"ဟာ ကလေးအော်သံပါလား..!"
မင်းကြီးကသုတဆီ အပြေးသွားတယ်
"ဖြည်းဖြည်းသွားပါမင်းကြီး နန်းတွင်းမှာပြေးလို့မရဘူးလေ မင်းကြီး စောင့်ပါအုံး ......."
ကုန်းကုန်းတို့လဲ မင်းကြီးကို အော်ပြောရင်း
မပြေးရုံတမယ် လမ်းလျှောက်ပြီး အမှီလိုက်
နေရတယ် မယ်တော်ကြီးအဆောင်ရောက်
တော့ သုတ ဆုနန်းနဲ့မယ်တော်ကြီးက
စားပွဲမှာ ထိုင်နေကြတယ် အပြေးရောက်လာ
တဲ့ မင်းကြီးကို ပြူးကြည့်နေကြတယ်
မယ်တော်ကြီးက လက်ထဲက
ကတ်တွေကိုချပြီး
"သားတော် အမောတကြီးနဲ့ပါလား ဘာဖြစ်လာတာလဲ...?"
"မောင်တော် ဘာဖြစ်လာတာလဲ...?"
တံခါးဘောင်ကို လက်ထောက်ပြီး အေးဆေး
ထိုင်နေတဲ့ သုတကိုပြူးကြည့်နေတယ်
သုတကမင်းကြီးဆီလာပြီး
"မောင်ကြီး ဘာတွေဖြစ်လာတာလဲ..?
လာလာ ဟိုခုံမှာထိုင်ပါအုံး
မမရေ ရေအေးတဲ့ဟာလေးတခွက်လောက်"
"ဟုတ် ရမယ်"
ဆုနန်းက ခုံကနေထပြီး ရေတခွက်သွားယူ
တယ် မင်းကြီးကခုံမှာဝင်ထိုင်ပြီး အမောဖြေ
နေတယ် ပြီးမှ
"ကလေးအော်သံကြားလို့ ပြေးလာတာ"
"ဘယ်က ကလေးအော်သံလဲ
သားတော်မြင်တဲ့အတိုင်းပဲ ဒီမှာ ဘာကလေးမှမရှိဘူး"
မယ်တော်ကြီးကပြန်ပြောတယ်
သုတက ဆုနန်းဆီကရေခွက်ကိုယူပြီး
"မောင်ကြီး ရေလေးသောက်လိုက်ပါအုံး"
မင်းကြီးက သုတပေးတဲ့ရေလေးသောက်ပြီး
"ဟူး ခုမှပဲအမောပြေတော့တယ်"
"မောင်ကြီးနော် မယ်တော်ကြီးရှိတယ်"
"ဟုတ်တယ် ငါရှိသေးတယ်နော်..."
မယ်တော်ကြီးက ပြောလိုက်တယ်
"ကလေး ခုနကဘာလို့အော်တာလဲ...?"
မင်းကြီးက သုတကိုမေးလိုက်တယ်
"အမလေး ငါက ကလေးသေးသေးလေးမှတ်လို့ လက်စသတ်တော့ ဒီကလေးပါလားနော် "
"ဟဲဟဲ"
သုတက ရယ်ကျဲကျဲလုပ်နေတယ်
"ကလေး ခုနက ဘာဖြစ်လို့အော်တာလဲလို့
ဘယ်နားထိခိုကိသွားလို့လဲ"
"ဟီး အဲ့တာကလေ
မယ်တော်ကြီးနဲ့ဆော့နေတာ ရှုံးသွားပြန်လို့ အော်လိုက်တာ"
"ဟော ဒီမှာဖြင့်စိတ်ပူလိုက်ရတာ"
အဲ့တာနဲ့ မယ်တော်ကြီးက
"အမလေး ဘာလဲ ဒီမယ်တော်ကြီးက နှိပ်စက်နေတယ်ထင်နေတာလား..?"
"မဟုတ်ပါဘူး မယ်တော်ရဲ့"
မင်းကြီးက ပြန်ပြောတယ်
"ငါသိနေတယ်နော် ဟွန်းဟွန်း"
"ဪ မယ်တော် သားတော်တို့ လက်ထပ်ဖို့ကိစ္စကလေ ညီလာခံမှာပြောဖြစ်တယ် "
"ဟင်"
သုတဆီက အံ့ဩနေတယ် အဆင်ပြေပါ့
မလားလို့လဲ စိတ်ပူနေတာပေါ့
"ဟေ ဟုတ်လား သားတော်ကို ဘာပြန်ပြောကြလဲ ဘယ်နေ့လက်ထပ်လို့ရမယ်တဲ့လဲ..?"
မယ်တော်ကြီးက မေးတယ်
"အဆင်ပြေသွားပါပြီ နောက်နှစ်ရက်မြောက်နေ့က ရက်ကောင်းပဲတဲ့ အဲ့တာလာပြောပြတာ"
"ဪ အဲ့တာဆို ငါ့သားတော်တောင် လက်ထပ်ရတော့မှာပဲ အမလေး ခုတော့ ဟိုကောင်မတွေကိုကြွားလို့ရပြီ"
"ဟင် မယ်တော်က ဘယ်သူ့ကိုကြွားမလို့လဲ.?"
မင်းကြီးနဲ့ သုတကတပြိုင်ထဲမေးတယ်
"ဘယ်သူကမှာလဲ အမတ်ကြီးတွေရဲ့ မိန်းမတွေပေါ့ တခါ တခါ ရောက်လာရင် သူတို့သားသမီးတွေက အိမ်ထောင်ကြပြီး အဆင်ပြေနေပြီ အမလေး မြေးတောင်ဂတော့မယ်နဲ့ ငါ့မှာပြန်ပြောစရာကိုမရှိဘူး ငြိမ်နေရတာ"
"ဟော ဟုတ်ပါပြီ မယ်တော်အဝသာကြွား"
"အမလေး ကြွားအုံးမှာ ငါ့ချွေးမကအချောအလှလေး သူတို့ချွေးမတွေသမက်တွေလို အစွေအစောင်း ပိန်ညောင်ရိုးတွေမဟုတ်ဘူး
ပြောရင်းဆိုရင်းနဲ့ တွေးမိတယ်ကျန် ငါချွေးမရော သားမက်ရော တခါထဲရလိုက်တာပေါ့နော်"
မယ်တော်ကြီးစကားကြောင့် သုတက
ကြိတ်ခွီးနေတာပေါ့
"ဟာ မယ်တော်ကလဲ ချွေးမပါ သားမက်မဟုတ်ပါဘူး"
မင်းကြီးက အတင်းငြင်းတယ်
"ဘာကွာလို့လဲ.....?"
မယ်တော်ကြီးကမေးတယ်
"မယ်တော်ကလဲ ချွေးမရတာဆို ကိုယ့်သားကချရတာလေ သားမက်ဆို ကိုယ့်သမီးကခံရတာလေ ကွာတယ်လေ"
"ဪ အေး အဲ့ဒီတော့...?"
"ဟာ မယ်တော်ကလဲမရှင်းသေးဘူးလား
ကန်တော့နော် ခုဟာ သားတော်ကချတာလေ
အဲ့တော့ချွေးမပဲ"
"ဟား အေးအေး ငါသဘောပေါက်ပြီ"
မယ်တော်ကြီးက ခုမှနားလည်သွားပြီး
ရီနေတယ်
"သဘောပေါက်မှပဲ မပေါက်ရင်လဲ ခြင်ထောင်ထဲရောက်တော့မယ်"
~ဟား.....~
သုတနဲ့ မယ်တော်ကြီးနဲ့က မင်းကြီးစကား
ကြောင့် ရယ်နေကြတယ်
"ကဲပါ နောက်ရက်ကျ လက်ဆက်ရမယ်ဆိုတော့ ချွေးမတော်လေးအတွက် အဝတ်စားလှလှလေးချုပ်ရအုံးမှာပေါ့ "
မယ်တော်ကြီးက ရယ်တာရပ်ပြီး မင်္ဂလာကိစ္စ
ကိုအစချီပြောလိုက်တယ်
"ဟုတ်သားပဲ ရက်ကနီးနေတော့ အဝတ်အစားကမှီပ့မလား ..?"
"မှီပါတယ် ငါ့ချွေးမလေးအဝတ်အစားသာမမှီမှာစိုးရတာ သားတော်ကဘာဝတ်ဝတ်ပေါ့
ငါ့ချွေးမတော်လေးကတော့ အလှဆုံးကိုဖြစ်နေရမယ်"
"မယ်တော်တို့များနော် အပြောင်းအလဲမြန်ချက် သားတော်ကိုတောင်အချစ်ပေါ့သွားသလိုပဲ"
မင်းကြီးပြောတာကို သုတနဲ့ မယ်တော်ကြီးက
ရယ်ကျဲကျဲလုပ်နေပြန်တယ်
"ကဲပါ မောင်ကြီးရယ် မောင်ကြီးအလုပ်သွားလုပ်တော့ ဒီမှာလဲလုပ်စရာတွေရှိသေးတယ်"
သုတက မင်းကြီးကို သွားခိုင်းနေတယ်
"ဘာလဲ ဒီကတ်တွေနဲ့ ဖဲဆက်ဆော့မလို့လား"
"မဟုတ်ပါဘူး မင်္ဂလာဆောင်အတွက်လေ
ပြင်ဆင်ရအုံးမှာလေ"
သုတကပြန်ပြောတယ်
"ဟုတ်သားပဲ သားတော်ရဲ့ မယ်တော်တို့အလုပ်များတယ်နော် သွားသွား"
မယ်တော်က ဝင်ပြောတယ်
"ဟုတ်ပါပြီဗျာ သားတော်သွားပါမယ်
စိတ်ချမယ်နော် ကလေး"
"ဟုတ် စိတ်ချပါ"
"အမလေး ဒီမယ်တော်က ဘာလုပ်မှာမို့လို့လဲနော် စိတ်ချစမ်းပါ သွားသွား လုပ်စရာရှိတာတွေသွားလုပ်ချေ"
"ဟုတ်"
အဲ့လိုနဲ့ မင်းကြီးကအဆောင်ကနေ ထွက်လာ
ခဲ့တယ် အဲ့ဒီနောက်မှာ ဦးရီးတော် စစ်မေးနေ
တဲ့ အကျဉ်းထောင်ဆီကိုသွားတယ်..
သုတ မယ်တော်ကြီးနဲ့ ဆုနန်းတို့ကတော့
မင်္ဂလာဆောင်အတွက် ပိတ်စ ရှာနေကြတယ်
"ချွေးမတော်လေး ဘာအရောင်ချုပ်ဝတ်ကြမလဲ ..?"
"အနီရောင်ဆိုရင်ရော..?"
"ဆုနန်း အနီရောင်တွေ အကုန်ယူခဲ့"
"ငင့်.."
(ဆုနန်း ဆီမှထွက်လာတဲ့အသံ)
ဆုနန်းလဲ အနီရောင်ပိတ်စတွေကို ဗီရိုထဲက
နေ မနိုင်မနင်းသယ်လာပြီး စားပွဲပေါ်ချလိုက်
တယ် မယ်တော်ကြီးကတော့ ပိတ်စတွေထဲက
အကောင်းဆုံး အခမ်းနားဆုံး အဝတ်စကို
ရှာလိုက်တယ် သုတကတော့ ဘာမှမသိလို့
ကြောင်တောင်တောင်လေး လိုက်ကြည့်နေတယ်
"ဒီဟာပဲ ဒါငါ့ချွေးမတော်လေးအဖို့ပဲ မှန်းစမ်း
လိုက်တယ် ဒါလေးပဲချုပ်ရမယ်
ဆုနန်း ဒါလေးနှစ်စ သယ်ခဲ့ တော်ဝင်အပ်ချုပ်ဆရာဆီသွားမယ်.."
"ဟုတ်ကဲ့ မယ်တော်ကြီး"
ဆုနန်းလဲမနိုင်မနင်း သယ်ပြီး အနောက်ကနေ
လိုက်လာခဲ့တယ်
................
"မင်းကြီး ကြွချီလာပါပြီ...."
အကျဉ်းထောင်ဝကနေ အစောင့်ရဲ့အော်သံ
ထွက်လာခဲ့တယ် အချွေအရံတွေက
အပြင်ဘက်မှာ ကျန်ခဲ့တယ် မင်းကြီးက
စစ်မေးနေတဲ့ဦးရီးတော်ကို လက်ကုတ်
မေးကြည့်တယ်
"ဦးရီးတော် ဘယ်လိုလဲ အဆင်ပြေလား"
"ပြေပါတယ် "
"ပြီးပြီလား ....?"
"အင်း ပြီးပြီ"
"ပြီးရင် အပြင်မှာစကားပြောရအောင်"
"အေးအေး လာပြီ..."
မင်းကြီးက အပြင်ထွက်သွားပြီး ဦးရီးတော်
က နောက်ကနေလိုက်လာခဲ့တယ်
အပြင်လဲရောက်ရော လေပြင်းတချက်ရှုပြီး
"ငါနိုင်ငံရေးကြောင့်သာနော် မဟုတ်ရင်မကူပူး အထဲမှာ မွန်းနေတာပဲ"
ဦးရီးတော်က ညီးညူနေနေတယ်
"ဟုတ်ပါပြီ ဦးရီးတော်ရယ် အခြေနေက ဘာထူးသေးလဲ"
"အေး ငါစစ်မေးထားသလောက်ကတော့
စစ်ကနွေဦးသာပြောတာ သူတို့ကဖြေးဖြေးချင်းတိုက်မှာ ငါတို့ကိုရိက္ခာကုန်အောင်လို့ ဝိုင်းပိတ်ထားပြီး တိုက်မှာကွ"
"ဪ အဲ့လိုကိုး
ဘာပဲဖြစ်ဖြစ်ပါ သူတို့အကြံသိသွားတော့ကောင်းတာပေါ့ "
"အေးပေါ့ အေးပေါ့
ဪ ဒါနဲ့ စစ်ရှိနေပြီဆိုတော့ ယူကြတော့မှာပေါ့"
"ဟုတ်တယ် နောက်နှစ်ရက်မြောက်နေ့ကြရင်
မင်္ဂလာဆောင်ကြမှာ ဦးရီးတော်လက်ဖွဲ့ပြင်ထားနော်"
"လုပ်ပြီ ထိုင်စားနေတဲ့လူက ဘယ်ကငွေစရှိလို့ လက်ဖွဲ့ဝယ်နိုင်မှာလဲ...?"
"ဟုတ်ပါပြီ စတာပါ လူသာ လာဖြစ်အောင်လာပါ"
"လာမှာ လာမှာ
ဪ အခုမှသတိရတယ် ငါဆေးဖော်ပြီးပြီကွ စမ်းသပ်တာလဲ အောင်မြင်တယ်"
"တကယ် ...."
"အေး လာ တခါထဲဝင်ယူလှည့် ကြိုသောက်ထားတော့ ဆေးအာနိသင်ပိုပြတာပေါ့ကွာ"
"ဟုတ် ဦးရီးတော်အဆောင်သွားရအောင်လေ"
မင်းကြီးက ပြောပြောဆိုဆိုနဲ့ ဦးရီးတော်
အဆောင်ဘက်ကို လျှောက်သွားတယ်
"ငါတခုတော့ကြိုပြောထားအုံးမယ်ကွ"
"ပြောလေ ဦးရီးတော်ရဲ့ စကားပလ္လင်ခံနေသေးတယ်"
"မဟုတ်ဘူးလေကွာ စကားကနဲနဲရိုင်းလို့
ပြောသင့်မပြောသင့်က ကြည့်ရသေးတယ်"
"ဟုတ်ပါပြီ စိတ်ချပြီးတော့ပြောပါ"
"ဆေးကသောက်ရုံနဲ့မပြီးဘူးကွ"
"ဟွန် ပြောတော့ဆေးရပြီဆို"
"ဟုတ်တယ်လေ ဆေးကသောက်ရုံနဲ့မရဘူး နဲနဲလုပ်စရာရှိသေးတယ်"
"ဘာလုပ်ရမှာ...?"
"ငါစာလေ့လာထားသလောက်ကတော့
ဥနဲ့ ပိုးနဲ့စပ်ရမှာကွာ ဒီဆေးကဥကိုဖန်တီးပေးတယ် ဒါပေမဲ့ ဆေးကလိုအပ်ချက်ရှိသေးတယ် ကလေးမွေးမယ့်လူရဲ့ လရောင်ရည်ပါထိရမှာ"
"ဗျာ ...!
ကလေးရဲ့ လရောင်ရည်ကို ဆေးမှာသုဆ်တိုက်ရမှာလား....?"
"ဟာ အဲ့လိုမဟုတ်ပါဘူး ခရေထဲနဲနဲပြန်ထည့်ပေးရမှာ တူတော့်မြွေမှာ သုတ်ပြီးနောက်တခါဆိုရင်ဖြစ်တယ်လေ"
"ဪ ဟုတ်ပြီ ဟုတ်ပြီ"
"အေး အဲ့တာကို ဘယ်လိုပြောရမှန်းမသိဖြစ်နေတာ"
"ဟုတ်ပါပြီ အာ့တာဆို ဆေးကရပြီမို့လား"
"ရပြီရပြီ ပြည့်စုံသွားပြီ လက်စွမ်းပြရမှာက တူတော်အပိုင်း ဦးရီးတော်နဲ့မဆိုင်ပူးနော်"
"စိတ်ချစမ်းပါ ..."
စကားပြောဆိုရင်း အဆောင်ကိုရောက်လာခဲ့
တယ် ဦးရီးတော်က ဆေးယူလိုက်ပြီး
"ရော့ နှစ်ရက်ခြားတစ်ခါနော် တလုံးပဲ
လိုအပ်တာတွေလဲမမေ့နဲ့နော်"
"မမေ့ပါဘူး စိတ်ချ"
"အေး အလုပ်မရှိရင်နားတော့မယ်
အတော်လေးပင်ပန်းသွားပြီ"
"ဦးရီးတော်ကတော့လေ ဒါလေးကို ညည်းနေလိုက်တာ"
"ငါက ကိုယ့်ကိုယ်ကို ရွှေလိုဥထားတာလေ"
"ဟုတ်ပါပြီ ဆက်ဥထားပါ သွားလိုက်ပါအုံးမယ်"
"အေးအေး"
မင်းကြီးလဲ ဦးရီးတော်ဆီကနေ ထွက်လာခဲ့
တယ် အဝင်အထွက်ဂိတ်ပေါက်တွေကို
ကိုယ်တိုင်သွားပြီး စစ်ဆေး ကြည့်ရှုတယ်
...........
နန်းတော်ကနေ ထွက်လာတယ် မင်းသားက
အာရုဏ်ဦးပြည်နဲ့ မိန်းမလှပြည် နယ်စပ်
နှစ်ခုကြားအပင်အောက်မှာ ခနအနားယူလိုက်
တယ် မင်းသားနဲ့အတူပါလာတဲ့
ကိုယ်ရံတော်က
"အရှင့်သား ခရီးတထောက်နားသင့်တယ်ထင်ပါတယ်"
"အင်း နေမွန်းတည့်တော့မှာပဲ မြင်းလဲ ပင်ပန်းလှရောပေါ့ ခနနားတာတော့ဘာမှမဖြစ်လောက်ပါဘူးလေ "
ဆိုပြီး အပင်အောက်ဝင်နားတယ်
အဲ့အချိန်မှာ အပင်ပေါ်ကနေ ထွက်ကျလာတဲ့
ဓားအိမ်အသေးလေးကြောင့် အပင်အောက်
ကနေ ပြေးထွက်လာတယ် ကိုယ်ရံတော်က
ဓားအိမ်ထဲက ဓားကိုဆွဲချွတ်ပြီး
"ဘယ်သူလဲဟေ့ ထွက်လာခဲ့ သူရဲဘော်ကြောင်ပြီး ပုန်းမနေနဲ့..."
"သူရဲဘောကြောင်တာငါမဟုတ်ဘူး မင်းတို့တွေ ဘယ်နှယ့်ဓားအိမ်လေး ပြုတ်ကျတာကို အဖြစ်သည်းနေလိုက်တာ "
ဆိုပြီး သေးညှက်ချိုသာတဲ့အသံလေးနဲ့
အရမ်းလှတဲ့ မိန်းမငယ်တဦး အပင်ပေါ်ကနေ
ဆင်းလာခဲ့တယ် အရပ်မောင်း အသားအရည်
ပြောစရာမရှိအောင်လှပတဲ့ မိန်းမငယ်လေး
က အိတ်တလုံးလွယ်ထားပြီး လက်ထဲမှာဓား
တစ်ချောင်းကိုကိုင်ထားတယ်
"မင်း ဘယ်သူလဲ.. ဘာအကြံအစဉ်ရှိနေတာလဲ.....?"
"ငါ့ဘာသာ သရက်သီးစားချင်လို့တက်စားနေတာ ယောင်္ကျားတွေဖြစ်ပြီးကြောက်နေလိုက်ကြတာ ဟိုမှာ ငါ့မြင်း မြင်လား"
ဆိုပြီး အပင်ရိပ်ကောင်းတခုမှာ ချည်ထားတဲ့
မြင်းကောင်းကို လက်ညှိုးထိုးပြတယ်
ပြီးတော့
"မင်းတို့ဘာသာ အနီးနားပတ်ဝန်းကျင်သေချာမကြည့်ပဲနဲ့ လူကိုရန်လာရှာနေသေးတယ် "
"မင်း."
မင်းသားက ကိုယ်ရံတော်ကိုတားလိုက်တယ်
"ဒီကအမျိုးသမီးက မိန်းမလှပြည်ကထင်တယ် တွေ့ရတာဝမ်းသာပါတယ် ကျတော်တို့ဘေးပတ်ဝန်းကျင်ကို စစ်ဆေးဖို့ လိုသွားတာပါ ကျတော်တပည့်ရိုင်းပြတာကို ဗွေမယူပါနဲ့"
မင်းသားက အသံချိုချိုနဲ့ပြောလိုက်တယ်
"အင်း အင်း ထားတော့"
Zawgyi
"ဟာ ကလေးအော်သံပါလား..!"
မယ်တော်ကြီးက လက်ထဲက
ကတ်တွေကိုချပြီး
"မောင်ကြီး ဘာတြွေဖစ်လာတာလဲ..?
"ဟုတ် ရမယ်"
နေတယ် ပြီးမှ
"ဘယ်က ကလေးအော်သံလဲ
"ဟဲဟဲ"
"ဟီး အဲ့တာကလေ
"ဟင်"
မယ်တော်ကြီးက မေးတယ်
ကြိတ်ခွီးနေတာပေါ့
"ဘာကွာလို့လဲ.....?"
မယ်တော်ကြီးကမေးတယ်
"ဪ အေး အဲ့ဒီတော့...?"
အဲ့တော့ချွေးမပဲ"
ရီနေတယ်
~ဟား.....~
ကြောင့် ရယ်နေကြတယ်
ပြင်ဆင်ရအုံးမှာလေ"
သုတကပြန်ပြောတယ်
မယ်တော်က ဝင်ပြောတယ်
စိတ်ချမယ်နော် ကလေး"
"ဟုတ် စိတ်ချပါ"
"ဟုတ်"
"အနီရောင်ဆိုရင်ရော..?"
"ငင့်.."
"ဟုတ်ကဲ့ မယ်တော်ကြီး"
လိုက်လာခဲ့တယ်
................
မေးကြည့်တယ်
"ပြေပါတယ် "
"ပြီးပြီလား ....?"
"အင်း ပြီးပြီ"
"အေးအေး လာပြီ..."
"ဪ အဲ့လိုကိုး
"အေးပေါ့ အေးပေါ့
"လာမှာ လာမှာ
"တကယ် ...."
"ဘာလုပ်ရမှာ...?"
"ဗျာ ...!
"ဪ ဟုတ်ပြီ ဟုတ်ပြီ"
"စိတ်ချစမ်းပါ ..."
"မမေ့ပါဘူး စိတ်ချ"
"အေးအေး"
...........
အာရုဏ်ဦးပြည်နဲ့ မိန်းမလြှပည် နယ်စပ်
ကိုယ်ရံတော်က
"ငါ့ဘာသာ သရက်သီးစားချင်လို့တက်စားနေတာ ယောင်္ကျားတြွေဖစ်ပြီးကြောက်နေလိုက်ကြတာ ဟိုမှာ ငါ့မြင်း မြင်လား"
ပြီးတော့
"မင်း."
"ဒီကအမျိုးသမီးက မိန်းမလြှပည်ကထင်တယ် တွေ့ရတာဝမ်းသာပါတယ် ကျတော်တို့ဘေးပတ်ဝန်းကျင်ကို စစ်ဆေးဖို့ လိုသွားတာပါ ကျတော်တပည့်ရိုင်းပြတာကို ဗွေမယူပါနဲ့"
"အင်း အင်း ထားတော့"
To be continued.....👑