Part - 34 ( Zg + Uni)

2.7K 142 7
                                    

        { Part - 34 }

" ငါ ပြောတာကြားလား မေသွေးခြယ်...!!!
အဲ့ဒီ remote ပြန်ပေးလို့..! !"

remote ယူဖို့ သား နားကပ်လာတော့
သူ မယူနိုင်အောင် ဆိုဖာပေါ် သား မတ်တပ်
ရပ်ပစ်လိုက်သည်။

သူ့ အရပ်က ရှည်ပေမဲ့လည်း သား က ဆိုဖာ
ပေါ် တက်ပြီး ခြေဖျားပါထောက်ထားတော့
သူ မှီဖို့ အနည်းငယ်လိုနေတယ်လေ။

" အေမ့....! !! "

ရုတ်တရက် ခြံရံ ခုန်လိုက်တော့ မေသွေးခြယ်
လန့်ပြီး လဲမလို ဖြစ်သွားရာ မေသွေးခြယ် ကိုယ်လေး
ကို ခြံရံ ပွေ့လိုက်သည်။

သား ပြုတ်ကျပြီလို့ ထင်ထားတာကို
ဦးခြံရံ က ပွေ့လိုက်တော့ သား မျက်လုံး
ပြူးသွားမိသည်။ အခုလည်း
နီးကပ်စွာ ရှိနေသော ဦးခြံရံ မျက်နှာလေး
ကြောင့် သားရဲ့ ရင်ခုန်သံတွေက ဆောက်တည်ရာ
မရ။

သူ ကြားသွားမလားဆိုတဲ့ အသိနဲ့။

ထူတန်းသော မျက်ခုံး၊ စူးရှတောက်ပသော သူ့
အကြည့်တွေက သား ရင်ခုန်သံကို ပိုပြီး
မြန်ဆန်လာစေသည်။

ဖွေးဥပြီး နုဖပ်ရှင်းသန့်နေတဲ့ သူ့ မျက်နှာလေး
ကလည်း ဘာအပြစ်အနာဆာမှ မရှိ။

မိုးပေါ်က မိုးကျနတ်သားအလား။

ဆေးမကူဘဲ နီရဲနေတဲ့ နှုတ်ခမ်းတစ်စုံက ကြည့်
တာနဲ့တင် သူ့ကို ရေဆာလာစေသည်။

ဒါကြောင့်လည်း မေသွေးခြယ် ကို သူ ခဏခဏ
နမ်းမိတာလေ။

မျက်လုံးဝိုင်းဝိုင်းလေးတွေကလည်း သိပ်ကို
နမ်းချင်စရာကောင်းသည်။ နက်မှောင်ရွန်းလဲ့
ပြီး ကော့ပြန့် နေတဲ့ မျက်တောင်မွှေးလေး
တွေကိုလည်း စိတ်ရှိတိုင်း နမ်းပစ်လိုက်​ချင်သည်။

ပါးဖောင်းဖောင်းလေးကလည်း ကိုက်ပစ်ချင်စရာ
ကောင်းလောက်အောင် အသည်းယားစေသည်။

အခုလည်း သူ့ကို ပြူးတိပြူးကြောင် စိုက်ကြည့်
နေတာလေးက ဘယ်လိုလေးမှန်း မသိ။

အာ.. လင်းခြံရံ မင်း ဘာတွေ လျှောက်တွေးနေတာလဲ။

ခေါင်းကို ခြံရံ ခါယမ်းလိုက်ကာ မေသွေးခြယ်
ကို လွှတ်ပေးလိုက်၏ ။ ရင်ထဲမှာတော့ သူ့ကို
သက်မဲ့လို့ သဘောထားတဲ့ မေသွေးခြယ်
စကား​တွေ ကြောင့် ဒေါသတွေက အခုထက်ထိ အရှိန်မပြေသေးပေ။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now