Part - 54 ( Zg + Uni)

2K 116 4
                                    

{ Part - 54 }

" သမီးလေး က ငါ့ကို မုန်းနေတာတဲ့ သဲပြည့်. ..
ငါ့ကို မုန်းနေတာတဲ့ "

" နင်​ ခဏခဏ​ပြော​နေလို့ ငါ သိပါတယ် သား...
နင် အခု ဘာဆက်​လုပ်မှာလဲ ...?? "

ဖုန်းဆက်ခေါ်၍ နေထက် နဲ့ သဲပြည့် မှာ
မေသွေးခြယ် ချိန်းတဲ့ဆီ ရောက်နေကြသည်။

" ဘာလုပ်ရမှန်း ငါ မသိဘူး သဲပြည့်​...
နောက်ပြီး ဦးခြံရံ က မိုးပုလဲ ကို မချစ်ဘူး
ငါ့ကိုပဲ ချစ်တာလို့ သမီးလေးက ပြောသွားသေးတယ်.... "

ကြေကွဲဆို့နစ်ဖွယ်အသံက သား ဘယ်လောက်ဝမ်းနည်း
နေမှန်း နေထက် နဲ့ သဲပြည့် ခံစားလို့ ရသည်။
အသက်တွေ တဖြေးဖြေးကြီးလာ၍ လုပ်ငန်းခွင်
ဝင်နေရပြီဆိုတော့ အရင်လိုတွေ့ဖြစ်ဖို့က
သိပ်မလွယ်တော့။ ဒါပေမဲ့ သားဆိုတဲ့
ကောင်မလေး ဝမ်းနည်းပြီး ဖုန်းဆက်ခေါ်
လိုက်ရင် ထုံးစံအတိုင်း ပြေးရောက်လာတတ်
ကြသူများမှာ အရင်​လို သား သူငယ်ချင်း
နေထက်နဲ့ သဲပြည့် ပေ။

" နင်လည်း ဦးခြံရံ ကို ချစ်နေတာပဲ မဟုတ်လား
သား.... ဒါကြောင့် ငါ ချစ်တယ်ပြောတာကို
နင် လက်မခံခဲ့တာလေ... အဲ့ဒါကို နင့်
က ဘာဆက်လုပ်ရမှာလဲ... ဦးခြံရံ ကို သွားပြီး
ချစ်တယ်ပြောရမှာလေ "

" နင် ပြောသလို ငါ့ အနေနဲ့ ပြောရတာက
မခက်ပါဘူး ​နေထက်​... ဒါ​ပေမဲ့ ငါလေ
နင်နဲ့ သဲပြည့် တို့ မသိအောင် ဦးခြံရံ
သူငယ်ချင်း မဟာကို ချစ်တယ်လို့ အဖြေပေးပြီး
စေ့စပ်မယ်လုပ်လိုက်သေးတယ် "

" ဘာ.. ..!! နင် အဲ့ဒီလို လုပ်ခဲ့တယ်ပေါ့ သား...!! "

" တကယ် နင် အဲ့ဒီလို လုပ်ခဲ့တာလား သား..? ? "

နေထက် နှင့် သဲပြည့် အမေးကို သား ပါးစပ်က
ပြန်မဖြေဘဲ ခေါင်းကြီးငုံ့ကာ မျက်လွှာချထား
ပုံက လုပ်တယ်ဆိုတာကို သက်သေပြနေသလိုပေ။

" ဟာ နင်ကွာ သား...!! ဒါကြောင့် နင့် သမီးလေး
က နင့်ကို မုန်းတယ်ပြောတာကိုး...!!
ငါတို့ကို နင် မပြောရသေးတဲ့ အကြောင်းတွေ
ဘာတွေ ကျန်သေးလဲ အခုပြော "

" ဟုတ်တယ် အခုပြော ဒါမှ ငါတို့ ကူစဉ်းစား
ပေးလို့ရမှာ "

" ဒါက......
_
_
_
_
_

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now