Part - 29 ( Zg + Uni)

2.3K 109 4
                                    

        { Part - 29 }

ဒီလိုနဲ့ မော်ဒယ်တွေက တစ်ယောက်ပြီး တစ်ယောက်
သူတို့ တွဲဘက်နဲ့ ထွက်လာကာ သူတို့ကိုယ်ပေါ်က
လက်ဝတ်ရတနာထည်တွေကို ရောင်းပေးကြသည်။

မော်ဒယ် ငါးယောက်ထဲမှာ အများဆုံး
ရောင်းအားများသူကတော့ မော်ဒယ်ခြူးမြတ်သွယ်
ပေ။ သူမ ရောင်းပေးတာ စုစုပေါင်း သိန်းကိုး
ထောင့် ကိုးရာ ရှိသွားပြီလေ။

သိန်းပေါင်းတစ်သောင်း ပြည့်ဖို့ တစ်ရာပဲ
လိုတော့သည်။

" ဟုတ်ကဲ့ အခု လက်ရှိ အလှည့်ကျသူကတော့
မျက်နှာသစ်လေး   မိုးပုလဲ ပါ... မျက်နှာသစ်
ဆိုပေမဲ့ ဒီညီမလေးက အရမ်းကို ချောပြီး
သူ့ ခန္တာကိုယ်ကလည်း မိမိုက်ပါတယ်
ဒါ​ကြောင့်​ ဒီညီမ​လေးကို ​ခေါ်လိုက်​ရ​အောင်​​နော်
မော်ဒယ်မိုးပုလဲ တွဲဘက် အားပိုင် နဲ့ စင်မြင့်
ပေါ်ကို ကြွရောက်လာပေးပါ "

presenter ရဲ့ ဖိတ်ခေါ်လိုက်တဲ့ စကားအဆုံး
မိုးပုလဲ က စင်မြင့်ထက်ကို partner အားပိုင်
နှင့် အတူ ယှဉ်တွဲတက်လာခဲ့သည်။

ပေါင်ရင်းထိခွဲထားသော ဂါဝန်က သူမ ပေါင်သလုံး
သားတွေကို ဖော်ပြနေသယောင်။ 
ဖွေးဥပြီး သေးသွယ်နေတော့ သူမ တစ်ချက်
လျှောက်လာတိုင်း အတော်လေး ကြည့်ကောင်း
သည်။ ဒါပေမဲ့ တမင်ပေါ်အောင် ဖော်ပြနေ
တယ်ဆိုတာ မိုးပုလဲ ရဲ့ ခြေလှမ်းတွေအရ
သိသည်။ ပုံမှန်လျှောက်ရင် ပေါ်နေပြီပဲကို
သို့သော် မိုးပုလဲ ကတော့ အဲ့ဒီလောက်
ပေါ်တာနဲ့ အားမရ၊  အသားကုန်ပေါ်အောင်
လျှောက်နေလေသည်။ ဒါတင်မကသေး
မိုးပုလဲ တွဲဘက်ကလည်း မိုးပုလဲ ခိုင်းတဲ့ အတိုင်း
လက်လေးကို ညင်သာစွာ ကိုင်ပေးပြီး
စင်မြင့် ထိပ်ကို ရောက်တာနဲ့ မိုးပုလဲ
ကိုယ်လေးကို ဆွဲလှည့်ပေးလိုက်သည်။

အလိုက်သင့်လေး မိုးပုလဲ ဆွဲရာနောက်
ရွေ့လျားပြီးတဲ့နောက်မှာ သူမ ကို
ဖက်တွယ်လိုက်သော မော်ဒယ်အားပိုင်ကို
ချစ်မြတ်နိုးတဲ့ အကြည့်တွေနဲ့ပေ။

ဒါတင်မကသေး ခန္တာကိုယ်ကို ပြန်မတ်လိုက်ပြီး
ပွဲထဲက ဘောစိတွေကိုပါ သူမက eye
contact လုပ်နေခဲ့သည်။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Dove le storie prendono vita. Scoprilo ora