Part - 11 (Zg + Uni)

2.8K 141 7
                                    

{ Part - 11 }

" ပေးလိုက်လေ ဒယ်ဒီ.....ဒယ်ဒီ ပေးလိုက်
ဒါပေမဲ့ မာမီ က ဒယ်ဒီ နေနေတဲ့ အိမ်ကို
သား ကို အမွေပေးခဲ့တယ်ဆိုတာ ဒယ်ဒီ
မမေ့နဲ့....! !!! "

" မမေ့ဘူး ငါ သိတယ်.... ဒါပေမဲ့ အဲ့ဒီအိမ်ကို
နင့် အသက် နှစ်ဆယ်ပြည့်မှ ရမယ်ဆိုတာ
ရော မမေ့နဲ့...?? နောက်ပြီး နင့် မာမီ
နင့် အတွက် ချန်ထားပေးခဲ့တဲ့ အမွေတွေကိုရောပဲ..
နင် အသက် နှစ်ဆယ်ပြည့်မှ ရမယ်ဆိုပေမဲ့
လက်ရှိ ငါ့က အဲ့ဒါတွေကို ထိန်းသိမ်းထားပေးနေရတာ
ဒီတော့ ငါ လုပ်ချင်သလို လုပ်လိုက်​လို့ ရတယ်
ဒါကြောင့် နင် သက်ချို ကို မတောင်းပန်ဘူးဆိုရင်
နင့် မာမီ ရဲ့ အိမ်ကို သူတို့ သားမိကို
ငါ ပေးပစ်မယ်..... "

ပေးပစ်မယ်တဲ့... .။ ဒီသားမိ အတွက်နဲ့ သား
အချစ်ဆုံး မာမီ ရဲ့ အိမ်ကို ဒယ်​ဒီက သူတို့ကို
ပေးပစ်မယ်တဲ့။

ဒီစကားက သား ကို အတော်ဝမ်းနည်းပြီး လူကို
နာကျင်စေသည်။ မျက်ရည်တွေ ကျချင်
လာတာကြောင့် သား လက်ကို အသားကုန်
ဆိတ်နေမိသည်။ ဒါမှ သား မငိုမှာ။
မဟုတ်ရင် သား မျက်ရည်တွေ ကျလာလိမ့်မည်။

" သား အိမ်ကို ဒယ်ဒီ ပေးချင်ရင် ပေးလိုက်
သား ကတော့ သူတို့ကို လုံးဝတောင်းပန်မှာ
မဟုတ်ဘူး....နောက်ပြီး ခြိမ်းခြောက်တိုင်း
ကြောက်မယ့် အထဲမှာ သား မပါဘူး ဒယ်​ဒီ ....
ဦးခြံရံ ခင်ဗျား လည်း သတိနဲ့ နေပါ
ဒီနေ့က စပြီး ခင်ဗျား လည်း ကျတော် ရန်သူ
ဖြစ်သွားပြီမလို့ပဲ....... "

သား စကားတွေ အများကြီး မပြောနိုင်တော့ပါ။
ဆက်ပြောရင် ငိုမိမှာစိုးတာကြောင့် ထိုနေရာကနေ
အမြန်ထွက်လာလိုက်သည်။

**************************

" မာမီ သားဘက်မှာ ဘယ်သူမှ
မရှိဘူး ဒယ်ဒီ ကလည်း
ဟိုသားမိ မှ ဟိုသားမိ....
ဦးခြံရံ ကလည်း ဟိုသားမိမှ ဟိုသားမိပဲ
သား ဘက်မှာ ဘယ်သူမှ မရှိဘူး မာမီ....
အီးဟီး..... အင့်ဟင့်...အီးဟီး... အင့်ဟင့် "

ဖုန်းထဲက သူမ အမေ ဓာတ်ပုံလေးကို မေသွေးခြယ်
ကြည့်ရင်း ရိုက်ကြီးတငင်ငိုနေခဲ့သည်။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now