အမုန်းတော်ခံသတို့သမီး (လင်းခြ...

By NabeNabe549

208K 8.2K 292

သူမ အရမ္းခ်စ္ရတဲ့ အေဖက မိန္းမ ယူလိုက္လို႔ ထိုမိေထြးကို လက္စားေခ်ခ်င္တဲ့ အေနနဲ႔ ထိုမိေထြးရဲ႕ သမီး နဲ႔ ေစ့စပ္ထ... More

Part - 1 ( Zg + Uni)
Part - 2 (Zg + Uni)
Part - 3 (Zg + Uni)
Part - 4 ( Zg + Uni)
Part - 5 ( Zg + Uni)
Part - 6 ( Zg + Uni )
Part - 7 ( Zg + Uni )
Part - 8 ( Zg + Uni )
Part - 9 (Zg + Uni)
Part - 10 (Zg + Uni)
Part - 11 (Zg + Uni)
Part - 12 (Zg + Uni)
Part - 13 (Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni)
Part - 33 ( Zg + Uni)
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni)
Part - 41 ( Zg + Uni)
Part - 42 ( Zg + Uni)
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part- 57 ( Zg + Uni)
Part- 59 ( Zg + Uni)
Part- 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Final Part ) ( Zg + Uni)

Part- 58 ( Zg + Uni)

2.6K 139 4
By NabeNabe549

💔💔    အမုန္းေတာ္ခံ သတို႔သမီး   💔💔💔
        { Part - 58  }

" ျဖဴလံုး သိတယ္ေနာ္ ေဖေဖ့က ရန္ျဖစ္တာကို
မႀကိဳက္ဘူးဆိုတာ "

တိတ္ဆိတ္ၿငိမ္သက္ေနေသာ အခန္းထဲမွာ
ေမေသြးျခယ္ နဲ႔ ျဖဴလံုးေလးသည္ အျပစ္ရိွသူ
ပမာ ရပ္ေနၾကသည္။ ျဖဴလံုးေလး ကေတာ့
လက္ကို ပိုက္ထားလ်က္ ဖခင္ျဖစ္သူကို
မရဲတရဲနဲ့ ၾကည့္ေနေလသည္။

မဟာ ကလည္း အခန္းေပါက္ဝက တံခါးေဘာင္ကို
မီွ၍ ၿခံရံ ဘာလုပ္မလဲဆိုတာကို မ်က္လုံး အျပဴး
သားနဲ႔ ၾကည့္ေနေလ၏ ။

" ေျပာစမ္း ျဖဴလံုး..!! ရန္ျဖစ္တာနဲ႔ ပတ္သက္ၿပီး
ေဖေဖ ဘယ္လိုေျပာထားလဲ....??  "

" ရန္ျဖစ္တာက မေကာင္းတဲ့ လူေတြရဲ႕
လုပ္ရပ္ပါ .. အသိဥာဏ္ မရိွတဲ့သူေတြပဲ
ရန္ျဖစ္တာလို႔ ေဖေဖ ေျပာထားပါတယ္... "

" မွတ္မိေနတာပဲ ေဖေဖ ေျပာထားတဲ့ ဆံုးမစကားကို...
ဒါ့ကို ဘာလို႔ သမီးက ရန္ျဖစ္ရတာလဲ... "

" အဲ့ဒီေကာင္ေလးက ျဖဴလံုး အ႐ုပ္ကို လုလို႔ပါ ေဖေဖ "

" ေဖေဖ့ ကို ဆင္ေျခမေပးနဲ႔ သမီး.... ဆင္ေျခဆိုတာ
မေကာင္းတဲ့ လူေတြမွ ေပးတတ္ၾကတာ...
ဘာလဲ သမီးက မေကာင္းတဲ့ ကေလး
ျဖစ္ခ်င္လို႔လား "

" မျဖစ္ခ်င္ပါဘူး ေဖေဖ... "

" ဒါဆို ဘာလို႔ ရန္ျဖစ္ရတာလဲ...??
ရန္ျဖစ္တာကို ေဖေဖ မႀကိဳက္ဘူးလို႔ ေျပာထား
တယ္ေလ... ဘာလဲ သမီး ရန္ျဖစ္တာက
ေဖေဖ့ ကို မခ်စ္လို႔ ေဖေဖ့ စကား
နားမေထာင္တာလား "

" မဟုတ္ပါဘူး ေဖေဖ... ျဖဴလံုး က ေဖေဖ့
ကို အရမ္းခ်စ္တာ... ေတာင္းပန္ပါတယ္
ေဖေဖ.... ျဖဴလံုး  ေဖေဖ မႀကိဳက္တာကို
လုပ္မိသြားတယ္ "

" အမွားလုပ္ၿပီးမွ ေတာင္းပန္တာကို
ေဖေဖ့က ဘာလုပ္ရမွာလဲ.??
႐ိုက္ရမွာလား...??  "

" ဒီကိစၥမွာ ျဖဴလံုးေလး က မမွားပါဘူး ဦးရံ...
သားကပဲ မွားတာပါ ....ဦးရံ အျပစ္ေပးခ်င္ရင္
သား ကိုပဲ အျပစ္ေပးပါ "

ဝင္ေရာက္တားလာေသာ သားကို ၿခံရံ ၾကည့္ကာ
သက္ျပင္းခ်လိုက္မိသည္။

သမီးေလး က baby နဲ႔ တစ္ထပ္တည္းေပ။
အေအးဆိုင္မွာ ရန္ျဖစ္တဲ့ မိန္းမကို သူ
အေလ်ာ္ေပးလိုက္ရသည္။ ပိုက္ဆံအေလ်ာ္
ေပးရတာက ကိစၥ မရိွပါ။ အေအးဆိုင္က
လူေတြရဲ ့ အၾကည့္က သူ႕ မိန္းမနဲ႔ သမီးေလး
ကို မ်က္လံုးျပဴး မ်က္ဆံျပဴးေတြ အထင္ေသး
ျခင္းေတြနဲ့။ ဒီအၾကည့္ေတြကို သူ လံုးဝ
မႀကိဳက္။

ေနာက္ၿပီး  baby နဲ႔ သမီးေလး
ရန္ျဖစ္တာကို သူ ဒီအတိုင္း အေလွ်ာ့ေပးလိုက္ရင္
ေနာက္တစ္ခါ baby နဲ႔ သမီးေလး က အခုလိုထပ္ျဖစ္
အံုးမည္။ ဒီေတာ့ ေနာက္ထပ္မျဖစ္ေအာင္
သူ ဆံုးမရေတာ့မည္။

" baby ,   baby  က အေမတစ္ေယာက္ေနာ္
တကယ္ဆို အေမ တစ္ေယာက္ အေနနဲ႔
သားသမီး ရန္ျဖစ္တာကို အခုလို အားေပး
အားေျမႇာက္ မလုပ္သင့္ဘူး.... ဒီကိစၥမွာ
သမီးေလး အျပင္ baby လည္း အရမ္းမွားတယ္ "

" ဟုတ္ ဦးရံ... သား သိပါတယ္... ဒါေပမဲ့
သူတို႔က သား သမီးကို မိမဆံုးမ ဖမဆံုးမလို႔
ေျပာတာကိုး... ဒါေၾကာင့္ သား
ရန္ျဖစ္လိုက္မိတာပါ "

ျဖဴလံုးေလး အေမလို႔ မေျပာရဘူး။ ျဖဴလံုးေလး
နည္းတူ အေၾကာင္းျပခ်က္ ေပးတတ္တယ္ေလ။

စိတ္႐ႉပ္ေထြးစြာ ၿခံရံ သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး.. ..

" ကိုယ္ မႀကိဳက္ဘူး baby ....
ရန္ျဖစ္ၿပီးမွ အေၾကာင္းျပခ်က္မ​ေပးနဲ႔...
တကယ္ဆို baby ကေတာင္ သမီးေလး ကို ဆံုးမရမွာ.. .
အခုေတာ့ baby ကပါ ရန္ေတာင္ျဖစ္ေနလိုက္
ေသးတယ္ "

" အဲ့ဒါ ျဖဴလံုး ကို ဟိုအဘြားႀကီးက မေကာင္း
ေျပာလို႔ အန္တီေမေသြးျခယ္ က ဝင္ပါတာပါ ​ေဖ​ေဖ
...အန္တီေမေသြးျခယ္ ကို ေဖေဖ
အျပစ္မတင္ပါနဲ႔... "

" ဒါဆို သမီး ေမေမကို အျပစ္မတင္ေစခ်င္ရင္
ေဖေဖ့က သမီးကို ႐ိုက္ရမွာလား "

" ဟင့္အင္း ဦးရံ....သမီးေလး ကို မ႐ိုက္ပါနဲ႔
ဦးရံ ႐ိုက္ခ်င္ရင္ သားကို ႐ိုက္ "

" ဟင့္အင္း ေဖေဖ... ျဖဴလံုး မွားတာ
ျဖဴလံုး ကိုပဲ ေဖေဖ ႐ိုက္... ျဖဴလံုး လုပ္တာ
ျဖဴလံုး ခံမယ္ "

" ေမ့ သမီးေလး က မခံရပါဘူး...
လူႀကီး ျဖစ္တဲ့ ေမေမ့ကပဲ မွားတာ.. .
ဦးရံ ႐ိုက္ခ်င္ရင္ သားကို ႐ိုက္ "

တစ္ေယာက္ တစ္ေပါက္နဲ႔ သူ႕႐ိုက္ငါ့႐ိုက္
လုပ္ေနေသာ သားမိေလးကို ၾကည့္ၿပီး
ၿခံရံ ရင္ထဲမွာ အတိုင္းမသိ ၾကည္ႏူးမိသည္။
ရန္​စ​ေပးတဲ့ မိန္းမကိုပဲ ေက်းဇူးတင္ရမလို။

ဒါေပမဲ့ အမွားလုပ္တာက အမွားပဲဆိုေတာ့
မ်က္ႏွာကို တည္ထားမိသည္။

" ေတာ္ေတာ့...!! ႏွစ္ေယာက္စလံုးကို
ဘယ္သူမွ မ႐ိုက္ဘူး...!! 
ဒါေပမဲ့ တစ္ခုေတာ့ ေျပာခဲ့မယ္... လင္းၿခံရံ
ရဲ႕ မိန္းမနဲ႔ ကေလးက အခုလိုေတြ ရန္ျဖစ္ေနမယ္ဆိုရင္
ပတ္ဝန္းက်င္က ဘယ္လိုျမင္မလဲ... ပတ္ဝန္းက်င္
အျမင္က တစ္ခ်ဳိ႕ ေနရာေတြမွာ အေရးမႀကီး
ေပမဲ့ ငါ့ အတြက္ေတာ့ အေရးႀကီးတယ္...
ငါ ခ်စ္ရတဲ့ မိန္းမနဲ႔ ကေလးကို တျခားလူေတြက
အျပစ္တင္ကဲ့ရဲ႕ ေျပာဆိုမယ္ဆိုရင္ ငါ အဲ့ဒီလူ
ကို သတ္ပစ္ခ်င္မိတယ္... သတ္ပစ္​လိုက္ရင္
ငါ ေထာင္က်မယ္... ဒါ့ကို မင္းတို႔ သားမိ
က ျမင္ခ်င္တာလား...??  ငါ ေထာင္က်တာ
ကို မင္းတို႔ ျမင္ခ်င္ရင္ ငါ လူသတ္ေပးမယ္ "

ၿခံရံ စကားေၾကာင့္ ေမေသြးျခယ္ နဲ႔ ျဖဴလံုး မွာ
ေနာက္ထပ္အထြန္႔မတက္ရဲ။ ၿငိမ္သက္သြား
ေသာ သားမိႏွစ္ေယာက္ကို ၿခံရံ စိတ္ပ်က္စြာ
ၾကည့္ၿပီး အနားကေန ထြက္လာခဲ့လိုက္သည္။

ၿခံရံ ထြက္သြားတာနဲ႔ တံခါးေဘာင္မွာ မီွၾကည့္ေနတဲ့
မဟာ နားကို ျဖဴလံုး က ေရာက္ခ်လာသည္။

" ေဖေဖ စိတ္ဆိုးသြားၿပီ ဟာဟာ.....
ျဖဴလံုး ကို ေဖေဖ့က စကားေျပာေတာ့မွာ
မဟုတ္ဘူး "

" အခုမွ သိတာလား ျဖဴလံုး... ??
နင့္ အေဖက ရန္ျဖစ္တာကို မႀကိဳက္ဘူးေလ... "

" သူတို႔က အရင္လာစတာကိုး... ေနာ့္
အန္တီေမေသြးျခယ္ "

" ဟုတ္တယ္ ကိုမဟာ.. ..သူတို႔က အရင္စလို
သား နဲ႔ သမီးေလး က ျပန္ေဆာ္ထည့္လိုက္တာ "

ႏွစ္ေယာက္သား ေလေပးေျဖာင့္ေနေသာ သူတို႔
ႏွစ္ေယာက္ကို မဟာ တစ္ခ်က္ၾကည့္ရင္း.. ..

" အ႐ုပ္မေလး ကို နင့္က မမုန္းေတာ့ဘူးေပါ့
ျဖဴလံုး "

" မုန္းေသးတယ္... အခု သူ႕ ဘက္ကူေပးတာက
ျဖဴလံုး ဘက္ကေန သူ႕က ကူေပးထားလို႔ "

ကိုမဟာ ေမးတာကို ပြင့္လင္းစြာ ေျဖလိုက္ေသာ
သမီးေလး ေၾကာင့္ သား အရမ္းသေဘာက်မိသည္။
သမီးေလး က အရမ္းပြင့္လင္းတာပဲ။ သား
ငယ္ငယ္က အတိုင္းေပ။

သမီးျဖစ္သူက မုန္းတယ္ေျပာတာကို ၿပံဳးေယာင္
သမ္းေနေသာ သားကို မဟာမွာ ၾကည့္ရင္း
ရယ္ရခက္ ၊ ငိုရခက္။

" ျဖဴလံုးေလး......ေဖေဖ့က စိတ္ဆိုးေနတယ္
ေမေမတို႔ ဘာလုပ္ၾကမလဲ...??  စိတ္ဆိုး
ေျပေအာင္ သြားေခ်ာ့ၾကမလား....??  "

" ဒီေန႔ေတာ့ ရမွာမဟုတ္ဘူး အန္တီေမေသြးျခယ္. ..
ေဖေဖ့က စိတ္ႀကီးတယ္.... တစ္ပတ္ေလာက္
ၾကာမွ စိတ္ဆိုးေျပတာ "

ဟုတ္ပါရဲ႕ သား ေမ့ေနတာပဲ။ ဦးရံ က သူ
တစ္ခုခု သေဘာမက်ရင္ သားကို တစ္ပတ္ေလာက္
စကားမေျပာတတ္တဲ့ အက်င့္ အရင္က ရိွတယ္ေလ။

" ဘာမွမျဖစ္ပါဘူး... ..သမီး နဲ႔ ေမေမတို႔ ေခ်ာ့
ၾကည့္တာေပါ့...ေဖေဖက စိတ္ဆိုးေျပမွာပါ "

" ဟုတ္ အန္တီေမေသြးျခယ္....ေက်းဇူးပါ "

ေျပာၿပီး အျမန္ေျပးထြက္သြားေသာ သမီးေလး
ကို သား ၾကည့္ရင္း ၿပံဳးမိရျပန္သည္။
ေက်းဇူးတင္တယ္ေျပာၿပီး သား ကို ရွက္ေနတယ္ေလ။
ကိုမဟာ ကလည္း ျဖဴလံုးေလး လုပ္ပံုကို
ေခါင္းယမ္းကာ ၿပံဳးၿပံဳးႀကီးနဲ႔ေပ။

*********************

" ေဖေဖ ဒါေလး စားမလားဟင္ ျဖဴလံုး
ထည့္ေပးမယ္ေလ... "

ျဖဴလုံး ဟင္းထည့္ေပးဖို႔ ျပင္လာတာနဲ႔ ပန္းကန္ကို
တျခားပန္းကန္နဲ႔ ၿခံရံ လဲလိုက္ေလသည္။
ထိုအခါ ျဖဴလံုးေလး ရဲ႕ မ်က္ႏွာက အေတာ္
ဝမ္းနည္းသြားခဲ့သည္။

ဝမ္းနည္းသြားေသာ ျဖဴလံုးေလး ကို ေမေသြးျခယ္
ၾကည့္ၿပီး စိတ္မေကာင္း။

စိတ္မေကာင္းေပမဲ့ သူမလည္း ဘာမွ လုပ္မေပးႏိုင္။

" ဒါေလး ဦးရံ စားဖို႔ သား ထည့္ေပးမယ္ေနာ္ "

ျဖဴလံုးေလး နည္းတူ ေမေသြးျခယ္ ဟင္းထည့္ေပးရာ
ဒီတစ္ခါ ပန္းကန္ကို တျခားပန္းကန္နဲ႔
ၿခံရံ မလဲေတာ့ဘဲ ေမေသြးျခယ္ ဟင္းထည့္ေပး
တာကို ခံလိုက္သည္။

ေမေသြးျခယ္ ထည့္ေပးတာကို ၿခံရံ က မျငင္းေတာ့
ျဖဴလံုးေလး ရဲ႕ မ်က္ႏွာက ပို၍ ဝမ္းနည္းသြား
ခဲ့သည္။

သို႔​ေသာ္​ ထိုဝမ္းနည္းမႈက ၾကာရွည္မခံ။

" ေရာ့ မဟာ.....ဒီဟင္း ငါ မႀကိဳက္ဘူး
မင္းပဲ စားလိုက္ေတာ့..! ! "

ေမေသြးျခယ္ ထည့္ေပးလာတဲ့ ဟင္းကို ခဏသာ
ၾကည့္ၿပီး မဟာ ပန္းကန္ထဲ  ၿခံရံ ျပန္​ထည့္ေပး
လိုက္သည္။

မဟာ ပန္းကန္ထဲ ၿခံရံ ဟင္းျပန္ထည့္ေပးလိုက္မွ
ျဖဴလံုးေလး မ်က္ႏွာသည္ ၿပံဳးရြင္သြားခဲ့သည္။
ဒါ့ကို ေမေသြးျခယ္ ကလည္း ၾကည့္ၿပီး
ေက်နပ္လို႔ေပ။

" အန္တီေမေသြးျခယ္ ေဖေဖ့ကို ျဖဴလံုး တို႔
ဟင္းထပ္ထည့္ေပးရေအာင္.... ေဖေဖ့
ဘယ္သူဟင္းကို စားမလဲဆိုတာ ျဖဴလံုး တို႔
ၿပိဳင္ၾကမယ္ေလ "

သား နားနား ကပ္ကာ သမီးေလး က တိုးတိုးေလး
ဆိုလာ၍  သား ၿပံဳးၿပီး ေခါင္းညိတ္ကာ သေဘာတူ
လိုက္သည္။

" ေဖေဖ ဒီဟင္းေလးက ေဖေဖ့ အႀကိဳက္...
ျဖဴလံုး ထည့္ေပးမယ္ "

" သားလည္း ထည့္ေပးမယ္ ဦးရံ... .ဒီဟင္းေလးက
ဦးရံ အႀကိဳက္ "

အၿပိဳင္အဆိုင္ထည့္ေပးလာေသာ သူတို႔ႏွစ္ေယာက္ရဲ႕
ဟင္းေတြကို ၿခံရံ ၾကည့္႐ံုသာ ၾကည့္ၿပီး
အဆံုးသတ္မွာ မဟာ ပန္းကန္ထဲ ျပန္ထည့္ေပး
လိုက္သည္။ ထိုအခါ ႏွစ္ေယာက္စလံုးရဲ ့
မ်က္ႏွာက စိတ္ဓာတ္က်သြားခဲ့သည္။

မဟာ ကေတာ့ တကယ္စိတ္မဆိုးဘဲ အႀကံေတြနဲ႔
စိတ္ဆိုးခ်င္ေယာင္ေဆာင္ေနေသာ ၿခံရံ ကို
ၾကည့္ကာ ၿပံဳးစိစိနဲ႔ေပ။

********************

" အန္တီေမေသြးျခယ္ က ဒီမွာ အိပ္မွာေပါ့ ေဖေဖ...
သူက သူ႕ အိမ္ကို ျပန္မအိပ္ဘူးလား... ?? "

" ျပန္မအိပ္ဘူး ျဖဴလံုး.....အ႐ုပ္မေလး က
နင့္ အေဖ စိတ္ဆိုးေနတာကို ေျပေအာင္
ကူညီေပးမွာမို႔လို႔ ဒီမွာ အိပ္မွာတဲ့ "

ၿခံရံ က စိတ္ဆိုးေနတာဆိုေတာ့ စကားေျပာလို႔
မရ။ ဒီေတာ့ ၿခံရံ အစား မဟာ ကပဲ ဝင္ေျဖ
ေပးလိုက္သည္။

ေမေသြးျခယ္ မွာလည္း ျဖဴလံုးေလး ေမးတာ
ကိုေတာင္ ဘာမွျပန္မေျဖတဲ့ ၿခံရံ ကို
ၾကည့္ၿပီး ျဖဴလံုးေလး အတြက္ စိတ္မေကာင္း​ေပ။

" ကဲ... ကဲ  ငါ့ အခန္း ငါ ျပန္ေတာ့မယ္....
ၿခံရံ မနက္ျဖန္ project စလုပ္ဖို႔ ရိွတယ္ေနာ္
မင္း ကူလုပ္ေပးဖို႔ စဥ္းစားထားအံုး....
ငါ တစ္ေယာက္တည္း မႏိုင္ဘူး "

" ေအးပါ.... အခုညကတည္းက ငါ တစ္ခါတည္း
လုပ္ထားလိုက္မယ္ မဟာ "

" အင္း... ဒါဆို ငါ သြားၿပီ....
သား နဲ႔ ျဖဴလံုးေလး ေရ good night ပါ "

" ဟုတ္ ကိုမဟာ good night ပါ "

" ဟာဟာ လည္း good night "

ႏွစ္ေယာက္စလံုးဆီက good night ဆိုတဲ့
စကားနားေထာင္ၿပီးမွ မဟာ သူ႕ အခန္းထဲ
ျပန္လာခဲ့လိုက္သည္။

မဟာ ထြက္သြားတာနဲ႔  အိပ္ရာေဘးက ဆိုဖာေပၚ
မွာ ၿခံရံ ဝင္​ထိုင္ကာ computer တစ္လံုးနဲ႔
လုပ္စရာရိွတာ လုပ္ေနလိုက္သည္။

computer တစ္လံုးနဲ႔ အလုပ္႐ႉပ္ေနေသာ
ၿခံရံ ကို ကုတင္ေပၚကေန ေမေသြးျခယ္ နဲ႔
ျဖဴလံုး တို႔ ၾကည့္ၿပီး တစ္ေယာက္လက္
တစ္ေယာက္ တို႔လိုက္ၾကသည္။

" အန္တီေမေသြးျခယ္ ျဖဴလံုးတို႔ ေဖေဖ့ကို
ေခ်ာ့ရေအာင္.... .ဒီမွာ ေဖေဖ ႀကိဳက္တဲ့
လိေမၼာ္သီး ျဖဴလံုး ဆီမွာ ရိွတယ္ "

အိတ္ကပ္ထဲကေန ႏိွပ္ၿပီး ျဖဴလံုးေလး ေပးလာတဲ့
လိေမၼာ္သီးကို ေမေသြးျခယ္ အခြံခြာရင္း
ၿပံဳးလိုက္ေလသည္။

" ေခ်ာ့မယ္ သမီးေလး.... ဒါေပမဲ့ ေမေမတို႔
ေခ်ာ့တာကို အစီအစဥ္ေတြ၊  ရွယ္ပလန္ေတြနဲ႔
ေခ်ာ့ရမယ္ "

" ဘာကို ေျပာတာလဲ အန္တီေမေသြးျခယ္.. .??
ျဖဴလံုး နားမလည္ဘူး "

" ဒီလိုေလ သမီးေလး ရဲ႕....  သမီး ေဖေဖကို
ေမေမတို႔က ခ်ဳိသာတဲ့ အသံေလးေတြ
သံုးၿပီး ေခ်ာ့မယ္.. .စကားအလွေလးေတြနဲ႔ေရာ
ဒါဆို သမီး ေဖေဖက တစ္မိနစ္ေတာင္ မၾကာဘူး
ေမေမတို႔ကို စိတ္ဆိုးေျပသြားမွာ "

" ဟုတ္လား အန္တီေမေသြးျခယ္.... ေခ်ာ့ၾကတာ
ေပါ့... ဘယ္လိုေခ်ာ့ရမလဲဆိုတာ အန္တီေမေသြးျခယ္
ဥပမာျပေပး "

" ဒါဆို ေမေမ ျပမယ္ေနာ္ သမီးေလး "

အေျပာနဲ႔အတူ ျဖဴလံုး နားနား ေမေသြးျခယ္
ကပ္လိုက္သည္။

" ေမေမ့က သမီး ေဖေဖရဲ႕ မိန္းမဆိုေတာ့
သမီးေဖေဖကို ေခ်ာ့ရင္ က်မ ​ေမ​ေသြး
ျခယ္​ ရဲ႕ ခ်စ္လွစြာေသာ ခင္ပြန္း ဦးရံ ..
က်မ ေမေသြးျခယ္ ရဲ႕ ခ်စ္လွစြာေသာ
အိမ္ဦးနတ္ဦးရံ...က်မ ေမေသြးျခယ္ ရဲ႕
အသည္းတျခမ္း ဦးရံ...က်မ ေမေသြးျခယ္ ခ်စ္ရတဲ့
ခင္ပြန္းေဟာင္းေလာင္းႀကီး ဦးရံ  "

" ေဟာင္းေလာင္းႀကီး ဟုတ္လား အန္တီေမေသြးျခယ္..??
ခင္ပြန္းေလာင္း မဟုတ္ဘူးလား...?? "

" မဟုတ္ဘူး သမီးေလးရဲ႕....သမီး ေဖေဖက
ေမေမ့ အတြက္ ခင္ပြန္း အေဟာင္းေလ
အသစ္မွ မဟုတ္ေတာ့တာ...ဒီေတာ့ ေဟာင္း
ေလာင္းႀကီးလို႔ ေခၚတာ "

" ဪ.. အဲ့ဒီလိုလား ဒါဆို ဆက္ေျပာ
အန္တီေမေသြးျခယ္ "

" ေျပာၿပီေနာ္ သမီးေလး. ..က်မ ေမေသြးျခယ္ ခ်စ္ရတဲ့ ခင္ပြန္းေဟာင္းေလာင္းႀကီး ဦးရံ ...စိတ္ဆိုးေတာ္
ေျပပါေနာ္... ဒီမွာ ခင္ပြန္းေဟာင္းေလာင္းႀကီး
ႀကိဳက္တဲ့ လိေမၼာ္သီးေလး ဝယ္ထားပါတယ္...
စားေတာ္မူပါ......ဒီက ေရွ႕ေလွ်ာက္
ခင္ပြန္းေဟာင္းေလာင္းႀကီး ေျပာတာကို
နားေထာင္ပါ့မယ္.....ခင္ပြန္းေဟာင္းေလာင္းႀကီး
က မသြားနဲ႔ဆို မသြားပါဘူး... .မစားနဲ႔ဆို
မစားပါဘူး.... မအိပ္နဲ႔ဆို မအိပ္ပါဘူး...
ဒီ လိေမၼာ္သီးေလးကို စားၿပီး ဒီက နွမငယ္​
မယားေခ်ာေခ်ာ ၊ ခ်စ္​ဇနီး​ေခ်ာ​ေခ်ာ​ေလး
​ေမ​ေသြးျခယ္​​ေလးကို ခြင့္လႊတ္ေပးေတာ္မူပါ ...
အဲ့ဒီလို ေျပာၿပီး သမီး ေဖေဖ့ လက္ထဲ လိေမၼာ္သီး
စိတ္ေလး ထည့္ေပးလိုက္မယ္....ဒါဆို
သမီး​ေဖ​ေဖက ေမေမတို႔ကုိ  ခြင့္လႊတ္ၿပီ "

"  ျဖဴလံုး က်ေတာ့ ဘယ္လိုေျပာရမလဲ. . ??
အန္တီေမေသြးျခယ္... ဒါမွမဟုတ္ ျဖဴလံုး
လည္း အစမ္းေျပာၾကည့္ရမလား....??  "

" ေျပာၾကည့္ သမီးေလး. ...ေမေမ နားေထာင္ေပး
မယ္..  သမီး မေျပာတတ္ရင္ ေမေမ သင္ေပးမယ္ "

" ဒါဆို ျဖဴလံုး ေျပာၿပီ​ေနာ္​ အန္တီေမေသြးျခယ္...
ခ်စ္ရတဲ့ ျဖဴလံုး ရဲ႕ ေဖေဖေဟာင္းေလာင္းႀကီး
ျဖဴလံုး ကို စိတ္မဆိုးပါနဲ႔ေနာ္... ျဖဴလံုး က
ေဖေဖေဟာင္းေလာင္းႀကီး စကားကို နားမေထာင္
မိတာ ေတာင္းပန္ပါတယ္....ဒီက ေရွ႕ေလွ်ာက္
ျဖဴလံုး ေဖေဖေဟာင္းေလာင္းႀကီး စကားကို
နားေထာင္ပါ့မယ္..ေဖေဖေဟာင္းေလာင္းႀကီး က
မအိပ္နဲ႔လို့ ေျပာရင္ ျဖဴလံုး က မအိပ္ပါဘူး .... ေဖေဖေဟာင္းေလာင္းႀကီး က ဒါမစားနဲ႔လို႔ ေျပာရင္
ျဖဴလံုး က မစားပါဘူး... ေဖေဖေဟာင္းေလာင္းႀကီး က အီးအီးမပါနဲ႔ ေျပာရင္ေတာင္ ျဖဴလံုး က မပါပါဘူး... အဲ့ဒီေလာက္ထိ ေဖေဖ ေဟာင္းေလာင္းႀကီး
အမိန္႔ကို ျဖဴလံုး က နာခံပါ့မယ္ "

" ဟီးဟီး. .."

" ဘာလို႔ ရယ္တာလဲ အန္တီေမေသြးျခယ္...??  "

ထရယ္လိုက္ေသာ ေမေသြးျခယ္ ေၾကာင့္ ျဖဴလံုးေလး
မ်က္ေစာင္း က ေမေသြးျခယ္ ဆီ ဒိုင္းခနဲပင္။

" သေဘာက်လို႔ပါ.. ..ျဖဴလံုးေလး ေျပာတာကို
ေမေမ့က သေဘာက်လို႔ ရယ္လိုက္မိတာ...
ဒါနဲ႔ ေနပါအံုး ေမေမ့က သမီး ေဖေဖကို
ခင္ပြန္း ေဟာင္းမို႔လို႔ ခင္ပြန္းေဟာင္းေလာင္းႀကီး
လို႔ ေခၚတာကို သမီးကပါ ဘာလို႔ ေဟာင္းေလာင္း
ႀကီးလို့ လိုက္​​ေခၚတာလဲ.... ?? "

" ျဖဴလံုး အတြက္လည္း ေဖေဖ့က အေဟာင္းႀကီး
ေလ.... ေဖေဖ အသစ္မွ မဟုတ္ေတာ့တာ...
ဒီေတာ့ ေဖေဖေဟာင္းေလာင္းႀကီးလို့ ေခၚရမွာေပါ့...
အန္တီေမေသြးျခယ္ တစ္ေယာက္တည္း
ေဟာင္းေလာင္းႀကီးလို႔ ေခၚပိုင္ခြင့္ရိွတာ မဟုတ္ဘူး...
ျဖဴလံုး ပါ ေခၚပိုင္ခြင့္ရိွတယ္ "

" ဟုတ္ကဲ့ပါ ေမေမကလည္း အခုလို သမီးေလး
​ေမေမလို လိုက္ေခၚလို႔ အရမ္းဝမ္းသာ
ပီတိျဖစ္မိပါတယ္ "

"  စကားမမ်ားနဲ႔ အန္တီေမေသြးျခယ္... ေဖေဖ့ကို
သြားေခ်ာ့မယ္... ဒါနဲ႔ ျဖဴလံုး ေျပာၿပီးမွ
အန္တီေမေသြးျခယ္ က ေျပာရမယ္ေနာ္ "

" ဟုတ္ကဲ့ပါရွင္ "

ဒီလိုနဲ႔ အခြံခြာထားတဲ့ လိေမၼာ္သီး ကို တစ္ေယာက္
တစ္ဝက္ခြဲယူလိုက္ကာ ကုတင္ေပၚကေန
ေမေသြးျခယ္တို႔ သားမိ ဆင္းလာၾကသည္။

" ေဖေဖ...!!! "

ျဖဴလံုးေလး ေခၚသံေၾကာင့္ computer ၾကည့္
ေနရာကေန ေမာ့ၾကည့္လာတဲ့ လင္းၿခံရံ။

" ခ်စ္ရတဲ့ ျဖဴလံုး ရဲ႕ ေဖေဖေဟာင္းေလာင္းႀကီး
ျဖဴလံုး ကို စိတ္မဆိုးပါနဲ႔ေနာ္..."

" ေဟာင္းေလာင္းႀကီး ဟုတ္လား ...?? "

ၿခံရံ ရဲ႕ သံေယာင္ရြတ္ဖတ္လိုက္မႈကို
ျဖဴလံုး က ၿပံဳးၿပံဳးႀကီးနဲ႔ ေခါင္းညိတ္လိုက္သည္။

" ဟုတ္တယ္ ေဖေဖ...ေဟာင္းေလာင္းႀကီး ..
ေဟာင္းေလာင္းႀကီး ဆိုတာက ေဖေဖ့က
ျဖဴလံုး အတြက္ ေဖေဖ အေဟာင္းေလ...
အသစ္မွ မဟုတ္ေတာ့တာ.... ဒါေၾကာင့္
ေဖေဖ ေဟာင္းေလာင္းႀကီး လို႔ ေခၚတာ...
ခ်စ္ရတဲ့ ျဖဴလံုး ရဲ႕ ေဖေဖေဟာင္းေလာင္းႀကီး
ျဖဴလံုး ကို စိတ္မဆိုးပါနဲ႔ေနာ္..."

" ေဖေဖေဟာင္းေလာင္းႀကီး စကားကို နားမေထာင္
မိတာ ေတာင္းပန္ပါတယ္....ဒီက ေရွ႕ေလွ်ာက္
ျဖဴလံုး ေဖေဖ ေဟာင္းေလာင္းႀကီး စကားကို
နားေထာင္ပါ့မယ္.. ေဖေဖ ေဟာင္းေလာင္းႀကီး က
မအိပ္နဲ႔လို့ ေျပာရင္ ျဖဴလံုးက မအိပ္ပါဘူး
ေဖေဖေဟာင္းေလာင္းႀကီး က ဒါမစားနဲ႔လို႔ ေျပာရင္ ျဖဴလံုး
က မစားပါဘူး... ေဖေဖေဟာင္းေလာင္းႀကီး က
အီးအီးမပါနဲ႔ ေျပာရင္ေတာင္ ျဖဴလံုး က မပါပါဘူး... အဲ့ဒီေလာက္ထိ ေဖေဖ ေဟာင္းေလာင္းႀကီး အမိန္႔ကို
ျဖဴလံုး က နာခံပါ့မယ္ "

တေဟာင္းတည္း ေဟာင္းေလာင္းေနေသာ
ျဖဴလံုးေလး ကို ၾကည့္ၿပီး ၿခံရံ ရယ္ခ်င္စိတ္ကို
မနည္းထိန္းေနရသည္။

ျဖဴလံုးေလးက ေခ်ာ့ၿပီး ၿခံရံ လက္ထဲ လိေမၼာ္သီး
ထည့္ေပးၿပီးတာနဲ႔ ေမေသြးျခယ္ ကလည္း...

" က်မ ေမေသြးျခယ္ရဲ႕ ခ်စ္လွစြာေသာ ခင္ပြန္း ဦးရံ ..
က်မ ေမေသြးျခယ္ ရဲ႕ ခ်စ္လွစြာေသာ အိမ္ဦးနတ္ ဦးရံ ...
က်မ ေမေသြးျခယ္ ရဲ႕အသည္းတျခမ္း ဦးရံ ...
က်မ ေမေသြးျခယ္ ခ်စ္ရတဲ့
ခင္ပြန္းေဟာင္းေလာင္းႀကီး ဦးရံ ...စိတ္ဆိုးေတာ္
ေျပပါေနာ္... ဒီမွာ ခင္ပြန္းေဟာင္းေလာင္းႀကီး
ႀကိဳက္တဲ့ လိေမၼာ္သီးေလး ဝယ္ထားပါတယ္...
စားေတာ္မူပါ......ဒီက ေရွ႕ေလွ်ာက္
ခင္ပြန္းေဟာင္းေလာင္းႀကီး ေျပာတာကို
နားေထာင္ပါ့မယ္.....ခင္ပြန္းေဟာင္းေလာင္းႀကီး
က မသြားနဲ႔ဆို မသြားပါဘူး..ခင္ပြန္းေဟာင္းေလာင္းႀကီး
က မစားနဲ႔ဆိုမစားပါဘူး....ခင္ပြန္းေဟာင္းေလာင္းႀကီး
က မအိပ္နဲ႔ဆို မအိပ္ပါဘူး... ဒီလိေမၼာ္သီးေလးကို
စားၿပီး ဒီက ႏွမငယ္ မယားေခ်ာေခ်ာ၊ ခ်စ္​ဇနီးေခ်ာေခ်ာေလး
ေမေသြးျခယ္ေလးကို ခြင့္လႊတ္ေပးေတာ္မူပါ "

" ဟားဟား.. ...ဟားဟား "

နဂိုကမွ  ျဖဴလံုးေလး ေခ်ာ့ပံုေၾကာင့္ ရယ္ခ်င္ေနတဲ့
လင္းၿခံရံ... ေမေသြးျခယ္ လည္း ေခ်ာ့ေရာ
မေတာင့္ခံႏိုင္ေတာ့ဘဲ အသားကုန္ ရယ္ခ်ပစ္လိုက္သည္။

Part  59 ေမွ်ာ္..............................
( ဟားဟား. ..ဟားဟား ခင္ပြန္းေဟာင္း
ေလာင္းႀကီး နဲ႔ 😂😂😂😂 ေဖေဖေဟာင္းေလာင္း
ႀကီးတဲ့ 😂😂😂 သား နဲ့ ျဖဴလံုးေလး က
အေတာ္လိုက္လည္း လိုက္တဲ့ သားမိႏွစ္ေယာက္ 😂😂😂
မတည့္ခ်င္လို႔သာ မတည့္တာ အေမနဲ႔ သမီးက
စိတ္ဓာတ္က အစ ခြၽတ္စြတ္ 😅😅😅😅)

ခ်စ္​တယ္​​ေနာ္​ မင္​မင္​ရဲ႕ ဒါဒါ​ေလး​ေတြ.......😍😍😘😘
ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး ဒါဒါေလးေတြရဲ႕ မန္႔ကို
မင္မင္ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္.. ......😍😍😘😘

#​ေလယူရာယိမ္​း

💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 58  }

" ဖြူလုံး သိတယ်နော် ဖေဖေ့က ရန်ဖြစ်တာကို
မကြိုက်ဘူးဆိုတာ "

တိတ်ဆိတ်ငြိမ်သက်နေသော အခန်းထဲမှာ
မေသွေးခြယ် နဲ့ ဖြူလုံးလေးသည် အပြစ်ရှိသူ
ပမာ ရပ်နေကြသည်။ ဖြူလုံးလေး ကတော့
လက်ကို ပိုက်ထားလျက် ဖခင်ဖြစ်သူကို
မရဲတရဲနဲ့ ကြည့်နေလေသည်။

မဟာ ကလည်း အခန်းပေါက်ဝက တံခါးဘောင်ကို
မှီ၍ ခြံရံ ဘာလုပ်မလဲဆိုတာကို မျက်လုံး အပြူး
သားနဲ့ ကြည့်နေလေ၏ ။

" ပြောစမ်း ဖြူလုံး..!! ရန်ဖြစ်တာနဲ့ ပတ်သက်ပြီး
ဖေဖေ ဘယ်လိုပြောထားလဲ....??  "

" ရန်ဖြစ်တာက မကောင်းတဲ့ လူတွေရဲ့
လုပ်ရပ်ပါ .. အသိဥာဏ် မရှိတဲ့သူတွေပဲ
ရန်ဖြစ်တာလို့ ဖေဖေ ပြောထားပါတယ်... "

" မှတ်မိနေတာပဲ ဖေဖေ ပြောထားတဲ့ ဆုံးမစကားကို...
ဒါ့ကို ဘာလို့ သမီးက ရန်ဖြစ်ရတာလဲ... "

" အဲ့ဒီကောင်လေးက ဖြူလုံး အရုပ်ကို လုလို့ပါ ဖေဖေ "

" ဖေဖေ့ ကို ဆင်ခြေမပေးနဲ့ သမီး.... ဆင်ခြေဆိုတာ
မကောင်းတဲ့ လူတွေမှ ပေးတတ်ကြတာ...
ဘာလဲ သမီးက မကောင်းတဲ့ ကလေး
ဖြစ်ချင်လို့လား "

" မဖြစ်ချင်ပါဘူး ဖေဖေ... "

" ဒါဆို ဘာလို့ ရန်ဖြစ်ရတာလဲ...??
ရန်ဖြစ်တာကို ဖေဖေ မကြိုက်ဘူးလို့ ပြောထား
တယ်လေ... ဘာလဲ သမီး ရန်ဖြစ်တာက
ဖေဖေ့ ကို မချစ်လို့ ဖေဖေ့ စကား
နားမထောင်တာလား "

" မဟုတ်ပါဘူး ဖေဖေ... ဖြူလုံး က ဖေဖေ့
ကို အရမ်းချစ်တာ... တောင်းပန်ပါတယ်
ဖေဖေ.... ဖြူလုံး  ဖေဖေ မကြိုက်တာကို
လုပ်မိသွားတယ် "

" အမှားလုပ်ပြီးမှ တောင်းပန်တာကို
ဖေဖေ့က ဘာလုပ်ရမှာလဲ.??
ရိုက်ရမှာလား...??  "

" ဒီကိစ္စမှာ ဖြူလုံးလေး က မမှားပါဘူး ဦးရံ...
သားကပဲ မှားတာပါ ....ဦးရံ အပြစ်ပေးချင်ရင်
သား ကိုပဲ အပြစ်ပေးပါ "

ဝင်ရောက်တားလာသော သားကို ခြံရံ ကြည့်ကာ
သက်ပြင်းချလိုက်မိသည်။

သမီးလေး က baby နဲ့ တစ်ထပ်တည်းပေ။
အအေးဆိုင်မှာ ရန်ဖြစ်တဲ့ မိန်းမကို သူ
အလျော်ပေးလိုက်ရသည်။ ပိုက်ဆံအလျော်
ပေးရတာက ကိစ္စ မရှိပါ။ အအေးဆိုင်က
လူတွေရဲ့  အကြည့်က သူ့ မိန်းမနဲ့ သမီးလေး
ကို မျက်လုံးပြူး မျက်ဆံပြူးတွေ အထင်သေး
ခြင်းတွေနဲ့။ ဒီအကြည့်တွေကို သူ လုံးဝ
မကြိုက်။

နောက်ပြီး  baby နဲ့ သမီးလေး
ရန်ဖြစ်တာကို သူ ဒီအတိုင်း အလျှော့ပေးလိုက်ရင်
နောက်တစ်ခါ baby နဲ့ သမီးလေး က အခုလိုထပ်ဖြစ်
အုံးမည်။ ဒီတော့ နောက်ထပ်မဖြစ်အောင်
သူ ဆုံးမရတော့မည်။

" baby ,   baby  က အမေတစ်ယောက်နော်
တကယ်ဆို အမေ တစ်ယောက် အနေနဲ့
သားသမီး ရန်ဖြစ်တာကို အခုလို အားပေး
အားမြှောက် မလုပ်သင့်ဘူး.... ဒီကိစ္စမှာ
သမီးလေး အပြင် baby လည်း အရမ်းမှားတယ် "

" ဟုတ် ဦးရံ... သား သိပါတယ်... ဒါပေမဲ့
သူတို့က သား သမီးကို မိမဆုံးမ ဖမဆုံးမလို့
ပြောတာကိုး... ဒါကြောင့် သား
ရန်ဖြစ်လိုက်မိတာပါ "

ဖြူလုံးလေး အမေလို့ မပြောရဘူး။ ဖြူလုံးလေး
နည်းတူ အကြောင်းပြချက် ပေးတတ်တယ်လေ။

စိတ်ရှူပ်ထွေးစွာ ခြံရံ သက်ပြင်းတစ်ချက်ချလိုက်ပြီး.. ..

" ကိုယ် မကြိုက်ဘူး baby ....
ရန်ဖြစ်ပြီးမှ အကြောင်းပြချက်မ​ပေးနဲ့...
တကယ်ဆို baby ကတောင် သမီးလေး ကို ဆုံးမရမှာ.. .
အခုတော့ baby ကပါ ရန်တောင်ဖြစ်နေလိုက်
သေးတယ် "

" အဲ့ဒါ ဖြူလုံး ကို ဟိုအဘွားကြီးက မကောင်း
ပြောလို့ အန်တီမေသွေးခြယ် က ဝင်ပါတာပါ​ဖေ​ဖေ
...အန်တီမေသွေးခြယ် ကို ဖေဖေ
အပြစ်မတင်ပါနဲ့... "

" ဒါဆို သမီး မေမေကို အပြစ်မတင်စေချင်ရင်
ဖေဖေ့က သမီးကို ရိုက်ရမှာလား "

" ဟင့်အင်း ဦးရံ....သမီးလေး ကို မရိုက်ပါနဲ့
ဦးရံ ရိုက်ချင်ရင် သားကို ရိုက် "

" ဟင့်အင်း ဖေဖေ... ဖြူလုံး မှားတာ
ဖြူလုံး ကိုပဲ ဖေဖေ ရိုက်... ဖြူလုံး လုပ်တာ
ဖြူလုံး ခံမယ် "

" မေ့ သမီးလေး က မခံရပါဘူး...
လူကြီး ဖြစ်တဲ့ မေမေ့ကပဲ မှားတာ.. .
ဦးရံ ရိုက်ချင်ရင် သားကို ရိုက် "

တစ်ယောက် တစ်ပေါက်နဲ့ သူ့ရိုက်ငါ့ရိုက်
လုပ်နေသော သားမိလေးကို ကြည့်ပြီး
ခြံရံ ရင်ထဲမှာ အတိုင်းမသိ ကြည်နူးမိသည်။
ရန်​စ​ပေးတဲ့ မိန်းမကိုပဲ ကျေးဇူးတင်ရမလို။

ဒါပေမဲ့ အမှားလုပ်တာက အမှားပဲဆိုတော့
မျက်နှာကို တည်ထားမိသည်။

" တော်တော့...!! နှစ်ယောက်စလုံးကို
ဘယ်သူမှ မရိုက်ဘူး...!! 
ဒါပေမဲ့ တစ်ခုတော့ ပြောခဲ့မယ်... လင်းခြံရံ
ရဲ့ မိန်းမနဲ့ ကလေးက အခုလိုတွေ ရန်ဖြစ်နေမယ်ဆိုရင်
ပတ်ဝန်းကျင်က ဘယ်လိုမြင်မလဲ... ပတ်ဝန်းကျင်
အမြင်က တစ်ချို့ နေရာတွေမှာ အရေးမကြီး
ပေမဲ့ ငါ့ အတွက်တော့ အရေးကြီးတယ်...
ငါ ချစ်ရတဲ့ မိန်းမနဲ့ ကလေးကို တခြားလူတွေက
အပြစ်တင်ကဲ့ရဲ့ ပြောဆိုမယ်ဆိုရင် ငါ အဲ့ဒီလူ
ကို သတ်ပစ်ချင်မိတယ်... သတ်ပစ်​လိုက်ရင်
ငါ ထောင်ကျမယ်... ဒါ့ကို မင်းတို့ သားမိ
က မြင်ချင်တာလား...??  ငါ ထောင်ကျတာ
ကို မင်းတို့ မြင်ချင်ရင် ငါ လူသတ်ပေးမယ် "

ခြံရံ စကားကြောင့် မေသွေးခြယ် နဲ့ ဖြူလုံး မှာ
နောက်ထပ်အထွန့်မတက်ရဲ။ ငြိမ်သက်သွား
သော သားမိနှစ်ယောက်ကို ခြံရံ စိတ်ပျက်စွာ
ကြည့်ပြီး အနားကနေ ထွက်လာခဲ့လိုက်သည်။

ခြံရံ ထွက်သွားတာနဲ့ တံခါးဘောင်မှာ မှီကြည့်နေတဲ့
မဟာ နားကို ဖြူလုံး က ရောက်ချလာသည်။

" ဖေဖေ စိတ်ဆိုးသွားပြီ ဟာဟာ.....
ဖြူလုံး ကို ဖေဖေ့က စကားပြောတော့မှာ
မဟုတ်ဘူး "

" အခုမှ သိတာလား ဖြူလုံး... ??
နင့် အဖေက ရန်ဖြစ်တာကို မကြိုက်ဘူးလေ... "

" သူတို့က အရင်လာစတာကိုး... နော့်
အန်တီမေသွေးခြယ် "

" ဟုတ်တယ် ကိုမဟာ.. ..သူတို့က အရင်စလို
သား နဲ့ သမီးလေး က ပြန်ဆော်ထည့်လိုက်တာ "

နှစ်ယောက်သား လေပေးဖြောင့်နေသော သူတို့
နှစ်ယောက်ကို မဟာ တစ်ချက်ကြည့်ရင်း.. ..

" အရုပ်မလေး ကို နင့်က မမုန်းတော့ဘူးပေါ့
ဖြူလုံး "

" မုန်းသေးတယ်... အခု သူ့ ဘက်ကူပေးတာက
ဖြူလုံး ဘက်ကနေ သူ့က ကူပေးထားလို့ "

ကိုမဟာ မေးတာကို ပွင့်လင်းစွာ ဖြေလိုက်သော
သမီးလေး ကြောင့် သား အရမ်းသဘောကျမိသည်။
သမီးလေး က အရမ်းပွင့်လင်းတာပဲ။ သား
ငယ်ငယ်က အတိုင်းပေ။

သမီးဖြစ်သူက မုန်းတယ်ပြောတာကို ပြုံးယောင်
သမ်းနေသော သားကို မဟာမှာ ကြည့်ရင်း
ရယ်ရခက် ၊ ငိုရခက်။

" ဖြူလုံးလေး......ဖေဖေ့က စိတ်ဆိုးနေတယ်
မေမေတို့ ဘာလုပ်ကြမလဲ...??  စိတ်ဆိုး
ပြေအောင် သွားချော့ကြမလား....??  "

" ဒီနေ့တော့ ရမှာမဟုတ်ဘူး အန်တီမေသွေးခြယ်. ..
ဖေဖေ့က စိတ်ကြီးတယ်.... တစ်ပတ်လောက်
ကြာမှ စိတ်ဆိုးပြေတာ "

ဟုတ်ပါရဲ့ သား မေ့နေတာပဲ။ ဦးရံ က သူ
တစ်ခုခု သဘောမကျရင် သားကို တစ်ပတ်လောက်
စကားမပြောတတ်တဲ့ အကျင့် အရင်က ရှိတယ်လေ။

" ဘာမှမဖြစ်ပါဘူး... ..သမီး နဲ့ မေမေတို့ ချော့
ကြည့်တာပေါ့...ဖေဖေက စိတ်ဆိုးပြေမှာပါ "

" ဟုတ် အန်တီမေသွေးခြယ်....ကျေးဇူးပါ "

ပြောပြီး အမြန်ပြေးထွက်သွားသော သမီးလေး
ကို သား ကြည့်ရင်း ပြုံးမိရပြန်သည်။
ကျေးဇူးတင်တယ်ပြောပြီး သား ကို ရှက်နေတယ်လေ။
ကိုမဟာ ကလည်း ဖြူလုံးလေး လုပ်ပုံကို
ခေါင်းယမ်းကာ ပြုံးပြုံးကြီးနဲ့ပေ။

*********************

" ဖေဖေ ဒါလေး စားမလားဟင် ဖြူလုံး
ထည့်ပေးမယ်လေ... "

ဖြူလုံး ဟင်းထည့်ပေးဖို့ ပြင်လာတာနဲ့ ပန်းကန်ကို
တခြားပန်းကန်နဲ့ ခြံရံ လဲလိုက်လေသည်။
ထိုအခါ ဖြူလုံးလေး ရဲ့ မျက်နှာက အတော်
ဝမ်းနည်းသွားခဲ့သည်။

ဝမ်းနည်းသွားသော ဖြူလုံးလေး ကို မေသွေးခြယ်
ကြည့်ပြီး စိတ်မကောင်း။

စိတ်မကောင်းပေမဲ့ သူမလည်း ဘာမှ လုပ်မပေးနိုင်။

" ဒါလေး ဦးရံ စားဖို့ သား ထည့်ပေးမယ်နော် "

ဖြူလုံးလေး နည်းတူ မေသွေးခြယ် ဟင်းထည့်ပေးရာ
ဒီတစ်ခါ ပန်းကန်ကို တခြားပန်းကန်နဲ့
ခြံရံ မလဲတော့ဘဲ မေသွေးခြယ် ဟင်းထည့်ပေး
တာကို ခံလိုက်သည်။

မေသွေးခြယ် ထည့်ပေးတာကို ခြံရံ က မငြင်းတော့
ဖြူလုံးလေး ရဲ့ မျက်နှာက ပို၍ ဝမ်းနည်းသွား
ခဲ့သည်။

သို့​သော်​ထိုဝမ်းနည်းမှုက ကြာရှည်မခံ။

" ရော့ မဟာ.....ဒီဟင်း ငါ မကြိုက်ဘူး
မင်းပဲ စားလိုက်တော့..! ! "

မေသွေးခြယ် ထည့်ပေးလာတဲ့ ဟင်းကို ခဏသာ
ကြည့်ပြီး မဟာ ပန်းကန်ထဲ  ခြံရံ ပြန်​ထည့်ပေး
လိုက်သည်။

မဟာ ပန်းကန်ထဲ ခြံရံ ဟင်းပြန်ထည့်ပေးလိုက်မှ
ဖြူလုံးလေး မျက်နှာသည် ပြုံးရွင်သွားခဲ့သည်။
ဒါ့ကို မေသွေးခြယ် ကလည်း ကြည့်ပြီး
ကျေနပ်လို့ပေ။

" အန်တီမေသွေးခြယ် ဖေဖေ့ကို ဖြူလုံး တို့
ဟင်းထပ်ထည့်ပေးရအောင်.... ဖေဖေ့
ဘယ်သူဟင်းကို စားမလဲဆိုတာ ဖြူလုံး တို့
ပြိုင်ကြမယ်လေ "

သား နားနား ကပ်ကာ သမီးလေး က တိုးတိုးလေး
ဆိုလာ၍  သား ပြုံးပြီး ခေါင်းညိတ်ကာ သဘောတူ
လိုက်သည်။

" ဖေဖေ ဒီဟင်းလေးက ဖေဖေ့ အကြိုက်...
ဖြူလုံး ထည့်ပေးမယ် "

" သားလည်း ထည့်ပေးမယ် ဦးရံ... .ဒီဟင်းလေးက
ဦးရံ အကြိုက် "

အပြိုင်အဆိုင်ထည့်ပေးလာသော သူတို့နှစ်ယောက်ရဲ့
ဟင်းတွေကို ခြံရံ ကြည့်ရုံသာ ကြည့်ပြီး
အဆုံးသတ်မှာ မဟာ ပန်းကန်ထဲ ပြန်ထည့်ပေး
လိုက်သည်။ ထိုအခါ နှစ်ယောက်စလုံးရဲ့ 
မျက်နှာက စိတ်ဓာတ်ကျသွားခဲ့သည်။

မဟာ ကတော့ တကယ်စိတ်မဆိုးဘဲ အကြံတွေနဲ့
စိတ်ဆိုးချင်ယောင်ဆောင်နေသော ခြံရံ ကို
ကြည့်ကာ ပြုံးစိစိနဲ့ပေ။

********************

" အန်တီမေသွေးခြယ် က ဒီမှာ အိပ်မှာပေါ့ ဖေဖေ...
သူက သူ့ အိမ်ကို ပြန်မအိပ်ဘူးလား... ?? "

" ပြန်မအိပ်ဘူး ဖြူလုံး.....အရုပ်မလေး က
နင့် အဖေ စိတ်ဆိုးနေတာကို ပြေအောင်
ကူညီပေးမှာမို့လို့ ဒီမှာ အိပ်မှာတဲ့ "

ခြံရံ က စိတ်ဆိုးနေတာဆိုတော့ စကားပြောလို့
မရ။ ဒီတော့ ခြံရံ အစား မဟာ ကပဲ ဝင်ဖြေ
ပေးလိုက်သည်။

မေသွေးခြယ် မှာလည်း ဖြူလုံးလေး မေးတာ
ကိုတောင် ဘာမှပြန်မဖြေတဲ့ ခြံရံ ကို
ကြည့်ပြီး ဖြူလုံးလေး အတွက် စိတ်မကောင်း​ပေ။

" ကဲ... ကဲ  ငါ့ အခန်း ငါ ပြန်တော့မယ်....
ခြံရံ မနက်ဖြန် project စလုပ်ဖို့ ရှိတယ်နော်
မင်း ကူလုပ်ပေးဖို့ စဉ်းစားထားအုံး....
ငါ တစ်ယောက်တည်း မနိုင်ဘူး "

" အေးပါ.... အခုညကတည်းက ငါ တစ်ခါတည်း
လုပ်ထားလိုက်မယ် မဟာ "

" အင်း... ဒါဆို ငါ သွားပြီ....
သား နဲ့ ဖြူလုံးလေး ရေ good night ပါ "

" ဟုတ် ကိုမဟာ good night ပါ "

" ဟာဟာ လည်း good night "

နှစ်ယောက်စလုံးဆီက good night ဆိုတဲ့
စကားနားထောင်ပြီးမှ မဟာ သူ့ အခန်းထဲ
ပြန်လာခဲ့လိုက်သည်။

မဟာ ထွက်သွားတာနဲ့  အိပ်ရာဘေးက ဆိုဖာပေါ်
မှာ ခြံရံ ဝင်​ထိုင်ကာ computer တစ်လုံးနဲ့
လုပ်စရာရှိတာ လုပ်နေလိုက်သည်။

computer တစ်လုံးနဲ့ အလုပ်ရှူပ်နေသော
ခြံရံ ကို ကုတင်ပေါ်ကနေ မေသွေးခြယ် နဲ့
ဖြူလုံး တို့ ကြည့်ပြီး တစ်ယောက်လက်
တစ်ယောက် တို့လိုက်ကြသည်။

" အန်တီမေသွေးခြယ် ဖြူလုံးတို့ ဖေဖေ့ကို
ချော့ရအောင်.... .ဒီမှာ ဖေဖေ ကြိုက်တဲ့
လိမ္မော်သီး ဖြူလုံး ဆီမှာ ရှိတယ် "

အိတ်ကပ်ထဲကနေ နှိပ်ပြီး ဖြူလုံးလေး ပေးလာတဲ့
လိမ္မော်သီးကို မေသွေးခြယ် အခွံခွာရင်း
ပြုံးလိုက်လေသည်။

" ချော့မယ် သမီးလေး.... ဒါပေမဲ့ မေမေတို့
ချော့တာကို အစီအစဉ်တွေ၊  ရှယ်ပလန်တွေနဲ့
ချော့ရမယ် "

" ဘာကို ပြောတာလဲ အန်တီမေသွေးခြယ်.. .??
ဖြူလုံး နားမလည်ဘူး "

" ဒီလိုလေ သမီးလေး ရဲ့....  သမီး ဖေဖေကို
မေမေတို့က ချိုသာတဲ့ အသံလေးတွေ
သုံးပြီး ချော့မယ်.. .စကားအလှလေးတွေနဲ့ရော
ဒါဆို သမီး ဖေဖေက တစ်မိနစ်တောင် မကြာဘူး
မေမေတို့ကို စိတ်ဆိုးပြေသွားမှာ "

" ဟုတ်လား အန်တီမေသွေးခြယ်.... ချော့ကြတာ
ပေါ့... ဘယ်လိုချော့ရမလဲဆိုတာ အန်တီမေသွေးခြယ်
ဥပမာပြပေး "

" ဒါဆို မေမေ ပြမယ်နော် သမီးလေး "

အပြောနဲ့အတူ ဖြူလုံး နားနား မေသွေးခြယ်
ကပ်လိုက်သည်။

" မေမေ့က သမီး ဖေဖေရဲ့ မိန်းမဆိုတော့
သမီးဖေဖေကို ချော့ရင် ကျမ​မေ​သွေး
ခြယ်​ရဲ့ ချစ်လှစွာသော ခင်ပွန်း ဦးရံ ..
ကျမ မေသွေးခြယ် ရဲ့ ချစ်လှစွာသော
အိမ်ဦးနတ်ဦးရံ...ကျမ မေသွေးခြယ် ရဲ့
အသည်းတခြမ်း ဦးရံ...ကျမ မေသွေးခြယ် ချစ်ရတဲ့
ခင်ပွန်းဟောင်းလောင်းကြီး ဦးရံ  "

" ဟောင်းလောင်းကြီး ဟုတ်လား အန်တီမေသွေးခြယ်..??
ခင်ပွန်းလောင်း မဟုတ်ဘူးလား...?? "

" မဟုတ်ဘူး သမီးလေးရဲ့....သမီး ဖေဖေက
မေမေ့ အတွက် ခင်ပွန်း အဟောင်းလေ
အသစ်မှ မဟုတ်တော့တာ...ဒီတော့ ဟောင်း
လောင်းကြီးလို့ ခေါ်တာ "

" ဪ.. အဲ့ဒီလိုလား ဒါဆို ဆက်ပြော
အန်တီမေသွေးခြယ် "

" ပြောပြီနော် သမီးလေး. ..ကျမ မေသွေးခြယ် ချစ်ရတဲ့ ခင်ပွန်းဟောင်းလောင်းကြီး ဦးရံ ...စိတ်ဆိုးတော်
ပြေပါနော်... ဒီမှာ ခင်ပွန်းဟောင်းလောင်းကြီး
ကြိုက်တဲ့ လိမ္မော်သီးလေး ဝယ်ထားပါတယ်...
စားတော်မူပါ......ဒီက ရှေ့လျှောက်
ခင်ပွန်းဟောင်းလောင်းကြီး ပြောတာကို
နားထောင်ပါ့မယ်.....ခင်ပွန်းဟောင်းလောင်းကြီး
က မသွားနဲ့ဆို မသွားပါဘူး... .မစားနဲ့ဆို
မစားပါဘူး.... မအိပ်နဲ့ဆို မအိပ်ပါဘူး...
ဒီ လိမ္မော်သီးလေးကို စားပြီး ဒီက နှမငယ်​
မယားချောချော ၊ ချစ်​ဇနီး​ချော​ချော​လေး
​မေ​သွေးခြယ်​လေးကို ခွင့်လွှတ်ပေးတော်မူပါ ...
အဲ့ဒီလို ပြောပြီး သမီး ဖေဖေ့ လက်ထဲ လိမ္မော်သီး
စိတ်လေး ထည့်ပေးလိုက်မယ်....ဒါဆို
သမီး​ဖေ​ဖေက မေမေတို့ကို  ခွင့်လွှတ်ပြီ "

"  ဖြူလုံး ကျတော့ ဘယ်လိုပြောရမလဲ. . ??
အန်တီမေသွေးခြယ်... ဒါမှမဟုတ် ဖြူလုံး
လည်း အစမ်းပြောကြည့်ရမလား....??  "

" ပြောကြည့် သမီးလေး. ...မေမေ နားထောင်ပေး
မယ်..  သမီး မပြောတတ်ရင် မေမေ သင်ပေးမယ် "

" ဒါဆို ဖြူလုံး ပြောပြီ​နော်​အန်တီမေသွေးခြယ်...
ချစ်ရတဲ့ ဖြူလုံး ရဲ့ ဖေဖေဟောင်းလောင်းကြီး
ဖြူလုံး ကို စိတ်မဆိုးပါနဲ့နော်... ဖြူလုံး က
ဖေဖေဟောင်းလောင်းကြီး စကားကို နားမထောင်
မိတာ တောင်းပန်ပါတယ်....ဒီက ရှေ့လျှောက်
ဖြူလုံး ဖေဖေဟောင်းလောင်းကြီး စကားကို
နားထောင်ပါ့မယ်..ဖေဖေဟောင်းလောင်းကြီး က
မအိပ်နဲ့လို့ ပြောရင် ဖြူလုံး က မအိပ်ပါဘူး .... ဖေဖေဟောင်းလောင်းကြီး က ဒါမစားနဲ့လို့ ပြောရင်
ဖြူလုံး က မစားပါဘူး... ဖေဖေဟောင်းလောင်းကြီး က အီးအီးမပါနဲ့ ပြောရင်တောင် ဖြူလုံး က မပါပါဘူး... အဲ့ဒီလောက်ထိ ဖေဖေ ဟောင်းလောင်းကြီး
အမိန့်ကို ဖြူလုံး က နာခံပါ့မယ် "

" ဟီးဟီး. .."

" ဘာလို့ ရယ်တာလဲ အန်တီမေသွေးခြယ်...??  "

ထရယ်လိုက်သော မေသွေးခြယ် ကြောင့် ဖြူလုံးလေး
မျက်စောင်း က မေသွေးခြယ် ဆီ ဒိုင်းခနဲပင်။

" သဘောကျလို့ပါ.. ..ဖြူလုံးလေး ပြောတာကို
မေမေ့က သဘောကျလို့ ရယ်လိုက်မိတာ...
ဒါနဲ့ နေပါအုံး မေမေ့က သမီး ဖေဖေကို
ခင်ပွန်း ဟောင်းမို့လို့ ခင်ပွန်းဟောင်းလောင်းကြီး
လို့ ခေါ်တာကို သမီးကပါ ဘာလို့ ဟောင်းလောင်း
ကြီးလို့ လိုက်​ခေါ်တာလဲ.... ?? "

" ဖြူလုံး အတွက်လည်း ဖေဖေ့က အဟောင်းကြီး
လေ.... ဖေဖေ အသစ်မှ မဟုတ်တော့တာ...
ဒီတော့ ဖေဖေဟောင်းလောင်းကြီးလို့ ခေါ်ရမှာပေါ့...
အန်တီမေသွေးခြယ် တစ်ယောက်တည်း
ဟောင်းလောင်းကြီးလို့ ခေါ်ပိုင်ခွင့်ရှိတာ မဟုတ်ဘူး...
ဖြူလုံး ပါ ခေါ်ပိုင်ခွင့်ရှိတယ် "

" ဟုတ်ကဲ့ပါ မေမေကလည်း အခုလို သမီးလေး
​မေမေလို လိုက်ခေါ်လို့ အရမ်းဝမ်းသာ
ပီတိဖြစ်မိပါတယ် "

"  စကားမများနဲ့ အန်တီမေသွေးခြယ်... ဖေဖေ့ကို
သွားချော့မယ်... ဒါနဲ့ ဖြူလုံး ပြောပြီးမှ
အန်တီမေသွေးခြယ် က ပြောရမယ်နော် "

" ဟုတ်ကဲ့ပါရှင် "

ဒီလိုနဲ့ အခွံခွာထားတဲ့ လိမ္မော်သီး ကို တစ်ယောက်
တစ်ဝက်ခွဲယူလိုက်ကာ ကုတင်ပေါ်ကနေ
မေသွေးခြယ်တို့ သားမိ ဆင်းလာကြသည်။

" ဖေဖေ...!!! "

ဖြူလုံးလေး ခေါ်သံကြောင့် computer ကြည့်
နေရာကနေ မော့ကြည့်လာတဲ့ လင်းခြံရံ။

" ချစ်ရတဲ့ ဖြူလုံး ရဲ့ ဖေဖေဟောင်းလောင်းကြီး
ဖြူလုံး ကို စိတ်မဆိုးပါနဲ့နော်..."

" ဟောင်းလောင်းကြီး ဟုတ်လား ...?? "

ခြံရံ ရဲ့ သံယောင်ရွတ်ဖတ်လိုက်မှုကို
ဖြူလုံး က ပြုံးပြုံးကြီးနဲ့ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ် ဖေဖေ...ဟောင်းလောင်းကြီး ..
ဟောင်းလောင်းကြီး ဆိုတာက ဖေဖေ့က
ဖြူလုံး အတွက် ဖေဖေ အဟောင်းလေ...
အသစ်မှ မဟုတ်တော့တာ.... ဒါကြောင့်
ဖေဖေ ဟောင်းလောင်းကြီး လို့ ခေါ်တာ...
ချစ်ရတဲ့ ဖြူလုံး ရဲ့ ဖေဖေဟောင်းလောင်းကြီး
ဖြူလုံး ကို စိတ်မဆိုးပါနဲ့နော်..."

" ဖေဖေဟောင်းလောင်းကြီး စကားကို နားမထောင်
မိတာ တောင်းပန်ပါတယ်....ဒီက ရှေ့လျှောက်
ဖြူလုံး ဖေဖေ ဟောင်းလောင်းကြီး စကားကို
နားထောင်ပါ့မယ်.. ဖေဖေ ဟောင်းလောင်းကြီး က
မအိပ်နဲ့လို့ ပြောရင် ဖြူလုံးက မအိပ်ပါဘူး
ဖေဖေဟောင်းလောင်းကြီး က ဒါမစားနဲ့လို့ ပြောရင် ဖြူလုံး
က မစားပါဘူး... ဖေဖေဟောင်းလောင်းကြီး က
အီးအီးမပါနဲ့ ပြောရင်တောင် ဖြူလုံး က မပါပါဘူး... အဲ့ဒီလောက်ထိ ဖေဖေ ဟောင်းလောင်းကြီး အမိန့်ကို
ဖြူလုံး က နာခံပါ့မယ် "

တဟောင်းတည်း ဟောင်းလောင်းနေသော
ဖြူလုံးလေး ကို ကြည့်ပြီး ခြံရံ ရယ်ချင်စိတ်ကို
မနည်းထိန်းနေရသည်။

ဖြူလုံးလေးက ချော့ပြီး ခြံရံ လက်ထဲ လိမ္မော်သီး
ထည့်ပေးပြီးတာနဲ့ မေသွေးခြယ် ကလည်း...

" ကျမ မေသွေးခြယ်ရဲ့ ချစ်လှစွာသော ခင်ပွန်း ဦးရံ ..
ကျမ မေသွေးခြယ် ရဲ့ ချစ်လှစွာသော အိမ်ဦးနတ် ဦးရံ ...
ကျမ မေသွေးခြယ် ရဲ့အသည်းတခြမ်း ဦးရံ ...
ကျမ မေသွေးခြယ် ချစ်ရတဲ့
ခင်ပွန်းဟောင်းလောင်းကြီး ဦးရံ ...စိတ်ဆိုးတော်
ပြေပါနော်... ဒီမှာ ခင်ပွန်းဟောင်းလောင်းကြီး
ကြိုက်တဲ့ လိမ္မော်သီးလေး ဝယ်ထားပါတယ်...
စားတော်မူပါ......ဒီက ရှေ့လျှောက်
ခင်ပွန်းဟောင်းလောင်းကြီး ပြောတာကို
နားထောင်ပါ့မယ်.....ခင်ပွန်းဟောင်းလောင်းကြီး
က မသွားနဲ့ဆို မသွားပါဘူး..ခင်ပွန်းဟောင်းလောင်းကြီး
က မစားနဲ့ဆိုမစားပါဘူး....ခင်ပွန်းဟောင်းလောင်းကြီး
က မအိပ်နဲ့ဆို မအိပ်ပါဘူး... ဒီလိမ္မော်သီးလေးကို
စားပြီး ဒီက နှမငယ် မယားချောချော၊ ချစ်​ဇနီးချောချောလေး
မေသွေးခြယ်လေးကို ခွင့်လွှတ်ပေးတော်မူပါ "

" ဟားဟား.. ...ဟားဟား "

နဂိုကမှ  ဖြူလုံးလေး ချော့ပုံကြောင့် ရယ်ချင်နေတဲ့
လင်းခြံရံ... မေသွေးခြယ် လည်း ချော့ရော
မတောင့်ခံနိုင်တော့ဘဲ အသားကုန် ရယ်ချပစ်လိုက်သည်။

Part  59 မျှော်..............................
( ဟားဟား. ..ဟားဟား ခင်ပွန်းဟောင်း
လောင်းကြီး နဲ့ 😂😂😂😂 ဖေဖေဟောင်းလောင်း
ကြီးတဲ့ 😂😂😂 သား နဲ့ ဖြူလုံးလေး က
အတော်လိုက်လည်း လိုက်တဲ့ သားမိနှစ်ယောက် 😂😂😂
မတည့်ချင်လို့သာ မတည့်တာ အမေနဲ့ သမီးက
စိတ်ဓာတ်က အစ ချွတ်စွတ် 😅😅😅😅)

ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘

#​လေယူရာယိမ်း

Continue Reading

You'll Also Like

1.8M 90.5K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
639K 18K 33
Both Unicode and Zawgyi "အခုကစၿပီး မင္းဘဝ မင္းလြတ္လပ္ခြင့္ေတြအကုန္လုံးက ငါ့လက္ထဲမွာဘဲ" "ဘာလို႔အဲ့ဒါကြၽန္မျဖစ္ေနရတာလဲ" "မင္းမိုလို႔ကို မင္းျဖစ္ေနတာ" "...
531K 12.3K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.6M 120K 66
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...