"ဘာတွေနားထောင်နေတာလည်း"
"မြန်မာသီချင်းပါ လွန်းရဲ့"
"ပေးနားထောင်ကြည့်"
သူ့ AirPod ကိုဖြုတ်ကာ လွန်းနားလေးကိုကပ်ပေးလိုက်သည်။
အခုအခြေအနေကသမီးကလွန်းနဲ့ရော Adamနဲ့ရောအတူတူအိပ်ချင်တယ်ဟုဂျီကျသည်။ လွန်း ကိုအားနာမိသောကြောင့်ကတစ်ကြောင်း ကလေးကိုဗန်းပြပြီး အခွင့်အရေးယူတဲ့ကောင်အဖြစ်မခံချင်တာကတစ်ကြောင်းနဲ့မို့ သူလည်းငြင်းဆန်ကာ အတူမအိပ်ရန်ပြောသော်လည်း စကားတတ်လေးက ပြန်ချည်သည်။ ဘာတဲ့ "မင်္ဂလာဆောင်ထားကြရင်တူတူအိပ်ရတယ် ဖေဖေရ" တဲ့... လွန်း ကိုယ်တိုင်ကလည်ဍ ငြင်းဆန်တာမျိုးမရှိလို့ သာယာစရာ ချိုမြိန်စရာထဲ ခေါင်းတိုးဝင်မိပြန်ပါသည်။
မောင်လေ ဘယ်နှကြိမ်နာရနာရ အမှတ်မရှိနိုင်တာဘဲ မောင့်စိတ်နဲ့ခန္ဓာကိုယ်လွန်းပိုင်ပါတယ်ဆိုကွယ်... လွန်းကြောင့်များပျော်ရွှင်ရရင် မြူးလိုက်တဲ့ကိုယ့်စိတ်တွေရယ်ပါ...လွန်းများငြိုငြင်ရင် မောင့်မှာ ကြံရာမရပါဘူးကွယ်... လူတွေပြောကြသလို အချစ်ဟာခါးသလား ချိုသလား မေးခွန်ထုတ်ရရင် မောင့်နှလုံးလမ်းကြောင်းအရ အချစ်ဟာ ဒဏ်ရာချိုမြမြလေးများဖြစ်ခဲ့တာပေါ့ကွယ်.....လွန်းနဲ့မှ... လွန်း လွန်း...လွန်း....
မောင်ဟာ အဲ့သလောက်အထိ...
ကဲပြန်ဆက်တာပေါ့ဗျာ
"မောင် နားထောင်တဲ့သီချင်းတွေ လွန်းကြုက်မယ်မထင်ဘူး"
သူနားထောင်နေကျ အရင်လိုဘဝမျိုုးရောက်ချင်တယ် ဟူသော ခေတ်ဟောင်းသီချင်းဖြစ်သည်။ Adamငယ်ငယ်ကတည်းကဒီသီချင်းတွေကိုသူနှစ်သက်သည်။ အနှစ်သာရဆိုသော အရာကိုသူရှာတွေ့သည်။
"ဒီဟာသိတယ် ဆိုပြပါလား အ အရင်ကလိုမျိုး"
သမီးကအလယ်မှာ လှဲနေပြီး ဟိုကြည့်ဒီကြည့်လုပ်နေရာမှ လွန်း စကားကိုထောက်ခဲ့သလို လက်ခုပ်လေးထတီးသည်။
"ဖေဖေဆိုပြခိုင်းနော် ပါးပါးဆိုပြပါ"
"လွန်း"
Adamခေါ်သံဟာအက်ကွဲနေလိမ့်မည်။ ယောင်္ကျားတစ်ယောက်အနေနဲ့ မျက်ရည်ကျရပြီ...ဒါပီတိမျက်ရည်ဆိုတာလား...
"မောင့်ရဲ့ ပထမဆုံးကံကောင်းမှုလေး မောင်ပြန်ပျော်ရွှင်ရပြီ သမီးရယ် လွန်းရယ် မောင်ရယ်။ မောင်အနွေးဓာတ်ကိုခံစားမိပြီ မောင်တို့ကမိသားစုတွေလိုမျိုး ဟင့် မောင်ပျော်တယ်"
"ပါးပါးမငိုပါနဲ့လို့"
"မောင်ရယ်"
ငိုကြွေးနေတဲ့သူ့ကိုသမီးရော လွန်းရောကဖက်ထားသည်။ မောင်တော့ ပိုတိုးဝင်လာချင်မိပြီကွယ်...
"မောင့်ကိုငါရွေးမှာမို့ မောင်ကမငိုပါနဲ့တော့နော်"
"ကျေးဇူးတင်ပါတယ်လွန်းရယ်.."
"မငိုနဲ့ဆိုကွာ"
"မောင် ပျော်လို့ ဟင့် ရွှတ်"
နှာခေါင်းတစ်ရှုံရှုံနဲ့သူ့ကိုလွန်းကဖွဖွလေးအနမ်းပေးသည်။
မောင်သေပျော်ပြီ...
"သီချင်းဆိုပြ အငိုသန်လေး မောင်က ကလေးလားပြော"
"အင်းဆိုပြမှာပေါ့ မောင့်ချစ်ဆုံးနှစ်ယောက်ရဲ့"
ကုတင်ပေါ်ကထကာ အခန်းပြင်ထွက်သွားတော့ သားအဖနှစ်ယောက်လုံးငြိမ်ငြိမ်လေးလိုက်ကြည့်နေကြသည်။ စာကြည့်ခန်းထဲသိမ်းထားတဲ့ ဂစ်တာအိတ်ကိုလွယ်ကာ သူပြန်ဝင်လာတော့ စောင်ကိုယ်တစ်ပိုင်းခြုံကာ ငုတ်တုပ်လေးထိုင်နေကြသည်။ ညအိပ်ဝတ်စုံအဝါရောင်ကြက်ပေါက်ကလေးတွေပါတဲ့ဂါဝန်နဲ့ ဘောင်းဘီတိုလေးကိုသမီးကဝတ်ထားပြီး လွန်းက pajama နက်ပြာရောင်လက်တိုလေးဝတ်ထားသည်။ တကယ့်ချစ်စရာကောင်းတဲ့သားအဖ။
"မောင် ဆိုပြမယ်နော်"
"အဲ့ပါးပါးကလေ မောင်မောင်မောင် ဆိုတာချည်းဘဲ သမီးကမရှိသလိုဘဲ စိတ်ညစ်လိုက်တာ"
သမီးကမျက်နှာပေါ်လက်လေးအုပ်တင်ကာဆိုသည်။ စကားတတ်လိုက်ပုံများ လိုက်ကိုမမှီဘူး
"ပါးပါးဆိုပြမယ်နော် သမီး"
"အပြုံးပန်းမလှတဲ့ ကိုယ်လိုလူရဲ့
အပြုအစု အယုအယဟာ
မင်းဘဝအတွက်တော့
မဖူလုံနိုင်သေးတယ်
အပြုံးနဲ့နှုတ်ဆက်နေစဉ်
ကိုယ်အတွေးများက တဝဲဝဲလည်
မင်းနဲ့အရင်လိုဘဝမျိုးရောက်ချင်တယ်
အရင်တစ်ခါနေလာခဲ့တဲ့ဘဝကို
ပြန်နေချင်သေးတယ်
အတူနေချင်ပေမယ့်လည်းအသက်ရယ်
စိမ်းကားသွားခဲ့တယ်
ငိုနေချင်ပေမယ့်လည်း ရှိုက်သံ
ရင်မှာမျိုသိပ်ကာ
အစဉ်သာရင်မှာ အမြဲတမ်းတနေမယ်.."
"ဖေဖေ့ ပါးပါးအသံက Uncle Lewis အသံနဲ့မတူဘူးလား"
"အင်း Lewis Capaldi မြန်မာသီချင်းဆိုနေသလိုဘဲ"
မောင့်နားရွက်ဖျားလေးများရဲနေသည်မို့ ရှက်နေတယ်ထင်ပါသည်။ လွန်းသာ ရှက်နေတာမျိုးဆို မောင်ကသေချာပေါက်သိမှာပင်။ လွန်းကသာ မောင့်ကိုသိဖို့မောင့်အချစ်တွေကိုမြင်ဖို့မကြိုးစားခဲ့တာ... ကိုယ့်ကိုအသုံးချနေတဲ့လူနောက်တစ်ကောက်ကောက်လိုက်ပြီး နုံအခဲ့မိတာ...
(ဒီထဲမှာပါတဲ့ဇာတ်ကောင်တွေအားလုံးက ကောင်းတဲ့အခြမ်းနဲ့ဆိုးတဲ့အခြမ်းဒွန့်တွဲနေတာကို သတိထားမိကြလားမသိဘူး ဒီမှာဗီလိန်ဆိုတာမပါဘူး ဒါပေမယ့် ဇာတ်ကောင်တိုင်းမှာဆိုးသွမ်းတဲ့အခြမ်းရှိတယ်.. အဲ့ဒီဆိုးသွမ်းတဲ့အခြမ်းတွေကဘဲ သူတို့ဘဝကို မွှေနှောက်နေကြတာ.. ပြောချင်တာက စင်လုံးချောဖြူစင်နေတဲ့သူမရှိဘူးဆိုတာပါဘဲ ... ကျေးဇူးပါ)
————————————————————————
သမီးကိုအလယ်မှာထားသိပ်ပေမယ့် လွန်းသော်နိုးတော့ သမီးကအစွန်ရောက်ပြီး လွန်းကမောင့်ရင်ခွင်ထဲမယ်...
"မောင် ထတော့"
"အိပ်ပါဦးလွန်းရဲ့ မောင်အိပ်မပျော်တာကြာပြီ"
သိသာပါတယ် မောင့်မျက်နှာတွေဖြူဖျော့ပြီး
Dark circles တွေနဲ့ပင်။
မောင်အိပ်ပါစေဆိုပြီး သူငြိမ်ငြိမ်လေးနေပေးလိုက်သည်။ မောင်ကအများကြီးပေးဆပ်ခဲ့တယ် လွန်းသော်လို သာမာန်ကောင်လေးတစ်ယောက်အတွက် မောင့်ငယ်ရွယ်မှုတွေ အချိန်တွေ သိက္ခာတွေ အထူးသဖြင့် မောင့်မေတ္တာတွေ...
*ပြွတ်*
"မောင်ကပြောင်းလဲသွားပြီ ရင့်ကျက်သွားပြီ "
"အင်း"
"ချစ်တယ် မောင်"
ချစ်တဲ့ကီရာ
zawgyi
"ဘာေတြနားေထာင္ေနတာလည္း"
"ျမန္မာသီခ်င္းပါ လြန္းရဲ႕"
"ေပးနားေထာင္ၾကည့္"
သူ႕ AirPod ကိုျဖဳတ္ကာ လြန္းနားေလးကိုကပ္ေပးလိုက္သည္။
အခုအေျခအေနကသမီးကလြန္းနဲ႕ေရာ Adamနဲ႕ေရာအတူတူအိပ္ခ်င္တယ္ဟုဂ်ီက်သည္။ လြန္း ကိုအားနာမိေသာေၾကာင့္ကတစ္ေၾကာင္း ကေလးကိုဗန္းျပၿပီး အခြင့္အေရးယူတဲ့ေကာင္အျဖစ္မခံခ်င္တာကတစ္ေၾကာင္းနဲ႕မို႔ သူလည္းျငင္းဆန္ကာ အတူမအိပ္ရန္ေျပာေသာ္လည္း စကားတတ္ေလးက ျပန္ခ်ည္သည္။ ဘာတဲ့ "မဂၤလာေဆာင္ထားၾကရင္တူတူအိပ္ရတယ္ ေဖေဖရ" တဲ့... လြန္း ကိုယ္တိုင္ကလည္ဍ ျငင္းဆန္တာမ်ိဳးမရွိလို႔ သာယာစရာ ခ်ိဳၿမိန္စရာထဲ ေခါင္းတိုးဝင္မိျပန္ပါသည္။
ေမာင္ေလ ဘယ္ႏွႀကိမ္နာရနာရ အမွတ္မရွိနိုင္တာဘဲ ေမာင့္စိတ္နဲ႕ခႏၶာကိုယ္လြန္းပိုင္ပါတယ္ဆိုကြယ္... လြန္းေၾကာင့္မ်ားေပ်ာ္႐ႊင္ရရင္ ျမဴးလိုက္တဲ့ကိုယ့္စိတ္ေတြရယ္ပါ...လြန္းမ်ားၿငိဳျငင္ရင္ ေမာင့္မွာ ႀကံရာမရပါဘူးကြယ္... လူေတြေျပာၾကသလို အခ်စ္ဟာခါးသလား ခ်ိဳသလား ေမးခြန္ထုတ္ရရင္ ေမာင့္ႏွလုံးလမ္းေၾကာင္းအရ အခ်စ္ဟာ ဒဏ္ရာခ်ိဳျမျမေလးမ်ားျဖစ္ခဲ့တာေပါ့ကြယ္.....လြန္းနဲ႕မွ... လြန္း လြန္း...လြန္း....
ေမာင္ဟာ အဲ့သေလာက္အထိ...
ကဲျပန္ဆက္တာေပါ့ဗ်ာ
"ေမာင္ နားေထာင္တဲ့သီခ်င္းေတြ လြန္းၾကဳက္မယ္မထင္ဘူး"
သူနားေထာင္ေနက် အရင္လိုဘဝမ်ိဳုးေရာက္ခ်င္တယ္ ဟူေသာ ေခတ္ေဟာင္းသီခ်င္းျဖစ္သည္။ Adamငယ္ငယ္ကတည္းကဒီသီခ်င္းေတြကိုသူႏွစ္သက္သည္။ အႏွစ္သာရဆိုေသာ အရာကိုသူရွာေတြ႕သည္။
"ဒီဟာသိတယ္ ဆိုျပပါလား အ အရင္ကလိုမ်ိဳး"
သမီးကအလယ္မွာ လွဲေနၿပီး ဟိုၾကည့္ဒီၾကည့္လုပ္ေနရာမွ လြန္း စကားကိုေထာက္ခဲ့သလို လက္ခုပ္ေလးထတီးသည္။
"ေဖေဖဆိုျပခိုင္းေနာ္ ပါးပါးဆိုျပပါ"
"လြန္း"
Adamေခၚသံဟာအက္ကြဲေနလိမ့္မည္။ ေယာကၤ်ားတစ္ေယာက္အေနနဲ႕ မ်က္ရည္က်ရၿပီ...ဒါပီတိမ်က္ရည္ဆိုတာလား...
"ေမာင့္ရဲ႕ ပထမဆုံးကံေကာင္းမႈေလး ေမာင္ျပန္ေပ်ာ္႐ႊင္ရၿပီ သမီးရယ္ လြန္းရယ္ ေမာင္ရယ္။ ေမာင္အေႏြးဓာတ္ကိုခံစားမိၿပီ ေမာင္တို႔ကမိသားစုေတြလိုမ်ိဳး ဟင့္ ေမာင္ေပ်ာ္တယ္"
"ပါးပါးမငိုပါနဲ႕လို႔"
"ေမာင္ရယ္"
ငိုေႂကြးေနတဲ့သူ႕ကိုသမီးေရာ လြန္းေရာကဖက္ထားသည္။ ေမာင္ေတာ့ ပိုတိုးဝင္လာခ်င္မိၿပီကြယ္...
"ေမာင့္ကိုငါေ႐ြးမွာမို႔ ေမာင္ကမငိုပါနဲ႕ေတာ့ေနာ္"
"ေက်းဇူးတင္ပါတယ္လြန္းရယ္.."
"မငိုနဲ႕ဆိုကြာ"
"ေမာင္ ေပ်ာ္လို႔ ဟင့္ ႐ႊတ္"
ႏွာေခါင္းတစ္ရႈံရႈံနဲ႕သူ႕ကိုလြန္းကဖြဖြေလးအနမ္းေပးသည္။
ေမာင္ေသေပ်ာ္ၿပီ...
"သီခ်င္းဆိုျပ အငိုသန္ေလး ေမာင္က ကေလးလားေျပာ"
"အင္းဆိုျပမွာေပါ့ ေမာင့္ခ်စ္ဆုံးႏွစ္ေယာက္ရဲ႕"
ကုတင္ေပၚကထကာ အခန္းျပင္ထြက္သြားေတာ့ သားအဖႏွစ္ေယာက္လုံးၿငိမ္ၿငိမ္ေလးလိုက္ၾကည့္ေနၾကသည္။ စာၾကည့္ခန္းထဲသိမ္းထားတဲ့ ဂစ္တာအိတ္ကိုလြယ္ကာ သူျပန္ဝင္လာေတာ့ ေစာင္ကိုယ္တစ္ပိုင္းၿခဳံကာ ငုတ္တုပ္ေလးထိုင္ေနၾကသည္။ ညအိပ္ဝတ္စုံအဝါေရာင္ၾကက္ေပါက္ကေလးေတြပါတဲ့ဂါဝန္နဲ႕ ေဘာင္းဘီတိုေလးကိုသမီးကဝတ္ထားၿပီး လြန္းက pajama နက္ျပာေရာင္လက္တိုေလးဝတ္ထားသည္။ တကယ့္ခ်စ္စရာေကာင္းတဲ့သားအဖ။
"ေမာင္ ဆိုျပမယ္ေနာ္"
"အဲ့ပါးပါးကေလ ေမာင္ေမာင္ေမာင္ ဆိုတာခ်ည္းဘဲ သမီးကမရွိသလိုဘဲ စိတ္ညစ္လိုက္တာ"
သမီးကမ်က္ႏွာေပၚလက္ေလးအုပ္တင္ကာဆိုသည္။ စကားတတ္လိုက္ပုံမ်ား လိုက္ကိုမမွီဘူး
"ပါးပါးဆိုျပမယ္ေနာ္ သမီး"
"အၿပဳံးပန္းမလွတဲ့ ကိုယ္လိုလူရဲ႕
အျပဳအစု အယုအယဟာ
မင္းဘဝအတြက္ေတာ့
မဖူလုံနိုင္ေသးတယ္
အၿပဳံးနဲ႕ႏႈတ္ဆက္ေနစဥ္
ကိုယ္အေတြးမ်ားက တဝဲဝဲလည္
မင္းနဲ႕အရင္လိုဘဝမ်ိဳးေရာက္ခ်င္တယ္
အရင္တစ္ခါေနလာခဲ့တဲ့ဘဝကို
ျပန္ေနခ်င္ေသးတယ္
အတူေနခ်င္ေပမယ့္လည္းအသက္ရယ္
စိမ္းကားသြားခဲ့တယ္
ငိုေနခ်င္ေပမယ့္လည္း ရွိုက္သံ
ရင္မွာမ်ိဳသိပ္ကာ
အစဥ္သာရင္မွာ အၿမဲတမ္းတေနမယ္.."
"ေဖေဖ့ ပါးပါးအသံက Uncle Lewis အသံနဲ႕မတူဘူးလား"
"အင္း Lewis Capaldi ျမန္မာသီခ်င္းဆိုေနသလိုဘဲ"
ေမာင့္နား႐ြက္ဖ်ားေလးမ်ားရဲေနသည္မို႔ ရွက္ေနတယ္ထင္ပါသည္။ လြန္းသာ ရွက္ေနတာမ်ိဳးဆို ေမာင္ကေသခ်ာေပါက္သိမွာပင္။ လြန္းကသာ ေမာင့္ကိုသိဖို႔ေမာင့္အခ်စ္ေတြကိုျမင္ဖို႔မႀကိဳးစားခဲ့တာ... ကိုယ့္ကိုအသုံးခ်ေနတဲ့လူေနာက္တစ္ေကာက္ေကာက္လိုက္ၿပီး ႏုံအခဲ့မိတာ...
(ဒီထဲမွာပါတဲ့ဇာတ္ေကာင္ေတြအားလုံးက ေကာင္းတဲ့အျခမ္းနဲ႕ဆိုးတဲ့အျခမ္းဒြန့္တြဲေနတာကို သတိထားမိၾကလားမသိဘူး ဒီမွာဗီလိန္ဆိုတာမပါဘူး ဒါေပမယ့္ ဇာတ္ေကာင္တိုင္းမွာဆိုးသြမ္းတဲ့အျခမ္းရွိတယ္.. အဲ့ဒီဆိုးသြမ္းတဲ့အျခမ္းေတြကဘဲ သူတို႔ဘဝကို ေမႊေႏွာက္ေနၾကတာ.. ေျပာခ်င္တာက စင္လုံးေခ်ာျဖဴစင္ေနတဲ့သူမရွိဘူးဆိုတာပါဘဲ ... ေက်းဇူးပါ)
————————————————————————
သမီးကိုအလယ္မွာထားသိပ္ေပမယ့္ လြန္းေသာ္နိုးေတာ့ သမီးကအစြန္ေရာက္ၿပီး လြန္းကေမာင့္ရင္ခြင္ထဲမယ္...
"ေမာင္ ထေတာ့"
"အိပ္ပါဦးလြန္းရဲ႕ ေမာင္အိပ္မေပ်ာ္တာၾကာၿပီ"
သိသာပါတယ္ ေမာင့္မ်က္ႏွာေတြျဖဴေဖ်ာ့ၿပီး
Dark circles ေတြနဲ႕ပင္။
ေမာင္အိပ္ပါေစဆိုၿပီး သူၿငိမ္ၿငိမ္ေလးေနေပးလိုက္သည္။ ေမာင္ကအမ်ားႀကီးေပးဆပ္ခဲ့တယ္ လြန္းေသာ္လို သာမာန္ေကာင္ေလးတစ္ေယာက္အတြက္ ေမာင့္ငယ္႐ြယ္မႈေတြ အခ်ိန္ေတြ သိကၡာေတြ အထူးသျဖင့္ ေမာင့္ေမတၱာေတြ...
*ႁပြတ္*
"ေမာင္ကေျပာင္းလဲသြားၿပီ ရင့္က်က္သြားၿပီ "
"အင္း"
"ခ်စ္တယ္ ေမာင္"
ခ်စ္တဲ့ကီရာ
zawgyi