High Energy QR Code [ Myanmar...

By Inix_ss

115K 22.5K 842

Title - High Energy QR Code 高能二维码 Gāonéng èr wéi mǎ Author - Cyan Wings 青色羽翼 Genre - Survival, Fa... More

Intro
Chapter 1 _ QR code
Chapter 2 _ ကံကောင်းခြင်း
Chapter 3 _ မှန်တစ်ချပ်
Chapter 4 _ အစေခံ
Chapter 5 _ ဇာတ်သိမ်းဟု ခေါ်သည့်အရာ
Chapter 6 _ ကြီးမားသော မီးတောက်
Chapter 7 _ အဝတ်များ ဝယ်ခြင်း
Chapter 8 _ မှန်ထဲက ပုံပြင်
Chapter 9 _ မြို့ထဲသို့ ဝင်ရောက်ခြင်း
Chapter 10 _ ရွှေလက်ချောင်း
Chapter 11 _ အမျိုးသမီးဝတ်စုံ
Chapter 12 _ ပဋိပက္ခ
Chapter 13 _ ဓားရေးယှဉ်ခြင်း
Chapter 14 _ ထောင်ချောက်
Chapter 15 _ ညအချိန်၌ ချိန်းတွေ့ခြင်း
Chapter 16 _ ​ဖြားယောင်းသိမ်းသွင်းခြင်း
Chapter 17 _ မှော်ဝင်မှန်
Chapter 18 _ စည်းမျဉ်းများ
Chapter 19 _ ရှုပ်ထွေးပွေလီကမ္ဘာ စတင်ခြင်း
Chapter 20 _ အဆောင်
Chapter 21 _ လူဦးခေါင်း
Chapter 22 _ အပေးအယူ
Chapter 23 _ ပိုက်ဆံ၏ စွမ်းပကား
Chapter 24 _ စန္ဒရား
Chapter 25 _ ပူးပေါင်းသူ
Chapter 26 _ ရေမွှေး
Chapter 27 _ မှန်၏ စွမ်းရည်
Chapter 28 _ ယင်ကောင်
Chapter 29 _ နောက်ဆုံးသော လူ
Chapter 30 _ အခြေခံကျင့်ဝတ်
Chapter 31 _ သတင်းအချက်အလက်
Chapter 32 _ ကျန်းကျင့်ရို
Chapter 33 _ ပုံတူပန်းချီ
Chapter 34 _ သီခွမ့်
Chapter 35 _ ခင်မင်မှု
Chapter 36 _ ပြန်လည်ရေးဆွဲနိုင်သည့် ဘောပင်
Chapter 37 _ တာဝန်ကျရုံးခန်း
Chapter 38 _ အိပ်ရာထက်က စကားစမြည်
Chapter 39 _ ရှင်ယဲ့၏ အတိတ်
Chapter 40 _ နောက်ဆုံးအဆင့်
Chapter 41 _ သူငယ်ချင်းအား ရောင်းစားခြင်း
Chapter 42 _ အပေါ်ယံဇာတ်သိမ်း
Chapter 43 _ ကျန်းဖေးမင်
Chapter 44 _ တိုက်ပွဲမတိုင်မီ
Chapter 45 _ ပြင်းထန်သော တိုက်ပွဲ
Chapter 46 _ အဆုံးသတ်ရလဒ်
Chapter 47 _ ၇/၇
Chapter 48 _ နောက်ဆက်တွဲ
Chapter 49 _ အမှန်တရားကို ဆိုသော မြို့ခံအား ရှာဖွေခြင်း
Chapter 50 _ Neverland
Chapter 51 _ ရုပ်သေးမြို့တော်
Chapter 52 _ မီးခြစ်ဆံရုပ်သေးရုပ်
Chapter 53 _ ပကတိမျက်လုံး
Chapter 54 _ လက်လဲလှယ်ခြင်း
Chapter 55 _ တရားမဝင်မိုင်းတွင်း
Chapter 56 _ ကမ္ဘာဦးအစ ဒဏ္ဍာရီ
Chapter 57 _ ငြီးငွေ့မှု
Chapter 58 _ မြို့ပိုင်
Chapter 59 _ ပရိုဂျက်တာ
Chapter 60 _ အိတ်ဆောင်နာရီ
Chapter 61 _ ပြန်လည်မွေးဖွားသော ကစားသူ
Chapter 62 _ ပျောက်ဆုံးသွားသော မျက်ရည်စများ
Chapter 63 _ သားကလေး
Chapter 64 _ နံပါတ် S
Chapter 66 _ ရုပ်သေးရုပ်လေး
Chapter 67 _အမှန်တရားကို ဆိုသော ရုပ်သေးရုပ်
Chapter 68 _ အတတ်နိုင်ဆုံး ကူညီခြင်း
Chapter 69 _ မှန်၏ အဆိုပြုချက်
Chapter 70 _ ရုပ်သေးပြဇာတ်
Chapter 71 _ လောင်းကစားသမား၏ သရုပ်ဆောင်စွမ်းရည်
Chapter 72 _ မြစ်ကမ်းပါးတိုက်ပွဲ
Chapter 73 _ ငန်းသွင်သလင်းကျောက်
Chapter 74 _ စိတ်မချမ်းမြေ့သော မှန်
Chapter 75 _ ဗဟိုချက်ထိန်းချုပ်စက်
Chapter 76 _ ရင်းနှီးမှုအမှတ်
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းချီးဩဘာ (Part 1)
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းခ‌ျီးဩဘာ (Part 2)

Chapter 65 _ ခဲခယ့်

677 173 3
By Inix_ss


(Unicode)

T/N _ ခဲခယ့်က အင်္ဂလိပ်နာမည်ပေမဲ့ အသံထွက်မသေချာလို့ တရုတ်လို အသံထွက် (科克) ကိုပဲ တိုက်ရိုက်ပြန်ရေးထားတာပါ။
_______________

ရှင်ယဲ့က ဘာလို့ သူရဲ့ အုပ်စုရွေးချယ်ခဲ့သည့် အကြောင်းအရင်းကို မေးနေမှန်း ကွမ်းလင် နားမလည်ချေ။ သူက ပျော်ပျော်ရွှင်ရွှင်ဖြင့်သာ ဆက်ပြောလေသည်: "ဘော့စ်၊ QR code တွေ ရှာတွေ့ခဲ့တာအပြင်၊ ကျန်တဲ့ ကံကြမ္မာလိုက်နာသူနှစ်ယောက်နဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကိုပါ သိခဲ့ရသေးတယ်!"

ကျန်နေတဲ့ ကံကြမ္မာလိုက်နာသူနှစ်ယောက်ကိုပါ ရှာတွေ့ခဲ့တာလား? ကွမ်းလင်၏ ခရီးရောက်နှုန်းကတော့ အတော်မြန်လေသည်။ ရှင်ယဲ့ သူ့ကို မယုံကြည်ပေ။ သို့သော် အဖွဲ့ထဲမှာ လိုက်နာသူတစ်ယောက်ရှိသည်က တော်တော်လေး အဆင်ပြေသည်။ သီခွမ့်က ကံကြမ္မာလိုက်နာသူတွေ ဒီလောက်အများကြီး စုဆောင်းနေသည်မှာလည်း အံ့ဩစရာမဟုတ်ပေ။

ရှင်ယဲ့ QR code ကို ကျက်လိုက်ပြီးနောက်၊ ကွမ်းလင်ထံ ပြန်ပေးကာ ဆိုလိုက်သည်: "မင်းဘာသာမင်း ခွဲတမ်းချလိုက်"

"ဟင်?" ကွမ်းလင်က ဆို၏။ "ဘောစ့်၊ မင်း ငါ့ရဲ့ မူလစွမ်းရည်ကို သိရဲ့သားနဲ့။ ငါ့ဆီ QR code တွေအပ်ထားရင် အချည်းအနှီးဖြစ်ရုံပဲရှိမှာပေါ့"

ရှင်ယဲ့: "မွဲပြာကျမိသားစုက နာမည်ကနေ မှန်းကြည့်လို့ရသလောက်၊ နောက်ဆုံးမတတ်သာတဲ့ အခြေအနေမှာမှ အသုံးပြုသင့်တဲ့ စွမ်းရည်ပဲ။ မင်းက ဒီတိုင်းသာမန်စွမ်းရည်တစ်ခုလို့ပဲ  သတ်မှတ်လိုက်လို့မရဘူး။ မင်းက အဲ့လိုတွေးရင်၊ မင်းရဲ့ အခန်းကဏ္ဍက ခုခံကာကွယ်ရေး item တစ်ခုပဲ ဖြစ်နေမှာပဲ။ ဘယ်တော့မှ အဖွဲ့သားတွေနဲ့ အတူပူးပေါင်းပြီး တိုက်ခိုက်နိုင်မှာမဟုတ်ဘူး"

ကွမ်းလင်မှာ သူ၏ မူလစွမ်းရည်ကို စတင်သိရှိခဲ့ရသည့် အချိန်ကတည်းက၊ သူ့ကိုယ်သူ အထိန်းတော််တစ််ယောက်အဖြစ် ကျေကျေနပ်နပ် ရှုမြင်ထားခဲ့ကာ၊ နေရာရပြီး လုံခြုံမှုရှိသည်ဟုလည်း ခံစားခဲ့ရသည်။ သီခွမ့်နှင့် အဖွဲ့မဖွဲ့ခင်အချိန်က ဝင်ခဲ့သည့် ယာယီအဖွဲ့လေးထဲမှာတောင်၊ QR code အနည်းငယ်မျှကိုသာ အသုံးပြုခဲ့ပြီး၊ အချိန်တော်တော်များများ၌ အသက်များ ကယ်တင်ရင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။ ယခု ရှင်ယဲ့၏ စကားက ကွမ်းလင် အရင်က သိမြင်ခဲ့သည့်အရာများကို ယိုင်လဲစေခဲ့သည်ဟု ဆို၍ရနိုင်တာကြောင့်၊ သူ မနေနိုင်စွာဖြင့် စဉ်းစားမိလိုက်မိလေသည်။ ငါလည်း ရှေ့တန်းကနေ တိုက်ခိုက်လို့ ရနိုင်တယ်လား?

ချောင်ချန့်က သူ၏ စိတ်အခြေအနေကို နားလည်သည့်အတွက်၊ သူ့ ပခုံးကို ပုတ်ပေးလိုက်လေ၏: "ရှင်ယဲ့ ပြောတာမှန်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ််မထားနဲ့"

အရင်က ချောင်ချန့်လည်း သူမကိုယ်သူမ အစွန့်ပစ်ခံ ကြေးစားလူမိုက်တစ်ယောက်ဟုသာ ထင်မြင်ခဲ့ပြီး၊ ပြဿနာတွေအကြောင်း စဉ်းစားကြည့်ဖို့ စိတ်မကူးခဲ့ချေ။ သူမ၏ တွေးခေါ်မျှော်မြင်နိုင်စွမ်းကို ဖြည်းဖြည်းချင်း ညွှန်ကြားလေ့ကျင့်ပေးခဲ့သူမှာ ရှင်ယဲ့သာဖြစ်သည်။

ချောင်ချန့်က ဦးစွာဆိုလိုက်သည်: "QR code တွေအကုန်လုံးကို နင်ပဲ သိမ်းထားလိုက်။ ငါ မယူဘူး။ အဲ့ဒါတွေအကုန် နင်ပဲ ရှာတွေ့ခဲ့တာလေ။ QR code တွေကို များများ လေ့ကျင့်ပြီး သုံးကြည့်။ အဲ့လိုဆိုရင် မတူတဲ့ တိုက်ခိုက်ရေးပုံစံတွေ ရှာတွေ့နိုင်လောက်တယ်"

ကွမ်းလင်က စကားနားထောင်၍ QR code ကို scan ဖတ်လိုက်ပြီးနောက်၊ ရင်ဘတ်ကို ထုကာ အသံကျယ်ကျယ်ဖြင့် ဆိုလိုက်လေသည်: "ဘော့စ်၊ ငါ ကြိုးစားပါ့မယ်!"

"ကောင်းတာပေါ့။ သန်မာလာအောင် ကြိုးစားပေါ့" ရှင်ယဲ့က ဖျောတော့တော့ ဆိုလိုက်လေ၏။ "မင်း ဘာတွေတွေ့လာတာလဲဆိုတာ ပြောပါဦး"

ကွမ်းလင်က စိတ်လှုပ်ရှားစွာ ဆိုလေ၏: "အဲ့ဒီ ကံကြမ္မာလိုက်နာသူနှစ်ယောက်က အမိုက်စားပဲ။ နောက်ခံမျိုးရိုးကလည်း ငါ့ထက် ပိုကောင်းတယ်။ သူတို့ထဲက တစ်ယောက်က မိုင်းတွင်းပိုင်ရှင်လည်းဖြစ်၊ ရုပ်သေးမြို့တော်က အချမ်းသာဆုံးလည်းဖြစ်တဲ့ သူရဲ့ သား။ တစ်ယောက်က တရားစီရင်ရေးမှူးရဲ့သား။ ပြီးတော့ အဲ့ဒီ ပိုက်ဆံရှိပြီး ပါဝါရှိတဲ့ ကံကြမ္မာလိုက်နာသူနှစ်ယောက်က တစ်ဖွဲ့တည်းတွေ။ ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒတော့ လုံးဝမရှိဘူး။ ပွိုင့်တွေရဖို့ တိုက်ပွဲဖြစ်တွေ ဖြစ်လာမလားတောင် မသိဘူး။

ဒါပေမဲ့ သူတို့က နောက်ဆုံး mission မတိုင်ခင် သတင်းတွေ ဖလှယ်ဖို့ လုပ်တာတော့ လက်ခံတယ်။ ငါနဲ့ ချောင်ချန့် တိုင်ပင်လိုက်ပြီးတော့၊ ဦးနစ်ခ်နဲ့ ဆရာကြီးဘန်းနဒစ်ရဲ့ သတင်းကို လျှို့ဝှက်ချက်တစ်ခုနဲ့ အလဲအလှယ်လုပ်လိုက်တယ်။

တရားစီရင်ရေးမှူးရဲ့သားက သူ့အဖေက လတိုင်း လစာရဲ့ အချို့တစ်ဝက်ကို ခဲခယ့်ဆိုတဲ့ ရုပ်သေးရုပ်ဆီ လျှို့ဝှက်ထောက်ပံ့နေတဲ့အကြောင်း ရှာတွေ့ထားတယ်။ အဲ့ဒီရုပ်သေးရုပ်က အလုပ်မရှိဘူး။ အပြင်က မိုင်းတွင်းဆီကိုလည်း မသွားဘူး။ အိမ်ထဲမှာပဲ တစ်နေကုန် ပုန်းနေတာတဲ့။ စရိတ်စက အကုန်လုံးကို တရားစီရင်ရေးမှူးက ထောက်ပံ့ပေးနေတာတဲ့"

ရှင်ယဲ့က ကွမ်းလင်၏ စကားကို နားထောင်နေရင်းမှာပဲ၊ တဒင်္ဂမှတ်ဉာဏ်ကို အမှီပြုပြီး QR code နှစ်ခုကို မီးသွေးခဲတံသုံး၍ စာရွက်ပေါ်၌ ချဆွဲလိုက်လေတော့သည်။ ကွမ်းလင်က စကားပြောနေသည့် တစ်ချိန်တည်းမှာပဲ၊ ရှင်ယဲ့က QR code ကို အလုံးစုံ အလွတ်ရအောင် မှတ်သားပြီးပြီဖြစ်သည်။

"မင်းတို့ ဘန်းနဒစ်ရဲ့ သားအကြောင်း ပြောခဲ့သေးလား?" ရှင်ယဲ့က မေးလိုက်၏။

"ဘယ်ပြောပြမလဲ" ကွမ်းလင်က ဆို၏။ "အဲ့လောက် အရေးကြီးတဲ့ သတင်းကိုတော့ ငါတို့ သူတို့ကို မပြောပြပါဘူး။ ဒါပေမဲ့ မြို့ပြင်က မိုင်းတွင်းအကြောင်းတွေတော့ ပြောပြလိုက်တယ်။ သူတို့လည်း မနက်ဖြန် သွားကြည့်မလို့ လုပ်နေတယ်"

ရှင်ယဲ့က ချီးကျူးလိုက်သည်: "လုပ်တာကောင်းတယ်။ တော်တယ်"

သူသာ ဆိုလျှင်လည်း ဒီအတိုင်းပဲ လုပ်မှာပင်။ အဓိကအရေးအကြီးဆုံး သဲလွန်စများကို ချန်လှပ်ထားပြီး ကိုယ်လိုအပ်တဲ့ အချက်အလက်ရအောင် အလဲအလှယ်လုပ်မှာဖြစ်သည်။

ရှင်ယဲ့က စဉ်းစားပြီးနောက် ဆိုလိုက်သည်: " မင်းတို့ကံကြမ္မာလိုက်နာသူတွေကို ခွဲပြီး နေရာချပေးထားတဲ့ ပုံစံက တော်တော်ပါးနပ်တယ်။ တစ်ယောက်ချင်းစီတိုင်းလိုလို အရေးကြီးတဲ့ သဲလွန်စတွေ အရယူနိုင်တယ်။

မြို့ပိုင်၊ ဦးနစ်ခ်၊ မိုင်းတွင်းပိုင်၊ တရားစီရင်ရေးမှူး၊ အဲ့ဒီလူတွေက ရုပ်သေးမြို့တော်ထဲမှာ အာဏာအရှိဆုံး လူတွေပဲ။ မင်းတို့ ရထားတဲ့ အချက်အလက်တွေကို အကုန် တစ်စုတစ်စည်းတည်းကြည့်လိုက်ရင်၊ ဒီကမ္ဘာရဲ့ mission ကို အကြမ်းဖျင်း သိနိုင်တယ်"

"ဟုတ်လား?" ကွမ်းလင်က အကြာကြီး တွေးတောနေသော်လည်း၊ ထို ရှုပ်ယှက်ခက်နေသည့် သဲလွန်စများကို တစ်စုတစ်စည်းတည်း ဆက်စပ်၍ မရနိုင်ဖြစ်‌ေနလေသည်။ "ငါက မြို့ပိုင်က လူဆိုး၊ ဘန်းနဒစ်ကို သတ်ချင်နေတဲ့ လူ။ ပြီးတော့ ဦးနစ်ခ် လူကောင်း၊ ငါတို့က သူ့ကို ကူညီပေးရမယ်ဆိုတာပဲ သိတယ်"

ရှင်ယဲ့ သူ ဒီနေ့ ရုပ်သေးမြို့တော်ထဲမှာ မြင်ခဲ့ကြားခဲ့ရသည့် အရာများကို သူတို့နှစ်ယောက်အား ပြောပြလိုက်ပြီးနောက်၊ နောက်ဆုံးအနေနှင့် အကျဉ်းချုံးလိုက်သည်:

"လူကောင်းနဲ့ လူဆိုးဆိုတာ အဲ့လို တစ်သမတ်တည်းပဲ ရှိနေတာမဟုတ်ဘူး။ ဦးနစ်ခ်ရဲ့ စကားကိုလည်း မျက်စိမှတ် ယုံလို့မရဘူး။ ဘန်းနဒစ်က ရုပ်သေးရုပ်တွေလုပ်ဖို့ပဲ စိတ်ဝင်စားပြီးတော့ တာဝန်ယူမှုမရှိဘဲနဲ့ ရုပ်သေးရုပ်တွေကို လူ့သဘာဝပေးခဲ့တာ။ ပြီးတော့ သူတို့ကို လူဖြစ်အောင် ဘယ်လို နေထိုင်ပြုမူရမလဲဆိုတာ မသင်ပေးခဲ့ဘူး။ မွေးကင်းစ ကလေးတွေကိုတောင် အဖေအမေက စိတ်ရှည်ရှည်နဲ့ သင်ပြပေးဖို့ လိုသေးတာပဲ။ အဲ့ဒါကို ဘန်းနဒစ်က သင်ပေးဖို့ စိတ်မဝင်စားဘူး။ နောက်ဆုံး ရုပ်သေးမြို့တော်က သူ့စိတ်ကူးထဲကအတိုင်း ကောင်းကောင်းမွန်မွန်ဖြစ်မလာတာကို သိသွားတော့၊ စွန့်ပစ်ပြီး ထွက်သွားတာပဲ။ သူ အဲ့လိုလုပ်တာ မှန်တယ်လို့ မင်းထင်လို့လား?"

ကွမ်းလင်က ခေါင်းခါလိုက်လေသည်။

ရှင်ယဲ့:  "ဘန်းနဒစ် ထွက်သွားပြီးတော့ မြို့ပိုင်က တရားစီရင်ရေးမှူးနဲ့အတူ ဒီလို ဗရုတ်သုတ်ခဖြစ်နေတဲ့ ရုပ်သေးရုပ်တွေကို လှုံ့ဆော်ပြီး၊ မင်းတို့ငါတို့ မြင်ခဲ့ရတဲ့ ပုံစံတကျဖြစ်နေတဲ့ ရုပ်သေးမြို့တော်ဖြစ်အောင် လုပ်ပေးခဲ့တာ။ သူ ဘန်းနဒစ်ကို မုန်းတာက  ဒီလို တာဝန်ယူမှုမရှိတဲ့ ဆရာကြီးက ရုပ်သေးရုပ်တွေကို ဆက်ပြီး ချုပ်ကိုင်နေမှာကို မလိုချင်လို့ဆိုရင် သူ့မှာ အပြစ်ရှိလား?

ငါတို့ မြို့ပြင်မှာ မြင်ခဲ့ရတဲ့အတိုင်း၊ ဘန်းနဒစ်က ရုပ်သေးမြို့တော်နားက မိုင်းတွင်းထက် သတ္တုရိုင်းတွေ အများကြီးပိုပေါတဲ့ မိုင်းတွင်းကို ပိုင်ထားတယ်။ သူက မိုင်းတွင်းထဲမှာ စမ်းသပ်ခန််းဆောက်ထားပြီး၊ တိုက်ခိုက်ရေးအင်အား အရမ်းကြီးတဲ့ ရုပ်သေးရုပ်အမျိုးအစား အသစ်တွေကို အဆက်မပြတ်လုပ်နေတယ်။ မင်းသာ မြို့ပိုင်ဆိုရင် ကိုယ့်ရဲ့ မြို့ပြင်မှာ အရင်းအမြစ်အပြည့်နဲ့ လက်နက်တပ်တစ်ခု တည်ရှိနေတာကို သည်းခံနေနိုင်မှာလား?

ဦးနစ်ခ်က ပါးစပ်ကသာ ဘန်းနဒစ်ကို လေးစားချစ်ခင်ပါတယ်ဆိုပြီး တဖွဖွပြောနေတာ။ ပြီးတော့ သူက စက်ရုပ်တွေကို တစ်ခါမှ မမြင်ဖူးပါဘူးဆိုပြီးလည်းပြောသေးတယ်။ ဒါဆို သူ့မှာ ဘာလို့ စက်ရုပ်တွေကို ရပ်နိုင်အောင်လုပ်တဲ့ အဝေးထိန်းခလုတ်ရှိနေရတာလဲ? သူက ဘန်းနဒစ်ဘာလုပ်လုပ် သူ ထောက်ခံမယ်ဆိုပြီး အခိုင်အမာပြောထားပြီးတော့၊ ငါတို့ မိုင်းတွင်း နှစ်ခေါက်တောင် သွားတာကို ဘာလို့ ဦးနစ်ခ်က အတူတူလိုက်မယ့် အရိပ်အယောင် နည်းနည်းလေးတောင် မပြရတာလဲ?

မိုင်းတွင်းက ရုပ်သေးမြို့တော်ရဲ့ တရားဝင်ပိုင်ဆိုင်မှု ဖြစ်သင့်တာကို၊ ဘာလို့ မြို့ပိုင်မဟုတ်တဲ့ လူတစ်ယောက်က ရုပ်သေးမြို့တော်က မြို့ခံတွေရဲ့ အသက်ကို ချုပ်ကိုင်နေရတာလဲ?"

ရှင်ယဲ့၏ တရစပ်မေးခွန်းများက ကွမ်းလင်ကို အလုံးစုံ နားဝေတိမ်တောင်ဖြစ်သွားစေ၏။ သူက အစက သတင်းများ လဲယူနိုင်ခဲ့သည်ဟူ၍ သူ့ကိုယ်သူ တကယ် တော်လှပြီဟု ထင်ထားသော်လည်း၊ ရှင်ယဲ့၏ ဝေဖန်သုံးသပ်ချက်များကို ကြားပြီးနောက်မှာတော့၊ ခေါင်းမှာ တဖန် သံချေးတက်သွားခဲ့တော့သည်။

ချောင်ချန့်က စာရွက်နှင့် ခဲတံကို ကိုင်ပြီး ဆက်နွယ်မှုပြဇယားကို တစ်ချိန်လုံး ရေးဆွဲနေခဲ့သည်။ ရှင်ယဲ့၏ မေးခွန်းအဆုံးမှာတော့၊ သူမက ဆက်နွယ်မှုဇယားကို လက်ညှိုးထိုးပြကာ မေးလိုက်လေ၏: "ဘာလို့ တရားစီရင်ရေးမှူးနဲ့ ပတ်သက်ပြီးတော့ မေးခွန်းထုတ်စရာမရှိရတာလဲ? "

ရှင်ယဲ့က ဆို၏: "ရထားတဲ့အချက်အလက်တွေ အရမ်းနည်းလွန်းတယ်။ တကယ်တော့ အဓိကအရေးအကြီးဆုံး အချက်အလက်က သူ့ဆီမှာ ရှိလိမ့်မယ်လို့ ငါထင်နေတယ်။ မနက်ဖြန် ငါတို့ မိုင်းတွင်းဆီ မသွားဘူး။  ခဲခယ့်ဆီ သွားကြည့်ကြမယ်"

"ကံကြမ္မာလိုက်နာသူ နှစ်ယောက်က ခဲခယ့်ဆီ သွားတွေ့ပြီးကြပြီ။ သူက သာမန် အမျိုးသမီးရုပ်သေးရုပ်ပဲ။ ရိုးရိုးသားသား အိမ်ရှင်မ တစ်ယောက်ပုံစံမျိုးပဲတဲ့။ တရားစီရင်ရေးအရာရှိသားက နောက်ဆုံးတော့ သူ့အဖေက နောက်မီးလင်းနေတယ် ဆိုပြီးပဲ ထင်လိုက်တယ်" ကွမ်းလင်က ဆိုလိုက်၏။

"အဲ့လိုလား?" ရှင်ယဲ့ မေးစေ့ ပြုတ်ကျသွားပြီး၊ အဆုံး၌​ ကျေနပ်သော အပြုံးတစ်ခုကို ပြုံးပြလိုက်လေသည်။ "ငါ့အထင် ငါ နားလည်သွားပြီ ထင်တယ်"

"နား.. နားလည်သွားပြီ?" ကွမ်းလင်မှာ အလိုလို ထောင့်ကို ကပ်သွားမိသည်။ သူ့ ဦးနှောက်က သုံးလို့ကော ရသေးရဲ့လား!

ရှင်ယဲ့က ဆိုလိုက်၏: "အပေါ်ယံကြည့်မယ်ဆိုရင်တော့၊ ဘန်းနဒစ်က အမှန်တရားကိုဆိုတဲ့ ရုပ်သေးရုပ်ပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက သူက မြို့ပိုင်ဆီကနေ နှောင့်ယှက်ခံရပြီး ရုပ်သေးမြို့တော်ကို စွန့်ခွါသွားတယ်။ ဒါပေမဲ့ သူ့သားအတွက် လုပ်ပေးခဲ့တဲ့ ရုပ်သေးကိုယ်ထည်က ရုပ်သေးမြို့တော်ထဲမှာ ရှိနေသေးတယ်။  သူရဲ့ ဆန္ဒက သားရဲ့ ကိုယ်ထည်ကို ရှာဖို့၊ ပြီးရင် အဲ့ဒီရုပ်သေးရုပ်ကို မိုင်းတွင်းထဲဆီအရောက်ပို့ဖို့အတွက် ကစားသူတွေကို တောင်းဆိုဖို့ ဖြစ်နိုင်လိမ့်မယ်။

ကံကြမ္မာလိုက််နာသူနှစ်ယောက်က မကြာခင် ခဲခယ့်က ဘန်းနဒစ်ရဲ့သားကို တစ်လျှောက်လုံး ကာကွယ်စောင့်ရှောက်ပေးနေတယ်ဆိုတာ သိသွားကြလိမ့်မယ်။ သူ့ရဲ့ သာမန်ရိုးကျဖြစ်ပုံက၊ မြို့ပိုင်ကတောင် ရှာတွေ့ဖို့ အရမ်းခက်တဲ့အထိ သာမန်ဆန်လွန်းတာမို့လို့၊ ဘန်းနဒစ်ရဲ့သားကို ဒီလောက်နှစ်တွေအကြာကြီး ဖွက်ထားနိုင်တာ။

ဘန်းနဒစ်ကို နှလုံးထည့်ဖို့ ကူညီပေးပြီးရင်တော့၊  ကစားသူတွေရဲ့ mission က ပြီးသွားလောက်လိမ့်မယ်။ ဒီကမ္ဘာကို စွန့်ခွါရမှာပေါ့။ လူတိုင်း ခန့်မှန်းချေ.... ၁၀၀ မဟုတ် ၂၀၀ ပွိုင့်လောက် ရကြလိမ့်မယ်"

အရင်ကအတိုင်းသာဆိုလျှင်၊ ကွမ်းလင်က 'ဟင်၊ ဒါက နိုင်သွားတာမဟုတ်ဘူးလား?' ဟု ပြောမိလိုက်မှာဖြစ်သည်။

သို့သော် ကျောင်းဝန်းကမ္ဘာ၏ အစစ်အမှန်ဇာတ်သိမ်းကို တွေ့ကြုံခဲ့ရသည့်အပြင်၊ ပွိုင့် ၂၀၀၀အထိရကာ ချမ်းသာလာခဲ့ပြီးနောက်မှာတော့၊ ၁၀၀ သို့မဟုတ် ၂၀၀ ပွိုင့်က အပေါ်ယံဇာတ်သိမ်းကို အောင်နိုင်မှု အတွက်လောက်သာဖြစ်ပြီး၊ အပေါ်ယံဇာတ်သိမ်းဖြင့် အောင်နိုင်သွားခဲ့သည့်အခါ၌၊ အစစ်အမှန်ဇာတ်သိမ်းက အမှန်တကယ် ဆိုးဝါးသွားမည်ဖြစ်ကြောင်းကို နားလည်ခဲ့ရလေသည်။ 











(Zawgyi)


                Chapter 65 _ ခဲခယ့္


T/N _ ခဲခယ့္က အဂၤလိပ္နာမည္ေပမဲ့ အသံထြက္မေသခ်ာလို႔ တ႐ုတ္လို အသံထြက္ (科克) ကိုပဲ တိုက္႐ိုက္ျပန္ေရးထားတာပါ။
_______________

ရွင္ယဲ့က ဘာလို႔ သူရဲ႕ အုပ္စုေ႐ြးခ်ယ္ခဲ့သည့္ အေၾကာင္းအရင္းကို ေမးေနမွန္း ကြမ္းလင္ နားမလည္ေခ်။ သူက ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖင့္သာ ဆက္ေျပာေလသည္: "ေဘာ့စ္၊ QR code ေတြ ရွာေတြ႕ခဲ့တာအျပင္၊ က်န္တဲ့ ကံၾကမၼာလိုက္နာသူႏွစ္ေယာက္နဲ႔ လွ်ိဳ႕ဝွက္ခ်က္ႀကီးတစ္ခုကိုပါ သိခဲ့ရေသးတယ္!"

က်န္ေနတဲ့ ကံၾကမၼာလိုက္နာသူႏွစ္ေယာက္ကိုပါ ရွာေတြ႕ခဲ့တာလား? ကြမ္းလင္၏ ခရီးေရာက္ႏႈန္းကေတာ့ အေတာ္ျမန္ေလသည္။ ရွင္ယဲ့ သူ႔ကို မယုံၾကည္ေပ။ သို႔ေသာ္ အဖြဲ႕ထဲမွာ လိုက္နာသူတစ္ေယာက္ရွိသည္က ေတာ္ေတာ္ေလး အဆင္ေျပသည္။ သီခြမ့္က ကံၾကမၼာလိုက္နာသူေတြ ဒီေလာက္အမ်ားႀကီး စုေဆာင္းေနသည္မွာလည္း အံ့ဩစရာမဟုတ္ေပ။

ရွင္ယဲ့ QR code ကို က်က္လိုက္ၿပီးေနာက္၊ ကြမ္းလင္ထံ ျပန္ေပးကာ ဆိုလိုက္သည္: "မင္းဘာသာမင္း ခြဲတမ္းခ်လိုက္"

"ဟင္?" ကြမ္းလင္က ဆို၏။ "ေဘာစ့္၊ မင္း ငါ့ရဲ႕ မူလစြမ္းရည္ကို သိရဲ႕သားနဲ႔။ ငါ့ဆီ QR code ေတြအပ္ထားရင္ အခ်ည္းအႏွီးျဖစ္႐ုံပဲရွိမွာေပါ့"

ရွင္ယဲ့: "မြဲျပာက်မိသားစုက နာမည္ကေန မွန္းၾကည့္လို႔ရသေလာက္၊ ေနာက္ဆုံးမတတ္သာတဲ့ အေျခအေနမွာမွ အသုံးျပဳသင့္တဲ့ စြမ္းရည္ပဲ။ မင္းက ဒီတိုင္းသာမန္စြမ္းရည္တစ္ခုလို႔ပဲ  သတ္မွတ္လိုက္လို႔မရဘူး။ မင္းက အဲ့လိုေတြးရင္၊ မင္းရဲ႕ အခန္းက႑က ခုခံကာကြယ္ေရး item တစ္ခုပဲ ျဖစ္ေနမွာပဲ။ ဘယ္ေတာ့မွ အဖြဲ႕သားေတြနဲ႔ အတူပူးေပါင္းၿပီး တိုက္ခိုက္ႏိုင္မွာမဟုတ္ဘူး"

ကြမ္းလင္မွာ သူ၏ မူလစြမ္းရည္ကို စတင္သိရွိခဲ့ရသည့္ အခ်ိန္ကတည္းက၊ သူ႔ကိုယ္သူ အထိန္းေတာ္္တစ္္ေယာက္အျဖစ္ ေက်ေက်နပ္နပ္ ရႈျမင္ထားခဲ့ကာ၊ ေနရာရၿပီး လုံၿခဳံမႈရွိသည္ဟုလည္း ခံစားခဲ့ရသည္။ သီခြမ့္ႏွင့္ အဖြဲ႕မဖြဲ႕ခင္အခ်ိန္က ဝင္ခဲ့သည့္ ယာယီအဖြဲ႕ေလးထဲမွာေတာင္၊ QR code အနည္းငယ္မွ်ကိုသာ အသုံးျပဳခဲ့ၿပီး၊ အခ်ိန္ေတာ္ေတာ္မ်ားမ်ား၌ အသက္မ်ား ကယ္တင္ရင္းျဖင့္သာ ကုန္ဆုံးခဲ့သည္။ ယခု ရွင္ယဲ့၏ စကားက ကြမ္းလင္ အရင္က သိျမင္ခဲ့သည့္အရာမ်ားကို ယိုင္လဲေစခဲ့သည္ဟု ဆို၍ရႏိုင္တာေၾကာင့္၊ သူ မေနႏိုင္စြာျဖင့္ စဥ္းစားမိလိုက္မိေလသည္။ ငါလည္း ေရွ႕တန္းကေန တိုက္ခိုက္လို႔ ရႏိုင္တယ္လား?

ေခ်ာင္ခ်န္႔က သူ၏ စိတ္အေျခအေနကို နားလည္သည့္အတြက္၊ သူ႔ ပခုံးကို ပုတ္ေပးလိုက္ေလ၏: "ရွင္ယဲ့ ေျပာတာမွန္တယ္။ ကိုယ့္ကိုယ္ကိုယ္ ေဘာင္ခတ္္မထားနဲ႔"

အရင္က ေခ်ာင္ခ်န္႔လည္း သူမကိုယ္သူမ အစြန္႔ပစ္ခံ ေၾကးစားလူမိုက္တစ္ေယာက္ဟုသာ ထင္ျမင္ခဲ့ၿပီး၊ ျပႆနာေတြအေၾကာင္း စဥ္းစားၾကည့္ဖို႔ စိတ္မကူးခဲ့ေခ်။ သူမ၏ ေတြးေခၚေမွ်ာ္ျမင္ႏိုင္စြမ္းကို ျဖည္းျဖည္းခ်င္း ၫႊန္ၾကားေလ့က်င့္ေပးခဲ့သူမွာ ရွင္ယဲ့သာျဖစ္သည္။

ေခ်ာင္ခ်န္႔က ဦးစြာဆိုလိုက္သည္: "QR code ေတြအကုန္လုံးကို နင္ပဲ သိမ္းထားလိုက္။ ငါ မယူဘူး။ အဲ့ဒါေတြအကုန္ နင္ပဲ ရွာေတြ႕ခဲ့တာေလ။ QR code ေတြကို မ်ားမ်ား ေလ့က်င့္ၿပီး သုံးၾကည့္။ အဲ့လိုဆိုရင္ မတူတဲ့ တိုက္ခိုက္ေရးပုံစံေတြ ရွာေတြ႕ႏိုင္ေလာက္တယ္"

ကြမ္းလင္က စကားနားေထာင္၍ QR code ကို scan ဖတ္လိုက္ၿပီးေနာက္၊ ရင္ဘတ္ကို ထုကာ အသံက်ယ္က်ယ္ျဖင့္ ဆိုလိုက္ေလသည္: "ေဘာ့စ္၊ ငါ ႀကိဳးစားပါ့မယ္!"

"ေကာင္းတာေပါ့။ သန္မာလာေအာင္ ႀကိဳးစားေပါ့" ရွင္ယဲ့က ေဖ်ာေတာ့ေတာ့ ဆိုလိုက္ေလ၏။ "မင္း ဘာေတြေတြ႕လာတာလဲဆိုတာ ေျပာပါဦး"

ကြမ္းလင္က စိတ္လႈပ္ရွားစြာ ဆိုေလ၏: "အဲ့ဒီ ကံၾကမၼာလိုက္နာသူႏွစ္ေယာက္က အမိုက္စားပဲ။ ေနာက္ခံမ်ိဳး႐ိုးကလည္း ငါ့ထက္ ပိုေကာင္းတယ္။ သူတို႔ထဲက တစ္ေယာက္က မိုင္းတြင္းပိုင္ရွင္လည္းျဖစ္၊ ႐ုပ္ေသးၿမိဳ႕ေတာ္က အခ်မ္းသာဆုံးလည္းျဖစ္တဲ့ သူရဲ႕ သား။ တစ္ေယာက္က တရားစီရင္ေရးမႉးရဲ႕သား။ ၿပီးေတာ့ အဲ့ဒီ ပိုက္ဆံရွိၿပီး ပါဝါရွိတဲ့ ကံၾကမၼာလိုက္နာသူႏွစ္ေယာက္က တစ္ဖြဲ႕တည္းေတြ။ ငါတို႔နဲ႔ ပူးေပါင္းဖို႔ ဆႏၵေတာ့ လုံးဝမရွိဘူး။ ပြိဳင့္ေတြရဖို႔ တိုက္ပြဲျဖစ္ေတြ ျဖစ္လာမလားေတာင္ မသိဘူး။

ဒါေပမဲ့ သူတို႔က ေနာက္ဆုံး mission မတိုင္ခင္ သတင္းေတြ ဖလွယ္ဖို႔ လုပ္တာေတာ့ လက္ခံတယ္။ ငါနဲ႔ ေခ်ာင္ခ်န္႔ တိုင္ပင္လိုက္ၿပီးေတာ့၊ ဦးနစ္ခ္နဲ႔ ဆရာႀကီးဘန္းနဒစ္ရဲ႕ သတင္းကို လွ်ိဳ႕ဝွက္ခ်က္တစ္ခုနဲ႔ အလဲအလွယ္လုပ္လိုက္တယ္။

တရားစီရင္ေရးမႉးရဲ႕သားက သူ႔အေဖက လတိုင္း လစာရဲ႕ အခ်ိဳ႕တစ္ဝက္ကို ခဲခယ့္ဆိုတဲ့ ႐ုပ္ေသး႐ုပ္ဆီ လွ်ိဳ႕ဝွက္ေထာက္ပံ့ေနတဲ့အေၾကာင္း ရွာေတြ႕ထားတယ္။ အဲ့ဒီ႐ုပ္ေသး႐ုပ္က အလုပ္မရွိဘူး။ အျပင္က မိုင္းတြင္းဆီကိုလည္း မသြားဘူး။ အိမ္ထဲမွာပဲ တစ္ေနကုန္ ပုန္းေနတာတဲ့။ စရိတ္စက အကုန္လုံးကို တရားစီရင္ေရးမႉးက ေထာက္ပံ့ေပးေနတာတဲ့"

ရွင္ယဲ့က ကြမ္းလင္၏ စကားကို နားေထာင္ေနရင္းမွာပဲ၊ တဒဂၤမွတ္ဉာဏ္ကို အမွီျပဳၿပီး QR code ႏွစ္ခုကို မီးေသြးခဲတံသုံး၍ စာ႐ြက္ေပၚ၌ ခ်ဆြဲလိုက္ေလေတာ့သည္။ ကြမ္းလင္က စကားေျပာေနသည့္ တစ္ခ်ိန္တည္းမွာပဲ၊ ရွင္ယဲ့က QR code ကို အလုံးစုံ အလြတ္ရေအာင္ မွတ္သားၿပီးၿပီျဖစ္သည္။

"မင္းတို႔ ဘန္းနဒစ္ရဲ႕ သားအေၾကာင္း ေျပာခဲ့ေသးလား?" ရွင္ယဲ့က ေမးလိုက္၏။

"ဘယ္ေျပာျပမလဲ" ကြမ္းလင္က ဆို၏။ "အဲ့ေလာက္ အေရးႀကီးတဲ့ သတင္းကိုေတာ့ ငါတို႔ သူတို႔ကို မေျပာျပပါဘူး။ ဒါေပမဲ့ ၿမိဳ႕ျပင္က မိုင္းတြင္းအေၾကာင္းေတြေတာ့ ေျပာျပလိုက္တယ္။ သူတို႔လည္း မနက္ျဖန္ သြားၾကည့္မလို႔ လုပ္ေနတယ္"

ရွင္ယဲ့က ခ်ီးက်ဴးလိုက္သည္: "လုပ္တာေကာင္းတယ္။ ေတာ္တယ္"

သူသာ ဆိုလွ်င္လည္း ဒီအတိုင္းပဲ လုပ္မွာပင္။ အဓိကအေရးအႀကီးဆုံး သဲလြန္စမ်ားကို ခ်န္လွပ္ထားၿပီး ကိုယ္လိုအပ္တဲ့ အခ်က္အလက္ရေအာင္ အလဲအလွယ္လုပ္မွာျဖစ္သည္။

ရွင္ယဲ့က စဥ္းစားၿပီးေနာက္ ဆိုလိုက္သည္: " မင္းတို႔ကံၾကမၼာလိုက္နာသူေတြကို ခြဲၿပီး ေနရာခ်ေပးထားတဲ့ ပုံစံက ေတာ္ေတာ္ပါးနပ္တယ္။ တစ္ေယာက္ခ်င္းစီတိုင္းလိုလို အေရးႀကီးတဲ့ သဲလြန္စေတြ အရယူႏိုင္တယ္။

ၿမိဳ႕ပိုင္၊ ဦးနစ္ခ္၊ မိုင္းတြင္းပိုင္၊ တရားစီရင္ေရးမႉး၊ အဲ့ဒီလူေတြက ႐ုပ္ေသးၿမိဳ႕ေတာ္ထဲမွာ အာဏာအရွိဆုံး လူေတြပဲ။ မင္းတို႔ ရထားတဲ့ အခ်က္အလက္ေတြကို အကုန္ တစ္စုတစ္စည္းတည္းၾကည့္လိုက္ရင္၊ ဒီကမာၻရဲ႕ mission ကို အၾကမ္းဖ်င္း သိႏိုင္တယ္"

"ဟုတ္လား?" ကြမ္းလင္က အၾကာႀကီး ေတြးေတာေနေသာ္လည္း၊ ထို ရႈပ္ယွက္ခက္ေနသည့္ သဲလြန္စမ်ားကို တစ္စုတစ္စည္းတည္း ဆက္စပ္၍ မရႏိုင္ျဖစ္‌ေနေလသည္။ "ငါက ၿမိဳ႕ပိုင္က လူဆိုး၊ ဘန္းနဒစ္ကို သတ္ခ်င္ေနတဲ့ လူ။ ၿပီးေတာ့ ဦးနစ္ခ္ လူေကာင္း၊ ငါတို႔က သူ႔ကို ကူညီေပးရမယ္ဆိုတာပဲ သိတယ္"

ရွင္ယဲ့ သူ ဒီေန႔ ႐ုပ္ေသးၿမိဳ႕ေတာ္ထဲမွာ ျမင္ခဲ့ၾကားခဲ့ရသည့္ အရာမ်ားကို သူတို႔ႏွစ္ေယာက္အား ေျပာျပလိုက္ၿပီးေနာက္၊ ေနာက္ဆုံးအေနႏွင့္ အက်ဥ္းခ်ဳံးလိုက္သည္:

"လူေကာင္းနဲ႔ လူဆိုးဆိုတာ အဲ့လို တစ္သမတ္တည္းပဲ ရွိေနတာမဟုတ္ဘူး။ ဦးနစ္ခ္ရဲ႕ စကားကိုလည္း မ်က္စိမွတ္ ယုံလို႔မရဘူး။ ဘန္းနဒစ္က ႐ုပ္ေသး႐ုပ္ေတြလုပ္ဖို႔ပဲ စိတ္ဝင္စားၿပီးေတာ့ တာဝန္ယူမႈမရွိဘဲနဲ႔ ႐ုပ္ေသး႐ုပ္ေတြကို လူ႔သဘာဝေပးခဲ့တာ။ ၿပီးေတာ့ သူတို႔ကို လူျဖစ္ေအာင္ ဘယ္လို ေနထိုင္ျပဳမူရမလဲဆိုတာ မသင္ေပးခဲ့ဘူး။ ေမြးကင္းစ ကေလးေတြကိုေတာင္ အေဖအေမက စိတ္ရွည္ရွည္နဲ႔ သင္ျပေပးဖို႔ လိုေသးတာပဲ။ အဲ့ဒါကို ဘန္းနဒစ္က သင္ေပးဖို႔ စိတ္မဝင္စားဘူး။ ေနာက္ဆုံး ႐ုပ္ေသးၿမိဳ႕ေတာ္က သူ႔စိတ္ကူးထဲကအတိုင္း ေကာင္းေကာင္းမြန္မြန္ျဖစ္မလာတာကို သိသြားေတာ့၊ စြန္႔ပစ္ၿပီး ထြက္သြားတာပဲ။ သူ အဲ့လိုလုပ္တာ မွန္တယ္လို႔ မင္းထင္လို႔လား?"

ကြမ္းလင္က ေခါင္းခါလိုက္ေလသည္။

ရွင္ယဲ့:  "ဘန္းနဒစ္ ထြက္သြားၿပီးေတာ့ ၿမိဳ႕ပိုင္က တရားစီရင္ေရးမႉးနဲ႔အတူ ဒီလို ဗ႐ုတ္သုတ္ချဖစ္ေနတဲ့ ႐ုပ္ေသး႐ုပ္ေတြကို လႈံ႕ေဆာ္ၿပီး၊ မင္းတို႔ငါတို႔ ျမင္ခဲ့ရတဲ့ ပုံစံတက်ျဖစ္ေနတဲ့ ႐ုပ္ေသးၿမိဳ႕ေတာ္ျဖစ္ေအာင္ လုပ္ေပးခဲ့တာ။ သူ ဘန္းနဒစ္ကို မုန္းတာက  ဒီလို တာဝန္ယူမႈမရွိတဲ့ ဆရာႀကီးက ႐ုပ္ေသး႐ုပ္ေတြကို ဆက္ၿပီး ခ်ဳပ္ကိုင္ေနမွာကို မလိုခ်င္လို႔ဆိုရင္ သူ႔မွာ အျပစ္ရွိလား?

ငါတို႔ ၿမိဳ႕ျပင္မွာ ျမင္ခဲ့ရတဲ့အတိုင္း၊ ဘန္းနဒစ္က ႐ုပ္ေသးၿမိဳ႕ေတာ္နားက မိုင္းတြင္းထက္ သတၱဳ႐ိုင္းေတြ အမ်ားႀကီးပိုေပါတဲ့ မိုင္းတြင္းကို ပိုင္ထားတယ္။ သူက မိုင္းတြင္းထဲမွာ စမ္းသပ္ခန္္းေဆာက္ထားၿပီး၊ တိုက္ခိုက္ေရးအင္အား အရမ္းႀကီးတဲ့ ႐ုပ္ေသး႐ုပ္အမ်ိဳးအစား အသစ္ေတြကို အဆက္မျပတ္လုပ္ေနတယ္။ မင္းသာ ၿမိဳ႕ပိုင္ဆိုရင္ ကိုယ့္ရဲ႕ ၿမိဳ႕ျပင္မွာ အရင္းအျမစ္အျပည့္နဲ႔ လက္နက္တပ္တစ္ခု တည္ရွိေနတာကို သည္းခံေနႏိုင္မွာလား?

ဦးနစ္ခ္က ပါးစပ္ကသာ ဘန္းနဒစ္ကို ေလးစားခ်စ္ခင္ပါတယ္ဆိုၿပီး တဖြဖြေျပာေနတာ။ ၿပီးေတာ့ သူက စက္႐ုပ္ေတြကို တစ္ခါမွ မျမင္ဖူးပါဘူးဆိုၿပီးလည္းေျပာေသးတယ္။ ဒါဆို သူ႔မွာ ဘာလို႔ စက္႐ုပ္ေတြကို ရပ္ႏိုင္ေအာင္လုပ္တဲ့ အေဝးထိန္းခလုတ္ရွိေနရတာလဲ? သူက ဘန္းနဒစ္ဘာလုပ္လုပ္ သူ ေထာက္ခံမယ္ဆိုၿပီး အခိုင္အမာေျပာထားၿပီးေတာ့၊ ငါတို႔ မိုင္းတြင္း ႏွစ္ေခါက္ေတာင္ သြားတာကို ဘာလို႔ ဦးနစ္ခ္က အတူတူလိုက္မယ့္ အရိပ္အေယာင္ နည္းနည္းေလးေတာင္ မျပရတာလဲ?

မိုင္းတြင္းက ႐ုပ္ေသးၿမိဳ႕ေတာ္ရဲ႕ တရားဝင္ပိုင္ဆိုင္မႈ ျဖစ္သင့္တာကို၊ ဘာလို႔ ၿမိဳ႕ပိုင္မဟုတ္တဲ့ လူတစ္ေယာက္က ႐ုပ္ေသးၿမိဳ႕ေတာ္က ၿမိဳ႕ခံေတြရဲ႕ အသက္ကို ခ်ဳပ္ကိုင္ေနရတာလဲ?"

ရွင္ယဲ့၏ တရစပ္ေမးခြန္းမ်ားက ကြမ္းလင္ကို အလုံးစုံ နားေဝတိမ္ေတာင္ျဖစ္သြားေစ၏။ သူက အစက သတင္းမ်ား လဲယူႏိုင္ခဲ့သည္ဟူ၍ သူ႔ကိုယ္သူ တကယ္ ေတာ္လွၿပီဟု ထင္ထားေသာ္လည္း၊ ရွင္ယဲ့၏ ေဝဖန္သုံးသပ္ခ်က္မ်ားကို ၾကားၿပီးေနာက္မွာေတာ့၊ ေခါင္းမွာ တဖန္ သံေခ်းတက္သြားခဲ့ေတာ့သည္။

ေခ်ာင္ခ်န္႔က စာ႐ြက္ႏွင့္ ခဲတံကို ကိုင္ၿပီး ဆက္ႏြယ္မႈျပဇယားကို တစ္ခ်ိန္လုံး ေရးဆြဲေနခဲ့သည္။ ရွင္ယဲ့၏ ေမးခြန္းအဆုံးမွာေတာ့၊ သူမက ဆက္ႏြယ္မႈဇယားကို လက္ညႇိဳးထိုးျပကာ ေမးလိုက္ေလ၏: "ဘာလို႔ တရားစီရင္ေရးမႉးနဲ႔ ပတ္သက္ၿပီးေတာ့ ေမးခြန္းထုတ္စရာမရွိရတာလဲ? "

ရွင္ယဲ့က ဆို၏: "ရထားတဲ့အခ်က္အလက္ေတြ အရမ္းနည္းလြန္းတယ္။ တကယ္ေတာ့ အဓိကအေရးအႀကီးဆုံး အခ်က္အလက္က သူ႔ဆီမွာ ရွိလိမ့္မယ္လို႔ ငါထင္ေနတယ္။ မနက္ျဖန္ ငါတို႔ မိုင္းတြင္းဆီ မသြားဘူး။  ခဲခယ့္ဆီ သြားၾကည့္ၾကမယ္"

"ကံၾကမၼာလိုက္နာသူ ႏွစ္ေယာက္က ခဲခယ့္ဆီ သြားေတြ႕ၿပီးၾကၿပီ။ သူက သာမန္ အမ်ိဳးသမီး႐ုပ္ေသး႐ုပ္ပဲ။ ႐ိုး႐ိုးသားသား အိမ္ရွင္မ တစ္ေယာက္ပုံစံမ်ိဳးပဲတဲ့။ တရားစီရင္ေရးအရာရွိသားက ေနာက္ဆုံးေတာ့ သူ႔အေဖက ေနာက္မီးလင္းေနတယ္ ဆိုၿပီးပဲ ထင္လိုက္တယ္" ကြမ္းလင္က ဆိုလိုက္၏။

"အဲ့လိုလား?" ရွင္ယဲ့ ေမးေစ့ ျပဳတ္က်သြားၿပီး၊ အဆုံး၌​ ေက်နပ္ေသာ အၿပဳံးတစ္ခုကို ၿပဳံးျပလိုက္ေလသည္။ "ငါ့အထင္ ငါ နားလည္သြားၿပီ ထင္တယ္"

"နား.. နားလည္သြားၿပီ?" ကြမ္းလင္မွာ အလိုလို ေထာင့္ကို ကပ္သြားမိသည္။ သူ႔ ဦးေႏွာက္က သုံးလို႔ေကာ ရေသးရဲ႕လား!

ရွင္ယဲ့က ဆိုလိုက္၏: "အေပၚယံၾကည့္မယ္ဆိုရင္ေတာ့၊ ဘန္းနဒစ္က အမွန္တရားကိုဆိုတဲ့ ႐ုပ္ေသး႐ုပ္ပဲ။ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာတုန္းက သူက ၿမိဳ႕ပိုင္ဆီကေန ေႏွာင့္ယွက္ခံရၿပီး ႐ုပ္ေသးၿမိဳ႕ေတာ္ကို စြန္႔ခြါသြားတယ္။ ဒါေပမဲ့ သူ႔သားအတြက္ လုပ္ေပးခဲ့တဲ့ ႐ုပ္ေသးကိုယ္ထည္က ႐ုပ္ေသးၿမိဳ႕ေတာ္ထဲမွာ ရွိေနေသးတယ္။  သူရဲ႕ ဆႏၵက သားရဲ႕ ကိုယ္ထည္ကို ရွာဖို႔၊ ၿပီးရင္ အဲ့ဒီ႐ုပ္ေသး႐ုပ္ကို မိုင္းတြင္းထဲဆီအေရာက္ပို႔ဖို႔အတြက္ ကစားသူေတြကို ေတာင္းဆိုဖို႔ ျဖစ္ႏိုင္လိမ့္မယ္။

ကံၾကမၼာလိုက္္နာသူႏွစ္ေယာက္က မၾကာခင္ ခဲခယ့္က ဘန္းနဒစ္ရဲ႕သားကို တစ္ေလွ်ာက္လုံး ကာကြယ္ေစာင့္ေရွာက္ေပးေနတယ္ဆိုတာ သိသြားၾကလိမ့္မယ္။ သူ႔ရဲ႕ သာမန္႐ိုးက်ျဖစ္ပုံက၊ ၿမိဳ႕ပိုင္ကေတာင္ ရွာေတြ႕ဖို႔ အရမ္းခက္တဲ့အထိ သာမန္ဆန္လြန္းတာမို႔လို႔၊ ဘန္းနဒစ္ရဲ႕သားကို ဒီေလာက္ႏွစ္ေတြအၾကာႀကီး ဖြက္ထားႏိုင္တာ။

ဘန္းနဒစ္ကို ႏွလုံးထည့္ဖို႔ ကူညီေပးၿပီးရင္ေတာ့၊  ကစားသူေတြရဲ႕ mission က ၿပီးသြားေလာက္လိမ့္မယ္။ ဒီကမာၻကို စြန္႔ခြါရမွာေပါ့။ လူတိုင္း ခန္႔မွန္းေခ်.... ၁၀၀ မဟုတ္ ၂၀၀ ပြိဳင့္ေလာက္ ရၾကလိမ့္မယ္"

အရင္ကအတိုင္းသာဆိုလွ်င္၊ ကြမ္းလင္က 'ဟင္၊ ဒါက ႏိုင္သြားတာမဟုတ္ဘူးလား?' ဟု ေျပာမိလိုက္မွာျဖစ္သည္။

သို႔ေသာ္ ေက်ာင္းဝန္းကမာၻ၏ အစစ္အမွန္ဇာတ္သိမ္းကို ေတြ႕ႀကဳံခဲ့ရသည့္အျပင္၊ ပြိဳင့္ ၂၀၀၀အထိရကာ ခ်မ္းသာလာခဲ့ၿပီးေနာက္မွာေတာ့၊ ၁၀၀ သို႔မဟုတ္ ၂၀၀ ပြိဳင့္က အေပၚယံဇာတ္သိမ္းကို ေအာင္ႏိုင္မႈ အတြက္ေလာက္သာျဖစ္ၿပီး၊ အေပၚယံဇာတ္သိမ္းျဖင့္ ေအာင္ႏိုင္သြားခဲ့သည့္အခါ၌၊ အစစ္အမွန္ဇာတ္သိမ္းက အမွန္တကယ္ ဆိုးဝါးသြားမည္ျဖစ္ေၾကာင္းကို နားလည္ခဲ့ရေလသည္။ 












Continue Reading

You'll Also Like

1.6M 205K 163
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
1.1M 132K 43
လက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?