Zgy
Mine 26
"မင္းေရာ ဘယ္လိုသေဘာရလဲ.."
ဘတ္ဟြၽန္းမ်က္ဝန္းေတြ စိုစြတ္လာသလိုပဲ။ တည့္တည့္မတ္မတ္စိုက္ၾကည့္ခံေနရတဲ့ မ်က္ဝန္းညိုေတြမွာ ဘတ္ဟြၽန္းဟာ အညို႔ခံရသူလို မလြဲမေသြကပ္ညိေနခဲ့တယ္။
"ဟင္ ဟြၽန္းနီး."
"ျပန္ေတာ့.."
"တကယ္ဆို ကိုယ္ဒဏ္ရါရထားတာ.."
"ဘယ္လို..."
"မင္းက မုန္းတယ္ဆိုတာပဲ ေျပာေနလို႔ ကိုယ္က .."
"ဘာျဖစ္လာတာလဲ..."
"မစီးတာၾကာတဲ့ စကိတ္ဘုတ္ေလး စမ္းစီးၾကည့္ခဲ့တာ..."
"ဘာ..."
"ကင္ၪီးေလးႀကီးကေျပာတယ္..
မင္းကိုယ့္အတြက္ သိမ္းထားတာဆို.."
"မဟုတ္မွ မင္း..."
"အင္း လိမၼော္ေရာင္ စကိတ္ဘုတ္ေလး.."
"ျပန္ေပး.."
"တစ္ဘဝစါ မင္းထမ္းပိုးထားရတဲ့ ဝန္ထုပ္ကို မ်ွခ်င္ၿပီ ဟြၽန္းနီး..
အရာအားလံုးအတြက္ မင္းသိခ်င္တယ္ဆိုရင္ ကိုယ္က ရွင္းျပေပးခ်င္တယ္..
မနက္ျဖန္ ကိုယ္နဲ႔ အခ်ိန္ေပးမလား"
"မအားဘူး...."
"အဲ့ဒီေန့က အေဖ Accident ျဖစ္လို႔ အေလာတႀကီး ဆိုလ္းကိုသြားလိုက္ရတာ.."
ဘတ္ဟြၽန္း မ်က္လံုးေလးေတြ မိႈင္းညို႔သြားတယ္။ မင္းဒီလိုေတြ ျဖစ္သြားမွာမို႔ ငါက နာက်င္စရာအတိတ္တစ္ခ်ိဳ႕ကို ေပးမသိခ်င္ခဲ့တာ။ မင္းဘယ္လိုကြယ္ဝွက္တတ္တယ္ပဲ ထင္ေနပါေစ ဒီေကာင္က မင္းရဲ့ ေသြးေၾကာေတြကအစ အလြတ္က်က္တတ္ခဲ့တာ ၆ ႏွစ္သားအရြယ္ထဲက။ မင္းသာမသိခဲ့တာ ငါကေတာ့ မင္းတစ္ေယာက္ကလြဲလို႔ ဘာမွမသိတဲ့အထိ ျဖစ္ခဲ့တာ။ မင္းေၾကာင့္ပဲ ရူးခဲ့ၿပီး။ မင္းေၾကာင့္ပဲ ငါ မင္းမုန္းမဲ့ လမ္းကိုေရြးခဲ့တာ။ ဒါေတြဟာ မင္းေၾကာင့္လို႔ေတာ့ မင္းမသိေစရ။
"အဲ့ဒီညကပဲ အေဖဆံုးသြားတယ္။"
ခ်န္းေယာလ္ရဲ့ ေရျပင္လိုၿငိမ္တဲ့ အသံလိႈင္းဟာ ဘတ္ဟြၽန္းရင္ကို အဆမတန္လိႈင္းထန္ေစႏိုင္တယ္။ ျပင္လယ္ရဲ့ ရိုက္ခတ္ႏႈန္းနဲ႔ ဆတူ ဘတ္ဟြၽန္းရင္ေတြ တုန္လႈပ္လာတယ္။
"အျပန္ရထားေပၚက ငါဖုန္းေပ်ာက္သြားတာ ဟြၽန္းနီး.."
ဘတ္ဟြၽန္းက ဘာစကားမွ မေျပာပဲ ၿငိမ္ၿငိမ္ေလး မလႈပ္မယွက္နားေထာင္ေနတယ္။ ကြၽန္ေတာ့ႏွလံုးသားေလး နာက်င္ေနေတာ့မယ္။ ကြၽန္ေတာ့ႏွလံုးသားေလးဟာ ဘယ္လိုပင္မာေက်ာဟန္ေဆာင္ထားလဲ အရင္ကအတိုင္း ႏူးညံ့ ညံ့သက္ေနဆဲဆိုတာ ဘယ္သူမွမသိေတာင္ ခ်န္းေယာလ္ေတာ့သိတယ္။ ဘတ္ဟြၽန္းဟာ အသံတိတ္နာက်င္ေနတယ္။
ခ်န္းေယာလ္ဆြဲယူလိုက္တဲ့ လက္ေခ်ာင္းသြယ္သြယ္ေလးေတြဟာ အသားမာတစ္ခ်ိဳ႕ေနရာယူလို႔ ၾကမ္းရွရွနဲ႔။ ပုခံုနားထိ ထိလုနီးပါးဆံသားေတြ ဖြာၾကမ္းေနတာ ပင္လယ္ေရေတြရဲ့ ပေရာဂေၾကာင့္ ျဖစ္မယ္။ ခ်န္းေယာလ္ဟာ ခပ္ယဲယဲ့ေလးၿပံဳးလိုက္တယ္။
"ကိုယ့္ရင္ေတြ အဆမတန္ခုန္ေနတာ နားေထာင္ၾကည့္ခ်င္လာ ဟြၽန္းနီး.."
ဘတ္ဟြၽန္းဟာ ခ်န္းေယာလ္ကိုင္ထားတဲ့လက္ကို ဆတ္ခနဲရုန္းလိုက္ေပမယ့္ ငယ္စဥ္ကလိုပဲ ခ်န္းေယာလ္ဟာ ဘတ္ဟြၽန္းထက္သန္မာၿမဲ။ နည္းနည္းေတာင္ ေျဖေလ်ာ့မသြားတဲ့ လက္ဖ်ံၾကားမွာ အရင္လိုမႏူးညံ့ေတာ့တဲ့ လက္ဖဝါးေလးမ်က္ႏွာငယ္ေနတယ္။
"လႊတ္..."
"မင္းသိခ်င္တဲ့ ဘယ္လိုအရာမ်ိဳးမဆို တေျဖးေျဖးေျပာျပေပးမွာမို႔...
ကိုယ္တို႔ ျပန္အဆင္ေျပၾကရေအာင္ေနာ္..."
"ပတ္ခ်န္းေယာလ္ လက္ကိုလႊတ္လို႔ေျပာေနတယ္ေလ..."
"အရင္လို ခ်န္းလို႔ ျပန္ေခၚမယ္မလား..."
ပတ္ခ်န္းေယာလ္ဟာ ငယ္ငယ္ကထက္ကို အဆမ်ားစြာ ပိုေခါင္းမာလာတယ္။ အဆမ်ားစြာပိုၿပီး မ်က္ႏွာေျပာင္တိုက္လာပါတယ္။
ၿပီးေတာ့ ခပ္တည္တည္နဲ႔ ဘတ္ဟြၽန္းနဖူးေလးကို ငံု႔နမ္းလာတာ အခါမ်ားစြာက သူ႔အပိုင္ကေလးလို။
"မင္းက ကိုယ္တစ္ဘဝစါ ေတာင္းထားတဲ့ ကိုယ့္အပိုင္ေလးဆိုတာ ေမ့လိုက္လို႔ေတာ့ မျဖစ္ဘူးမို႔..."
"ရားးးးး.."
"ခ်စ္တယ္ ဟြၽန္းးး
ထာဝရရဲ့မနက္ျဖန္အထိ မင္းကိုပိုခ်စ္တယ္"
ဘတ္ဟြၽန္းရဲ့ ဝဲဘက္ရင္အံုဟာ တစ္သိမ့္သိမ့္ ၿငိမ့္ၿငိမ့္ေလးလႈပ္ခါလာတယ္။ ဒီေန့ရဲ့ ပင္လယ္အနံ႔ဟာ ရြာလမ္းမွာ ဘတ္ဟြၽန္းတို႔အတူေလ်ွာက္ခဲ့ဖူးတဲ့ ပင္လယ္ရနံ႔လို ၾကည္လင္ေနတယ္။ ဘတ္ဟြၽန္းဟာ ပတ္ခ်န္းေယာလ္ဆိုတဲ့ ခ်ည္တိုင္ေလးမွာ ျပန္လည္ ၿငိငင္သြားျပန္တယ္။
ဒါေပမယ့္လည္း နဲနဲေတာ့ မူရပါၪီးမယ္။
#Heki
#26.11.22
ကိုယ္ျပန္လာပါၿပီ Baby တို႔ေရ ။
အားေပးၾကပါၪီး💜💜💜
Uni
Mine 26
"မင်းရော ဘယ်လိုသဘောရလဲ.."
ဘတ်ဟျွန်းမျက်ဝန်းတွေ စိုစွတ်လာသလိုပဲ။ တည့်တည့်မတ်မတ်စိုက်ကြည့်ခံနေရတဲ့ မျက်ဝန်းညိုတွေမှာ ဘတ်ဟျွန်းဟာ အညို့ခံရသူလို မလွဲမသွေကပ်ညိနေခဲ့တယ်။
"ဟင် ဟျွန်းနီး."
"ပြန်တော့.."
"တကယ်ဆို ကိုယ်ဒဏ်ရါရထားတာ.."
"ဘယ်လို..."
"မင်းက မုန်းတယ်ဆိုတာပဲ ပြောနေလို့ ကိုယ်က .."
"ဘာဖြစ်လာတာလဲ..."
"မစီးတာကြာတဲ့ စကိတ်ဘုတ်လေး စမ်းစီးကြည့်ခဲ့တာ..."
"ဘာ..."
"ကင်ဦးလေးကြီးကပြောတယ်..
မင်းကိုယ့်အတွက် သိမ်းထားတာဆို.."
"မဟုတ်မှ မင်း..."
"အင်း လိမ္မော်ရောင် စကိတ်ဘုတ်လေး.."
"ပြန်ပေး.."
"တစ်ဘဝစါ မင်းထမ်းပိုးထားရတဲ့ ဝန်ထုပ်ကို မျှချင်ပြီ ဟျွန်းနီး..
အရာအားလုံးအတွက် မင်းသိချင်တယ်ဆိုရင် ကိုယ်က ရှင်းပြပေးချင်တယ်..
မနက်ဖြန် ကိုယ်နဲ့ အချိန်ပေးမလား"
"မအားဘူး...."
"အဲ့ဒီနေ့က အဖေ Accident ဖြစ်လို့ အလောတကြီး ဆိုလ်းကိုသွားလိုက်ရတာ.."
ဘတ်ဟျွန်း မျက်လုံးလေးတွေ မှိုင်းညို့သွားတယ်။ မင်းဒီလိုတွေ ဖြစ်သွားမှာမို့ ငါက နာကျင်စရာအတိတ်တစ်ချို့ကို ပေးမသိချင်ခဲ့တာ။ မင်းဘယ်လိုကွယ်ဝှက်တတ်တယ်ပဲ ထင်နေပါစေ ဒီကောင်က မင်းရဲ့ သွေးကြောတွေကအစ အလွတ်ကျက်တတ်ခဲ့တာ ၆ နှစ်သားအရွယ်ထဲက။ မင်းသာမသိခဲ့တာ ငါကတော့ မင်းတစ်ယောက်ကလွဲလို့ ဘာမှမသိတဲ့အထိ ဖြစ်ခဲ့တာ။ မင်းကြောင့်ပဲ ရူးခဲ့ပြီး။ မင်းကြောင့်ပဲ ငါ မင်းမုန်းမဲ့ လမ်းကိုရွေးခဲ့တာ။ ဒါတွေဟာ မင်းကြောင့်လို့တော့ မင်းမသိစေရ။
"အဲ့ဒီညကပဲ အဖေဆုံးသွားတယ်။"
ချန်းယောလ်ရဲ့ ရေပြင်လိုငြိမ်တဲ့ အသံလှိုင်းဟာ ဘတ်ဟျွန်းရင်ကို အဆမတန်လှိုင်းထန်စေနိုင်တယ်။ ပြင်လယ်ရဲ့ ရိုက်ခတ်နှုန်းနဲ့ ဆတူ ဘတ်ဟျွန်းရင်တွေ တုန်လှုပ်လာတယ်။
"အပြန်ရထားပေါ်က ငါဖုန်းပျောက်သွားတာ ဟျွန်းနီး.."
ဘတ်ဟျွန်းက ဘာစကားမှ မပြောပဲ ငြိမ်ငြိမ်လေး မလှုပ်မယှက်နားထောင်နေတယ်။ ကျွန်တော့နှလုံးသားလေး နာကျင်နေတော့မယ်။ ကျွန်တော့နှလုံးသားလေးဟာ ဘယ်လိုပင်မာကျောဟန်ဆောင်ထားလဲ အရင်ကအတိုင်း နူးညံ့ ညံ့သက်နေဆဲဆိုတာ ဘယ်သူမှမသိတောင် ချန်းယောလ်တော့သိတယ်။ ဘတ်ဟျွန်းဟာ အသံတိတ်နာကျင်နေတယ်။
ချန်းယောလ်ဆွဲယူလိုက်တဲ့ လက်ချောင်းသွယ်သွယ်လေးတွေဟာ အသားမာတစ်ချို့နေရာယူလို့ ကြမ်းရှရှနဲ့။ ပုခုံနားထိ ထိလုနီးပါးဆံသားတွေ ဖွာကြမ်းနေတာ ပင်လယ်ရေတွေရဲ့ ပရောဂကြောင့် ဖြစ်မယ်။ ချန်းယောလ်ဟာ ခပ်ယဲယဲ့လေးပြုံးလိုက်တယ်။
"ကိုယ့်ရင်တွေ အဆမတန်ခုန်နေတာ နားထောင်ကြည့်ချင်လာ ဟျွန်းနီး.."
ဘတ်ဟျွန်းဟာ ချန်းယောလ်ကိုင်ထားတဲ့လက်ကို ဆတ်ခနဲရုန်းလိုက်ပေမယ့် ငယ်စဥ်ကလိုပဲ ချန်းယောလ်ဟာ ဘတ်ဟျွန်းထက်သန်မာမြဲ။ နည်းနည်းတောင် ဖြေလျော့မသွားတဲ့ လက်ဖျံကြားမှာ အရင်လိုမနူးညံ့တော့တဲ့ လက်ဖဝါးလေးမျက်နှာငယ်နေတယ်။
"လွှတ်..."
"မင်းသိချင်တဲ့ ဘယ်လိုအရာမျိုးမဆို တဖြေးဖြေးပြောပြပေးမှာမို့...
ကိုယ်တို့ ပြန်အဆင်ပြေကြရအောင်နော်..."
"ပတ်ချန်းယောလ် လက်ကိုလွှတ်လို့ပြောနေတယ်လေ..."
"အရင်လို ချန်းလို့ ပြန်ခေါ်မယ်မလား..."
ပတ်ချန်းယောလ်ဟာ ငယ်ငယ်ကထက်ကို အဆများစွာ ပိုခေါင်းမာလာတယ်။ အဆများစွာပိုပြီး မျက်နှာပြောင်တိုက်လာပါတယ်။
ပြီးတော့ ခပ်တည်တည်နဲ့ ဘတ်ဟျွန်းနဖူးလေးကို ငုံ့နမ်းလာတာ အခါများစွာက သူ့အပိုင်ကလေးလို။
"မင်းက ကိုယ်တစ်ဘဝစါ တောင်းထားတဲ့ ကိုယ့်အပိုင်လေးဆိုတာ မေ့လိုက်လို့တော့ မဖြစ်ဘူးမို့..."
"ရားးးးး.."
"ချစ်တယ် ဟျွန်းးး
ထာဝရရဲ့မနက်ဖြန်အထိ မင်းကိုပိုချစ်တယ်"
ဘတ်ဟျွန်းရဲ့ ဝဲဘက်ရင်အုံဟာ တစ်သိမ့်သိမ့် ငြိမ့်ငြိမ့်လေးလှုပ်ခါလာတယ်။ ဒီနေ့ရဲ့ ပင်လယ်အနံ့ဟာ ရွာလမ်းမှာ ဘတ်ဟျွန်းတို့အတူလျှောက်ခဲ့ဖူးတဲ့ ပင်လယ်ရနံ့လို ကြည်လင်နေတယ်။ ဘတ်ဟျွန်းဟာ ပတ်ချန်းယောလ်ဆိုတဲ့ ချည်တိုင်လေးမှာ ပြန်လည် ငြိငင်သွားပြန်တယ်။
ဒါပေမယ့်လည်း နဲနဲတော့ မူရပါဦးမယ်။
#Heki
#26.11.22
ကိုယ်ပြန်လာပါပြီ Baby တို့ရေ ။
အားပေးကြပါဦး💜💜💜