Part - 6 ( Zg + Uni )

3.2K 127 2
                                    

{ Part - 6 }

အိပ်ပျော်နေသော မေသွေးခြယ် ကိုယ်လေးကို
ခြံရံ ကုတင်ပေါ် အသာလေး ချပေးကာ
မေသွေးခြယ် မျက်နှာလေးကို သူ ကြည့်နေမိသည်။

ကြည့်နေတုန်း ဘားမှာ မှောက်မသွားခင် မေးသွား
တဲ့ စကားတွေက သူ့ နားထဲ အစီအရီ ပြန်​​ပေါ်
လာ၏ ။

" ဪ သတိရပြီ ဦးလင်းခြံရံ...... သား
သတိရပြီ သားက ခင်ဗျား မိန်းမ ဆိုတော့ သား
မေးတာကို ခင်ဗျား ဖြေနိုင်ရမှာပေါ့ "

" အင်း မေး ငါ ဖြေမယ် "

" ဒါဆို သား မေးပြီနော် သား ရင်သား နဲ့
သား ဖင်နားမှာ မှည့် ဘယ်နှလုံးရှိလဲ "

" ဘာ.....!!! "

အဲ့ဒီတုန်းက အရမ်းရှက်​ပြီး ပူထူသွားတဲ့ မျက်နှာကြီးက အဲ့နားမှာတင် လဲသာ သေပစ်လိုက်ချင်သည်။
တစ်ဆက်တည်း သူ့  အော်သံကြောင့် စိုက်ကြည့်
လာကြတဲ့ ဘားက လူတွေကြောင့်လည်း သူမှာ
ရှက်လိုက်ရတာ ချာတိတ်မ ကတော့
အဲ့တာမေးပြီး မှောက်သွားလေသည်။

တော်တော်ဆိုးတဲ့ ချာတိတ်မပင်။
ရှေ့လျှောက်တော့ သူ့  ဘဝက မလွယ်ရေးချ
မလွယ်ပေ။

*********************

" အား........!!!! ဦးခြံရံ...!!!! "

သား အထိတ်တလန့် အော်ချလိုက်တော့ ခြံရံ လန့်ပြီး
နိုးသွားလေသည်။

ကြည့်လိုက်တော့ သူ့ ရင်ခွင်ထဲ ရောက်နေလို့
ချာတိတ်မ က အော်တာပင်....။

" ဘာလို့ အော်နေတာလဲ မေသွေးခြယ်...??
မိန်းကလေး မတန်မဲ့ မင်း ဘာလို့ အော်နေရတာ
လဲ.....??? "

" အော်ရမှာပေါ့ ခင်ဗျားက သား ကို ဖက်ထား
တာကိုး "

ပြောပြောဆိုဆိုနဲ့ သူ့ လက်တွေကို ဖယ်ထုတ်ပြီး
ရင်ခွင်ကြားထဲကနေ ရုန်းထွက်သော
မေသွေးခြယ် ပင်...။

သူကလည်း အမြင်ကပ်ကပ်နဲ့ မေသွေးခြယ်
ရုန်းထွက်လေ ပြန်ပြီး ဖက်ထားလေပေ။

" ခင်ဗျား ဘာလို့ လူကို လာဖက်နေတာလဲ
ဦးလင်းခြံရံ....??? "

" မင်းကို ဖက်ချင်လို့ ဖက်တယ်များ ထင်နေတာလား
အမြင်ကပ်လို့ ဖက်တာ "

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now