💔💔 အမုန္းေတာ္ခံ သတို႔သမီး 💔💔💔
{ Part - 56 }
" ေပ်ာ္တယ္... ျဖဴလံုး အရမ္းကို ေပ်ာ္တယ္ "
သား မ်က္ႏွာကို စိုက္ၾကည့္ကာ ေျပာေနတဲ့
သမီးေလး မ်က္ဝန္းေတြက ျပတ္သားခ်င္း
ေတြအျပည့္နဲ႔ ဟန္ေဆာင္တာေတြ ဘာတစ္ခုမွ မပါခဲ့။
ထိုမပါတာက သား ရင္ကို သိပ္နာက်င္ေစသည္။
ရင္ထဲမွာလည္း မခံမရပ္ႏိုင္ေလာက္ေအာင္
နာက်င္ေနၿပီး ပါးျပင္ေပၚကိုလည္း ပူေႏြးတဲ့
မ်က္ရည္စီးေၾကာင္းေတြက တလိမ့္လိမ့္
စီးဆင္းေနသည္။ ေတာ္ေလာက္ပါၿပီ။
သမီးေလး ကို သား နာက်င္ေအာင္ မလုပ္
ခ်င္ေတာ့ပါ။
မ်က္ႏွာေပၚ ဝမ္းနည္းပူေဆြးရိပ္ေတြနဲ႔ တစ္ခုခု
ကို ဆံုးျဖတ္ခ်က္ ခ်ေနတဲ့ သား ကို
ၿခံရံ ၾကည့္ၿပီး သေဘာေပါက္လိုက္ကာ
သား လက္ေလးကို ဆုပ္ကိုင္လိုက္သည္။
" မင္း ဘာေတြးေနလဲဆိုတာ ကိုယ္ သိတယ္ေနာ္
baby.... မင္း အဲ့ဒီလို မလုပ္ရဘူး...
လုပ္ရင္ ကိုယ္ ေသမွာ သိလား....
မဟာ ျဖဴလံုးေလးကို hotel ခဏေခၚသြားေပးအံုး
ငါ baby နဲ႔ စကားေျပာလိုက္အံုးမယ္ "
ေခါင္းတစ္ခ်က္ၿငိမ့္ကာ ျဖဴလံုးေလးကို မဟာ က
ေပြ႕ခ်ီၿပီး ေခၚသြားခဲ့သည္။
မဟာ လက္ထဲက ျဖဴလံုးေလး ကေတာ့ ေမေသြးျခယ္
ကို ထြက္သြားေပးဟု အဆက္မျပတ္ေအာ္ေနခဲ့သည္။
" ဦးရံ.... .ဦးရံ ကို မုန္းတယ္ေျပာလို႔
သမီးေလးရဲ ့ ဝဋ္ေတြကို သား ျပန္ခံရတာ
ထင္တယ္...."
" မဆိုင္တာ baby ရာ.... ျဖဴလံုးေလး က
ကေလးအေတြးနဲ႔မို႔လို႔ ေလွ်ာက္ေျပာေနတာပါ "
" မဟုတ္ဘူး ဦးရံ.... ျဖဴလံုးေလး မ်က္ဝန္းေတြကို
သား ေကာင္းေကာင္း သိတယ္... သူ႕က သား
ကို အရမ္းမုန္းေနတာ.... ရင္နာစရာႀကီးေနာ္
သား ဘဝက.. .ကိုယ့္ သမီး မုန္းတာကို ခံေနရတာ "
အဆုံးမွာ သက္ျပင္းခ်ကာ မဲ့တဲ့တဲ့ ျဖစ္သြား
တဲ့ ေမေသြးျခယ္ ကို ၿခံရံ ၾကည့္ၿပီး စိတ္မေကာင္း။
" baby စိတ္ကို ေလွ်ာ့ထား... သမီးေလး က
ေသြးဆူေနတုန္းမို႔လို႔ ဒီလို စကားေျပာတာပါ...
သူ စိတ္ၿငိမ္သြားရင္ အခုလိုစကား ေျပာမွာ
မဟုတ္ေတာ့ပါဘူး "
" ဟင့္အင္း ဦးရံ.... ျဖဴလံုးေလး မ်က္ဝန္းေတြက
တစ္ခ်ိန္က သား မ်က္ဝန္းေတြလိုပဲ...
ျပတ္သားျခင္းေတြ အျပည့္နဲ႔....
သား ခံႏိုင္ရည္မရိွေတာ့ဘူး သမီးေလး မုန္းတယ္
ေျပာမွာကို... သမီးေလး ကိုလည္း ထပ္ဝမ္းမနည္း
ေစခ်င္ေတာ့ဘူး ...သားသာ ဦးရံ တို႔ အနားကေန
ထြက္သြားရင္ သမီးေလး က ေပ်ာ္မွာ"
" ဒါဆို ကိုယ္ေရာ... ကိုယ့္ကေရာ ေပ်ာ္တယ္လို႔
မင္း ထင္ေနတာလား....? တကယ္တမ္း
ဒီကိစၥအားလံုးမွာ ကိုယ့္က အျပစ္ရိွခဲ့တဲ့သူ...
ကိုယ္သာ မင္းကို သတိၱရိွရိွနဲ႔ ခ်စ္တယ္ေျပာခဲ့မယ္
ပုလဲ နဲ႔ အထင္လြဲေအာင္ မလုပ္ခဲ့ဘူးဆိုရင္
အခုလို ျဖစ္လာမွာမဟုတ္ဘူး... ကိုယ္တို႔ ႏွစ္ေယာက္က
တစ္ေယာက္ နဲ႔ တစ္ေယာက္ မပြင့္လင္းၾကဘဲ
ကိုယ္ ထင္ရာေတြ ေတြးေနခဲ့လို႔ သမီးေလး က
အခုလို စိတ္ဒဏ္ရာေတြ ရသြားခဲ့တာပဲ...
ကိုယ္တို႔သာ တစ္ေယာက္ နဲ႔ တစ္ေယာက္
ၿမိဳသိပ္မထားဘဲ ခ်စ္တယ္ေျပာခဲ့ရင္ သမီးေလး
က အခုလိုေတြ ျဖစ္လာမွာ မဟုတ္ဘူး "
" ဟုတ္တယ္ မီးငယ္ေလး.. ..ၿခံရံ ေျပာတာ
မွန္တယ္... ျဖဴလံုးေလး ကို ျမင္ရသေလာက္
သူ ရခဲ့တဲ့ စိတ္ဒဏ္ရာေတြေၾကာင့္ မီးငယ္ေလးကို
အခုလို မုန္းေနတာ... ဒါ့အျပင္ မီးငယ္ေလး ေၾကာင့္
သူ ့ အေဖ ငိုရတယ္ဆိုၿပီး မုန္းၿပီးရင္း မုန္းေန
ခဲ့တာ..... စိတ္ေၾကာင့္ ရတဲ့ ဒဏ္ရာကို
စိတ္နဲ႔ပဲ ကုစားေပးရမွာ.... မီးငယ္ေလး က
သူ ထင္သလို သူ႕ အေဖကို ငိုေအာင္လုပ္မယ့္
သူ မဟုတ္ဘဲ ေပ်ာ္ေအာင္ လုပ္ေပးမယ့္သူဆိုတာ
မီးငယ္ေလး သက္ေသျပေပးရမွာ....
ဒါတင္မကေသးဘူး မီးငယ္ေလး က သူ႕ကို
ဘယ္ေလာက္ခ်စ္ေၾကာင္း၊ အေမ ေကာင္း
တစ္ေယာက္ ပီသေၾကာင္းလည္း သက္ေသ
ျပေပးရမယ္... ဒါဆို ျဖဴလံုးေလး က
မီးငယ္ေလးကို ေသခ်ာေပါက္လက္ခံမွာ "
" အန္တီနန္းအိမ္ ေျပာတာ မွန္တယ္ သား "
" ဟုတ္တယ္ သား "
ေနထက္နဲ့ သဲျပည့္ မွာ ေဒၚနန္းအိမ္ စကားကို
ေထာက္ခံလာၾကသည္။ ေဒၚနန္းအိမ္ စကားၾကားၾကားခ်င္း
ေမေသြးျခယ္ မ်က္ႏွာေပၚမွာလည္း အေရာင္တစ္မ်ဳိး
ျဖတ္ေျပးသြားသည္။ လုပ္ရင္ ေကာင္းမလား၊
မလုပ္ရင္ ေကာင္းမလားဆိုတဲ့ အေတြးမ်ဳိး။
" မီးငယ္ေလး မမနန္း ေျပာသလို မီးငယ္ေလး
လုပ္သင့္တယ္.. ..သားသမီး ဆိုတာက
မိဘကို ဘယ္ေလာက္မုန္းတယ္ေျပာေျပာ
လက္ေတြ႕မွာေတာ့ ဘယ္သူ႕ကမွ တကယ္မမုန္းႏိုင္
ၾကဘူး..... ကေလးေလး ျဖစ္တဲ့ ျဖဴလံုး ဆို
ပိုဆိုးေပါ့.....ကေလးက သူ႕ အေဖအစား
ဝမ္းနည္းၿပီး မီးငယ္ေလးကို မုန္းေနတာ.... သူ႕ အေဖလို
ဂ႐ုစိုက္မႈေတြ မေပးႏိုင္လို႔ မီးငယ္ေလး ကို
မုန္းေနတာ... သူ႕ အေဖနဲ႔ သူ႕ကို စြန္႔ပစ္တယ္
ထင္ၿပီး မုန္းေနတာ.... ဒါကို မီးငယ္ေလး
က သူ သိေအာင္ လုပ္ေပးရမယ္... သူ
ထင္သလို မစြန္႔ပစ္ဘဲ အၿမဲတမ္း ခ်စ္ေနတဲ့
အေၾကာင္း....သူ႕ အေဖကို ငိုေအာင္ လုပ္
မယ့္သူ မဟုတ္ဘဲ ေပ်ာ္ရြင္ေအာင္ လုပ္ေပးမယ့္
သူဆိုတာ မီးငယ္ေလး သက္ေသျပေပးရမယ္
ဒါဆိုရင္ မီးငယ္ေလးကို ျဖဴလုံးေလးက
ခ်စ္လာမွာ "
" ကိုယ္ ေျပာတယ္ေနာ္ baby ....
သမီးေလး က ကေလးအေတြးနဲ႔ baby
ကို မုန္းေနတာ.... baby သာ သမီးေလး
ကို ဂ႐ုစိုက္ေပးရင္ သမီးေလး က
baby ကို မုန္းမွာမဟုတ္ေတာ့ဘူး "
" ဟုတ္ ဦးရံ. ...သား ရေအာင္ ႀကိဳးစားမယ္
သမီးေလး သားကို ခ်စ္လာဖို႔ ....ေနာက္ၿပီး
သား ကတိေပးတယ္ သမီးေလး သား
ကို ခ်စ္တယ္မေျပာမခ်င္း သား ဘယ္ေတာ့မွ
ေနာက္ဆုတ္ၿပီး ထြက္မေျပးဘူး "
" ဒါမွ ငါ့ baby ကြ "
ဝမ္းသာအားရ ျဖစ္ၿပီး ေမေသြးျခယ္ ကို ေပြ႕လိုက္
ေသာ ၿခံရံ ေၾကာင့္ အကုန္လံုးက ရွက္သြားရသည္။
ခုဏက ျဖဴလံုးေလး ေျပာတဲ့ စကားေၾကာင့္
ေမေသြးျခယ္ ကို ၾကည့္ၿပီး ဝမ္းနည္းေနတုန္းကနဲ႔
သူတို႔မ်က္နွာက ဘာမွမဆိုင္။
ေနထက္ နဲ႔ သဲျပည့္ မွာေတာ့ ေခတ္လူငယ္ပီပီ
မရွက္ဘဲနဲ႔ ၿပံဳးစိစိျဖစ္ေနၾက၏ ။
" သြား႐ိုခ်င္ရင္ ဟိုဘက္ကို သြား႐ိုၾက ....
အသက္က ႀကီးလာၿပီဆိုေတာ့ ႐ိုတာေတြ
ျမင္ၿပီး ဆီးခ်ဳိတက္လိမ့္မယ္ "
" ဟုတ္ပါ့ မမနန္း ရယ္.... က်မလည္း အ႐ိုေတြ
မၾကည့္ရဲေတာ့ဘူး... အသက္က ႀကီးၿပီဆိုေတာ့ "
" မဲတူးမ ကေတာ့ ၾကည့္ရဲတယ္ ႀကီးေဆြ "
" အ့... !! "
" ဘာလို႔ ေခါက္တာလဲ ႀကီးေဆြ. ..ႀကီးေဆြ
ေခါက္လို႔ မဲတူးမ ေခါင္းနာသြားၿပီ "
ေခါင္းေလး ပြတ္ကာ ႀကီးေဆြ ကို ေမးေနတဲ့
မဲတူးမ ကို အကုန္လံုးက ၿပံဳးစိစိၾကည့္ၿပီး
ၿခံရံ မွာေတာ့ သားကို ေပြ႕ခ်ီရင္းနဲ႔ အျပင္ဘက္ကို
ထြက္လာခဲ့သည္။
>>>>>>>>>>>>>>>>
" က်ေတာ္ ေတာင္းပန္ပါတယ္ ဦးတိုးရိွန္. ."
" ဘယ့္ႏွယ္ ဦးတိုးရိွန္ ရမွာလဲ ၿခံရံ...
ဒယ္ဒီ လို့ ေခၚေတာ့. ."
" ဟုတ္ ဒယ္ဒီ...က်ေတာ္ ေတာင္းပန္ပါတယ္ေနာ္
ဒယ္ဒီ သမီးကို ဝမ္းနည္းေအာင္ လုပ္ခဲ့မိတဲ့အတြက္.. "
အေျပာနဲ႔အတူ သမီး လက္ေလးကို ဆုပ္ကိုင္လိုက္
ေသာ ၿခံရံ ေၾကာင့္ သူ႕ မ်က္ခံုးေတြက တြန္႔ခ်ဳိး
သြားရသည္။ ဘယ့္ႏွယ္ သူ႕ကို ေတာင္းပန္
တယ္ေျပာၿပီး သမီး လက္ကို ကိုင္ေနရတာလဲ။
ကိုင္ခ်င္းကိုင္ သူ႕ လက္ကို ကိုင္ရမွာေလ။
ဖခင္ အေၾကာင္းကို အထာနပ္တဲ့ သားမွာ
သူမ အေဖကို မ်က္စပစ္ၿပီး ဟိုကေတာင္းပန္
ေနတာကို ခြင့္လႊတ္လိုက္ေတာ့ဆိုတဲ့ အၾကည့္နဲ႔။
သမီး ျဖစ္သူ အၾကည့္ေၾကာင့္ ဦးတိုးရိွန္ မွာ
မေနသာေတာ့ဘဲ ၿခံရံ ကို ခြင့္လႊတ္တယ္ေျပာဖို႔
ျပင္လိုက္ရသည္။
" ဒယ္ဒီ ခြင့္လႊတ္ပါတယ္ ၿခံရံ... .တကယ္ဆို
ဒယ္ဒီ လည္း မွားပါတယ္.. .အေဖ တစ္ေယာက္
ျဖစ္ၿပီး အမုန္းတရားေတြ ႀကီးမားေနတဲ့ ကိုယ့္
သမီးကိုယ္ နားခ်မေပးႏိုင္လို႔....အခုေတာ့ ေျမးမေလး
က သူ႕အေမနဲ႔ သူ႕ အဘိုး ကို မၾကည့္ခ်င္ရွာေတာ့
ဘူး "
ဝမ္းနည္းသံနဲ႔ အတူ တုန္ယင္သြားေသာ ဦးတိုးရိွန္
လက္ကို ၿခံရံ ဆုပ္ကိုင္လိုက္ကာ ......
" ဘာမွ ဝမ္းမနည္းပါနဲ႔ ဒယ္ဒီ.... ျဖဴလံုးေလး က
ဒယ္ဒီ တို႔ကို လက္ခံေအာင္ က်ေတာ္ ႀကိဳးစား
ေပးမွာပါ.. ..က်ေတာ့္ သမီးက မုန္းလြယ္ေပမယ့္
ခ်စ္တတ္လည္း လြယ္ပါတယ္ "
" ေက်းဇူးပါ ၿခံရံ.. ..မင္းကို ငါ တကယ္ေက်းဇူး
တင္ပါတယ္... အခု ကိစၥေရာ သက္ခ်ဳိ နဲ႔
ကြာရွင္းေအာင္ လုပ္ေပးတဲ့ ကိစၥေရာ...
မင္း ေက်းဇူးေတြ ငါ့ အေပၚမွာ အရမ္းမ်ားသြားၿပီ "
" ေက်းဇူးတင္စရာ မလိုပါဘူး ဒယ္ဒီ ရာ...
က်ေတာ္တို႔က တစ္မိသားစုတည္း ျဖစ္ေနၿပီပဲ...
ေက်းဇူးတင္စကား မလိုေတာ့ပါဘူး "
" ဒါေပါ့ ဟုတ္တာေပါ့...သိပ္မွန္တာ "
ေျပာေျပာဆိုဆို သူ႕ သမီးလက္ေလးကို ၿခံရံ
လက္ထဲ ဦးတိုးရိွန္ ထိုးထည့္ေပးလိုက္သည္။
" ဒီေန႔က စၿပီး လိမ္လိမ္မာမာေနေတာ့ေနာ္
သမီးေလး. ...ၿခံရံ အေပၚ အရင္လို မဆိုးေတာ့နဲ႔ "
" ဒယ္ဒီ ကလည္း သားက လိမ္မာပါတယ္
မဆိုးပါဘူး....ဟုတ္တယ္မလား ဦးရံ "
ေမးလာေသာ ေမေသြးျခယ္ ကို ၿခံရံ ၿပံဳးၿပံဳးႀကီး
ၾကည့္ကာ ေခါင္းၿငိမ့္ျပလိုက္သည္။
" ဟုတ္တာေပါ့ ဒယ္ဒီ....က်ေတာ့္ မိန္းမက
မဆိုးပါဘူး.. .အကယ္၍ ဆိုးခဲ့ရင္ေတာင္မွ
က်ေတာ့္ က အဲ့ဒီဆိုးတာေလးကို ခ်စ္လို႔
လိုက္ထိန္းေပးအံုးမွာ "
" ေအးပါ ၾကည့္ၾကေသးတာေပါ့... ၿပီးက်မွ
ဒယ္ဒီ ကယ္ပါအံုး လာမလုပ္နဲ႔ "
" မလုပ္ေစရဘူး ဒယ္ဒီ.... စိတ္သာခ် "
ေယာကၡထီးနဲ႔ သမက္ စကားေျပာရင္း
အၿပံဳးလြန္ေနတာကို ေမေသြးျခယ္ က အၿပံဳးေတြနဲ႔
ၾကည့္ေနခဲ့သည္။ သူမ မ်က္ဝန္းေတြထဲမွာလည္း
သူမ အေဖကို ၾကည့္ကာ အေဖထက္ သမီးကို
ပိုခ်စ္ေပးမယ့္သူ ရိွၿပီဆိုတဲ့ ဂုဏ္ဆာျခင္း
ေတြနဲ႔။
သမီး ျဖစ္သူရဲ႕ မ်က္လုံးေတြေၾကာင့္ ဦးတိုးရိွန္ မွာလည္း
ေအးပါ ေစာင့္ၾကည့္ပါအံုးမယ္ဆိုတဲ့ အၾကည့္
ေတြနဲ႔ ျပန္ေျပာေနခဲ့သည္။
●︿●●︿●●︿●●︿●●︿●●︿
" ထမင္းစားမယ္ေလ ျဖဴလံုး ....ဟာဟာ ခြံေကြၽး
ေပးမယ္ "
" ဟင့္အင္း ျဖဴလံုး မစားခ်င္ဘူး "
" စားပါ ျဖဴလံုး ကလည္း.....ျဖဴလံုး မစားရင္
ဗိုက္ဆာေနမွာေပါ့ "
ဟိုတယ္ျပန္ေရာက္ကတည္းက ဘာမွေကြၽးမရလို႔
အခု ထမင္းပန္းကန္ကိုင္ၿပီး ခြံေကြၽးမယ္လုပ္တာ
ကို မစားဘူးဆိုေတာ့ ဘာလုပ္ေပးရမွန္းမသိ။
သူ႕ အေဖေပးထားတဲ့ အ႐ုပ္မေလးကို ေပြ႕ထားၿပီး
မ်က္လုံးေတြကလည္း သူ႕ အေဖကို ေမွ်ာ္ေနတယ္ေလ။
ညမွ ၿခံရံ က ျပန္လာမယ္လို႔ ဖုန္းဆက္ေျပာလာခဲ့သည္။
ျဖဴလံုးေလး ကိုလည္း ထမင္းေကြၽးထားေပးအုံး
ဆိုေတာ့ သူပဲ ေကြၽးေပးရမည္။ ၿခံရံ ကို
ေမွ်ာ္ေနတဲ့ ျဖဴလံုးေလး က သူ႕ကို ေဖေဖ
ဘယ္အခ်ိန္မွ ျပန္လာမွာလဲဆိုတာ မေမး၊ မ်က္လုံးနဲ႔ပဲ ေမွ်ာ္ေနတယ္ေလ။
မေနသာတဲ့ သူ႕မွာ ထမင္းပန္းကန္ကို ေပါင္ေပၚ
တင္လိုက္ရင္း.......
" ျဖဴလံုးေလး နင့္ အေဖက ေမွာင္မွျပန္လာမွာ...
ဒါေၾကာင့္ ထမင္းစားရေအာင္ေနာ္ "
" ျဖဴလံုး သိတယ္ ဟာဟာ... .ေဖေဖ ညက်မွ
ျပန္လာမယ္ဆိုတာကို.....ျဖဴလံုးေလ
အခုခ်ိန္ ထမင္းမစားခ်င္ဘူး "
" ဒါဆို မုန္႔စားမလား ဝယ္ေကြၽးမယ္ေလ... "
" ဟင့္အင္း မုန္႔လည္း ျဖဴလံုး မစားခ်င္ဘူး... "
" ေရခဲမုန္႔ေရာ... ပီဇာေရာ "
" ဟင့္အင္း ဟာဟာ... ျဖဴလံုး ဘာတစ္ခုမွ
မစားခ်င္ဘူး "
မစားဘူးခ်ည္းပဲ လုပ္ေနသျဖင့္ ဘာလုပ္ေပးရမွန္း
မသိေတာ့ပါ။
" ဟာဟာ.... ေဖေဖ့ကေလ ျဖဴလံုး ကို
ပစ္ၿပီး ဟိုမိန္းမကို ေရြးသြားၿပီ... ေျပာေတာ့
ျဖဴလံုး ကို ခ်စ္တယ္တဲ့... တကယ္ေတာ့
ေဖေဖ့ကေလ ျဖဴလံုး ကို မခ်စ္ဘူး
အဲ့ဒီမိန္းမ ကိုပဲ ခ်စ္တာ "
မ်က္ရည္စအျပည့္နဲ႔ ဆိုလာေသာ ျဖဴလံုး ကို
ၾကည့္ၿပီး သူ စိတ္မေကာင္း။
" မဟုတ္ပါဘူး ျဖဴလံုး ရ.. ..နင့္ အေဖက
နင့္ကို အရမ္းခ်စ္တာ.... ေနာက္ၿပီး အ႐ုပ္မေလး
က နင့္ အေမေလ.. .ကိုယ့္ အေမကို ဟို
မိန္းမလို႔ မေျပာရဘူး.. ငရဲႀကီးလိမ့္မယ္ "
" ႀကီးပါေစ... ငရဲႀကီးရင္ ငရဲေလးကို ႏိုင္တယ္ "
မ်က္ရည္ေတြ အရြဲသားနဲ႔ ႏႈတ္ခမ္းေလးစူၿပီး ခြန္း
တံု႔ျပန္လိုက္သျဖင့္ သူ႕မွာ ရယ္ရခက္ ငိုရခက္။
" အစတုန္းက ေဘဘီဆိုတဲ့ မိန္းမကို ဟာဟာ
က မုန္းေနၿပီး ဟာဟာ ခ်စ္ေနတဲ့
အရုပ္မ မွန္းလည္း သိေရာ
အေကာင္းျမင္သြားပါလား... ၾကည့္ရတာ
ဟာဟာလည္း ျဖဴလံုး ဘက္က မဟုတ္ေတာ့
ဘူး ထင္တယ္ "
" မဟုတ္ပါဘူး ငါ့က နင့္ ဘက္ကပါ....
ဒါေပမဲ့ တကယ္တမ္း အ႐ုပ္မေလး ကို
နင္ မမုန္းသင့္ဘူး.....သူ႕က နင့္ အေမေလ "
" မုန္းမွာပဲ.. ..သူ႕က ျဖဴလံုး အေမ
မဟုတ္ဘူး "
" ေအးပါ ထားပါေတာ့ ျဖဴလံုး... ဒါေပမဲ့
ငါ တစ္ခု ေျပာအံုးမယ္.... တကယ္တမ္း
နင့္ အေဖက အ႐ုပ္မေလး ကို ခ်စ္တယ္
မေျပာဘဲ မိုးပုလဲ ဆိုတဲ့ မိန္းမနဲ႔ ပြတ္သီး
ပြတ္သပ္ေနေတာ့ အ႐ုပ္မေလး က နင့္
အေဖကို မုန္းသြားခဲ့တာ.... ဒီေတာ့
နင့္ အေဖကို မုန္းတာနဲ႔ပဲ သူ႕မွာ သူ
အရမ္းခ်စ္ရတဲ့ နင့္ကို စြန္႔လႊတ္ေပးလိုက္ရတာ...
ဒီေတာ့ နင့္ကိုမုန္းလို႔ သူ႕က ထားသြားခဲ့တာ
မဟုတ္ဘူး....နင့္ အေဖ မပြင့္လင္းလို႔
အခုလို ျဖစ္သြားရတာ "
ၿခံရံ အေမအိမ္ မလာခင္ taxi ေပၚမွာ ၿခံရံ
ကို သူ ေမးတဲ့အရာေတြကို ျဖဴလုံးေလး
သိေအာင္ ရွင္းျပလိုက္သည္။ ရလာဒ္ကေတာ့
ထုံးစံအတိုင္း မေကာင္းေခ်။
" သူ႕ ဘက္ကေန ကာကြယ္ေပးမေနနဲ႔ ဟာဟာ.. .
စြန္႔ပစ္တယ္ဆိုကတည္းက အဲ့ဒီမိန္းမက
ျဖဴလံုး တို႕ကို မုန္းလို႔ စြန္႔ပစ္သြားတာ...
သူ႕သာ မမုန္းရင္ ျဖဴလံုး တို႔ကို စြန္႔ပစ္သြားမွာ
မဟုတ္ဘူး... .ေနာက္ၿပီး သူ႕ အေၾကာင္း
ေမးတိုင္း ေဖေဖ ငိုခဲ့ရတဲ့ ေန႔ေတြကို ျဖဴလံုး
လုံးဝ မေမ့ဘူး.. ...အဲ့ဒီမိန္းမကို ျဖဴလံုး
က အရမ္းမုန္းေနမွာ "
အမုန္းတရားေတြ ႀကီးမားေနေသာ ျဖဴလံုး ကို
မဟာ ၾကည့္ၿပီး စိတ္မေကာင္း ျဖစ္သြားရသည္။
ျဖဴလံုး အခုလို သူ႕အေမကို မုန္းေနတာက
သူလုပ္လို႔ေပ။ သူ႕သာ ျဖဴလံုး အေမကို
မေကာင္းဘူးဟု မေျပာခဲ့ရင္ ျဖဴလံုးေလး က
အခုလို မုန္းမွာ မဟုတ္ပါ။
" ျဖဴလံုးေလး ငါ့ေၾကာင့္ နင့္ အေမကို မုန္းေနတာ
မလား......အားတဲ့ အခ်ိန္တိုင္း နင့္ အေမကို
ငါ မေကာင္းဘူး ေျပာမိလို႔ မုန္းေနတာမလား "
" မဆိုင္ပါဘူး ဟာဟာ နဲ႔....ဟာဟာ မေျပာလည္း
ျဖဴလံုး က သူ႕ကို မုန္းေနမွာ... သူ႕ေၾကာင့္
ျဖဴလံုး ေဖေဖ ငိုရတာ.... သူ႕ေၾကာင့္
ျဖဴလံုး အ႐ိုက္ခံရတာ.... သူ႕ေၾကာင့္
ေက်ာင္းမွာ အေမမရိွဘူးလို႔ ျဖဴလံုး ေျပာခံရတာ...
ဒါေတြ ဟာဟာတို႔ မသိပါဘူး "
" ျဖဴလံုး ရယ္.... "
သက္ျပင္းခ်သံႀကီးနဲ႔ ျဖဴလံုးေလး ေခါင္းကို ပြတ္ကာ
မဟာ စိတ္မေကာင္း ျဖစ္သြားရသည္။
**************************
ေမွာင္မွ ေဖေဖ့ က ျပန္လာမွာတဲ့။ အခုပင္ ကိုးနာရီ
ခြဲသြားျပီေလ။ ဟာဟာ ကလည္း
ေဖေဖ့ကို ကူေစာင့္ေပးရင္းနဲ႔ ဒီေန႔က်မွ
အေစာႀကီး အိပ္ေပ်ာ္သြားခဲ့ၿပီ။
ေဖေဖ ဝယ္ေပးတဲ့ အ႐ုပ္မေလးကလည္း
မ်က္လုံးေလး ျပဴးၿပီး ျဖဴလံုး ကို စိုက္ၾကည့္ေနတယ္ေလ။
ဗိုက္ကလည္း အေတာ္ေလးကို ဆာေနပါၿပီ။
ေဖေဖ လာမွ စားမယ္ဆိုၿပီး ဟာဟာ ေကြၽး
တာကို မစားခ်င္ဘူးဟု ျဖဴလံုး လုပ္ေနခဲ့သည္။
အ႐ုပ္မေလးကို ကိုင္ကာ ေတာင္ေလွ်ာက္
ေျမာက္ေလွ်ာက္နဲ႔ အခန္းထဲမွာ ျဖဴလံုးေလး
လွည့္ပတ္ေလွ်ာက္ေနခဲ့သည္။
ကုတင္ေပၚက အိပ္ေပ်ာ္ေနတဲ့ မဟာ ကေတာ့
တေခါေခါနဲ႔ ေဟာက္သံေတြပင္ ထြက္၍
အရမ္းကို အိပ္ေမာက်ေနခဲ့သည္။
ျဖဴလံုးေလး သူ႕ အေဖကို ေမွ်ာ္ေနတာကို
မသိခဲ့ပါေခ်။
ကံကဆိုးခ်င္ေတာ့ ၿခံရံ မွာ ဒီည ျပန္မလာေတာ့ဘူး
ျဖဴလံုးေလးကို သိပ္ေပးထားပါဟု မက္ေဆ့ခ်္လွမ္းပို့ထား
ခဲ့သည္။ ထိုအေၾကာင္းကို အိပ္ေပ်ာ္ေနေသာ
မဟာ က မသိႏိုင္ခဲ့ပါ။ အေၾကာင္းမွာ
ဖုန္းကို silent လုပ္မိသြားလို႔ေပ။
ဖုန္းေလးကလည္း မဟာ အိပ္တဲ့ ေခါင္းအံုးေအာက္
မွာ ရိွေနခဲ့သည္။
" ဆယ္နာရီ ထိုးေတာ့မယ္ ေဖေဖ့က အခုထိ
ျပန္မလာေသးဘူး "
ဘုိမ႐ုပ္ေလး ရင္မွာ ေပြ႕ကာ ၿခံရံ ဆင္ေပး
ထားေသာ လက္က ကေလးပတ္နာရီေလးကို
ၾကည့္ကာ ႏႈတ္ခမ္းေလးစူလ်က္ ျဖဴလံုး
ဆိုလိုက္သည္။
" ျပန္လာပါေတာ့ ေဖေဖ.... ျဖဴလံုး ဗိုက္ဆာ
ေနၿပီ... ေဖေဖ လာမွ ျဖဴလံုး က စားမွာေနာ္ "
ဒီေလာက္ သူ ့ အေဖ႐ိုက္တာေတာင္ အေဖ့ကို
စိတ္ဆိုးျခင္းအလ်ဥ္းမရိွဘဲ ဖေအလာမွ
ထမင္းစားမယ္ဆိုတာက ဖေအခ်စ္ ကေလး
ေလးမွန္း ျဖဴလံုး ကို ၾကည့္တာနဲ႔ သိႏိုင္သည္။
တေျဖးေျဖးနဲ႔ စကၠန္႔ကေန မိနစ္၊ မိနစ္ကေန
နာရီ အထိ ကူးေျပာင္းၿပီးတဲ့ေနာက္မွာ
အခ်ိန္က ညဆယ့္ႏွစ္နာရီ ထိုးဖို႔ ဘယ္ေလာက္မွ
မလိုေတာ့ပါေခ်။
ဆယ့္ႏွစ္ထိုးလို႔ ျဖဴလံုးေလး သူ႕အေဖကို မေမွ်ာ္
ေတာ့ဘူးဆိုရင္ မွားသြားလိမ့္မည္။
ဖေအခ်စ္ ကေလးေလးကေတာ့ ဆယ့္နွစ္ထိုးတာ
ေတာင္ သူ႕ အေဖကို ေမွ်ာ္ေနဆဲပင္။
ဗိုက္ကေလး ပုတ္လိုက္ ေျခသံၾကားတာနဲ႔
ေခါင္းေလးေထာင္ကာ ၾကည့္လိုက္နဲ႔ေပ။
ညည့္နက္သန္းေခါင္ကေန လင္းပိုင္း ႏွစ္နာရီ
အထိ ကိုးနွစ္အရြယ္ ကေလးမေလးက
ေမွ်ာ္ေနခဲ့သည္။ တစ္ဖက္က ၿခံရံ မွာေတာ့
ေရခ်ဳိးခန္းထဲ ေရခ်ဳိးရင္းနဲ႔ ေမ့လဲသြားတဲ့
ေမေသြးျခယ္ ေၾကာင့္ စိတ္ေတြပူကာ
ျဖဴလံုးေလး ဆီ ျပန္မလာတာကို ျဖဴလံုးေလး
က မသိခဲ့ပါေခ်။
မနက္သံုးနာရီထိုးဖို႔ ငါးမိနစ္လိုေတာ့တဲ့ အခ်ိန္မွာ
အ႐ုပ္မေလး ကိုင္ကာ ျဖဴလံုးေလး က
မ်က္ရည္ေတြ က်ေနခဲ့သည္။
" အီးဟီး. ..အင့္ဟင့္.. ..အင့္ဟင့္. ...
ေဖေဖ ကတိမတည္ဘူး...ေဖေဖ ျဖဴလံုး ဆီ ျပန္မလာ
ဘူး.... မုန္းတယ္ ေဖေဖ့ကိုေရာ... ေဖေဖ့ကို
လုယူသြားတဲ့ ဟိုမိန္းမကိုလည္း ျဖဴလံုး
အရမ္းမုန္းတယ္ "
မုန္းတယ္လို႔ သူ႕ အေဖကို ျဖဴလံုးေလး ေျပာေနေပမဲ့
တကယ္တမ္း ဖေအခ်စ္ကေလးေလးက သူ႕
အေဖကို မုန္းႏိုင္ပါ့မလားဆိုတာ အေထြအထူး
စဥ္းစားစရာပင္မလိုပါ။
ေနာက္ဆံုးမွာ မ်က္ရည္ေတြက်ရင္း အ႐ုပ္ကေလး
ဖက္ၿပီး တ႐ိႉက္႐ိႉက္ငိုကာ ျဖဴလံုးေလး သည္
ကုတင္ေပၚ မဟာနဲ႔အတူ အိပ္ေပ်ာ္သြားေတာ့၏ ။
Part 57 ေမွ်ာ္......................................
( လူတစ္ေယာက္ကို ေစာင့္ရတာ အရမ္းပင္ပန္းတယ္ 😭
ဖေအခ်စ္ သမီးေလး ျဖဴလံုးေလးရယ္ အရမ္း
ကို ပင္ပန္းေနမွာပဲ😭😭😭😭
သမီး နဲ႔ မိန္းမၾကား ၿခံရံ ေတာ့ ဗ်ာမ်ားရေတာ့မယ္ 😭😭
သား ကေရာ ျဖဴလံုးေလး ကို ခ်စ္လာေအာင္
လုပ္ႏိုင္ပါ့မလား 😭😭😭 ျဖဴလံုးေလး က
သားလို ေခါင္းမာတာက တူေနတယ္ေလ 😁😁😍😍)
စေန ၊ တနဂၤေႏြေန႔တိုင္း မင္မင့္က စာမတင္ပါဘူး
ေနာ္ ဒါဒါေလးေတြ.........ေမွ်ာ္ေနၾကမွာစိုးလို႔ 😁😁😍
ခ်စ္တယ္ေနာ္ မင္မင္ရဲ႕ ဒါဒါေလးေတြ.......😍😍😘😘
ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး ဒါဒါေလးေတြရဲ႕ မန္႔ကို
မင္မင္ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္.. ......😍😍😘😘
#ေလယူရာယိမ္း
💔💔 အမုန်းတော်ခံ သတို့သမီး 💔💔💔
{ Part - 56 }
" ပျော်တယ်... ဖြူလုံး အရမ်းကို ပျော်တယ် "
သား မျက်နှာကို စိုက်ကြည့်ကာ ပြောနေတဲ့
သမီးလေး မျက်ဝန်းတွေက ပြတ်သားချင်း
တွေအပြည့်နဲ့ ဟန်ဆောင်တာတွေ ဘာတစ်ခုမှ မပါခဲ့။
ထိုမပါတာက သား ရင်ကို သိပ်နာကျင်စေသည်။
ရင်ထဲမှာလည်း မခံမရပ်နိုင်လောက်အောင်
နာကျင်နေပြီး ပါးပြင်ပေါ်ကိုလည်း ပူနွေးတဲ့
မျက်ရည်စီးကြောင်းတွေက တလိမ့်လိမ့်
စီးဆင်းနေသည်။ တော်လောက်ပါပြီ။
သမီးလေး ကို သား နာကျင်အောင် မလုပ်
ချင်တော့ပါ။
မျက်နှာပေါ် ဝမ်းနည်းပူဆွေးရိပ်တွေနဲ့ တစ်ခုခု
ကို ဆုံးဖြတ်ချက် ချနေတဲ့ သား ကို
ခြံရံ ကြည့်ပြီး သဘောပေါက်လိုက်ကာ
သား လက်လေးကို ဆုပ်ကိုင်လိုက်သည်။
" မင်း ဘာတွေးနေလဲဆိုတာ ကိုယ် သိတယ်နော်
baby.... မင်း အဲ့ဒီလို မလုပ်ရဘူး...
လုပ်ရင် ကိုယ် သေမှာ သိလား....
မဟာ ဖြူလုံးလေးကို hotel ခဏခေါ်သွားပေးအုံး
ငါ baby နဲ့ စကားပြောလိုက်အုံးမယ် "
ခေါင်းတစ်ချက်ငြိမ့်ကာ ဖြူလုံးလေးကို မဟာ က
ပွေ့ချီပြီး ခေါ်သွားခဲ့သည်။
မဟာ လက်ထဲက ဖြူလုံးလေး ကတော့ မေသွေးခြယ်
ကို ထွက်သွားပေးဟု အဆက်မပြတ်အော်နေခဲ့သည်။
" ဦးရံ.... .ဦးရံ ကို မုန်းတယ်ပြောလို့
သမီးလေးရဲ့ ဝဋ်တွေကို သား ပြန်ခံရတာ
ထင်တယ်...."
" မဆိုင်တာ baby ရာ.... ဖြူလုံးလေး က
ကလေးအတွေးနဲ့မို့လို့ လျှောက်ပြောနေတာပါ "
" မဟုတ်ဘူး ဦးရံ.... ဖြူလုံးလေး မျက်ဝန်းတွေကို
သား ကောင်းကောင်း သိတယ်... သူ့က သား
ကို အရမ်းမုန်းနေတာ.... ရင်နာစရာကြီးနော်
သား ဘဝက.. .ကိုယ့် သမီး မုန်းတာကို ခံနေရတာ "
အဆုံးမှာ သက်ပြင်းချကာ မဲ့တဲ့တဲ့ ဖြစ်သွား
တဲ့မေသွေးခြယ်ကို ခြံရံ ကြည့်ပြီး စိတ်မကောင်း။
" baby စိတ်ကို လျှော့ထား... သမီးလေး က
သွေးဆူနေတုန်းမို့လို့ ဒီလို စကားပြောတာပါ...
သူ စိတ်ငြိမ်သွားရင် အခုလိုစကားပြောမှာ
မဟုတ်တော့ပါဘူး "
" ဟင့်အင်း ဦးရံ.... ဖြူလုံးလေး မျက်ဝန်းတွေက
တစ်ချိန်က သား မျက်ဝန်းတွေလိုပဲ...
ပြတ်သားခြင်းတွေ အပြည့်နဲ့....
သား ခံနိုင်ရည်မရှိတော့ဘူး သမီးလေး မုန်းတယ်
ပြောမှာကို... သမီးလေး ကိုလည်း ထပ်ဝမ်းမနည်း
စေချင်တော့ဘူး ...သားသာ ဦးရံ တို့ အနားကနေ
ထွက်သွားရင် သမီးလေး က ပျော်မှာ"
" ဒါဆို ကိုယ်ရော... ကိုယ့်ကရော ပျော်တယ်လို့
မင်း ထင်နေတာလား....? တကယ်တမ်း
ဒီကိစ္စအားလုံးမှာ ကိုယ့်က အပြစ်ရှိခဲ့တဲ့သူ...
ကိုယ်သာ မင်းကို သတ္တိရှိရှိနဲ့ ချစ်တယ်ပြောခဲ့မယ်
ပုလဲ နဲ့ အထင်လွဲအောင် မလုပ်ခဲ့ဘူးဆိုရင်
အခုလို ဖြစ်လာမှာမဟုတ်ဘူး... ကိုယ်တို့ နှစ်ယောက်က
တစ်ယောက် နဲ့ တစ်ယောက် မပွင့်လင်းကြဘဲ
ကိုယ် ထင်ရာတွေ တွေးနေခဲ့လို့ သမီးလေး က
အခုလို စိတ်ဒဏ်ရာတွေ ရသွားခဲ့တာပဲ...
ကိုယ်တို့သာ တစ်ယောက် နဲ့ တစ်ယောက်
မြိုသိပ်မထားဘဲ ချစ်တယ်ပြောခဲ့ရင် သမီးလေး
က အခုလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး "
" ဟုတ်တယ် မီးငယ်လေး.. ..ခြံရံ ပြောတာ
မှန်တယ်... ဖြူလုံးလေး ကို မြင်ရသလောက်
သူ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် မီးငယ်လေးကို
အခုလို မုန်းနေတာ... ဒါ့အပြင် မီးငယ်လေး ကြောင့်
သူ့ အဖေ ငိုရတယ်ဆိုပြီး မုန်းပြီးရင်း မုန်းနေ
ခဲ့တာ..... စိတ်ကြောင့် ရတဲ့ ဒဏ်ရာကို
စိတ်နဲ့ပဲ ကုစားပေးရမှာ.... မီးငယ်လေး က
သူ ထင်သလို သူ့ အဖေကို ငိုအောင်လုပ်မယ့်
သူ မဟုတ်ဘဲ ပျော်အောင် လုပ်ပေးမယ့်သူဆိုတာ
မီးငယ်လေး သက်သေပြပေးရမှာ....
ဒါတင်မကသေးဘူး မီးငယ်လေး က သူ့ကို
ဘယ်လောက်ချစ်ကြောင်း၊ အမေ ကောင်း
တစ်ယောက် ပီသကြောင်းလည်း သက်သေ
ပြပေးရမယ်... ဒါဆို ဖြူလုံးလေး က
မီးငယ်လေးကိုသေချာပေါက်လက်ခံမှာ "
" အန်တီနန်းအိမ် ပြောတာ မှန်တယ် သား "
" ဟုတ်တယ် သား "
နေထက်နဲ့ သဲပြည့် မှာ ဒေါ်နန်းအိမ် စကားကို
ထောက်ခံလာကြသည်။ ဒေါ်နန်းအိမ် စကားကြားကြားချင်း
မေသွေးခြယ် မျက်နှာပေါ်မှာလည်း အရောင်တစ်မျိုး
ဖြတ်ပြေးသွားသည်။ လုပ်ရင် ကောင်းမလား၊
မလုပ်ရင် ကောင်းမလားဆိုတဲ့ အတွေးမျိုး။
" မီးငယ်လေး မမနန်း ပြောသလို မီးငယ်လေး
လုပ်သင့်တယ်.. ..သားသမီး ဆိုတာက
မိဘကို ဘယ်လောက်မုန်းတယ်ပြောပြော
လက်တွေ့မှာတော့ ဘယ်သူ့ကမှ တကယ်မမုန်းနိုင်
ကြဘူး..... ကလေးလေး ဖြစ်တဲ့ ဖြူလုံး ဆို
ပိုဆိုးပေါ့.....ကလေးက သူ့ အဖေအစား
ဝမ်းနည်းပြီး မီးငယ်လေးကို မုန်းနေတာ.... သူ့ အဖေလို
ဂရုစိုက်မှုတွေ မပေးနိုင်လို့ မီးငယ်လေး ကို
မုန်းနေတာ... သူ့ အဖေနဲ့ သူ့ကို စွန့်ပစ်တယ်
ထင်ပြီး မုန်းနေတာ.... ဒါကို မီးငယ်လေး
က သူ သိအောင် လုပ်ပေးရမယ်... သူ
ထင်သလို မစွန့်ပစ်ဘဲ အမြဲတမ်း ချစ်နေတဲ့
အကြောင်း....သူ့ အဖေကို ငိုအောင် လုပ်
မယ့်သူ မဟုတ်ဘဲ ပျော်ရွင်အောင် လုပ်ပေးမယ့်
သူဆိုတာ မီးငယ်လေး သက်သေပြပေးရမယ်
ဒါဆိုရင်မီးငယ်လေးကို ဖြူလုံးလေးက
ချစ်လာမှာ "
" ကိုယ် ပြောတယ်နော် baby ....
သမီးလေး က ကလေးအတွေးနဲ့ baby
ကို မုန်းနေတာ.... baby သာ သမီးလေး
ကို ဂရုစိုက်ပေးရင် သမီးလေး က
baby ကို မုန်းမှာမဟုတ်တော့ဘူး "
" ဟုတ် ဦးရံ. ...သား ရအောင် ကြိုးစားမယ်
သမီးလေး သားကို ချစ်လာဖို့ ....နောက်ပြီး
သား ကတိပေးတယ် သမီးလေး သား
ကို ချစ်တယ်မပြောမချင်း သား ဘယ်တော့မှ
နောက်ဆုတ်ပြီး ထွက်မပြေးဘူး "
" ဒါမှ ငါ့ baby ကွ "
ဝမ်းသာအားရ ဖြစ်ပြီး မေသွေးခြယ် ကို ပွေ့လိုက်
သော ခြံရံ ကြောင့် အကုန်လုံးက ရှက်သွားရသည်။
ခုဏက ဖြူလုံးလေး ပြောတဲ့ စကားကြောင့်
မေသွေးခြယ် ကို ကြည့်ပြီး ဝမ်းနည်းနေတုန်းကနဲ့
သူတို့မျက်နှာက ဘာမှမဆိုင်။
နေထက် နဲ့ သဲပြည့် မှာတော့ ခေတ်လူငယ်ပီပီ
မရှက်ဘဲနဲ့ ပြုံးစိစိဖြစ်နေကြ၏ ။
" သွားရိုချင်ရင် ဟိုဘက်ကို သွားရိုကြ ....
အသက်က ကြီးလာပြီဆိုတော့ ရိုတာတွေ
မြင်ပြီး ဆီးချိုတက်လိမ့်မယ် "
" ဟုတ်ပါ့ မမနန်း ရယ်.... ကျမလည်း အရိုတွေ
မကြည့်ရဲတော့ဘူး... အသက်က ကြီးပြီဆိုတော့ "
" မဲတူးမ ကတော့ ကြည့်ရဲတယ် ကြီးဆွေ "
" အ့... !! "
" ဘာလို့ ခေါက်တာလဲ ကြီးဆွေ. ..ကြီးဆွေ
ခေါက်လို့ မဲတူးမ ခေါင်းနာသွားပြီ "
ခေါင်းလေး ပွတ်ကာ ကြီးဆွေ ကို မေးနေတဲ့
မဲတူးမ ကို အကုန်လုံးက ပြုံးစိစိကြည့်ပြီး
ခြံရံ မှာတော့ သားကို ပွေ့ချီရင်းနဲ့ အပြင်ဘက်ကို
ထွက်လာခဲ့သည်။
>>>>>>>>>>>>>>>>
" ကျတော် တောင်းပန်ပါတယ် ဦးတိုးရှိန်. ."
" ဘယ့်နှယ် ဦးတိုးရှိန် ရမှာလဲ ခြံရံ...
ဒယ်ဒီ လို့ ခေါ်တော့. ."
" ဟုတ် ဒယ်ဒီ...ကျတော် တောင်းပန်ပါတယ်နော်
ဒယ်ဒီ သမီးကို ဝမ်းနည်းအောင် လုပ်ခဲ့မိတဲ့အတွက်.. "
အပြောနဲ့အတူ သမီး လက်လေးကို ဆုပ်ကိုင်လိုက်
သော ခြံရံ ကြောင့် သူ့ မျက်ခုံးတွေက တွန့်ချိုး
သွားရသည်။ ဘယ့်နှယ် သူ့ကို တောင်းပန်
တယ်ပြောပြီး သမီး လက်ကို ကိုင်နေရတာလဲ။
ကိုင်ချင်းကိုင် သူ့ လက်ကို ကိုင်ရမှာလေ။
ဖခင် အကြောင်းကို အထာနပ်တဲ့ သားမှာ
သူမ အဖေကို မျက်စပစ်ပြီး ဟိုကတောင်းပန်
နေတာကို ခွင့်လွှတ်လိုက်တော့ဆိုတဲ့ အကြည့်နဲ့။
သမီး ဖြစ်သူ အကြည့်ကြောင့် ဦးတိုးရှိန် မှာ
မနေသာတော့ဘဲ ခြံရံ ကို ခွင့်လွှတ်တယ်ပြောဖို့
ပြင်လိုက်ရသည်။
" ဒယ်ဒီ ခွင့်လွှတ်ပါတယ် ခြံရံ... .တကယ်ဆို
ဒယ်ဒီ လည်း မှားပါတယ်.. .အဖေ တစ်ယောက်
ဖြစ်ပြီး အမုန်းတရားတွေ ကြီးမားနေတဲ့ ကိုယ့်
သမီးကိုယ်နားချမပေးနိုင်လို့....အခုတော့ မြေးမလေး
က သူ့အမေနဲ့ သူ့ အဘိုး ကို မကြည့်ချင်ရှာတော့
ဘူး "
ဝမ်းနည်းသံနဲ့ အတူ တုန်ယင်သွားသော ဦးတိုးရှိန်
လက်ကို ခြံရံ ဆုပ်ကိုင်လိုက်ကာ ......
" ဘာမှ ဝမ်းမနည်းပါနဲ့ ဒယ်ဒီ.... ဖြူလုံးလေး က
ဒယ်ဒီ တို့ကို လက်ခံအောင် ကျတော် ကြိုးစား
ပေးမှာပါ.. ..ကျတော့် သမီးက မုန်းလွယ်ပေမယ့်
ချစ်တတ်လည်း လွယ်ပါတယ် "
" ကျေးဇူးပါ ခြံရံ.. ..မင်းကို ငါ တကယ်ကျေးဇူး
တင်ပါတယ်... အခု ကိစ္စရော သက်ချို နဲ့
ကွာရှင်းအောင် လုပ်ပေးတဲ့ ကိစ္စရော...
မင်း ကျေးဇူးတွေ ငါ့ အပေါ်မှာ အရမ်းများသွားပြီ "
" ကျေးဇူးတင်စရာ မလိုပါဘူး ဒယ်ဒီ ရာ...
ကျတော်တို့က တစ်မိသားစုတည်း ဖြစ်နေပြီပဲ...
ကျေးဇူးတင်စကား မလိုတော့ပါဘူး "
" ဒါပေါ့ ဟုတ်တာပေါ့...သိပ်မှန်တာ "
ပြောပြောဆိုဆို သူ့ သမီးလက်လေးကို ခြံရံ
လက်ထဲ ဦးတိုးရှိန် ထိုးထည့်ပေးလိုက်သည်။
" ဒီနေ့က စပြီး လိမ်လိမ်မာမာနေတော့နော်
သမီးလေး. ...ခြံရံ အပေါ် အရင်လို မဆိုးတော့နဲ့ "
" ဒယ်ဒီ ကလည်း သားက လိမ်မာပါတယ်
မဆိုးပါဘူး....ဟုတ်တယ်မလား ဦးရံ "
မေးလာသော မေသွေးခြယ် ကို ခြံရံ ပြုံးပြုံးကြီး
ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
" ဟုတ်တာပေါ့ ဒယ်ဒီ....ကျတော့် မိန်းမက
မဆိုးပါဘူး.. .အကယ်၍ ဆိုးခဲ့ရင်တောင်မှ
ကျတော့် က အဲ့ဒီဆိုးတာလေးကို ချစ်လို့
လိုက်ထိန်းပေးအုံးမှာ "
" အေးပါ ကြည့်ကြသေးတာပေါ့... ပြီးကျမှ
ဒယ်ဒီ ကယ်ပါအုံး လာမလုပ်နဲ့ "
" မလုပ်စေရဘူး ဒယ်ဒီ.... စိတ်သာချ "
ယောက္ခထီးနဲ့ သမက်စကားပြောရင်း
အပြုံးလွန်နေတာကို မေသွေးခြယ် က အပြုံးတွေနဲ့
ကြည့်နေခဲ့သည်။ သူမ မျက်ဝန်းတွေထဲမှာလည်း
သူမ အဖေကို ကြည့်ကာ အဖေထက် သမီးကို
ပိုချစ်ပေးမယ့်သူ ရှိပြီဆိုတဲ့ ဂုဏ်ဆာခြင်း
တွေနဲ့။
သမီး ဖြစ်သူရဲ့ မျက်လုံးတွေကြောင့် ဦးတိုးရှိန် မှာလည်း
အေးပါ စောင့်ကြည့်ပါအုံးမယ်ဆိုတဲ့ အကြည့်
တွေနဲ့ ပြန်ပြောနေခဲ့သည်။
●︿●●︿●●︿●●︿●●︿●●︿
" ထမင်းစားမယ်လေ ဖြူလုံး ....ဟာဟာ ခွံကျွေး
ပေးမယ် "
" ဟင့်အင်း ဖြူလုံး မစားချင်ဘူး "
" စားပါ ဖြူလုံး ကလည်း.....ဖြူလုံး မစားရင်
ဗိုက်ဆာနေမှာပေါ့ "
ဟိုတယ်ပြန်ရောက်ကတည်းက ဘာမှကျွေးမရလို့
အခု ထမင်းပန်းကန်ကိုင်ပြီး ခွံကျွေးမယ်လုပ်တာ
ကို မစားဘူးဆိုတော့ ဘာလုပ်ပေးရမှန်းမသိ။
သူ့ အဖေပေးထားတဲ့ အရုပ်မလေးကို ပွေ့ထားပြီး
မျက်လုံးတွေကလည်း သူ့ အဖေကို မျှော်နေတယ်လေ။
ညမှ ခြံရံ က ပြန်လာမယ်လို့ ဖုန်းဆက်ပြောလာခဲ့သည်။
ဖြူလုံးလေး ကိုလည်း ထမင်းကျွေးထားပေးအုံး
ဆိုတော့ သူပဲ ကျွေးပေးရမည်။ ခြံရံ ကို
မျှော်နေတဲ့ ဖြူလုံးလေး က သူ့ကို ဖေဖေ
ဘယ်အချိန်မှ ပြန်လာမှာလဲဆိုတာ မမေး၊ မျက်လုံးနဲ့ပဲ မျှော်နေတယ်လေ။
မနေသာတဲ့ သူ့မှာ ထမင်းပန်းကန်ကို ပေါင်ပေါ်
တင်လိုက်ရင်း.......
" ဖြူလုံးလေး နင့် အဖေက မှောင်မှပြန်လာမှာ...
ဒါကြောင့် ထမင်းစားရအောင်နော် "
" ဖြူလုံး သိတယ် ဟာဟာ... .ဖေဖေ ညကျမှ
ပြန်လာမယ်ဆိုတာကို.....ဖြူလုံးလေ
အခုချိန် ထမင်းမစားချင်ဘူး "
" ဒါဆို မုန့်စားမလား ဝယ်ကျွေးမယ်လေ... "
" ဟင့်အင်း မုန့်လည်း ဖြူလုံး မစားချင်ဘူး... "
" ရေခဲမုန့်ရော... ပီဇာရော "
" ဟင့်အင်း ဟာဟာ... ဖြူလုံး ဘာတစ်ခုမှ
မစားချင်ဘူး "
မစားဘူးချည်းပဲ လုပ်နေသဖြင့် ဘာလုပ်ပေးရမှန်း
မသိတော့ပါ။
" ဟာဟာ.... ဖေဖေ့ကလေ ဖြူလုံး ကို
ပစ်ပြီး ဟိုမိန်းမကို ရွေးသွားပြီ... ပြောတော့
ဖြူလုံး ကို ချစ်တယ်တဲ့... တကယ်တော့
ဖေဖေ့ကလေ ဖြူလုံး ကို မချစ်ဘူး
အဲ့ဒီမိန်းမ ကိုပဲ ချစ်တာ "
မျက်ရည်စအပြည့်နဲ့ ဆိုလာသော ဖြူလုံး ကို
ကြည့်ပြီး သူ စိတ်မကောင်း။
" မဟုတ်ပါဘူး ဖြူလုံး ရ.. ..နင့် အဖေက
နင့်ကို အရမ်းချစ်တာ.... နောက်ပြီး အရုပ်မလေး
က နင့် အမေလေ.. .ကိုယ့် အမေကို ဟို
မိန်းမလို့ မပြောရဘူး.. ငရဲကြီးလိမ့်မယ် "
" ကြီးပါစေ... ငရဲကြီးရင် ငရဲလေးကို နိုင်တယ် "
မျက်ရည်တွေ အရွဲသားနဲ့ နှုတ်ခမ်းလေးစူပြီး ခွန်း
တုံ့ပြန်လိုက်သဖြင့် သူ့မှာ ရယ်ရခက် ငိုရခက်။
" အစတုန်းက ဘေဘီဆိုတဲ့ မိန်းမကို ဟာဟာ
က မုန်းနေပြီး ဟာဟာ ချစ်နေတဲ့
အရုပ်မ မှန်းလည်း သိရော
အကောင်းမြင်သွားပါလား... ကြည့်ရတာ
ဟာဟာလည်း ဖြူလုံး ဘက်က မဟုတ်တော့
ဘူး ထင်တယ် "
" မဟုတ်ပါဘူး ငါ့က နင့် ဘက်ကပါ....
ဒါပေမဲ့ တကယ်တမ်း အရုပ်မလေး ကို
နင် မမုန်းသင့်ဘူး.....သူ့က နင့် အမေလေ "
" မုန်းမှာပဲ.. ..သူ့က ဖြူလုံး အမေ
မဟုတ်ဘူး "
" အေးပါ ထားပါတော့ ဖြူလုံး... ဒါပေမဲ့
ငါ တစ်ခု ပြောအုံးမယ်.... တကယ်တမ်း
နင့် အဖေက အရုပ်မလေး ကို ချစ်တယ်
မပြောဘဲ မိုးပုလဲ ဆိုတဲ့ မိန်းမနဲ့ ပွတ်သီး
ပွတ်သပ်နေတော့ အရုပ်မလေး က နင့်
အဖေကို မုန်းသွားခဲ့တာ.... ဒီတော့
နင့် အဖေကို မုန်းတာနဲ့ပဲ သူ့မှာ သူ
အရမ်းချစ်ရတဲ့ နင့်ကို စွန့်လွှတ်ပေးလိုက်ရတာ...
ဒီတော့ နင့်ကိုမုန်းလို့ သူ့က ထားသွားခဲ့တာ
မဟုတ်ဘူး....နင့် အဖေ မပွင့်လင်းလို့
အခုလို ဖြစ်သွားရတာ "
ခြံရံ အမေအိမ်မလာခင်taxiပေါ်မှာ ခြံရံ
ကို သူမေးတဲ့အရာတွေကို ဖြူလုံးလေး
သိအောင်ရှင်းပြလိုက်သည်။ရလာဒ်ကတော့
ထုံးစံအတိုင်း မကောင်းချေ။
" သူ့ ဘက်ကနေ ကာကွယ်ပေးမနေနဲ့ ဟာဟာ.. .
စွန့်ပစ်တယ်ဆိုကတည်းက အဲ့ဒီမိန်းမက
ဖြူလုံး တို့ကို မုန်းလို့ စွန့်ပစ်သွားတာ...
သူ့သာ မမုန်းရင် ဖြူလုံး တို့ကို စွန့်ပစ်သွားမှာ
မဟုတ်ဘူး... .နောက်ပြီး သူ့ အကြောင်း
မေးတိုင်း ဖေဖေ ငိုခဲ့ရတဲ့ နေ့တွေကို ဖြူလုံး
လုံးဝ မမေ့ဘူး.. ...အဲ့ဒီမိန်းမကို ဖြူလုံး
က အရမ်းမုန်းနေမှာ "
အမုန်းတရားတွေ ကြီးမားနေသော ဖြူလုံး ကို
မဟာ ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားရသည်။
ဖြူလုံး အခုလို သူ့အမေကို မုန်းနေတာက
သူလုပ်လို့ပေ။ သူ့သာ ဖြူလုံး အမေကို
မကောင်းဘူးဟု မပြောခဲ့ရင် ဖြူလုံးလေး က
အခုလို မုန်းမှာ မဟုတ်ပါ။
" ဖြူလုံးလေး ငါ့ကြောင့် နင့် အမေကို မုန်းနေတာ
မလား......အားတဲ့ အချိန်တိုင်း နင့် အမေကို
ငါ မကောင်းဘူး ပြောမိလို့ မုန်းနေတာမလား "
" မဆိုင်ပါဘူး ဟာဟာ နဲ့....ဟာဟာ မပြောလည်း
ဖြူလုံး က သူ့ကို မုန်းနေမှာ... သူ့ကြောင့်
ဖြူလုံး ဖေဖေ ငိုရတာ.... သူ့ကြောင့်
ဖြူလုံး အရိုက်ခံရတာ.... သူ့ကြောင့်
ကျောင်းမှာ အမေမရှိဘူးလို့ ဖြူလုံး ပြောခံရတာ...
ဒါတွေ ဟာဟာတို့ မသိပါဘူး "
" ဖြူလုံး ရယ်.... "
သက်ပြင်းချသံကြီးနဲ့ ဖြူလုံးလေးခေါင်းကို ပွတ်ကာ
မဟာ စိတ်မကောင်း ဖြစ်သွားရသည်။
**************************
မှောင်မှ ဖေဖေ့ က ပြန်လာမှာတဲ့။ အခုပင် ကိုးနာရီ
ခွဲသွားပြီလေ။ ဟာဟာ ကလည်း
ဖေဖေ့ကို ကူစောင့်ပေးရင်းနဲ့ ဒီနေ့ကျမှ
အစောကြီး အိပ်ပျော်သွားခဲ့ပြီ။
ဖေဖေ ဝယ်ပေးတဲ့ အရုပ်မလေးကလည်း
မျက်လုံးလေး ပြူးပြီး ဖြူလုံး ကို စိုက်ကြည့်နေတယ်လေ။
ဗိုက်ကလည်း အတော်လေးကို ဆာနေပါပြီ။
ဖေဖေ လာမှ စားမယ်ဆိုပြီး ဟာဟာ ကျွေး
တာကို မစားချင်ဘူးဟု ဖြူလုံး လုပ်နေခဲ့သည်။
အရုပ်မလေးကို ကိုင်ကာ တောင်လျှောက်
မြောက်လျှောက်နဲ့ အခန်းထဲမှာ ဖြူလုံးလေး
လှည့်ပတ်လျှောက်နေခဲ့သည်။
ကုတင်ပေါ်က အိပ်ပျော်နေတဲ့ မဟာ ကတော့
တခေါခေါနဲ့ ဟောက်သံတွေပင် ထွက်၍
အရမ်းကို အိပ်မောကျနေခဲ့သည်။
ဖြူလုံးလေး သူ့ အဖေကို မျှော်နေတာကို
မသိခဲ့ပါချေ။
ကံကဆိုးချင်တော့ ခြံရံ မှာ ဒီည ပြန်မလာတော့ဘူး
ဖြူလုံးလေးကို သိပ်ပေးထားပါဟု မက်ဆေ့ခ်ျလှမ်းပို့ထား
ခဲ့သည်။ ထိုအကြောင်းကို အိပ်ပျော်နေသော
မဟာ က မသိနိုင်ခဲ့ပါ။ အကြောင်းမှာ
ဖုန်းကို silent လုပ်မိသွားလို့ပေ။
ဖုန်းလေးကလည်း မဟာ အိပ်တဲ့ ခေါင်းအုံးအောက်
မှာ ရှိနေခဲ့သည်။
" ဆယ်နာရီ ထိုးတော့မယ် ဖေဖေ့က အခုထိ
ပြန်မလာသေးဘူး "
ဘိုမရုပ်လေး ရင်မှာ ပွေ့ကာ ခြံရံ ဆင်ပေး
ထားသော လက်က ကလေးပတ်နာရီလေးကို
ကြည့်ကာ နှုတ်ခမ်းလေးစူလျက်ဖြူလုံး
ဆိုလိုက်သည်။
" ပြန်လာပါတော့ ဖေဖေ.... ဖြူလုံး ဗိုက်ဆာ
နေပြီ... ဖေဖေ လာမှ ဖြူလုံး က စားမှာနော် "
ဒီလောက် သူ့ အဖေရိုက်တာတောင် အဖေ့ကို
စိတ်ဆိုးခြင်းအလျဉ်းမရှိဘဲ ဖအေလာမှ
ထမင်းစားမယ်ဆိုတာက ဖအေချစ် ကလေး
လေးမှန်း ဖြူလုံး ကို ကြည့်တာနဲ့ သိနိုင်သည်။
တဖြေးဖြေးနဲ့ စက္ကန့်ကနေ မိနစ်၊ မိနစ်ကနေ
နာရီ အထိ ကူးပြောင်းပြီးတဲ့နောက်မှာ
အချိန်က ညဆယ့်နှစ်နာရီ ထိုးဖို့ ဘယ်လောက်မှ
မလိုတော့ပါချေ။
ဆယ့်နှစ်ထိုးလို့ ဖြူလုံးလေး သူ့အဖေကို မမျှော်
တော့ဘူးဆိုရင် မှားသွားလိမ့်မည်။
ဖအေချစ် ကလေးလေးကတော့ ဆယ့်နှစ်ထိုးတာ
တောင် သူ့ အဖေကို မျှော်နေဆဲပင်။
ဗိုက်ကလေး ပုတ်လိုက် ခြေသံကြားတာနဲ့
ခေါင်းလေးထောင်ကာ ကြည့်လိုက်နဲ့ပေ။
ညည့်နက်သန်းခေါင်ကနေ လင်းပိုင်း နှစ်နာရီ
အထိ ကိုးနှစ်အရွယ် ကလေးမလေးက
မျှော်နေခဲ့သည်။ တစ်ဖက်က ခြံရံ မှာတော့
ရေချိုးခန်းထဲ ရေချိုးရင်းနဲ့ မေ့လဲသွားတဲ့
မေသွေးခြယ် ကြောင့် စိတ်တွေပူကာ
ဖြူလုံးလေး ဆီ ပြန်မလာတာကို ဖြူလုံးလေး
က မသိခဲ့ပါချေ။
မနက်သုံးနာရီထိုးဖို့ ငါးမိနစ်လိုတော့တဲ့ အချိန်မှာ
အရုပ်မလေး ကိုင်ကာ ဖြူလုံးလေး က
မျက်ရည်တွေ ကျနေခဲ့သည်။
" အီးဟီး. ..အင့်ဟင့်.. ..အင့်ဟင့်. ...
ဖေဖေ ကတိမတည်ဘူး...ဖေဖေ ဖြူလုံး ဆီ ပြန်မလာ
ဘူး.... မုန်းတယ် ဖေဖေ့ကိုရော... ဖေဖေ့ကို
လုယူသွားတဲ့ ဟိုမိန်းမကိုလည်း ဖြူလုံး
အရမ်းမုန်းတယ် "
မုန်းတယ်လို့ သူ့ အဖေကို ဖြူလုံးလေး ပြောနေပေမဲ့
တကယ်တမ်း ဖအေချစ်ကလေးလေးက သူ့
အဖေကို မုန်းနိုင်ပါ့မလားဆိုတာ အထွေအထူး
စဉ်းစားစရာပင်မလိုပါ။
နောက်ဆုံးမှာ မျက်ရည်တွေကျရင်း အရုပ်ကလေး
ဖက်ပြီး တရှိူက်ရှိူက်ငိုကာ ဖြူလုံးလေး သည်
ကုတင်ပေါ် မဟာနဲ့အတူ အိပ်ပျော်သွားတော့၏ ။
Part 57 မျှော်......................................
( လူတစ်ယောက်ကို စောင့်ရတာ အရမ်းပင်ပန်းတယ် 😭
ဖအေချစ် သမီးလေး ဖြူလုံးလေးရယ် အရမ်း
ကို ပင်ပန်းနေမှာပဲ😭😭😭😭
သမီး နဲ့ မိန်းမကြား ခြံရံ တော့ ဗျာများရတော့မယ် 😭😭
သား ကရော ဖြူလုံးလေး ကို ချစ်လာအောင်
လုပ်နိုင်ပါ့မလား 😭😭😭 ဖြူလုံးလေး က
သားလို ခေါင်းမာတာက တူနေတယ်လေ 😁😁😍😍)
စနေ ၊ တနင်္ဂနွေနေ့တိုင်း မင်မင့်က စာမတင်ပါဘူး
နော်ဒါဒါလေးတွေ.........မျှော်နေကြမှာစိုးလို့ 😁😁😍
ချစ်တယ်နော်မင်မင်ရဲ့ ဒါဒါလေးတွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘
#လေယူရာယိမ်း