system 091
Od TeeKo0
1.1M 121K 5.8K
wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပ... Viac
intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း
(6.16)
4.8K 572 21
Od TeeKo0
Unicode
"အဟမ်း....ပထမဆုံးပြိုင်ပွဲကတော့ ကောင်လေးတွေကကိုယ့်ချစ်သူကောင်မလေးတွေကိုဘယ်လောက်ကြာကြာပွေ့ချီထားနိုင်လဲဆိုတာစမ်းသပ်မယ့်ဂိမ်းတစ်ခုပဲဖြစ်ပါတယ်.....ကဲ...ကဲ...ကောင်မလေးတွေအနေနဲ့ကိုယ့်ချစ်သူဘယ်လောက်သန်မာတယ်ဆိုတာသိဖို့အကောင်းဆုံးအချိန်ပဲနော်....."
​စီစဥ်တင်ဆက်သူမိန်းကလေး၏မျက်နှာမှာချက်ချင်းဆိုသလိုပြုံးဖြီးသွားပြီးBLအတွဲသုံးတွဲဆီသူမရဲ့အကြည့်တွေကိုဦးတည်လိုက်သည်။
"ဟုတ်ပြီရှင့်....ဒီကယောက်ျားလေးအတွဲသုံးတွဲမှာရောဘယ်သူကဘယ်သူ့ကိုပွေ့ချီမှာလည်းဆိုတာသိလို့ရနိုင်မလား...."
အမှန်တော့ဒီမေးခွန်းကသူမတောင်မေးစရာမလိုပေ။သေချာပေါက်ဦးဆောင်သူgongတွေကအောက်ပုဂ္ဂိုလ်shouလေးတွေကိုပွေ့ချီမှာပေါ့။
လူတိုင်း၏စိတ်ဝင်တစားအကြည့်တွေအောက်တွင်စုံတွဲတွေဟာသူတို့ရဲ့သက်ဆိုင်သူမိန်းကလေး၊ယောက်ျားလေးတွေကိုအလျားလိုက်ပွေ့ချီရန်အဆင်သင့် ပြင်လိုက်ကြသည်။
ဟေးလစ်ခ်ကရှောင်ကျန့်ကိုပွေ့ချီမည့်ဟန်ပြုလိုက်သည့်အခါတွင်ရှောင်ကျန့်ကချက်ချင်းတားဆီးလိုက်သည်။သူ့ရဲ့မျက်နှာလှလှလေးမှာတစ်နည်းတစ်ဖုံဖြင့်လေးနက်နေပြီးစီစဥ်တင်ဆက်သူမိန်းကလေးဘက်ကိုစိုက်ကြည့်လိုက်သည်။
"ဘာကြောင့်ဦးဆောင်သူယောက်ျားလေးတွေကပဲပွေ့ချီပိုင်ခွင့်ရှိကြတာလဲ.....အောက်ပုဂ္ဂိုလ်တွေမှာလဲကိုယ့်သိက္ခာနဲ့ကိုယ်ရှိပါတယ်ဗျ.... "
ရှောင်ကျန့်၏စကားကသိပ်မတိုးတာကြောင့်စင်မြင့်အနီးကပရိတ်သတ်တွေနှင့်စီစဥ်တင်ဆက်သူမိန်းကလေးမှာရှင်းရှင်းလင်းလင်းကြီးကြားလိုက်ရသည်။သူမရဲ့ပါးစပ်မှာအိုသဏ္ဍာန်ပြောင်းလဲသွားပြီးမနေနိုင်စွာပြန်မေးလိုက်မိသည်။
"ဒါဆိုဒီကလူကြီးမင်းကဘယ်လိုလုပ်ချင်လို့လဲရှင်...."
ရှောင်ကျန့်ကသူ့လက့်လက်ဆစ်တွေကိုချိုးလိုက်ပြီးယုံကြည်မှုအပြည့်ဖြင့်ပြုံးလိုက်သည်။
"ကျွန်တော်လည်းကိုယ့်ချစ်သူကိုအသာလေးပွေ့ချီထားနိုင်တယ်...."
ပြောရင်းဆိုရင်းဖြင့်သူ့လက်မောင်းကြွက်သားတွေကိုညှစ်ပြလိုက်သေးသည်။ဒါပေမယ့်သူ့ရဲ့သေးသေးသွယ်သွယ်ခန္ဓာကိုယ်နှင့်ချစ်စဖွယ်လှလှပပမျက်နှာလေးကြောင့်လူတိုင်း၏အသည်းမှာအထက်အောက်ပြောင်းပြန်လန်သွားသကဲ့သို့အူတွေအသည်းတွေယားလာသည်။
စီစဥ်တင်ဆက်သူမိန်းကလေးဟာပြုံးဖြီးနေသည့်မျက်နှာကြီးဖြင့်စင်အောက်ကပရိတ်သတ်တိုင်းရှင်းရှင်းလင်းလင်းသိရှိနိုင်ဖို့ရန်ကြေငြာလိုက်သည်။
"ဒီကလူကြီးမင်းလေးကသူ့ချစ်သူကို နေရာချင်းလဲပြီးပြောင်းလဲပွေ့ချီထားချင်ပါတယ်တဲ့ရှင့်...."
လူတိုင်း၏မျက်လုံးတွေမှာပြူးကျယ်သွားပြီးရှောင်ကျန့်ရဲ့ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးနှင့်ဟေးလစ်ခ်၏တောင့်တင်းသန်မာသည့်ခန္ဓာကိုယ်ကိုနှိုင်းယှဥ်မိလိုက်ကြသည်။
ဒီသေးသေးလေးကဒီအကြီးကြီးကိုတကယ်ပဲပွေ့ချီနိုင်ပါ့မလားဆိုတာသိချင်စိတ်ပြင်းပြလာကြသည်။
"ကဲ....​ပထမဆုံးယှဥ်ပြိုင်ပွဲ စတင်ပါပြီ....3..2..1..Go!!!"
ပြိုင်ပွဲဝင်တိုင်းကသူတို့သက်ဆိုင်သူတွေကိုချက်ချင်းကောက်ပွေ့ချီလိုက်ကြသည်။ပရိတ်သတ်တိုင်းနီးပါး၏အကြည့်မှာသိလိုစိတ်အပြည့်ဖြင့်ရှောင်ကျန့်တို့နှစ်ယောက်ဆီကျရောက်သွားကြသည်။
ဟေးလစ်ခ်ကရှောင်ကျန့်သာစိတ်ချမ်းသာရင်ဘာကိုမဆိုခွင့်ပြုပေးနိုင်သည်။ယခုလည်းအတူတူပင်။
သူကပြုံးပြုံးကြီးဖြင့်သူ့ကိုကိုသူ့ကိုပွေ့ချီမည်အားစောင့်ဆိုင်းနေလေသည်။ရှောင်ကျန့်ကချက်ချင်းပင်ဟေးလစ်ခ်၏ခန္ဓာကိုယ်ကြီးကိုအလွယ်တကူစွေ့ကနဲပွေ့ချီလိုက်သည်။
စီစဥ်တင်ဆက်မိန်းကလေးအပါအဝင်ပြိုင်ပွဲဝင်စုံတွဲတွေရော၊ပရိတ်သတ်များစွာ၏မျက်လုံးတွေပါလုံးဝပြူးကျယ်သွားကြသည်။ဒါကတကယ်ပဲလူမှဟုတ်ရဲ့လား။သူ့ထက်ပိုကြီးသည့်ခန္ဓာကိုယ်ကိုအသာလေးပွေ့ချီနိုင်ရအောင်အဲ့ဒီခန္ဓာကိုယ်သေးသေးလေးထဲမှာဘယ်လိုအား တွေများရှိနေလို့လဲ။
ဟေးလစ်ခ်ကအပြုံးကြီးတစ်ခုဖြင့်ရှောင်ကျန့်ရဲ့လေးနက်သည့်မျက်နှာဖြင့်ခေါင်းသေးသေးလေးကိုသူ့လက်မောင်းနှစ်ဖက်နှင့်ပွေ့ပိုက်လိုက်ရင်းရင်ခွင်ထဲထည့်လိုက်သည်။
အား!!!သူ့ကိုကိုကအရမ်းချစ်ဖို့ကောင်းတာပဲ။
အခုသူတို့၏ပုံစံမှာရှောင်ကျန့်ကသူ့ထက်ခန္ဓာကိုယ်ပိုကြီးသည့်ဟေးလစ်ခ်ကိုအသာအယာပွေ့ချီထားပြီးဟေးလစ်ကရှောင်ကျန့်ရဲ့ခေါင်းလုံးလုံးလေးကိုသူ့ရင်ခွင်နှင့်ထိကပ်ထားပြီးစိတ်တိုင်းကျပွတ်သပ်၍ဆံနွယ်တွေကိုခဏခဏနမ်းရှုံ့လို့နေသည်။
ရှောင်ကျန့်ရဲ့မျက်နှာသေးသေးလေးမှာတော့လွန်စွာလေးနက်လို့နေပြီးသူ့စိတ်ထဲမှာအောက်ပုဂ္ဂိုလ်တွေရဲ့လုပ်နိုင်စွမ်းကိုလူတိုင်းအားသိစေချင်နေ၏။
လူတိုင်း : "....."
ဘာကြောင့်များသူတို့တွေခွေးစာတနင့်တပိုးထိုးသိပ်ခံလိုက်ရတယ်လို့ထင်မိလိုက်တာပါလိမ့်။
အချိန်တွေကတစ်ရွေ့ရွေ့ကုန်ဆုံးလာသည်။ငါးမိနစ်လောက်ကြာတော့ယောက်ျားလေးတော်တော်များများမှာမတောင့်ခံနိုင်ကြတော့ပေ။ဘယ်လိုပဲဆိုဆိုလူတစ်ယောက်၏ ဝိတ်မှာပေါ့သေးသေးတော့မဟုတ်ပေ။
မိန်းကလေးတစ်ယောက်၏ခန္ဓာကိုယ်ကိုတောင်အကြာကြီးပွေ့ချီထားရင်လက်အံသေသလိုထုံကျဥ်လာနိုင်တာကြောင့်ယောက်ျားလေးတစ်ယောက်ကိုပွေ့ချီထားရတဲ့လိင်တူစုံတွဲနှစ်ယောက်ဆိုပိုဆိုးသေးသည်။
ဆယ်မိနစ်တောင်မပြည့်သေးခင်မှာပဲစုံတွဲတော်တော်များများလက်လျော့လိုက်ကြရသည်။လူတိုင်းကဒီလိုအားကောင်းမောင်းသန်ယောက်ျားလေးတွေတောင်သေးသေးသွယ်သွယ်မိန်းကလေးတွေကိုအကြာကြီးပွေ့ချီထားနိုင်ခြင်းမရှိမှတော့ ခန္ဓာကိုယ်ခပ်ထွားထွားဖြင့်ဟေးလစ်ခ်ကိုပွေ့ချီထားသည့်ရှောင်ကျန့်အား အကြာကြီးမခံနိုင်လောက်ဟုတွေးလိုက်မိသည်။
သို့ပေမယ့်.....သို့ပေမယ့်လည်းပေါ့နော်။
အမှန်တရားကအနည်းငယ်ခါးသက်လွန်းသည်။ဆယ့်ငါးမိနစ်ကျော်ကြားသည်အထိရှောင်ကျန့်မှာချွေးတစ်စက်မှထွက်ခြင်းမရှိသေးသလိုဟေးလစ်ခ်ကိုယ်တိုင်ကလည်းပြုံးဖြီးနေသည့်မျက်နှာကြီးဖြင့်သူ့ကိုကိုရဲ့နူးညံ့ပျော့ပြောင်းတဲ့ဆံနွယ်တွေကိုဆော့ကစားလို့နေသည်။
ဆယ့်ငါးမိနစ်ကျော်ကြာသည့်အခါတွင်မည်သူမှထပ်မံမတောင့်ခံနိုင်တော့ပေ။ကျန်ရှိတဲ့အတွဲမှာယခုချိန်ထိချွေးတစ်စက်မှမထွက်သေးသည့်ရှောင်ကျန့်တို့စုံတွဲနှင့်တစ်ခြားသောယောက်ျားလေး၊မိန်းကလေးအတွဲသာဖြစ်သည်။
မိန်းကလေးဖြစ်သူမှာသာမန်မိန်းကလေးတစ်ယောက်ထက်ပိုမိုပိန်ပါးသေးငယ်နေသည့်အပြင်ယောက်ျားလေးဖြစ်သူကိုယ်တိုင်ကဗလတောင့်တောင့်ဖြင့်ကိုယ်ခံအားကောင်းမွန်တာကြောင့်ယခုချိန်ထိတောင့်ခံနိုင်ခဲ့ခြင်းဖြစ်သည်။
မိနစ်နှစ်ဆယ်ကျော်လောက်ကြာမြင့်ပြီးနောက်တွင်ထိုစုံတွဲမှာလုံးဝလက်လျော့သွားသည်။ယခုဆိုရင်ရှောင်ကျန့်တို့နှစ်ယောက်သာကျန်ရှိတော့သည်။
"ကိုကိုကတော်လိုက်တာ...."
ဟေးလစ်ခ်ကမြေပြင်ပေါ်သို့ခြေချလိုက်သည်နှင့်ရှောင်ကျန့်ရဲ့ခန္ဓာကိုယ်လေးကိုပေါ့ပါးစွာမြှောက်ချီလိုက်ပြီးပျော်ရွှင်စွာဖြင့်တစ်ပါတ်လှည့်လိုက်သည်။ပြီးနောက်ရှောင်ကျန့်ကိုသူ့ရင်ခွင်ထဲတစ်ဖန်ထည့်လိုက်ရင်းတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပြန်၏။
လူတိုင်း : "....."
စီစဥ်တင်ဆက်သူမိန်းကလေးကချောင်းတစ်ချက်ဟမ့်လိုက်ရင်းသူမရဲ့နှာခေါင်းကိုကြိုတင်၍လက်ဖြင့်ပိတ်ရင်းသူမအလုပ်ကိုသူမဆက်လုပ်သည်။
"အခုပြိုင်ပွဲကိုဟောဒီကလူကြီးမင်းတို့စုံတွဲကပထမစွတ်ခူးသွားပါတယ်ရှင်....အဆုံးထိတောင့်ခံနိုင်ခဲ့တာကြောင့်အမှတ်ပြည့် ၁၀မှန်ရသွားပါပြီ....လက်ခုပ်တီးပြီးဂုဏ်ပြုပေးကြပါဦးရှင့်....."
လူတိုင်းကသောင်းသောင်းဖြဖြလက်ခုပ်တီး၍ပွဲစဥ်၏ရလဒ်ကိုလွန်စွာစိတ်ကျေနပ်နှစ်ခြိုက်တဲ့အပြင်ရှောင်ကျန့်လိုသွယ်သွယ်လျလျယောက်ျားလေးတစ်ယောက်က ဘယ်လိုတောင်အားကြီးနိုင်ရတာလဲဆိုပြီးအံ့အားသင့်ကြရပြန်သည်။
"ဒုတိယမြောက်နဲ့နောက်ဆုံးဂိမ်းကတော့ချစ်သူရည်းစားတွေမှာအလိုအပ်ဆုံးဖြစ်တဲ့ကိုယ့်ချစ်သူအပေါ်နားလည်မှုနဲ့သူ့ရဲ့အကြိုက်၊ဝါသနာတွေကိုကျန်တစ်ယောက်အပေါ်မေးမြန်းမှာဖြစ်ပါတယ်....."
"အနီးစပ်ဆုံးနဲ့အတူညီဆုံးမှန်အောင်ဖြေနိုင်တဲ့သူကတော့ပထမဆုကိုရဖို့သေချာနေပါပြီ....ဘာကြောင့်ဆိုကိုယ်ကအားကြီးနေတာမှန်ရင်တောင်ကိုယ့်ချစ်သူအပေါ်သစ္စာမရှိ၊ဘာကြိုက်တတ်မှန်းတောင်မသိရင်အလကားပဲလေ....ဟုတ်တယ်မလား...."
ပရိတ်သတ်တွေကစီစဥ်တင်ဆက်သူမိန်းကလေး၏စကားကိုတစ်ခဲနက်အားပေးထောက်ခံကြသည်။
ဒီလိုနဲ့မိန်းကလေးတွေနှင့်အောက်ပုဂ္ဂိုလ်ယောက်ျားလေးသုံးယောက်ဟာသူတို့ကိုယ်ရေးအချက်အလက်တွေကိုစာရွက်ပေါ်မှာအသေးစိတ် ဖြည့်သွင်းရင်းစီစဥ်တင်ဆက်သူမိန်းကလေး၏လက်ထဲကိုထိုးထည့်ပေးလိုက်ကြသည်။
ရှောင်ကျန့်ကအတော်လေးစိုးရိမ်နေသည်။ဘာကြောင့်ဆိုဒီကမ္ဘာမှာသူကြိုက်နှစ်သက်တဲ့ဝါသနာနဲ့အကျင့်စရိုက်တော်တော်များများကိုမဖော်ပြမိထားဘူးလေ။ပြောရရင်သူ့အသက်ကိုတောင်မှဟေးလစ်ခ်ကသိထားတာမဟုတ်ဘူး။
vampireတွေကဘယ်သောအခါမှသူတို့မွေးဖွားရာနေ့နှင့်အသက်ကိုဂရုစိုက်ခဲ့ကြတာမဟုတ်ပေ။အကြောင်းအရင်းကတော့သူတို့ကမသေမျိုးတွေဖြစ်တာကြောင့်အသက်ဘယ်နှနှစ်ရှိရှိသူတို့အတွက်မထူးခြားလို့ပင်။မူလလုမင်ယွင်ကိုယ်တိုင်တောင်မှသူ့ကိုယ်သူအသက်ဘယ်နှနှစ်ရှိပြီမှန်းမသိချေ။
သူလည်းဘာကိုဖြည့်လို့ဖြည့်ရမှန်းမသိလို့သူ့မူရင်းကမ္ဘာကအစစ်အမှန်အသက်ကိုကောက်ထည့်ထားလိုက်သည်။
သူအခုမှနောင်တတွေရလာသလိုခံစားရသည်။အကယ်၍အဖြေတွေအားလုံးကိုသာဟေးလစ်ခ်အနေနဲ့မှန်အောင်မဖြေနိုင်ခဲ့ရင်ဒီမှာရှိတဲ့လူတိုင်းကဟေးလစ်ခ်ရဲ့သူ့အပေါ်အချစ်ကိုသံသယဝင်သွားနိုင်သည်။
သူကဟေးလစ်ခ်အပေါ်အပြည့်အဝယုံကြည်သော်လည်းပဲဟေးလစ်ခ်၏အခက်အခဲကိုသူ့လောက်ဘယ်သူမှနားမလည်ပေ။အိုက်ယားဘဝကြီးကခက်ခဲလိုက်တာ။
"ဟုတ်ပြီ....ယောက်ျားလေးတွေကျွန်မလက်ထဲကရှင်တို့ချစ်သူတွေရဲ့ဝါသနာနဲ့ကိုယ်ရေးအချက်အလက်တွေကိုထပ်တူညီပြီးမှန်အောင်ဖြေနိုင်ဖို့ကျွန်မမျှော်လင့်ပါတယ်...."
ဒီလိုနဲ့နောက်ဆုံးပြိုင်ပွဲကိုစတင်လာသည်။ယောက်ျားလေးတိုင်းကသူတို့ချစ်သူကောင်မလေးတွေရဲ့အကျင့်စရိုက်မှန်သမျှကိုမှန်မှန်ကန်ကန်မဖြေဆိုနိုင်ကြချေ။
တစ်ချို့ယောက်ျားလေးတွေဆိုရင်ကိုယ့်ချစ်သူရဲ့အသက်ကိုတောင်မသိကြတာကြောင့်ပြတ်လုဆဲဆဲတောင်ဖြစ်သွားကြသည်။
ဤသို့ဖြင့်ဟေးလစ်ခ်၏အလှည့်သို့ရောက်ရှိလာသည်။လူတိုင်း၏အကြည့်တွေအောက်မှာပင်စီစဥ်တင်ဆက်သူမိန်းကလေးကသူ့လက်ထဲကရှောင်ကျန့်ဖြည့်ထားတဲ့အချက်အလက်ကိုကြည့်ရင်းမေးလိုက်သည်။
"ရှင့်ချစ်သူရဲ့နာမည်"
"လုမင်ယွင်"
ရှောင်ကျန့်ပိုမိုစိုးရိမ်လာသည်။သူ့ရဲ့အချက်အလက်တွေထဲတွင်ဒီနာမည်ကလွဲရင်ကျန်ရဲ့အရာအားလုံးမှာမူလလုမင်ယွင်နှင့်မသက်ဆိုင်သည့်သူ့ကိုယ်ပိုင်အချက်အလက်တွေသာဖြစ်နေလေသည်။
အီး....ဘာဖြည့်ရမှန်းမသိလို့သူ့ရဲ့တကယ့်ဝါသနာနဲ့ကိုယ်ရေးအချက်အလက်တွေကိုထည့်ရေးလိုက်မိတယ်။
အခုဆိုဘယ်လိုလုပ်ရတော့မလဲ။ဟေးလစ်ခ်နဲ့သူကပြန်တွေ့တာတောင်ကြာသေးတာမဟုတ်ဘူး။သူ့ဝါသနာနဲ့အကျင့်စရိုက်အမှန်ကိုတစ်ခါမှမဖော်ပြခဲ့တာကြောင့်အကုန်တလွဲတွေဖြစ်ကုန်တော့မယ်။
"သူ့ရဲ့အသက်"
"၂၂"
ရှောင်ကျန့်ရဲ့မျက်လုံးလေးတွေပြူးကျယ်သွားသည်။သူ့တကယ့်အသက်ကို၂၁နှစ်ဖို့ဖြည့်ရေးလိုက်မှန်းဟေးလစ်ခ်ဘယ်လိုသိသွားတာလဲ။
"ရှင့်ချစ်သူရဲ့ဝါသနာ"
"စာရေးတာ..."
ရှောင်ကျန့်ပိုမိုလန့်ဖြန့်သွားသည်။သူစာရေးတာဝါသနာပါမှန်းဘယ်လိုသိသွားပြန်တာလဲ။သူဒီကမ္ဘာရောက်တည်းကတစ်ခါမှာဝတ္ထုရေးခြင်းမပြုလုပ်ခဲ့ပေ။
"သူကြိုက်တဲ့အရောင်"
"အနီရောင်"
"သူအနှစ်သက်ဆုံးအစားအစာကဘာလဲ"
"ကိုကိုကအစားအသောက်မှန်သမျှအကုန်လုံးကြိုက်တယ်....ဒါပေမယ့်သူအကြိုက်ဆုံးကချောကလက်ရေခဲမုန့်"
"ဝိုး....ရှင်ကအတော်လေးအသေးစိတ်သိတာပဲ....ဟုတ်ပြီ....သူဒေါသထွက်ရင်ဘယ်လိုပြုမူတတ်လဲ"
"ကိုကိုကဒေါသထွက်လေပိုပြီးတည်ငြိမ်လာလေပဲ"
"သူဘယ်လိုအကောင်လေးတွေကိုချစ်တတ်လဲ"
"ကိုကိုက ကလေးချစ်တတ်တယ်"
စီစဥ်တင်ဆက်သူမိန်းကလေးဟာစာရွက်ထဲမှာမပါတဲ့မေးခွန်းတစ်ချို့ကိုတောင်မေးမြန်းလာသော်လည်းဟေးလစ်ခ်ကတုံ့ဆိုင်းမှုမရှိပြန်ဖြေပေးနိုင်ဆဲသာ။
ရှောင်ကျန့်ရဲ့ပါးစပ်လေးမှာပွင့်ဟနေရင်းဟေးလစ်ခ်ကိုအံ့ဩမှုအပြည့်ဖြင့်ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။
"ဝိုး....သူ့မှာရှင်ခေါ်ချင်တဲ့နာမည်ပြောင်လေးတစ်ခုခုများရှိလား....."
စီစဥ်တင်ဆက်သူမိန်းကလေးကနောက်ဆုံးပိတ်မေးခွန်းအနေဖြင့်သူမ သိလိုသည့်မေးခွန်းကိုမေးမြန်းလိုက်သည်။
"....."
ဟေးလစ်ခ်ကခဏမျှတိတ်ဆိတ်ငြိမ်သက်သွားသည်။သူ့မျက်လုံးထဲ၌အနည်းငယ်ဝေဝေဝါးဝါးဖြစ်သွားသလိုမျိုးတစ်စုံတစ်ခုကိုအလေးအနက်စဥ်းစားတွေးတောနေပုံလည်းပေါ်သည်။နောက်ဆုံးလူတိုင်း၏အကြည့်အောက်မှာပင်သူ့ရဲ့နှုတ်ခမ်းကိုဖွင့်ဟလိုက်သည်။
"ကျန့်ကော....ကျွန်တော့်ရဲ့ကျန့်ကော...."
"....."
ရှောင်ကျန့်၏ခန္ဓာကိုယ်တစ်ခုလုံးမှာလုံးဝတောင့်တင်းသွားသည်။မယုံကြည်နိုင်မှုနဲ့အတူသူနောက်သို့ခြေလှမ်းတစ်လှမ်းဆုတ်လိုက်မိသည်။
ကျန့်ကော.....ရှောင်ကျန့်။
ဟေးလစ်ခ်ကသူ့နာမည်အရင်းကိုသိနေခဲ့တာလား။
ထိုအခိုက်အတန့်တွင်​ရှောင်ကျန့်စိတ်ထဲတွင်စိတ်လှုပ်ရှားမှုနဲ့အတူသူ့ရင်တွေတစ်သိမ့်သိမ့်ခုန်လာသလိုမျိုးခံစားလိုက်ရသည်။
ဟေးလစ်ခ်ကရှောင်ကျန့်ရှိရာဆီနူးညံ့လွန်းမှုတွေနဲ့အတူချစ်မြတ်နိုးမှုတွေပြည့်လျှံနေသည့်မျက်ဝန်းနက်တစ်စုံဖြင့်လှည့်ကြည့်လာသည်။
"ကျွန်တော်ကိုကို့ကိုကျန့်ကောလို့ခေါ် လို့ရတယ်မလားဟင်"
ရှောင်ကျန့်၏မျက်ဝန်းအိမ်အတွင်း၌မျက်ရည်တွေဝေ့သီလာသည်။သူဟန်တောင်မဆောင်နိုင်တော့ပဲဟေးလစ်ခ်၏သန်မာတဲ့လက်မောင်းတွေကြားထဲပြေးဝင်သွားသည်။
ဟေးလစ်ခ်ကရှောင်ကျန့်၏ခန္ဓာကိုယ်တစ်ခုလုံးကိုသိမ်းကျုံးပွေ့ဖက်လိုက်ရင်းသူ့နှုတ်ခမ်းထက်၌တစ်စုံတစ်ခုကိုသာထပ်ကာထပ်ကာဖြင့်ခပ်တိုးတိုးရွတ်ဆိုနေခဲ့သည်။ရှောင်ကျန့်ကထိုစကားလုံးတွေကိုရှင်းရှင်းလင်းလင်းကြားရတဲ့တစ်ဦးတည်းသောသူဖြစ်သည်။
"ကော...ကျန့်ကော....ကျန့်ကော....ကျွန်တော့်တစ်ယောက်တည်းရဲ့ကျန့်ကော..."
"အင်း...အင်း....ငါကမင်းအပိုင်ပါ..."
ရှောင်ကျန့်ဟာငိုသံသေးသေးလေးဖြင့်ပလုံးပထွေးအသံထွက်ရင်းဟေးလစ်ခ်ရင်ခွင်ထဲကနေပိုမိုဖက်တွယ်ထားလိုက်သည်။
"ကျန့်ကော...ငိုနေတာလား!!"
ဟေးလစ်ခ်ကအလန့်တကြားဖြင့်သူ့ရင်ခွင်ထဲကရှောင်ကျန့်၏မျက်နှာလေးကိုသူ့လက်ကြီးနှစ်ဖက်ဖြင့်မော့ယူ၍မေးသည်။ရှောင်ကျန့်ရဲ့မျက်ရည်တွေကိုမြင်သည့်အခါတွင်သူ့ရင်တစ်ခုလုံးပူလောင်လာပြီးကိုယ့်ကိုယ်ကိုသာသေလုအောင်ရိုက်နှက်ချင်သွားသည်။
"ကိုကိုမကြိုက်လို့လား!!ကိုကိုမကြိုက်ရင်ကျွန်တော်နောက်ထပ်အဲ့လိုမခေါ်တော့ပါဘူး...နော်....မငိုပါနဲ့တော့..."
ဟေးလစ်ခ်ကတုန်ရီနေသည့်လက်တစ်စုံဖြင့်ရှောင်ကျန့်မျက်နှာပေါ်ကမျက်ရည်တွေကိုနူးညံ့စွာသုတ်ပေးသည်။သူ့မျက်ဝန်းအတွင်း၌ကမ္ဘာပျက်မတတ်ထိတ်လန့်တုန်လှုပ်မှုတွေကိုမြင်လိုက်ရသည့်ရှောင်ကျန့်ဟာဟေးလစ်ခ်ရင်ခွင်ထဲသူ့ခေါင်းလေးကိုပိုမိုတိုးဝင်လိုက်သည်။ပြီးနောက်တိုးညှင်းလှသည့်အသံလေးဖြင့်ပြန်ဖြေသည်။
"မဟုတ်ပါဘူး....ငါမင်းအဲ့လိုခေါ်တာကိုအရမ်းကြိုက်တယ်....ငါ...ငါကပျော်လွန်းလို့မျက်ရည်ကျတာ..."
ရှောင်ကျန့်၏အသံမှာခြင်သံလေးလိုတိုးညှင်းသော်လည်းဟေးလစ်ခ်ကတော့ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားကြားရသည်။
"အဲ့တာဆိုမငိုနဲ့တော့လေ....ကိုကိုမျက်ရည်ကျတာကျွန်တော့်ရင်ကိုဓားထက်ထက်နဲ့ထပ်ကာထပ်ကာထိုးစိုက်နေသလိုပဲ....ဒါကအရမ်းနာတယ်...."
ဟေးလစ်ခ်ကရှောင်ကျန့်ရဲ့မျက်နှာလေးကိုသူ့ရင်ခွင်ထဲကထပ်မံဆွဲမော့လိုက်ရင်းမျက်ရည်တွေကိုနူးနူးညံ့ညံလေးသုတ်ပေးသည်။ပြီးနောက်ရှောင်ကျန့်နဖူးပေါ်ကဆံပင်လေးတွေကိုခပ်ဖွဖွသပ်တင်လိုက်ပြီးနဖူးဖြူဖြူလေးထက်အနမ်းတစ်ပွင့်ခပ်နှိပ်လိုက်သည်။
"မငိုပါနဲ့"
လူတိုင်း : "....."
ငါတို့အသက်ရှိနေသေးတာရောသိကြသေးရဲ့လား။ဒီလောက်ထိများတဲ့ခွေးစာတွေနဲ့ခဏခဏထိုးသိပ်မနေပါနဲ့။ကျေးဇူးပြုပြီးFAတစ်ယောက်ရဲ့ဘဝကိုစာနာပေးပါ။
စီစဥ်တင်ဆက်သူမိန်းကလေးဟာထိုမြင်ကွင်းကိုကြည်နူးစွာကြည့်ရင်းသူမရဲ့မရှိတဲ့မျက်ရည်တွေကိုသုတ်လိုက်သည်။
အိုး....ငါဘာကြောင့်ရည်းစားလိုချင်လာတာပါလိမ့်။
"အံ့အားသင့်စရာပါပဲရှင်....ဒီကလူကြီးမင်းရဲ့အဖြေတိုင်းကလုံးဝကိုအသေးစိတ်ကအစကိုက်ညီနေပါတယ်....ဒါကြောင့်ကျွန်မအခုပဲကြေညာလိုက်ပါတော့မယ်....ဒီကလူကြီးမင်းတို့အတွဲဟာပထမဆုကိုထိုက်ထိုက်တန်တန်နဲ့ကိုရရှိသွားပါပြီ....ဂုဏ်ယူပါတယ်....ဂုဏ်ယူပါတယ်...."
ပတ်ဝန်းကျင်တစ်ခုလုံးလက်ခုပ်သံတွေဟိန်းကနဲထွက်ပေါ်လာသည်။ဒီမှာရှိတဲ့လူတိုင်းနီးပါးကစိတ်ရင်းဖြင့်ထိုစုံတွဲကိုဂုဏ်ပြုခဲ့ကြသည်။
မျက်လုံးမကန်းတဲ့မည်သူမဆိုသူတို့နှစ်ဦးကြားကခိုင်မာလွန်းတဲ့နှောင်ကြိုးနဲ့မကုန်ဆုံးနိုင်တဲ့ချစ်ခြင်းမေတ္တာ၊ကြင်နာမှုတွေပြည့်လျှံနေကြောင်းကိုခံစားမိကြသည်။၎င်းကလုံးဝအတုအယောင်မဟုတ်ပေ။
ဒါကစစ်မှန်လွန်းလို့မည်သူမှမျက်နှာမလွှဲနိုင်လောက်အောင်ပင်။ဦးနှောက်ချို့ယွင်းနေသူတွေသာဒီလိုချစ်ခြင်းမျိုးကိုရှုံ့ချအထင်သေးပေလိမ့်မည်။
စီစဥ်တင်ဆက်သူမိန်းကလေးကရှောင်ကျန့်တို့နှစ်ယောက်ကိုလူတစ်ရပ်စာဝက်ဝံရုပ်ကြီးတစ်ရုပ်ရယ်၊အသည်းပုံချောကလက်ဘူးကြီးတစ်ခုနှင့်၉၉ပွင့်တိတိပါတဲ့နှင်းဆီပန်းစည်းကြီးကိုပေးသည်။
"ကျေးဇူးပြုပြီးရှင်တို့နှစ်ယောက်ရဲ့လက်'အတိုင်း'ကို ယူပါရစေ....လက်စွပ်ကိုရှင်တို့ရဲ့လက်နဲ့ကွက်တိကျအောင်တိုင်းပြီးမှအသေအချာပုံသွင်းရမှာမလို့ပါ...."
"ပြီးတာနဲ့လူကြီးမင်းတို့နှစ်ယောက်ရဲ့အိမ်လိပ်စာအတိုင်းကိုယ်တိုင်ကိုယ်ကျလာရောက်ပေးဆောင်ပါ့မယ်ရှင်...."
စီစဥ်တင်ဆက်သူမိန်းကလေး၏စကားကိုရှောင်ကျန့်ကလွယ်လွယ်ကူကူပင်သဘောတူလိုက်သည်။
ဟေးလစ်ခ်ကရှောင်ကျန့်အစားဝက်ဝံရုပ်ကြီးနှင့်ပန်းစည်းကိုသယ်ဆောင်ပေး၍ရှောင်ကျန့်ဟာအသည်းပုံချောကလက်ဘူးကြီးကိုဖွင့်၍ချောကလက်တွေတစ်ခုပြီးတစ်ခုဖောက်စားနေသည်။တစ်ခါတစ်လေဟေးလစ်ခ်၏ပါးစပ်ထဲသို့ချောကလက်တစ်ချို့ထည့်ပေးတတ်သေးသည်။
သူတို့နှစ်ယောက် ကစားကွင်းထဲမှာရှိတဲ့ခုံတွဲတစ်ခုတွင်အတူတူထိုင်ဖြစ်ခဲ့ကြသည်။ရှောင်ကျန့်ဟာချောကလက်စားနေရင်းကနေသူ့ကိုပြုံးပြုံးကြီးကြည့်နေသည့်ဟေးလစ်ခ်ရှိရာဘက်သို့ခေါင်းစောင်းလိုက်သည်။
သူ့လက်ထဲမှာနောက်ဆုံးကျန်ရှိတဲ့ချောကလက်ကိုတစ်ဝက်ခန့်ကိုက်စားလိုက်ပြီးကျန်တစ်ဝက်အား ဟေးလစ်ခ်နှုတ်ခမ်းနားသို့တိုးကပ်ပေးသည်။
"ပါးစပ်ဟ....အာ...."
"အာ....."
ဟေးလစ်ခ်ကချောကလက် တစ်ဝက်အပြင်ရှောင်ကျန့်လက်မှာအနည်းငယ်ပေနေသည့်ချောကလက်အကျွင်းအကျန်တွေကိုလျှာဖြင့်လျက်ကာပါးစပ်အတွင်းငုံပြီးသန့်ရှင်းပေးလိုက်သည်။ရှောင်ကျန့်ကသူ့လက်ကိုချက်ချင်းဆွဲယူလိုက်ပြီးသူ့ပါးလေးနှစ်ဖက်မှာ ရှက်ရွံ့မှုကြောင့်မက်မွန်သီးလေးတစ်လုံးလိုနီရဲနေ၏။
"ဟေးလစ်ခ်...."
"ဟုတ်....ကျန့်ကော..."
ဟေးလစ်ခ်ဟာရှောင်ကျန့်ဆီကနေခွင့်ပြုချက်ရပြီးပြီးချင်းမှာပဲ မူလ'ကိုကို'ဟူသည့်အသုံးအနှုန်းထက် ကျန့်ကောဟုသာခေါ်တော့သည်။သူ့အနေနဲ့ထိုနာမ်စားလေးကို ဘာကြောင့်ရယ်မှန်းမသိပဲ လွန်စွာနှစ်ခြိုက်၍သဘောကျမိသည်။
"ငါ့ကို....ဘာကြောင့်ကျန့်ကောလို့ခေါ်ချင်တာလဲ...."
ဒီခန္ဓာကိုယ်ရဲ့မူရင်းအမည်မှာ လုမင်ယွင်ဖြစ်ပြီး 'ကျန့်'ဟူသောစာလုံးနှင့်သေးသေးလေးတောင်မပတ်သတ်ပါချေ။သို့ပေမယ့်လည်းသူ့ချစ်သူက သူ့ကို ကျန့်ကောဟုခေါ်ရသည်အားတစ်နည်းတစ်ဖုံဖြင့်မသက်ဆိုင်ပါသော်လည်းနှစ်ခြိုက်စွဲလမ်းနေဟန်ရသည်။
ဟေးလစ်ခ်၏မျက်နှာမှာအတော်ကြာအေးခဲသွားပြီးသူ့မျက်ဝန်းနက်တွေအတွင်း၌ဇဝေဇဝါဖြစ်မှုအနည်းငယ်ပေါ်ပေါက်လာသည်။
"ကျွန်တော်လည်းမသိဘူး...."
"ဟမ်...."
"အဲ့ဒီအချိန်တုန်းက ကျန့်ကောနဲ့ပတ်သပ်သမျှအရာအားလုံးကျွန်တော့်ဝိဥာဥ်ထဲရေးထိုးထားသလိုပဲ....သူ့အလိုလိုစိတ်ထဲပေါ်လာတာ....ပြီးတော့'ကျန့်ကော'ဆိုတဲ့နာမ်စားရော....."
"....."
"ကျွန်တော်ရူးသွားပြီလားမသိဘူး....အဲ့ဒီမိန်းကလေးမေးတုန်းက 'ကျန့်ကော'ဆိုပြီးပါးစပ်ကနေသူ့အလိုလိုထွက်ကျလာခဲ့တာ.....ပြီးတော့ကျွန်တော်ကိုကို့ ကိုဒီလိုသုံးနှုန်းရတာတကယ်သဘောကျတယ်....အဲ့ဒါမှကိုကို့ ကိုကျွန်တော်အမှန်တကယ်ပိုင်ဆိုင်ရတယ်လို့ခံစားမိတယ်...."
ရှောင်ကျန့်ရဲ့နှာခေါင်းထိပ်လေးမှာငိုချင်စိတ်ကြောင့်စူးကနဲဖြစ်သွားသည်။ရိပေါ်ကမှတ်ဥာဏ်တွေပျောက်နေပေမယ့်သူနဲ့ပတ်သပ်သမျှအရာအားလုံးကိုသူ့ဝိဥာဥ်ထိတိုင်ရေးထိုးထားသလိုမျိုးမှတ်မိနေလေသည်။
ဒါကသူ့ကိုအပျော်လွန်စေပြီးပျော်ရွှင်စိတ်ကြောင့်ငိုချင်လာသည်အထိပင်။ကြည့်ရတာရိပေါ်ကသူ့ရဲ့တကယ့်ကမ္ဘာအစစ်မှာ ပတ်သပ်ခဲ့ဖူးလောက်သည်။​သူ့ရဲ့တကယ့်နာမည်၊အလုပ်အကိုင်၊ဝါသနာနဲ့သူ့ရဲ့ဒေါသထွက်ရင်ပြုမူတတ်သည့်အရာတွေကအစအသေးစိတ်သိနေသည်ကထူးဆန်း၏။
ဒါပေမယ့်သူစိတ်ရှည်နိုင်သည်။ရိပေါ်နဲ့သာဆိုရင်အဖြစ်မှန်ကိုသူစိတ်ရှည်လက်ရှည်စောင့်ဆိုင်းပေးနိုင်၏။
"ဟေးလစ်ခ်....ငါချောကလက်ရေခဲမုန့်စားချင်တယ်...."
ဟေးလစ်ခ်ကချက်ချင်းခေါင်းငြှိမ့်လိုက်ပြီးလူတစ်ရပ်စာဝက်ဝံရုပ်ကြီးကိုရှောင်ကျန့်ဘေး၊လွတ်နေသည့်နေရာတွင်နေရာချလိုက်သည်။
"ကျန့်ကောဒီနေရာမှာပဲစောင့်နေနော်.....ကျွန်တော်မကြာခင်ပြန်လာခဲ့မယ်...."
"အင်း...."
ဟေးလစ်ခ်ကနူးညံ့ညင်သာသည့်အပြုံးလေးတစ်ပွင့်ဖြင့်ရှောင်ကျန့်ရဲ့ပါးဖွေးဖွေးလေးကိုတစ်ချက်မျှနမ်းရှုတ်လိုက်ရင်းထွက်သွားသည်။
__________________________________________________________
Zawgyi
လူတိုင်း : "....."
"ကိုကိုကတော်လိုက်တာ...."
လူတိုင်း : "....."
"ရှင့်ချစ်သူရဲ့နာမည်"
"လုမင်ယွင်"
"သူ့ရဲ့အသက်"
"၂၂"
"ရှင့်ချစ်သူရဲ့ဝါသနာ"
"စာရေးတာ..."
"သူကြိုက်တဲ့အရောင်"
"အနီရောင်"
"....."
"....."
ကျန့်ကော.....ရှောင်ကျန့်။
"ကျန့်ကော...ငိုနေတာလား!!"
"မငိုပါနဲ့"
လူတိုင်း : "....."
"ပါးစပ်ဟ....အာ...."
"အာ....."
"ဟေးလစ်ခ်...."
"ဟုတ်....ကျန့်ကော..."
"ကျွန်တော်လည်းမသိဘူး...."
"ဟမ်...."
"....."
"အင်း...."
__________________________________________________________
Pokračovať v čítaní
You'll Also Like
42.6K 4.2K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.1M 58.3K 48
293K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်