသက်တော်စောင့်တစ်ဦးတွဲပေးကာ မင်းသစ်တို့ဘက်ကိုတစ်ဖြည်းဖြည်းဦးတည်လာတော့ မြင်ရသည့်မြင်ကွင်းကလည်းပြတ်သားလာသည် ။

မင်းသစ် - Ms.Sophieလား..

အသက်ရှင်သေးတယ်ပေါ့ ။ တော်ပါသေးရဲ့ ။ သူမကိုအစကသိပ်ကြည့်မရခဲ့ပေမဲ့ မဂ်လာခန်းမထဲသူမသည်Bossရဲ့ကျောရိုးအဖြစ်တည်ရှိပေးခဲ့သည်ပင် ။ အခြေအနေတည်ငြိမ်တဲ့အခါ မင်းသစ် ဦးချရှင်ခိုးရမည့်သူ ။

Aidenစိတ်မကြည် ။ ဘာစိတ်ကူးနဲ့ထည့်ပေးမယ်တွေးလဲမသိပေမဲ့ သတို့သမီးကဖြင့်မပ်တပ်တောင်မရပ်နိုင်တဲ့အခြေအနေ ။

Aidenမျက်ခုံးကျုံ့ကာ စိတ်မရှည်သောလေသံဖြင့်..

Aiden - လာမှာဖြင့်အမြန်..

စကားတောင်ဆုံးအောင်ပြောမထွက်လိုက် ။ စိတ်ထဲခံစားချက်တမျိုးဝင်လာသည် ။

အစကတော့Sophieဟုထင်သော်ငြားလည်း ဘာလို့ရယ်မသိ ထိုမျက်ဝန်းတွေကAidenအတွက်ရင်းနီးနေသလို ။ ကျိန်းသေတာတော့ သူမသည်Sophieနှင့်အလွန်တူသော်ငြားလည်း Sophieမဟုတ် ။

Aidenဖြစ်ရပ်တွေကိုလိုက်မမှီစွာ ကြောင်ကြည့်နေရင်းမှ သူမသည်ဘေးကတွဲကူပေးသည့် တပ်သားရဲ့ခါးပတ်က ပစ်စတိုကိုအမြန်ဖျက်ကနဲဆွဲယူပြီး သနပ်ပြောင်းဝက မင်းသစ်ထံသို့ ။

ဒိုင်းး ဒိုင်းး ဒိုင်းး

မင်းသစ်သေပြီအထင်နှင့် မျက်ဝန်းတွေတင်းတင်းပိတ်ထားမိသည် ။ ဘာလို့Ms.Sophieကငါ့ကို.. ။ သို့ရာတွင် နာကျင်မှုကိုမခံစားရသည်မို့ တုန်ရီနေသည့်မျက်ခုံးတွေကိုအရဲစွန့်ဖွင့်ရာ ...

မင်းသစ်အရှေ့၌ Sirသည်သေနပ်ချက်တွေကိုကာကွယ်ပေးခဲ့သည် ။ အရာအားလုံးမသိလိုက်ခင်မှာ Sirကမင်းသစ်ရင်ခွင်ထဲသို့ ကျောပေးအနေအထားဖြင့်ပြိုလဲသွားသည် ။

မင်းသစ် - Sirr...

ကြောက်လဲကြောက် လန့်လဲလန့် ။ ငါ့ကိုSirကကာကွယ်ပေးလိုက်တာလား ဘာလို့လဲ ။

Ms.Sophieလဲ မင်းသစ်တို့ဘာမှဖြင့်မလုပ်ပါဘဲ ယခုတွင်တစ်စုံတစ်ယောက်ရဲ့ပစ်ချက်ကြောင့် နောက်စိပွင့်ကာလဲကျသေဆုံးလျက် ။ ဖြစ်ရပ်တွေသည်လွန်စွာမြန်ဆန်လွန်းသည် ။

မင်းသစ်ရင်ခွင်ထဲက သွေးထွက်လွန်နေသည့် Sirကိုမထိမကိုင်ရဲစွာ ။ ကျည်3ချက်ပေမဲ့ ဒဏ်ရာနှစ်ခုသာSirစီမှာရှိနေသည်မို့ တစ်ချက်က Ms.Sophieရဲ့ခေါင်းကိုမှန်သွားသည့်ကျည်သံပင် ။

ဒီ့အပြင် Sirအကြည့်က မင်းသစ်ထံတွင်ရှိမနေ သွေးအိုင်ထဲလဲနေသည့် Ms.Sophieကိုစိုက်ကြည့်ကာ မျက်ရည်များစီးကျ၍သွေးရူးသွေးတန်းဖြင့်..

Aiden - မလုပ်နဲ့..!!! ဦး..ဦးလေး.. မ..ဟုတ်ဘူး..မထားခဲ့ပါနဲ့..

သူသည် Ms.Sophieအလောင်းကိုကြည့်ကာ ဦးလေးဟုခေါ်၍ ရင်ခေါင်းအသံကြီးဖြင့်ငိုကြွေးသည် ။ တစ်ဆက်ထဲမှာပဲ တပ်သားတချို့သည်မင်းသစ်တို့ထံအမြန်ပြေးလာပြီး ဒဏ်ရာပြင်းထန်နေသည့် Sirနှင့်မင်းသစ်ကို Hilcopterပေါ် ဆွဲခေါ်သည် ။

Hlicopterတဖြည်းဖြည်း​နန်းတော်ဝင်စဥ်ကနေ မြင့်တက်ကာထွက်ခွာနေပြီ ။ သူသည်အခုထိစိတ်မငြိမ် ဘေးကသူ့အားသွေးထွက်မလွန်အောင်ကူညီပေးသည့်လူတွေကိုပါ တွန်းထုပ်၍Hlicopterပေါ်မှခုန်ချတော့မည့်အလား တဖြည်းဖြည်းဝေးကွာသွားသည့် ထိုအလောင်းကိုကြည့်ကာအရူးတစ်ယောက်လို ။

Aiden - ဘယ်သူသတ်​တာလဲ.. !! မင်းသတ်တာလား မင်းသတ်တာလား! !ငါ့ဦးလေးကိုဘယ်ကောင်သတ်တာလဲလို့... !!!! မင်းတို့ကိုပြန်သတ်မယ် ..!!

လည်ချောင်းကွဲအောင်အော်ကာ ယာဥ်ပေါ်ရှိတဲ့ကယ်ဆယ်ရေးနှင့်တပ်သားတချို့ကို လက်နှက်ဖြင့်ချိန်တာမို့ အကုန်ဆွဲလုကာမေ့ဆေးအားလည်ပင်းတစ်ဆုံးထိုးသွင်းကာမှငြိမ်ကျသွားသည် ။

ဒါတောင်

ပီပီသသမကြားရတော့ပေမဲ့ ဗလောင်းဗလဲပြောနေတုန်းပင် ။ မင်းသစ်ကတော့ ကြောက်လွန်း၍ ထောင့်တစ်နေရာမှာခွေခွေလေးငြိမ်နေလျှက် စိတ်နဲ့လူမကပ်တော့ ။

" ဒါအိမ်မက်မလား... အိမ်မက်ပဲဖြစ်ပါစေ "

=====================

ဒုန်းး..

တံခါးအားစောင့်ဖွင့်ကာ မဂ်လာခန်းမထဲစစ်ကူများရောက်လာသည် ။ သွေးများ အလောင်းများ နေရာအနှံ့ခြေချစရာနေရာတစ်ကွက်တောင်မရှိသောခန်းမကြီးသည် အလွန်ခြောက်ခြားဖို့ကောင်းသည် ။

ပို၍ကြောက်ဖို့ကောင်းသည်က အလောင်းများကြားက တစ်ဦးထဲသောအသက်ရှင်ကျန်ရစ်သူက သတို့သမီးဝတ်စုံဖြင့်အမျိုးသမီး ။ သူမသည် စစ်ကူတွေကိုလှည့်ကြည့်သည်နှင့် လက်ထဲကဓားကိုမြေကြီးပေါ်လွှတ်ချလိုက်သည် ။

"" တပ်ခွဲ6ကပြောနေပါတယ်... Wilsomသခင်လေးပြောသလိုပဲ Ms.Sophieအစစ်က အခုမဂ်လာခန်းမထဲမှာရှိနေပါတယ် ဘေးကင်းပါတယ် "

တပ်သားတစ်ယောက်က ရင်ဘက်တွင်ချိတ်ထားသောဖုန်းကနေတစ်ဖက်ကိုအကြောင်းကြားစဥ် တပ်သားတချို့တွေရန်သူတွေထဲ အသက်ရှင်သူကျန်နေသလားလိုက်စစ်ဆေးကာ တချို့က Sophieထံလာပြီးဆေးကုသမှုပေးရန်ပြင်သည် ။

Sophie - မထိနဲ့ မလိုဘူး... ငါအခုBossစီသွားခြင်တယ်.. သူအနရာယ်ကင်းလားငါ့မျက်လုံးနဲ့အတည်ပြုခြင်တယ်..

သူမစကားကြောင့် ဆေးအကူတွေနောက်ဆုတ်သွားသည် ။

Sophieအခုစိတ်ကိုမလျော့ချနိုင်သေး ။ ခနွာကမရတော့မှန်းသိပေမဲ့ JorDanရင်ခွင်ထဲအထိသွားနိုင်သေးသည် ။

ဒီနေ့အတော်ပင်ပန်းခဲ့သည် ကန့်သက်ချက်ကိုကျော်လွန်၍လုပ်ဆောင်ခဲ့သည် ။ ဒီလောက်တော့ထိုက်တန်မှာပါ ။

========================

Earphoneရဲ့တစ်ဖက်ငရဲခန်းက အော်ဟစ်ငိုသံက သူ့အတွက်ပျားရည်လိုချိုမြိန်သည် ။ ဒါပေမဲ့ ပျော်လွန်းလို့နားထောင်နေတယ်တော့မဟုတ် ချစ်ရတဲ့သွေးချင်းတစ်ယောက်ကို မကာကွယ်ပေးနိုင်ပါဘဲ လက်လွှတ်လိုက်ရတဲ့ခံစားချက်ကို တန်ပြန်ခံစားဘူးစေခဲ့ပြီ ။

ယခုအခါ JorDan ၊ ဘဏာစိုးကြီးWeliနှင့်တပ်သား2ယောက်သာ နန်းတော်ကြီး၏အမြင့်ဆုံး ကြယ်တာရာကြည့်ရာနေရာဖြစ်သည့်နေရာကနေ မင်းသစ်တို့Helicoptorပျံတက်သွားသည့်နေရာသည် ပေ200ကျော်အကွာအဝေးကို M16A4ဖြင့်တစ်ချက်ထဲပစ်မှတ်ထိအောင်ပစ်နိုင်ခဲ့သည် ။

အခင်းဖြစ်ပွားပြီးတန်း၍ ထိုသတို့သမီးအလောင်းအနားဘယ်သူမှကပ်လို့မရအောင် ကြိုးများတားကာ ထပ်ရောက်လာသည့်တပ်ဖွဲ့များ ဆေးအကူများဖြင့် အလုပ်ရှုပ်နေကြသည် ။

သို့သော် Jordanသည်မိမိလက်ရည်မိမိသိသည် ။ ခေါင်းကိုပစ်လိုက်သည်မို့ ငရဲခန်းထိဝိဥာဥ်ဆင်းခေါ်ရင်တောင်ပြန်ရှင်လာမည်မဟုတ် ။

Weli - သူမက သခင်လေးရှာနေတဲ့သူမှန်း ဘယ်လိုသိတာလဲ..

JorDan - Sophieကငါပေးတဲ့အရာတိုင်းကိုတန်ဖိုးထားတယ်... ရိုက်လို့ရတဲ့ဒဏ်ရာကအစ သူမခနွာကိုယ်မှာတမြတ်တနိုးသိမ်းထားတက်တာ..လက်ထပ်လက်စွပ်မျိုးဆိုရင်တော့...

Weli - လက်စွပ်လေးမရှိတာကြောင့် အသက်တစ်ချောင်းရင်းကြည့်တာကတော့ သခင်လေးကရက်စက်တာပဲ..

JorDan - Sophieကိုသိလာတာ အသက်18နှစ်ထဲက... ဒီလောက်လေးမှမရိပ်မိရင် JorDan Wilsomဘယ်ပီသပါ့မလဲ... ဒါ့ထပ်ပိုစိတ်ဝင်စားစရာကောင်းတာက ဘယ်သူကမိန်းမတစ်ယောက်လိုခွဲစိတ်ပြီးဒီလိုလုပ်မယ်ထင်မှာလဲ...

မြေအောက်လောကမှာ အာဏာနှင့်ငွေသာရှိရင်အရာအားလုံးဖြစ်နိုင်လိပ်မယ်ဆိုပေမဲ့ JorDanဒီလောက်ထိမတွေးထား ။

ဆယ်စုနှစ်တစ်ခုလောက်လိုက်ရှာတာတောင်အမြှီးကိုဖမ်းမမိနိုင်ခဲ့ခြင်းက ရုပ်အမျိုးမျိုး နာမည်အမျိုးမျိုးပြောင်းလဲခွဲစိတ်၍ နိုင်ငံအမြောက်အများကူးသန်းခဲ့သည်ပင် ။

နောက်ဆုံးအကြိမ်ခွဲစိပ်မှုက Sophieရုပ်တဲ့လား ။

* ဒါ့အပြင် ထိုလူယုတ်မာသတ်ခြင်တဲ့လူက JorDanကိုမဟုတ်ဘဲ JorDanတန်ဖိုးထားတဲ့အရာတွေကိုဖြစ်သည် ။ ဒါမှမဟုတ် ငါ့ကိုသတ်ဖို့မလွယ်လို့ နောက်ဆုံးလက်နှက်ထုတ်သုံးသွားတာလားမသိနိုင် *

JorDan - အမျိုးယုတ် Albert Latham... ငရဲမှာပြန်တွေ့ကြတာပေါ့..

[ Albert Lathamက Aidenရဲ့ဦးလေးနာမည်ပါ]

Weli - မျိုးရိုးနာမည်အထိသိနေတာလား... မြို့စားမင်းကြီးတောင် နာမည်ကိုအသေချာမစုံစမ်းနိုင်သေးဘူး.. တကယ်တော်ပါပေတယ်...ဒါပေမဲ့..

JorDanဘက်ကိုလှည့်ကာ..

Weli - ချစ်သူကိုသေနပ်အပစ်ခံခိုင်းတဲ့အကြံက ကောင်လေးသိရင်ခွင့်လွှတ်ပါ့မလား... အခုကံကောင်းလို့ Aidenကာပေးခဲ့လို့အသက်ရှင်သွားတာ.. သူသခင်လေးကိုမုန်းသွားလောက်ပြီ..

JorDanမျက်လုံးတွေမှိတ်လိုက်သည် ။

အကယ်၍များ ဘဏာစိုးကြီးပြောသလို အသက်သခင်ကAidenဟုတွေးမိရင်လဲတမျိုးကောင်းပါသည် ။ အနဲဆုံးတော့ Aidenသည်လူတယောက်မျှမသတ်ခဲ့သည် ငရဲခန်းတွင်းကစင်ကြယ်သူတဦး ။

" ကလေးနဲ့လိုက်ဖက်ပါတယ် "

Weli - ဒီနေ့ကတော့ကျွန်တော်ဒီလောက်နဲ့ပဲ New Yorkပြန်ပါတော့မယ်... မြို့စားကြီးကိုအဖြစ်အပျက်တွေနဲ့ပက်သက်တဲ့အစီရင်တွေလဲတင်ပြရအုံးမှာမို့.. ဒီတော့..

JorDan - မလိုတော့ဘူး... မင်းကိုအလုပ်ထုတ်လိုက်ပြီ..

တစ်ဖက်သို့ကျောခိုင်းလှည့်ထွက်သွားမည့် ဘဏာစိုးရဲ့ခြေလှမ်းတွေရပ်တန့်သွားသည် ။

နောက်သို့လှည့်မကြည့်ပါ ထိုကြောက်စရာကောင်းတဲ့Hazelရောင်မျက်လုံးတွေနဲ့သူ့ကိုစိုက်ကြည့်နေတာကိုခံစားမိသည် ။

JorDan - ဟင်...ပြောပါအုံး..ဘာလို့ဒီလိုယုတ်မာတဲ့လုပ်ကြံမှုမှာပါရတာလဲ...

===============//////////==============

Fortsæt med at læse

You'll Also Like

12.2K 819 30
မုသားဖြင့် လှည့်စားရက်သူ မင်းမို့လှည့်စားရက်တယ် ငါ့မှာ​တော့မင်းရဲ့ အပြုံး ချိုချို မုသား လှလှ​​လေး​တွေ​ ​အောက်မှာ အဟုတ်မှတ်ပြီး...
17 0 3
She doesn't know his existence until her classmate told her how handsome he is.
48.1K 3.2K 28
ត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ
8.4K 677 10
សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីបាននៅក្បែរមនុស្សដែរខ្លួនស្រលាញ់។ ទោះបែបណាក៏ដោយ...ក៏សុខចិត្តនឹងទទួល