Part - 35 ( Zg + Uni)

2.6K 114 1
                                    

        { Part - 35 }

" လူယုတ်မာ..... လူယုတ်မာကြီး
အသေဆိုးနဲ့ သေမယ့် မသာကြီး
အီးဟီး...အင့်ဟင့်....အင့်ဟင့် "

ရှိုက်သံသဲ့သဲ့လေးက နားထဲ ဝင်လာတော့
ခြံရံ ဆက်အိပ်လို့ မရတော့ပါ။
မျက်လုံး ဖွင့်ကြည့်လိုက်တော့ ကုတင်ဘေးစွန်းမှာ
မေသွေးခြယ် ထိုင်ပြီးငိုနေတာကို တွေ့လိုက်ရသည်။

" မင်း ဘာလို့ ငိုနေတာလဲ မေသွေးခြယ် "

" အယုတ်တမာကြီး....ခင်ဗျားကြီး
သား ဘဝကို ဖျက်ဆီးသွားတာကို သားက မငိုဘဲ ရယ်နေရမှာလား...??  "

ငိုနေရာကနေ နှုတ်ခမ်းထော်လျက်ကြီးနဲ့
ရန်တွေ့လာသော မေသွေးခြယ် ကြောင့်
ခြံရံ ပြုံးလိုက်မိသည်။ တကယ်ပါ။  ရန်တွေ့တဲ့
ပုံစံလေးက ဘယ်လိုလေးမှန်းမသိ။

" လူယုတ်မာကြီး...!!!  သား အကောင်းပြောတာ
ကို ခင်ဗျား က ရယ်တယ်ပေါ့... မုန်းတယ်
ခင်ဗျား ကို သား အရမ်းမုန်းတယ် "

သား မုန်းတယ်ပြောလိုက်တာနဲ့ ဦးခြံရံ က
အနားရောက်လာတော့ သား မျက်လုံးပြူးသွား
ရသည်။

" သွား... ခင်ဗျား ဘာလာလုပ်တာလဲ... ??
သား အနား မလာနဲ့.. ..!!! ခင်ဗျား ကို
သား အရမ်းမုန်းတယ် "

" တော်လိုက်တော့ မေသွေးခြယ်. ...!!
ထပ်မပြောနဲ့...!!! ထပ်ပြောရင် မနေ့ညကလို
ထပ်လုပ်ပစ်မယ် "

" လုပ်လိုက်လေ.. .လုပ်လိုက်စမ်းပါ
သားက ခင်ဗျား ကို ကြောက်မယ်ထင်နေတာလား... ??
သား ဘဝက ခင်ဗျား ကြောင့် ပျက်စီးသွားပြီ
ပျက်စီးသွားပြီ ....အဲ့ဒါခင်ဗျား သိရဲ့လား.. .!!! "

အင်္ကျီစကို ဆွဲလိုက်ရာ ခြံရံ ပါးစောင်ကို
လျှာနဲ့ ထိုးပစ်လိုက်သည်။

" အခုမှ ပျက်စီးတာ မဟုတ်ဘူး မေသွေးခြယ်
မင်းနဲ့ ငါနဲ့ စတွေ့ဆုံကတည်းက နှစ်ယောက်စလုံး
က ပျက်စီးပြီးသွားပြီ.. ..အခုမှ ပျက်စီးတယ်
လုပ်မနေနဲ့.  ..နောက်ပြီး မင်းက ငါ့ အပိုင်ပဲ
ဒါကြောင့် မင်း က ငါ့ အပိုင်ဆိုတာ မှတ်မိသွား
အောင် မနေ့ညက ငါ ပြန်​လုပ်ပေးလိုက်တာ "

" လူယုတ်မာ.... သားက ခင်ဗျား အပိုင်မဟုတ်ဘူး
ခင်ဗျား အပိုင် ​ပြောရ​အောင်​ သားက လူ ...
အရုပ်မဟုတ်ဘူး  "

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now