(Unicode)
ထိုအမျိုးသမီး၏ တဖက်သတ်အပြောများကြောင့်
မနေသာတော့သည် စိမ်းက ဝင်ပြောရလေတော့သည်။
''ဒီမှာ အစ်မ။အစ်မ စကားပြောဆင်ခြင်ပါ။
ဒီကိစ္စမှာ ရိပ် တယောက်တည်းမှားတာ မဟုတ်ဘူး။
အစ်မ သားက အရင် ရိပ်ကို ရည်းစားစကား
စပြောတာမဟုတ်ဘူးလား။''
''လူပျို အပျို ချစ်တယ်ကြိုက်တယ် ပြောတာ
ဘာဆန်းလို့လဲ ဆရာမရဲ့။ကျွန်မ သားလိုလူက
ကြိုက်တယ်လို့ ပြောတာကိုတောင် ဆက်ဆက်ထိမခံ
ဖြစ်နေရအောင် သူက ဘာမို့လို့လဲ''
''အစ်မအခုလို တကိုယ်ကောင်းဆန်ပြီး မပြောပါနဲ့။
လူပျို အပျိုမို့ ချစ်တာ ကြိုက်တာ မှန်တယ်။
ဒါပေမဲ့ ဒါက ကျောင်း စာသင်ရမယ့်နေရာ။
ချစ်ကြောင်း ကြိုက်ကြောင်းတွေ လာပြောနေရအောင်
လမ်းဘေးက ပန်းခြံမဟုတ်ဘူး''
''ဆရာမ... ဆရာမက သူနဲ့ဘယ်လိုများ ပတ်သက်နေလို့
သူ့ဘက်က ကာဆီးပြီး လာပြောနေတာလဲ''
''ကျွန်မ က ရိပ်ရဲ့ ဆရာမ။ဆရာမ တယောက်အနေနဲ့
ခုလို ကိုယ့်တပည့်ကို တဖက်သက်ပြောဆိုနေတာကို
လက်ပိုက်ကြည့်မနေနိုင်ဘူး။ဒီနေ့ ရိပ်ရဲ့ အမေရောက်မလာဘူး။ အဲ့တော့ ဘာဖြစ်လဲ။ ကျွန်မ ရိပ်ရဲ့ အုပ်ထိန်းသူ
တယောက်အနေနဲ့ အစ်မ နဲ့စကားပြောမယ်''
''ရတယ်လေ ကျွန်မကလည်း ကျွန်မသားအတွက်
ဘယ်လိုမှ မကျေနပ်နိုင်ဘူး။''
''မေမေ တော်ပါတော့။ ဒီကိစ္စ သားမှားတာပါ။''
ဝေယံက သူ့အမေဖြစ်သူအား တားရတော့သည်။
ထိုကိစ္စအား ဝေယံက သူ့အမေကို တိုင်ကြားခဲ့ခြင်းမဟုတ်။
ထို့နေ့ အဖြစ်အပျက်အား မြင်လိုက်ရသည့် ဝေယံ့သူငယ်ချင်းတယောက်က ဝေယံ့အမေအား ပြောပြခဲ့ခြင်းဖြစ်သည်။
''ဒီမှာ ဝေယံ နင်တိတ်တ်ိတ်နေစမ်း ဝင်မပါနဲ့''
ပို၍ တင်းမာလာသည့် အခြေနေကြောင့် ကျောင်းအုပ်ဆရာမကြီး ကိုယ်တိုင်ပဲ ဝင်၍ ဖြေရှင်းရတော့သည်။
''ကဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာမကြီး ကာယကံရှင်
ကလေးနှစ်ယောက် ကိုပဲ မေးပါ့မယ်''
ဆရာမကြီးက ရိပ်ကို ကြည့်၍.....
''သမီး အနေနဲ့ ဒီကိစ္စကို ဘာများပြောချင်လဲ''
''သမီး ဘာမှပြောစရာမရှိပါဘူး''
ထိုစကားကြောင့် ရိပ်အား စိမ်း အားမလိုအားမရဖြစ်မိသည်။
ကိုယ့်အမှားလည်း မဟုတ် ခေါင်းငုံ့ခံနေဖို့မှမလိုပဲ။
စိမ်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး
ဒေါသအတော်လေး ဖြစ်နေမိသည်။ဆရာမကြီးက
ဝေယံကိုလည်း မေးလေသည်။
''သားကရော ဘာများပြောချင်လဲ''
''ဒီကိစ္စက သားအမှားပါ ဆရာမကြီး။
သားက ရိပ်လက်ကို အတင်းဆွဲပြီး ရည်းစားစကား
ပြောခဲ့တာပါ။တကယ်တော့ သားကြောင့်သာ
မဟုတ်ရင် အခုလိုဖြစ်မှာ မဟုတ်ပါဘူး။''
သားဖြစ်သူ၏ စကားကြောင့် ဝေယံ့မိခင်လည်း
အတော်လေး ဒေါသဖြစ်သွားခဲ့တော့သည်။
သို့သော်လည်း သားဖြစ်သူက အခုလိုဝန်ခံလိုက်ခြင်းကြောင့်
ဘာမှဆက်မပြောနိုင်တော့ပေ။
''ကဲ ဒါဆို ရည်းစားစကားစပြောခဲ့တဲ့ သားဘက်ကလည်းမှာသလို ဒေါသစိတ်နဲ့ လက်တုံ့ပြန်ခဲ့တဲ့ သမီးဘက်ကလည်း
မှားတယ်။အဲ့တော့ ဒီကိစ္စကို ခံဝန်ကတိ ထိုးပြီးတော့ပဲ
အဆုံးသတ်လိုက်ရအောင်။နောက်ဆိုရင်တော့ ဒါမျိုး
မဖြစ်အောင် မင်းတို့ ဆင်ခြင်ကြပေါ့''
ဒီလိုနဲ့ပဲ ခံဝန်လက်မှတ်ထိုးကာ ပြဿနာပြီးသွားခဲ့သည်။
ရိပ်၏ အုပ်ထိန်းသူနေရာတွင်တော့ စိမ်းက လက်မှတ်ထိုးပေးခဲ့သည်။ထို့နောက် ရိပ် အခန်းရှိရာသို့ ပြန်လာခဲ့သည်။
အတန်းထဲသို့ရောက်သော် ရိပ်၏ အခြေနေက အဆင်မပြေသည့် ပုံဖြစ်နေသောကြောင့် သူငယ်ချင်းများကလည်း
ဘာမှမမေးသေးပေ။ရိပ်ကတော့ စိတ်ထဲတွင် သိမ်ငယ်
စိတ်ပေါင်းများစွာဖြင့် မျက်ရည်မကျမိအောင် အံကြိတ်ကာ
တင်းခံထားရတော့သည်။
*အော်.. မိမဆုံးမ ဖမဆုံးမ ကလေးတဲ့လား*
ထိုစကားအား ရိပ်စိတ်ထဲတွင် ကြေကွဲစွာ ရေရွတ်မိသည်။
••••••••••••••••••••••••
ရေများ အဆက်မပြတ်ကျနေသည့် ရေပန်းအောက် ရိပ်ငြိမ်သက်စွာထိုင်နေသည်။ရေစက်တို့နှင့်အတူ မျက်ရည်မိုးများလည်း သည်းထန်နေခဲ့သည်။ထိုရေပန်းအောက် ရိပ်ထိုင်နေသည်မှာအချိန်အားဖြင့် ၁နာရီခွဲခန့်ရှိပြီ။နှုတ်ခမ်းများပင် ပြာနှမ်းနေပြီ။အချိန်အတော်ကြာ ငိုနေခဲ့သည်မို့ မျက်လုံးများလည်းနီနေပြီ။*မိမဆုံးမ ဖမဆုံးမ ကလေး*ဆိုသည့်
ထိုစကားဟာ ရိပ်နားထဲ ပံ့တင်သံများကဲ့သို့ အထပ်ထပ်ကြားနေရသည်။
အချိန်ခဏကြာပြီးသည့်နောက် ရိပ် ရေစိုအဝတ်များအား လဲပြီးအခန်းထောင့်တနေရာတွင် ခြေဆင်းထိုင်ချကာ နရံအားမှီထားလိုက်သည်။၄လိပ်ခန့်ကျန်သေးသော စီးကရက်ဗူးလေးထဲမှ စီးကရက်တလိပ်အား ထုတ်ယူကာ နှုတ်ခမ်းသို့တေ့ထားလိုက်သည်။ထိုစီးကရက်လေးအား မီးညှိကာ တရှိုက်ရှိုက်လိုက်သည်။စိတ်ခံစားချက်တွေဟာ စီးကရက်ငွေ့တွေလို လွင့်ပြယ်မသွားတော့ ခက်သား။
''မေမေ ရိပ်လေ ကိုယ့်ကိုကိုယ် သတ်သေရလောက်အောင်အထိ မိုက်ရူးရဲမဆန်ပါဘူး။ဒါပေမဲ့ပေါ့ မေမေရယ် ရိပ် အသက်ဆက်မရှင်တော့ဖို့ အကြောင်းအရာတခုခုကြုံလာခဲ့ရင်တော့လေ ရိပ် ရှင်သန်ဖို့ ကြိုးစားတော့မှာ မဟုတ်ဘူး။ရိပ် လက်လျော့လိုက်မိတော့မှာ။ဘာလို့လဲဆိုတော့ ရိပ်သိပ်ကိုမှ
ပင်ပန်းနေပြီ မေမေ။ သိပ်ပင်ပန်းနေပြီ။ပင်ပန်းလွန်းလို့
သေဆုံးသွားချင်ပြီ မေမေရယ်''
အခန်းမျက်နှာကျက်ကို မော့ကြည့်ကာ မျှော်လင့်ချက်မဲ့နေသည့်လူတယောက်အလား ရေရွတ်မိလိုက်သည်။
''ဒေါက် ဒေါက် ဒေါက်''
အခန်းတံခါး ခေါက်သံကြားလို့ ရိပ်လက်ထဲက စီးကရက်လေးအား ဆေးလိပ်ပြာခွက်ထဲတွင် ဖိချေလိုက်သည်။
ရိပ် အခန်းတံခါးကို သွားဖွင့်လိုက်သည့်အခါ တွေ့လိုက်ရ
သည့်သူက ဒေါ်ငွေပင်။
''သမီးရိပ် ထမင်းစားရအောင်လေ''
''ရိပ် မစားတော့ဘူး''
''ဗိုက်မဆာလို့လား သမီး''
''ဒီလိုပဲ ရိပ်မစားချင်လို့ပါ''
''ဟို..မေနန်းက ဒီနေ့ အထည်စာရင်းတွေကွာနေလို့
တနေ့ကုန် ပြန်စစ်နေရတာ အခုထိမပြီးသေးလို့
ပြန်မလာဖြစ်ဘူးတဲ့''
''သူပြန်လာတာ မလာတာ ရိပ်နဲ့ မသက်ဆိုင်တော့ပါဘူး''
ထိုစကားအား ခံစားချက်မဲ့နေသည့် အေးစက်စက်အသံဖြင့်ပြောလိုက်သည်။ဒေါ်ငွေ လည်း ယခုကဲ့သို့ သားအမိနှစ်ယောက် မခေါ်မပြောဖြစ်နေကြတာကို စိတ်မချမ်းသာလှပေ။
''အေးပါ သမီးရယ်..ဟို ခေါင်းကိုလည်း ရေခြောက်အောင်
သုတ်အုံးနော် အအေးမိမှာစိုးလို့ပါ''
ထိုအခါ ရိပ်က ခေါင်းတချက်သာ ညိတ်ပြပြီး အခန်းတံခါးပြန်ပိတ်သွားခဲ့သည်။ အခန်းအပြင်က ဒေါ်ငွေဟာလည်း
ရိပ်ရဲ့ နီရဲနေသော မျက်လုံးများကို သတိထားမိသော်လည်း
ဘာကြောင့်ရယ်လို့ အခြေနေတွေကို မမေးဖြစ်ခဲ့။
ဒေါ်ငွေကတော့ သက်ပြင်းလေးသာ ချမိတော့သည်။
ရိပ် စာရေး စားပွဲပေါ်ကို လက်နှစ်ဖက်ထောက်ထားပြီး
ထို စားပွဲပေါ်က ဒေါ်မေနန်း၏ ဓာတ်ပုံအား ရီဝေသော
အကြည့်တို့ဖြင့် ကြည့်ကာ....
''မိမဆုံးမ ဖမဆုံးမ ကလေးတဲ့ မေမေရဲ့။အရမ်းကိုမှ
သိမ်ငယ်ရတယ်။အဲ့ဒီ သိမ်ငယ်ရတဲ့ ရပ်ဝန်းတွေမှာ
ရိပ်လေ ခေါင်းတောင်မဖော်နိုင်ခဲ့ဘူး။မေမေ သိလား။
အဲ့ဒီ အန်တီကြီးကလေ သူ့သားဘက်က မားမားမတ်မတ်ရပ်တည်ပေးနေခဲ့တာ။အဲ့ဒီအချိန် ရိပ် မေမေများရောက်လာလေမလား လို့မျှော်လင့်နေခဲ့တာ။ဒါပေမဲ့ မေမေရောက်မလာခဲ့ဘူး။လုံးဝ..လုံးဝရောက်မလာခဲ့ဘူး။
ဘာကြောင့်များလဲ မေမေရယ်။ ဘာကြောင့်များ ရိပ်ကို
ပစ်ထားနိုင်ရတာလဲ။ဖခင်ရယ်လို့ မရှိလို့ဆိုပြီး ရိပ်တခါမှ
မသိမ်ငယ်မိခဲ့ဘူး။ဒါပေမဲ့ ဒီနေ့တော့လေ မေမေဆိုတဲ့
မိခင်ဖြစ်သူ ရောက်မလာခဲ့လို ရိပ် အရမ်းကိုမှ
သိမ်ငယ်ရတယ်။ မေမေ သိနိုင်ပါ့မလား။ ရိပ်ခံစားချက်တွေကို မေမေမြင်နိုင်ရဲ့လား''
တုန်ရီနေသော အသံများနှင့်အတူ ပါးပြင်ထက်မှာလည်း
မျက်ရည်စတို့နှင့်ပေါ့။အပယ်ခံဆိုသည့် ဘဝကို ကြုံဆုံရဖူးသူသာ ခံစားတတ်ပါလိမ့်မည်။ဒီအခန်းလေးထဲ ငိုရှိုက်သံလေးများဖြင့် နေ့စဥ်ရက်ဆက် ပြည့်နက်နေခဲ့တာပေါ့။
•••••••••••••••••••••••••••••••••••
စိမ်းစာသင်နေရင်း ပြတင်းပေါက်နားက ဖြူဖက်ဖြူရော်မျက်နှာလေးနှင့် ရိပ်အား ခဏခဏလှမ်းကြည့်နေမိသည်။
ရိပ်၏ မျက်နှာမှာ အတော်လေး ညှိုးနေပြီး မျက်ကွင်းများလည်ညိုနေသည်။နှုတ်ခမ်းများဟာလည်း သွေးမရှိသည့်အလားဖြူဖက်ဖြူရော်ဖြစ်နေသည်။စိမ်း ထိုအရာအား သတိထားမိ၍ စာရှင်းပြနေရင်းပင် ရိပ်အား တချက်တချက် စိုးရိမ်စွာ ကြည့်နေမိသည်။ခဏကြာ စိမ်းလည်းမနေသာတော့ပဲရိပ်ဆီသို့ သွားကာရိပ်၏ နှဖူးလေးအား ညင်သာစွာ
ထိ၍ အပူစမ်းပေးလေသည်။ထိုအခါ အလွန်ကို ပူခြစ်နေသော ခန္တာကိုယ်လေးကြောင့် စိမ်း၏ စိုးရိမ်စိတ်များ ဂိတ်ဆုံးရောက်သွားခဲ့သည်။
''ရိပ် ကိုယ်တွေ ပူခြစ်နေတာပဲ
လာ...စာအုပ်တွေသိမ်း ဆရာမနဲ့ နားနေခန်းထဲလိုက်ခဲ့''
စိမ်းက ရိပ်အား စိတ်ပူနေသော ဇောကြောင့် ရိပ်ဘေးနားက
သံစဥ့်အား မျက်မှောင်ကျုံ့ကြည့်ကာ..
''ကိုယ့်သူငယ်ချင်း ဒီလောက်နေမကောင်းဖြစ်နေတာ
ဘာလို့ ဆရာမတို့ကို လာမပြောတာလဲ သံစဥ်ချို''
''ဟို..ဆရာမ..ရိပ် မပြောခိုင်းတာပါ။
သံစဥ်က သွားပြောပေးဖို့ လုပ်ပါသေးတယ်''
ကိုယ့်ကြောင့်နဲ့ သံစဥ် အဆူခံလိုက်ရသည်ကို မကြည့်ရက်
သည့် ရိပ်က ဝင်ပြောလာခြင်းဖြစ်သည်။
''ကျစ်...ရိပ်ကလည်း...ဒီလောက်ဖြစ်နေတာကို
တကယ်ပါပဲ''
ဘေးနားက သံစဥ်ကလည်း ရိပ်၏ စာအုပ်များအား ဝိုင်းကူထည့်ပေးနေသည်။
''ကလေးတို့ ခုနက ဆရာမရှင်းထားတဲ့ အပိုဒ်ကို
သေချာ ပြန်ကြည့်ထားကြနော်''
ကလေးတွေကို မှာပြီးသည်နှင့် စိမ်း ရိပ်အားတွဲခေါ်ကာ နားနေခန်းသို့ထွက်လာခဲ့သည်။ရိပ်အား နားနေခန်းထဲရှိ ခုံလေးတခုတွင်ထိုင်စေပြီး ပိုက်ဆံအိတ်ထဲက ဖုန်းကိုထုတ်ကာ ဒေါ်မေနန်းဆီသို့ ဆက်သွယ်ခဲ့သည်။ သို့သော် တဖက်ကဖုန်း
လုံးဝမကိုင်ခဲ့ပေ။ တဖက်တွင် ဒေါ်မေနန်းဟာ ဆိုင်ရဲ့ ကြော်ငြာရိုက်ကူးရန်နှင့် ပတ်သက်ပြီး ဆွေးနွေးနေခြင်းကြောင့် ဖုန်းကို silentလုပ်ထားခြင်းဖြစ်သည်။ထိုအချိန် အခန်းထဲသို့ ကလျာလည်း ရောက်လာသည်။
''ဟွန်.. နှောင်းရိပ်သျှင် ဘာဖြစ်လို့လဲ သမီး''
''ရိပ် နေမကောင်းလို့ ကလျာ''
ကလျာ၏ အမေးအား စိမ်းက ဝင်ဖြေလိုက်သည်။
ထိုအခါ ကလျာလည်း ရိပ်နှဖူးလေးအား စမ်းကာ....
''ဟယ် ဟုတ်သားပဲ။ ကိုယ်တွေ ပူခြစ်နေတာပဲ
ငါသူ့ အိမ်ကို ဖုန်းဆက်လိုက်အုံးမယ် စိမ်း''
ကလျာ ဖုန်းကိုယူပြီး ဆက်မည်အပြု စိမ်းက ကလျာနားသို့ကပ်ကာ နှစ်ယောက်တည်းကြားရလောက်သည့် အသံလေးဖြင့်...
''ငါဆက်ပြီးပြီ ဖုန်းမကိုင်ဘူးဟ''
ရိပ်ကြားလျှင် စိတ်မကောင်းဖြစ်မည် ဆိုသောကြောင့်
စိမ်း တိုးတိုးလေးသာ ပြောလိုက်ခြင်းဖြစ်သည်။
ထိုအခါ နားလည်သဘောပေါက်သည့် ကလျာကလည်း
ခေါင်းတချက်ညိတ် ပြလိုက်သည်။ထို့နောက် စိမ်းလည်း
အခန်းပြင်သို့ထွက်သွားခဲ့သည်။ခဏကြာတော့ စိမ်း
အခန်းထဲသို့ ပြန်ဝင်လာပြီး စားပွဲပေါ်ရှိ စာအုပ်တချို့ကို
အလျင်စလို သိမ်းနေ၏။
''ရိပ် လာ..ဆရာမ လိုက်ပို့ပေးမယ်''
စိမ်းက ရိပ်အားတွဲခေါ်ပြီး ကလျာ့ဘက်သို့ တချက်ကြည့်ကာ....
''ဟို ကလျာနင်အခု အတန်းချိန်ရှိလား''
''ဟင့်အင်း အခုက ငါ့နားချိန်''
''အေး အဲ့ဒါဆိုရင် အခုငါ့အတန်းချိန်လေး ဝင်ထိန်း
ပေးထားပါလား။ငါ နေ့တဝက်ခွင့်ယူလိုက်လို့''
''အော်..အေးအေး... ရပါတယ်''
စိမ်းလည်း ရိပ်အားတွဲခေါ်ကာ နားနေခန်းမှထွက်လာခဲ့သည်။
အခန်းထဲရှိ ကလျာမှာတော့ ''နေ့တဝက်ခွင့်ယူလိုက်လို့''
ဆိုသည့် စကားကြောင့် တယောက်တည်း ကြောင်တောင်တောင်ဖြစ်နေတော့သည်။အဘယ်ကြောင့်ဆိုသော် စိမ်းသည် တော်ရုံ နေမကောင်းဖြစ်နေရင်တောင် ခွင့်ယူတတ်သည့်သူမဟုတ်။ ရိပ် ကျောင်းစတက်သည့်နေ့က ခွင့်ယူခြင်းသည်လည်း စိမ်း၏ အဒေါ်ဆေးခန်းပြရန်အတွက်
ခွင့်ယူခဲ့ခြင်းဖြစ်သည်။ယခု နေ့တဝက်ခွင့်ယူကာ စိုးရိမ်တကြီး ထွက်သွားသော စိမ်းကြောင့် ကလျာ့မှာ အံ့သြနေရတော့သည်။
စိမ်းကားပေါ်သို့ ရောက်သည်နှင့် သူမ၏သူငယ်ချင်းဖြစ်သူ ဝင်းပပထွန်း ဆီသို့ဦးစွာ ဖုန်းဆက်လေသည်။
''ပပ နင်အခု duty ဝင်နေတာလား''
''အင်းလေ ဘာဖြစ်လို့လဲ စိမ်းရဲ့''
''နင် အဆင်ပြေရင် လူတယောက်ကို
လာကြည့်ပေးလို့ရလား။''
''ဟွန်.. ဘယ်သူ ဘာဖြစ်လို့လဲ ''
''ကျစ်...ရလား မရလားဆိုတာကိုသာပြောစမ်းပါ ပပရယ်''
စိမ်းလည်း ရိပ်ကို စိတ်ပူနေသောကြောင့် စိတ်မရှည်နိုင်တော့ပေ။ဘေးမှ ရိပ်ကတော့ ခုံအနောက်ဘက်ကိုမှီပြီး
မျက်လုံးလေးမှိတ်ကာ ငြိမ်နေသည်။
''ငါ ငါ့သူငယ်ချင်းတယောက်နဲ့ duty ချိန် ချိန်းလိုက်လို့ရပါတယ်။ဘယ်ကို လာရမှာလဲ''
''အင်း ငါmessage ပို့လိုက်မယ်''
''အေး စိမ်း''
စိမ်းလည်း ရိပ်အိမ်လိပ်စာအား message ပို့လိုက်သည်။ ထို့နောက် ထိုအနက်ရောင်ကားလေးဟာ ကျောင်းဝန်းထဲက
ထွက်ကာ ရိပ်၏ အိမ်လေးဆီသို့ပေါ့။ရိပ်တို့ခြံ ရှေ့သို့ ရောက်သော် ဒရိုင်ဘာဦးလေးကြီးက တံခါးလာဖွင့်ပေးသည်။
စိမ်းသည် ဒေါ်မေနန်းနှင့် အတော်လေးရင်းနှီးသည်မို့
အိမ်သို့လည်း မကြာမကြာ လာတတ်သည်။ထို့ကြောင့်
ဒရိုင်ဘာ ဦးလေးကြီးက အထွေအထူးမေးမနေတော့ခြင်းဖြစ်သည်။ စိမ်း ရိပ်အားတွဲကာ အိမ်ထဲသို့ဝင်လာခဲ့သည့်အခိုက် ဒေါ်ငွေနှင့် တွေ့လေသည်။
''ဟယ် စိမ်းပါလား..ရိပ်..ရိပ်ကရော..ဘာဖြစ်လို့လဲ သမီး''
''ဟို ရိပ်နေမကောင်းလို့ ကြီးငွေ...
ရိပ် အခန်းဘယ်မှာလဲဟင်''
''အော် အေးအေး သမီး ကြီးငွေလိုက်ပြပေးမယ်နော်''
ဒီလိုနဲ့ ကြီးငွေလည်း ရိပ်အား ဝိုင်းတွဲကာ ရိပ်အခန်းဆီသို့
တက်လာခဲ့သည်။ထို့နောက် ရိပ်အား အခန်းအတွင်းရှိ
ကုတင်ပေါ်တွင် သက်တောင့်သက်သာ လှဲနေစေသည်။
''ကြီးငွေ အဆင်ပြေရင် ရိပ်အတွက် ဆန်ပြုတ်လေး
ပြုတ်ပေးလို့ရမလားဟင်။ စိမ်း ဆရာဝန် ခေါ်ထားပြီးပြီ။
ဆေးမသောက်ခင်လေး သောက်လို့ရအောင်လို့ပါ''
''အေးအေး သမီး။ကြီးငွေ သွားပြုတ်ထားလိုက်မယ်''
''အော်.. ပြီးတော့လေ ကြီးငွေ...ဟို သဘတ်လေး တထည်နဲ့
ရေ ဇလုံလေး တလုံးလောက်လိုချင်လို့
စိမ်း ရေပတ် တိုက်ပေးထားမလို့''
''ခဏလေး သမီး ကြီးငွေ သွားယူပေးမယ်နော်''
ခဏကြာတော့ ဒေါ်ငွေလည်း ရေဇလုံ အသေးလေးတခုနှင့်
အဝတ်လေး တထည်ယူပြီးအခန်းထဲသို့ ပြန်ဝင်လာသည်။
''အဲ့ဒါဆိုလေ စိမ်း ကြီးငွေ ရိပ်အတွက် ဆန်ပြုတ်သွားပြုတ်လိုက်အုံးမယ်နော် သမီး''
''ဟုတ် ကြီးငွေ ကျေးဇူးပါနော်''
''ရပါတယ် သမီးရယ်''
ဒေါ်ငွေ ထွက်သွားပြီးနောက် စိမ်းလည်း ရိပ်အား ရေပတ်တိုက်ပေးရန် ရိပ်ရဲ့ ရင်ဖုံးအကျီ ကြယ်သီးလေးကို
ဖြုတ်ရန် လုပ်လေသည်။ ထိုအခါ အဖျားရှိန်ကြောင့် မှိန်းနေသောရိပ်က စိမ်းလက်လေးအား အုပ်ကိုင်လာသည်။
''ဟို အကျီက ရိပ်ဘာ့သာပဲ လဲလိုက်ပါ့မယ်''
''ရေပတ်တိုက်ဖို့ လိုတယ်လေ ရိပ်ရဲ့''
''ဒါပေမဲ့ ရိပ်...ရိပ်.. ရှက်လို့''
''ဘာရှက်စရာရှိလဲ မိန်းကလေးအချင်းချင်းပဲကိုး''
''ဒါပေမဲ့''
''ကဲ....ဒါပေမဲ့ တွေ ဘာတွေလုပ်မနေနဲ့ လက်ဖယ်''
ထိုအခါ စိမ်းလည်း ရိပ်၏ အကျီလေးအား ချွတ်ကာ
ရေပတ်တိုက်ပေးလိုက်သည်။အတွင်းခံ အကျီလေးတခုတည်းနဲ့ ရိပ်မှာတော့ ရှက်နေ၍ ခေါင်းလေးပင်ငုံ့နေသည်။
ထို့နောက် စိမ်းက ဗီရိုထဲက ညဝတ်အကျီအပါးလေးအား
ထုတ်လာခဲ့သည်။အကျီလေးလဲ ပေးပြီးသည့်နောက်
ရိပ်က စိမ်းအား မော့ကြည့်ကာ.....
''ဟို..ဆရာမ...ထဘီက ရိပ်ဘာ့သာ လဲလိုက်မယ်နော်''
မိမိ အား အလွန်ရှက်နေသည့်ရိပ်ကြောင့် စိမ်းလည်း
လက်ခံပေးလိုက်သည်။
''အင်းပါ...ဟုတ်ပါပြီ''
''ဟိုလေ ဆရာမ... ဆရာမဟိုဘက်
ခဏလှည့်နေပေးလို့ရမလားဟင်''
''ကဲ ဟုတ်ပါပြီရှင်''
စိမ်း တဖက်သို့ မျက်နှာလှည့်နေသည့် အချိန်တွင် ရိပ်လည်း
ဘောင်းဘီအား အမြန်လဲဝတ်လိုက်သည်။
''ပြီးပြီလား''
''ဟုတ်''
ထို့နောက် စိမ်း ရိပ် ဘက်သို့ ပြန်လှည့်လာပြီး ရိပ်၏
ဘောင်းဘီရှည်အား ဒူးအထက်ထိ ဆွဲတင်ကာ ရေပတ်တိုက်ပေးဖို့ လုပ်လေသည်။
''ဆရာမ..ခြေထောက်က ရိပ် လုပ်လိုက်ပါ့မယ်
တော်ကြာ ငရဲတွေကြီးနေပါအုံးမယ်''
''ရှည်လိုက်တာ ရိပ်ရယ်။ငြိမ်ငြိမ် နေစမ်း''
နည်းနည်း လေသံမာမာဖြင့် ပြောလိုက်မှပဲ ရိပ်တယောက်ငြိမ်ကျသွားတော့သည်။ရေပတ်တိုက်လို့ လည်းပြီးရော
ဝင်းပပလည်း အချိန်ကိုက်ရောက်လာတော့သည်။
••••••••••••••••••••••
(Zawgyi)
ထိုအမ်ိဳးသမီး၏ တဖက္သတ္အေျပာမ်ားေၾကာင့္
မေနသာေတာ့သည္ စိမ္းက ဝင္ေျပာရေလေတာ့သည္။
''ဒီမွာ အစ္မ။အစ္မ စကားေျပာဆင္ျခင္ပါ။
ဒီကိစၥမွာ ရိပ္ တေယာက္တည္းမွားတာ မဟုတ္ဘူး။
အစ္မ သားက အရင္ ရိပ္ကို ရည္းစားစကား
စေျပာတာမဟုတ္ဘူးလား။''
''လူပ်ိဳ အပ်ိဳ ခ်စ္တယ္ႀကိဳက္တယ္ ေျပာတာ
ဘာဆန္းလို႔လဲ ဆရာမရဲ႕။ကြၽန္မ သားလိုလူက
ႀကိဳက္တယ္လို႔ ေျပာတာကိုေတာင္ ဆက္ဆက္ထိမခံ
ျဖစ္ေနရေအာင္ သူက ဘာမို႔လို႔လဲ''
''အစ္မအခုလို တကိုယ္ေကာင္းဆန္ၿပီး မေျပာပါနဲ႕။
လူပ်ိဳ အပ်ိဳမို႔ ခ်စ္တာ ႀကိဳက္တာ မွန္တယ္။
ဒါေပမဲ့ ဒါက ေက်ာင္း စာသင္ရမယ့္ေနရာ။
ခ်စ္ေၾကာင္း ႀကိဳက္ေၾကာင္းေတြ လာေျပာေနရေအာင္
လမ္းေဘးက ပန္းၿခံမဟုတ္ဘူး''
''ဆရာမ... ဆရာမက သူနဲ႕ဘယ္လိုမ်ား ပတ္သက္ေနလို႔
သူ႕ဘက္က ကာဆီးၿပီး လာေျပာေနတာလဲ''
''ကြၽန္မ က ရိပ္ရဲ႕ ဆရာမ။ဆရာမ တေယာက္အေနနဲ႕
ခုလို ကိုယ့္တပည့္ကို တဖက္သက္ေျပာဆိုေနတာကို
လက္ပိုက္ၾကည့္မေနနိုင္ဘူး။ဒီေန႕ ရိပ္ရဲ႕ အေမေရာက္မလာဘူး။ အဲ့ေတာ့ ဘာျဖစ္လဲ။ ကြၽန္မ ရိပ္ရဲ႕ အုပ္ထိန္းသူ
တေယာက္အေနနဲ႕ အစ္မ နဲ႕စကားေျပာမယ္''
''ရတယ္ေလ ကြၽန္မကလည္း ကြၽန္မသားအတြက္
ဘယ္လိုမွ မေက်နပ္နိုင္ဘူး။''
''ေမေမ ေတာ္ပါေတာ့။ ဒီကိစၥ သားမွားတာပါ။''
ေဝယံက သူ႕အေမျဖစ္သူအား တားရေတာ့သည္။
ထိုကိစၥအား ေဝယံက သူ႕အေမကို တိုင္ၾကားခဲ့ျခင္းမဟုတ္။
ထို႔ေန႕ အျဖစ္အပ်က္အား ျမင္လိုက္ရသည့္ ေဝယံ့သူငယ္ခ်င္းတေယာက္က ေဝယံ့အေမအား ေျပာျပခဲ့ျခင္းျဖစ္သည္။
''ဒီမွာ ေဝယံ နင်တိတ်တ်ိတ်နေစမ်း ဝင္မပါနဲ႕''
ပို၍ တင္းမာလာသည့္ အေျခေနေၾကာင့္ ေက်ာင္းအုပ္ဆရာမႀကီး ကိုယ္တိုင္ပဲ ဝင္၍ ေျဖရွင္းရေတာ့သည္။
''ကဲ ဒီကိစၥနဲ႕ ပတ္သက္ၿပီး ဆရာမႀကီး ကာယကံရွင္
ကေလးႏွစ္ေယာက္ ကိုပဲ ေမးပါ့မယ္''
ဆရာမႀကီးက ရိပ္ကို ၾကည့္၍.....
''သမီး အေနနဲ႕ ဒီကိစၥကို ဘာမ်ားေျပာခ်င္လဲ''
''သမီး ဘာမွေျပာစရာမရွိပါဘူး''
ထိုစကားေၾကာင့္ ရိပ္အား စိမ္း အားမလိုအားမရျဖစ္မိသည္။
ကိုယ့္အမွားလည္း မဟုတ္ ေခါင္းငုံ႕ခံေနဖို႔မွမလိုပဲ။
စိမ္း လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားၿပီး
ေဒါသအေတာ္ေလး ျဖစ္ေနမိသည္။ဆရာမႀကီးက
ေဝယံကိုလည္း ေမးေလသည္။
''သားကေရာ ဘာမ်ားေျပာခ်င္လဲ''
''ဒီကိစၥက သားအမွားပါ ဆရာမႀကီး။
သားက ရိပ္လက္ကို အတင္းဆြဲၿပီး ရည္းစားစကား
ေျပာခဲ့တာပါ။တကယ္ေတာ့ သားေၾကာင့္သာ
မဟုတ္ရင္ အခုလိုျဖစ္မွာ မဟုတ္ပါဘူး။''
သားျဖစ္သူ၏ စကားေၾကာင့္ ေဝယံ့မိခင္လည္း
အေတာ္ေလး ေဒါသျဖစ္သြားခဲ့ေတာ့သည္။
သို႔ေသာ္လည္း သားျဖစ္သူက အခုလိုဝန္ခံလိုက္ျခင္းေၾကာင့္
ဘာမွဆက္မေျပာနိုင္ေတာ့ေပ။
''ကဲ ဒါဆို ရည္းစားစကားစေျပာခဲ့တဲ့ သားဘက္ကလည္းမွာသလို ေဒါသစိတ္နဲ႕ လက္တုံ႕ျပန္ခဲ့တဲ့ သမီးဘက္ကလည္း
မွားတယ္။အဲ့ေတာ့ ဒီကိစၥကို ခံဝန္ကတိ ထိုးၿပီးေတာ့ပဲ
အဆုံးသတ္လိုက္ရေအာင္။ေနာက္ဆိုရင္ေတာ့ ဒါမ်ိဳး
မျဖစ္ေအာင္ မင္းတို႔ ဆင္ျခင္ၾကေပါ့''
ဒီလိုနဲ႕ပဲ ခံဝန္လက္မွတ္ထိုးကာ ျပႆနာၿပီးသြားခဲ့သည္။
ရိပ္၏ အုပ္ထိန္းသူေနရာတြင္ေတာ့ စိမ္းက လက္မွတ္ထိုးေပးခဲ့သည္။ထို႔ေနာက္ ရိပ္ အခန္းရွိရာသို႔ ျပန္လာခဲ့သည္။
အတန္းထဲသို႔ေရာက္ေသာ္ ရိပ္၏ အေျခေနက အဆင္မေျပသည့္ ပုံျဖစ္ေနေသာေၾကာင့္ သူငယ္ခ်င္းမ်ားကလည္း
ဘာမွမေမးေသးေပ။ရိပ္ကေတာ့ စိတ္ထဲတြင္ သိမ္ငယ္
စိတ္ေပါင္းမ်ားစြာျဖင့္ မ်က္ရည္မက်မိေအာင္ အံႀကိတ္ကာ
တင္းခံထားရေတာ့သည္။
*ေအာ္.. မိမဆုံးမ ဖမဆုံးမ ကေလးတဲ့လား*
ထိုစကားအား ရိပ္စိတ္ထဲတြင္ ေၾကကြဲစြာ ေရ႐ြတ္မိသည္။
ေရမ်ား အဆက္မျပတ္က်ေနသည့္ ေရပန္းေအာက္ ရိပ္ၿငိမ္သက္စြာထိုင္ေနသည္။ေရစက္တို႔ႏွင့္အတူ မ်က္ရည္မိုးမ်ားလည္း သည္းထန္ေနခဲ့သည္။ထိုေရပန္းေအာက္ ရိပ္ထိုင္ေနသည္မွာအခ်ိန္အားျဖင့္ ၁နာရီခြဲခန့္ရွိၿပီ။ႏႈတ္ခမ္းမ်ားပင္ ျပာႏွမ္းေနၿပီ။အခ်ိန္အေတာ္ၾကာ ငိုေနခဲ့သည္မို႔ မ်က္လုံးမ်ားလည္းနီေနၿပီ။*မိမဆုံးမ ဖမဆုံးမ ကေလး*ဆိုသည့္
ထိုစကားဟာ ရိပ္နားထဲ ပံ့တင္သံမ်ားကဲ့သို႔ အထပ္ထပ္ၾကားေနရသည္။
အခ်ိန္ခဏၾကာၿပီးသည့္ေနာက္ ရိပ္ ေရစိုအဝတ္မ်ားအား လဲၿပီးအခန္းေထာင့္တေနရာတြင္ ေျခဆင္းထိုင္ခ်ကာ နရံအားမွီထားလိုက္သည္။၄လိပ္ခန့္က်န္ေသးေသာ စီးကရက္ဗူးေလးထဲမွ စီးကရက္တလိပ္အား ထုတ္ယူကာ ႏႈတ္ခမ္းသို႔ေတ့ထားလိုက္သည္။ထိုစီးကရက္ေလးအား မီးညွိကာ တရွိုက္ရွိုက္လိုက္သည္။စိတ္ခံစားခ်က္ေတြဟာ စီးကရက္ေငြ႕ေတြလို လြင့္ျပယ္မသြားေတာ့ ခက္သား။
''ေမေမ ရိပ္ေလ ကိုယ့္ကိုကိုယ္ သတ္ေသရေလာက္ေအာင္အထိ မိုက္႐ူးရဲမဆန္ပါဘူး။ဒါေပမဲ့ေပါ့ ေမေမရယ္ ရိပ္ အသက္ဆက္မရွင္ေတာ့ဖို႔ အေၾကာင္းအရာတခုခုႀကဳံလာခဲ့ရင္ေတာ့ေလ ရိပ္ ရွင္သန္ဖို႔ ႀကိဳးစားေတာ့မွာ မဟုတ္ဘူး။ရိပ္ လက္ေလ်ာ့လိုက္မိေတာ့မွာ။ဘာလို႔လဲဆိုေတာ့ ရိပ္သိပ္ကိုမွ
ပင္ပန္းေနၿပီ ေမေမ။ သိပ္ပင္ပန္းေနၿပီ။ပင္ပန္းလြန္းလို႔
ေသဆုံးသြားခ်င္ၿပီ ေမေမရယ္''
အခန္းမ်က္ႏွာက်က္ကို ေမာ့ၾကည့္ကာ ေမွ်ာ္လင့္ခ်က္မဲ့ေနသည့္လူတေယာက္အလား ေရ႐ြတ္မိလိုက္သည္။
''ေဒါက္ ေဒါက္ ေဒါက္''
အခန္းတံခါး ေခါက္သံၾကားလို႔ ရိပ္လက္ထဲက စီးကရက္ေလးအား ေဆးလိပ္ျပာခြက္ထဲတြင္ ဖိေခ်လိဳက္သည္။
ရိပ္ အခန္းတံခါးကို သြားဖြင့္လိုက္သည့္အခါ ေတြ႕လိုက္ရ
သည့္သူက ေဒၚေငြပင္။
''သမီးရိပ္ ထမင္းစားရေအာင္ေလ''
''ရိပ္ မစားေတာ့ဘူး''
''ဗိုက္မဆာလို႔လား သမီး''
''ဒီလိုပဲ ရိပ္မစားခ်င္လို႔ပါ''
''ဟို..ေမနန္းက ဒီေန႕ အထည္စာရင္းေတြကြာေနလို႔
တေန႕ကုန္ ျပန္စစ္ေနရတာ အခုထိမၿပီးေသးလို႔
ျပန္မလာျဖစ္ဘူးတဲ့''
''သူျပန္လာတာ မလာတာ ရိပ္နဲ႕ မသက္ဆိုင္ေတာ့ပါဘူး''
ထိုစကားအား ခံစားခ်က္မဲ့ေနသည့္ ေအးစက္စက္အသံျဖင့္ေျပာလိုက္သည္။ေဒၚေငြ လည္း ယခုကဲ့သို႔ သားအမိႏွစ္ေယာက္ မေခၚမေျပာျဖစ္ေနၾကတာကို စိတ္မခ်မ္းသာလွေပ။
''ေအးပါ သမီးရယ္..ဟို ေခါင္းကိုလည္း ေရေျခာက္ေအာင္
သုတ္အုံးေနာ္ အေအးမိမွာစိုးလို႔ပါ''
ထိုအခါ ရိပ္က ေခါင္းတခ်က္သာ ညိတ္ျပၿပီး အခန္းတံခါးျပန္ပိတ္သြားခဲ့သည္။ အခန္းအျပင္က ေဒၚေငြဟာလည္း
ရိပ္ရဲ႕ နီရဲေနေသာ မ်က္လုံးမ်ားကို သတိထားမိေသာ္လည္း
ဘာေၾကာင့္ရယ္လို႔ အေျခေနေတြကို မေမးျဖစ္ခဲ့။
ေဒၚေငြကေတာ့ သက္ျပင္းေလးသာ ခ်မိေတာ့သည္။
ရိပ္ စာေရး စားပြဲေပၚကို လက္ႏွစ္ဖက္ေထာက္ထားၿပီး
ထို စားပြဲေပၚက ေဒၚေမနန္း၏ ဓာတ္ပုံအား ရီေဝေသာ
အၾကည့္တို႔ျဖင့္ ၾကည့္ကာ....
''မိမဆုံးမ ဖမဆုံးမ ကေလးတဲ့ ေမေမရဲ႕။အရမ္းကိုမွ
သိမ္ငယ္ရတယ္။အဲ့ဒီ သိမ္ငယ္ရတဲ့ ရပ္ဝန္းေတြမွာ
ရိပ္ေလ ေခါင္းေတာင္မေဖာ္နိုင္ခဲ့ဘူး။ေမေမ သိလား။
အဲ့ဒီ အန္တီႀကီးကေလ သူ႕သားဘက္က မားမားမတ္မတ္ရပ္တည္ေပးေနခဲ့တာ။အဲ့ဒီအခ်ိန္ ရိပ္ ေမေမမ်ားေရာက္လာေလမလား လို႔ေမွ်ာ္လင့္ေနခဲ့တာ။ဒါေပမဲ့ ေမေမေရာက္မလာခဲ့ဘူး။လုံးဝ..လုံးဝေရာက္မလာခဲ့ဘူး။
ဘာေၾကာင့္မ်ားလဲ ေမေမရယ္။ ဘာေၾကာင့္မ်ား ရိပ္ကို
ပစ္ထားနိုင္ရတာလဲ။ဖခင္ရယ္လို႔ မရွိလို႔ဆိုၿပီး ရိပ္တခါမွ
မသိမ္ငယ္မိခဲ့ဘူး။ဒါေပမဲ့ ဒီေန႕ေတာ့ေလ ေမေမဆိုတဲ့
မိခင္ျဖစ္သူ ေရာက္မလာခဲ့လို ရိပ္ အရမ္းကိုမွ
သိမ္ငယ္ရတယ္။ ေမေမ သိနိုင္ပါ့မလား။ ရိပ္ခံစားခ်က္ေတြကို ေမေမျမင္နိုင္ရဲ႕လား''
တုန္ရီေနေသာ အသံမ်ားႏွင့္အတူ ပါးျပင္ထက္မွာလည္း
မ်က္ရည္စတို႔ႏွင့္ေပါ့။အပယ္ခံဆိုသည့္ ဘဝကို ႀကဳံဆုံရဖူးသူသာ ခံစားတတ္ပါလိမ့္မည္။ဒီအခန္းေလးထဲ ငိုရွိုက္သံေလးမ်ားျဖင့္ ေန႕စဥ္ရက္ဆက္ ျပည့္နက္ေနခဲ့တာေပါ့။
စိမ္းစာသင္ေနရင္း ျပတင္းေပါက္နားက ျဖဴဖက္ျဖဴေရာ္မ်က္ႏွာေလးႏွင့္ ရိပ္အား ခဏခဏလွမ္းၾကည့္ေနမိသည္။
ရိပ္၏ မ်က္ႏွာမွာ အေတာ္ေလး ညွိုးေနၿပီး မ်က္ကြင္းမ်ားလည္ညိုေနသည္။ႏႈတ္ခမ္းမ်ားဟာလည္း ေသြးမရွိသည့္အလားျဖဴဖက္ျဖဴေရာ္ျဖစ္ေနသည္။စိမ္း ထိုအရာအား သတိထားမိ၍ စာရွင္းျပေနရင္းပင္ ရိပ္အား တခ်က္တခ်က္ စိုးရိမ္စြာ ၾကည့္ေနမိသည္။ခဏၾကာ စိမ္းလည္းမေနသာေတာ့ပဲရိပ္ဆီသို႔ သြားကာရိပ္၏ ႏွဖူးေလးအား ညင္သာစြာ
ထိ၍ အပူစမ္းေပးေလသည္။ထိုအခါ အလြန္ကို ပူျခစ္ေနေသာ ခႏၱာကိုယ္ေလးေၾကာင့္ စိမ္း၏ စိုးရိမ္စိတ္မ်ား ဂိတ္ဆုံးေရာက္သြားခဲ့သည္။
''ရိပ္ ကိုယ္ေတြ ပူျခစ္ေနတာပဲ
လာ...စာအုပ္ေတြသိမ္း ဆရာမနဲ႕ နားေနခန္းထဲလိုက္ခဲ့''
စိမ္းက ရိပ္အား စိတ္ပူေနေသာ ေဇာေၾကာင့္ ရိပ္ေဘးနားက
သံစဥ့္အား မ်က္ေမွာင္က်ဳံ႕ၾကည့္ကာ..
''ကိုယ့္သူငယ္ခ်င္း ဒီေလာက္ေနမေကာင္းျဖစ္ေနတာ
ဘာလို႔ ဆရာမတို႔ကို လာမေျပာတာလဲ သံစဥ္ခ်ိဳ''
''ဟို..ဆရာမ..ရိပ္ မေျပာခိုင္းတာပါ။
သံစဥ္က သြားေျပာေပးဖို႔ လုပ္ပါေသးတယ္''
ကိုယ့္ေၾကာင့္နဲ႕ သံစဥ္ အဆူခံလိုက္ရသည္ကို မၾကည့္ရက္
သည့္ ရိပ္က ဝင္ေျပာလာျခင္းျဖစ္သည္။
''က်စ္...ရိပ္ကလည္း...ဒီေလာက္ျဖစ္ေနတာကို
တကယ္ပါပဲ''
ေဘးနားက သံစဥ္ကလည္း ရိပ္၏ စာအုပ္မ်ားအား ဝိုင္းကူထည့္ေပးေနသည္။
''ကေလးတို႔ ခုနက ဆရာမရွင္းထားတဲ့ အပိုဒ္ကို
ေသခ်ာ ျပန္ၾကည့္ထားၾကေနာ္''
ကေလးေတြကို မွာၿပီးသည္ႏွင့္ စိမ္း ရိပ္အားတြဲေခၚကာ နားေနခန္းသို႔ထြက္လာခဲ့သည္။ရိပ္အား နားေနခန္းထဲရွိ ခုံေလးတခုတြင္ထိုင္ေစၿပီး ပိုက္ဆံအိတ္ထဲက ဖုန္းကိုထုတ္ကာ ေဒၚေမနန္းဆီသို႔ ဆက္သြယ္ခဲ့သည္။ သို႔ေသာ္ တဖက္ကဖုန္း
လုံးဝမကိုင္ခဲ့ေပ။ တဖက္တြင္ ေဒၚေမနန္းဟာ ဆိုင္ရဲ႕ ေၾကာ္ျငာရိုက္ကူးရန္ႏွင့္ ပတ္သက္ၿပီး ေဆြးႏြေးေနျခင္းေၾကာင့္ ဖုန္းကို silentလုပ္ထားျခင္းျဖစ္သည္။ထိုအခ်ိန္ အခန္းထဲသို႔ ကလ်ာလည္း ေရာက္လာသည္။
''ဟြန္.. ႏွောင္းရိပ္သွ်င္ ဘာျဖစ္လို႔လဲ သမီး''
''ရိပ္ ေနမေကာင္းလို႔ ကလ်ာ''
ကလ်ာ၏ အေမးအား စိမ္းက ဝင္ေျဖလိုက္သည္။
ထိုအခါ ကလ်ာလည္း ရိပ္ႏွဖူးေလးအား စမ္းကာ....
''ဟယ္ ဟုတ္သားပဲ။ ကိုယ္ေတြ ပူျခစ္ေနတာပဲ
ငါသူ႕ အိမ္ကို ဖုန္းဆက္လိုက္အုံးမယ္ စိမ္း''
ကလ်ာ ဖုန္းကိုယူၿပီး ဆက္မည္အျပဳ စိမ္းက ကလ်ာနားသို႔ကပ္ကာ ႏွစ္ေယာက္တည္းၾကားရေလာက္သည့္ အသံေလးျဖင့္...
''ငါဆက္ၿပီးၿပီ ဖုန္းမကိုင္ဘူးဟ''
ရိပ္ၾကားလွ်င္ စိတ္မေကာင္းျဖစ္မည္ ဆိုေသာေၾကာင့္
စိမ္း တိုးတိုးေလးသာ ေျပာလိုက္ျခင္းျဖစ္သည္။
ထိုအခါ နားလည္သေဘာေပါက္သည့္ ကလ်ာကလည္း
ေခါင္းတခ်က္ညိတ္ ျပလိုက္သည္။ထို႔ေနာက္ စိမ္းလည္း
အခန္းျပင္သို႔ထြက္သြားခဲ့သည္။ခဏၾကာေတာ့ စိမ္း
အခန္းထဲသို႔ ျပန္ဝင္လာၿပီး စားပြဲေပၚရွိ စာအုပ္တခ်ိဳ႕ကို
အလ်င္စလို သိမ္းေန၏။
''ရိပ္ လာ..ဆရာမ လိုက္ပို႔ေပးမယ္''
စိမ္းက ရိပ္အားတြဲေခၚၿပီး ကလ်ာ့ဘက္သို႔ တခ်က္ၾကည့္ကာ....
''ဟို ကလ်ာနင္အခု အတန္းခ်ိန္ရွိလား''
''ဟင့္အင္း အခုက ငါ့နားခ်ိန္''
''ေအး အဲ့ဒါဆိုရင္ အခုငါ့အတန္းခ်ိန္ေလး ဝင္ထိန္း
ေပးထားပါလား။ငါ ေန႕တဝက္ခြင့္ယူလိုက္လို႔''
''ေအာ္..ေအးေအး... ရပါတယ္''
စိမ္းလည္း ရိပ္အားတြဲေခၚကာ နားေနခန္းမွထြက္လာခဲ့သည္။
အခန္းထဲရွိ ကလ်ာမွာေတာ့ ''ေန႕တဝက္ခြင့္ယူလိုက္လို႔''
ဆိုသည့္ စကားေၾကာင့္ တေယာက္တည္း ေၾကာင္ေတာင္ေတာင္ျဖစ္ေနေတာ့သည္။အဘယ္ေၾကာင့္ဆိုေသာ္ စိမ္းသည္ ေတာ္႐ုံ ေနမေကာင္းျဖစ္ေနရင္ေတာင္ ခြင့္ယူတတ္သည့္သူမဟုတ္။ ရိပ္ ေက်ာင္းစတက္သည့္ေန႕က ခြင့္ယူျခင္းသည္လည္း စိမ္း၏ အေဒၚေဆးခန္းျပရန္အတြက္
ခြင့္ယူခဲ့ျခင္းျဖစ္သည္။ယခု ေန႕တဝက္ခြင့္ယူကာ စိုးရိမ္တႀကီး ထြက္သြားေသာ စိမ္းေၾကာင့္ ကလ်ာ့မွာ အံ့ၾသေနရေတာ့သည္။
စိမ္းကားေပၚသို႔ ေရာက္သည္ႏွင့္ သူမ၏သူငယ္ခ်င္းျဖစ္သူ ဝင္းပပထြန္း ဆီသို႔ဦးစြာ ဖုန္းဆက္ေလသည္။
''ပပ နင္အခု duty ဝင္ေနတာလား''
''အင္းေလ ဘာျဖစ္လို႔လဲ စိမ္းရဲ႕''
''နင္ အဆင္ေျပရင္ လူတေယာက္ကို
လာၾကည့္ေပးလို႔ရလား။''
''ဟြန္.. ဘယ္သူ ဘာျဖစ္လို႔လဲ ''
''က်စ္...ရလား မရလားဆိုတာကိုသာေျပာစမ္းပါ ပပရယ္''
စိမ္းလည္း ရိပ္ကို စိတ္ပူေနေသာေၾကာင့္ စိတ္မရွည္နိုင္ေတာ့ေပ။ေဘးမွ ရိပ္ကေတာ့ ခုံအေနာက္ဘက္ကိုမွီၿပီး
မ်က္လုံးေလးမွိတ္ကာ ၿငိမ္ေနသည္။
''ငါ ငါ့သူငယ္ခ်င္းတေယာက္နဲ႕ duty ခ်ိန္ ခ်ိန္းလိုက္လို႔ရပါတယ္။ဘယ္ကို လာရမွာလဲ''
''အင္း ငါmessage ပို႔လိုက္မယ္''
''ေအး စိမ္း''
စိမ္းလည္း ရိပ္အိမ္လိပ္စာအား message ပို႔လိုက္သည္။ ထို႔ေနာက္ ထိုအနက္ေရာင္ကားေလးဟာ ေက်ာင္းဝန္းထဲက
ထြက္ကာ ရိပ္၏ အိမ္ေလးဆီသို႔ေပါ့။ရိပ္တို႔ၿခံ ေရွ႕သို႔ ေရာက္ေသာ္ ဒရိုင္ဘာဦးေလးႀကီးက တံခါးလာဖြင့္ေပးသည္။
စိမ္းသည္ ေဒၚေမနန္းႏွင့္ အေတာ္ေလးရင္းႏွီးသည္မို႔
အိမ္သို႔လည္း မၾကာမၾကာ လာတတ္သည္။ထို႔ေၾကာင့္
ဒရိုင္ဘာ ဦးေလးႀကီးက အေထြအထူးေမးမေနေတာ့ျခင္းျဖစ္သည္။ စိမ္း ရိပ္အားတြဲကာ အိမ္ထဲသို႔ဝင္လာခဲ့သည့္အခိုက္ ေဒၚေငြႏွင့္ ေတြ႕ေလသည္။
''ဟယ္ စိမ္းပါလား..ရိပ္..ရိပ္ကေရာ..ဘာျဖစ္လို႔လဲ သမီး''
''ဟို ရိပ္ေနမေကာင္းလို႔ ႀကီးေငြ...
ရိပ္ အခန္းဘယ္မွာလဲဟင္''
''ေအာ္ ေအးေအး သမီး ႀကီးေငြလိုက္ျပေပးမယ္ေနာ္''
ဒီလိုနဲ႕ ႀကီးေငြလည္း ရိပ္အား ဝိုင္းတြဲကာ ရိပ္အခန္းဆီသို႔
တက္လာခဲ့သည္။ထို႔ေနာက္ ရိပ္အား အခန္းအတြင္းရွိ
ကုတင္ေပၚတြင္ သက္ေတာင့္သက္သာ လွဲေနေစသည္။
''ႀကီးေငြ အဆင္ေျပရင္ ရိပ္အတြက္ ဆန္ျပဳတ္ေလး
ျပဳတ္ေပးလို႔ရမလားဟင္။ စိမ္း ဆရာဝန္ ေခၚထားၿပီးၿပီ။
ေဆးမေသာက္ခင္ေလး ေသာက္လို႔ရေအာင္လို႔ပါ''
''ေအးေအး သမီး။ႀကီးေငြ သြားျပဳတ္ထားလိုက္မယ္''
''ေအာ္.. ၿပီးေတာ့ေလ ႀကီးေငြ...ဟို သဘတ္ေလး တထည္နဲ႕
ေရ ဇလုံေလး တလုံးေလာက္လိုခ်င္လို႔
စိမ္း ေရပတ္ တိုက္ေပးထားမလို႔''
''ခဏေလး သမီး ႀကီးေငြ သြားယူေပးမယ္ေနာ္''
ခဏၾကာေတာ့ ေဒၚေငြလည္း ေရဇလုံ အေသးေလးတခုႏွင့္
အဝတ္ေလး တထည္ယူၿပီးအခန္းထဲသို႔ ျပန္ဝင္လာသည္။
''အဲ့ဒါဆိုေလ စိမ္း ႀကီးေငြ ရိပ္အတြက္ ဆန္ျပဳတ္သြားျပဳတ္လိုက္အုံးမယ္ေနာ္ သမီး''
''ဟုတ္ ႀကီးေငြ ေက်းဇူးပါေနာ္''
''ရပါတယ္ သမီးရယ္''
ေဒၚေငြ ထြက္သြားၿပီးေနာက္ စိမ္းလည္း ရိပ္အား ေရပတ္တိုက္ေပးရန္ ရိပ္ရဲ႕ ရင္ဖုံးအက်ီ ၾကယ္သီးေလးကို
ျဖဳတ္ရန္ လုပ္ေလသည္။ ထိုအခါ အဖ်ားရွိန္ေၾကာင့္ မွိန္းေနေသာရိပ္က စိမ္းလက္ေလးအား အုပ္ကိုင္လာသည္။
''ဟို အက်ီက ရိပ္ဘာ့သာပဲ လဲလိုက္ပါ့မယ္''
''ေရပတ္တိုက္ဖို႔ လိုတယ္ေလ ရိပ္ရဲ႕''
''ဒါေပမဲ့ ရိပ္...ရိပ္.. ရွက္လို႔''
''ဘာရွက္စရာရွိလဲ မိန္းကေလးအခ်င္းခ်င္းပဲကိုး''
''ဒါေပမဲ့''
''ကဲ....ဒါေပမဲ့ ေတြ ဘာေတြလုပ္မေနနဲ႕ လက္ဖယ္''
ထိုအခါ စိမ္းလည္း ရိပ္၏ အက်ီေလးအား ခြၽတ္ကာ
ေရပတ္တိုက္ေပးလိုက္သည္။အတြင္းခံ အက်ီေလးတခုတည္းနဲ႕ ရိပ္မွာေတာ့ ရွက္ေန၍ ေခါင္းေလးပင္ငုံ႕ေနသည္။
ထို႔ေနာက္ စိမ္းက ဗီရိုထဲက ညဝတ္အက်ီအပါးေလးအား
ထုတ္လာခဲ့သည္။အက်ီေလးလဲ ေပးၿပီးသည့္ေနာက္
ရိပ္က စိမ္းအား ေမာ့ၾကည့္ကာ.....
''ဟို..ဆရာမ...ထဘီက ရိပ္ဘာ့သာ လဲလိုက္မယ္ေနာ္''
မိမိ အား အလြန္ရွက္ေနသည့္ရိပ္ေၾကာင့္ စိမ္းလည္း
လက္ခံေပးလိုက္သည္။
''အင္းပါ...ဟုတ္ပါၿပီ''
''ဟိုေလ ဆရာမ... ဆရာမဟိုဘက္
ခဏလွည့္ေနေပးလို႔ရမလားဟင္''
''ကဲ ဟုတ္ပါၿပီရွင္''
စိမ္း တဖက္သို႔ မ်က္ႏွာလွည့္ေနသည့္ အခ်ိန္တြင္ ရိပ္လည္း
ေဘာင္းဘီအား အျမန္လဲဝတ္လိုက္သည္။
''ၿပီးၿပီလား''
''ဟုတ္''
ထို႔ေနာက္ စိမ္း ရိပ္ ဘက္သို႔ ျပန္လွည့္လာၿပီး ရိပ္၏
ေဘာင္းဘီရွည္အား ဒူးအထက္ထိ ဆြဲတင္ကာ ေရပတ္တိုက္ေပးဖို႔ လုပ္ေလသည္။
''ဆရာမ..ေျခေထာက္က ရိပ္ လုပ္လိုက္ပါ့မယ္
ေတာ္ၾကာ ငရဲေတြႀကီးေနပါအုံးမယ္''
''ရွည္လိုက္တာ ရိပ္ရယ္။ၿငိမ္ၿငိမ္ ေနစမ္း''
နည္းနည္း ေလသံမာမာျဖင့္ ေျပာလိုက္မွပဲ ရိပ္တေယာက္ၿငိမ္က်သြားေတာ့သည္။ေရပတ္တိုက္လို႔ လည္းၿပီးေရာ
ဝင္းပပလည္း အခ်ိန္ကိုက္ေရာက္လာေတာ့သည္။