''အချစ်ဟုခေါ်သည်''

By Ei_25_10

263K 12.1K 170

အထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသား​ပေးရေးထားခြင်းဖြစ်သည်။ More

(Intro)
Part-1
Part-2
Part-3
Part-4
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55(Final)
မမစိမ်း❤

Part-5

4.8K 236 1
By Ei_25_10

(Unicode)

ညစာစားသောက်ပြီးသည့်နောက် ဧည့်ခန်းအတွင်း
ဒေါ်မေနန်း တို့သားအမိ TV ကြည့်နေကြသည်။
ညနေကတည်းက မျက်နှာမှာ ပျော်ရွှင်မှုတွေပြည့်နေသည့်
သူမ၏သမီးအား ဒေါ်မေနန်းတယောက် သတိပြုမိလေသည်။

''ရိပ်''

''ရှင် မေမေ''

''သမီး ဘာတွေပျော်နေတာလဲ ''

''အယ်...ဘာမှမဟုတ်ပါဘူး မေမေရဲ့''

''ဟင်း...ရိပ်ရယ် မေမေက သမီးရဲ့မေမေပါ။
မေမေ့သမီး အကြောင်း မေမေအသိဆုံးပါ။
ကဲ ဘာတွေ ပျော်စရာရှိနေလဲ ပြော''

ဒေါ်မေနန်း တယောက် သက်ပြင်းတချက်ချကာ သူ့သမီးအား မေးလေတော့သည်။ရိပ် အကြောင်း ကကြီးကနေ အ
အထိ သိသူကတော့ အမေဖြစ်သူ ဒေါ်မေနန်းပေါ့။

''ရိပ် ကျောင်းက...ဆရာမတယောက်ကလေ..
စစတွေ့ချင်း ရိပ်ကို အမြင်မကြည်ဘူးလို့ ထင်တာ
ဒါပေမဲ့လေ အဲ့လို မဟုတ်ဘူး မေမေရဲ့။ ဆရာမက
ထင်သလောက်လည်း မဆိုးဘူး။သဘောကောင်းတယ်''

''ဟုတ်လား ''

''အင်း ပြီးတော့ ဆရာမက ချောလည်းချောတယ်။
ချစ်ဖို့လည်း ကောင်းတယ်။ရိပ်နဲ့ စစတွေ့ချင်းနေ့ကလေ
ရိပ်ကို ဆူလွှတ်လိုက်တော့ ရိပ်က အဲ့ဆရာမကို မကျေနပ်ဘူး။ဒါပေမဲ့ ဒီနေ့ကျတော့ သူက အဲ့လိုမဟုတ်ပဲ အရမ်းချစ်ဖို့ကောင်းနေတယ်''

မျက်လုံးလေးများ အရောင်လဲ့ကာ ပြောနေသော သမီးဖြစ်သူအား ဒေါ်မေနန်းငေးကြည့်နေမိသည်။

''သမီးရိပ်....ဆရာ..ဆရာမတွေဆိုတာလေ တပည့်တွေ
လိမ္မာဖို့အတွက် ဆူမယ် ရိုက်မယ် နားဝင်အောင်ဆုံးမမယ်။
ဒါက သဘာဝပဲလေ ရိပ်ရဲ့။အဲ့ဒါကို ဆရာလို့ခေါ်တယ်။
ကျောင်းသား လုပ်ချင်ရာလုပ်ပါစေ ငါနဲ့မဆိုင်ဘူးဆိုတဲ့
ဆရာတွေကျ ဆရာမခေါ်ထိုက်ဘူး။အမုန်းခံပြီး ဆုံးမပေးတာဟာ ဆရာတွေရဲ့စေတနာပဲ သမီး။နောက်ဆို မကျေနပ်ဘူးဆိုတဲ့ စကားမျိုး မပြောရဘူးနော် ''

''ဟုတ် မေမေ ရိပ်နောက်မပြောတော့ပါဘူး''

ဒေါ်မေနန်း၏ ဆုံးမစကားများအား ငြိမ်ငြိမ်ကလေးနားထောင်ပြီး ခေါင်းလေးညိတ်ကာ ပြောလာသည်။
ဒေါ်မေနန်းလည်း ရိပ်၏နှဖူးလေးအား ရွှတ်ခနဲ နမ်းလိုက်ပြီး....

''မေမေ့ သမီးလေးက လိမ္မာလိုက်တာကွယ်''

''မေမေ့ သမီးလေးမို့ လိမ္မာတာလေ''

''အမလေး.... ဟုတ်ပါပြီရှင်...အာ့ကြောင့်
မေမေက ချစ်နေရတာ''

''ဟီးဟီး...ရိပ်လည်းချစ်တယ် မေမေ''

''မေမေက ပိုချစ်တာပေါ့ သမီးရယ်''

''မေမေ... ရိပ်အတွက်လေ အချိန်လေးတရက်လောက် ပေးပါလားဟင်။ရိပ်မေမေနဲ့အတူ လျှောက်လည်ချင်လို့''

မျက်လုံးလေးများ အရောင်လတ်ကာဖြင့် တောင်းဆိုလာ
သည့်ရိပ်အား ကြည့်၍ဒေါ်မေနန်း စိတ်မကောင်းဖြစ်ရသည်။
အလုပ်တဖက်နှင့်မို့ သမီးဖြစ်သူအား အချိန်မပေးနိုင်ခြင်းကိုလည်း မျှော်လင့်နေသော မျက်လုံးကလေးများကြောင့်
ပြောမထွက်ခဲ့။

''အင်းပါ ရိပ်ရယ် ''

ဒေါ်မေနန်း၏ အဖြေကြောင့် မျက်လုံးကလေးများ ပိတ်သွားသည်အထိ ပြုံးပြလိုက်၏။ထို့နောက် ရိပ်လည်း သူမ အမေအား ကန့်တော့ကာ အခန်းသို့ ပြန်လာခဲ့သည်။ အိပ်ယာထဲတွင် ဘယ်လှည့်လိုက် ညာလှည့်လိုက်ဖြင့် လူးလှိမ့်ကာဖြင့်
ဂနာမငြိမ်ဖြစ်နေ၏။အကြောင်းမှာတော့ကျောင်းက အဖြစ်အပျက်များအား ပြန်တွေးကာ ပျော်ရွှင်မှုတွေ လွန်ကဲနေခြင်းဖြစ်သည်။

••••••••••••••••••••••••••••••

ကျောင်းတက်တာ တလစွန်းစွန်းရှိလာပြီး နောက်
ရိပ်လည်း အတော်လေးနေသားကျလာပြီ။
ဝေယံဆိုသည့် (A)ခန်းမှ အချေကျောင်းသားသည်
ရိပ်အား အမှန်တကယ် ပင်ပိုးပန်းနေခြင်းဖြစ်သည်။
သို့သော် ရိပ်ကတော့ ရှိသည်လို့တောင် မသတ်မှတ်။
သူ့ဘဝတွင် သူမ အဖေ၏လုပ်ရပ်ကြောင့် ဘယ်ယောကျာ်းကိုမှ အယုံအကြည်မရှိ။ထိုနေ့သည် ရိပ်တို့ရဲ့ အသင်းနေ့ဖြစ်သည်မို့ ကျောင်းသို့စောစောလာခဲ့ခြင်းဖြစ်သည်။ရိပ်က နှင်းဆီအဖြူပန်းစည်းလေးကို ကိုင်ပြီး သံစဥ်ကတော့ပန်းအိုးလေးကိုကိုင်ကာ ဘေစင်ရှိရာဆီ ထွက်လာခဲ့သည်။

''ဟွန်း...ရိပ် ရေမလာဘူးဟ''

''ဟယ် အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ''

''နားနေခန်းရှေ့က ဘေစင်တော့ လာမယ်ထင်တယ် ရိပ်ရဲ့''

''အင်း အာ့ဒါဆို အဲ့ကိုသွားမယ်လေ''

''အင်း သွားတာပေါ့''

ရိပ်တို့ နှစ်ဦး နားနေခန်းရှေ့က ဘေစင်ဆီသွားမည်အပြု
ဒေါသတကြီး ရောက်ချလာသော ရွှန်းလဲ့မေ။

''သံစဥ်ချို နင်ငါနဲ့ ခဏလိုက်ခဲ့ ရှင်းစရာရှိတယ်''

''ဟို...ရွှန်း..ငါ..ဘုရားပန်းလဲ ရအုံးမှာ..အဲ့ဒါ''

သံစဥ် စကားတွေပင်ထစ်နေသည်။စိတ်မရှည်သည့် ရွှန်းလဲ့ကတော့....

''ကျစ်..နင်လာစမ်း''

သံစဥ့်အား လက်ကောက်ဝတ်အား တင်းတင်းဆုပ်ကိုင်ကာ
ခေါ်သွားလေသည်။ရိပ်တယောက်ကတော့ နားမလည်ဟန် ကြောင်နေမိသည်။ဝတ်ရည်ကတော့ တခုခုကို ပူပန်နေသည့်ဟန် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေ၏။ရိပ်တို့ အသင်းတွင်လည်း ရိပ်နှင့် သံစဥ်နှစ်ယောက်သာ ရောက်သေးသည်မို့ရိပ်
တယောက်တည်းသာ ပန်းအိုး ထိုးရန်စီစဥ်ရတော့မည်။

''ဟို ရိပ်...နင်ပန်းအိုး လဲတတ်တယ်မို့လားဟင်
ငါ.. သူတို့နောက် လိုက်သွားလိုက်အုံးမယ်နော်
အရေးကြီးနေလို့ ရတယ်မို့လားဟင် ရိပ်''

''အင်း ငါ နည်းနည်းပါးပါးတော့ လုပ်တတ်ပါတယ်။
နင်ဟိုနှစ်ယောက်နောက်ကို သာလိုက်သွားလိုက်ပါ။''

ယခုဖြစ်နေသည့်အခြေနေများအား ရိပ်တခုမှ နားမလည်သော်လည်း ဘာမှဝင်မမေးမိ။နောက်မှ အေးဆေးမေးကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ဝတ်ရည်လည်း ဟိုနှစ်ယောက်နောက်သို့ ပြာပြာသလဲ လိုက်သွားတော့သည်။
ရိပ်ကတော့ ဘေစင်ပေါ်က ပန်းအိုးနှင့် ပန်းစည်းအားယူကာ
နားနေခန်းရှေ့မှ ဘေစင်ရှိရာသို့ သွားလေသည်။
အဖိုးအဖွားတွေနှင့် နေစဥ်အခါတည်းက အဖိုးတွေ အဖွားတွေက ဘာမှမခိုင်း ဖူးဖူးမှုတ်ထားသည်မို့ ရိပ် တယောက် ပန်းအိုးလေးပင် သပ်ရပ်အောင် မထိုးတတ်ပါ။ဒါကြောင့်မို့
ရိပ်ခမျာ အခက်တွေ့ရလေပြီ။

နားနေခန်းအတွင်းမှ စိမ်းမဟာနွယ်ကတော့ ရိပ်၏ပန်းအိုးမထိုးတတ်လို့ အလိုမကျဖြစ်နေသည့် မျက်နှာလေးအား
ကြည့်နေ၏။ရုတ်တရက် ''အား''လို့ အော်လိုက်ပြီး လက်ကိုခါချလိုက်သည့် ရိပ်ကြောင့် စိမ်းခြေလှမ်းကျဲများဖြင့် ရိပ်အနားအလျင်အမြန်သွား ရတော့တာပေါ့။

''ပြစမ်း အရမ်းထိမိသွားလား''

နှင်းဆီပန်း၏ အဆူးဖြစ်သော်လည်း အဆူးနှင့်ပွတ်ဆွဲမိ
သည့်ဒဏ်ကြောင့် အသားလေးအနည်းငယ်ကွဲသွားသည်။
သွေးတွေလည်း ထွက်လာသည်မို့ စိမ်းရင်တွေပူလာရ၏။
ရိပ်လက်က သွေးများကို ဘေစင်က ရေဖြင့်ဆေးကြောပြီး နားနေခန်းအတွင်းသို့ ရိပ်အားခေါ်လာခဲ့သည်။နာနေခန်းအတွင်းသို့ရောက်သော် ရိပ်နှင့်စိမ်းမှလွဲရင် တခြားမည်သူမှရှိမနေပါ။နှစ်ယောက်တည်း ဆိုသည့်အသိကြောင့် ရိပ် အနည်းငယ် နေရခက်နေ၏။

''နှောင်းရိပ်သျှင် အဲ့လောက်တောင်မှ နမော်နမဲ့ နိုင်ရလား''

ရိပ်ရဲ့လက်မှ ဒဏ်ရာအား ဆေးထည့်ပေးရင်း ဆူနေသော
စိမ်းကြောင့် ရိပ် နှုတ်ခမ်းလေးဆူပုတ်နေမိသည်။
ထို့နောက် စိမ်းက သူမလက်ကိုင်အိတ်ထဲမှ
အနာကတ်ပလာစတာလေးဖြင့် ရိပ်အနာလေးအား ကပ်ပေးထားလိုက်သည်။ဆေးထည့်ပြီးသည်နှင့် ဘေစင်ရှိရာသို့ သွားရန်ပြင်နေသော ရိပ်အား စိမ်းလက်မှ လှမ်းဆွဲထားလိုက်သည်။

"ဒါဘယ်လဲ''

''ဟို ဘုရားပန်းသွားလဲမို့ပါ''

''လုပ်ရော လုပ်တတ်လို့လား''

ရိပ်ခေါင်းလေးငုံ့ထားလျှက် ဖြေလိုက်သည်။

''မလုပ်တတ်ပါဘူး ဆရာမ''

''ဒီမှာပဲထိုင်နေ ဆရာမလုပ်ပေးမယ်''

ရိပ်လည်း စိမ်းရဲ့စကားအတိုင်း ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်နေတော့သည်။ခဏကြာတော့ သေသေသပ်သပ်ထိုးထားတဲ့ ပန်းအိုးလေးကို ကိုင်တာစိမ်းနားနေခန်းအတွင်းသို့ဝင်လာ၏။

''ကဲရော့..... ပြီးပြီ''

လှမ်းပေးလာသော ပန်းအိုးလေးအား ရိပ် ရိုရိုသေသေယူလိုက်ပြီး ဆူပုတ်နေသောမျက်နှာကလေးဖြင့် ပြန်ကြည့်ကာ...

''ကျေးဇူးတင်ပါတယ် ဆရာမ''

စိမ်းလည်း ခေါင်းတချက်ညိတ်ပြလိုက်သည်။ရိပ်ကတော့
ပန်းအိုးလေးကိုကိုင်ကာ နားနေခန်းအတွင်းမှထွက်လာခဲ့တာပေါ့။ဘယ်ဘက် ရင်ဘတ်ခြမ်း တနေရာက ရင်ခုန်သံများအား သူမကိုယ်တိုင်လည်း မထိန်းချုပ်နိုင်တော့သည်မို့
ခပ်သုတ်သုတ်သာ ထွက်လာခဲ့သည်။

တဖက်တွင်.......

ကျောင်းအနောက်ဘက်က လူရှင်းသော ကျောင်းဆောင်တခုတွင် နရံမှာလက် ထောက်ထားပြီး သူမရှေ့က မိန်းကလေးကို စူးရှလွန်းလှသော အကြည့်တို့​ဖြင့်ကြည့်နေသော ရွှန်းလဲ့။
ရွှန်းလဲ့ ၏ အရှေ့က မိန်းကလေးကတော့ တခြားသူမဟုတ်
သံစဥ်ချိုပင်။ထိုအခြေနေအား အဝေးက ကြည့်နေသူမှာ ဝတ်ရည်ငယ်။ဝတ်ရည်ငယ် တယောက်ကတော့ ကြည့်နေရုံသာ တတ်နိုင်ပြီး ဝင်ပါဖို့ရန်မရဲ။

''တောက်!!''

တောက်ခေါက်သံ ပြင်းပြင်းကြောင့် သံစဥ့် ကိုယ်လေးတုန်တက်သွားသည်။တပြိုင်နက် သံစဥ်မျက်ဝန်းအတွင်း မျက်ရည်စကလေးများ စို့တက်လာရသည်။

''မင်းကို ငါအဲ့အကောင်နဲ့ဝေးဝေးနေလို့ မပြောထားဘူးလား''

ရွှန်းလဲ့အား အရည်လဲ့နေသော မျက်ဝန်းကလေးဖြင့်ကြည့်ကာ ရွှန်းလဲ့ရဲ့ လက်ကလေးကို ကိုင်လျှက်...

''ရွှန်းရယ် ချိုပြောပြတာကို နားထောင်ပါအုံး
သူနဲ့ ချိုနဲ့က သူငယ်ချင်းတွေပါ။ အဲ့ထက်မပိုပါဘူး
ရွှန်းရယ်..ချို..တကယ်..''

တုန်ရီနေသော အသံတို့ဖြင့် ပြောလာသည့် သံစဥ့်၏စကားများအား လျစ်လျူရှုကာ မိမိလက်အား ဆွဲထားသည့် သံစဥ့်လက်များအား ခါချလိုက်ပြီး.....

''တော်စမ်းပါ...ဘာ..သူငယ်ချင်းဟုတ်လား..
ဟက်...ရယ်ရတယ်ကွာ..''

ခနဲ့ပြုံးပြုံးကာဖြင့် ပြောလာသည့် ရွှန်းလဲ့၏ ဒေါသမှာ
မည်သည့်အတိုင်းအတာထိ ရောက်နေမှန်း သံစဥ်
တယောက် အသေချာပင်သိ၏။

''ရွှန်းရယ် ချို..ကိုလေ ဟင့်...အဲ့လို မပြောပါနဲ့..
ချိုတောင်းပန်ပါတယ်..ရွှန်း..မကြိုက်ရင်..ဟင့်
နောက်သူနဲ့ မပတ်သက်မိအောင်...ချိုကြိုးစားပါ့မယ်နော်..''

ငိုယိုကာ တောင်းပန်နေသော သံစဥ်အား စိတ်ပျက်သလို
ကြည့်ကာ....

''ကြိုးစားမယ်..ကြိုးစားမယ်တဲ့လား...
စိတ်ပျက်ဖို့ကောင်းလိုက်တာ.''

ရွှန်းလဲ့ ထိုနေရာမှ ဒေါသတကြီးဖြင့် လှည့် ထွက်လာခဲ့သည်။ရွှန်းလဲ့ထွက်သွားမှ သံစဥ်ငုတ်တုတ်လေးထိုင်ချကာ
ရှိုက်ကြီးတငင်ငိုလေတော့သည်။ဝတ်ရည်ငယ်လည်း
သံစဥ့်အနားသို့လာကာ ကျောလေးကို ပွတ်ပေးလျှက်
နှစ်သိမ့်ပေးရတော့၏။

''ဝတ်ရည်..ဟင့်.. ငါနဲ့ကောင်းခန့်က ငယ်ငယ်လေးကတည်းက..ဟင့်...သူငယ်ချင်းတွေပါဟာ..
အဟင့်..ဒါပေမဲ့.. ရွှန်းကဘာလို့များ.. ငါ့ကို..
မယုံရတာလည်း.. ဟာ''

သူငယ်ချင်းဖြစ်သူ၏ ငိုသံနှောနေသော စကားလေးကြောင့်
ဝတ်ရည်လည်း စိတ်မကောင်းဖြစ်ကာ သက်ပြင်းတချက်
ချလိုက်မိသည်။

''ဟင်း....နင်လည်းသိသားနဲ့ သံစဥ်ရယ်
ရွှန်းလဲ့က နင့်ကို သိပ်ချစ်လွန်းလို့ သဝန်တိုနေတာပါ။
သူ့ကိုနားလည် ပေးလိုက်ပါ သံစဥ်ရယ်''

အချိန်ခဏကြာသည် ထိ ထိုင်ငိုနေခဲ့ပြီး မှ ကျောင်းခန်းအတွင်းသို့ ဝတ်ရည်နှင့် သံစဥ်တို့ နှစ်ယောက် ဝင်လာခဲ့သည်။သို့သော် ရွှန်းလဲ့ကတော့ အခုထိ ရောက်မလာသေး။
ဘာတွေဖြစ်လာမှန်းမသိပေမယ့် သံစဥ်၏မျက်နှာမှာ ငိုထားမှန်းသိသာတာမို့ အခြေနေကို အနည်းငယ်ရိပ်မိသည့်
ရိပ်မှာ ဘာမှဝင်မမေးသေး။ကျောင်းတက်ခါနီး ၃မိနစ်လောက်အလိုမှ ရွှန်းလဲ့အခန်းတွင်းလို့ ဝင်လာခဲ့သည်။
သို့သော် မျက်နှာကတော့ တည်တင်းနေဆဲ။
မနက်ပိုင်းစာသင်ချိန်တပိုင်းလုံး ရိပ်တို့ သူငယ်ချင်းလေးယောက်လုံး တိတ်ဆိတ်နေသည်။ဒီလိုနဲ့ မုန့်စားဆင်းချိန်ရောက်သောအခါ ရွှန်းလဲ့က ဘယ်သူ့ကိုမှ ဘာမှမပြောပဲ
အခန်းတွင်းမှထွက်သွားတော့သည်။သံစဥ်လည်း ရွှန်းလဲ့နောက်သို့ခပ်သွက်သွက်လေးလိုက်သွားလေသည်။အခန်းထဲတွင်တော့ ကြောင်တောင်တောင်ဖြစ်နေသည့် ရိပ်နှင့် သက်ပြင်းခဏခဏချနေသော ဝတ်ရည်တို့ ၂ယောက်သာ ကျန်ခဲ့၏။ဝတ်ရည်လည်း ရိပ် ဘက်သို့ လှည့်ကာဖြစ်ကြောင်းကုန်စင်ပြောပြတော့သည်။

''တကယ်တော့ သံစဥ်နဲ့ရွှန်းလဲ့က ချစ်သူတွေ''

''ဟမ်... သူတို့ နှစ်ယောက်ကလေ''

''အွန်း ဟုတ်တယ်။အဲ့ဒါကို သူတို့နှစ်ယောက်နဲ့ ငါရယ်
ပြီးတော့ (A)ခန်းက ငါတို့သူငယ်ချင်း ကောင်းခန့်ရယ်ပဲသိတာ။''

''​အော်''

ရိပ်ကတော့ ပါးစပ်အဟောင်းသားလေးဖြင့် အံ့သြကာ နေတော့သည်။

''မနက်က သံစဥ်က သူ့သူငယ်ချင်း ကောင်းခန့်နဲ့အတူ ကျောင်းလာတာတွေ့လိုက်လို့ ရွှန်းလဲ့က ပေါက်ကွဲနေတာ။
ရွှန်းလဲ့ က ချစ်လွန်းလို့သဝန်တိုတာ မှန်ပေမယ့်
သံစဥ်နဲ့ ကောင်းခန့်က တကယ့်သူငယ်ချင်းအရင်းကြီးတွေပါ။ဟူး...အခုလဲ ဘာတွေ ဖြစ်ကြအုံးမလဲမသိ''

ဒီလိုနဲ့ မုန့်စားဆင်းချိန်လေးကို ရိပ်နဲ့ ဝတ်ရည်နှစ်ယောက်တည်း ထမင်းလေးစားရင်း စကားလေးပြောရင်းနဲ့ ကုန်ဆုံးခဲ့ရတာပေါ့။

••••••••••••••••••••••

ကျောင်းဆောင်အနောက်ဘက်က လူရှင်းသော
နေရာလေးတခုတွင် ရွှန်းလဲ့ ငြိမ်သက်စွာ ထိုင်နေမိသည်။
ထိုနေရာလေးအား နောက်ထပ်ရောက်လာသူမှာတော့
သံစဥ်ပေါ့။သံစဥ်ကို တွေ့သည်နှင့် တပြိုင်နက် ရွှန်းလဲ့ မတ်တပ်ထရပ်လိုက်ပြီး လှည့်ထွက်ဖို့ကြိုးစားလေသည်။
သံစဥ်က ရွှန်းလဲ့ရဲ့ ခါးလေးကို နောက်မှသိုင်းဖက် လိုက်ပြီး..

''ရွှန်းရယ်..ချို့ကို ခွင့်လွှတ်ပါနော်
ချို... တောင်းပန်ပါတယ်။ကျေးဇူးပြုပြီး ရွှန်းရယ်
ချို့ကို ဒီတခါတော့ ခွှင့်လွှတ်ပေးပါနော်''

ထိုအခါ ရွှန်းလဲ့တယောက် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး
သံစဥ်ဘက်သို့လှည့်ကာ သံစဥ့်အား ရင်ခွင်ထဲတွင်
တင်းကြပ်စွာ ထွေးပွေ့ကာဖက်ထားလျှက်....

''ချိုရယ် ချို့ကို...ကိုယ်သိပ်ချစ်တယ်ကွာ
သိပ်ချစ်လွန်းလို့... သဝန်တိုမိတာပါ ချိုရယ်
ချိုသာ.... ကိုယ့်ကိုထားခဲ့ရင်...ကိုယ်သေသွားလိမ့်မယ်
ချိုရဲ့..''

ငိုသံလေးများနှောကာ ပြောလာသည့်စကားသံအချို့ကြောင့်
သံစဥ်လည်း မျက်ရည်တွေ ပိုလို့ပင်ကျလာခဲ့သည်။
ပုခုံးထက်မှ ခံစားလိုက်ရသည့် စိုစွတ်သည့်အထိအတွေ့ကြောင့် သံစဥ်သိလိုက်သည်။ရွှန်းလဲ့လည်း မျက်ရည်ကျနေပြီဆိုတာ သံစဥ်သိလိုက်သည်။
ထို့နောက် သံစဥ်က ရွှန်းလဲ့မျက်လုံးများကို နူးညံ့စွာကြည့်လျှက်...

''ဟင့်အင်း....ချိုက..ရွှန်းကို ဘယ်တော့မှ မထားခဲ့ဘူးနော်..
ချို့ကို ယုံတယ်မို့လားဟင်..ချို... ရွှန်းကိုသိပ်ချစ်တာ..
မထားခဲ့ဘူးနော်..ချိုကတိပေးပါတယ်''

လေးနက်စွာပြောလာသည့် ထိုစကားလေးကြောင့်
ရွှန်းလဲ့ မှာလည်း မျက်ရည်တွေ မထိန်းနိုင်။ နူးညံသည့်
အကြည့်တို့ ဆုံသည့်အခိုက် သံစဥ့်နှုတ်ခမ်းလေးအား
အနမ်းတပွင့် ခပ်ဖွဖွ နမ်းရှိုက်လိုက်သည်။
ထိုအမျိုးသမီး နှစ်ယောက်လုံး၏ အကြည့်များသည်လည်း
ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နက်လို့နေ၏။လက်ကနာရီအား တချက်ကြည့်လိုက်တော့ ကျောင်းလည်းတက်တော့မည်မို့ သံစဥ့်ပါးမှ မျက်ရည်စလေးများအား ခပ်ဖွဖွသုတ်ပေးလိုက်ပြီး.....

''ချို ကိုယ်တို့ အတန်းပြန်ရအောင်လေ နော်''

''အင်း ပြန်ကြမယ်လေ ရွှန်း''

ရွှန်းလဲ့က သံစဥ်လက်ကလေးအား ဆုပ်ကိုင်ကာ
အတန်းဆီသို့ ပြန်လာခဲ့သည်။အတန်းအတွင်းသို့ရောက်သော် သူတို့နှစ်ဦးအား ဝတ်ရည်နှင့် ရိပ်က အကဲခတ်ဟန်
ကြည့်နေသည်။

''အဆင်ပြေသွားကြပြီလားဟင်''

''အင်း''

''ဘုတ်''

''အ့''

လက်ရဲဇက်ရဲ ဝတ်ရည်ငယ်က ရွှန်းလဲ့အား စာအုပ်နှင့်ခေါင်းကို ရိုက်ချလိုက်ခြင်းဖြစ်သည်။

''နင်တို့ကလေ ငါ့ကို အလုပ်ရှုပ်အောင် လုပ်တာသိလား။
ပြီးရင်လည်း ပြန်တည့်ကြတာပဲကို ဘာမှန်းလည်းမသိဘူး''

မျက်စောင်းတထိုးထိုးနှင့် ​ပြောလာသည့် ဝတ်ရည်အား
ရွှန်းလဲ့သွားလေးဖြီးပြီး ပြုံးပြလိုက်သည်။
ရိပ်ကလည်း မကျေနပ်သည့်ဟန် ဝင်ပြောလေသည်။

''ဟွန့်...သံစဥ်နဲ့ ရွှန်းလဲ့ နင်တို့ငါ့ကို လျှိုထားတယ်နော်
အကျင့်မကောင်းဘူး။''

''ရိပ်ကလည်း ငါတို့လည်း ပြောပြမို့ပါပဲဟ
စကားမစပ်မိလို့ပါ စိတ်မဆိုးနဲ့နော် ရိပ် ဟီးဟီး...''

သံစဥ်၏ စကားအား ရွှန်းလဲ့ကလည်း ဝင်ရောက်ကူကာပြောပေးလေသည်။

''ဟုတ်ပါတယ် ရိပ်ကလည်း စိတ်မဆိုးပါနဲ့ဟာ
နင်က အရမ်းချောပြီး အရမ်းသဘောကောင်းတာဆိုတော့
စိတ်မဆိုးဘူးမို့လားလို့''

သူ့ကို မြှောက်ပြောပြီး ချော့နေကြသော ထိုနှစ်ယောက်
ကြောင့်ရိပ်မှာ စိတ်မဆိုးနိုင်။ဒီလိုနဲ့ ကျောင်းတက်ပြီး
ရိပ် အမြဲစောင့်နေရတဲ့ စိမ်းမဟာနွယ်ရဲ့ အချိန်ရောက်လာလေပြီ။သို့သော် အခန်းထဲဝင်လာသည့် စိမ်းမဟာနွယ် ၏မျက်နှာမှာ ပုံမှန်အနေအထားမျိုးမဟုတ်ပဲ တည်တင်းနေသည်ကို ရိပ်သတိပြုမိသည်။အားလုံးလည်း နှုတ်ဆက်ပြီးသည့်အခါလေသံမာမာဖြင့် အသံတခု ဟိန်းခနဲထွက်လာသည်။

''ငါခွင့်ယူတဲ့နေ့က ငါ့အချိန်အိမ်သာကိုလစ်ပြီး
ဆေးလိပ်ခိုးသောက်တဲ့ တ​ယောက်ကိုယ့်အပြစ်ကိုယ်သိရင်
ခုချက်ချင်းရှေ့ထွက်ခဲ့''

တခန်းလုံးလည်း တိ​တ်ဆိတ်နေပြီး အပ်ကျသံပင်မကြားရ။
ထိုအခြေနေက အပြစ်ရှိသူမပြောနှင့် သာမန်လူတောင်
ထိန့်လန့်နေရသည်။ရိပ် ပြန်တွေးမိသည်မှာ စိမ်းမဟာနွယ်
ခွင့်ယူသည့်နေ့မှာ သူကျောင်းစတက်သည့်နေ့ပင်ဖြစ်သည်။
ယခုသူကျောင်းတက်တာပင် တလစွန်းစွန်းရှိပြီ။တလကျော်လောက်ကြာနေပြီဖြစ်သည့် ပြစ်မှုတခုကို အခုလိုဖော်ထုတ်နိုင်သည်က တော်ရုံတော့မဟုတ်။ခဏကြာတော့ကျောင်းသား တယောက်အတန်းရှေ့သို့ထွက်လာသည်။
(B)ခန်းဖြစ်သည့်တိုင် ကျောင်းသားကျောင်းသူ
အားလုံး လူတော်များပင်ဖြစ်သည်။သို့သော် လည်း လူငယ်အရွယ်ဖြစ်သည့်အတွက် အသစ်အဆန်းများကို စူးစမ်းလိုကြသည်။ဤသည်ကို စိမ်းမဟာနွယ် ကတော့ မည်သို့မျှ
ခွှင့်မလွှတ်။စိမ်းမဟာနွယ် သူမရှေ့မှာ ရပ်နေသည့် ကျောင်းသားအားစိုက် ကြည့်ကာ ခပ်အေးအေးလေသံဖြင့် မေးခွန်းထုတ်လာသည်။

''ဆိုတော့ အိမ်သာထဲမှာ ဆေးလိပ်ခိုးသောက်တာ မင်းပေါ့။''

''ဟုတ်ကဲ့''

''အပြစ်ရှိလား''

ဘာမှရှည်ရှည်ဝေးဝေး မေးမနေပဲ မေးခွန်းတခုကိုသာ
ခပ်ပြတ်ပြတ်လေသံဖြင့် မေးလာ၏။ ကျောင်းသား
အရွယ် စာသင်ရမယ့်အရွယ်မှာ ယခုကဲ့သို့ စည်းပျက်ကမ်းပျက်လုပ်ရပ်မျိုးအား စိမ်းမဟာနွယ် လုံးဝအလျော့မပေးနိုင်။ထိုအရာတို့ဟာ ကျောင်းသူကျောင်းသားများအတွက်
ပျက်စီးရာ လမ်းစပင်။

''ရှိပါတယ်''

''ဟုတ်ပြီ ဒါဆိုငါအပြစ်ပေးမှာကိုရော လက်ခံလား''

''ဟုတ်ကဲ့ လက်ခံပါတယ် ဆရာမ''

''ကောင်းပြီ။ စတိတ်စင်ပေါ် တက်လိုက်''

ကျောင်းသားလေး စတိတ်စင်သို့ တက်သွားပြီး whiteboard ဘက်သို့လှည့်ကာ လက်ပိုက်ပြီး ရပ်နေသည်။
စိမ်းမဟာနွယ် စားပွဲခုံပေါ်က တိပ်​ဖြင့်ပူးထားသည့်
လက်ညိုးအရွယ် ကြိမ်လုံးနှစ်ချောင်းကို ကိုင်လိုက်ပြီး
မတ်တပ်ရပ်နေသည့် ကျောင်းသားအနားသို့ လျှောက်လာသည်။ထို့နောက် ကြိမ်လုံးကိုမြှောက်ကာ အားကုန် သုံးပြီး လွှဲရိုက်ချလိုက်သည်။

''ဖြန်း!!''

''ဖြန်!!''

ရိုက်လိုက်တိုင်း ကော့တက်သွားသည့် ထိုကျောင်းသား၏
ခန္တာကိုယ် အနေအထားက သူဘယ်လောက်နာကျင်ကြောင်း
ဖော်ပြနေသည်။တချက်တချက် ရိုက်လိုက်တိုင်း ထိုကျောင်းသားပင် မဟုတ် အခန်းထဲရှိ ကျောင်းသားကျောင်းသူများပင် ထိန့်လန့်နေရသည်။ထိုသူများထဲတွင် ရိပ်တယောက်လည်း အပါအဝင်ပေါ့။စိမ်းမဟာနွယ် တယောက် ဤလောက်ထိ အရိုက်ကြမ်းလိမ့်မည်ဟု ရိပ်မထင်ထား။
မနက်က သူမဒဏ်ရာအား ဆေးထည့်ပေးခဲ့သည့် ကြင်နာတတ်တဲ့ စိမ်းမဟာနွယ်မှ ဟုတ်ရဲ့လားဟုပင် ရိပ်တွေးနေမိတော့သည်။အရိုက်ခံရသည့် ကျောင်းသားအားကြည့်ပြီး
ရိပ် တံတွေးပင်မြိုချကာ ဖင်ကြိမ်းနေရသည်။

''ဖြန်း!!''

သုံးချက်မျှ အားပါပါရိုက်ပြီးသည့်နောက် ကြိမ်လုံးအား
စားပွဲပေါ်သို့ပြန်တင်ကာ ထိုကျောင်းသား အားကြည့်လျှက်..

''နောက်တကြိမ်ဆိုတာ ရှိလာခဲ့ရင်
ဒီနာကျင်မှုထက် နှစ်ဆပဲ ကြားလား''

''ဟုတ်ကဲ့ ဆရာမ''

''သွားတော့''

ထိုကျောင်းသားလည်း ခေါင်းလေးငုံ့ကာဖြင့် သူ၏နေရာသို့
ပြန်လာခဲ့သည်။ထို့နောက် စိမ်းမဟာနွယ် က တတန်းလုံးကိုကြည့်လျှက်...

''ဆေးလိပ်တွေ အရက်တွေ သောက်မယ်ဆိုရင်လေ
ငါမသိစေနဲ့ ငါသိလို့ကတော့ မင်းတို့မလွယ်ဘူးမှတ်''

ရိပ်ကတော့ ဒေါသကြောင့် တင်းမာနေသောစိမ်းမဟာနွယ်၏ မျက်နှာအား မဝံ့မရဲလေး လှမ်းကြည့်မိ၏။

''အေး ဒါပေမဲ့ တခုတော့သိထား
ဒီကျောင်းဝန်းထဲမှာတော့ ငါမသိအောင် မင်းတို့
ဘာမှလုပ်လို့မရဘူးဆိုတာ သိထား
ငါ အကုန်သိတယ်''

''ငါအကုန်သိတယ်''ဟူသော စကားကို ဆိုနေရင်း
ရိပ်တို့ လေးယောက်ဘက် အကြည့်ရောက်လာသည်မို့
ရိပ်တို့မှာ ချွေးပင် ပြန်လာရတော့သည်။​ရိပ် ဆေးလိပ်စသောက်ခဲ့သည်မှာ ၉တန်းကတည်းကပင်။ လူကြီးတွေမသိအောင်သောက်ရင်း အခုထိပင် ၂ ပတ်ကို တလိပ်မျှ ပုံမှန်သောက်ဖြစ်လေသည်။ထိုအရာအား ရိပ်အမေ ဒေါ်မေနန်းလည်းမသိပေ။ရိပ်ကတော့ သူကျောင်းဝန်းထဲမှာ မသောက်ရင် အဆင်ပြေတာပါပဲဟု တွေးကာ စိတ်ငြိမ်အောင်ထားလိုက်သည်။

''စာ စသင်မယ်''

ခပ်အေးအေး လေသံဖြင့်ပြောလိုက်ပြီးနောက်
သင်ခန်းစာများကို စတင်တော့သည်။စိမ်းမဟာနွယ်၏
ဒေါသဖြစ်နေသည့် ပုံအား ရိပ်မြင်လိုက်ရပြီးသည်မို့
အတော်လေး ကြောက်နေမိတာတော့အမှန်ပင်။

•••••••••••••••••••••••

ရိပ်တို့ရဲ့ သစ်ပင်ပန်းပင်များနှင့် လှပနေသည့် ထိုခြံဝန်းလေးထဲက ကျောက်စားပွဲလေးမှာ မိန်းကလေးနှစ်ဦးထိုင်ပြီးသင်ခန်းစာတွေ အတူတူလေ့ကျင့်နေကြသည်။သက်ပြင်းခဏခဏချနေသော ရိပ်အား ကြည့်ကာ ခြူးမေးခွန်းထုတ်လိုက်သည်။

'' ဘာလို့အဲ့လောက်ထိ သက်ပြင်းတွေချနေတာလဲ ရိပ်ရယ်''

''ဒီလိုပါပဲ ခြူးရယ်''

''ဘာလို့လဲဟင် စာတွေမလိုက်နိုင်လို့လား''

''စာတွေက လိုက်နိုင်ပါတယ်''

ခြူးလည်း မဖြေချင်သည့်မေးခွန်းများအား ဆက်၍
မမေးလိုပါ။ ထို့ကြောင့် တခြားကိစ္စသာ အာရုံလွှဲပြောလိုက်သည်။

''ဒါနဲ့လေ ရိပ်က ဘာလို့ guide မခေါ်တာလဲ။
ကျူရှင်လည်း မတက်ပဲနဲ့ကို''

''ဟင့်အင်း မတက်ချင်ဘူး အလုပ်ရှုပ်လို့''

''ဟ..ရိပ်ကတော့ ဆရာကြီးပဲကွာ''

''အဲ့လိုလည်း မဟုတ်ပါဘူး ခြူးရယ်''

''ရိပ်''

''ဟင်''

''ခြူးကို စကိတ်စီးသင်ပေးပါလား''

''ဟွန်...ရိပ်စကိတ်စီးတတ်တာ​ကို ခြူးက ဘယ်လိုသိလဲ''

''အမ်...ဟို..ရိပ်ရဲ့ စကိတ်လေးတွေ့လို့လေ''

''အော် အင်းပါ။နောက်နေ့သင်ပေးမယ်လေ''

''ဒီနေ့ စသင်ပေးလို့မရဘူးလားဟင်''

''ဒီနေ့သင်ချင်တာလား''

''အင်း''

''အင်းပါ ဒါဆိုလည်း စာအရင်လုပ်ကြတာပေါ့
ညနေ နေအေးတဲ့အခါကျ သင်ကြတာပေါ့''

ခြူးလည်း ကျေနပ်စွာ ဖြင့် ခေါင်းလေးတဆတ်ဆတ်ညိတ်ပြလေသည်။ထိုမိန်းကလေးနှစ်ဦးတွင် တဦးက စာထဲတွင် စိတ်နစ်ထားသော်ငြား ကျန်တဦး၏စိတ်များမှာတော့ တစုံတယောက်ဆီတွင်။ထိုသို့ စိတ်လွင့်နေသူက ခြူးအိမ့်လွန်း ပေါ့။

(Zawgyi)

ညစာစားေသာက္ၿပီးသည့္ေနာက္ ဧည့္ခန္းအတြင္း
ေဒၚေမနန္း တို႔သားအမိ TV ၾကည့္ေနၾကသည္။
ညေနကတည္းက မ်က္ႏွာမွာ ေပ်ာ္႐ႊင္မႈေတြျပည့္ေနသည့္
သူမ၏သမီးအား ေဒၚေမနန္းတေယာက္ သတိျပဳမိေလသည္။

''ရိပ္''

''ရွင္ ေမေမ''

''သမီး ဘာေတြေပ်ာ္ေနတာလဲ ''

''အယ္...ဘာမွမဟုတ္ပါဘူး ေမေမရဲ႕''

''ဟင္း...ရိပ္ရယ္ ေမေမက သမီးရဲ႕ေမေမပါ။
ေမေမ့သမီး အေၾကာင္း ေမေမအသိဆုံးပါ။
ကဲ ဘာေတြ ေပ်ာ္စရာရွိေနလဲ ေျပာ''

ေဒၚေမနန္း တေယာက္ သက္ျပင္းတခ်က္ခ်ကာ သူ႕သမီးအား ေမးေလေတာ့သည္။ရိပ္ အေၾကာင္း ကႀကီးကေန အ
အထိ သိသူကေတာ့ အေမျဖစ္သူ ေဒၚေမနန္းေပါ့။

''ရိပ္ ေက်ာင္းက...ဆရာမတေယာက္ကေလ..
စစေတြ႕ခ်င္း ရိပ္ကို အျမင္မၾကည္ဘူးလို႔ ထင္တာ
ဒါေပမဲ့ေလ အဲ့လို မဟုတ္ဘူး ေမေမရဲ႕။ ဆရာမက
ထင္သေလာက္လည္း မဆိုးဘူး။သေဘာေကာင္းတယ္''

''ဟုတ္လား ''

''အင္း ၿပီးေတာ့ ဆရာမက ေခ်ာလည္းေခ်ာတယ္။
ခ်စ္ဖို႔လည္း ေကာင္းတယ္။ရိပ္နဲ႕ စစေတြ႕ခ်င္းေန႕ကေလ
ရိပ္ကို ဆူလႊတ္လိုက္ေတာ့ ရိပ္က အဲ့ဆရာမကို မေက်နပ္ဘူး။ဒါေပမဲ့ ဒီေန႕က်ေတာ့ သူက အဲ့လိုမဟုတ္ပဲ အရမ္းခ်စ္ဖို႔ေကာင္းေနတယ္''

မ်က္လုံးေလးမ်ား အေရာင္လဲ့ကာ ေျပာေနေသာ သမီးျဖစ္သူအား ေဒၚေမနန္းေငးၾကည့္ေနမိသည္။

''သမီးရိပ္....ဆရာ..ဆရာမေတြဆိုတာေလ တပည့္ေတြ
လိမၼာဖို႔အတြက္ ဆူမယ္ ရိုက္မယ္ နားဝင္ေအာင္ဆုံးမမယ္။
ဒါက သဘာဝပဲေလ ရိပ္ရဲ႕။အဲ့ဒါကို ဆရာလို႔ေခၚတယ္။
ေက်ာင္းသား လုပ္ခ်င္ရာလုပ္ပါေစ ငါနဲ႕မဆိုင္ဘူးဆိုတဲ့
ဆရာေတြက် ဆရာမေခၚထိုက္ဘူး။အမုန္းခံၿပီး ဆုံးမေပးတာဟာ ဆရာေတြရဲ႕ေစတနာပဲ သမီး။ေနာက္ဆို မေက်နပ္ဘူးဆိုတဲ့ စကားမ်ိဳး မေျပာရဘူးေနာ္ ''

''ဟုတ္ ေမေမ ရိပ္ေနာက္မေျပာေတာ့ပါဘူး''

ေဒၚေမနန္း၏ ဆုံးမစကားမ်ားအား ၿငိမ္ၿငိမ္ကေလးနားေထာင္ၿပီး ေခါင္းေလးညိတ္ကာ ေျပာလာသည္။
ေဒၚေမနန္းလည္း ရိပ္၏ႏွဖူးေလးအား ႐ႊတ္ခနဲ နမ္းလိုက္ၿပီး....

''ေမေမ့ သမီးေလးက လိမၼာလိုက္တာကြယ္''

''ေမေမ့ သမီးေလးမို႔ လိမၼာတာေလ''

''အမေလး.... ဟုတ္ပါၿပီရွင္...အာ့ေၾကာင့္
ေမေမက ခ်စ္ေနရတာ''

''ဟီးဟီး...ရိပ္လည္းခ်စ္တယ္ ေမေမ''

''ေမေမက ပိုခ်စ္တာေပါ့ သမီးရယ္''

''ေမေမ... ရိပ္အတြက္ေလ အခ်ိန္ေလးတရက္ေလာက္ ေပးပါလားဟင္။ရိပ္ေမေမနဲ႕အတူ ေလွ်ာက္လည္ခ်င္လို႔''

မ်က္လုံးေလးမ်ား အေရာင္လတ္ကာျဖင့္ ေတာင္းဆိုလာ
သည့္ရိပ္အား ၾကည့္၍ေဒၚေမနန္း စိတ္မေကာင္းျဖစ္ရသည္။
အလုပ္တဖက္ႏွင့္မို႔ သမီးျဖစ္သူအား အခ်ိန္မေပးနိုင္ျခင္းကိုလည္း ေမွ်ာ္လင့္ေနေသာ မ်က္လုံးကေလးမ်ားေၾကာင့္
ေျပာမထြက္ခဲ့။

''အင္းပါ ရိပ္ရယ္ ''

ေဒၚေမနန္း၏ အေျဖေၾကာင့္ မ်က္လုံးကေလးမ်ား ပိတ္သြားသည္အထိ ၿပဳံးျပလိုက္၏။ထို႔ေနာက္ ရိပ္လည္း သူမ အေမအား ကန့္ေတာ့ကာ အခန္းသို႔ ျပန္လာခဲ့သည္။ အိပ္ယာထဲတြင္ ဘယ္လွည့္လိုက္ ညာလွည့္လိုက္ျဖင့္ လူးလွိမ့္ကာျဖင့္
ဂနာမၿငိမ္ျဖစ္ေန၏။အေၾကာင္းမွာေတာ့ေက်ာင္းက အျဖစ္အပ်က္မ်ားအား ျပန္ေတြးကာ ေပ်ာ္႐ႊင္မႈေတြ လြန္ကဲေနျခင္းျဖစ္သည္။

ေက်ာင္းတက္တာ တလစြန္းစြန္းရွိလာၿပီး ေနာက္
ရိပ္လည္း အေတာ္ေလးေနသားက်လာၿပီ။
ေဝယံဆိုသည့္ (A)ခန္းမွ အေခ်ေက်ာင္းသားသည္
ရိပ္အား အမွန္တကယ္ ပင္ပိုးပန္းေနျခင္းျဖစ္သည္။
သို႔ေသာ္ ရိပ္ကေတာ့ ရွိသည္လို႔ေတာင္ မသတ္မွတ္။
သူ႕ဘဝတြင္ သူမ အေဖ၏လုပ္ရပ္ေၾကာင့္ ဘယ္ေယာက်ာ္းကိုမွ အယုံအၾကည္မရွိ။ထိုေန႕သည္ ရိပ္တို႔ရဲ႕ အသင္းေန႕ျဖစ္သည္မို႔ ေက်ာင္းသို႔ေစာေစာလာခဲ့ျခင္းျဖစ္သည္။ရိပ္က ႏွင္းဆီအျဖဴပန္းစည္းေလးကို ကိုင္ၿပီး သံစဥ္ကေတာ့ပန္းအိုးေလးကိုကိုင္ကာ ေဘစင္ရွိရာဆီ ထြက္လာခဲ့သည္။

''ဟြန္း...ရိပ္ ေရမလာဘူးဟ''

''ဟယ္ အဲ့ဒါဆို ဘယ္လိုလုပ္ၾကမလဲ''

''နားေနခန္းေရွ႕က ေဘစင္ေတာ့ လာမယ္ထင္တယ္ ရိပ္ရဲ႕''

''အင္း အာ့ဒါဆို အဲ့ကိုသြားမယ္ေလ''

''အင္း သြားတာေပါ့''

ရိပ္တို႔ ႏွစ္ဦး နားေနခန္းေရွ႕က ေဘစင္ဆီသြားမည္အျပဳ
ေဒါသတႀကီး ေရာက္ခ်လာေသာ ႐ႊန္းလဲ့ေမ။

''သံစဥ္ခ်ိဳ နင္ငါနဲ႕ ခဏလိုက္ခဲ့ ရွင္းစရာရွိတယ္''

''ဟို...႐ႊန္း..ငါ..ဘုရားပန္းလဲ ရအုံးမွာ..အဲ့ဒါ''

သံစဥ္ စကားေတြပင္ထစ္ေနသည္။စိတ္မရွည္သည့္ ႐ႊန္းလဲ့ကေတာ့....

''က်စ္..နင္လာစမ္း''

သံစဥ့္အား လက္ေကာက္ဝတ္အား တင္းတင္းဆုပ္ကိုင္ကာ
ေခၚသြားေလသည္။ရိပ္တေယာက္ကေတာ့ နားမလည္ဟန္ ေၾကာင္ေနမိသည္။ဝတ္ရည္ကေတာ့ တခုခုကို ပူပန္ေနသည့္ဟန္ ဘာလုပ္လို႔လုပ္ရမွန္းမသိျဖစ္ေန၏။ရိပ္တို႔ အသင္းတြင္လည္း ရိပ္ႏွင့္ သံစဥ္ႏွစ္ေယာက္သာ ေရာက္ေသးသည္မို႔ရိပ္
တေယာက္တည္းသာ ပန္းအိုး ထိုးရန္စီစဥ္ရေတာ့မည္။

''ဟို ရိပ္...နင္ပန္းအိုး လဲတတ္တယ္မို႔လားဟင္
ငါ.. သူတို႔ေနာက္ လိုက္သြားလိုက္အုံးမယ္ေနာ္
အေရးႀကီးေနလို႔ ရတယ္မို႔လားဟင္ ရိပ္''

''အင္း ငါ နည္းနည္းပါးပါးေတာ့ လုပ္တတ္ပါတယ္။
နင္ဟိုႏွစ္ေယာက္ေနာက္ကို သာလိုက္သြားလိုက္ပါ။''

ယခုျဖစ္ေနသည့္အေျခေနမ်ားအား ရိပ္တခုမွ နားမလည္ေသာ္လည္း ဘာမွဝင္မေမးမိ။ေနာက္မွ ေအးေဆးေမးၾကည့္ရန္သာ ဆုံးျဖတ္လိုက္သည္။ဝတ္ရည္လည္း ဟိုႏွစ္ေယာက္ေနာက္သို႔ ျပာျပာသလဲ လိုက္သြားေတာ့သည္။
ရိပ္ကေတာ့ ေဘစင္ေပၚက ပန္းအိုးႏွင့္ ပန္းစည္းအားယူကာ
နားေနခန္းေရွ႕မွ ေဘစင္ရွိရာသို႔ သြားေလသည္။
အဖိုးအဖြားေတြႏွင့္ ေနစဥ္အခါတည္းက အဖိုးေတြ အဖြားေတြက ဘာမွမခိုင္း ဖူးဖူးမႈတ္ထားသည္မို႔ ရိပ္ တေယာက္ ပန္းအိုးေလးပင္ သပ္ရပ္ေအာင္ မထိုးတတ္ပါ။ဒါေၾကာင့္မို႔
ရိပ္ခမ်ာ အခက္ေတြ႕ရေလၿပီ။

နားေနခန္းအတြင္းမွ စိမ္းမဟာႏြယ္ကေတာ့ ရိပ္၏ပန္းအိုးမထိုးတတ္လို႔ အလိုမက်ျဖစ္ေနသည့္ မ်က္ႏွာေလးအား
ၾကည့္ေန၏။႐ုတ္တရက္ ''အား''လို႔ ေအာ္လိုက္ၿပီး လက္ကိုခါခ်လိဳက္သည့္ ရိပ္ေၾကာင့္ စိမ္းေျခလွမ္းက်ဲမ်ားျဖင့္ ရိပ္အနားအလ်င္အျမန္သြား ရေတာ့တာေပါ့။

''ျပစမ္း အရမ္းထိမိသြားလား''

ႏွင္းဆီပန္း၏ အဆူးျဖစ္ေသာ္လည္း အဆူးႏွင့္ပြတ္ဆြဲမိ
သည့္ဒဏ္ေၾကာင့္ အသားေလးအနည္းငယ္ကြဲသြားသည္။
ေသြးေတြလည္း ထြက္လာသည္မို႔ စိမ္းရင္ေတြပူလာရ၏။
ရိပ္လက္က ေသြးမ်ားကို ေဘစင္က ေရျဖင့္ေဆးေၾကာၿပီး နားေနခန္းအတြင္းသို႔ ရိပ္အားေခၚလာခဲ့သည္။နာေနခန္းအတြင္းသို႔ေရာက္ေသာ္ ရိပ္ႏွင့္စိမ္းမွလြဲရင္ တျခားမည္သူမွရွိမေနပါ။ႏွစ္ေယာက္တည္း ဆိုသည့္အသိေၾကာင့္ ရိပ္ အနည္းငယ္ ေနရခက္ေန၏။

''ႏွောင္းရိပ္သွ်င္ အဲ့ေလာက္ေတာင္မွ နေမာ္နမဲ့ နိုင္ရလား''

ရိပ္ရဲ႕လက္မွ ဒဏ္ရာအား ေဆးထည့္ေပးရင္း ဆူေနေသာ
စိမ္းေၾကာင့္ ရိပ္ ႏႈတ္ခမ္းေလးဆူပုတ္ေနမိသည္။
ထို႔ေနာက္ စိမ္းက သူမလက္ကိုင္အိတ္ထဲမွ
အနာကတ္ပလာစတာေလးျဖင့္ ရိပ္အနာေလးအား ကပ္ေပးထားလိုက္သည္။ေဆးထည့္ၿပီးသည္ႏွင့္ ေဘစင္ရွိရာသို႔ သြားရန္ျပင္ေနေသာ ရိပ္အား စိမ္းလက္မွ လွမ္းဆြဲထားလိုက္သည္။

"ဒါဘယ္လဲ''

''ဟို ဘုရားပန္းသြားလဲမို႔ပါ''

''လုပ္ေရာ လုပ္တတ္လို႔လား''

ရိပ္ေခါင္းေလးငုံ႕ထားလွ်က္ ေျဖလိုက္သည္။

''မလုပ္တတ္ပါဘူး ဆရာမ''

''ဒီမွာပဲထိုင္ေန ဆရာမလုပ္ေပးမယ္''

ရိပ္လည္း စိမ္းရဲ႕စကားအတိုင္း ထိုင္ခုံမွာ ၿငိမ္ၿငိမ္ေလးထိုင္ေနေတာ့သည္။ခဏၾကာေတာ့ ေသေသသပ္သပ္ထိုးထားတဲ့ ပန္းအိုးေလးကို ကိုင္တာစိမ္းနားေနခန္းအတြင္းသို႔ဝင္လာ၏။

''ကဲေရာ့..... ၿပီးၿပီ''

လွမ္းေပးလာေသာ ပန္းအိုးေလးအား ရိပ္ ရိုရိုေသေသယူလိုက္ၿပီး ဆူပုတ္ေနေသာမ်က္ႏွာကေလးျဖင့္ ျပန္ၾကည့္ကာ...

''ေက်းဇူးတင္ပါတယ္ ဆရာမ''

စိမ္းလည္း ေခါင္းတခ်က္ညိတ္ျပလိုက္သည္။ရိပ္ကေတာ့
ပန္းအိုးေလးကိုကိုင္ကာ နားေနခန္းအတြင္းမွထြက္လာခဲ့တာေပါ့။ဘယ္ဘက္ ရင္ဘတ္ျခမ္း တေနရာက ရင္ခုန္သံမ်ားအား သူမကိုယ္တိုင္လည္း မထိန္းခ်ဳပ္နိုင္ေတာ့သည္မို႔
ခပ္သုတ္သုတ္သာ ထြက္လာခဲ့သည္။

တဖက္တြင္.......

ေက်ာင္းအေနာက္ဘက္က လူရွင္းေသာ ေက်ာင္းေဆာင္တခုတြင္ နရံမွာလက္ ေထာက္ထားၿပီး သူမေရွ႕က မိန္းကေလးကို စူးရွလြန္းလွေသာ အၾကည့္တို႔ျဖင့္ၾကည့္ေနေသာ ႐ႊန္းလဲ့။
႐ႊန္းလဲ့ ၏ အေရွ႕က မိန္းကေလးကေတာ့ တျခားသူမဟုတ္
သံစဥ္ခ်ိဳပင္။ထိုအေျခေနအား အေဝးက ၾကည့္ေနသူမွာ ဝတ္ရည္ငယ္။ဝတ္ရည္ငယ္ တေယာက္ကေတာ့ ၾကည့္ေန႐ုံသာ တတ္နိုင္ၿပီး ဝင္ပါဖို႔ရန္မရဲ။

''ေတာက္!!''

ေတာက္ေခါက္သံ ျပင္းျပင္းေၾကာင့္ သံစဥ့္ ကိုယ္ေလးတုန္တက္သြားသည္။တၿပိဳင္နက္ သံစဥ္မ်က္ဝန္းအတြင္း မ်က္ရည္စကေလးမ်ား စို႔တက္လာရသည္။

''မင္းကို ငါအဲ့အေကာင္နဲ႕ေဝးေဝးေနလို႔ မေျပာထားဘူးလား''

႐ႊန္းလဲ့အား အရည္လဲ့ေနေသာ မ်က္ဝန္းကေလးျဖင့္ၾကည့္ကာ ႐ႊန္းလဲ့ရဲ႕ လက္ကေလးကို ကိုင္လွ်က္...

''႐ႊန္းရယ္ ခ်ိဳေျပာျပတာကို နားေထာင္ပါအုံး
သူနဲ႕ ခ်ိဳနဲ႕က သူငယ္ခ်င္းေတြပါ။ အဲ့ထက္မပိုပါဘူး
႐ႊန္းရယ္..ခ်ိဳ..တကယ္..''

တုန္ရီေနေသာ အသံတို႔ျဖင့္ ေျပာလာသည့္ သံစဥ့္၏စကားမ်ားအား လ်စ္လ်ဴရႈကာ မိမိလက္အား ဆြဲထားသည့္ သံစဥ့္လက္မ်ားအား ခါခ်လိဳက္ၿပီး.....

''ေတာ္စမ္းပါ...ဘာ..သူငယ္ခ်င္းဟုတ္လား..
ဟက္...ရယ္ရတယ္ကြာ..''

ခနဲ႕ၿပဳံးၿပဳံးကာျဖင့္ ေျပာလာသည့္ ႐ႊန္းလဲ့၏ ေဒါသမွာ
မည္သည့္အတိုင္းအတာထိ ေရာက္ေနမွန္း သံစဥ္
တေယာက္ အေသခ်ာပင္သိ၏။

''႐ႊန္းရယ္ ခ်ိဳ..ကိုေလ ဟင့္...အဲ့လို မေျပာပါနဲ႕..
ခ်ိဳေတာင္းပန္ပါတယ္..႐ႊန္း..မႀကိဳက္ရင္..ဟင့္
ေနာက္သူနဲ႕ မပတ္သက္မိေအာင္...ခ်ိဳႀကိဳးစားပါ့မယ္ေနာ္..''

ငိုယိုကာ ေတာင္းပန္ေနေသာ သံစဥ္အား စိတ္ပ်က္သလို
ၾကည့္ကာ....

''ႀကိဳးစားမယ္..ႀကိဳးစားမယ္တဲ့လား...
စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ.''

႐ႊန္းလဲ့ ထိုေနရာမွ ေဒါသတႀကီးျဖင့္ လွည့္ ထြက္လာခဲ့သည္။႐ႊန္းလဲ့ထြက္သြားမွ သံစဥ္ငုတ္တုတ္ေလးထိုင္ခ်ကာ
ရွိုက္ႀကီးတငင္ငိုေလေတာ့သည္။ဝတ္ရည္ငယ္လည္း
သံစဥ့္အနားသို႔လာကာ ေက်ာေလးကို ပြတ္ေပးလွ်က္
ႏွစ္သိမ့္ေပးရေတာ့၏။

''ဝတ္ရည္..ဟင့္.. ငါနဲ႕ေကာင္းခန့္က ငယ္ငယ္ေလးကတည္းက..ဟင့္...သူငယ္ခ်င္းေတြပါဟာ..
အဟင့္..ဒါေပမဲ့.. ႐ႊန္းကဘာလို႔မ်ား.. ငါ့ကို..
မယုံရတာလည္း.. ဟာ''

သူငယ္ခ်င္းျဖစ္သူ၏ ငိုသံႏွောေနေသာ စကားေလးေၾကာင့္
ဝတ္ရည္လည္း စိတ္မေကာင္းျဖစ္ကာ သက္ျပင္းတခ်က္
ခ်လိဳက္မိသည္။

''ဟင္း....နင္လည္းသိသားနဲ႕ သံစဥ္ရယ္
႐ႊန္းလဲ့က နင့္ကို သိပ္ခ်စ္လြန္းလို႔ သဝန္တိုေနတာပါ။
သူ႕ကိုနားလည္ ေပးလိုက္ပါ သံစဥ္ရယ္''

အခ်ိန္ခဏၾကာသည္ ထိ ထိုင္ငိုေနခဲ့ၿပီး မွ ေက်ာင္းခန္းအတြင္းသို႔ ဝတ္ရည္ႏွင့္ သံစဥ္တို႔ ႏွစ္ေယာက္ ဝင္လာခဲ့သည္။သို႔ေသာ္ ႐ႊန္းလဲ့ကေတာ့ အခုထိ ေရာက္မလာေသး။
ဘာေတြျဖစ္လာမွန္းမသိေပမယ့္ သံစဥ္၏မ်က္ႏွာမွာ ငိုထားမွန္းသိသာတာမို႔ အေျခေနကို အနည္းငယ္ရိပ္မိသည့္
ရိပ္မွာ ဘာမွဝင္မေမးေသး။ေက်ာင္းတက္ခါနီး ၃မိနစ္ေလာက္အလိုမွ ႐ႊန္းလဲ့အခန္းတြင္းလို႔ ဝင္လာခဲ့သည္။
သို႔ေသာ္ မ်က္ႏွာကေတာ့ တည္တင္းေနဆဲ။
မနက္ပိုင္းစာသင္ခ်ိန္တပိုင္းလုံး ရိပ္တို႔ သူငယ္ခ်င္းေလးေယာက္လုံး တိတ္ဆိတ္ေနသည္။ဒီလိုနဲ႕ မုန့္စားဆင္းခ်ိန္ေရာက္ေသာအခါ ႐ႊန္းလဲ့က ဘယ္သူ႕ကိုမွ ဘာမွမေျပာပဲ
အခန္းတြင္းမွထြက္သြားေတာ့သည္။သံစဥ္လည္း ႐ႊန္းလဲ့ေနာက္သို႔ခပ္သြက္သြက္ေလးလိုက္သြားေလသည္။အခန္းထဲတြင္ေတာ့ ေၾကာင္ေတာင္ေတာင္ျဖစ္ေနသည့္ ရိပ္ႏွင့္ သက္ျပင္းခဏခဏခ်ေနေသာ ဝတ္ရည္တို႔ ၂ေယာက္သာ က်န္ခဲ့၏။ဝတ္ရည္လည္း ရိပ္ ဘက္သို႔ လွည့္ကာျဖစ္ေၾကာင္းကုန္စင္ေျပာျပေတာ့သည္။

''တကယ္ေတာ့ သံစဥ္နဲ႕႐ႊန္းလဲ့က ခ်စ္သူေတြ''

''ဟမ္... သူတို႔ ႏွစ္ေယာက္ကေလ''

''အြန္း ဟုတ္တယ္။အဲ့ဒါကို သူတို႔ႏွစ္ေယာက္နဲ႕ ငါရယ္
ၿပီးေတာ့ (A)ခန္းက ငါတို႔သူငယ္ခ်င္း ေကာင္းခန့္ရယ္ပဲသိတာ။''

''ေအာ္''

ရိပ္ကေတာ့ ပါးစပ္အေဟာင္းသားေလးျဖင့္ အံ့ၾသကာ ေနေတာ့သည္။

''မနက္က သံစဥ္က သူ႕သူငယ္ခ်င္း ေကာင္းခန့္နဲ႕အတူ ေက်ာင္းလာတာေတြ႕လိုက္လို႔ ႐ႊန္းလဲ့က ေပါက္ကြဲေနတာ။
႐ႊန္းလဲ့ က ခ်စ္လြန္းလို႔သဝန္တိုတာ မွန္ေပမယ့္
သံစဥ္နဲ႕ ေကာင္းခန့္က တကယ့္သူငယ္ခ်င္းအရင္းႀကီးေတြပါ။ဟူး...အခုလဲ ဘာေတြ ျဖစ္ၾကအုံးမလဲမသိ''

ဒီလိုနဲ႕ မုန့္စားဆင္းခ်ိန္ေလးကို ရိပ္နဲ႕ ဝတ္ရည္ႏွစ္ေယာက္တည္း ထမင္းေလးစားရင္း စကားေလးေျပာရင္းနဲ႕ ကုန္ဆုံးခဲ့ရတာေပါ့။

ေက်ာင္းေဆာင္အေနာက္ဘက္က လူရွင္းေသာ
ေနရာေလးတခုတြင္ ႐ႊန္းလဲ့ ၿငိမ္သက္စြာ ထိုင္ေနမိသည္။
ထိုေနရာေလးအား ေနာက္ထပ္ေရာက္လာသူမွာေတာ့
သံစဥ္ေပါ့။သံစဥ္ကို ေတြ႕သည္ႏွင့္ တၿပိဳင္နက္ ႐ႊန္းလဲ့ မတ္တပ္ထရပ္လိုက္ၿပီး လွည့္ထြက္ဖို႔ႀကိဳးစားေလသည္။
သံစဥ္က ႐ႊန္းလဲ့ရဲ႕ ခါးေလးကို ေနာက္မွသိုင္းဖက္ လိုက္ၿပီး..

''႐ႊန္းရယ္..ခ်ိဳ႕ကို ခြင့္လႊတ္ပါေနာ္
ခ်ိဳ... ေတာင္းပန္ပါတယ္။ေက်းဇူးျပဳၿပီး ႐ႊန္းရယ္
ခ်ိဳ႕ကို ဒီတခါေတာ့ ခႊင့္လႊတ္ေပးပါေနာ္''

ထိုအခါ ႐ႊန္းလဲ့တေယာက္ သက္ျပင္းသဲ့သဲ့ခ်လိဳက္ၿပီး
သံစဥ္ဘက္သို႔လွည့္ကာ သံစဥ့္အား ရင္ခြင္ထဲတြင္
တင္းၾကပ္စြာ ေထြးေပြ႕ကာဖက္ထားလွ်က္....

''ခ်ိဳရယ္ ခ်ိဳ႕ကို...ကိုယ္သိပ္ခ်စ္တယ္ကြာ
သိပ္ခ်စ္လြန္းလို႔... သဝန္တိုမိတာပါ ခ်ိဳရယ္
ခ်ိဳသာ.... ကိုယ့္ကိုထားခဲ့ရင္...ကိုယ္ေသသြားလိမ့္မယ္
ခ်ိဳရဲ႕..''

ငိုသံေလးမ်ားႏွောကာ ေျပာလာသည့္စကားသံအခ်ိဳ႕ေၾကာင့္
သံစဥ္လည္း မ်က္ရည္ေတြ ပိုလို႔ပင္က်လာခဲ့သည္။
ပုခုံးထက္မွ ခံစားလိုက္ရသည့္ စိုစြတ္သည့္အထိအေတြ႕ေၾကာင့္ သံစဥ္သိလိုက္သည္။႐ႊန္းလဲ့လည္း မ်က္ရည္က်ေနၿပီဆိုတာ သံစဥ္သိလိုက္သည္။
ထို႔ေနာက္ သံစဥ္က ႐ႊန္းလဲ့မ်က္လုံးမ်ားကို ႏူးညံ့စြာၾကည့္လွ်က္...

''ဟင့္အင္း....ခ်ိဳက..႐ႊန္းကို ဘယ္ေတာ့မွ မထားခဲ့ဘူးေနာ္..
ခ်ိဳ႕ကို ယုံတယ္မို႔လားဟင္..ခ်ိဳ... ႐ႊန္းကိုသိပ္ခ်စ္တာ..
မထားခဲ့ဘူးေနာ္..ခ်ိဳကတိေပးပါတယ္''

ေလးနက္စြာေျပာလာသည့္ ထိုစကားေလးေၾကာင့္
႐ႊန္းလဲ့ မွာလည္း မ်က္ရည္ေတြ မထိန္းနိုင္။ ႏူးညံသည့္
အၾကည့္တို႔ ဆုံသည့္အခိုက္ သံစဥ့္ႏႈတ္ခမ္းေလးအား
အနမ္းတပြင့္ ခပ္ဖြဖြ နမ္းရွိုက္လိုက္သည္။
ထိုအမ်ိဳးသမီး ႏွစ္ေယာက္လုံး၏ အၾကည့္မ်ားသည္လည္း
ခ်စ္ျခင္းေမတၱာမ်ားျဖင့္ ျပည့္နက္လို႔ေန၏။လက္ကနာရီအား တခ်က္ၾကည့္လိုက္ေတာ့ ေက်ာင္းလည္းတက္ေတာ့မည္မို႔ သံစဥ့္ပါးမွ မ်က္ရည္စေလးမ်ားအား ခပ္ဖြဖြသုတ္ေပးလိုက္ၿပီး.....

''ခ်ိဳ ကိုယ္တို႔ အတန္းျပန္ရေအာင္ေလ ေနာ္''

''အင္း ျပန္ၾကမယ္ေလ ႐ႊန္း''

႐ႊန္းလဲ့က သံစဥ္လက္ကေလးအား ဆုပ္ကိုင္ကာ
အတန္းဆီသို႔ ျပန္လာခဲ့သည္။အတန္းအတြင္းသို႔ေရာက္ေသာ္ သူတို႔ႏွစ္ဦးအား ဝတ္ရည္ႏွင့္ ရိပ္က အကဲခတ္ဟန္
ၾကည့္ေနသည္။

''အဆင္ေျပသြားၾကၿပီလားဟင္''

''အင္း''

''ဘုတ္''

''အ့''

လက္ရဲဇက္ရဲ ဝတ္ရည္ငယ္က ႐ႊန္းလဲ့အား စာအုပ္ႏွင့္ေခါင္းကို ရိုက္ခ်လိဳက္ျခင္းျဖစ္သည္။

''နင္တို႔ကေလ ငါ့ကို အလုပ္ရႈပ္ေအာင္ လုပ္တာသိလား။
ၿပီးရင္လည္း ျပန္တည့္ၾကတာပဲကို ဘာမွန္းလည္းမသိဘူး''

မ်က္ေစာင္းတထိုးထိုးႏွင့္ ေျပာလာသည့္ ဝတ္ရည္အား
႐ႊန္းလဲ့သြားေလးၿဖီးၿပီး ၿပဳံးျပလိုက္သည္။
ရိပ္ကလည္း မေက်နပ္သည့္ဟန္ ဝင္ေျပာေလသည္။

''ဟြန့္...သံစဥ္နဲ႕ ႐ႊန္းလဲ့ နင္တို႔ငါ့ကို လွ်ိုထားတယ္ေနာ္
အက်င့္မေကာင္းဘူး။''

''ရိပ္ကလည္း ငါတို႔လည္း ေျပာျပမို႔ပါပဲဟ
စကားမစပ္မိလို႔ပါ စိတ္မဆိုးနဲ႕ေနာ္ ရိပ္ ဟီးဟီး...''

သံစဥ္၏ စကားအား ႐ႊန္းလဲ့ကလည္း ဝင္ေရာက္ကူကာေျပာေပးေလသည္။

''ဟုတ္ပါတယ္ ရိပ္ကလည္း စိတ္မဆိုးပါနဲ႕ဟာ
နင္က အရမ္းေခ်ာၿပီး အရမ္းသေဘာေကာင္းတာဆိုေတာ့
စိတ္မဆိုးဘူးမို႔လားလို႔''

သူ႕ကို ျမႇောက္ေျပာၿပီး ေခ်ာ့ေနၾကေသာ ထိုႏွစ္ေယာက္
ေၾကာင့္ရိပ္မွာ စိတ္မဆိုးနိုင္။ဒီလိုနဲ႕ ေက်ာင္းတက္ၿပီး
ရိပ္ အၿမဲေစာင့္ေနရတဲ့ စိမ္းမဟာႏြယ္ရဲ႕ အခ်ိန္ေရာက္လာေလၿပီ။သို႔ေသာ္ အခန္းထဲဝင္လာသည့္ စိမ္းမဟာႏြယ္ ၏မ်က္ႏွာမွာ ပုံမွန္အေနအထားမ်ိဳးမဟုတ္ပဲ တည္တင္းေနသည္ကို ရိပ္သတိျပဳမိသည္။အားလုံးလည္း ႏႈတ္ဆက္ၿပီးသည့္အခါေလသံမာမာျဖင့္ အသံတခု ဟိန္းခနဲထြက္လာသည္။

''ငါခြင့္ယူတဲ့ေန႕က ငါ့အခ်ိန္အိမ္သာကိုလစ္ၿပီး
ေဆးလိပ္ခိုးေသာက္တဲ့ တေယာက္ကိုယ့္အျပစ္ကိုယ္သိရင္
ခုခ်က္ခ်င္းေရွ႕ထြက္ခဲ့''

တခန္းလုံးလည္း တိတ္ဆိတ္ေနၿပီး အပ္က်သံပင္မၾကားရ။
ထိုအေျခေနက အျပစ္ရွိသူမေျပာႏွင့္ သာမန္လူေတာင္
ထိန့္လန့္ေနရသည္။ရိပ္ ျပန္ေတြးမိသည္မွာ စိမ္းမဟာႏြယ္
ခြင့္ယူသည့္ေန႕မွာ သူေက်ာင္းစတက္သည့္ေန႕ပင္ျဖစ္သည္။
ယခုသူေက်ာင္းတက္တာပင္ တလစြန္းစြန္းရွိၿပီ။တလေက်ာ္ေလာက္ၾကာေနၿပီျဖစ္သည့္ ျပစ္မႈတခုကို အခုလိုေဖာ္ထုတ္နိုင္သည္က ေတာ္႐ုံေတာ့မဟုတ္။ခဏၾကာေတာ့ေက်ာင္းသား တေယာက္အတန္းေရွ႕သို႔ထြက္လာသည္။
(B)ခန္းျဖစ္သည့္တိုင္ ေက်ာင္းသားေက်ာင္းသူ
အားလုံး လူေတာ္မ်ားပင္ျဖစ္သည္။သို႔ေသာ္ လည္း လူငယ္အ႐ြယ္ျဖစ္သည့္အတြက္ အသစ္အဆန္းမ်ားကို စူးစမ္းလိုၾကသည္။ဤသည္ကို စိမ္းမဟာႏြယ္ ကေတာ့ မည္သို႔မွ်
ခႊင့္မလႊတ္။စိမ္းမဟာႏြယ္ သူမေရွ႕မွာ ရပ္ေနသည့္ ေက်ာင္းသားအားစိုက္ ၾကည့္ကာ ခပ္ေအးေအးေလသံျဖင့္ ေမးခြန္းထုတ္လာသည္။

''ဆိုေတာ့ အိမ္သာထဲမွာ ေဆးလိပ္ခိုးေသာက္တာ မင္းေပါ့။''

''ဟုတ္ကဲ့''

''အျပစ္ရွိလား''

ဘာမွရွည္ရွည္ေဝးေဝး ေမးမေနပဲ ေမးခြန္းတခုကိုသာ
ခပ္ျပတ္ျပတ္ေလသံျဖင့္ ေမးလာ၏။ ေက်ာင္းသား
အ႐ြယ္ စာသင္ရမယ့္အ႐ြယ္မွာ ယခုကဲ့သို႔ စည္းပ်က္ကမ္းပ်က္လုပ္ရပ္မ်ိဳးအား စိမ္းမဟာႏြယ္ လုံးဝအေလ်ာ့မေပးနိုင္။ထိုအရာတို႔ဟာ ေက်ာင္းသူေက်ာင္းသားမ်ားအတြက္
ပ်က္စီးရာ လမ္းစပင္။

''ရွိပါတယ္''

''ဟုတ္ၿပီ ဒါဆိုငါအျပစ္ေပးမွာကိုေရာ လက္ခံလား''

''ဟုတ္ကဲ့ လက္ခံပါတယ္ ဆရာမ''

''ေကာင္းၿပီ။ စတိတ္စင္ေပၚ တက္လိုက္''

ေက်ာင္းသားေလး စတိတ္စင္သို႔ တက္သြားၿပီး whiteboard ဘက္သို႔လွည့္ကာ လက္ပိုက္ၿပီး ရပ္ေနသည္။
စိမ္းမဟာႏြယ္ စားပြဲခုံေပၚက တိပ္ျဖင့္ပူးထားသည့္
လက္ညိုးအ႐ြယ္ ႀကိမ္လုံးႏွစ္ေခ်ာင္းကို ကိုင္လိုက္ၿပီး
မတ္တပ္ရပ္ေနသည့္ ေက်ာင္းသားအနားသို႔ ေလွ်ာက္လာသည္။ထို႔ေနာက္ ႀကိမ္လုံးကိုျမႇောက္ကာ အားကုန္ သုံးၿပီး လႊဲရိုက္ခ်လိဳက္သည္။

''ျဖန္း!!''

''ျဖန္!!''

ရိုက္လိုက္တိုင္း ေကာ့တက္သြားသည့္ ထို႔ေက်ာင္းသား၏
ခႏၱာကိုယ္ အေနအထားက သူဘယ္ေလာက္နာက်င္ေၾကာင္း
ေဖာ္ျပေနသည္။တခ်က္တခ်က္ ရိုက္လိုက္တိုင္း ထိုေက်ာင္းသားပင္ မဟုတ္ အခန္းထဲရွိ ေက်ာင္းသားေက်ာင္းသူမ်ားပင္ ထိန့္လန့္ေနရသည္။ထိုသူမ်ားထဲတြင္ ရိပ္တေယာက္လည္း အပါအဝင္ေပါ့။စိမ္းမဟာႏြယ္ တေယာက္ ဤေလာက္ထိ အရိုက္ၾကမ္းလိမ့္မည္ဟု ရိပ္မထင္ထား။
မနက္က သူမဒဏ္ရာအား ေဆးထည့္ေပးခဲ့သည့္ ၾကင္နာတတ္တဲ့ စိမ္းမဟာႏြယ္မွ ဟုတ္ရဲ႕လားဟုပင္ ရိပ္ေတြးေနမိေတာ့သည္။အရိုက္ခံရသည့္ ေက်ာင္းသားအားၾကည့္ၿပီး
ရိပ္ တံေတြးပင္ၿမိဳခ်ကာ ဖင္ႀကိမ္းေနရသည္။

''ျဖန္း!!''

သုံးခ်က္မွ် အားပါပါရိုက္ၿပီးသည့္ေနာက္ ႀကိမ္လုံးအား
စားပြဲေပၚသို႔ျပန္တင္ကာ ထိုေက်ာင္းသား အားၾကည့္လွ်က္..

''ေနာက္တႀကိမ္ဆိုတာ ရွိလာခဲ့ရင္
ဒီနာက်င္မႈထက္ ႏွစ္ဆပဲ ၾကားလား''

''ဟုတ္ကဲ့ ဆရာမ''

''သြားေတာ့''

ထိုေက်ာင္းသားလည္း ေခါင္းေလးငုံ႕ကာျဖင့္ သူ၏ေနရာသို႔
ျပန္လာခဲ့သည္။ထို႔ေနာက္ စိမ္းမဟာႏြယ္ က တတန္းလုံးကိုၾကည့္လွ်က္...

''ေဆးလိပ္ေတြ အရက္ေတြ ေသာက္မယ္ဆိုရင္ေလ
ငါမသိေစနဲ႕ ငါသိလို႔ကေတာ့ မင္းတို႔မလြယ္ဘူးမွတ္''

ရိပ္ကေတာ့ ေဒါသေၾကာင့္ တင္းမာေနေသာစိမ္းမဟာႏြယ္၏ မ်က္ႏွာအား မဝံ့မရဲေလး လွမ္းၾကည့္မိ၏။

''ေအး ဒါေပမဲ့ တခုေတာ့သိထား
ဒီေက်ာင္းဝန္းထဲမွာေတာ့ ငါမသိေအာင္ မင္းတို႔
ဘာမွလုပ္လို႔မရဘူးဆိုတာ သိထား
ငါ အကုန္သိတယ္''

''ငါအကုန္သိတယ္''ဟူေသာ စကားကို ဆိုေနရင္း
ရိပ္တို႔ ေလးေယာက္ဘက္ အၾကည့္ေရာက္လာသည္မို႔
ရိပ္တို႔မွာ ေခြၽးပင္ ျပန္လာရေတာ့သည္။ရိပ္ ေဆးလိပ္စေသာက္ခဲ့သည္မွာ ၉တန္းကတည္းကပင္။ လူႀကီးေတြမသိေအာင္ေသာက္ရင္း အခုထိပင္ ၂ ပတ္ကို တလိပ္မွ် ပုံမွန္ေသာက္ျဖစ္ေလသည္။ထိုအရာအား ရိပ္အေမ ေဒၚေမနန္းလည္းမသိေပ။ရိပ္ကေတာ့ သူေက်ာင္းဝန္းထဲမွာ မေသာက္ရင္ အဆင္ေျပတာပါပဲဟု ေတြးကာ စိတ္ၿငိမ္ေအာင္ထားလိုက္သည္။

''စာ စသင္မယ္''

ခပ္ေအးေအး ေလသံျဖင့္ေျပာလိုက္ၿပီးေနာက္
သင္ခန္းစာမ်ားကို စတင္ေတာ့သည္။စိမ္းမဟာႏြယ္၏
ေဒါသျဖစ္ေနသည့္ ပုံအား ရိပ္ျမင္လိုက္ရၿပီးသည္မို႔
အေတာ္ေလး ေၾကာက္ေနမိတာေတာ့အမွန္ပင္။

ရိပ္တို႔ရဲ႕ သစ္ပင္ပန္းပင္မ်ားႏွင့္ လွပေနသည့္ ထိုၿခံဝန္းေလးထဲက ေက်ာက္စားပြဲေလးမွာ မိန္းကေလးႏွစ္ဦးထိုင္ၿပီးသင္ခန္းစာေတြ အတူတူေလ့က်င့္ေနၾကသည္။သက္ျပင္းခဏခဏခ်ေနေသာ ရိပ္အား ၾကည့္ကာ ျခဴးေမးခြန္းထုတ္လိုက္သည္။

'' ဘာလို႔အဲ့ေလာက္ထိ သက္ျပင္းေတြခ်ေနတာလဲ ရိပ္ရယ္''

''ဒီလိုပါပဲ ျခဴးရယ္''

''ဘာလို႔လဲဟင္ စာေတြမလိုက္နိုင္လို႔လား''

''စာေတြက လိုက္နိုင္ပါတယ္''

ျခဴးလည္း မေျဖခ်င္သည့္ေမးခြန္းမ်ားအား ဆက္၍
မေမးလိုပါ။ ထို႔ေၾကာင့္ တျခားကိစၥသာ အာ႐ုံလႊဲေျပာလိုက္သည္။

''ဒါနဲ႕ေလ ရိပ္က ဘာလို႔ guide မေခၚတာလဲ။
က်ဴရွင္လည္း မတက္ပဲနဲ႕ကို''

''ဟင့္အင္း မတက္ခ်င္ဘူး အလုပ္ရႈပ္လို႔''

''ဟ..ရိပ္ကေတာ့ ဆရာႀကီးပဲကြာ''

''အဲ့လိုလည္း မဟုတ္ပါဘူး ျခဴးရယ္''

''ရိပ္''

''ဟင္''

''ျခဴးကို စကိတ္စီးသင္ေပးပါလား''

''ဟြန္...ရိပ္စကိတ္စီးတတ္တာကို ျခဴးက ဘယ္လိုသိလဲ''

''အမ္...ဟို..ရိပ္ရဲ႕ စကိတ္ေလးေတြ႕လို႔ေလ''

''ေအာ္ အင္းပါ။ေနာက္ေန႕သင္ေပးမယ္ေလ''

''ဒီေန႕ စသင္ေပးလို႔မရဘူးလားဟင္''

''ဒီေန႕သင္ခ်င္တာလား''

''အင္း''

''အင္းပါ ဒါဆိုလည္း စာအရင္လုပ္ၾကတာေပါ့
ညေန ေနေအးတဲ့အခါက် သင္ၾကတာေပါ့''

ျခဴးလည္း ေက်နပ္စြာ ျဖင့္ ေခါင္းေလးတဆတ္ဆတ္ညိတ္ျပေလသည္။ထိုမိန္းကေလးႏွစ္ဦးတြင္ တဦးက စာထဲတြင္ စိတ္နစ္ထားေသာ္ျငား က်န္တဦး၏စိတ္မ်ားမွာေတာ့ တစုံတေယာက္ဆီတြင္။ထိုသို႔ စိတ္လြင့္ေနသူက ျခဴးအိမ့္လြန္း ေပါ့။

Continue Reading

You'll Also Like

2M 110K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.1K 353 8
خلاصه:🎨 پارک چانیول مدیر عامل موفق شرکت ساختمان سازی p.y و آلفای سی ساله ایی که همه اون رو به خوش اخلاقی می‌شناسن که تونسته به این سن شرکتش رو به سط...
2.5K 298 9
Bihan and Adya, the once 'two-body-one-soul' like friends drifted apart. Friendship of years old broken, or better put to halt, for some reasons that...
30.7K 2.2K 17
"မင်း မျက်နှာ မတွေ့ချင်တော့ဘူး မြူတေးမောင်မောင်။ ငါစောင့်ရှောက်ခဲ့တာ ငါနဲ့ စ တွေ့တွေ့ချင်း ဒီလိုတွေ တစ်ခွန်းမခံ ပြန်ပြောဖို့မဟုတ်ဘူး။ ငါက မင်းအုပ်ထိန...