Part - 38 ( Zg + Uni)

2.3K 115 7
                                    

        { Part - 38 }

အအေးဆိုင်မှာ အရှက်ကွဲသွားပြီး အိမ်ပြန်ရောက်
လာတော့ သား မပျော်နိုင်ပါ။

တကယ်ဆို သား ပျော်သင့်သည်။ ဒယ်ဒီ ပို့လာ
ပေးတဲ့ ကားလေးက နောက်ဆုံးပေါ် ပြိုင်ကား
ဖြစ်နေတော့ သား ပျော်ကို ပျော်သင့်သည်။

ဒါပေမဲ့ နေထက် က အခုထိ သတိလစ်နေသေး
၍ သား ရင်ထဲမှာ ရတက်​မ​အေးဖြစ်​​နေရသည်။
သဲပြည့် ကိုလည်း သား ဖုန်းဆက်ပြီး အကူအညီ
တောင်းထား​ပါ​သေးသည်။
သဲပြည့်​ က​တော့ သားကို စိတ်​မပူနဲ့တဲ့။
သူ ဂရုစိုက်​​ပေးလိုက်​မယ်​တဲ့။

သား ကိုယ်တိုင် နေထက် ကို သွားကြည့်ချင်ပေမဲ့
နေထက် ဆီ သွားရင် ဆေးရုံလည်း မရှောင်
နမ်းမယ် ခြိမ်းခြောက်ထားတော့ သား
မသြားရဲခဲ့ပါ။

သား အပေါ် သူ အခုလို ဆက်ဆံနေတာ
တွေကို မုန်းသည်။ သားကို သူ့ အပိုင်
သတ်မှတ်ထားတဲ့ သူရဲ့ စိတ်ကိုလည်း သား
အရမ်းမုန်းသည်။

သူကျတော့ company မှာ အလုပ်တွေနဲ့ ရှူပ်
နေသည်။

သား ကျတော့ အိမ်ကနေ ထွက်ရင် နမ်းတာခံ
ရမယ်တဲ့။
အတော်တရားကျဖို့ ကောင်းတဲ့ လူပါ။

"  တီ.....တီ..... တီ.. .."

စိတ်တိုနေပါတယ်ဆိုနေမှ ဖုန်းဆက်လာတော့
သား မကိုင်​ဘဲ ကြည့်​​ပဲကြည့်​​နေလိုက်​သည်​။
ဒါ​ပေမဲ့ ဖုန်းက ခဏခဏ​ခေါ်​နေ​တော့ ချက်ချင်း ကောက်ကိုင်ပစ်လိုက်သည်။

" မသာကြီး ပြော...!!!  ဘာပြောမလို့လဲ...??  "

ဖုန်းဆက်လိုက်တာနဲ့ ထွက်ပေါ်လာတဲ့ အသံလေးက
သိပ်နားဝင်ချိုနေတော့ ခြံရံ မဲ့ပစ်လိုက်သည်။

"  မသာကြီး မဟုတ်ဘူး မေသွေးခြယ်...
ငါ့က မင်းရဲ့ လင်...! !! မင်းနဲ့ အတူတူ
အိပ်ထားတဲ့ မင်းရဲ့ လင်....!!! "

" တောက်စ်..! !! "

" တောက်စ်တွေ ခေါက်မနေနဲ့ အိမ်မှာ
ဘာစားစရာမှ မရှိဘူး.... အဲ့ဒါ မင်းစားဖို့ ငါ့ လူကို
မုန့်တွေ ပို့ခိုင်းလိုက်တယ်... အခု သူ
အိမ်ရှေ့ ရောက်နေပြီ... အဲ့ဒါ မင်း ထွက်ယူလိုက်
အုံး.. ..!!! "

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now